Ni Lar
Nilar ZHULIAN Online Shop
04/02/2025
လူဆိုတာ...
ချမ်းသာဖို့ထက်
"ကျန်းမာဖို့က " ပိုအရေးကြီးတယ်။
အားမာန်ရှိဖို့ထက်
"အမှား၊ အမှန်သိဖို့က" ပိုအရေးကြီးတယ် ။
လူရည်သန့်ဖို့ထက်
"လူပီသဖို့က" ပိုအရေးကြီးတယ်။
ပညာတတ်ဖို့ထက်
"စာနာတတ်ဖို့က" ပိုအရေးကြီးတယ်။
မျိုးကောင်းဖို့ထက်
"အဆိုးအကောင်းသိဖို့က" ပိုအရေးကြီးတယ်။
ဒါမှသာ "လူပီသ" မှာပါ။
02/02/2025
Nilar Store လိုအပ်တာများအားပေးလို့ရပါတယ်ရှင့်
ပစ္စည်းအားလုံး ပါရှင့်
#အိမ်အရောက်ပို့ပေးပါတယ်ရှင့်
02/02/2025
ဘဝမှာ မနာလိုစိတ်မရှိတဲ့သူက
စိတ်အအေးချမ်းဆုံးပဲ။
ကိုယ့်ထက် တစ်ယောက်ယောက်
အောင်မြင်တာဖြစ်ဖြစ်
ချမ်းသာတာဖြစ်ဖြစ် သူကြိုးစားလို့
ဒီလိုဘဝမျိုးရောက်ရှိတာပဲ။
ဝေဖန်တိုက်ခိုက်မဲ့အစား
အကောင်းမြင်စိတ်နဲ့ ကြည့်လိုက်တာက
ပိုကောင်းပါတယ်။
ရုပ်ရည်နဲ့ပတ်သက်ရင်
ကိုယ့်ထက်လှသည်ဖြစ်စေ မလှသည်ဖြစ်စေ
ဒါက သူတို့ရဲ့ဖြစ်တည်မှု
လူတိုင်းကသူ့အလှတရားနဲ့သူရှိတယ်။
ဘယ်အရာကိုမှမနှိုင်းယှဥ်တတ်တဲ့စိတ်က
ဘာကိုမှ မပူလောင်ရတော့ဘူး။
ကိုယ်ကတော့တစ်ယောက်ယောက်နဲ့
ယှဥ်ပြိုင်မဲ့အစားကိုယ့်ကိုယ်ကိုယ်ပဲ
ပြန်ယှဥ်ပြိုင်တယ်။
နောက်နှစ်ကျရင် ဒီနှစ်ထက်
ပိုကောင်းတဲ့သူဖြစ်ရမယ် ဒီလောက်ပဲ။
28/01/2025
❝ ကတိ ❞
လွယ်လွယ်နဲ့ မပေးနဲ့။
ပေးပြီးသား ကတိ တစ်သက်လုံး
မတည်နိုင်ရင် လုံးဝ မပေးနဲ့။
ပေးမိသော ကတိ
အသ၊က်တမျှ တန်ဖိုးထားတတ်ပါစေ။
❝ ယုံကြည်မှု ❞
ပျက်ပြားအောင် မလုပ်မိစေနဲ့။
မိမိအပေါ် ယုံကြည်မှု ပေးသူကို
အလွဲသုံးစား မလုပ်မိစေနဲ့။
တစ်ဖက်လူက မိမိအပေါ်
သံသယစိတ် ဖြစ်ပေါ်ခဲ့ရင်တောင်
ယုံကြည်မှု မပျ၊က်ပြားဖို့ အမှန်တိုင်း ဖြေရှင်းပါ။
Credit Original Uploader
27/12/2024
လူဖြစ်တဲ့ အတွက် စိတ်ဓာတ်ကျတဲ့အချိန်တွေရှိမယ်။
လမ်းပျောက်တဲ့ အချိန်တွေရှိမယ်။
ချစ်ရတဲ့ သူတွေဆုံးရှုံးလိုက်ရတဲ့ အချိန်တွေရှိမယ်။
စီးပွါးရေးတွေ ဆုံးရှုံးသွား တဲ့ အချိန်တွေရှိမယ်။
သစ္စာဖောက်ခံရတဲ့ အချိန်တွေရှိမယ်။
အရာအားလုံး ဆုံးရှုံး သွားတဲ့ အချိန်တွေ ရှိမယ်။
ထုတ်ပြောတာနဲ့ မပြောတာပဲ ကွာတယ်။
ကြုံတာတော့ တစ်ခုမဟုတ် တစ်ခု ကြုံကြရမှာပဲ။
ကြုံလာခဲ့ရင် ဝမ်းနည်းပက်လက်ဖြစ်လို့ရတယ်။
ဒါပေမယ့် ဝမ်းနည်းလျှက် ရှေ့ဆက်နေရမယ်။
လုပ်စရာရှိတာလုပ်ရင်း ရှေ့ဆက်နေရမယ်။
အတိတ်ထဲမှာ တဝဲလည်လည် ဖြစ်နေတဲ့သူတွေက
အောင်မြင်ဖို့ခက်တယ်။
အတိတ်ကို ထားခဲ့ပြီး ပစ္စုပန်ကို
အာရုံစိုက်တဲ့သူတွေကပဲ
အောင်မြင်သွားကြတာပါ။
#စာပေ
15/12/2024
လောကရဲ့အထူအပါး အတိမ်အနက်တွေကြားမှာ
ဝေဝေဝါးဝါးနဲ့ ဘဝတွေ ဘယ်လိုပဲခါးနေပါစေ
စိတ်မပျက်သူငယ်ချင်း!!
လောကဓံဆိုတာ အစိမ်းအကျက်မရွေးဘူး
ကြံ့ခိုင်တဲ့သူက စံ, ပျော့ညံ့တဲ့သူ ခံ,
ဒဏ်ရာချင်းအတူတူ
သန်မာတဲ့သူကတော့ အနိုင်ရမှာပဲ။
ဒီမှာသူငယ်ချင်း
ငါတို့ဟာ
မွေးဖွားလာကတည်းက
လှုပ်ရှားရုန်းကန် အားမာန်တွေအပြည့်နဲ့
လူ့လောက
လူ့ဘဝရဲ့ဇာတ်လမ်းအစ စာတန်းထိုးစဉ်ကတည်းက
လှမ မလှပခဲ့တာ
အခုမှ ဘာများထူးဆန်းနေလို့လည်း
လှုပ်ရှားရုန်းကန်တော့
ပိုပြီးသန်မာတာပေါ့
ငြိမ်နေရင် အညောင်းမိနိုင်တယ် မဟုတ်လား
ဒီမှာ သူငယ်ချင်း
စိတ်ပျက် ငေးငိုင် မှိုင်တွေမှုတွေနဲ့
အချိန်တွေကို ဖြုန်းမပစ်နဲ့
အချိန်ကိုဖြုန်းခြင်းဟာ ဘဝကို ဖြုန်းခြင်းပဲ.......
မင်းဘဝကို မင်းပိုင်တယ်
မင်းဘဝကို မင်းကိုင်ထား
မြဲမြဲကိုင်ထား
မင်းဘဝဟာ မင်းရဲ့အသက်
ဘယ်လောကဓံက လာပြီးနှောင့်ယှက်,နှောင့်ယှက်
မင်းဘဝကို မင်းကာကွယ်ရမယ်
မင်းအရှုံးမပေးသ၍
မင်းဘဝက
မင်းလက်ထဲမှာ လှပနေ ရှင်သန်မှာပါ...........
အရှင်လက္ခဏာ - အင်းပါ
20/11/2024
ကူညီတာများရင်
ဝတ္တရားဖြစ်တက်တယ်တဲ့
ဒီစကားက အလကားမဟုတ်ဘူး
တန်ဖိုးမထားတက်တဲ့
လူတစ်ယောက်ကို
တခါ နှစ်ခါကူညီဲကြည့်
ကျေးဇူးတင်လိမ့်မယ်
သုံးလေးခါထက်ပိုသွားရင်
ဝတ္တရားတခုလိုဖြစ်လာလိမ့်မယ်
မကူညီနိုင်တဲ့အခါ
ရှေ့က ကူညီခဲ့တာတွေပါ
လုံးဝ မေ့သွားလိမ့်မယ်
လောကမှာ
ဘယ်သူ့ကမှ
ဘယ်သူ့ကိုလုပ်ပေးရမယ်လို့
တာဝန်မရှိဘူးနော်
ကူညီတယ်ဆိုတာ
ဝတ္တရားမဟုတ်ဘူး
ငွေကြေးကူညီခဲ့ဖူးတာ
လုပ်အားကူညီခဲ့ဖူးတာ
အချိန်အားဖြင့်
လူအားဖြင့်
စိတ်ခွန်အားစသဖြင့်
ကူညီခံခဲ့ရဖူးရင်
မမေ့တက်ခြင်းက
လူပီသခြင်းတမျိုးပါဘဲ
08/11/2024
“ ကြွက်သား ကိုက်ခဲညောင်းညာ ”
“ ကိုယ်လက်လေးလံ မအီမသာ ”
“ ဇက်ကြောတက် ဂုတ်တင်း ”
“ ခေါင်းကိုက်ခေါင်းမူး ”
ဒီလိုဝေဒနာတွေကို မကြာခနဆိုသလို ခံစားနေတတ်သူဆိုရင်တော့
“ ဟာနုမာန် တစ်စက်ဆီလိမ်းဆေး ”
Aroma Massage Body Oil လေးကိုသာ ဆောင်ထားလိုက်ပါ 🥹
#တစ်ဗူး-23500
#လက်လီလက်ကားအားပေးလို့ရပါတယ်ရှင့်
05/11/2024
ကောက်ကျစ်တဲ့သူတွေပဲ
လူမုန်းများမယ်ထင်ခဲ့တာ
တကယ်တော့
ရိုးသားလွန်းတဲ့သူတွေကိုလည်း
တော်တော်များများက မလိုလားကြပြန်ဘူး ။
လောကမှာ
ပျင်းတဲ့သူတွေကိုပဲ
လူတွေမကြိုက်ကြဘူးလို့ထင်ခဲ့တာ
တကယ်တော့
တကယ်ကြိုးစားတဲ့သူတွေကိုလည်း
ကြည့်မရကြပြန်ဘူး ။
လောကမှာ
တုံးအတဲ့သူတွေပဲ အထင်သေးခံရတယ်ထင်ခဲ့တာ
တကယ်တော့ ထက်မြက်တဲ့သူတွေကိုလည်း
အမြင်ကပ်ကြပြန်ရော...
