Beauty & The Bebee

Beauty & The Bebee

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Beauty & The Bebee, Beauty, cosmetic & personal care, Bogyoke Road, Yangon.

Photos from Beauty & The Bebee's post 24/10/2023

မမေးနဲ့ ဝယ်ချ …. 🌝

မင်မင်တို့ဆို …. လှလွန်းလို့ တရောင်တရံစီယူထားကြတာ ….

ရှယ်လှ ရှယ်မိုက်နော် ….. ရောက်ထဲက ပုံတောင်မတင်ရသေး ….
ဆိုင်မှာ ရောင်းနေရတာ လက်မလည်ဘူး ….

ဈေးလေးက ၂၅၀၀၀ အတိပဲ …..

မင်မင်က ပျော်လွန်းလို့ လက်ဆောင်ပါ ထည့်ပေးဦးမှာ

တရံဝယ်ရင် ခြေအိတ် တစုံ လက်ဆောင်ကွာ 😉😉

Photos from Beauty & The Bebee's post 18/10/2023

Fashion Queen တို့ရေ .......
ထသွားထလာ စီးမလား 👟
Shopping ထွက်ရင်းစီးမလား ......👟
သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါ မိမိမိုက်မိုက်လေး ဖြစ်နေအောင် စီးမလား ...👟
Date တဲ့အချိန် ချစ်စရာလေးဖြစ်နေအောင်စီးမလား .....👟

ဈေးတန်တန်လေးနