MMKH
Ling Ling Kwong 😍🥰😘
13/08/2025
Tawan က Ira ကို သဝန်တို၊ ခေါင်မိုးထပ်မှာ ရှင်းလင်းကြမယ့်အခန်းတဲ့
ဒီသောကြာနေ့မှာ Tawan (Lingling Kwong) က ဒေါသထွက်လောက်အောင် သဝန်တိုတာကို ဘယ်သူတွေ မြင်ချင်လဲ။ ဒီတစ်ခါတော့ သေချာပေါက် မြင်ရမှာပါ၊ ဘာလို့လဲဆိုတော့ Ira (Orm Kornnaphat) ဆီကို ချဉ်းကပ်လာတဲ့ လူသစ်တစ်ယောက် ရှိနေလို့ပါ။ ဒီကိစ္စကို သေချာပေါက် ရှင်းလင်းကြရတော့မှာပါ။ Tawan က Ira ကို ခေါင်မိုးထပ်ပေါ် ခေါ်သွားပြီး စိတ်ချင်းဖွင့်ဟ ရှင်းလင်းခဲ့ပါတယ်။
ဒီဇာတ်ဝင်ခန်းမှာတော့ ရှေ့မှာ ဒရာမာတွေ၊ စကားစစ်ထိုးတာတွေ၊ မျက်ရည်တွေနဲ့ အပြည့်ဖြစ်နေပါတယ်။ နောက်ကွယ်မှာလည်း အခက်အခဲတွေ အများကြီးရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒါက တစ်နေ့တာရဲ့ နောက်ဆုံးရိုက်ကူးတဲ့ ဇာတ်ဝင်ခန်းဖြစ်နေလို့ပါ။ Orm အတွက် အခက်အခဲကတော့ အလွန်ရှည်လျားတဲ့ ဇာတ်ညွှန်းနဲ့ ၈ နှစ်တာလုံး မြိုသိပ်ထားခဲ့ရတဲ့ ခံစားချက်အားလုံးကို Tawan သိအောင် ပေါက်ကွဲပြရမှာ ဖြစ်ပါတယ်။ Lingling ကလည်း Ira ရဲ့ လုပ်ရပ်တွေကို နားမလည်နိုင်တဲ့ ခံစားချက်ကို နာကျင်မှု၊ စိတ်ရှုပ်ထွေးမှုတွေနဲ့ ပြည့်နေတဲ့ မျက်ဝန်းတွေနဲ့ ပြန်လည် တုံ့ပြန်ရမှာပါ။ ပြီးတော့ ရိုက်ကွင်းထောင့်ပေါင်းစုံကနေ အကြိမ်ကြိမ် ရိုက်ကူးခဲ့ရတာကြောင့် Lingling နဲ့ Orm တို့ဟာ ခံစားချက်ကို အမြဲထိန်းထားခဲ့ရပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်က ဆူညံသံတွေကြောင့် ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး။ ဒါကြောင့် သူတို့နှစ်ယောက်ဟာ ရိုက်ကွင်းထောင့် ပြောင်းလဲရိုက်ကူးတဲ့ အချိန်တိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ခံစားချက်တွေ ပေးပို့ပြီး အာရုံစိုက်ခဲ့ရပါတယ်။
ဒါကတော့ ကိုယ်ချစ်ရတဲ့သူရဲ့ ခံစားချက်တွေကို နာကျင်စေတဲ့ အခြေအနေအထိ ရောက်ရှိလာတဲ့ ဆက်ဆံရေးရဲ့ ဇာတ်ဝင်ခန်းတစ်ခု ဖြစ်ပါတယ်။ မားမားတို့ရေ မျက်ရည်သုတ်ဖို့ တစ်ရှူးတွေ ကြိုတင်ပြင်ဆင်ထားကြပါတော့နော်။ ဒီဇာတ်ဝင်ခန်းရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲ။"ဆိုပြီးတင်ထားပါတယ် အမလေး သောကြာနေ့ရောက်ချင်သွားပြီ
#เพียงเธอ
☀️ သောကြာနေ့တိုင်း ည ၈:၃၀ နာရီ
🌙TV မှာဆိုရင် 33 ကိုနှိပ်ပြီး ဖုန်းမှာဆိုရင် 3Plus app မှာကြည့်ရှုပါ။
ပြန်လည်ကြည့်ရှုနိုင်တဲ့ နေရာ ၂ ခု
🌍 3Plus Premium မှာ သောကြာနေ့တိုင်း ည ၁၀:၃၀ နာရီ။ ကမ္ဘာတစ်ဝှမ်းလုံး ကြည့်ရှုနိုင်ပါတယ် (အင်္ဂလိပ်စာတန်းထိုးနဲ့အတူ)။
✨Netflix
#หลิงออม
13/08/2025
ချစ်ခြင်းမေတ္တာကိုဘာနဲ့တိုင်းတာမလဲ ချစ်ခြင်းမေတ္တာမှာအကြောင်းပြချက်မရှိဘူး ကိုယ်ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ်သူလက်ခံနိုင်တာဟာ ချစ်ခြင်းမေတ္တာပဲ
လောကမှာလူကောင်းတွေအများကြီး ဒါပေမဲ့ ချစ်ခြင်းမေတ္တာဆိုတာ လုပ်ယူလို့မရတဲ့အရာပဲ လွန်ခဲ့တဲ့ 8 နှစ်ကအချစ်ဦး၊ 8နှစ်ကျော်ဖြတ်လာပြီးသည့်တိုင် ဘယ်သူ့ကိုမှထပ်မချစ်ပါပဲ ဒီအချစ်ဦးကိုပဲစောင့်ခဲ့တဲ့လူတစ်ယောက်ဟာ မပြည့်စုံတဲ့အကြောင်းပြချက်ရယ်နဲ့အငြင်းခံလိုက်ရတော့ စိတ်ထဲမှာဘယ်လိုခံစားရမလဲ နာကျင်မှာပေါ့လေ အချစ်ဦးမြေးဦးရတဲ့အထိမမေ့တဲ့ ဒါပေမဲ့ချစ်သူတွေမဖြစ်ကြဖူးတော့သူ့မှာဘာမှမတတ်နိုင်ဘူး။
တဖက်ကရော ဘာလျှို့ဝှက်ချက်တွေ ဘာပြသနာတွေရှိလို့မြိုသိပ်ရတာလဲ? ထုတ်ပြောဖို့အရမ်းခက်ခဲနေတဲ့အရာကရောဘာများလဲ? သူ့မှာလဲခိုင်လုံတဲ့အကြောင်းပြချက်ရှိမှာပေါ့လေ ဘယ်အရာမှလွယ်လွယ်ကူကူနဲ့အလကားမရသလို ချစ်ခြင်းမေတ္တာဟာလည်းထိုနည်း၎င်းပါပဲ ဆူးခင်းလမ်းတစ်လှည့် ပန်းခင်းလမ်းတစ်လှည့်လျှောက်ရပါလိမ့်မယ်.... ဒါဟာ သူတို့ရဲ့ဇာတ်လမ်းအစပဲ။
Only you ep.4(Tonight)
#หลิงออม
13/08/2025
တချို့တွေက ဒီပုံထဲမှာ တဝမ်ကျောပိုးအိတ်လွယ်ထားလို့ သူကထွက်သွားဖို့ကြိုးစားနေချိန်အိုင်လာဒုက္ခရောက်နေတာတွေ့လို့ထွက်သွားဖို့ကိုရွှေ့ဆိုင်းပြီး အိုင်လာ့ကိုဝင်ကူပေးလိုက်တာဖြစ်နိုင်တယ်ဆိုပြီးမှတ်ချက်ပေးကြတယ်
