OriminD Myanmar

OriminD Myanmar

Share

Baby soothing moisture cream

16/11/2024

❤️ မဂ်လာပါ မေမေတို့ရေ

❤️ OriminD product လေးက ထိုင်းဘက်က ကုမ္ပဏီက ထပ်မထုတ်တော့လို့ ထပ်မသွင်းတော့ပါဘူးရှင့်။

❤️ Product လေးကကောင်းပေမယ့် ထပ်သွင်းလို့မရတော့လို့ မေမေတို့လာမေးကြပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ထပ်မံရောင်းချလို့အရတော့တဲ့အကြောင်းအသိပေးအပ်ပါတယ်ရှင့်။

❤️ ကျေးဇူးတင်ပါတယ်ရှင့်။

OriminD Myanmar

Photos from KlomKloam - ကလွန်ကလုန်မ် Myanmar's post 11/09/2023

💖 မဂ်လာပါ မေမေတို့ရေ

💖 Scar gel လေး date အသစ် ထပ်မရသေးပေမယ့်
Expire date 15.12.2023 လေးပဲ ရတာသွင်းပေးပါလို့
တောင်းဆိုကြလို့ ပြန်သွင်းပေးထားပါတယ်ရှင့်။

💖 Discount price - 12000/- ပါရှင့်

Photos from KlomKloam - ကလွန်ကလုန်မ် Myanmar's post 09/07/2023

Scar gel လေးရောက်ပါပြီ
ဈေးလေးတော့နည်းနည်းပြောင်းပါတယ် 17000/- ပါ

Photos from OriminD Myanmar's post 01/07/2023

💖 မဂ်လာပါ မေမေတို့ရေ

💖 OriminD product လေးကို 9 လပိုင်း 2022 ခုနှစ်က စ
ပြီး OriminD Myanmar page လေးကတဆင့် စတင်
ရောင်းချခဲ့ပါတယ်။

💖 စပြီး ရောင်းချဖြစ်ခဲ့တာကတော့ မင်မင့် သားသား
ခြေထောက်မှာ ခြင်ကိုက်ပြီးကုတ်လို့ကျန်ခဲ့တဲ့ အမာရွတ်
လေးတွေအတွက် လိမ်းပေးချင်တာကြောင့် အရင် စမ်းမှာ
ပြီး သုံးပေးကြည့်တဲ့အခါ တပတ်အတွင်း အမာရွတ်လေး
တွေ သက်သာလာတာတွေရပေမယ့် သေချာအောင် နှစ်
ပတ်လောက်စမ်းသုံးကြည့်ပြီး အဆင်ပြေတာကြောင့်ရော
မေမေတွေ ဂရုပ်တချို့မှာ အမာရွတ်ပျောက်ဆေး မေးနေ
တာလေးတွေတွေ့တာကြောင့် သားသား မီးမီးလေးတွေကို
သုံးပေးစေချင်လို့ တင်သွင်းရောင်းချဖြစ်သွားတာပါ။

💖 စပြီးတင်သွင်းရောင်းချဖို့စီစဉ်ကတည်းက OriminD
Thailand official page ကို ကိုယ်တိုင်တိုက်ရိုက်ဆက်
သွယ် မေးမြန်းတဲ့အခါ Thailand FDA ရထားပြီး
နိုင်ငံတကာစံချိန်စံညွှန်းမှီ GMP, HACCP certificate
ရရှိထားတဲ့ Skin Intimate Co.,Ltd စက်ရုံမှာ
ထုတ်လုပ်ထား‌ကြောင်း သိရှိရတဲ့အပြင် Public health
award ဆုပါရရှိထားကြောင်းသိရှိရတဲ့အတွက် တင်သွင်း
ရောင်းချဖြစ်ခဲ့တာပါ။

💖 ကိုယ်တိုင်က မိခင်တစ်ယောက်ဖြစ်တာကြောင့် ကလေး
တွေအတွက် အန္တရာယ်ကင်းဖို့ အဓိက ဦးစားပေးစဉ်းစား
ဖြစ်ပါတယ်။ ဈေးနှုန်းကိုလည်း သင့်တင့်မျှတစွာ
ရောင်းချနိုင်ဖို့ အရေအတွက်များများကြိုတင်မှာယူထား
ပြီးရောင်းချခဲ့ပါတယ်။

💖 Product တွေကို သူ့ lot အလိုက် ထုတ်လုပ်ထားတာဖြစ်
လို့ expire date အသစ်တော့မရနိုင်သးပါဘူး။

💖 လူကြီးသုံး ထုတ်ကုန်တွေလို မြန်မာပြည်အတွက် သီးသန့်
အရည်အသွေးလျော့ပြီး ထုတ်လုပ်တင်ပို့ရောင်းချဖို့ဆို
တာ သူတို့ ထုတ်ကုန်နာမည် ထိခိုက်ခံပြီး GMP,
HACCP certificate ရထားတဲ့စက်ရုံက Thailand
FDA ရထား ပြီးသားကို အရည်အသွေးလျော့ပြီး
ချက်ချင်းထပ်မံထုတ်လုပ်တင်ပို့ရောင်းချလို့မရပါဘူး
မေမေတို့ရေ။

💖 GMP, HACCP certificate မရထားတဲ့ စက်ရုံမှ
ထုတ်လုပ်ထားသော ပစ္စည်းဆိုလျှင် ထိုင်းနိုင်ငံမှပြင်ပ
နိုင်ငံသို့ ရောင်းချခွင့်မရှိပါ။

💖 စက်ရုံတခုမှ ထုတ်လုပ်ဖို့ ကုန်ပစ္စည်းအရေအတွက်သည်
ထောင်နှင့်ချီသော သတ်မှတ်ချက်ရှိသည့်အပြင်
နိုင်ငံတကာစံချိန်မှီထုတ်လုပ်ခွင့် ရသည့်စက်ရုံအနေဖြင့်
အရည်အသွေးမပြည့်မှီသော ကုန်ပစ္စည်းများ ထုတ်လုပ်
ပေးမည် မဟုတ်ပါ။

💖 Myanmar FDA လျှောက်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်း
တွေလည်း ဆွေးနွေးစီစဉ်လျှက်ရှိပါတယ်။

💖 မင်မင် အနေနဲ့ Brand name နဲ့ page ဖွင့်ထားတာ
ဟာ OriminD Thailand နဲ့ Skin Intimate Co.,Ltd. ရဲ
တရားဝင်သ‌ဘောတူညီမှု ရယူပြီးမှသာPage ဖွင့်ပြီး
ရောင်းချတာဖြစ်ပါတယ်။

💖 9 လပိုင်း 2022 ခုနှစ်မှ ယခုအချိန်ထိ ရောင်းချလာစဉ်တ
လျောက် အခြားမည့်သည့် အမှတ်တံဆိပ် မည်သည့်ဆိုင်
ကိုမျှ ပုတ်ခတ် ပြောဆို ရေးသားမှုမျိုး မရှိခဲ့ပါ။ သို့ပါ
သောကြောင့်မိမိရောင်းသောပစ္စည်းသာ ရောင်းရစေလို
သောသဘောဖြင့် ကိုယ်ရောင်းသောပစ္စည်းသာ အကောင်း
ဆုံး အစစ်မှန်ဆုံး ပြည်တွင်းသုံးစစ်စစ် စသောအသုံးအ
နှုန်း မျိုးကိုပါမသုံးစွဲဘဲ မှန်မှန်ကန်ကန်ရောင်းချလာခဲ့ပါ
တယ်။

💖 KlomKloam Myanmar page ဖြင့်လည်း ကလေးသုံး
ဖြည့်စွက်စာချက် ပါဝင်ပစ္စည်းများပါ တရားဝင်ရောင်းချ
နေတာဖြစ်ပါတယ်။

ကျေးဇူးတင်ချစ်ခင်စွာဖြင့်
OriminD Myanmar
KlomKloam Myanmar
Myo Myat San Company Limited

Photos from KlomKloam - ကလွန်ကလုန်မ် Myanmar's post 30/06/2023

Scar gel လေးကို stock out ဖြစ်သွားအောင် အားပေးကြလို့ ကျေးဇူးပါ မေမေတို့ရေ

Honest review လေးပေးတဲ့ May May Nandar
Nandar ကျေးဇူးပါနော်💖

Photos from KlomKloam - ကလွန်ကလုန်မ် Myanmar's post 24/06/2023

😍😍😍

Photos from OriminD Myanmar's post 24/06/2023
Photos from OriminD Myanmar's post 24/06/2023

💖💖💖

Photos from Mommy K Diary's post 24/06/2023

😍😍😍

Photos from Baby Nandar's post 24/06/2023

😍😍😍💖💖💖

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon