Myat's Beauty Zone
🇯🇵Japan Made🇰🇷Korea Made Skincare
Wholesale & Retail
10/08/2026
ဗုဒ္ဓစက္ခုံ .. ပြည်လုံးခြုံ .. လုံပါစေဘုရား ။
ဓမ္မစက္ခုံ .. ပြည်လုံးခြုံ .. လုံပါစေဘုရား ။
သံဃစက္ခုံ .. ပြည်လုံးခြုံ .. လုံပါစေဘုရား။
🙏 🙏 🙏 🙏 🙏
မြန်မာပြည်သူပြည်သား..
(၇)ရက်သားသမီးအပေါင်းသူတော်ကောင်းတို့၏
ဦးခေါင်းထက်၌ ...
ငါးသိန်းတစ်သောင်းနှစ်ထောင်
နှစ်ကျိတ်ရှစ်ဆူသော မြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးတို့သည်လည်းကောင်း၊
ညာပုခုံးထက်၌ ...
ပစ္စေကဗုဒ္ဓါအရှင်သူမြတ်တို့သည်လည်းကောင်း၊
ဘယ်ပုခုံးထက်၌ ...
အဂ္ဂသာဝကကြီးများသည်လည်းကောင်း၊
ရင်ထက်၌ ...
ရဟန္တာအရှင်မြတ်တို့သည်လည်းကောင်း၊
ကျောပြင်၌ ...
လောကပါလနတ် မြတ်တို့သည်လည်းကောင်း
ခိုင်ခိုင်မတ်မတ် ကြွရောက်စောင့်ရှောက်
ပေးတော်မူကြပါကုန် ဘုရား 🙏🙏🙏
23/07/2026
"Skincare အဆင့်တွေ အများကြီးလုပ်ရမှာ ပျင်းတယ်...အချိန်မရဘူး" ဆိုတဲ့ ညိုကီတွေအတွက် နေ့စဉ် ၅ မိနစ်စာအချိန်ပေးရုံနဲ့ သန့်ရှင်းလန်းဆန်းပြီး ကြည့်ကောင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မယ့် NACIFIC Skincare Combo လေး ရှိပါတယ် ✨✨✨
🌿 Simple & Effective 4-Step Routine က ဘာတွေလဲဆိုရင် ...
Super Clean Foam Cleanser 🧼
တစ်နေကုန် အလုပ်လုပ်လို့၊ အပြင်ထွက်လို့ ကပ်ကျန်ခဲ့တဲ့ ဖုန်၊ ဂျေးနဲ့ ဆီတွေကို အနက်ရှိုင်းဆုံး သန့်စင်ပေးမှာပါ။ အသားအရေကို မခြောက်ကပ်စေဘဲ မျက်နှာသစ်ရုံနဲ့ စိုပြေလန်းဆန်းစေပါတယ်။
Fresh Herb Origin Toner 💧
သန့်စင်ပြီးသား အသားအရေကို ရေဓာတ်ပြည့်ဝစေပြီး ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။ အဆီပြန်တာကို ထိန်းညှိပေးလို့ အမျိုးသားတွေနဲ့ အကိုက်ညီဆုံး Toner ပါပဲ။
Sun Essence (UV Protection) ☀️
နေရောင်ခြည်နဲ့ ခရမ်းလွန်ရောင်ခြည်တွေ ဖုန်းနဲ့ အခြားသော Device တွေကထွက်တဲ့ blue rays တွေကြောင့် အသားအရေ ပျက်စီးတာ၊ အမဲစက်စွဲတာတွေကို ကာကွယ်ဖို့ Sun Essence က မရှိမဖြစ်ပါ။ အဖြူကွပ်မဖြစ် စီးကပ်ခြင်းမရှိဘဲ ပေါ့ပါးစွာနဲ့ စိမ့်ဝင်လွယ်ကာ အသားအရေကို အပြည့်အဝ ကာကွယ်ပေးနိုင်ပါတယ်။
Phyto Niacin Brightening Tone-Up Cream ✨
ခုလိမ်း ခုဖြူစေလို့ အသားအရေကို ချက်ချင်း လင်းလက်ကြည့်ကောင်းသွားစေပြီး ပုံမှန်အသားအရေထက် တစ်ဆင့်ဖြူကာ ညီညာတဲ့ Skin tone ကို ပေးစွမ်းနိုင်ပါတယ်။ ပုံမှန်စွဲသုံးပေးရင် အမဲစက်တွေကို သက်သာစေလို့ ကြည့်ရတာ Fresh ဖြစ်နေစေမှာပါ။
ဒီ (၄) မျိုးရှိရုံနဲ့ အသားအရေကို သန့်စင်၊ စိုပြေ၊ လင်းလက်နေစေမှာမို့ daily life မှာ အလုပ်မရှုပ်ဘဲ ကြည့်ကောင်းတဲ့ Confidence ကို ရရှိချင်တဲ့အမျိုးသားတိုင်း ဆောင်ထားသင့်တာ Nacific ရဲ့ ဒီ product တွေပါ ✨✨✨
