Nant Ei Thu Khaing - Your Financial Services Consultant

Nant Ei Thu Khaing  - Your Financial Services Consultant

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nant Ei Thu Khaing - Your Financial Services Consultant, Insein Street, Yangon.

❤ ချစ်ခြင်းနဲ့ စတင်ပါ သင့်မိသားစုနောင်ရေးကို

တန်ဖိုးထားရတဲ့ သင့်မိသားစုနောင်ရေးအတွက်
AIA Myanmar မှာ ကျန်းမာရေးအာမခံ ၊ အသက်အာမခံ
GGI TOKIO Marine
မီးအာမခံ ၊ ကားအာမခံ ထားဖို့ အတွက်
အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါပြီ

☎ 09 77 50 31 450 (Viber/WhatsApp)

09/08/2026

Sunday Insurance Quiz 🧠

ဒီနေ့တော့ ဗဟုသုတလေး စမ်းကြည့်ရအောင်။

မေးခွန်း (၁)
အာမခံကို ဘယ်အချိန်မှာ
စဉ်းစားသင့်လဲ❓

A. ဖျားနာပြီးမှ
B. ဆေးရုံတက်ပြီးမှ
C. ကျန်းမာနေတုန်း
D. အငြိမ်းစားယူပြီးမှ

သင့်အဖြေက ဘာလဲ❓

✔အဖြေက... C – ကျန်းမာနေတုန်း ဖြစ်ပါတယ်။✔

ဘာကြောင့်လဲဆိုတော့...
✔️ ရွေးချယ်နိုင်တဲ့ အစီအစဉ် ပိုများနိုင်တယ်။

✔️ အချို့အစီအစဉ်တွေမှာ Waiting Period ရှိနိုင်တယ်။

✔️ မလိုသေးခင် ကြိုတင်ပြင်ဆင်ထားတာက ပိုထိရောက်တယ်။

Insurance ဆိုတာ ပြဿနာဖြစ်မှ ဖြေရှင်းတာမဟုတ်ဘဲ..

ပြဿနာမဖြစ်ခင် ကြိုတင်စီမံထားတဲ့ Financial Planning ဖြစ်ပါတယ်။

💬 Comment မှာ A / B / C / D လို့ ရေးပြီး ပါဝင်ဖြေဆိုပေးပါ။

06/08/2026

🚗 ကားအာမခံ မဝယ်ယူခင်
မဖြစ်မနေ သိထားသင့်တဲ့
အချက် (၆) ချက်

ကားအာမခံဝယ်ယူခြင်းဟာ ပရီမီယံပေးပြီး
စာချုပ်တစ်စောင်ဝယ်တာမဟုတ်ပါဘူး။

မတော်တဆမှုဖြစ်လာတဲ့အခါ ကိုယ့်ရဲ့ ငွေကြေးဆုံးရှုံးမှုကို ကာကွယ်ပေးမယ့် အရေးကြီးတဲ့ အကာအကွယ်တစ်ခုဖြစ်ပါတယ်။

ဒါကြောင့်
အာမခံမဝယ်ခင် ဒီအချက် (၆) ချက်ကို သေချာစစ်ဆေးထားပါ။

✔ (၁) ကားအမျိုးအစားနှင့် ကိုက်ညီသော အာမခံကုမ္ပဏီကို ရွေးချယ်ပါ။

EV ကား၊ Hybrid ကား၊ Engine ကား စတဲ့ မော်ဒယ်အလိုက် ဝန်ဆောင်မှုကောင်းတဲ့ ကုမ္ပဏီကို ရွေးချယ်သင့်ပါတယ်။

✔ (၂) Claim & Repair Process ကို ကြိုတင်မေးမြန်းပါ။

Accident ဖြစ်လာရင် ဘယ်လို Report လုပ်ရမလဲ၊ ဘယ် Garage မှာ ပြင်ဆင်ရမလဲ၊ ဘယ်လောက်ကြာမလဲဆိုတာ ကြိုသိထားပါ။

✔(၃) Third Party Liability Coverage ကို နားလည်ပါ။
သူတစ်ပါးယာဉ်၊ ပစ္စည်း သို့မဟုတ် လူထိခိုက်မှုဖြစ်ပေါ်လာပါက
အာမခံမှ လျော်ကြေးပေးနိုင်သည့် အတိုင်းအတာကို သိထားသင့်ပါတယ်။

✔ (၄) Model Year အလိုက် အကာအကွယ်များကို စစ်ဆေးပါ။

ကားသက်တမ်းအလိုက် လိုအပ်တဲ့ Additional Coverage တွေ ပါဝင်/မပါဝင် စစ်ဆေးထားပါ။

✔ (၅) လျော်ကြေးမရနိုင်သော အခြေအနေများကို ဖတ်ရှုပါ။

Policy Exclusions ကို နားလည်ထားမှ Claim တင်ချိန်မှာ အခက်အခဲမရှိနိုင်ပါ။

✔ (၆) ဝန်ဆောင်မှုရယူမည့် လမ်းကြောင်းကို ရွေးချယ်ပါ။

ကုမ္ပဏီတိုက်ရိုက် ဝယ်မလား၊ အတွေ့အကြုံရှိတဲ့ Insurance Agent မှတစ်ဆင့် ဝယ်မလားဆိုတာ သေချာရွေးချယ်ပါ။

💬 ကားအာမခံဟာ ဈေးအသက်သာဆုံးကို ရွေးချယ်တာထက်၊ Claim အချိန်မှာ ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုကို ရွေးချယ်တာက ပိုအရေးကြီးပါတယ်။

📩 ကားအာမခံနှင့် ပတ်သက်ပြီး အခမဲ့ ဆွေးနွေးတိုင်ပင်လိုပါက Messenger သို့မဟုတ် ဖုန်းဖြင့် ဆက်သွယ်နိုင်ပါတယ်။

Nant Ei Thu Khaing
General Insurance Agent
☎️ 09 982 456 274
☎️ 09 775 031 450 (Viber)

#အထွေထွေအာမခံ


#အာမခံဗဟုသုတ

#ကြိုတင်ကာကွယ်ပါ
#ငွေကြေးလုံခြုံမှု

05/08/2026

ပြင်းထန်ရောဂါဖြစ်ရင် ကုန်ကျစရိတ်
ဘယ်လောက်ထိ ရှိနိုင်မလဲ❓

"ကျွန်တော်/ကျွန်မ ကျန်းမာပါတယ်..." "အခုအသက်ငယ်သေးတယ်..." "ပြင်းထန်ရောဂါဆိုတာ ကိုယ်နဲ့ ဝေးပါတယ်..."
ဒီလိုတွေးဖူးပါသလား။

တကယ်တော့
ပြင်းထန်ရောဂါ (Critical Illness) ဆိုတာ အသက်ကြီးမှ ဖြစ်တာမဟုတ်ပါဘူး။

ယနေ့ခေတ်မှာ လူငယ်တွေမှာလည်း နှလုံးရောဂါ၊ ကင်ဆာ၊ လေဖြတ်၊ ကျောက်ကပ်ပျက်စီးခြင်း စတဲ့ ရောဂါတွေကို တွေ့လာရပါတယ်။

ပြင်းထန်ရောဂါတစ်ခု ဖြစ်လာရင် ဆေးကုသစရိတ်တင် မဟုတ်ဘဲ...
✔️ ဝင်ငွေ ရပ်တန့်သွားနိုင်တယ်။ ✔️ မိသားစုရဲ့ နေ့စဉ်အသုံးစရိတ် ဆက်လက်ရှိနေတယ်။
✔️ ဆေးဝါး၊ စစ်ဆေးမှု၊ ပြန်လည်ကုသမှု စရိတ်တွေ ထပ်တိုးလာနိုင်တယ်။

