Linny's Paradia
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Linny's Paradia, Beauty, cosmetic & personal care, Yangon.
#ပံ့သကူ အလှူ
~~~~~~~~~~~~~~~
ယခုလို အားလုံးကြပ်တည်းနေတဲ့အချိန်မှာ ကိုယ့်တတ်နိုင်တဲ့အားနဲ့ ၅၀၀ ၊၁၀၀၀ စတဲ့ ဆန်ထုပ်၊ဆီ၊ဆားထုပ်လေးတွေကို ပံသကူပစ်ပေးပါ ဘာအကျိုးမျှော်လင့်ချက်မှ မပါပဲ တစ်ပါးသူကို ပျော်ရွှင်စေတဲ့စိတ်ကလေးနဲ့ လှူတဲ့အလှူမို့ ကုသိုလ်ထူး၊ကုသိုလ်မြတ်ပါပဲ ။
ပံ့သကူပစ်ခြင်းဆိုသည်မှာ
ပံ့သကူဆိုတာ ပိုင်ရှင်မရှိတဲ့ ပစ္စည်း ၊ အလိုအလျှောက် ရရှိလာတဲ့ ပစ္စည်းများကို ခေါ်တာ ဖြစ်ပါတယ်။
မြတ်စွာ ဘုရားဟာ ပုဏ္ဏားကြီး တစ်ပါးကိုချေချွတ်တော်မူချင်လို့ ပုဏ္ဏားကြီး အိမ်ကကြွက်ကိုက်တဲ့ အဝတ် စွန့်ပစ်ထားတာကို ဝတ်ဆင်လိုက်ပြီး ပံ့သကူ ကောက်တော်မူပါတယ် ။
ပိုင်ရှင် ပုဏ္ဏားကြီးက ဇာတ်မြင့်တဲ့သူများဟာ ကြွက်ကိုက် အဝတ်ကို ကောက်ယူရင် ဇာတ်ပျက် တော့မှာပဲလို့ ပူပန် ကြောင့်ကြ ကြီးစွာနဲ့မြတ်စွာဘုရားအား လာရောက် တားမြစ်ပါတယ် အဲဒီ အချိန်မှာ မြတ်စွာ ဘုရားက ပုဏ္ဏားကြီး ကို ချေချွတ် တော်မူခဲ့ပါတယ်။
တန်ဆောင်မုန်းလဟာ အမှန်စင်စစ် မြင့်မြတ်လှတဲ့ ကုသိုလ်ကောင်းမှုတွေပြုတဲ့လပဲဖြစ်ပါတယ်။
တန်ဆောင်မုန်းလပြည့်ညမှာ ပံ့သကူ ပစ်တဲ့ဓလေ့ရှိပါတယ် ငွေ၊ဆန်၊စားစရာ တွေကို အိတ်တွေထဲ ထည့်ပြီး ပံသကူပစ်သည်လို့ ရေးပြီး လူမမြင်တဲ့အချိန် လူသွားလမ်း လူမမြင်တဲ့နေရာမှာ ချထားရပါတယ်
အဲသည်လို ပံ့သကူ ပစ်တဲ့သူတွေ ကလည်း ဘယ်သူများ ရသွားပါလိမ့်လို့ စောင့်ကြည့် တတ်တဲ့သူ ရှိသလို ဘယ်သူရရရတဲ့သူ ဝမ်းသာမှာဆိုပြီး ပျော်တတ်ကြတဲ့ သူများလည်း ရှိပါတယ်။ မမျှော်လင့်ဘဲ ရတဲ့ ပစ္စည်းနဲ့ လိုအပ်တဲ့သူဆီမှာ တစ်နည်းတစ်ဖုံပြည့်စုံသွားမယ်ဆိုတကယ် ပျော်ကြမှာပါပဲ။
လောကမှာ အပြစ်ကင်းတဲ့ပစ္စည်းနဲ့ ရောင့်ရဲ တင်းတိမ်နိုင်တဲ့ သူများဟာ စိတ်အေး ချမ်းသာမှုကို သာမက ကြွယ်ဝမှု တစ်ရပ်ကိုပါ ပိုင်ဆိုင်နိုင်ပါတယ်။
ပံ့သကူရဲ့အနက်အဓိပ္ပါယ်
~~~~~~~~~~~~~~~~~~~~~
" ပံ့သကူ "ဆိုတဲ့...စကားလုံးလေးဟာအတော်များများ ကြားဘူးကြပြီးသားဖြစ်ပြီးမြန်မာတွေနားနဲ့ မစိမ်းလှပါဘူး....။
သို့သော်လည်း.....
ပံ့သကူနဲ့ပတ်သက်ပြီးတော့လူအများနားလည်ထားကြတာကတော့အခါကြီး ရက်ကြီးတွေမှာ
လမ်းဆုံလမ်းခွတွေ လူသူလေးပါးအသွားအလာများတဲ့နေရာတွေမှာ မနက်အစောကြီး(ကျီးမနိုးခင်)ထပြီးမည်သူမျှမမြင်အောင် ငွေ/ပစ္စည်း တခုခုကို ပစ်ချထားခဲ့ရမယ်။ဒီလို ပြုလုပ်ခြင်းအားဖြင့်ပြုလုပ်သူမှာလည်း ငွေကြေးဥစ္စာတွေ တိုးပွါးလာလိမ့်မယ်ဆိုတာလောက်ကိုဘဲအများစုက ကြားဘူးနားဝရှိနေခဲ့ကြတာဖြစ်ပါတယ်။
ဒါဟာ.....တစိတ်တပိုင်းအနေနဲ့တော့ မှန်ပါသော်လည်းတကယ့်ပံ့သကူ အစစ်ရဲ့ အဓိပ္ပါယ် ရည်ရွယ်ချက်အပြည့်အစုံကတော့ ဒီထက်မက အဓိပ္ပါယ် ခံယူချက်ရည်ရွယ်ချက်က များစွာ ကျယ်ပြန့်လှပါတယ်။
ဒါကြောင့်.....
ပံ့သကူရဲ့ ရည်ရွယ်ချက် အဓိပ္ပါယ် နှင့်ပြုလုပ်ရမယ့်အချိန်အခါတွေကို တိတိကျကျသိရှိကြရအောင်လို့ အနည်းငယ်မျှရေးသားပေးပါရစေ။
ပံ့သကူရဲ့...
တကယ့်အနက်အစစ်က #ပံသုကူလ ဆိုတဲ့ပါဠိစကားကနေ ဆင်းသက်လာခဲ့တာဖြစ်ပြီးပံသုကူလ......ပံသုကူ ထိုမှတဆင့် ပံ့သကူ လို့ခေါ်ဝေါ်လာခဲ့ကြတာဖြစ်ပါတယ်။
((ပံသုဆိုတဲ့ပုဒ်က မြေကြီး ဖြစ်ပါတယ်))
အဓိပ္ပါယ်ကတော့.. #ပါပံသုကူလ... #မြေမှုန့်ကဲ့သို့စက်ဆုတ်ဖွယ်ကောင်းသောအဝတ် လို့အဓိပ္ပါယ်ရပါတယ်။
ရှေးယခင်.....
မြတ်ဘုရားသက်တော်ထင်ရှားရှိစဉ်အခါကရဟန်းတော်တို့ဟာ သင်္ကန်းအတွက်လူတို့စွန့်ပစ်ထားတဲ့ အဝတ်စတွေကို ရှာဖွေကြရပါတယ်။
ဒီလိုရှာဖွေကြရတဲ့အခါအဝတ်စအများစုကိုတွေ့နိုင်ရနိုင်တာကများသောအားဖြင့် အမှိုက်ပုံနဲ့ သချိုင်းကုန်း၂နေရာသာဖြစ်ပါတယ်။ဘာလို့လည်းဆိုတော့လူတွေကမိမိတို့မလိုချင်တော့တဲ့ မဝတ်ချင်တော့တဲ့ဝတ်မရတော့လောက်အောင် ပျက်စီးနေတဲ့အဝတ်အထည်တွေကို အမှိုက်ပုံသို့ စွန့်ပစ်လေ့ရှိကြပြီးထိုခေတ်အခါကလူတွေသေလွန်ကြတဲ့အခါအလောင်းကောင်ကို အဝတ်ပတ်ပြီးသုသာန်တစပြင်မှာလာပစ်ထားကြလို့ဘဲဖြစ်ပါတယ်။
ရဟန်းတော်တို့ဟာ....
ဒီလိုလာပစ်ထားကြတဲ့ အဝတ်အထည်စတွေကိုကောက်ယူပြီးမှ သစ်ခေါက်ရည်ဆိုးခြင်း ချုပ်လုပ်ခြင်းစသည်တို့ကိုပြုလုပ်ကြရပြီးသင်္ကန်းအဖြစ်နဲ့ဝတ်ရုံဆင်မြန်းခဲ့ကြရတာဖြစ်ပါတယ်။
ဒါ့ကြောင့်.... ဒီသင်္ကန်းမျိုးကိုလည်း #ပံသုကူလစီဝရံ... ပံ့သကူသင်္ကန်း လို့ ခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။
ဒီနေရာမှာအများစုအလွယ်နားလည်အောင် ပြောရရင်တော့...ပံ့သကူဆိုတာလူတို့စွန့်လွတ်လိုက်သောဝတ္ထုပစ္စည်း(သို့) ပိုင်ရှင်မရှိတော့သောစွန့်ပစ်ပစ္စည်းလို့ဆိုရင် ပိုမိုနားလည်လွယ်ပါလိမ့မယ်....ဤကားစကားချပ်)
ပံ့သကူပစ်ခြင်းအစ
~~~~~~~~~~~~~~~~~~
အခါတစ်ပါးမှာ...
#အရှင်အနုရုဒ္ဓါမထေရ်မြတ်ကြီး ဟာ ဝတ်ရုံထားတဲ့သင်္ကန်းက အတော်ဟောင်းနွမ်းနေပြီဖြစ်တဲ့အတွက်အမှိုက်ပုံတွေမှာ ပံ့သကူအဝတ် အရှာထွက်ခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ဘဲ...ထိုနေ့ဟာလည်း
#တန်ဆောင်မုန်းလပြည့်နေ့ ရဲ့နံနက်အစောပိုင်း
အချိန်အခါဖြစ်ပါတယ်။
ဒါကိုကြိုတင်သိမြင်နေခဲ့တဲ့ဘဝဟောင်းတုန်းကဇနီးမယားတော်စပ်ခဲ့ဖူးသူဖြစ်သော
#ဇာလိနီနတ်သမီး ဟာသူကိုယ်တိုင်လှူတန်းရင်(နတ်ဝတ်တန်ဆာတွေမို့) မထေရ်ကြီးက အလှူမခံမှာကို သိတဲ့အတွက်မထေရ်ကြီးရောက်ရှိလာမယ့် အမှိုက်ပုံအနီးနားမှာနတ်အဝတ်၃ထည်ကို မသိမသာ စွန့်ပစ်လှူထားခဲ့ရာကနေ စပြီးပံ့သကူပစ်ခြင်းဓလေ့ အစပြုခဲ့တာဖြစ်တယ်လို့ကျမ်းအချို့မှာ ပြဆိုထားပါတယ်။
ဒါ့ကြောင့်...
#ပံ့သကူအစ_ဇာလိနီ ကလို့တောင်ဆိုစမှတ်ပြုခဲ့ကြပါတယ်လို့ဖတ်မှတ်သိရပါတယ်။
အထက်မှာဖော်ပြခဲ့သလိုဘဲ....
ဇာလိနီနတ်သမီးရဲ့ တန်ဆောင်မုန်းလပြည့်နေ့မနက်အစောမှာအဝတ်အထည်ပံ့သကူပစ်ခြင်းကို
အကြောင်းပြုပြီးအခုခေတ်အခါကာလတွေမှာလည်း....တန်ဆောင်မုန်းလပြည့်နေ့ ရောက်တိုင်းလပြည့်နေ့မနက်အစောပိုင်းအချိန်ကာလတွေမှာလူသူလေးပါးကင်းဆိတ်ချိန်ကိုရွေးပြီးလူမြင်သာတဲ့လမ်းဆုံလမ်းခွနေရာမျိုးတွေမှာ.ငွေ/အဝတ်အထည်_စသည်တို့ကို_စွန့်ချထားခဲ့ကြပြီး အယုတ်အလတ်အမြတ်မရွေးမြင်တွေ့သူတို့ ရကြပါစေ.....။
ရရှိပြီးလည်းဝမ်းမြောက်ပျော်ရွှင်နိုင်ကြပါစေ လို့ အနှောင်အဖွဲ့ကင်းတဲ့_ကုသိုလ်ဒါနစိတ်တွေနဲ့ပံ့သကူပစ်(ပေးလှူ)နေကြတာဖြစ်ပါတယ်....