လောကမှာ
အရည်အချင်းမရှိတဲ့သူတွေကိုသာ
နေရာမပေးချင်ဘူးထင်ခဲ့တာ
တကယ်တော့
အရည်အချင်းရှိတဲ့သူကျတော့လည်း
မနာလိုဖြစ်နေပြန်ရော...
တကယ့်လက်တွေ့လောကမှာ
လူတစ်ယောက် ကောင်းမကောင်း
သတ်မှတ်တဲ့စံနှုန်းဟာ
သူတို့အလိုကို ဘယ်လောက်အထိ
လိုက်လျောပေးနိုင်သလဲဆိုတာနဲ့ပဲ
တိုင်းတာလာကြတော့တာပဲ...
အရေးကြီးဆုံးကတော့
ကိုယ့်ကိုယ်ကို ပျောက်ဆုံးမနေဖို့ပါပဲ ။
Like &follow ပေးခဲ့ပါဗျ ။
27/10/2024
ကိုယ့်ကို နာကျင်စေခဲ့တဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ..
သူတို့ကြောင့် ကိုယ့်စိတ်ဓာတ် ပိုပြီး ခိုင်မာလာခဲ့တယ်။
ကိုယ့်ကို ချစ်ခဲ့တဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ...
သူတို့ကြောင့် ကိုယ်နှလုံးသား ပိုပြီး ပြည့်ဝလာခဲ့တယ်။
ကိုယ့်ကို ဂရုစိုက်ပေးတဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ..
သူတို့ကြောင့် ကိုယ်ဟာ အရေးပါကြောင်း ခံစားခဲ့ရလို့ပါ။
ကိုယ့်အပေါ် စိုးရိမ်ပေးကြတဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ...
သူတို့ ကိုယ့်အပေါ် ဂရုစိုက်ကြောင်း သိစေခဲ့လို့ပါ။
ကိုယ့်အနားကနေ ထွက်ခွာသွားတဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ..
သူတို့ကြောင့် ဘယ်အရာမှ ထာဝရမဟုတ်ဘူးဆိုတာ သိခွင့်ရခဲ့တယ်။
ကိုယ့်အနားမှာ ခုထိ ရှိနေပေးကြတဲ့သူတွေကိုလည်း
ကျေးဇူးတင်ပါတယ် ...
သူတို့ကြောင့် စစ်မှန်တဲ့ မိတ်ဆွေတွေအကြောင်း နားလည်ခဲ့ရတယ်။
ကိုယ့်ဘဝထဲကို ဝင်လာခဲ့ကြတဲ့သူတွေ၊ ကူညီခဲ့ကြတဲ့သူတွေ အားလုံး အားလုံးကို တကယ် ကျေးဇူးတင်မိပါတယ်။
11/10/2024
🍀ဘဝမှာ..........
တစ်ခါတစ်လေ ...
တချို့သော လွဲချော်မှုတွေက
မထိုက်တန်လို့တန်ဖိုးမညီမျှလို့ မဟုတ်ဘဲ
ပိုပြီးမြင့်မားတဲ့နေရာရောက်ဖို့
တမင်သက်သက် လွဲချော်ပေးရတာတွေ
ဖြစ်နေတတ်တယ်။🍀
Click here to claim your Sponsored Listing.
Telephone
Website
Address
Aungmingalar
Yangon
7878
Opening Hours
| Monday | 09:00 - 19:00 |
| Tuesday | 09:00 - 19:00 |
| Wednesday | 09:00 - 19:00 |
| Thursday | 09:00 - 19:00 |
| Friday | 09:00 - 19:00 |
| Saturday | 09:00 - 19:00 |
| Sunday | 09:00 - 19:00 |