K & K Fashion Online Shop
online marketing
07/07/2022
#တိုနာ (Toner)သုံးနည်းမသိသေးတဲ့သူတွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်💜🙂💜
#အရင်ကဆိုရင် toner ကို လုံးဝ
မလိုအပ်ဘူး ထင်ခဲ့တာ🌼
အရည်လိုပဲ ဘာမှ ထူးခြားမှုမရှိဘူး ပေါ့
တကယ် skin care သုံးပြီး တကယ်လေ့လာကြည့်တော့ မှ အသားအရေ ထိန်းသိမ်းမှု အပိုင်းမှာ toner က အခြေခံအကျဆုံးထဲ က တစ်ခု ဆိုတာ
သိလာရတယ် ✨
#နေ့ဘက် မိတ်ကပ် လိမ်းတဲ့ အခါ toner
လိုအပ်သလို ညဘက် အိပ်ခါ နီး အားဖြည့်ရည်တွေ မသုံးခင် toner ဆိုတာ မဖြစ်မနေ သုံးသင့်တဲ့ အရာဆိုတာ လုံးဝ နားလည် လာရတယ်✨
*သုံးနည်း လေးပါ ပြန်copy ပေးထားပါတယ် နော်
🌼တိုနာလိမ်းနည်း🌼
အမေး။......တိုနာကလေ မျက်လုံးတဝိုက်နဲ့ မေးစေ့တဝိုက်ချန် သုံးရတယ်ဆိုတာ ဟုတ်ပါသလား ဆရာ..
အဖြေ။......
တိုနာလိမ်းတဲ့အခါ မျက်နှာတပြင်လုံးလိမ်းရပါတယ်။ အထူးသဖြင့် မေးစေ့၊ ပါးပြင်၊နှာခေါင်းနဲ့ ဆံသယ်စတွေကို သေချာလိမ်းပေးရတယ်။ သို့သော် မျက်လုံး၊ မျက်ခွံနဲ့ နှုတ်ခမ်းကိုတော့ ချန်ထားရမယ်။ တိုနာလိမ်းတဲ့အခါ လက်နဲ့လိမ်းကြတယ်။ မှားတယ်။ တကယ်က တိုနာသုံးတဲ့အခါ ဂွမ်းစနဲ့လိမ်းမှ အညစ်အကြေး၊ ပိုးမွှား၊အဆီနဲ့ မိတ်ကပ်တွေ ကင်းစင်မှာဖြစ်တယ်။
ဂွမ်းစ၊ဂွမ်းဖတ်နဲ့ သုံးတဲ့အခါ အရည်ကို ရွှဲနစ်နေအောင် စိမ်ပြီး မသုံးရဘူး။ အနေတော်လောက်ထည့်ပြီး သုံးရတယ်။ ဂွမ်းစမှာမဲလာရင် အသစ်ပြောင်းသုံးပါ။ လိမ်းတဲ့အခါ စက်ဝိုင်းပုံလိမ်းပါ။
သတိပြုရမှာက တိုနာသုံးပြီး တခြားskin care ချက်ချင်းမသုံးပါနဲ့။ အနည်းဆုံးခြောက်အောင် တစ်မိနစ်ထားပြီးမှ တခြားskin care ဆက်သုံးရမယ်။
Credit - ဒေါက်တာ အေးမင်းထူး
#မူရင်းရေးသားသူကိုလေးစားစွာCreditပေးပါတယ်ရှင့်💜💜💜
06/07/2022
#တင်းတိပ်ပျောက်ကင်းစေသည့်သဘာဝနည်းလမ်း(၁၀) ချက်
တင်းတိပ်ကိုပျောက်စေသောလွယ်ကူတဲ့သဘာဝနည်းလေးတွေပါသခွားသီး၊သံပုရာသီးနဲ့ နွားနို့လိုအပ်ပါတယ်။နွားနို့ကိုအအေးခံထားရပါမယ်။သခွားသီးကိုတော့လက်ဖက်ရည်ဇွန်း၂ဇွန်းစာလောက်ရအောင်ခြစ်ထားပါ။အအေးခံထားတဲ့နွားနို့လက်ဖက်ရည်ဇွန်း၁ဇွန်းသံပုရာရည်အနည်းငယ်ကိုခြစ်ထားတဲ့သခွားသီးနဲ့ ရောရပါမယ်။
ပြီးရင်တော့အဲဒီအနှစ်တွေကိုမျက်နှာပေါ်မှာလိမ်းပေးရပါမယ်။ဒီနည်းကလည်း၁၅မိနစ်ခန့်ထားရမှာပါ။ ၁၅မိနစ်ပြည့်သွားရင်တော့မျက်နှာသစ်လို့ရပါပြီ။ဒီနည်းကိုတော့တစ်ပတ်တစ်ကြိမ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
#အကြောင်းအမျိုးမျိုးကြောင့်မျက်နှာပေါ်မှာတင်းတိပ်ဖြစ်၍စိတ်ညစ်နေလျှင်အောက်ပါသဘာဝဆေးနည်းများဖြင့်ကိုယ်တိုင်ကုသနိုင်ကြပါတယ်.👇👇👇
(၁)ဒန္တသုခဆေးပင်အရွက်စိမ်းကို ကြိတ်၍သနပ်ခါးနှင့်ရောစပ်ကာညအိမ်ယာဝင်ခါနီးတိုင်းတင်းတိပ်ပေါ်ကိုလိမ်းပေးပါ။စိတ်ရှည်စွာဖြင့်တစ်လခန့်လိမ်ပေးပါကတင်းတိပ်လုံး၀ပါးသွားပါမည်။
(၂) ကွမ်းရွ က်ကို၃ရွက်ခန့်ကိုပါးပါးလှီး၍ရေ၃ခွက်၁ခွက်ဖြစ်အောင်ပြုတ်ကာ၎င်းကွမ်းပြုတ်ရည်ကိုသဘာဝပျားရည်စစ်စစ်၂ဇွန်းခန့်ရောစပ်၍အဖုံးလုံးသောပုလင်းထဲထည့်ကာနှပ်ထားပါ။လိမ်းခါနီးမျက်နှာကို သန့်စင်၍ မနက်နှင့်ညတစ်ရက်ကိုနှစ်ကြိမ်လိမ်ပေးပါ။
(၃)ကြက်သွန်နီကိုထောင်း၍၎င်း၊ကြိတ်၍၎င်းအရည်ညစ်ယူ၍ရှာလကာရည်အနည်းငယ်နှင့်ရောစပ်ကာတင်းတိပ်ပေါ်ကိုလိမ်းပေးပါ။
(၄)သိန္ဓောဆားကိုဆန်စေ့နှစ်စေ့ခန့်ယူ၍တစ်ခါလိမ်းစာသနပ်ခါးနှင့်ရောစပ်ကာညစဉ်လိမ်း၍အိပ်ယာဝင်ပါ။
(၅) နနွင် းတစ်တက်ကိုရေစင်အောင်ဆေးကျောကာနွားနို့အနည်းငယ်နှင့်သွေးပြီးတင်တိပ်ပေါ်ကိုတစ်နေ့၃ကြိမ် လိမ်းပေးပါ။
(၆) နံနံစေ့ကိုပြုတ်၍၎င်းဆေးရည်ဖြင့်မျက်နှာပေါ်ကိုညစဉ်လိမ်းပေးပါကတင်းတိပ်၊
ဝက်ခြံ၊မှဲ့ခြောက်၊ဆားဝက်ခြံများကိုပျောက်ကင်းစေပါသည်။
(၇)ထောပတ်သီး၏အစေ့ကိုနေရိပ်တွင် အခြောက်ခံ၍ရေအေးနှင့်သွေးကာသနပ်ခါးလိမ်းသကဲ့ညစဉ်လိမ်းအိပ်နိုင်ပါသည်။
(၈)အုန်းမှုတ်ခွက်အခွံကို သံပုရာရည်နှင့်သွေးကာတင်းတိပ်ပေါကိုလိမ်းပေးပါ။အနည်းငယ်စပ်သော်လည်းသည်းခံ၍တစ်လခန့်ညစဉ်လိမ်းပေးလျှင်တင်းတိပ်လုံးဝအရှင်းပျောက်ကင်းပါမည်။
(၉)ဖရဲသီးအောက်ခံအဖြူသားကိုပါးပါးလှီး၍မျက်နှာစင်ကြယ်အောင်ဆေးကျောပြီးလျှင်နာရီဝက်ခန့်မျက်နှာပေါ်မှာတင်ထားပေးပါ။ဖရီးသီးမှသဘာဝဓါတ်ကတင်းတိပ်ရောဂါကိုစုပ်ထုတ်ပေးနိုင်စွမ်းရှိပါသည်။
(၁၀)ကျောက်ချဉ်ကိုမုန်ညှင်းစေ့တစ်စေ့ခန့်သနပ်ခါးနှင့်သွေးကာ မနက်တစ်ကြိမ်၊ညတစ်ကြိမ်လိမ်းပေးပါ။တင်းတိပ်ပျောက်၍မျက်နှာအရေပြားချောမွတ်ကာဝင်းပလာပါလိမ့်မည်။မြင်သူတကာငေးယူလောက်တဲ့မျက်နှာအလှပိုင်ရှင်လေးများဖြစ်နိုင်ကြပါစေ။
05/07/2022
၃ ရက်အတွင်း မျက်နှာပေါ်က အမည်းစက်တွေကို ပျောက်သွားစေမယ့် လျှို့ဝှက်နည်း
မိန်းကလေးတွေ ယောကျ်ားလေးတွေလို့တော့မခွဲခြားထားပါဘူး။ဘယ်သူမဆိုမျက်နှာပေါ်မှာ အနာအဆာတွေအမည်းစက်တွေဖြစ်နေတာကိုတော့ မကြိုက်ကြပါဘူး။
မျက်နှာလေးကနုပျိုလှပပြီး ပန်းရောင်လေးဖြစ်နေချင်တာကတော့ မိန်းကလေးတွေတိုင်းရဲ့အိမ်မက်ပါပဲ။
အမဲစက်တွေ အနာအဆာတွေဖြစ်ပေါ်ခြင်းကြောင့် စိတ်မပျော်ရွှင်ကြတဲ့ပရိသတ်တွေအတွက်လျှို့ဝှက် နည်းလေးပေးခဲ့ပါ့မယ်။
ဒီနည်းကလေးကတော့ လွယ်ကူရိုးရှင်းပြီး မီးဖိုချောင် သုံးပစ္စည်းလေးတွေရှိရုံနဲ့အဆင်ပြေပါတယ်။ငွေကုန် ကြေးကျလည်း သက်သာပါတယ်။
ကဲစလိုက်ကြရအောင်………..ပြုလုပ်ဖို့အတွက်တော့ ပစ္စည်းလေးတချို့တော့လိုတာပေါ့ ၊
ပစ္စည်းလေး တွေက တော့ အာလူး၊တလဲသီးနှင့်သံပုရာသီး တို့ပဲဖြစ်ပါတယ်။
ပစ္စည်းလေးတွေရပြီဆိုရင်တော့ အသုံးပြုပုံလေးကိုပြောပြပါ့မယ်။အသုံးပြုပုံကတော့ ပထမဦးဆုံးအာလူးကို အခွံနွှာပြီးခြစ်လိုက်ပါ။
ပြီးတော့ ဖျော်ရည်ကြိတ်စက်ထဲကို ခြစ်ထားတဲ့အာလူးရယ် တလဲသီးရယ်၊သံပုရာရည်ကိုရောထည့်ပြီးရေတစ်ဇွန်းထည့်လိုက်ပါ။
ပြီးလျှင်ဇွန်းနဲ့အသာအယာမွှေပြီးကြိတ်လိုက်ပါ။ရရှိလာတဲ့အနှစ်တွေကို ရေခံပုံစံခွက်ထဲကိုလောင်းထည့်ပြီး freezer ထဲ ၆နာရီလောက် (သို့) လုံးဝခဲသွားတဲ့အထိထားလိုက်ပါ။
ဒါဆိုရင်တော့အေးခဲပြီးရေခဲတုံးသဖွယ်ရရှိလာပါလိမ့်မယ်။ဒီတော့မှ ရေခဲတုံးကိုယူပြီး အမည်းစက်ရှိရာနေရာများကိုပွတ်လိမ်းပေးပြီး
ရေအေးဖြင့်ဆေးချလိုက်ပါ။တစ်နေ့နှစ်ကြိမ်လုပ်ပေးရင်တော့ အမည်းစက်တွေလုံးဝကင်းစင်သွားမှာ။
crd
04/07/2022
မိန်းခလေးတေအတွက် ကုန်ကျစရိတ် သက်သာစေတဲ့ မီးဖိုချောင်သုံး skin care products လေးတေပါ။
𝒋𝒖𝒔𝒕 𝒌𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝒔𝒉𝒂𝒓𝒊𝒏𝒈
𝒔𝒌𝒊𝒏 𝒄𝒂𝒓𝒆 𝒑𝒓𝒐𝒖𝒄𝒕𝒔
𝒉𝒐𝒎𝒆 𝒎𝒂𝒅𝒆
အလှကြိုက်တဲ့ ပျိုမေလေးတေ ဈေးနှုန်းချိုသာစွာနဲ့ လှပနိုင်ကြပါစေ။
crd to original writer
02/07/2022
#အဆီဖုအကြောင်း ⭐
အဆီဖုဆိုတာ...ဘာလဲ ⭐
-အရေပြားဆဲလ်လေးတွေ ပ်ိတ်မိပြီး စုသွားရာကအဆီဖုလေးတွေ စဖြစ်လာတာပါ
-သူ့ကို milia လို့ခေါ်ပြီး အရောင်က အဖြူရောင်လည်း ရှိသလို အဝါရောင်လည်းရှိပါတယ်။
အဆီအဖု အဖြစ်များသောနေရာ..⭐
-မျက်လုံးအောက်နားတွေ
-နှာခေါင်းနဲ့နဖူးနေရာတွေ
-ပါးနဲ့ မေးစိအောက် နားတွေမှာ အဖြစ်များပါတယ်။
အဆီဖုတွေဘာကြောင့် ဖြစ်တာလဲ ⭐
-Moisturizer လိုတာထက်ပိုပီးများများပါတဲ့ Skincareတွေအသုံးများခြင်း
-ချွေးပေါက်ပိတ်စေတဲ့ Cream နဲ့ Lotionတွေ သုံးမိခြင်း
-Oil-Free နဲ့ Spray တွေ အမြဲ သုံးခြင်း
-SPF အများကြီးပါတဲ့ Sunscreen တွေသူံးမိခြင်း
-နေရောင်ခြည် ဒဏ်ကို မကာကွယ်ပဲ အပြင်ထွက်ခြင်းတွေကြောင့်ပါ
အဆီဖုတွေပျောက်ချင်ရင် ⭐
-Sunscreen မှန်မှန်လိမ်းပေးပါ(SPF အရမ်းမများတာမျိုး) (eg.Water-Based)
-Scrub မှန်မှန်လုပ်ပေးပါ
-Salicylic Acid ပါတဲ့ Cleanser Or Scrub ဒါမှမဟုတ် Glycolic Acid ပါတာမျိူးတွေ နဲ့တစ်ပတ်၂ကြိမ် လောက် ချေးချွတ်ပေးပါ
-အဆီများတဲ့Cream တွေ/Lotionတွေ ရှောင်ပါ
-ရေများများသောက်ပြီး အသီးအနှံများများစားပါ
-တစ်နေ့ကို မျက်နှာ (၂)ကြိမ်သစ်ပေးပါ (Makeup Remover နဲ့ သုံးပေးရင် ပိုကောင်းပါတယ် Creamy ဆိုရင်စေးကပ်ကပ်နဲ့ မျက်နှာသစ်တဲ့အခါ မပြောင်ပဲကျန်ခဲ့တတ်ပါတယ်
ဒီအချက်တွေကို မှန်မှန် လုပ်ပေးမယ်ဆိုရင် အဆီဖုတွေ ပျောက်ကင်းလာစေမှာပါ
with Respect 🙏🙏🙏
13/06/2022
ဝက်ခြံအမာရွတ်သက်သာစေမည့်
အလွယ်ကူဆုံးအိမ်တွင်းနည်းလမ်း (၅)ချက်
(၁)ရှားစောင်းလက်ပက်
ရှားစောင်းလက်ပပ်က အသားအရေကို အစိုဓာတ် ထိန်းပေးသလို အနာကျက်စေနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် အရောင်ကျစေပြီး နီးမြန်းတာကို သက်သာစေနိုင်ပါတယ်။
အရေပြားပေါ်က အဆီပိုတွေကို ဖယ်ရှားပေးနိုင်ပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ ခပ်ပါးပါးလှီးထားတဲ့ ရှားစောင်းလက်ပပ် ဂျယ်လီသားလေးနဲ့ သန့်စင်ထားတဲ့ အရေပြားပေါ်ကို ပွတ်ပေးပြီး ၁၅ မိနစ်လောက် ထားပါ။ ပြီးရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်ရုံပါ။
(၂)အုန်းဆီ
အုန်းဆီက omega fatty acids ကြွယ်ဝသလို အရေပြား အတွင်းပိုင်းထိ စိမ့်ဝင်နိုင်ပြီး အသားအရေကို အစိုဓာတ် ထိန်းပေးပါတယ်။ အရေပြားကို glow စေဖို့လည်း ထောက်ကူပေးပါတယ်။
ဝက်ခြံ အမာရွတ်တွေပေါ်မှာ အုန်းဆီ လိမ်းပေးတာက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အမာရွတ်တွေ ပါးလာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အသားအရေကို လန်းဆန်းနေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
(၃)Baking soda
Baking Sodaက ဝက်ခြံ အမာရွတ်တွေကို ဖယ်ရှားဖို့ အထောက်အကူ ဖြစ်လား ……. အဖြေကတော့ ဖြစ်ပါတယ်။ Baking Sodaက အရေပြားရဲ့ pH ပမာဏကို ထိန်းညှိပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အမာရွတ် တဝိုက်က အရေပြားတွေကို ထိခို်ကမှု မဖြစ်စေဘဲ အမာရွတ်ပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးတာပါ။
Baking Sodaကို ခပ်ပျစ်ပျစ်လေး ဖျော်ပြီး အမာရွတ်တွေပေါ်မှာ လိမ်းထားပေးရုံပါ။ တစ်မိနစ်လောက်ထားပြီး ရေအေးအေးနဲ့ ခပ်ဖွဖွလေး ဆေးကြောပေးပါ။
(၄)ပျားရည်
ပျားရည်က အရေပြားကို အစိုဓာတ် ထိန်းပေးသလို တစ်ရှူး အသစ်တွေ ဖြစ်လာစေဖို့ လှုံ့ဆော်ပေးပါတယ်။ အသားအရေကို အကောင်းဆုံး ထိန်းသိမ်းပေးနိုင်တဲ့ သဘာဝ ပစ္စည်းတစ်မျိုးပါ။
သန့်စင်ထားတဲ့ အရေပြားပေါ်က အမာရွတ်ရှိတဲ့နေရာကို ပျားရည် ခပ်ပါးပါးလေး လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။
(၅)သံပုရာသီး
အမာရွတ်ကင်းပြီး ကြည်လင်တဲ့ အရေပြားကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သံပုရာသီးက အရွေးချယ်သင့်ဆုံး သဘာဝ ပစ္စည်း တစ်မျိုးပါ။ အရေပြားအတွက် လိုအပ်တဲ့ အနာကျက်စေနိုင်တဲ့ အစွမ်းသတ္တိ ရှိတဲ့ alpha-hydroxy acids (AHA) ပါဝင်နေတာကြောင့် အမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။
သံပုရာသီးကို အကွင်းလိုက်လေး ပါးပါးလှီးပြီး အမာရွတ်တွေပေါ်မှာ ပွတ်လိမ်းပေးလို့ ရပါတယ်။ ၁၀ မိနစ်လောက်ထားပြီး ရေအေးအေးလေးနဲ့ သန့်စင်လိုက်ပါ။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်လေး လိမ်းဖို့ မမေ့ပါနဲ့နော်။
ကဲ …… စိတ်ညစ်နေတဲ့ ဝက်ခြံအမာရွတ်တွေကို ဒီနည်းလမ်းလေးတွေ သုံးပြီး ဘိုင့်ဘိုင်လို့နှုတ်ဆက်လိုက်ရအောင်
11/06/2022
😊 မျက်နာဘယ်လိုသစ်လည်း Skincare တွေကို မှန်မှန်ကန်ကန် ဘယ်လိုလိမ်းရလည်းဆိုတာလေးတွေကို မျှဝေပေးပါမယ်နော်
အဆင့် 1 : Make up တွေသေချာဖျက်ပါ
- make up တွေ eye shadow တွေ eye liner တွေကို နေ့စဉ် သေချာမဖျက်ပေးရင် အညစ်အကြေးတွေ တဖြည်းဖြည်း စုလာပြီး အမဲစက်တွေ အသားအရောင်မညီညာတာတွေဖြစ်ပေါ်လာပါတယ်
- Cotton Pad လေးသုံးပြီး make up remover လေးနဲ့သေချာဖျက်ပေးပါ
- မျက်နာ (ပါး, မေးစေ့နဲ့နဖူး)အတွက် တစ်မျိုး , မျက်လုံးနဲ့နှုတ်ခမ်းအတွက် တစ်မျိုး သီးသန့်သုံးပေးတာပိုကောင်းပါတယ်, မျက်နာအတွက်က နူးညံ့ပြီး အရမ်းမပြင်းတဲ့ remover တွေက အသားအရေမထိခိုက်စေဘဲ, မျက်လုံးသီးသန့်က waterproof eye liner တွေ mascara တွေအတွက်ပိုပြောင်စေပါတယ်, သေချာမပြောင်ခဲ့ရင် အမဲစက်တွေထွက်တတ်လို့ပါနော်။
အဆင့် 2 - မျက်နာသစ်
- ရေနွေးနွေးလေးနဲ့ဘဲမျက်နာသစ်ပါ
- မျက်နာသစ်ဆေးကို အမြှုပ်ထအောင်လက်ထဲမှာပွတ်ပြီးမှ မျက်နာပေါ်သစ်ပေးပါ
- 15 ချက်လောက်မျက်နာကိုသာသာလေးစက်ဝိုင်းပုံစံ နှိပ်နယ်ပေးပါ
- ရေနဲ့သစ်ချပြီး ခြောက်အောင်ပွတ်ပြီးမသုတ်ပါနဲ့, facial tissue (သီးသန့်လာပါတယ်) လေးနဲ့ မျက်နာကို သာသာလေးဖိပြီး ရေစုပ်သွားအောင်ဘဲ ဖိပေးပါ
- ရေအေးအေးလေးနဲ့ အခါ ၂၀ လောက်ရေခွက်ထဲကနေလက်ခုပ်လေးနဲ့ ပုတ်ပြီး သစ်ပေးပါ။
အဆင့် 3 - တိုနာလိမ်း
- Toner လိမ်းရင် လက်နဲ့ပုတ်ပုတ်ပြီးမလိမ်းပါနဲ့, Cotton pad ( ဂွမ်း) လေးနဲ့ဘဲသုတ်ပြီးလိမ်းပေးပါ
- Toner ကို Cotton Pad ပေါ်မှာများများလေးတင်ပေးပါ, ဂွမ်းတစ်ခုလုံးစိုနေအောင်ထည့်ပြီး မျက်နာကို cotton pad လေးနဲ့ သာသာလေးပွတ်ပေးပါ
- တစ်မျက်နာလုံး အနံ့သုတ်ပြီးရင် လက်ဖဝါးလေးနဲ့ သာသာလေးမျက်နာကိုပုတ်ပေးပါ။
အဆင့် 4 - Essence/ Serum လိမ်း
- skin care ဆက်လိုက်မှာ ဈေးအမြင့်ဆုံးနဲ့ အသိသာဆုံးက Essence/ serum ပါ
- Essence ကိုအရင်ဆုံးလက်ဖဝါးပေါ်တင်ပြီးပြီး လက်ထိပ်လေးနဲ့ နှဖူး, ပါးနှစ်ဖက်, နှာခေါင်းနဲ့မေးစေ့ ကိုတို့ပေးပါ (လက်သူကြွယ်သုံးပါ, သူက လက်ချောင်းတွေထဲမှာအနုဆုံးမို့ပါ)
- လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံစံ သာသာလေးနှိပ်ပြီးပွတ်လိမ်းပေးပါ ( အမဲစက်တွေတင်းတိတ်တွေရှိတဲ့နေရာကိုပိုပွတ်ပေးပါနော်)
- နောက်ဆုံးကျရင် လက်ဖဝါးနှစ်ဖက်နဲ့ပါးနှစ်ဖက်ကို V ပုံစံ အုပ်ပြီးသာသာလေးဖိပေးပါ ( လက်ဖဝါးက အနွေးဓာတ်လေးတွေက Essence ကိုစုပ်ယူမှုအားပိုကောင်းစေပါတယ်နော်။
အဆင့် 5 - နို့ရည်/Cream
- နို့ရည်လိမ်းရင် အဆီပြန်တယ်, ပူတယ်ဆိုတာမဟုတ်ပါဘူးနော် ( ကိုယ်နဲ့မသင့်တော်လို့ဖြစ်တာပါ)
- အသားခြောက်တဲ့သူဆိုရင် အဆီဓာတ်ပိုပါတဲ့ နို့ရည်လေးတွေနဲ့ပိုသင့်တော်ပြီး
- အဆီပြန်တဲ့သူဆိုရင် ရေဓာတ်ပိုပါတဲ့ moisturizer လေးတွေသုံးသင့်ပါတယ်
- combination skin type ဆိုရင်တော့ ရာသီဥတုနဲ့လိုက်ပြီး ရွေးချယ်သုံးသင့်ပါတယ်
- နို့ရည်လိမ်းရင် လက်ထိပ်နဲ့မဟုတ်ဘဲ လက်ချောင်းလေးနဲ့လိမ်းရင်ပိုကောင်းပါတယ်
- မျက်လုံးထောင့်, နာခေါင်းတစ်ဝိုက် နှာခေါင်းထောင့်တွေလည်းသေချာလိမ်းပေးပါ, လည်ပင်းပါတောက်လျှောက်လိမ်းပေးပါ။ ( လည်ပင်းက ပင်ကိုယ်အဆီထွက်နှုန်းအရမ်းနည်းလို့ အရေးအကြောင်းပေါ်ထွက်တာပိုမြန်လို့ပါ)
အဆင့် 6 - Sunscreen/ sunblock ( နေ့ပိုင်း)
- တင်းတိတ် အမဲစက် ထိထိရောက်ရောက်ကာကွယ်ဖို့အတွက်ပါ, အရမ်းအရေးကြီးပါတယ်နော်
- sunscreen ကိုလောက်အောင်သုံးပေးပါ, ပြီးပြီးရော လိမ်းတယ်ဆိုရုံလောက်နဲ့မထိရောက်ပါဘူး
- တစ်ခါလိမ်းရင် ကြွေပြားစေ့တစ်စေ့စာပမာဏလိမ်းပေးပါ ( 30ml ပါတဲ့ဘူးကို တစ်လကျော်လောက်အပြီးလိမ်းပေးရင်လုံလောက်ပါတယ်)
- အပေါ်ကမှ ကိုယ်ကြိုက်ရာ မိတ်ကပ် သနပ်ခါးလိမ်းလို့ရပါပြီနော်...
ကယ်... ဒါလေးတွေကတော့ မျက်နာလေးကိုဘယ်လိုသေချာထိန်းသိမ်းရမလည်းဆိုတဲ့ အခြေခံသုံးနည်းလေးတွေပါ...
သေချာလေး ဂရုစိုက်ပြီး လိမ်းပေးနိုင်ရင် ပါတဲ့အာနိသင်က ထိရောက်ပြီး ပိုတောင်သိသာနိုင်ပါတယ်နော်...
အမြဲ ပို၍ပို၍ နုပျိုလှပကြပါစေ😘😘😘
Crd
11/06/2022
ရှားစောင်းလက်ပတ်နှင့်ပေါင်းတင်နည်းများ
➖➖➖
၁။အသားအရေစိုပြေစေရန်ပေါင်းတင်နည်း
ရှားစောင်းလက်ပတ်အလယ်သား အနှစ်လေးတွေကို ဇွန်းနဲ့ခြစ်ယူပြီး ရလာတဲ့ ဂျယ်အနှစ်လေးတွေကို
မျက်နှာပေါ်လိမ်းပေးပါ။
မိနစ် သုံးဆယ်ခန့်ခြောက်သွေ့အောင်ထားပြီး ရေအေးအေးလေးနဲ့ ဆေးချပါ။
တစ်ပတ်နှစ်ကြိမ်ခန့်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် အသားအရေ စိုပြေတင်းရင်းစေပြီး ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဝက်ခြံထွက်ခြင်း၊
အသားအရေခြောက်သွေ့ယားယံခြင်း၊အသားအရေရောင်ရမ်းခြင်း များကိုသက်သာစေမှာဖြစ်ပါတယ်
➖➖➖➖
၂။ဝက်ခြံအမာရွတ်နဲ့အမဲစက်အတွက်ပေါင်းတင်နည်း
ရှားစောင်းလက်ပတ်အနှစ်ကို ဇွန်းနဲ့ခြစ်ယူပါ။
ခရမ်းချဉ်သီး အစေ့ထုတ်ပြီးသားတစ်လုံးကို ဓားသန့်သန့်ဖြင့် နုတ်နုတ်ဆင်းပြီး ရလာသောအရည်ကို
ရှားစောင်းလက်ပတ်အနှစ်နဲ့ဆတူရောပြီး သမအောင် မွှေနှောက်ပေးပါ။
ရလာသောအနှစ်အရည်ကို သန့်စင်ထားသောမျက်နှာပေါ်လိမ်းပေးပါ။
ဆယ့်ငါးမိနစ်ခန့်ခြောက်သွေ့အောင်ထားပြီး ကြက်သီးနွေးရေလေးနှင့်ဆေးချပါ။တစ်ဖန်ရေအေးအေးလေးနှင့် ပြန်သစ်ကာ ခြောက်သွေ့သန့်ရှင်းသော တဘက်လေးနဲ့ ခပ်ဖွဖွသုတ်ပေးပါ။
လိမ်းနေကျ toner, moisturizerလေးလိမ်းပေးပါ။
တစ်ပတ်နှစ်ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါသည်။
ခရမ်းချဉ်သီးမှာပါတဲ့ အက်စစ်ဓာတ်နဲ့အာဟာရဓာတ်တွေက ဝက်ခြံကြောင့်ဖြစ်တဲ့အမဲစက်တွေနဲ့ဝက်ခြံအမာရွတ်တွေကို ကုသပေးနိုင်ပြီး အသားအရေကို ကြည်လင်သန့်ရှင်းစေပါတယ်။
ရှားစောင်းလက်ပတ်က အသားအရည်ကိုရေဓာတ်ဖြည့်စိုပြေစေပြီး အသားအရေယောင်ရမ်းမှုကိုသက်သာစေပါသည်။
➖➖➖➖➖➖
၃။ရှားစောင်းလက်ပတ်အနှစ်+ကြက်ဥအကာပေါင်းတင်နည်း
ရှားစောင်းလက်ပတ်အနှစ်နှစ်ဇွန်းကို ကြက်ဥအကာတစ်လုံးနဲ့ ရောမွှေပြီး မျက်နှာပေါ်လိမ်းပေးပါ။
ဆယ့်ငါးမိနစ်ခန့်ထားပြီး ရေနွေးနွေးလေးနဲ့ဆေးချပါ။တစ်ဖန်ရေအေးလေးနဲ့ပြန်ဆေးပါ
တစ်ပတ်နှစ်ကြိမ်ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ချွေးပေါက်ကျဉ်းကာ အသားအရေစိုပြေစေမှာဖြစ်ပါတယ်။
➖➖➖➖➖➖➖
၄။ရှားစောင်းလက်ပတ်scrubလုပ်နည်း
သကြားခွက် တစ်ဝက်
ရှားစောင်းလက်ပတ်အနှစ် ခွက် လေးပုံတစ်ပုံ
အုန်းဆီခွက်တစ်ဝက် တို့ကိုရောမွှေပါ။
ရလာသောအနှစ်ကို အသားအရည်ပေါ် ခပ်ဖွဖွ ပွတ်တိုက်ပေးခြင်းဖြင့် ဆဲလ်သေဖယ်ရှာပေးသော scrub အဖြစ်အသုံးပြုနိုင်ပါသည်။နှုတ်ခမ်းသားညိုမဲနေခြင်းအတွက်လည်း အသုံးပြုနိုင်သလို ဒူးခေါင်းမဲခြင်း တံတောင်စစ်မဲခြင်းတို့အတွက်လည်း အသုံးပြုနိုင်ပါသည်။
Crd
11/06/2022
#အဆီဖုတွေထပ်မပေါက်တော့အောင်
ဒါလေးတွေလည်းလုပ်👇👇👇
Skin care လည်း
ခနခနမပြောင်းနဲ့( တည့်နေရင်မပြောင်းနဲ့တော့)
ဘာတွေ လုပ်သင့်လဲ ?
ဒီအချက်သေးသေးလေးတွေကို လိုက်နာကြည့်ပါ
၁. ရေများများသောက်ပါ.💦💦
၂. ဝမ်းမချုပ်စေပါနဲ့
၃. အဆင်ပြေနေတဲ့ Skincare ကို ခဏခဏ မပြောင်းချင်ပါနဲ့
၄. တစ်ပတ်တစ်ခါ ခေါင်းအုံးစွပ်လေး လဲပေးပါ
၅. ဖုန်း screen ကို အရက်ပြန်လေးနဲ့ တစ်နေ့တစ်ခါ သန့်ရှင်းပေးပါ
၆. မျက်နှာ ကို လက်နဲ့ ခဏခဏ မထိပါနဲ့
၇. မိတ်ကပ် ဖျက်ဖို့ မပျင်းပါနဲ့ ( မိတ်ကပ်ဖျက်ဆေးဖြင့်)
၈. အလွန် ငန်,စပ်,ချို သောအစာတွေ ရှောင်ပါ,ခေါက်ဆွဲခြောက်ရှောင်ပါ
၉. ဆံပင် စည်းထားပါ
၁၀. Skincare မလိမ်းဘဲ မိတ်ကပ် လုံးဝ မလိမ်းပါနဲ့
၁၁. အိပ်ရေးမပျက်စေပါနဲ့
ပြောချင်တာက အဆီဖုတွေ ဝက်ခြံတွေ မပေါက်ဖို့အတွက်ဆိုရင် Skincare ချည်း လုပ်ယူနေလို့မရပါဘူး. လူနေမှုဘဝ ပါပြောင်းလဲပစ်ရပါမယ်. အစားအသောက်,အနေအထိုင်, အဓိက ကျန်းမာရေးလိုက်စားဖို့ သိပ်ကို အရေးကြီးတာပါ.
အခု ရေးပေးတဲ့ အချက်တွေကိုလည်း လိုက်နာ, အစားအသောက်လည်းရှောင်, Skincare လေး သေချာမှန်မှန် လုပ်ပေးမယ်ဆိုရင် အဖုတွေ ကင်းတဲ့ မျက်နှာ ကို မကြာခင် ပိုင်ဆိုင်ရမှာပါ...
အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
#အဆီဖုနှင့်ပတ်သက်သမျှ
crd Dr Aye Min Htoo
Photo crd
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon