H&B by CHILI USA

H&B by CHILI USA

Share

Authentic USA Products 🗽🇱🇷
Contact Us : 09 952480722☎
Viber&Telegram : 09 768769008

23/09/2025

ဗိုက်အောင့်ခြင်း
Stomach ache or abdominal pain

- ဗိုက်အောင့်ခြင်းသည် ကလေးများတွင် အဖြစ်များပါသည်။

- ဗိုက်နာခြင်း အများစုသည် မပြင်းထန်ပါ၊ ရက်အနည်းအတွင်း ပျောက်ကင်းနိုင်ပါသည်။

- ကလေးများတွင် မည်သည့် အကြောင်းတရားမှ မရှိပဲနှင့်လည်း နာတတ်ပါသည်။

- ဗိုက်နာခြင်း အပြင် အန်ခြင်း၊ ဝမ်းလျောခြင်း၊ ‌ဖျားခြင်းများလည်း ဖြစ်နိုင်ပါသည်။

** အဖြစ်များသော ဗိုက်နာစေသော အကြောင်းတရာများ

@မည်သည့် အကြောင်းတရားမှ မရှိပဲနှင့် နာခြင်း

@ လေထိုးခြင်း

@ အစာမကြေခြင်း

@ ဝမ်းချုပ်ခြင်း/ဝမ်းပျက်ခြင်း

@ ရောဂါပိုးဝင်ခြင်း ( acute Gastroenteritis)

@ ဝမ်းဗိုက်အတွင်းမှ ခုခံအား အကြိတ်များ ရောင်ခြင်း( အများစုမှာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပါသည်)

@ အစားအစာနှင့် ဓါတ်မတည့်ခြင်း၊ အစာ အဆိပ်သင့်ခြင်း

@ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

@ စိတ်ဖိစီးမှု/စိတ်လှုပ်ရှားမှုကြောင့်ဖြစ်ခြင်း

** အဖြစ်နည်းသော၊ ဗိုက်နာ‌‌ေစသော အကြောင်းတရားများ

@ အမျိုးသမီးများ ဓမ္မတာလာခါနီးအချိန်၊ လာနေစဉ် ဗိုက်အောင့်ခြင်း

@ အူအတက်ရောင်ခြင်း

@ အူပိတ်ခြင်း

** ဆေးရုံ၊ဆေးခန်း ပြသင့်သော အကြောင်းတရာများ

@ အနာသက်သာစေသော ဆေးသောက်သော်လည်း မသက်သာခြင်း

@ ဗိုက်နာသော နေရာရွေ့သွားခြင်း

@ ဗိုက်နာခြင်းသည် ပို၍ ဆိုးလာခြင်း

@ ဗိုက်နာခြင်း ပျောက်သွားပြီးမှ ပြန်ဖြစ်ခြင်း

@ ဗိုက်နာခြင်းအပြင် ဖျားခြင်း

@ ၂၄ နာရီးကျော်ကြာအောင် အန်တာ မပျောက်ခြင်း၊ အစိမ်းရောင် အန်ခြင်း

@ ဗိုက်နာခြင်း အပြင် ကိုယ်အလေးချိန်လည်း ကျနေခြင်း

@ ဗိုက်နာခြင်း အပြင် ရုတ်တရက် ဆီးနည်းသွားခြင်း သို့မဟုတ် ဆီးမကြာခဏသွားခြင်း

@ အမျိုးသမီးများ ဗိုက်နာခြင်းအပြင် သွေးဆင်းနေခြင်း၊ ပုံမှန်မဟုတ်သော အရည်များဆင်းခြင်း

@ ပေါင်ခြံတွင် နာခြင်း သို့မဟုတ် အလုံး တွေ့ခြင်း

@ ဝမ်းလျောခြင်းသည် ရက်အနည်းကြာသည့်တိုင်အောင် မပျောက်ခြင်း

@ အရေပြားတွင် နာသော အနီ အဖုအပိန့်များ‌ေတွ့ခြင်း

@ ထိုသို့ မနာခင် ထိခိုက်မိထားခြင်း

** အရေးပေါ် အခြေ‌အနေများ

@ ဗိုက်နာခြင်းသည် ရုတ်တရက် ပိုဆိုးသွားခြင်း

@ဗိုက်ကို အထိမခံနိုင်ခြင်း

@ သွေးအန်ခြင်း

@ သွေးဝမ်းသွားခြင်း

@ ဆီးမသွားနိုင်ခြင်း

@ ဝမ်းမသွားနိုင်ခြင်း

@ အသက်မရှူနိုင်ခြင်း

@ ရင်ဘတ်အောင့်ခြင်း

@ ဆီးချိုရှိသူများ ဗိုက်အောင့်သည့်အပြင် အန်ခြင်း

@ သတိလစ်ခြင်း

** အိမ်တွင် ကုသမှု

- အိမ်မှာ ခါတိုင်းကဲ့သို့ သောက်‌ေနကျ အရည်များ များများ ဆက်တိုက်ပါ။

- ကလေး အစာစားချင်သော ဆန္ဒရှိလျှင် ကျွေးပါ။

- ဆီး၊ ဝမ်း တည်ပေးပါ။

- လိုအပ်လျှင် ပါရာစီတမော၊ အိုင်ဗျူပရိုဖန်ဆေးများ တိုက်နိုင်ပါသည်။

- လိုအပ်လျှင် ဆေးရုံ၊ဆေးခန်း ပြပါ။

**ကိုးကား

13/09/2025

#အမျိုးသမီးတွေမှာပဲ တွေ့နိုင်မယ့် နှလုံးရောဂါ လက္ခဏာရပ်(၆) ခု

နှလုံးရောဂါဆိုတာ ကျား၊ မမရွေး အသက်အရွယ်မရွေး ဖြစ်ပွားတတ်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ အခန့်မသင့်ရင် အသက်အန္တရာယ်ဆုံးရှုံးသွားနိုင်တာကြောင့် မပေါ့ဆသင့်တဲ့ရောဂါတစ်ခုလည်းဖြစ်ပါတယ်။

ဒီတော့ အမျိုးသမီးတွေအတွက် သီးသန့် နှလုံးရောဂါနဲ့ ပတ်သက်တဲ့လက္ခဏာရပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ အဲဒါတွေကတော့..

(၁) ခန္ဓာကိုယ်အနှံ့နာကျင်မှုတွေ
ကျောဖက်၊ လည်ပင်းနဲ့ဂုတ်၊ မေးရိုးတစ်လျှောက်အပြင် လက်မောင်းနှစ်ဖက်မှာပါ ရုတ်တရက်စူးစူးဝါးဝါးနာကျင်ခံစားလာရပါလိမ့်မယ်။ တစ်ခါတစ်လေကျရင် ညအိပ်နေရင်း နာလာလို့ လန့်နိုးတာမျိုးတောင်ရှိတတ်ပါတယ်။ ဒီလိုဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်နေပါပြီ။

(၂) ဗိုက်မကောင်းတာမျိုး
အစာအဆိပ်သင့်သလိုလို၊ အပူအစပ်စားတာများလို့ ဗိုက်အောင့်သလို ဖြစ်နေပေမယ့်လို့ ဗိုက်တစ်ဝှက်မှာ ဖိအားကြီးတစ်ခုလို ခံစားနေရပြီးတော့ ခပ်စူးစူးအောင့်နေမယ်ဆိုရင် အစာအိမ်အချဉ်ပေါက်နေတာ ဖြစ်နိုင်သလို နှလုံးရောဂါလည်းဖြစ်နိုင်တဲ့အွေက်ကြောင့် မပေါ့သင့်ပါဘူး။ အမြန်ဆုံး သွားရောက်စစ်ဆေးပါ။

(၃) ချွေးစေထွက်တာ
ပူလို့ချွေးထွက်တာမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်တောင့်တင်းပြီး ခြေဖျား၊ လက်ဖျားနဲ့ ဆံစပ်နဲ့ ဂုတ်ဖက်တွေမှာ ချွေးစေးတွေ ထွက်နေမ်ဆိုရင် နှလုံးမှာ ဖိအားတစ်ခုခုရှိနေပြီဖြစ်တဲ့အတွက် ခန္ဓာကိုယ်က လက္ခဏာပြတာပါ။

(၄) လေမစပ်တာ
လှုပ်လှုပ်ရှားရှားလေး ဘာမဟုတ်တာလုပ်လိုက်ရင်ကို မောလာပြီး လေမစပ်ချင်တော့သလို ဖြစ်နေမယ်ဆိုရင် သင့်နှလုံးဟာ အားနည်းနေပြီဆိုတာ အသေချာပါပဲ။

(၅) မူးဝေခြင်း
အကြာကြီးလည်း အနားယူတယ်၊ အိပ်လည်းအိပ်ထားတယ်၊ ပင်ပင်ပမ်းပမ်းလည်း ဘာမှမလုပ်ထားဘဲနဲ့တောင်မှပဲ သင်ဟာ မောပမ်းနွမ်းလျနေမယ်ဆိုရင် သင့်ရဲ့နှလုံးသွေးကြောမှာ ပြဿနာဖြစ်နေနိုင်တဲ့အတွက် ကျွမ်းကျင်ဆရာဝန်နဲ့ အမြန်ဆုံးသွားပြပေးပါလို့ အကြံပေးချင်ပါတယ်။

(၆) နှလုံးအောင့်ခြင်း
တစ်ခါတစ်လေ စိတ်ဖိဆီးမှုကြောင့် ဒါမှမဟုတ် အထိုင်အထတွေမှာ လေညပ်သွားလို့ ရင်ဘတ်အောင့်တတ်ပေမယ့်လို့ နှလုံးဖက်က ပူပြီးစူးစူးဝါးဝါး အဆက်မပြတ်အောင့်နေမယ်ဆိုရင်တော့ သင့်ရဲ့ နှလုံးမှာ ပြဿနာရှိနေတယ်၊ heart attack ဖြစ်ဖို့ အခြေအနေများနေပြီဆိုတာ သိထားသင့်ပါတယ်။ မပေ့ါပါနဲ့။

#မေတ္တာဖြင့် #ပြန်လည်မျှဝေသည် #ကျန်းမာရေး #ဗဟုသုတ

28/08/2025

#အထူးပရိုမိုးရှင်း #တစ်ဗူး၅၄၀၀၀နဲ့ပဲယူ
မူရင်းဈေး 50mlတစ်ဗူး 108000 ကို မင်မင်အရူံးခံပြီး ကာကာတို့အတွက်တစ်ဝက်ဈေးချပေးထားပါတယ်နော်

4ပတ်အတွင်း မျက်နှာပေါ်က အမဲစက်နဲ့အရေးကြောင်းတွေကို သိသိသာသာ ပျောက်ကင်း
ချင်ရင်ဒါလေးသုံးကြည့် 👇🏻👇🏻👇🏻

''ROC Multi Correxion Revive+Glow Daily Serum+ Vitamin C ✨✨✨

ROC Serum လေးကို နေ့စဥ်အသုံးပြုပေးပြီး
နေ့ဘက်လိမ်းမယ်ဆိုရင် SPF 15ပါဝင်သော Sun Creamတစ်မျိုးမျိုးကိုလည်း ထပ်ပြီးလိမ်းပေးရပါမယ်နော်

ရလဒ်တွေကတော့ 📌📌📌

1.အသားအရေကိုချက်ချင်း ရေဓာတ်ဖြည့်ပေးခြင်း

2.၄ပတ်အတွင်း အသားရေကိုပိုမိုကြည်လင်တောက်ပစေပြီး အိုမင်းရင့်ရော်ခြင်းလက္ခဏာများကို လျော့ပါးလာစေခြင်း

3.၈ပတ်အတွင်း 93%နက်ရိူင်းသော အရေးကြောင်းများနဲ့အမဲစက်ဖြစ်ခြင်းများကို သိသိသာသာ ပြောင်းလဲစေခြင်း

၁၂ပတ်အတွင်း ROC Vitamin C Serum လေးကိုသုံးပေးခြင်းဖြင့် 50%အထိ အရေးကြောင်းများကို လျော့ပါးစေခြင်းတို့ကြောင့် တင်းရင်းတောက်ပြောင်သော အသားရေကို ပိုင်ဆိုင်ရစေမှာအမှန်ပါ

Use daily AM and /or PM before you apply your moisturizer ***

Step 1:Smooth 3-5 drops of serum on clean skin
Step 2:Apply in an upward motion over face and neck
Step 3:Apply a sunscreen of SPF15 or higher during the day while using this product ✅



#လှပကျန်းမာဖို့ရာchiliusaမှာရှာဖွေပါ

Photos from H&B by CHILI USA's post 07/08/2025

#ကျောက်ကပ်ကိုထိခိုက်စေသော အမှုကျင့်များ
============================
၁။ နံနက်စာ မစားခြင်း။
၂။ ဆား စားသုံးမှု များနေခြင်း။
၃။ ဆေးလိပ်သောက်ခြင်း။
၄။ ရေသောက်နည်းခြင်း။
၅။ဆေးဝါးများ အလွန်အကျွံ မှီဝဲနေခြင်း ။
၆။ လုံလောက်တဲ့ အနားယူခြင်း မရှိခြင်း။
၇။ တစ်ခါတလေ အလွန်အကျွံ စားခြင်း။
၈။ အသားများကို အလွန်အကျွံစားခြင်း ။
၉။ အရက်အလွန်အကျွံသောက်ခြင်း ။
၁၀။ မနက်အိမ်ယာထ ဆီးသွားချင်သည်ကို
မသွားပဲ ချုပ်တည်းထားခြင်း ။

#ပိုမိုလေ့လာရန်……………

#ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်တာ
ကြောင့် ဆင်ခြင်သင့်တဲ့အမှုအကျင့်( ၁၀ ) မျိုး

ကျောက်ကပ်က သွေးကြောထဲမှာ
လှည့်ပတ်နေတဲ့သွေးတွေကို သန့်စင်အောင်
စစ်ထုတ်ပေးပြီး အစားစာတွေကနေဗီတာမင်
သတ္တုဓာတ်တွေကို စုပ်ယူကာ ခန္ဓာကိုယ်
အတွက် လိုအပ်တဲ့ အာဟာရတွေကို
ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်ထဲက
အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့
အပြင် ဟော်မုန်းထုတ်လုပ်မှုမှာလည်း
ကူညီပေးပါတယ်။ ဒါကြောင့်
ကျောက်ကပ်ကျန်းမာရေးက ခန္ဓာကိုယ်
အတွက် အရမ်းအရေးကြီးတယ်လို့ပြောလို့
ရပါတယ်။ ဒါကြောင့် သင့်ရဲ့နေ့စဉ်အမှု
အကျင့်တွေထဲကနေ ကျောက်ကပ်ကျန်းမာ
ရေး ပျက်စီးစေမယ့် အပြုအမှုတွေကို
ဆင်ခြင်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

၁။ ရေအလုံအလောက်မသောက်ဘူး ……

ခန္ဓာကိုယ်မှာရေဓာတ်အလုံအလောက်ရရှိမှ
ကိုယ်တွင်းကလီစာတွေကောင်းကောင်း
အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့်
ကျောက်ကပ်ပေါ့။ ရေက ခန္ဓာကိုယ်ထဲက
အဆိပ်အတောက်တွေဖယ်ရှားပေးတဲ့နေရာမှာ
အရမ်းအကူအညီဖြစ်တာကြောင့်
ကျောက်ကပ်မှာကျောက်မတည်အောင်
တားဆီးပေးနိုင်ပါတယ် ။ ဒါပေမယ့်
လိုအပ်တာထက်အလွန်အကျွံသောက်တာ
လည်း မကောင်းပါဘူး။ တစ်ရက်မှာ
ရေနှစ်လီတာလောက်သောက်ရင်
အတော်ပါပဲ ။

၂။ ဆေးတွေကိုအညွှန်းအတိုင်းမသောက်ဘူး

နေမကောင်းဖြစ်တဲ့အခါ တစ်ခုခုဖြစ်တဲ့အခါ
တွေမှာ ဆေးတွေကိုသောက်ချင်သလို
သောက်တဲ့အကျင့်တွေကလည်း
ကျောက်ကပ်ပျက်စီးရတဲ့အကြောင်းရင်းထဲက
တစ်ချက်ပါပဲ။ ဆေးမြီးတိုတွေအရမ်းသောက်
ရင် ပိုဆိုးပါတယ်။ ဒါကြောင့်
အကြောင်းတစ်ခုခုကြောင့်ဆေးသောက်တော့
မယ်ဆို ကိုယ့်သဘောနဲ့ကိုယ်သောက်ချင်
သလို မသောက်ပါနဲ့ ဆရာဝန်ညွှန်ကြားချက်နဲ့
သေချာလိုက်နာပြီးသောက်ပါ။

၃။ အငန်တွေအရမ်းစားတယ် ……

အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်က
ဆိုဒီယမ်၂၃၀၀မီလီဂရမ်လောက်ပဲ
စားသုံးသင့်တယ်လို့ ကျန်းမာရေးဌာနထုတ်
ပြန်ထားခဲ့ပေမယ့် လူတိုင်းက အဲ့ဒီပမာ
ဏထက် ပိုအောင်စားသောက်နေကြပါတယ်။
အခုနောက်ပိုင်းအစားစာတွေမှာ
ဆိုဒီယမ်ပမာဏများများထည့်ပြီးအရသာ
ပိုရှိအောင် ထုတ်လုပ်တာကို လူတွေအရမ်း
ကြိုက်ကြပါတယ်။ ဆိုဒီယမ်စားသုံးမှုများတဲ့
အခါ ခန္ဓာကိုယ်ထဲမှာ အငန်ဓာတ်တွေအရမ်း
များလာပြီး ကျောက်ကပ်က သန့်စင်နိုင်စွမ်း
မရှိတော့ ကျောက်ကပ်ထိခိုက်လာပါတယ်။
ဒါကြောင့် အငန်ဓာတ်များတဲ့အစားစာတွေကို
လျှော့စားပြီး အသီးအနှံနဲ့ အရွက်စိမ်းတွေကို
လည်း သင့်တင့်သလောက်စားပေးပါ။

၄။ သွေးဖိအားနဲ့ပတ်သက်လို့ ဂရုမစိုက်ဘူး …

ကျန်းမာရေးလိုက်စားသည်ဖြစ်စေ
မလိုက်စားသည်ဖြစ်စေ
သွေးဖိအားတိုင်းတာကို မကြာခဏလုပ်ပေး
သင့်ပါတယ်။ သွေးဖိအားများတယ်ဆိုတာ
နှလုံးသွေးကြောနဲ့ပတ်သက်လို့
ပြဿနာရှိနေတာဖြစ်ပြီး သွေးတိုးရောဂါ
ဖြစ်လာရင် သွေးလွှတ်ကြောတွေကျဉ်းမြောင်း
လာပါတယ်။ အဲ့ဒီအခါ သွေးထဲမှာ
ကိုလက်စထရောနဲ့ အဆိပ်အတောက်တွေ
စုပုံလာပြီး ဒါကို ကျောက်ကပ်က သန့်စင်နိုင်
စွမ်းနည်းလာပါတယ်။ နှလုံးသွေးကြောဆိုင်
ရာ ပြဿနာတွေဖြစ်နေတဲ့အခါ
ကျောက်ကပ်တစ်သျှးတွေက လိုအပ်တဲ့
အာဟာရတွေကို ကောင်းကောင်းမစုပ်ယူနိုင်
တော့ဘဲ ကျောက်ကပ်မှာ
ထိခိုက်လာပါတယ်။

၅။ ဆီးသွားချင်တာကိုအချိန်အကြာကြီး
အောင့်ထားတတ်တယ် ………

ဆီးအိတ်က အရည်နှစ်ခွက်စာပမာဏကို
သုံးနာရီကနေ လေးနာရီအထိထိန်းပေးထား
နိုင်ပါတယ်။ တခါတလေသန့်စင်ခန်းမရှိတဲ့
နေရာတွေမှာ ဆီးသွားချင်လာတာကို
အချိန်တွေအကြာကြီးအောင့်ထားလိုက်တဲ့
အခါ ကျောက်ကပ်မှာထိခိုက်ပျက်စီးမှုတွေ
ဖြစ်လာနိုင်ပြီး မကြာခဏဆီးသွားချင်တာမျိုး
ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင်
တင်ပါးဆုံရိုးနဲ့ ပတ်သက်တဲ့လေ့ကျင့်ခန်းတွေ
လုပ်ပေးဖို့လိုပါတယ်။

၆။ အချိုနဲ့သရေစာတွေအလွန်အကျွံစားသုံး
တယ် ……

အငန်တွေအရမ်းစားတဲ့အခါ
ကျောက်ကပ်ကအဆိပ်အတောက်တွေ
ဖယ်ရှားနိုင်စွမ်းနည်းလာသလို အချိုသရေ
စာတွေ အလွန်အကျွံစားတာကလည်း
အဲ့ဒီအတိုင်းဖြစ်စေတာကြောင့်
ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။

၇။ အရက်နဲ့ ဆေးလိပ်သုံးစွဲခြင်း ………

သင်ဟာ အရက်နဲ့ဆေးလိပ်သောက်တဲ့သူ
ဆိုရင် အဲ့ဒီအရာတွေကနေ ခန္ဓာကိုယ်ကို
ဒုက္ခပေးတဲ့ ကယ်မီကယ်တွေထုတ်လွှတ်နိုင်ပြီး
ကျောက်ကပ်က အဲ့ဒါတွေကို ချေဖျက်သန့်
စင်ဖို့ မတတ်နိုင်တော့တဲ့အခါ ထိခိုက်ပျက်စီး
လာပါတယ်။

၈။ အနီရောင်အသားတွေ အလွန်အကျွံစား
တယ် ………

အနီရောင်အသားတွေက သံဓာတ်နဲ့ ပရိုတင်း
ဓာတ်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်တယ်
ဆိုပေမယ့် အမိုးနီးယားနဲ့ နိုက်ထရိုဂျင်ဓာတ်
တွေလည်း ပါနေတာကြောင့် နေ့တိုင်းစားရင်
ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

၉။ အထိုင်များပြီး လေ့ကျင့်ခန်းမလုပ်ဘူး …

အထိုင်များပြီး လေ့ကျင့်ခန်းမလုပ်တာက
ဆီးချိုရောဂါ ကင်ဆာရောဂါနဲ့ Heart attack
တွေ ဖြစ်စေနိုင်ပါတယ်။ ပြီးတော့
တစ်ရက်မှာ ၈နာရီနဲ့အထက် ထိုင်သူတွေဟာ
တခြားသူတွေထက် ကျောက်ကပ်ရောဂါ
ဖြစ်နိုင်ချေ၃၀ ရာခိုင်နှုန်းပိုများပါတယ်။

၁၀။ ကောင်းကောင်းမအိပ်ဘူး ………

ညဘက်မှာ ကောင်းကောင်းအိပ်မှ
နောက်နေ့အတွက် ခန္ဓာကိုယ်က
အားအင်ပြည့်ဝမှာပါ။
တကယ်လို့
အိပ်ချိန်မလုံလောက်ဘူးဆိုရင်
သွေးလှည့်ပတ်မှုမကောင်းတော့ဘဲ
သွေးဖိအားများလာမယ် အဲ့ဒါက
ကျောက်ကပ်ကို သွားထိခိုက်စေပါတယ်။

#ဒါကြောင့် ပုံမှန်အိပ်ချိန်အတိုင်း
ကောင်းကောင်းအိပ်ဖို့ လိုပါတယ် ။


ဒေါက်တာခင်မိုးမိုး ( သစ်ထူးလွင်မှ
ပြန်လည်မျှဝေသည် )

26/07/2025

*ကော်ဖီနဲ့ တွဲမသောက်သင့်သည့် ဆေးများ*
===========================

ကော်ဖီဆိုတာက တော်တော်များများ နှစ်သက်တဲ့ သောက်စရာ တစ်မျိုးပါ။ မနက်ခင်းကို ကော်ဖီ တစ်ခွက်နဲ့မှ မစတင်ရရင် အဆင်မပြေဘူးလို့ ခံစားရသူက ခပ်များများပါ။ ဒီလိုမျိုး ကော်ဖီကြိုက်သူတွေ အနေနဲ့ ကော်ဖီဘယ်လောက် ကြိုက်ကြိုက် ဒီဆေးတွေနဲ့ ကော်ဖီကို ရောမသောက်ပါနဲ့။

လေ့လာမှုတွေအရ ကော်ဖီက အစာအိမ်ကို လှုံ့ဆော်ပေးပြီး အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုအပေါ် သက်ရောက်မှု ရှိစေပါတယ်။ မနက်ခင်းမှာ ကော်ဖီသောက်တာက စိတ်ကို လန်းဆန်းစေပြီး တက်ကြွစေတာမှန်ပေမယ့် ဆေးဝါးတွေနဲ့တော့ တွဲသောက်တာမျိုး မလုပ်တာကောင်းပါတယ်တဲ့။

အကြောင်းကတော့ ကော်ဖီက အစာခြေစနစ်ရဲ့ အာဟာရစုပ်ယူနိုင်စွမ်း၊ အာဟာရ ဖြန့်ဝေမှုဖြစ်စဉ်နဲ့ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေသလို ဆေးဝါးရဲ့ အာနိသင် သက်ရောက်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။

1***သိုင်းရွိုက်အတွက် သောက်ရတဲ့ဆေးတွေ

ခန္ဓာကိုယ် ကျန်းမာဖို့အတွက် သိုင်းရွိုက်ဟော်မုန်း မျှတဖို့ လိုပါမယ်။ သိုင်းရွိုက်ဟော်မုန်း များလွန်း နည်းလွန်း တာက အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ သိုင်းရွိက်ဟော်မုန်း မမျှတတာက ကိုယ်အလေးချိန် တက်တာ၊ အသားခြောက်တာ၊ အဆစ်နာတာ၊ ဆံပင်ကျွတ်တာနဲ့ ရာသီသွေးမမှန်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

သိုင်းရွိုက်ပြဿနာအတွက် သောက်ရတဲ့ ဆေးတွေကို ကော်ဖီနဲ့ သောက်လိုက်တာက ဆေးရဲ့ ထိရောက်မှုကို အဟန့်အတား ဖြစ်စေပြီး ခန္ဓာကိုယ်က ဆေးကို စုပ်ယူနိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သိုင်းရွိုက်ကျန်းမာရေး တစ်ခုခုကြောင့် ဆေးသောက်နေရမယ်ဆိုရင် ကော်ဖီနဲ့ တွဲသောက်တာမျိုး မလုပ်ပါနဲ့။

2 ***အဖျားကျဆေး နဲ့ ဓာတ်မတည့် သက်သာစေတဲ့ ဆေးတွေ

အဖျားကျဆေးတွေနဲ့ ဓာတ်မတည့်မှုကို သက်သာစေတဲ့ ဆေးတွေမှာ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးနိုင်တဲ့ ဆေးတွေ ပါဝင်နေပါတယ်။ ကော်ဖီကလည်း လှုံ့ဆော်ပေးနိုင်တဲ့ အရာတွေပါ။ ဒါကြောင့် ကော်ဖီကို ဓာတ်မတည့်မှုကို သက်သာစေနိုင်တဲ့ ဆေးနဲ့ တွဲသောက်လိုက်မယ်ဆိုရင်တော့ အိပ်ပျော်ဖို့ခက်တာ စိတ်ရောကိုယ်ပါ အနားမရတာမျိုး ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အဖျားကျဆေး နဲ့ ဓာတ်မတည့်တာကို သက်သာစေတဲ့ ဆေးတွေနဲ့ တွဲသောက်တာမျိုး မလုပ်ပါနဲ့။

3***ဆီးချိုအတွက် သောက်ဆေးတွေ

ကော်ဖီကို သကြားတွေ နို့တွေ ဖြည့်စွက်ပြီး သောက်သုံးတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်သလို ကော်ဖီကို ဆီးချိုဆေးနဲ့ တွဲသောက်တာက ဆီးချိုဆေးတွေရဲ့ အာနိသင် သက်ရောက်မှုအပေါ်မှာ ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ဆီးချို ရှိမယ်ဆိုရင် ဆီးချိုဆေးတွေနဲ့ ကော်ဖီကို တွဲသောက်တာမျိုး မလုပ်ပါနဲ့။

4***အယ်လ်ဇိုင်းမားအတွက် သောက်ဆေးတွေ

အယ်လ်ဇိုင်းမားအတွက် ဆေးတစ်မျိုးမျိုးကို သောက်နေရတယ်ဆိုရင်တော့ ကော်ဖီနဲ့ ဆေးကို တွဲသောက်တာမျိုး မလုပ်ပါနဲ့။ အယ်လ်ဇိုင်းမားအတွက် သောက်ရတဲ့ ဆေးကို ကော်ဖီနဲ့တွဲသောက်လိုက်တဲ့အခါ ဦးနှောက်ကို ထိခိုက်စေနိုင်သလို ဆေးရဲ့ အာနိသင် သက်ရောက်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် အယ်လ်ဇိုင်းမား ဝေဒနာ ခံစားနေရလို့ ဆေးသောက်နေရမယ်ဆိုရင်တော့ ဆေးတွေကို ကော်ဖီနဲ့ တွဲသောက်တာမျိုး မလုပ်ပါနဲ့။

5***ပန်းနာရင်ကြပ်ဆေးတွေ

ပန်းနာရင်ကြပ်ဆိုတာက နာတာရှည် ကျန်းမာရေး ပြဿနာ တစ်မျိုးပါ။ အဆုတ်ကို ထိခိုက်စေပြီး လေပြွန်ကို ရောင်ရမ်းစေသလို အသက်ရှူရခက်တာ၊ ချောင်းဆိုးတာမျိုးနဲ့ အသက်ရှူသံ တရွှီရွှီ မြည်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

ဒီလိုမျိုး နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာကို ခံစားနေရတာကြောင့် ဆေးသောက်ရမယ်ဆိုရင်တော့ ကော်ဖီနဲ့ တွဲသောက်တာမျိုး မလုပ်ပါနဲ့။ ဒီလို သောက်တာက ဆေးတွေရဲ့ အာနိသင်ကို ထိခိုက်စေနိုင်ပါတယ်။

6***အရိုးပွရောဂါဆေးတွေ

အရိုးပွရောဂါက အရိုးတွေကို ပါးစေပြီး ထိခိုက်လွယ်စေပါတယ်။ အရိုးပွတာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာပါ။

အရိုးပွတာကြောင့် ဆေးသောက်နေရမယ်ဆိုရင်တော့ ဆေးတွေကို ကော်ဖီနဲ့ တွဲမသောက်မိဖို့ လိုပါမယ်။ ဒီလိုပြောရတာက ကော်ဖီက အရိုးပွတာအတွက် သောက်ရတဲ့ ဆေးတွေရဲ့ အာနိသင်ကို ထက်ဝက်လောက် ကျဆင်းစေနိုင်တာကြောင့်ပါ။

7***စိတ်ဓာတ်ကျတာကို သက်သာစေတဲ့ဆေးတွေ

စိတ်ဓာတ်ကျတာကို ခံစားနေရပြီဆိုရင် စိတ်ကျတာကို သက်သာစေတဲ့ဆေးကို ပုံမှန်လေး သောက်သုံးပေးဖို့ လိုပါမယ်။ ဒီလို ဆေးကို ပုံမှန်လေး သောက်သုံးနေရချိန်မှာ ကော်ဖီနဲ့ ဆေးကို တွဲသောက်ရတာက ဆေးရဲ့ အာနိသင်ကို ထိခိုက်စေနိုင်တာကြောင့် တွဲသောက်တာမျိုး မလုပ်ဖို့ လိုပါမယ်။

ဆေးကို ကော်ဖီနဲ့ တွဲသောက်တာက ခန္ဓာကိုယ်ရဲ့ ဆေးစုပ်ယူနိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။

8***သွေးကျဆေးတွေ

သွေးတိုးရောဂါ ရှိလို့ သွေးကျဆေး သောက်ရသူတွေ အနေနဲ့လည်း သွေးကျဆေးကို ကော်ဖီနဲ့ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးကျဆေးကို ကော်ဖီနဲ့ တွဲသောက်လိုက်တဲ့အခါ ဆေးရဲ့ အာနိသင် သက်ရောက်မှု ကျဆင်းစေပြီး နှလုံးကို ဝန်ပိစေနိုင်ပါတယ်။

ကော်ဖီအပါအဝင် ကဖင်းပါတဲ့ သောက်စရာတွေ (ဥပမာ လက်ဖက်ရည်၊ ရေနွေးကြမ်း၊ အားဖြည့်အချိုရည်၊ ချောကလက်)ကို အထက်ပါဆေးတွေအပါအဝင် ဘယ်ဆေးနဲ့မှ ရောမသောက်ပါနဲ့။ ကဖင်းပါတဲ့ သောက်စရာတွေက ဆေးရဲ့ အာနိသင်၊ အူလမ်းကြောင်း စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဆေးသောက်တဲ့အခါ ရိုးရိုးရေနဲ့ပဲ သောက်ပေးပါ။ မိမိက ကော်ဖီသောက်တတ်သူဆိုရင် ဆေးသောက်ရမယ့်အချိန်နဲ့ ခပ်ခွာခွာသောက်ပေးပါနော်။

Photos from H&B by CHILI USA's post 17/07/2025

#အထူးပရိုမိုးရှင်း #တစ်ဗူး၅၄၀၀၀နဲ့ပဲယူ
မူရင်းဈေး 50mlတစ်ဗူး 108000 ကို မင်မင်အရူံးခံပြီး ကာကာတို့အတွက်တစ်ဝက်ဈေးချပေးထားပါတယ်နော်

4ပတ်အတွင်း မျက်နှာပေါ်က အမဲစက်နဲ့အရေးကြောင်းတွေကို သိသိသာသာ ပျောက်ကင်း
ချင်ရင်ဒါလေးသုံးကြည့် 👇🏻👇🏻👇🏻

''ROC Multi Correxion Revive+Glow Daily Serum+ Vitamin C ✨✨✨

ROC Serum လေးကို နေ့စဥ်အသုံးပြုပေးပြီး
နေ့ဘက်လိမ်းမယ်ဆိုရင် SPF 15ပါဝင်သော Sun Creamတစ်မျိုးမျိုးကိုလည်း ထပ်ပြီးလိမ်းပေးရပါမယ်နော်

ရလဒ်တွေကတော့ 📌📌📌

1.အသားအရေကိုချက်ချင်း ရေဓာတ်ဖြည့်ပေးခြင်း

2.၄ပတ်အတွင်း အသားရေကိုပိုမိုကြည်လင်တောက်ပစေပြီး အိုမင်းရင့်ရော်ခြင်းလက္ခဏာများကို လျော့ပါးလာစေခြင်း

3.၈ပတ်အတွင်း 93%နက်ရိူင်းသော အရေးကြောင်းများနဲ့အမဲစက်ဖြစ်ခြင်းများကို သိသိသာသာ ပြောင်းလဲစေခြင်း

၁၂ပတ်အတွင်း ROC Vitamin C Serum လေးကိုသုံးပေးခြင်းဖြင့် 50%အထိ အရေးကြောင်းများကို လျော့ပါးစေခြင်းတို့ကြောင့် တင်းရင်းတောက်ပြောင်သော အသားရေကို ပိုင်ဆိုင်ရစေမှာအမှန်ပါ

Use daily AM and /or PM before you apply your moisturizer ***

Step 1:Smooth 3-5 drops of serum on clean skin
Step 2:Apply in an upward motion over face and neck
Step 3:Apply a sunscreen of SPF15 or higher during the day while using this product ✅



#လှပကျန်းမာဖို့ရာchiliusaမှာရှာဖွေပါ

09/07/2025

🙏ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏

ဝါဆိုလပြည့်နေ့မှာ သစ္စာလေးပါးအကြောင်းဖြစ်တဲ့ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပါတယ်။ ထို့အပြင်
- ဂေါတမဘုရားလောင်း ပဋိသန္ဓေတည်သောနေ့
- ဂေါတမ ဘုရားလောင်း တောထွက်တော်မူသောနေ့
- ဘုရားအဖြစ် ၀န်ခံတော်မူသောနေ့
- တရားရတနာ စတင်ပေါ်သောနေ့
- သံဃာရတနာ စတင်ပေါ်သောနေ့ စတဲ့ထူးခြားခြင်းတွေနဲ့လည်း ပြည့်စုံတဲ့နေ့တစ်နေ့ပါ။

နှစ်လိုကြည်နူးဖွယ်ကောင်းတဲ့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ မိတ်‌ဆွေသူငယ်ချင်းအားလုံး ဒါန၊ သီလ၊ ဘာ၀နာပွားများအားထုတ်နိုင်ကြပါစေ။

07/07/2025

မိမိ အိပ်ရာအောက်မှာ
သံပုရာသီး ထားအိပ်ရင်
ရရှိလာမည့် အကျိုးကျေးဇူးများ

--------------------------------

အိပ်ရာဝင်တဲ့ အခါ
တစ်ခါတစ်ရံ အခံရဆိုးတဲ့
ကြမ်းပိုး ကိုက်ခြင်းကိုလည်း
ခံရတတ်ပါသည်။

ပုရွက်ဆိတ်လို အကောင်
အသေးစားမျိုးလည်း အိပ်ရာပေါ်
တက်လာတတ်သလို
အဆင်မသင့်ရင်
အဆိပ်ရှိ သတ္တဝါတွေလည်း
(နေရာ၊ ဒေသကိုလိုက်လို့)
တက်လာတတ်ပါတယ်။

ဒီလိုဖြစ်ရင်တော့ မိမိအိပ်တဲ့ ခုတင်
အပေါ်ထောင့် လေးထောင့်မှာ
သံပုရာသီး လတ်လတ်ဆတ်ဆတ်
တစ်လုံးစီ ထားပေးပါ။

ပြီးတော့ မိမိ အိပ်ရာအောက် ဖျာ
(သို့မဟုတ်) မွေ့ရာအောက်မှာ
အသုံးပြုပြီးသား (အရည်ညှစ်ပြီး)
သံပုရာသီးအခွံ အပြင်သားကို
ဓားဖြင့်ပါးပါးနွှာယူပြီး အိပ်ရာခေါင်းရင်း၊
ခြေရင်းတွေမှာ သင့်တော်သလို
ခင်းထားပေးပါ။

ခုတင်ပေါ်မှာ ထားတဲ့
သံပုရာသီးတွေကို
ညိုးနွမ်းသွားသော်
လတ်လတ်ဆတ်ဆတ်နဲ့ပြန်လဲပေးပါ။

အိပ်ရာအောက်မှာ ခင်းထားတဲ့
သံပုရာခွံ ပါးပါးလေးတွေကိုတော့
( ၆ ) လ တစ်ကြိမ် လဲပေးပါ။

သံပုရာနံ့ကြောင့် ဘယ်အချိန် အိပ်ရာဝင်ဝင်
အမူးအဝေပျောက်ခြင်း၊ အနှောင့်အယှက်
ပယောဂ မပြုစားနိုင်ခြင်း၊ အဆိပ်ရှိသတ္တဝါဆိုတဲ့
မြွေကင်းတွေ အနားမကပ်နိုင်ခြင်း၊
အခံရဆိုးတဲ့ ကြမ်းပိုးကိုက်ခြင်း လုံး၀ ( လုံးဝ )
မရှိခြင်း ( ၎င်း ဥပါပျောက်ခြင်း)၊ အလွန်
သေးငယ်တဲ့ ပုရွက်ဆိတ်လို အကောင်ငယ်များ
လုံးဝ အနား မကပ်နိုင်ခြင်းတို့ပဲ ဖြစ်ပါတယ်။

Credited.. မူရင်းရေးသားသူ

15/06/2025

ခြေဖနောင့်နာရခြင်းအကြောင်း
===========================

ဖနောင့်နာရတဲ့ကြောင်းတွေ အများကြီးရှိတဲ့အထဲမှာမှ အဖြစ်အများဆုံး အကြောင်းဖြစ်တဲ့ Plantar Fasciitis(ဖနောင့်အရွတ်ရောင်ခြင်း) အခြေအနေအကြောင်း နည်းနည်းပြောပြချင်ပါတယ်.....
===============================

#ဖနောင့်နာတဲ့ရောဂါတစ်ခုဖြစ်တဲ့ – Plantar Fasciitis

ကျွန်တော်တို့ခြေထောက်မှာ ခြေဖနောင့်ကို ပတ်ပြီးသွားနေတဲ့ Plantar Fascia ဆိုတဲ့ အရွတ် တစ်ခု ရှိပါတယ်။ ဒီအရွတ်က ခြေဖနောင့်ကို ပတ်ပြီး ခြေမနဲ့ သွားချိတ်ဆက်ထားပါတယ်။ သူက လမ်းလျှောက်ရာမှာ ခြေထောက်က ခံစားရတဲ့ ဒဏ်ကို စုပ်ယူပေးပါတယ်။ ခန္ဓာကိုယ် အလေးချိန်ကို ထမ်းထားရတဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သလို လူတစ်ယောက် လမ်းကောင်းကောင်း လျှောက်နိုင်ဖို့လည်း တခြားအစိတ်အပိုင်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပါတယ်။

ဒီအရွတ်က တစ်ခုုခုကြောင့် ရောင်ရမ်းလာတဲ့အခါမှာ ခြေဖနောင့်မှာ စူးခနဲ စူးခနဲအောင့်တာကို ခံစားရပါတယ်။ အများအားဖြင့် မနက်မိုးလင်းလင်းချင်းမှာ အတော်ဆိုးဆိုး ခံစားရတတ်ပါတယ်။ အိမ်ယာကထ၊ သွားသွားလာလာလုပ်လိုက်ရင် သက်သာသွားတတ်ပါတယ်။ မတ်တတ်ရပ်တာ အရမ်းကြာသွားတဲ့အခါ၊ အကြာကြီးထိုင်နေရာကနေ ပြန်ထလိုက်တဲ့အခါမျိုးတွေမှာလည်း နာကျင်ပါတယ်။

ဒီလိုဖနောင့်နာတဲ့အခြေအနေကို အများအားဖြင့် အပြေးသမားတွေမှာ တွေ့ရတတ်ပါပြီး အရမ်းဝသူတွေ၊ စီးတဲ့ဖိနပ်က အဆင်မပြေ ဖြစ်နေသူတွေမှာလည်း တွေ့ရပါတယ်။

#ဘာလက္ခဏာတွေ ပြမလဲ
==============
သူ့ရဲ့အဓိက လက္ခဏာကတော့ ခြေဖနောင့်မှာ ဓားနဲ့ထိုးသလို စူးခနဲအောင့်တာပါ။ အပေါ်မှာ ပြောခဲ့တဲ့အခြေအနေတွေမှာ ဖြစ်တတ်သလို လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်။ (လုပ်နေစဉ်အတွင်းမှာတော့ ခံစားရလေ့ မရှိပါဘူး။)

#ဘာ့ကြောင့်ဖြစ်ရသလဲ
=============
Plantar Fascia ဆိုတဲ့အရွတ်က ပုံမှန်ဆို လမ်းလျှောက်တဲ့အခါဖြစ်တဲ့ ဖိအားတွေကို စုပ်ယူပေးတဲ့ ရှော့ခ်ဘားသဘောမျိုး အလုပ်လုပ်ပါတယ်။ နောက်ပြီး ခြေထောက်ကိုလည်း ထောက်ပံ့ပေးပါတယ်။ သို့ပေမဲ့ ထမ်းထားရတဲ့ ဖိအားအရမ်းများတဲ့အခါမှာတော့ အရွတ်မှာ စုပ်ပြဲရာလေးတွေ ဖြစ်လာပါတယ်။ အသုံးပြုပါများတဲ့အခါ ပစ္စည်းတစ်ခု ယိုယွင်း လာတတ်သလိုမျိုးပဲ ဒီအရွတ်ဟာလည်း ခဏခဏ ဒဏ်ရာရပါများလာတဲ့အခါ ရောင်ရမ်း လာပါတော့တယ်။

#ဘယ်သူတွေ ပိုဖြစ်တတ်သလဲ
=================
တိတိကျကျ အကြောင်းအရင်း မပြနိုင်ဘဲ ဖြစ်တာလည်း ရှိပေမဲ့ ဒီလိုခြေဖနောင့်နာတာကို ပိုဖြစ်စေတတ်တဲ့ အခြေအနေတွေတော့ ရှိပါတယ်။

အသက်အရွယ် – များသောအားဖြင့်အသက် ၄၀ နဲ့ ၆၀ ကြားတွေမှာ အဖြစ်များပါတယ်။

လေ့ကျင့်ခန်းလုပ်သူတွေ – လေ့ကျင့်ခန်းအားလုံးတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ခြေဖနောင့်ပေါ်ကို ဖိအားအများကြီး သက်ရောက်တဲ့ လေ့ကျင့်ခန်းတွေနဲ့ ပိုသက်ဆိုင်ပါတယ်။ ဥပမာ- တာဝေး အပြေးလေ့ကျင့်တာ၊ ဘဲလေးကတာ၊ အေရိုးဗစ် ပြင်းပြင်းထန်ထန်ကစားတာ စတာတွေ လုပ်ရင် ပိုခံစားရနိုင်ခြေ ရှိပါတယ်။

ခြေထောက်ပုံစံ – ခြေဖဝါးပြားတဲ့သူ၊ ကော့နေတဲ့သူ၊ နောက်ပြီး သိပ်ပုံစံမမှန်တဲ့သူ စတဲ့ အခြေအနေတွေ ရှိတဲ့သူဟာ လမ်းလျှောက်ရင်ပဲ ဖြစ်ဖြစ်၊ မတ်တတ်ရပ်ရင်ပဲဖြစ်ဖြစ် သူ့ရဲ့ ခြေဖဝါးပေါ်သက်ရောက်တဲ့ဖိအားက မညီမမျှ ဖြစ်နေနိုင်တာကြောင့် ပိုဖြစ်လွယ်ပါတယ်။

ကိုယ်အလေးချိန် – အဝလွန်တဲ့သူတွေမှာ ဒီအရွတ်ပေါ်ကို ဖိအား ပိုသက်ရောက်သလို ဖြစ်တာကြောင့် ပိုဖြစ်လွယ်ပါတယ်။

အလုပ်အကိုင် – စက်ရုံလုပ်သားတွေ၊ အကြာကြီးမတ်တတ်ရပ်ပြီးစာသင်ရတဲ့ ဆရာ၊ ဆရာမတွေဟာ သူတို့ရဲ့ ခြေထောက်က ဒီအရွတ်ပေါ် ဖိအားသက်ရောက်ချိန် များတာကြောင့်လည်း တခြားသူတွေထပ် ပိုခံစားရနိုင်ပါတယ်။

#နောက်ဆက်တွဲ ဆိုးကျိုးများ
================
ဒီလို အရွတ်ရောင်တာကို ဂရုမစိုက်ဘဲ ဆက်ထားမယ်ဆိုရင်တော့ ပိုပိုဆိုးလာမှာဖြစ်ပြီး နောက်ပိုင်း ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုတောင် ကောင်းကောင်း မလုပ်ဆောင်နိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ နာတာကိုသက်သာစေဖို့ ကိုယ့်လမ်းလျှောက်တဲ့ပုံစံကို ပြောင်းလိုက်ရင်လည်း တခြား ခြေထောက်အစိတ်အပိုင်းတွေ၊ ဒူးခေါင်း၊ ခါးနဲ့ ကျောတွေပါ နာကျင်လာနိုင်ပါတယ်။

#ရောဂါရှာဖွေခြင်း
=========
ဒီလို ခြေဖနောင့်နာတဲ့အခြေအနေကို ရောဂါရာဇဝင် သေချာမေးမြန်းခြင်းနဲ့ စမ်းသပ်စစ်ဆေးခြင်း ကိုသေချာပြုလုပ်ပြီး သိရှိနိုင်ပါတယ်။ စမ်းသပ်တဲ့အခါမှာ လူနာရဲ့နာကျင်နေတဲ့ ခြေထောက်နေရာ တစ်ဝိုက်ကို သေချာ စမ်းသပ်ရပါတယ်။ ဘယ်နေရာက နာသလဲဆိုတာ သေချာစစ်ဆေးခြင်းဖြင့် ဘာ့ကြောင့်ဖြစ်ရသလဲဆိုတာ မှန်းဆနိုင်ပါတယ်။

#ပုံရိပ်ဖော်နည်းများဖြင့်စစ်ဆေးခြင်း

အများအားဖြင့်တော့ ဘာစမ်းသပ်မှုမှာ မလိုအပ်ပေမဲ့ တခြားရောဂါတစ်ခုခုရှိနေသလားဆိုတာ သေချာစေဖို့ ဓာတ်မှန်ရိုက်တာနဲ့ သံလိုက်ဓာတ်မှန်ရိုက်တာတွေတော့ ရံဖန်ရံခါ ပြုလုပ်နိုင်ပါတယ်။

တချို့သူတွေကို ဓာတ်မှန်ရိုက်လိုက်တဲ့အခါ ခြေထောက်မှာ အရိုးအတက်ထွက်သလို အရိုးအပိုလေး ထွက်နေတာကိုတွေ့ရတတ်ပါတယ်။ အရင်တုန်းကတော့ ဒီလိုအရိုးအတက် ထွက်တာကြောင့် ခြေဖနောင့်နာတာလို့ ထင်ခဲ့ကြတဲ့အတွက် ဒီအရိုးအစိတ်အပိုင်းကို ခွဲစိတ်ပြီး ဖယ်ထုတ်ပစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ခြေထောက်မှာ ဒီလိုအရိုးအတပ်ထွက်နေတဲ့သူ အတော်များများကလည်း ခြေဖနောင့်နာကျင်တာမျိုး
ဖြစ်လေ့မရှိတာကို တွေ့ရပါတယ်။

#လေ့ကျင့်ခန်းပြုလုပ်ခြင်း
==============
ခြေထောက်ကို ကွေးလိုက်၊ ဆန့်လိုက်ပြုလုပ်ပေးတာ၊ အထူးပြုလုပ်ထားတဲ့ ကိရိယာတွေ တပ်ဆင်အသုံးပြုတာတွေနဲ့လည်း သက်သာအောင် လုပ်လို့ရပါတယ်။ ပြန်လည်သန်စွမ်းရေး လေ့ကျင့်ပေးသူနဲ့တွဲပြီး အရွတ်ကို အကွေးအဆန့် လုပ်ပေးတဲ့လေ့ကျင့်ခန်းတွေ လုပ်တာ၊ ခြေထောက်အောက်ပိုင်းကြွက်သားတွေ သန်မာစေဖို့ လေ့ကျင့်ခန်းလုပ်ပေးတာ စတဲ့နည်းတွေနဲ့ ပြန်သက်သာအောင် ပြုလုပ်လို့ရပါတယ်။

နောက်တစ်နည်းကတော့ အထူးပြုလုပ်ထားတဲ့ ပတ်တီးတစ်မျိုးကို ညအိပ်တဲ့အချိန် ပတ်ထားလိုက်ခြင်းဖြင့် ခြေသလုံးကြွက်သားနဲ့ ခြေဖနောင့် ၂ခုက အကြောတွေ၊ ကြွက်သားတွေကို ဖြေလျှော့စေတဲ့နည်း ဖြစ်ပါတယ်။

အခုခေတ်မှာတော့ အလှအပအတွက် ဒေါက်ဖိနပ်တွေ ဝတ်တာများတဲ့အတွက်ကြောင့် ဒီလို ခြေဖနောင့်နာတာ အဖြစ်များလာပါတယ်။ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပေမဲ့ အရမ်းကြီးစိုးရိမ်ရတဲ့အခြေအနေ တစ်ခုတော့ မဟုတ်ပါဘူး။ ကောင်းကောင်းအနားယူပြီး ရေခဲကပ်တာ မကြာမကြာ လုပ်ပေးရင် အချိန်တစ်ခုကြာသွားတဲ့အခါ သက်သွားကြတာ များပါတယ်။

#ကုသခြင်း
=======
အရွတ်ရောင်လို့ခြေဖနောင့်နာတဲ့သူ အတော်များများက အနားယူလိုက်တာ၊ ရေခဲကပ်ပေးတာ၊ လေ့ကျင့်ခန်းသာသာလေး လုပ်ပေးတာ စတဲ့နည်းတွေနဲ့ သက်သာသွားတတ်ကြပါတယ်။
သောက်ဆေး
#လင်းသိဒ္ဓိအောင်အာရုံကြောဆေးကိုသောက်ပေးပါ ။

စည်းဆေးအနေဖြင့်ရေခဲကပ်ပေးတာ၊ရှားစောင်းလက်ပတ်အနှစ်ကိုကပ်ပေးနိုင်ပါတယ် ။

09/06/2025

လူတိုင်းလုပ်မိတတ်တဲ့
ခေါင်းလျှော်နည်း အလွဲ (၅) ချက်
သင်ရော ဘာတွေလွဲနေလဲ ?

(၁) ခေါင်းသေချာရေမစိုသေးဘဲ
ခေါင်းလျှော်တတ်တာ
လူအများစုက ခေါင်းနှံ့အောင် ရေမစိုသေးချိန်မှာ
Shampoo ထည့်ပြီး ခေါင်းလျှော်တတ်ပါတယ် !
အဲဒီလို လုပ်တာက ဆံသားအတွင်းပိုင်း ကြားထဲထိ
ခေါင်းလျှော်ရည် နှံ့အောင် မရောက်တတ်ပါဘူး ။
Shampoo မသုံးခင် ခေါင်းအနှံ့ ရေစိုပါစေနော် 😘

(၂) များလေကောင်းလေ မဟုတ်ပါဘူး

ခေါင်းလျှော်ရည် များများသုံးရင် ပိုထိရောက်တယ်
ဆိုပြီး အထင်မှားနေသူတွေ မနည်းပါဘူး !
ဆံပင်အတိုအရှည် အုံအထူအပါးအလိုက် သင့်ရုံပဲ
သုံးပေးနော်၊ များလေကောင်းလေ မလုပ်ပါနဲ့လို့ 😏

(၃) ဆံပင်ကိုပဲ လျှော်နေမှာလား

ခေါင်းလျှော်တယ်ဆိုပြီး ဆံပင်ကိုပဲကွက် လျှော်ရင်
ထိရောက်မှာ မဟုတ်ဘူးနော် ! ဦးရေပြား ထိအောင်
လက်ချောင်းတွေနဲ့ ထိုးဖွ နှိပ်နယ်ပြီး ခေါင်းလျှော်ဖို့
အရမ်းအရေးကြီးပါတယ် အဲဒါမှ ချေး (ဂျီး) တို့
ဗောက်တို့ ရှင်းသွားမှာမဟုတ်လား ...

(၄) နှစ်မိနစ်အပြီးခေါင်းလျှော်တာ ရပ်သင့်ပြီ

ယောက်ျားလေးအများစု လုပ်တတ်ပါတယ် 😌
ဖြစ်နိုင်ရင် ပြီးပြီးရောခေါင်းမလျှော်ဘဲ - ၃ မိနစ်ခန့်
ဦးခေါင်း နှိပ်နယ်၊ - ၁၅ စက္ကန့်လောက် ရေစိုအတိုင်း
ခဏနှပ်ပေးထား။ ပြီးမှ ခေါင်းလျှော်ရည် သုံးပြီး
အနည်းဆုံး - ၁ မိနစ်လောက် နှံ့အောင် လျှော်တာက
အသင့်တော်ဆုံးပဲနော် !

(၅) နေ့တိုင်းခေါင်းလျှော်ဖို့ မလိုပါ

ကျွမ်းကျင်ဆေးပညာရှင်တွေ ပြေပြတာကတော့
ဦးရေပြားနဲ့ဆံပင်သန့်ဖို့ နေ့တိုင်း ခေါင်းလျှော်စရာ
မလိုအပ်ပါဘူး တဲ့။ ဆံသား မပျက်စီးအောင်နဲ့
ဦးရေပြားမခြောက်သွေ့ဘဲ လုံလောက်တဲ့ အစိုဓာတ်
ရအောင်ကူညီပေးနေတဲ့ အဆီဓာတ် ပျက်စီးနိုင်လို့
တပတ် နှစ်ကြိမ်လောက်ပဲ ခေါင်းလျှော်ပေးတာက
သင့်လျော်တယ်လို့ ဆိုထားပါတယ်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Taungyi Street
Yangon