Cheery Nwe Online shop

Cheery Nwe Online shop

Share

လူလွတ်

22/12/2024

နာကျင်ခဲ့ပြီးပါပြီ၊

20/03/2023

အရွယ်တစ်ခု ရောက်လာတော့
လူတွေရဲ့ စကားတွေထက်
အပြုအမူတွေကိုပဲ သတိထားကြည့်မိတော့တယ်...

တချို့တွေက အပြောချိုပေမယ့်
ရင်ထဲက တကယ်မပါပဲ
အပေါ်ယံ နှုတ်ဖျားတင်ချိုကြတာမျိုး...
တချို့ကတော့ အပြောမချိုပေမဲ့
အပြုအမူတွေ ကြည့်ရုံနဲ့တင်
ရင်ထဲကလာတဲ့ စိတ်ရင်း ဟုတ် မဟုတ်
မြင်ရုံနဲ့တင် သိသာပါတယ်...

ဒီနှစ်တွေမှာ ကိုယ်တိုင်လည်း
အပေါ်ယံ ဟန်ဆောင် မနေချင်သလို
ဟန်ဆောင်နေတဲ့ သူတွေနားလည်း မနေချင်ဘူး...
ဒါဟာ ကိုယ့်စိတ်ကို ကျဉ်းကျပ်စေတယ်...
သကာလောင်းထားတဲ့ ဟန်ဆောင်ခြင်းတွေကြားက
မွန်းကြပ်နေမှုမျိုးလိုပဲ...

လူတွေကြားထဲ နေနေသရွေ့တော့
အနည်းအများ ဟန်ကိုယ့်ဖို့ လုပ်ရတာတွေရှိပေမဲ့
အချိန်တော်တော်များများမှာတော့
ကိုယ့်စိတ်ရင်းတိုင်းပဲ နေထိုင်ပါတယ်....
အဲ့လိုနေထိုင်ကြည့်တော့မှ
တကယ့်အစစ်အမှန်ကို သိရတာပဲ...
ကိုယ့်အနားက အဝန်းအဝိုင်းလေး
သေးလာလေလေ တကယ့်လူ့တန်ဖိုးသိရလေပဲ...

ကိုယ့်အတွက်တော့ ဘဝကြီးမှာ ရှင်သန်နေထိုင်ဖို့
လူအများကြီးနား ရှိစရာမလိုပါဘူး...
စစ်မှန်တဲ့ လူတစ်ယောက်ပဲ အနားရှိရင်တောင်
လုံလောက်ပြီး လွတ်လပ်ပေါ့ပါး
နေပျော်တဲ့ ဘဝဖြစ်နေမှာပဲ...

အရေအတွက်(Quantity) ထက်
အရည်အသွေး (Quality) က
ပိုအရေးကြီးတယ်ဆိုတာ ဆင်ခြင်မိစေတာပါပဲ...

Category

Telephone

Website

Address


Yangon

Alerts

Be the first to know and let us send you an email when Cheery Nwe Online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.