Yee

Yee

Share

Healthy , Happy, Life 🪴🦂🍀🌷

Photos from Yee's post 16/06/2025

လွမ်းနေတာကလွဲရင် ကျန်တာအားလုံးနေသားတကျပါပဲ

16/06/2025

ချစ်ခဲကြတာချင်းအတူတူမှာတောင် နင်ကငါမပါတဲ့ ဘဝသစ်မှာ စိတ်သစ်လူသစ်နဲ့ပျော်နေပြီး
ငါကတော့ အမှတ်တရတွေ ကိုလွမ်းနေသတိရနေတာက ငါတစ်ယောက်ထဲဖြစ်နေခဲ့တာလား

Photos from Yee's post 11/02/2025

ချစ်ခြင်းမေတ္တာက ရိုးရှင်းပါတယ်
ရရှိတယ် မရရှိဘူးဆိုတာ မေ့ထားတယ်
ခဏကလေး ရပ်ကြည့်တာကအစ
ဘဝကလေးကို လက်လွှတ်ပေးလိုက်ရတာအဆုံး၊

ကိုယ်ရှုံးမိသမျှ ကိုယ့်စေတနာပါပဲ
ကမ္ဘာမှာ ပန်းတွေပွင့်တယ်ဆိုတာ
ဘယ်သူ့ကို ထိခိုက်ဖူးလို့လဲ

#ခွန်းညိုသွေး

11/02/2025

လူတစ်ယောက်ကို Unlove လုပ်ဖို့ဆိုတာ
အခက်ခဲဆုံး အလုပ်တစ်ခု ဖြစ်ပါတယ်တဲ့။

Unlove ဆိုတာ အလွယ်ပြောရမယ်ဆိုရင်
အချစ်တွေကို အကုန်ပြန်ရုတ်သိမ်းရတာမျိုးပါ။
Love - အချစ်တွေပေးခဲ့ဖူးတယ်ဆိုမှ
Unlove - အချစ်တွေပြန်သိမ်းလို့ရမှာ ဖြစ်ပါတယ်။

လူတစ်ယောက်ကို မချစ်မိဖို့ ဆိုတာ လွယ်ပါတယ်။
ဒါပေမယ့် ချစ်ခဲ့ပြီးမှ မချစ်တော့ဖို့ဆိုတာကတော့
သိပ်ကို ခက်ခဲလွန်းပါတယ်။

အချစ်တွေဟာ မှားယွင်းနိုင်တယ်။
လက်တွဲခဲ့ပြီးမှ ကိုယ့်အတွက်မကောင်းမှန်း သိနိုင်တယ်။
ကိုယ့်အပေါ် သစ္စာမရှိတဲ့သူတွေ ..
ကိုယ့်အပေါ် မေတ္တာမမှန်တဲ့သူတွေ ..
ကိုယ်နဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့သူတွေ ..
ကိုယ်နဲ့ အဆင်မပြေနိုင်တဲ့သူတွေ ..
ဖြစ်နေတယ်ဆိုရင် ဘယ်လိုဆက်ပြီး လက်တွဲရမလဲ။

Formula အရတော့ ကျိန်းသေ
Unlove လုပ်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် တယူသန် အချစ်ကြီးကြသူတွေ
ဒီကမ္ဘာပေါ်မှာ အများကြီးရှိနေကြပြီး
သူတို့ဟာ Unlove မလုပ်နိုင်ကြပါဘူး။

လူတစ်ယောက်ကို တစ်ခါချစ်ပြီးသွားပြီဆိုရင်
ထာဝရလို့ သတ်မှတ်လိုက်တတ်ကြသူတွေ ဖြစ်ပါတယ်။
မကောင်းမွန်တဲ့အချစ်ရေးကို ဖာထေးမှုများစွာနဲ့
တစ်ဖက်သတ် ရှေ့ဆက်ချင်နေကြသူတွေ ဖြစ်ပါတယ်။
အချစ်ကို ဘဝတစ်ခုလုံးစာ ပုံအောပြီး
အကြီးကြီး ချစ်ပေးကြသူတွေ ဖြစ်ပါတယ်။

Unlove မလုပ်နိုင်တဲ့အခါ ဘဝတစ်ခုဟာ
အချစ်ရေးရဲ့ ပင်ပန်းဆင်းရဲမှုတွေနဲ့ ပြည့်နှက်ပြီး
တခြား အရေးကိစ္စအားလုံးမှာ ကျရှုံးရပါတယ်။

စီးပွါးရေး ဆုတ်ယုတ်လာလည်း ချစ်မလား ..?
ကျန်းမာရေး ပျက်စီးလာလည်း ချစ်မလား ..?
အလှအပရေး ထိခိုက်လာလည်း ချစ်မလား ..?
လူမှုရေး အားနည်းလာလည်း ချစ်မလား ..?
အချစ်တစ်ခုတည်းကသာ အရာရာလား ..?

ဟုတ်ပါတယ်တဲ့။
တယူသန် အချစ်ကြီးကြသူတွေဟာ
ဒီလို သိပ်ကိုရူးမိုက်စွာ ချစ်တတ်ကြပါတယ်။

ဘဝကြီးတစ်ခုလုံး စုတ်ပြတ်သွားတယ်။
ကိုယ်တိုင်ဟာ တန်ဖိုးမဲ့သွားတယ်။
ရှင်သန်နေတဲ့ နေ့ရက်တစ်ရက်စီဟာ
ပိုပို ပူလောင်လာတယ်။
ပိုပို မှောင်မိုက်လာတယ်။
ပိုပို ကြမ်းတမ်းလာတယ်။

တကယ်တော့ အချစ်ဆိုတာဟာ
ဘဝရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့သာ
ထားရှိရမှာ ဖြစ်ပါတယ်။
ကိုယ့်အပေါ် ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းတွေ
ဖြစ်တည်စေရမှာ ဖြစ်ပါတယ်။
ဘဝကို အကောင်းဘက်၊ အပေါင်းဘက်
ပို့ဆောင်နိုင်ရမှာ ဖြစ်ပါတယ်။

ဒီလိုမှ မဟုတ်ဘူးဆိုရင် ပေးခဲ့သမျှ အချစ်တွေကို
Unlove လုပ်ရမှာ ဖြစ်ပါတယ်။
မကောင်းတဲ့သူကို စွန့်ခွါပြီး ရှေ့ဆက်ရမှာ ဖြစ်ပါတယ်။
ကောင်းတဲ့သူနဲ့ ဆုံလာတဲ့အခါ Relove ရမှာ ဖြစ်ပါတယ်။

AD

Photos from Yee's post 25/01/2025

ကျမဒီနေ့အလုပ်ကိစွတွေမလုပ်ပဲ ဒီအတိုင်းနားတဲ့နေ့ပါ အသဲကွဲဒဏ်ကိုကုစားရင်း
✅တစ်နှစ်တောင်ကျော်ခဲ့ပြီ ✅

ဒီနေ့ အပင်တွေစိုက်တယ် ကျမကြိုက်တဲ့ ရုပ်ရှင်သွားကြည့်တယ် ကျမချစ်တဲ့သူတွေကိူအချိန်ပေးတယ် 🪴

ကျမတခါတရံမှစားတဲ့ခေါက်ဆွဲသုပ်စားတယ် ကျမတခါတရံမသွားချင်စိတ်ဖြစ်တဲ့ GYM သွားတယ် 🍀

GYM သွားရင်းနဲ့အတွေးလေးတစ်ခုပေါ်လာခဲ့တယ် ကျမဒါနဲ့ဆို GYM ဆော့တာ2023ကနေဆို 2Years ပြည့်တော့မှပေါ့ အလေးတွေလည်းတိုးလာနိုင်တယ်

မဆော့ချင်တဲ့နေ့တွေရှိပေ့မယ်ရောက်အောင်သွားတယ် ကျမတို့တွေအားလုံး မလုပ်ချင်တာတွေရှိပေ့မယ်လို့ မှန်ကန်တဲ့လုပ်ရပ်တွေဆိုလုပ်ကိုလုပ်ရမယ်ဆိူတာပါပဲ အသဲကွဲလိုရတယ်🥹
ဒါပေ့မယ်မှန်ကန်တဲ့လုပ်ရပ်တွေကိုတော့ ဆက်လုပ်ရမယ် မလုပ်သွားဘူးဆို နောက် 3နှစ်လား 5နှစ်လား ကိုယ်နဲ့တန်းတူလူတွေရှေ့ရောက်နေကြတဲ့အချိန် ကျမတို့အသဲကွဲရင်းမူလနေရာမှာပဲ ကျန်နေခဲ့မလားဆိုတာပါပဲ
******အချစ်က လူတိုင်းကိူပျော်ရွှင်သစ်လွှင်စေပါတယ် ဒါပေ့မယ့်အချစ်က ဘဝတစ်ခုမဟုတ်ပါဆိုတဲ့ ****အတွေးလေးကိူ ရစေမိတယ်
တကယ်တော့ ကျမတို့အချစ်တစ်ခုထဲကြောင့်ရယ်မဟုတ်ပါဘူး တခြားသောမလုပ်ချင်ရတဲ့အကြောင်းမျိုးစုံအတွက်လည်းအတွေးလေးရစေပါတယ်
ကျမရဲ့ဥပမာကတော့အသဲကွဲပြီးမှပိုပြီးလုပ်နိုင်လာတာတွေ အများကြီးရှိလာလို့တင်စားလိုက်တာပါ 🍃🍃🍃

16/01/2025

တစ်သက်လုံး ပြန်မတွေ့တာမျိုးလည်း
ဖြစ်ချင်ဖြစ်မှာပေါ့....။

မခေါ်ပဲလည်းနေချင်နေသွားမှာပေါ့...
မေ့သွားမှာတော့မဟုတ်ပါဘူး....။

စိတ်ကိုစိတ်နဲ့ဆက်ပြီးရေးခြစ်ခဲ့တဲ့
အမှတ်တရတွေက
ဖျက်ရခက်တယ်အချစ်ရဲ့ ......

🤍🌿

13/01/2025

ငါရှိတဲ့နေရာကိုလည်း နင်လာလို့မရသလို
နင်ရှိတဲ့နေရာကိုလည်းငါလာလို့မရဘူး

ဒါကြောင့်ဝေးခဲ့ကြတာကအဆင်ပြေဆုံးဖြစ်ပါတယ်ချစ်သူ****

13/01/2025

ချစ်ခြင်းမေတ္တာမှာ ရိုးသားရတယ်
မချစ်ဘဲနဲ့ လိမ်မပြောရဘူး
မမြတ်နိုးဘဲနဲ့ မချဉ်းကပ်ရဘူး
ဝဋ်ဆိုတာ လည်တတ်တယ်

ပြီးတော့ ချစ်ပေးဖို့ မတောင်းဆိုရဘူး
တကယ်ချစ်တဲ့သူက ချစ်ပေးတတ်တယ်။

23/12/2024

ဝေးခဲ့ပြီးကတည်းက
သတိမရတဲ့ ရက်ရယ်လို့
မရှိပါဘူး …

သတိမရချင်ယောင်ဆောင်ပြီး
နေနိုင်အောင်
နေလိုက်ရတာပဲ ရှိတာပါ

မနေနိုင်လို့လည်း မဖြစ်ဘူးလေ
ဆက်သွယ်ချင်မိလို့
မဖြစ်ဘူးလေ …

အထူးသဖြင့် ..
ကိုယ်မရှိလည်း အဆင်ပြေနေတဲ့လူတစ်ယောက်ကို
နှောင့်ယှက်ဖို့ မကောင်းဘူးလေ ။

-ကျေးကို

19/12/2024

အခုရက်ပိုင်းတွေ စိတ်ကောလူကောအရမ်းပင်ပန်းနေမိတယ် ညဖက်တွေလည်းခရောင်ချောက်ချားအိမ်မက်တွေနဲန်ိုးနိုးလာမိတယ် နားဖို့လိုအပ်နေပေ့မယ့် မနားနိုင်ဖြစ်နေမိတယ်🥹

10/12/2024

အဆင်ပြေနေလားမေးရင်မပြေပါ
မပြေလည်းနေ့ရက်တိုင်းတော့အကာင်းဆုံးရှင်သန်နေပါတယ်တနေ့ပြီးတနေ့အဆင်ပြေတဲ့နေ့ရက်တွေရောက်လာမှာ👌

09/12/2024
Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00