XIN's Online Shop

XIN's Online Shop

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from XIN's Online Shop, Beauty Salon, Yangon.

Photos from XIN's Online Shop's post 15/06/2024

🙏🏻🙏🏻

Photos from XIN's Online Shop's post 13/06/2024

ခြေလှမ်းတွေကတော့ နှေးလွန်းလို့ ကိုယ့်ကိုယ်ကိုလည်းအားမရပါဘူး 😌

Photos from XIN's Online Shop's post 25/01/2024

Yati May မှ Ombré,Hairstroke technique သင်ယူပြီးစီးခြင်းနှင့် သင်တန်းဆင်းလက်မှတ်ကို Master အေးမြ ပေးအပ်ခြင်းအခမ်းအနား။

Photos from XIN's Online Shop's post 25/01/2024

ပြည့်စုံတဲ့မျက်ခုံးတစ်စုံ နဲ့ညို့အားပျင်းတဲ့မျက်ဝန်းတစ်စုံအတွက် အမြဲတမ်းအချိန်ပေးပြီးဆွဲနေရတယ်ဟုတ် ?မျက်ခုံးလို့ပြောရာမှာ လူ၉၀ရာခိုင်နှုန်းလောက်ကမျက်ခုံးအနိမ့်အမြင့်တွေဖြစ်တယ်လေ။ပါးတစ်ခြမ်းနဲ့တစ်ခြမ်း အချိုးမညီတာ မျက်ခုံးရိုးကြောင့်မျက်ခုံးမညီတဲ့လက္ခဏာလေးတွေရှိတတ်ပါတယ် ၊အပြင်သွားခါနီးပြီဆိုရင် မျက်ခုံးနှစ်ဖက်ညီအောင် မနည်းညှိရတယ်မလား ?

ဆောင်းတွင်းအေးအေးမှာအလုပ်သွားဖို့ကိုလည်းအစောကြီးထဖီးလိမ်းပြီးမျက်ခုံးဆွဲဖို့အချိန်သီးသန့်ပေးစရာမလိုအောင် permanent make eyebrows tattoo ထိုးလို့ရပြီနော်။

Tattoo ထိုးတယ်ဆိုတဲ့နေရာမှာ တစ်ခုပြောချင်တာက ခုနောက်ပိုင်းမှာ artist တွေမှိုလိုပေါတဲ့ခေတ်မှာ ကိုယ့်မျက်နှာအလှမပျက်ပဲ ပိုလို့လှဖို့တော့ မှန်ကန်တဲ့ရွေးချယ်မှု ဆုံးဖြတ်ချက်တော့လိုအပ်တာပေါ့နော် ။မဟုတ်ရင် မျက်ခုံးထပ်ပြီးဖျက်တာက အလုပ်ပိုဖြစ်နေမှာလေနော်😊

မင်မင်ကတော့ customer စိတ်တိုင်းကျ frame လေးချပြပြီးမှ ကြိုက်တယ်ဆိုမှစထိုးပေးတာမို့ မလှမှာတော့စိုးရိမ်းစရာမလိုဘူး ။

#မျက်ခုံးအမှုန်
#မျက်ခုံးအမျှင်
#နောက်ဆုံးပေါ် hairstroke ကိုလည်း
#နှုတ်ခမ်းအရောင်တင်ခြင်းနဲ့ eyeliner အစရှိတဲ့ဝန်ဆောင်မှာများပေးနေပါပြီနော် ။

ယုံကြည်အားပေးသူတစ်ဦးချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ရှင့်။

25/01/2024

ဆရာများ သားတေ ဖြစ်မယ်နော် 🥴

27/12/2023

အပြင်တစ်ခါထွက်ဖို့အရေး စိတ်တေမရှည်ဘူးတကယ်🙄

26/12/2023

I wonder how 🤔I wonder why 🫤?

22/12/2023

ဒီအကြောင်းလေးတွေးမိတော့ အိပ်မရဘူးကွယ်😂

10/12/2023

မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ

အချိန် သွားနေတယ်၊
အသက်အရွယ် ပြောင်းနေတယ်။
ကလေးအရွယ်ကနေ ဆယ်ကျော်သက်အရွယ်က အပူအပင်မဲ့ ပျော်စရာအရွယ်ပေါ့။
ဆယ်ကျော်သက်ကနေ လူငယ်လူရွယ်အရွယ်က ဘာလုပ်လုပ် စိတ်အားထက်သန်တယ်။
လူရွယ်ကနေ လူလတ်ပိုင်းအရွယ် ရောက်တော့ စိတ်ပျက်လက်မှိုင်ချရတာတွေ များလာခဲ့တယ်။