ဒီ Series မှာ ကိုယ်စိတ်ဝင်စားတာက သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းတွေမဟုတ်ပဲ တဝမ်ရဲ့ဇာတ်ကြောင်းကိုစိတ်ဝင်စားနေတာ သူဟောင်ကောင်ကိုပြန်မသွားခင်ဒဏ်ရာနဲ့အိုင်လာဆီရောက်အောင်အရင်လာတွေ့တာ အဲ့နောက်ကွယ်မှာသူဘာတွေဖြစ်ခဲ့လဲမသိရသေးဘူး
သူ့အဖေရယ်သူ့အစ်ကိုရယ် သူ့အဖေရဲ့မိန်းမရယ်က နောက်ပိုင်းပေါ်လာဦးမှာ အဲ့အခါကျမှ တဝမ်ရဲ့အကြောင်းတွေပေါ်လာဦးမှာ သူက ရွေးချယ်ဖို့သင့်တော်တဲ့သူတစ်ယောက်မဟုတ်ဘူးလို့ပြောတာကလဲ သူ့မှာ နောက်ကွယ်အဆင်မပြေတဲ့အကြောင်းအရာတစ်ခုခုရှိမှာပါ( Just my opinion) ဒီ Series ကမှ တကယ့် Secret ပါပဲ
13/08/2025
ငြင်းလိုက်တာတော့သူပါပဲ သူကိုယ်တိုင်က အနားမှာအသက်နဲ့လဲပြီးစောင့်ရှောက်ချင်တဲ့သူတစ်ယောက်ပါ ဖွင့်ပြောဖို့ခက်ခဲတဲ့နောက်ကွယ်ကအကြောင်းအရင်းတွေကြောင့် နှလုံးသားကိုစတေးခံပြီး ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုရွေးချယ်ခဲ့တယ်
ကိုယ်ချစ်တဲ့သူကိုပြသနာတွေမျှဝေမပေးချင်လို့ အပေါ်ထပ်လေသာဆောင်မှာ တိတ်တဆိတ်ငိုကြွေးတယ် ထုတ်မပြောဘူး ငြင်းလိုက်တာဟာမချစ်လို့မှမဟုတ်ပဲ လက်မှာဒဏ်ရာရစဉ်က စိတ်ပူနေခဲ့တဲ့သူချစ်ရသူကိုငေးကြည့်ရင်း တချိန်က နှုတ်ခမ်းဒဏ်ရာရခဲ့တဲ့သူ့ကို ဆေးလိမ်းပေးခဲ့တဲ့ ကျောင်းသူငယ်လေးကိုသူပြန်မြင်ယောင်နေတယ်ဆိုတာဟာလဲ 8နှစ်တာကာလတစ်ခုလုံးမှာ ထိုမိန်းကလေးကိုတစ်ရက်မှမမေ့ခဲ့ဘူးဆိုတာသက်သေပဲလေ 8နှစ်တာကာလက တော်တော်ကြာတဲ့အချိန်ဆိုပေမဲ့ အချစ်ဦးဆိုတာအချိန်ဘယ်လောက်ကြာကြာ အချစ်ဦးဟာအချစ်ဦးပါပဲ အချစ်စစ်မှန်ရင်မဝေးဘူးတဲ့ သူတို့နှစ်ဦးကရော နီးစပ်မှာလား ဝေးသွားမှာလား လွမ်းမောဖွယ်ရာဆည်းဆာနေဝင်ချိန်ကိုငေးရင်း သူတစ်ခုခုများဆုတောင်းနေမလား သူ့ဆန္ဒလေးက ပြည့်လာမှာလား....... တရားမျှတမှုလေးတော့ရရှိတန်ကောင်းပါရဲ့။
အချစ်လေးတွေ I love you so much LingLing Kwong 🙆🏻🙆🏻🙆🏻🙆🏻🥰😍❤️😘💋
ချစ်မွှေးလေး😘😘😘😘💋💋💋💋
Click here to claim your Sponsored Listing.
Telephone
Website
Address
Monywa