23/07/2026
(၃၁)ဘုံ၌ကျင်လည်နေကြသော သတ္တဝါအားလုံး
ကိုယ်ဆင်းရဲခြင်း ကင်းပါစေ
စိတ်ဆင်းရဲကင်းကြပါစေ
ကိုယ်စိတ်နှစ်ဖြာ၊ ကျန်းမာ ၊ချမ်းသာစွာဖြင့်
မိမိ၏ခန္တာဝန်ကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါစေ 🙏🙏🙏
27/05/2026
အဆီပြန်ပြီး စေးကပ်နေတဲ့အသားအရေအတွက် စိတ်ပူနေရတဲ့ ဆယ်ကျော်သက်တွေရှိလား 🤔🤔🤔
ဒါဆိုရင်တော့ Nacific ရဲ့ Super Clean Foam Cleanser က သင့်အတွက် အကောင်းဆုံးရွေးချယ်မှုပါပဲ 🥥🌿✨
အုန်းသီး extract, Kaolin ရွှံ့စေး, Tea Tree Leaf Oil, Peppermint Extract တို့လို သဘာဝပစ္စည်းတွေနဲ့ အဓိကထုတ်လုပ်ထားလို့ မျက်နှာပေါ်က မလိုအပ်တဲ့ အဆီပိုတွေ၊ ဖုန်မှုန့်တွေကို နူးညံ့စွာ ဖယ်ရှားပေးနိုင်တာကြောင့် နူးညံ့တဲ့အသားအရေအတွက် စိတ်ချလက်ချသုံးစွဲနိုင်တယ်လေ 💯💯💯
✅ ဝက်ခြံထွက်ခြင်းကို လျော့ပါးစေပြီး အသားအရေကို ကြည်လင်တောက်ပစေပါတယ်
✅ ဆယ်ကျော်သက်တွေရဲ့ အသားအရေအတွက် စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်
✅ မျက်နှာသစ်ပြီးနောက် သန့်ရှင်းခြင်းနဲ့အတူ စိုပြေလန်းဆန်းမှုကိုပါ ခံစားရစေမှာဖြစ်ပါတယ်
ဒါကြောင့် ထိရှလွယ်တဲ့ အသက်အရွယ်တွေအတွက် ထိခိုက်မှာလည်း ပူစရာမလိုဘဲ သန့်ရှင်းပြီး ကျန်းမာတဲ့အသားအရေကို Nacific Super Clean Foam Cleanser နဲ့ လွယ်ကူညင်သာစွာ ရယူပိုင်ဆိုင်လိုက်ပါ ✨✨✨
22/05/2026
🩸သွေးတစ်လုံး - ၂၄,၀၀၀ ကျပ်🩸
🌿ရှင်သန်ခွင့် ကမ်ပိန်း🌿 မှာ ဘယ်လိုပါဝင်ရမလဲ၊ ဘယ်လောက်ပါဝင်ရမလဲ မသိရင် သွေးတစ််လုံးစာကုန်ကျစားရိတ်အတွက် ပါဝင်ပေးပါ။
ကိုယ်တိုင်ကိုယ်ကျ သွေးမလှူဒါန်းနိုင်လဲ သွေးတစ်လုံးစာကုန်ကျစားရိတ်ကို ကျခံပေးလို့ရပါတယ်။
တနေရာနဲ့တနေရာ ဆက်သွယ်ရေး ခက်ခဲလွန်းတာမို့ “အရေးပေါ်သွေးလိုပြီဟေ့”ဆိုခါမှ သွေးလိုက်ရှာရတဲ့ ဒုက္ခဟာ သိပ်ကိုခက်ခဲသလို လူနာအတွက်လည်း အချိန်အများကြီးကုန်ရပါတယ်။
အဲ့တာမို့ ကျနော်တို့မှာ အချိန်ရရင်ရသလို လိုအပ်တဲ့သွေးအမျိုးအစားအစုံကို ကြိုတင်စုဆောင်းသိမ်းဆည်းထားရပါတယ်။
အမှားလုံးဝမခံတဲ့လုပ်ငန်းစဉ်ဖြစ်တာမို့ ကုန်ကျစားရိတ်လည်းကြီးမားပါတယ်။
အဲ့ဒီအတွက်ကြောင့် ဒီကမ်ပိန်းဟာ အရေးကြီးကြောင်းခနခန ဆော်ဩနေရတာဖြစ်ပါတယ်။
ဆိုတော့ကာ ဘယ်လိုပါဝင်ပေးရမလဲဆိုတာ ဝေခွဲရခက်နေရင် သွေးတစ်လုံးစာကုန်ကျစားရိတ်ကို ပါဝင်ပေးပါ။
ဒါဟာ သွေးတစ်လုံးလှူဒါန်းလိုက်တာနဲ့အတူတူပါပဲ။
ကျနော်တို့နဲ့အတူ ရှင်သန်ခွင့်တွေ ပေးကြရအောင်လားဗျာ။
#ရှင်သန်ခွင့်
#သွေးနှင့်အောက်ဆီဂျင်
#သိုးလေးအောက်ဆီဂျင်စက်ရုံ
Category
Contact the business
Telephone
Website
Address
Yangon
11431
Alerts
Be the first to know and let us send you an email when Myat's Beauty Zone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.