ဘဝဆိုတာ ရုပ်ရှင်ရိုက်သလိုပါပဲ။
ဖြတ်လျှောက်ဘဝကနေ အရံသရုပ်ဆောင် ငါတို့ဖြစ်လာတယ်။ အရံကနေ ခေါင်းဆောင်သရုပ်ဆောင် ဖြစ်လာတယ်။ အတိုက်အခိုက် အထိုးအနှက်ကြားမှာ သင်ခန်းစာယူပြီး အခက်အခဲကြားမှာ အတွေ့အကြုံကို ငါတို့ယူခဲ့တယ်။

မသိမသာနဲ့ ငါတို့ ရင့်ကျက်လာခဲ့တယ်၊
တည်ငြိမ်လာခဲ့တယ်။ အရာတော်တော်များများကိုလည်း သဘောပေါက် နားလည်လာခဲ့တယ်။ လူ့စိတ် လူ့မနှောကိုလည်း သိလာခဲ့တယ်။ အစမှာရှိတဲ့ မခံချင်စိတ် ဒေါသတွေက နောက်ပိုင်းမှာ ငြိမ်သက်လာတယ်။ အစမှာ ကြည့်မရတဲ့အရာတွေက နောက်ပိုင်းမှာ ထားလိုက်တော့လို့ ဖြစ်သွားတယ်။ ဒီဘဝခရီးလမ်းက ပြောင်းလဲမှု မြန်ဆန်နေတယ်။

မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။
မိဘတွေ ဖြစ်ကုန်ကြပြီ။
ဦးဦးဒေါ်ဒေါ်တွေ ဖြစ်ကုန်ကြပြီ။
အမှားလုပ်မိရင် တာဝန်ယူရပြီ။
မိသားစုရှိလာတော့ တာဝန်ကို ထမ်းပိုးရပြီ။
အရင်ကလို အဖေတို့ အမေတို့ လုပ်လိုက်မှာပါလေဆိုတာမျိုး မရတော့ဘူး။

မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။
ခန္ဓာကိုယ် ပုံပြောင်းစပြုလာပြီ။ ဗိုက်ပူလာပြီ။ အကျင့်စရိုက်တောင်မှ တည်တည်ငြိမ်ငြိမ် ဖြစ်လာခဲ့ပြီ။

အိမ်ကို ပိုသံယောဇဉ်ရှိလာခဲ့ပြီ။ အရက်သေစာကို ဝေးဝေးရှောင်လာခဲ့ပြီ။ ဘုရားတရားရိပ်ကို ပိုတပ်မက်လာခဲ့ပြီ။ ကျန်းမာရေးကို ပထမလို့ ထားတတ်လာခဲ့ပြီ။ ငွေကြေးဥစ္စာအပေါ် အမြင် တဖြည်းဖြည်း ပေါ့လာခဲ့ပြီ။

မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။

မောတဲ့အခါ နားသင့်ရင်နားပါ.. ခန္ဓာကိုယ်က အဓိကပါ။
နွမ်းတဲ့အခါ အိပ်သင့်ရင်အိပ်ပါ.. အိပ်ရေးတွေ အပျက်မခံပါနဲ့တော့။
ဆာတဲ့အခါ စားသင့်ရင်စားပါ... ချွေတာမနေပါနဲ့တော့။
တစ်သက်တာက တိုလွန်းပါတယ်.. မျက်စိတစ်မှိတ်တွင်းမှာ ကျော်ဖြတ်ကုန်ကြတာပါပဲ။
ကောင်းတဲ့အရာကို သိမ်းမထားပါနဲ့။ သိမ်းရင်း သိမ်းရင်း ကိုယ့်အတွက်မဟုတ်ဘူး ဖြစ်သွားပါလိမ့်မယ်။

မသိမသာနဲ့ ငါတို့အိုမင်းလာခဲ့ပြီ။

ရင်ဘတ်ကျဉ်းတဲ့လူနဲ့ ရေးကြီးခွင်ကျယ် သွားမလုပ်ပါနဲ့။ အိမ်ကလူတွေနဲ့ ခဏခဏ စိတ်မကောက်ပါနဲ့။ ကိုယ်ကိုယ်တိုင်နဲ့ မကျေမနပ်မဖြစ်ပါနဲ့။ စိတ်ခံစားချက်ကို မလှမပ မဖြစ်ပါစေနဲ့။ နေ့ရက်တစ်ရက် ရှင်သန်တိုင်း တစ်ရက် ပျော်ရွှင်ပစ်လိုက်စမ်းပါ။

💌

#ကျွန်မဖတ်ဖို့
#နိုင်းနိုင်းစနေ

Photos from XIN's Online Shop's post 16/12/2022
Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon