New skiin by Yu Yu
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from New skiin by Yu Yu, Health/Beauty, Yangon.
04/01/2024
🇲🇲 (၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့ 🇲🇲
ယနေ့ ကျရောက်သည့် (၇၆) ကြိမ်မြောက် လွတ်လပ်ရေးနေ့အား FOCUS Beauty မိသားစုမှ ဂုဏ်ပြုကြိုဆိုပါသည်။
04/01/2024
၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့ ညပိုင်းမှာ Live Session နဲ့ ရှင်းပြခဲ့တဲ့ “အရဟံသဒ္ဓိ အကြိမ် ၁၀၀၀၀၀ ရက် (၉၀) “အဓိဌာန်ဖြစ်ပါတယ် ။
စိမ်းရခဲ့တဲ့ channel message အရ အရဟံသဒ္ဓိအကြိမ် (၁၀၀၀၀၀) ကို ရက် ၉၀ နဲ့အဓိဌာန်တင်ပြီး ကုသိုလ်ပြုရမှာ ဖြစ်ပါတယ် ။
အဓိဌာန်ပြုလုပ်ရန် တာလီ ၊ ပုတီး စသည်ဖြင့် မိမိအဆင်ပြေသလိုပြုလုပ်လို့ရပါတယ်။
✨အရဟံသဒ္ဓိ အကြိမ် ၁၀၀၀၀၀ (ရက် ၉၀) အဓိဌာန် ✨
🪷အဓိဌာန်စမယ့်ရက်မှာ သရဏဂုံပူဇော်၊ ငါးပါးသီလခံယူ ၊ ခင်ပွန်ကြီး (၁၀) ပါး ကန်တော့ပြီး အရဟံ သဒ္ဓိကို ရက် (၉၀) အတွင်း အကြိမ်ရေ (၁၀၀၀၀၀) ပြည့်အောင် ပူဇော်မယ့်အကြောင်း အဓိဌာန်တင်ပါ ။
🪷တစ်ရက်လျှင် အရဟံသဒ္ဓိ ၁၁၁၁ ခေါက် x ရက် ၉၀တိတိ နေ့တိုင်းပြုလုပ်ရမှာ ဖြစ်ပါတယ်
(နောက်ဆုံး ရက်တွင် ၁၁၂၁ ခေါက် ပူဇော်ပါ)
🪷ပုတီးဖြင့်စိပ်မည့်သူများ အနေဖြင့် မိမိတို့အသုံးပြုမယ့် ပုတီးအလုံးရေပေါ်မူတည်ပြီး တစ်ရက်ကို ၁၁၁၁ ခေါက် ပြည့်အောင်တွက်၍ စိပ်ပါ ။
🪷ပထမရက်တွင် မြတ်စွာဘုရားရှေ့တွင် အဓိဌာန်တင်ပြီး နောက်ရက်များတွင် မိမိအဆင်ပြေသလို အဆင်ပြေသည့်နေရာတွင် ပူဇော်လို့ရပါတယ် ။
🪷တစ်ရက်အတွင်း ၁၁၁၁ ခေါက်ပြည့်အောင် ပူဇော်ရမှာဖြစ်ပြီး တထိုင်တည်းအပြီး ပူဇော်နိုင်လျှင် ပိုကောင်းပါတယ် ( စိမ်းရဲ့ အတွေ့အကြုံအရ အရဟံ သဒ္ဓိ ၁၁၁၁ ခေါက် ပူဇော်ရန် (၁၀-၁၅) မိနစ်ခန့်သာ ကြာပါတယ်။
🪷မိမိအဆင်ပြေတဲ့နေ့ အဆင်ပြေတဲ့အချိန်တွင် အဓိဌာန်စတင်လို့ရပါတယ် ။
🪷 နေ့စဉ် အရဟံ သဒ္ဓိ ၁၁၁၁ ကြိမ်ရအောင် အာစိန္တကံ ကုသိုလ် မပျက်မကွက် ပြုရပါမယ်။
🪷ရက် (၉၀) အတွင်း အဓိဌာန်ပျက်သွားခဲ့သည်ရှိသော် အစမှ ပြန်စပြီး ပူဇော်ရပါမယ်။
🪷ရက် (၉၀) အဓိဌာန်ပြည့်တဲ့ရက်မှာ မိမိ အဓိဌာန်ကို အမျှပေးပြီး မဟာဗောဓိမြိုင်ဆရာတော် ဘုရားကြီးရဲ့ မေတ္တာခံယူ၍ ကုသိုလ် သစ္စာပြုပြီး လိုရာဆုတောင်းပါ။
🪷ရက် (၉၀) ပြည့်တိုင်း နောက်ထပ် တစ်ကြိမ် အဓိဌာန် တင်ပြီး ထပ်မံပူဇော်လို့ရပါတယ်။
🪷 ရက် (၉၀) ၊ ၁၁၁၁ ကြိမ် ၊ နောက်ဆုံးနေ့ ၁၁၂၁ ကြိမ်ဆိုတာ ဝိဇ္ဇာများ ၊ ဒေဝတာများ၊ သူတော်စင်များက ဓာတ်သဘောနဲ့သင်ပေးထားတာဖြစ်လို့ အဲ့အတိုင်းပြုလုပ်ရင် ပိုပြီး အကျိုးပေးသန်ပါလိမ့်မယ်။
🪷 တစ်ဦးချင်းစီရဲ့ အတိတ်ဘုန်းကံ ၊ ယခုဘဝပစ္စုပ္ပန်ကုသိုလ်၊ သဒ္ဓါတရားပေါ် မူတည်ပြီး အကျိုးပေးကွာနိုင်ပါတယ်။
🪷အဓိဌာန်ပြီးရင် ဘာတွေဖြစ်လာမှာလဲဆိုတာထက် နေ့စဉ်ကောင်းမွန်တဲ့ ကုသိုလ်နဲ့ အကြောင်းတရားဖြည့်နေတယ်ဆိုတဲ့ Energy မျိုးနဲ့ အလုပ်လုပ်တာ အကောင်းဆုံးပါပဲ။
🪷သိဒ္ဓိမြောက်စေတဲ့ အဓိဌာန်ဖြစ်တဲ့အတွက် အဖျက်များနိုင်ပါတယ်။ အောင်မြင်ခြင်း၊ ပြောတိုင်းဖြစ်ခြင်းစတဲ့ မာန်မာနတက်ဖွယ်ရာ အဖျက်များရှိနိုင်သလို ၊ မိမိရဲ့ သီလကို စမ်းသပ်ခြင်း၊ အဓိဌာန်လုပ်နေစဉ်အတွင်း ဆက်မလုပ်ချင်အောင် အနှောင့်အယှက်ဝင်ခြင်းများလည်း ရှိနိုင်ပါတယ်။
🪷အကောင်းလောကဓံ ၊ အဆိုးလောကဓံတွေဘယ်လိုပုံစံနဲ့ပဲလာလာ မိမိတို့ရဲ့ နေ့စဉ်ကုသိုလ်ကို အဓိဌာန်ပြီးမြောက်တဲ့ အထိပြုလုပ်မယ့် သဒ္ဓါတရားဟာ အရေးအကြီးဆုံးပါပဲ ။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး မိန့်ကြားသလိုပဲ အရဟံ သိဒ္ဓိကို အဓိဌာန်နဲ့ ပူဇော်ခြင်းဖြင့်
💫 သိဒ္ဓိ (မိမိရည်ရွယ်သည့်အတိုင်း ပြီးမြောက်အောင်မြင်ခြင်း၊ စိတ်တန်ခိုးစွမ်းအင် မြင့်လာခြင်း)
💫မဟိဒ္ဓိ ( သိဒ္ဓိထက်ပိုမြင့်သော စွမ်းအင်ကြီးလာခြင်း)
💫 ဣဒ္ဓိ (အလိုဆန္ဒတွေပြီးမြောက်ပြည့်စုံစေခြင်း)
စတဲ့ သိဒ္ဓိဓာတ် ၊ မဟိဒ္ဓိဓာတ် ၊ ဣဒ္ဓိဓာတ်တို့ကို အဆင့်ဆင့် ရရှိပိုင်ဆိုင်စေမှာဖြစ်ပါတယ်။
🍀အရဟံသိဒ္ဓိ အကြိမ် (၁၀၀၀၀၀) ရက် (၉၀) အဓိဌာန်ကြီးကို အောင်မြင်သူတိုင်း မိမိတို့ရဲ့ အတိတ်ဝဋ်ကြွေး ကံကြွေး ၊ အကုသိုလ်အကျိုးပေး စတဲ့ အမှောင်ခြမ်းမှ နေ၍ အတိတ်ဘဝရဲ့ ကုသိုလ်ဟိတ်များ၊ ဘုန်းကံသဒ္ဓိများပြန်လည် အကျိုးပေးပြီး ကောင်းမွန်တဲ့သဒ္ဓိဓာတ်များနဲ့ ပြည့်ဝနေတဲ့ အလင်းခြမ်းများကို အရဟံသဒ္ဓိတန်ခိုး၊ မိမိတို့ရဲ့ ကုသိုလ်သစ္စာ တန်ခိုးနဲ့ ပိုင်ဆိုင်နိုင်ကြပါစေ 🍀
🍀ဣစ္ဆိတံ လိုရာပြည့်စုံကြပါစေ 🍀
အရဟံသဒ္ဓိကို အဓိဌာန်ဖြင့်ရွတ်ဖွတ်ပူဇော်ခြင်း (သို့) ပုတီးစိပ်ခြင်းရဲ့ အကျိုးကျေးဇူးကို မိန့်ကြားခဲ့တဲ့ မဟာဗောဒိမြိုင်ဆရာတော်ကြီးကို ရိုသေစွာရှိခိုးကန်တော့ပါတယ် 🙏🙏🙏
မနေ့က စိမ်းရှင်းပြခဲ့တဲ့ Live session လေးကို ကြည့်ရှူလိုပါက- https://fb.watch/pk # # /?
🍀Love , Light & Abundance to you all 🍀
(IAC member ID - 70781)
21/07/2023
𝗖𝗼𝗻𝗴𝗿𝗮𝘁𝘂𝗹𝗮𝘁𝗶𝗼𝗻𝘀 𝗘𝗶 𝗦𝗵𝘄𝗲 𝗭𝗶𝗻 (𝗙𝗕-𝟬𝟮𝟲𝟭𝟭𝟱)
June 2023 Sale မှာ Ketchup Lipstick Monthly Bonus 100 pcs (Super Agent) ဖြင့် iPhone 15 Pro Max (၁) လုံး ကံထူးသွားသူကတော့ 𝐅𝐎𝐂𝐔𝐒 𝐁𝐞𝐚𝐮𝐭𝐲 𝐄𝐱𝐜𝐥𝐮𝐬𝐢𝐯𝐞 𝐀𝐜𝐭𝐢𝐯𝐞 𝐀𝐠𝐞𝐧𝐭 Ei Shwe Zin (FB-026115) ဖြစ်ပါတယ်။
June 2023 Sale အတွက် iPhone 15 Pro Max ကံထူးရှင် မဲနှိုက်ရွေးချယ်တဲ့ Live လေးကို အောက်က Link လေးမှာ ကြည့်လို့ရတယ်နော်
https://www.facebook.com/FocusBeautyHeadOffice/videos/606533238306710
နောက်လတွေမှာရော iPhone 15 Pro Max နောက်ထပ် (၁) လုံး ကံထူးမယ့်သူက 𝐅𝐎𝐂𝐔𝐒 𝐁𝐞𝐚𝐮𝐭𝐲 𝐄𝐱𝐜𝐥𝐮𝐬𝐢𝐯𝐞 𝐀𝐜𝐭𝐢𝐯𝐞 𝐀𝐠𝐞𝐧𝐭 ဘယ်သူများဖြစ်မလဲဆိုတာကိုတော့ Page ကို See First လေး လုပ်ပြီး စောင့်ကြည့်ပေးပါဦးနော်
#𝐅𝐎𝐂𝐔𝐒𝐁𝐞𝐚𝐮𝐭𝐲
#𝐢𝐏𝐡𝐨𝐧𝐞𝟏𝟓𝐏𝐫𝐨𝐌𝐚𝐱
#𝐄𝐱𝐜𝐥𝐮𝐬𝐢𝐯𝐞𝐀𝐜𝐭𝐢𝐯𝐞𝐀𝐠𝐞𝐧𝐭𝟐𝟎𝟐𝟑
04/02/2023
FOCUS Beauty မှ ထုတ်လုပ်တင်သွင်းဖြန့်ချီသော New Skiin Brightening Exfoliation Toner (50 ml) သည် မြန်မာနိုင်ငံ FDA မှ FDA No. MNA2301011289 ဖြင့် စစ်ဆေးခွင့်ပြုချက်ရရှိပြီးဖြစ်သောကြောင့် စိတ်ချယုံကြည်စွာ အသုံးပြု နိုင်ပါသည်။
Made in Korea 🇰🇷
New Skiin Brightening Exfoliation Toner (50ml) တစ်ဘူး - 10,000 Kyats
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
16/07/2023