ဒီလိုအချိန်မှာ လူအများစုက စုထားတဲ့ငွေတွေကို သုံးရတယ်၊ ရွှေထုတ်ရောင်းရတယ်၊ အကြွေးယူရတယ်။

ဒါကြောင့် ပြင်းထန်ရောဂါအတွက် ငွေကြေးအစီအစဉ်တစ်ခု ကြိုတင်ထားခြင်းက
မိသားစုရဲ့ ဘဝအစီအစဉ်ကို
မထိခိုက်စေဖို့ အရေးကြီးပါတယ်။

အကောင်းဆုံးအချိန်က...
အခု "မဖြစ်သေးခင်" ဖြစ်ပါတယ်။

ပြင်းထန်ရောဂါဆေးကုသမှု
𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 နဲ့ပတ်သတ်ပြီး
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
နန့်အိဆီသို့ အချိန်မရွေး အားမနာတမ်း
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

Nant Ei Thu Khaing
Financial Services Consultant
AIA Myanmar Life Insurance [email protected]
☎️ 09 - 775031450 (Viber/WhatsApp )
AIA Myanmar, IW - Team Nae Thit
22nd Floor, Junction City Office Tower,Bogyoke Aung San Road, Yangon

03/08/2026

အာမခံကို ကျန်းမာနေတုန်း စဉ်းစားသင့်တဲ့ အကြောင်းရင်း

"နေကောင်းနေတာပဲ…

အာမခံ မလိုသေးဘူး" လို့

တွေးဖူးပါသလား။

အမှန်တော့ ကျန်းမာရေးအာမခံဟာ ဖျားနာပြီးမှ ဝယ်ဖို့မဟုတ်ဘဲ ကျန်းမာနေချိန်မှာ ကြိုတင်စီစဉ်ထားသင့်တဲ့ အကာအကွယ် ဖြစ်ပါတယ်။

ဆေးရုံတက်ရတာ

ခွဲစိတ်ရတာ

အရေးပေါ်ကုသမှုခံယူရတာတွေဟာ ကြိုတင်ခန့်မှန်းလို့ မရပါဘူး။

ဒါ့အပြင် ဆေးကုသစရိတ်တွေကလည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေပါတယ်။

ကျန်းမာရေးအာမခံရှိထားရင် မမျှော်လင့်ထားတဲ့ ဆေးကုသစရိတ်ကြောင့်

စုဆောင်းထားတဲ့ငွေတွေ တစ်ခါတည်း မကုန်သွားအောင် အထောက်အကူပြုနိုင်ပါတယ်။

အရေးကြီးတာက အာမခံအစီအစဉ်တချို့မှာ

Waiting Period ရှိနိုင်တာကြောင့် လိုအပ်တဲ့အချိန်ရောက်မှ

ဝယ်ဖို့ စဉ်းစားတာထက် ကြိုတင်ပြင်ဆင်ထားတာက ပိုကောင်းပါတယ်။

ကျန်းမာရေးက အစားထိုးလို့မရတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။

ကာကွယ်မှုကိုလည်း အချိန်မီ စတင်ထားသင့်ပါတယ်။

𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 နဲ့ပတ်သတ်ပြီး

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက

နန့်အိဆီသို့

အချိန်မရွေး အားမနာတမ်း

ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

Nant Ei Thu Khaing

Financial Services Consultant

AIA Myanmar Life Insurance [email protected]

☎️ 09 - 775031450 (Viber/WhatsApp )

AIA Myanmar, IW - Team Nae Thit

22nd Floor, Junction City Office Tower,Bogyoke Aung San Road, Yangon

02/08/2026

အာမခံဆိုတာ ငွေစုတာမဟုတ်ဘူး… မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြားမှာ မိသားစုကို ကာကွယ်ပေးတဲ့ ငွေကြေးအစီအစဉ်တစ်ခုပါ။

"အာမခံဝယ်ရင် ငွေပြန်ရလား..." "ဘဏ်မှာ ငွေစုတာနဲ့ ဘာကွာလဲ..." "ငါကျန်းမာနေသေးတာပဲ..."