လျှောက်သွား လျှောက်စား 🤭😋😍
Trip to chaung tha beach with relatives
Convenience Store အသစ်လေး ကို စပ်စုခြင်း လေး တဖြတ် 🫣🧐🫢🫢
&G -shop
&shouldersshampoo
11/06/2024
Local Brand ထဲ က သုံးလို့ကောင်းသောလေး😍
The Mix By Su ❤️
26/03/2024
🤔🤔ကိုယ့်မှာ ဝတ်စရာမရှိတော့ဘူးလို့ ခံစားလာရတဲ့အခါ ဒီလိုလေးတွဲစပ်ဝတ်ပါ
အပြင်သွားခါနီး အဝတ်အစားဗီရိုရှေ့ရပ်ပြီး ဘာဝတ်လို့ဝတ်ရမယ်မှန်းမသိတော့တဲ့ ခံစားချက်၊ ကိုယ့်မှာ အဝတ်အစားတွေများနေပေမယ့် ဝတ်စရာမရှိဘူးဆိုတဲ့ ခံစားချက်မျိုး မဒီတို့ခံစားကြရဖူးမှာပါ။ အပြောင်းအလဲမြန်တဲ့ ဖက်ရှင်ရေစီးကြောင်းကို အမှီလိုက်ရင်း နောက်မှာကျန်ခဲ့ရသလိုမျိုး ခံစားချက်ဝင်လာတဲ့အခါ တကယ်တမ်း မဒီတို့အတွက်ဖက်ရှင်ဆိုတာ အသစ်အသစ်တွေနောက်လိုက်နေတာထက်စာရင် ကိုယ့်မှာရှိနေပြီးသားအဝတ်အစားတွေကို ပြောင်းလဲတွဲစပ်ရင်း ဖက်ရှင်ကျကျ ဆင်မြန်းတာမျိုးပါလားလို့ သတိရလိုက်ပါ။ ဒါ့ကြောင့် ကိုယ့်မှာရှိနှင့်ပြီးသား အဝတ်အစားတွေနဲ့ပဲ ဒီဇိုင်းသစ်ဝတ်ရသလို စိတ်ခံစားချက်ပေးစွမ်းနိုင်မယ့် အတွဲအစပ်တွေကို ခုပဲ ပြောပြပေးလိုက်တယ်နော်။
✅ ထူးခြားတဲ့အရောင်အတွဲအစပ်တွေနဲ့ ပြောင်းလဲဝတ်ဆင်ကြည့်ပါ။
အရင်တုန်းက အပေါ်က အင်္ကျီအဖြူရောင်ကို အောက်ကနေ အနက်၊ ကာကီစတာတွေနဲ့ပဲ အမြဲတွဲနေကျ၊ ဒါမှမဟုတ် ဂျင်းဘောင်းဘီနဲ့ပဲ တွဲဝတ်နေကျဆိုရင် ဒီတစ်ခေါက်တော့ အစိမ်း၊ ပန်းရောင်၊ အနီစတာတွေနဲ့ တွဲဝတ်ကြည့်လိုက်ပါ။ ပန်းရောင်နဲ့အနီတွဲဝတ်တာမျိုး၊ အစိမ်းနဲ့အနီ တွဲဝတ်တာမျိုး၊ အပြာနုနဲ့အရင့် တွဲဝတ်တာမျိုး၊ အဝါနဲ့အစိမ်းတွဲစပ်ဝတ်တာမျိုး စတဲ့ အရောင်တွေကစားပြီး ဝတ်ဆင်ခြင်းဟာ ကိုယ့်ဘာသာကိုယ်ရော၊ တခြားလူတွေကိုပါ အမြင်ရော အသွင်ပါ ပြောင်းလဲသလို ခံစားရစေပါတယ်။ ၂၀၂၀ ကလည်း အရောင်တောက်တောက်လေးတွေ ခေတ်စားမယ့်နှစ်မို့ မဒီတို့အနေနဲ့ ဖက်ရှင်ရေစီးကြောင်းထဲက သွေဖယ်သွားမယ့် အရောင်အတွဲအစပ်လည်း မဟုတ်ဘူးလေနော်။
✅ ဝတ်နေကျ အင်္ကျီအဝတ်အစားတွေကိုပဲ အမြဲခေတ်စားနေတတ်တဲ့အရာတွေနဲ့ ပေါင်းစပ်ကြည့်ပါ။
မဒီတို့ဆီမှာ ရှေ့ကြယ်သီးတပ်ရှပ်အင်္ကျီအစင်းလေးတွေရှိတယ်ဆိုရင် သူ့ကို ဂျင်းစကတ်၊ စတိုင်ဘောင်းဘီတွေနဲ့ ဝတ်မယ့်အစား အဲ့ဒီရှပ်အပေါ်မှာ 𝐎𝐯𝐞𝐫𝐚𝐥𝐥 𝐣𝐞𝐚𝐧𝐬 တွေ ထပ်ဝတ်လိုက်ပါ။ ကိုယ့်မှာ 𝑮𝒓𝒂𝒑𝒉𝒊𝒄 𝒕𝒆𝒆 လေးတွေရှိတယ်ဆိုရင်လည်း သူ့ကို ဘောင်းဘီနဲ့ဝတ်မယ့်အစား Maxi Skirt အရှည်လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ဒါ့အပြင် ကိုယ့်ဆီမှာ crop top နဲ့ စကတ် ဝမ်းဆက်လေးတစ်စုံရှိမယ်ဆိုရင်တောင် ဒီအတိုင်းပဲ ဝတ်မသွားဘဲ အပေါ်ကနေ ဂျင်းသားဝေ့စကုတ် ဒါမှမဟုတ် vest လေး ထပ်ဝတ်ကြည့်လိုက်ပါ။
✅ ဝတ်နေကျ 𝐉𝐞𝐚𝐧𝐬 နဲ့ ရှပ်၊ တီရှပ်၊ ဘလောက်စ်ပေါ်မှာ Coat လေးတွေထပ်ဝတ်ကြည့်ပါ။
မဒီတို့ဝတ်နေကျ လွတ်လပ်ပြီး ပေါ့ပါးတယ်ဆိုတဲ့ ဂျင်းနဲ့တီရှပ်အတွဲအစပ်ကို ပိုထူးခြားချင်တယ်ဆိုရင် ကုတ်ကိုမှ အမိုက်စား statement coat လေးတွေနဲ့ အမြင်ဆန်းအောင် ဆင်မြန်းနိုင်ပါတယ်။ အမွှေးပွကုတ်လေးတွေ၊ ယုန်မွှေးကုတ်လေးတွေ၊ လက်မောင်းအပွဒီဇိုင်းလုပ်ထားတဲ့ ကုတ်ဘယ်ဟာဖြစ်ဖြစ် ဒီဇိုင်းဆန်းတဲ့ ကုတ်တစ်ထည်ရှိရင်ကို အိုခေပါပြီ။
✅ 𝐏𝐚𝐭𝐭𝐞𝐫𝐧 တွေ Print တွေကို ရောဝတ်ပါ။
ပရော်ဖက်ရှင်နယ်ဆန်ပြီး စမတ်ကျတဲ့အသွင်ရဖို့ဆိုရင် အပွင့်အဖတ်၊ အလုံးအစက်တွေ၊ မျဉ်းကြောင်း၊ အကွက် ၊ ကျားသစ်ဆင် စတဲ့ 𝐏𝐚𝐭𝐭𝐞𝐫𝐧 နဲ့ print တွေကို အပေါ်၊အောက် ဝတ်ချရဲဖို့လိုပါတယ်။ သူက ဆန်းတဲ့အပြင် ကိုယ့်ကို ဖက်ရှင်ကျသွားစေမှာလည်း ဖြစ်ပါတယ်။ တကယ်လို့ကိုယ်က တူညီတဲ့ ပွင့်ရိုက်ဒီဇိုင်းကိုအပေါ်အောက် ဝတ်မယ်ဆိုရင်တောင် ကာလာကွဲတာနဲ့ အထာကျသွားပါပြီ။
✅ခေါင်းအစခြေအဆုံး တစ်ရောင်တည်း ဝတ်ပါ။
ခေတ်အဆက်ဆက် ဘယ်တော့မှမရိုးတဲ့ဖက်ရှင်ကတော့ အပေါ်အောက် တစ်ရောင်တည်းဝတ်တာ၊ ခေါင်းအစခြေအဆုံးကို တစ်ရောင်တည်းဆင်းမြန်တာမျိုးပါပဲ။ အရောင်ရင့်တွေပဲ ဝတ်ဝတ်၊ အရောင်တောက်တာလေးတွေပဲ ဝတ်ဝတ်၊ တစ်ရောင်တည်းဆင်မြန်းလိုက်တာနဲ့ကို ထသွားထလာအတွက်တင် မဟုတ်ဘဲ ပွဲတက်ဖက်ရှင်အထိကို ရွေးချယ်စရာဖက်ရှင် ဖြစ်သွားပါပြီ။
✅ရိုးရှင်းတဲ့ဝတ်စုံဆိုရင်တော့ ထူးခြားတဲ့ 𝐀𝐜𝐜𝐞𝐬𝐬𝐨𝐫𝐲 တစ်ခုကို ရွေးချယ်ဆင်မြန်းပါ။
ကိုယ်ရွေးချယ်ထားတဲ့ ဝတ်စုံက အရမ်းရိုးရှင်းနေတာမို့ အားလုံးကြားမှာထူးခြားချင်တယ်ဆိုရင် ကိုယ်ဆင်မြန်းမယ့် accessory တွေထဲက ဘယ်အရာနဲ့ ဆွဲဆောင်မှုရှိအောင် ထပ်ဖြည့်မလဲဆိုတာကို တွေးရမှာပါ။ လက်ကိုင်အိတ်ဆိုလည်း အမိုက်စား ဒီဇိုင်းမျိုး ဖြစ်နေရမှာပါ။ နားကပ်ဆိုလည်း နားကပ်၊ ဆွဲကြိုးဆိုလည်း ဆွဲကြိုး statement accessories ဖြစ်နေမယ်ဆိုရင် အားလုံးကြားမှာ ထင်းနေပါလိမ့်မယ်။
ဒီအချက်(၆)ချက်အတိုင်း ပြောင်းလဲဆင်မြန်းကြည့်ရုံနဲ့မဒီတို့ရဲ့ ဖက်ရှင်ဟာ အရင်နဲ့မတူ တမူထူးခြားပြီး ဆွဲဆောင်မှုရှိသွားမယ်ဆိုတာ အာမခံပါတယ်။ ကိုယ့်မှာရှိနေပြီးသား အဝတ်အစားတွေကို ထပ်ထပ်မဖြည့်ဘဲ အပြောင်းအလဲလေးသာ လုပ်ကြည့်လိုက်ပါ။ ဖက်ရှင်စတိုင်နောက်ထပ် အသစ်တွေ ထွက်လာဦးမှာပါ။
Credit: Duwun
10/02/2024
Vacay Home review လေး နဲ့ အတူ ပြန်လာပြီရှင့်🤗🤗🤗
မင် တလောက Sai's Diary Page လေး က နေ kalaw vacation home လေး ၁ ညတာ တည်းခိုခွင့် giveaway လေး ပေါက်ခဲ့တာမို့ ဒီအိမ်လေး ကိုရောက်ဖြစ် ခဲ့ပါတယ်😊😊😊
အရင်ဦးဆုံးမင်တို့ သွား ဖြစ်တဲ့ plan ပုံစံလေး ကို အရင်ပြော ပြပေး ပါမယ်
မင်တို့က ၂ ယောက်ထဲ သွား လိုက်တာမို့ express နဲ့ပဲ သွား ဖြစ်ခဲ့ပါတယ် ၁ ည ထဲ အိပ် ရင် လည်း လည်ပတ်ဖို့ အချိန်မလုံလောက်တာမို့ ကလော မြို့ပေါ် က ဟိုတယ်လေး မှာ တစ်ည အိပ်ပြီး သွား ချင်တဲ့နေရာလေးတွေ ကို အိုးဝေလေးနဲ့ လည်ခဲ့ပါတယ်
ဒုတိယ ရက်ကိုတော့ ဒီ vacation home လေး မှာပဲ အပြည့်ဝအနားယူ ခဲ့ပါတယ်
ဒီအိမ်လေး မှာမိသားစု နဲ့ ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် အဖွဲ့ လိုက်လာမယ်ဆို လည်း ဟိုတယ်မှာတည်းရတာနဲ့မတူညီတဲ့ ရသ တစ်မျိုးလေး ခံစားရမှာပါ
မင်တို့လို marriage couple /couple လေးတွေဆိုလည်း ၂ ယောက်ထဲ အေးဆေး လေး လာနား ကြည့် ဖို့ လည်း recommend လုပ်ချင်တယ်ရှင့်🤭🤗
🏡အပန်းဖြေလုံးခြင်းအိမ်လုံးငှားသောဝန်ဆောင်မှုလေးရဲ့ ဈေးနှုန်းလေးတွေက
••••••••••••••••••••••••••••••••••••••••••••••••••••••••
စျေးနှုန်း - ၂၂၀,၀၀၀ ကျပ် ( 220,000 Kyat)
(အိပ်ခန်း ၄ ခန်း ပါဝင်သော လူ ၈ဦးစာအတွက်)
- လူအရေအတွက် (၈)ဦးထပ် ပိုပါက လူတစ်ဦး@အပို
အိပ်ယာအတွက် တစ်ဦးလျှင် (၁၀၀၀၀)ကျပ် ထပ်မံ
ပေးဆောင်ရပါမည်။
🛌 အိပ်ခန်းများ
•••••••••••••••••••
- Master Bedroom 1 (နှစ်ယောက်အိပ်ကုတင်တစ်လုံးပါ)
- Master Bedroom 2 (နှစ်ယောက်အိပ်ကုတင်တစ်လုံးပါ)
- Standard Twin Bedroom 1 (တစ်ယောက်အိပ်ကုတင်နှစ်လုံးပါ)
- Standard Twin Bedroom 2 (တစ်ယောက်အိပ်ကုတင်နှစ်လုံးပါ)ပါတယ်နော်
Wifi နဲ့ မီးကတော့ကောင်းကောင်းလေးနဲ့ ဧည့်သည်တော်များ အဆင်ပြေစွာအသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။
💡EPC မီး က အများနည်းတူ အလှည့်ကျဖြစ်ပြီး EPC မီးပျက်နေတဲ့ အချိန်တွေမှာ lighting ရအောင် အလိုအလျောက် မီးပေးစနစ်ရှိပါတယ်။
🚰 ရေပူ ၊ အလိုအလျောက် ရေတင်စနစ်၊ နဲ့ ရေဖိအားမြှင့် Auto water pressure pump စနစ်များကတော့ EPC မီးလာတဲ့အချိန်မှ အလုပ်လုပ်ပါတယ်
Breakfast &housekeeping service လေးတွေတော့မပါ ပါဘူးနော် အိမ်အတွင်း ထဲ မှာ Towel,ဆပ်ပြာ , သွားတိုက်တံ/သွားတိုက်ဆေး လေးတွေ ထည့်ထားပေး ပြီး
ချက်ပြုတ် စားသောက်ဖို့ အတွက်လည်း အိုးခွက်ပန်းကန် အစုံအလင်လေးထည့် ထားပေး ပါတယ်
ချက်မစား ချင်ဘူး မှာ စားမယ်ဆိုရင် လည်း မှာလို့ရမယ့်စားသောက်ဆိုင်menu card လေး ထည့်ထားပေး ပါတယ် (လာပို့ရင် ဆိုင်ကယ်ကယ် ရီခလေးတော့ပေးရပါတယ်နော် ) (၃၀၀၀/၅၀၀၀ ဝန်းကျင်ပါ)
👉တည်နေရာ လေးက~ အောင်ပန်း+ကလော+ ပင်လောင်း လမ်းဆုံမှ တဆင့် ပင်လောင်းလမ်းဖက်ကဝင်ရင် စစ်ဆေးရေး ဂိတ်ကို အရင် ဖြတ်ရပါတယ်။ဂိတ်ဖြတ်ပြီးဆက်မောင်းလာရင် မီးရထားဖြတ်လမ်း မရောက်မှီ လမ်းရဲ့ ညာဖက်ခြမ်းမှာ ကျောက်တန်းရွာသို့ ဆိုင်းပုဒ်အတိုင်း ဝင်လာလို့ရပါတယ်။ အိမ်ရှေ့အထိ လမ်းဖြောင့်ပြီး ရွာလမ်းတိုပါတယ်။
အသေးစိတ် သိချင်တာလေးတွေ ကို The Great Art Kalaw page လေး မှာသွားမေးလို့ရပါတယ်နော်
Mini Vlog
Kalaw trip❤️
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
11/07/2024