ဒီလိုမေးခွန်းတွေက အာမခံအကြောင်း စတင်လေ့လာတဲ့သူတိုင်း မေးလေ့ရှိတဲ့ မေးခွန်းတွေပါ။

တကယ်တော့ အာမခံ (Insurance) ရဲ့ အဓိကရည်ရွယ်ချက်က ငွေတိုးဖို့၊ အမြတ်ရဖို့ မဟုတ်ပါဘူး။

မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေကြောင့် ဖြစ်လာနိုင်တဲ့ ငွေကြေးအခက်အခဲကို လျှော့ချပေးဖို့ ဖြစ်ပါတယ်။

ဥပမာ...
မိသားစုဝင်တစ်ယောက် ရုတ်တရက် ဆေးရုံတက်ရတယ်။ ပြင်းထန်ရောဂါတစ်ခု တွေ့ရှိတယ်။
အလုပ်မလုပ်နိုင်တဲ့ အခြေအနေတစ်ခု ဖြစ်လာတယ်။

ဒီလိုအချိန်မျိုးမှာ လူအများစုဟာ စုဆောင်းငွေ၊ ရွှေ၊ အိမ်၊ ကားတွေကို ရောင်းချရတာ၊
ချေးငွေယူရတာ၊ အကြွေးတင်ရတာမျိုး ကြုံတွေ့ရတတ်ပါတယ်။

အာမခံဆိုတာ အဲဒီလိုအချိန်မှာ မိသားစုရဲ့ ငွေကြေးဘဝကို ထိခိုက်မှုနည်းနိုင်အောင် ကြိုတင်စီမံထားတဲ့ Financial Protection ဖြစ်ပါတယ်။

အာမခံက အန္တရာယ်ကို မတားဆီးနိုင်ပေမယ့် အန္တရာယ်ကြောင့် ဖြစ်လာတဲ့ ငွေကြေးဖိအားကို လျှော့ချပေးနိုင်ပါတယ်။

ဒါကြောင့်.. "ငါ့အတွက် မဟုတ်ဘူး" လို့
မတွေးဘဲ
"ငါချစ်တဲ့ မိသားစုအတွက်" လို့ စဉ်းစားကြည့်ပါ။

📌အာမခံ ဗဟုသုတတစ်ခု သိထားရုံနဲ့ အနာဂတ်ဆုံးဖြတ်ချက် ပိုကောင်းလာနိုင်ပါတယ်။

𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 နဲ့ပတ်သတ်ပြီး
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
နန့်အိဆီသို့ အချိန်မရွေး အားမနာတမ်း
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

Nant Ei Thu Khaing
Financial Services Consultant
AIA Myanmar Life Insurance [email protected]
☎️ 09 - 775031450 (Viber/WhatsApp )
AIA Myanmar, IW - Team Nae Thit
22nd Floor, Junction City Office Tower,Bogyoke Aung San Road, Yangon

31/07/2026

ရောဂါဖြစ်ရင် 200% အထိရမယ်...
မဖြစ်ရင် Premium
100% ပြန်ရမယ် ❗

AIA က
🚨 အသစ်မိတ်ဆက်လိုက်တဲ့ Beyond Critical Illness 🚨

"ပြင်းထန်ရောဂါအတွက် အကာအကွယ်ရမယ်...
Claim မရှိရင် Bonus ရမယ်... သက်တမ်းပြည့်ရင် Premium ပြန်ရမယ်"
ဒါတွေကို တစ်ခုတည်းသော အစီအစဉ်ထဲမှာ ရနိုင်မယ်ဆိုရင်
စိတ်ဝင်စားမလား

AIA Myanmar မှ တရားဝင် မိတ်ဆက်လိုက်တဲ့ Beyond Critical Illness က
Protection + Saving ပေါင်းစပ်ထားတဲ့ မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် သာလွန်ကောင်းမွန်သော Critical Illness အကာအကွယ် ဖြစ်ပါတယ်။

✅ ပြင်းထန်ရောဂါဖြစ်ပါက (ပထမ ၅ နှစ်အတွင်း) Sum Assured 100%

✅ ၆ နှစ်မြောက်မှစ၍ ဖြစ်ပါက Sum Assured 200% အထိ

✅ Claim မရှိပါက ၆ နှစ်မြောက်မှ စတင်ပြီး နှစ်စဉ် Premium 10% Cash Bonus

✅ သက်တမ်း ၁၀ နှစ်ပြည့်လျှင် Premium 100% ပြန်လည်ရရှိနိုင်

✅ 24/7 Worldwide Coverage

ဥပမာ - Sum Assured 100 သိန်း ထားရှိထားသူတစ်ဦး..

၆ နှစ်မြောက်ပြီးနောက် Critical Illness ဖြစ်ပါက
💰 200 သိန်းအထိ ခံစားခွင့် ရရှိနိုင်ပါတယ်။

မဖြစ်ခဲ့ဘူးဆိုရင်လည်း 💰 သွင်းထားသော Premium များကို ပြန်လည်ရရှိနိုင်ပါတယ်။

ယနေ့
ကြိုတင်ပြင်ဆင်ထားခြင်းက မနက်ဖြန်အတွက်
အကောင်းဆုံး အကာအကွယ်ဖြစ်ပါတယ်။

အသေးစိတ် သိရှိလိုပါက Messenger (သို့) ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

AIA Beyond CriticalIllness
နဲ့ပတ်သတ်ပြီး
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
နန့်အိဆီသို့ အချိန်မရွေး အားမနာတမ်း
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

Nant Ei Thu Khaing
Financial Services Consultant
AIA Myanmar Life Insurance [email protected]
☎️ 09 - 775031450 (Viber/WhatsApp )
AIA Myanmar, IW - Team Nae Thit
22nd Floor, Junction City Office Tower,Bogyoke Aung San Road, Yangon

30/07/2026

မီး အာမခံ ထားပြီးပြီလား ❓

မီးဆိုတာ…
တစ်စက္ကန့်အတွင်း
အိမ်တစ်လုံး၊ ဆိုင်တစ်ဆိုင်၊ စက်ရုံတစ်ရုံကို
အမှတ်တရတွေပါ မီးလောင်သွားစေနိုင်ပါတယ်။

ဒါကြောင့်

🔥 Fire Insurance (မီးအာမခံ) က
“မဖြစ်ချင်ပေမဲ့ ဖြစ်လာရင် မပြိုလဲစေဖို့”
ထားသင့်တဲ့ အာမခံပါ။

🔍 Fire Insurance ဆိုတာ ဘာလဲ ❓

မီးလောင်မှု၊ မီးကြောင့်ဖြစ်ပေါ်လာတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို
အာမခံကုမ္ပဏီက ငွေကြေးအနေနဲ့ ကာကွယ်ပေးတဲ့ အာမခံပါ။

မီးအာမခံ ထားရှိခြင်းရဲ့ အကျိုးကျေးဇူးများ
✔️ မီးလောင်မှုကြောင့်
အိမ်၊ ဆိုင်၊ စက်ရုံ ပျက်စီးသွားရင်
ပြန်လည်ပြုပြင်ဖို့ ငွေကြေးအကူအညီရရှိနိုင်တယ်။

✔️ မီးကြောင့် ပစ္စည်းတွေ ဆုံးရှုံးသွားရင်
ဆုံးရှုံးမှုတန်ဖိုးအတိုင်း လျော်ကြေးရနိုင်တယ်။

✔️ မိသားစုဘဝ / စီးပွားရေးကို
ရုတ်တရက် မပြိုလဲစေဘူး။

✔️ စိတ်အေးချမ်းမှု ရရှိစေတယ်
“ဖြစ်လာရင် ဘာလုပ်မလဲ” ဆိုတဲ့ စိုးရိမ်မှု လျော့နည်းစေတယ်။

🏠 ဘယ်သူတွေ မီးအာမခံထားသင့်လဲ ❓

🏡 အိမ်ပိုင်ရှင်များ
🏪 ဆိုင်၊ လုပ်ငန်းရှင်များ
🏭 စက်ရုံ၊ ဂိုဒေါင် ပိုင်ရှင်များ
📦 ပစ္စည်းတန်ဖိုးမြင့် စီးပွားရေးလုပ်သူများ

💡 မှတ်ထားသင့်တဲ့ အချက်

မီးအာမခံရဲ့ ပရီမီယံကြေးက
မီးလောင်ပြီးမှ ပြန်တည်ဆောက်ရတဲ့ ငွေကြေးနဲ့
နှိုင်းယှဉ်ရင် အရမ်းကို သက်သာပါတယ်။

🔥 မီးမလောင်ခင် ကာကွယ်ထားခြင်းက
မီးလောင်ပြီးမှ နောင်တရတာထက် ပိုကောင်းပါတယ်။

📩 Fire Insurance အကြောင်း
အသေးစိတ် သိချင်ရင်
မေးမြန်းနိုင်ပါတယ်နော်

အသေးစိတ် သိလိုပါက..
Nant Ei Thu Khaing
General Insurance Agent
GGI TOKIO Marine
☎ 09 982 456 274 - 09 77503150 (Viber)

29/07/2026

🚨 ဆေးရုံကုန်ကျစရိတ်တွေကို သင်မထမ်းချင်ဘူးဆိုရင်…
ဒီစာကို ဖတ်သင့်ပါတယ်။

ကျန်းမာနေတဲ့အချိန်မှာ.. "အာမခံ မလိုသေးပါဘူး" လို့ ထင်နေနိုင်ပါတယ်။

ဒါပေမယ့်...
ပြင်းထန်ရောဂါတစ်ခု ရုတ်တရက် ဖြစ်လာခဲ့ရင်...
💸 ဆေးရုံတက်ရမယ်။
💸 ခွဲစိတ်ကုသရမယ်။
💸 ဆေးဝါးကုသစရိတ်တွေ တိုးလာမယ်။
💸 အလုပ်နားရလို့ ဝင်ငွေလည်း လျော့သွားနိုင်တယ်။

အဲဒီအချိန်မှာ...
သင်ရဲ့ Savings က
လုံလောက်မလား❓
မိသားစုကို
ငွေကြေးဖိအား မပေးဘဲ
ကုသနိုင်မလား ❓
ဒီမေးခွန်းတွေက လူတိုင်း ကြိုတင်စဉ်းစားသင့်တဲ့ အချက်တွေပါ။

🛡️ ပြင်းထန်ဆေးကုသမှုအာမခံ (Critical Illness Insurance) ကတော့...

✅ ပြင်းထန်ရောဂါ သတ်မှတ်ချက်နဲ့ ကိုက်ညီပါက ငွေကြေးအထောက်အပံ့ ရရှိနိုင်တယ်။
✅ ဆေးကုသမှု၊ အနားယူကုသမှုနဲ့ နေ့စဉ်အသုံးစရိတ်တွေကို စီမံရာမှာ အထောက်အကူ ဖြစ်စေနိုင်တယ်။
✅ မိသားစုရဲ့ စုဆောင်းငွေနဲ့ အနာဂတ်အစီအစဉ်တွေကို ထိခိုက်မှုနည်းအောင် ကူညီပေးနိုင်တယ်။
✅ ငွေကြေးစိုးရိမ်မှုထက် ကျန်းမာရေးပြန်ကောင်းဖို့ကို ပိုအာရုံစိုက်နိုင်တယ်။

💬 ရောဂါကို ဘယ်သူမှ ကြိုမခန့်မှန်းနိုင်ပေမယ့်...
ငွေကြေးကာကွယ်မှုကိုတော့
ဒီနေ့ကစပြီး ကြိုတင်စီမံထားနိုင်ပါတယ်။

📩 Critical Illness Insurance အကြောင်း
𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 နဲ့ပတ်သတ်ပြီး
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
နန့်အိဆီသို့ အချိန်မရွေး အားမနာတမ်း
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

Nant Ei Thu Khaing
Financial Services Consultant
AIA Myanmar Life Insurance [email protected]
☎️ 09 - 775031450 (Viber/WhatsApp )
AIA Myanmar, IW - Team Nae Thit
22nd Floor, Junction City Office Tower,Bogyoke Aung San Road, Yangon

28/07/2026

အသက်အာမခံ ဘယ်သူတွေ ထားသင့်လဲ သိကြလား ❓

အဖြေကတော့…
✔️ “လူတိုင်း” အသက်အာမခံထားသင့်ပါတယ် ✔️

အထူးသဖြင့်…
👨‍👩‍👧 အိမ်ထောင်ဦးစီးဖြစ်သူ
💼 မိသားစုအတွက် အဓိက ဝင်ငွေရှာနေသူ
👶 သားသမီး၊ မိဘ၊ မိသားစု တာဝန်ယူထားသူ
🏠 Loan / အိမ် / စီးပွားရေး တာဝန်ရှိသူ
တွေဆိုရင် ပိုပြီး မဖြစ်မနေ စဉ်းစားထားသင့်ပါတယ်။
ဘဝမှာ…
❗ မမျှော်လင့်တဲ့ ဖြစ်ရပ်တွေက
ကြိုပြောပြီး မလာတတ်ပါဘူး

ဥပမာ…
ရုတ်တရက် နာမကျန်းဖြစ်ခြင်း
မတော်တဆမှုဖြစ်ခြင်း
အလုပ်မလုပ်နိုင်တော့ခြင်း
ထာဝစဉ် မသန်စွမ်းဖြစ်သွားခြင်း
စတဲ့ အခြေအနေတွေ ဖြစ်လာခဲ့ရင်…
💔 မိသားစုရဲ့ ဝင်ငွေ ရုတ်တရက် ရပ်တန့်သွားနိုင်ပါတယ်။

အဲ့ဒီအချိန်မှ
“ငါ အာမခံ လုပ်ထားသင့်တာ…” လို့ နောင်တရတာထက်

အခုကတည်းက ကြိုတင်စီမံထားတာက ပိုကောင်းပါတယ်။

💡 အသက်အာမခံဆိုတာ
“သေပြီးမှ ရတဲ့ ငွေ” မဟုတ်ပါဘူး။
✔ ကိုယ်မရှိတော့တဲ့အချိန်မှာ မိသားစုဘဝ မပြိုလဲဖို့
✔ ကိုယ်ဝင်ငွေ မရှာနိုင်တော့တဲ့အချိန်မှာ Financial Backup ရှိဖို့
✔ မိသားစုရဲ့ အနာဂတ်ကို ဆက်လက်ကာကွယ်ပေးနိုင်ဖို့
ကြိုတင်ပြင်ဆင်ထားတဲ့ Financial Protection Plan တစ်ခုပါ

❤️ လူတိုင်း အာမခံအကာအကွယ် ရရှိနိုင်ဖို့
နန့်အိမှ စိတ်ရင်းနဲ့ ကြိုးစားဆောင်ရွက်ပေးနေပါတယ်ရှင်။
📌 အာမခံနဲ့ ပတ်သက်ပြီး
သိလိုသမျှကို အချိန်မရွေး မေးမြန်းနိုင်ပါတယ်။
📌 နယ်ဝေး / ပြည်ပမှာ ရှိနေလို့
အာမခံ မလုပ်ရဘူးလို့ စိတ်မပူပါနဲ့။
📌 Online မှတဆင့်လည်း
လွယ်ကူစွာ ဆောင်ရွက်နိုင်ပါတယ်ရှင့်

🛡️ “ကိုယ်ချစ်တဲ့သူတွေကို ကာကွယ်ပေးချင်ရင်
အာမခံဟာ ရွေးချယ်စရာမဟုတ်တော့ပါဘူး…

𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞 နဲ့ပတ်သတ်ပြီး
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
နန့်အိဆီသို့ အချိန်မရွေး အားမနာတမ်း
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

Nant Ei Thu Khaing
Financial Services Consultant
AIA Myanmar Life Insurance [email protected]
☎️ 09 - 775031450 (Viber/WhatsApp )
AIA Myanmar, IW - Team Nae Thit
22nd Floor, Junction City Office Tower,Bogyoke Aung San Road, Yangon

27/07/2026

ဘာကြောင့် ငလျင်အပိုအကာအကွယ်
ထည့်ဝယ်သင့်တာလဲ ❓

လူအများစု သိထားတာက မီးအာမခံဆိုရင် မီးလောင်မှ အကျုံးဝင်မယ်လို့ ထင်ကြပါတယ်။

အမှန်တကယ်တော့ မီးအာမခံရဲ့ အခြေခံအကာအကွယ်မှာ
✅ မတော်တဆ မီးလောင်မှု
✅ မိုးကြိုးပစ်မှု
✅ အိမ်သုံးဂတ်စ်အိုး ပေါက်ကွဲမှု
စတဲ့ အန္တရာယ်တွေကို အကာအကွယ်ပေးပါတယ်။

ဒါပေမယ့်...
⚠️ ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ အဆောက်အအုံ ပြိုကျမှု၊ နံရံအက်ကွဲမှု၊ ပျက်စီးဆုံးရှုံးမှုတွေကိုတော့ ပုံမှန် မီးအာမခံမှာ မပါဝင်ပါဘူး။

ဒါကြောင့် ငလျင်အပိုအကာအကွယ် (Earthquake Cover) ကို ထပ်မံဝယ်ယူထားဖို့ လိုအပ်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ
ငလျင်ကြောပေါ်မှာ တည်ရှိနေတဲ့နိုင်ငံဖြစ်ပြီး
ရန်ကုန်၊ မန္တလေး၊ ပဲခူး စတဲ့ ဒေသတွေမှာလည်း ငလျင်အန္တရာယ်ကို လျစ်လျူရှုထားလို့ မရပါဘူး။

💰 ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်လာပါက ပြန်လည်တည်ဆောက်ဖို့ ကုန်ကျစရိတ်များကို သက်သာစေပါတယ်။

🛡️ မမျှော်လင့်ထားတဲ့ ဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။

🏡 နှစ်ပေါင်းများစွာ ကြိုးစားစုဆောင်းထားတဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

အာမခံဆိုတာ ကံဆိုးမလာစေဖို့ ဝယ်တာမဟုတ်ပါဘူး
ကံဆိုးမှု ဖြစ်လာခဲ့ရင်
မိသားစုရဲ့ ငွေကြေးဘဝ မထိခိုက်စေဖို့ ကြိုတင်စီမံထားတာ ဖြစ်ပါတယ်။

📩 မီးအာမခံ၊ ငလျင်အပိုအကာအကွယ်နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Nant Ei Thu Khaing
General Insurance Agent
GGI TOKIO Marine
☎ 09 982 456 274 - 09 77503150 (Viber)




#မီးအာမခံ
#စစ်ဘေး
#မြေငလျင်
#လျော်ကြေး

#အာမခံအကြောင်းသိကောင်းစရာ

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Insein Street
Yangon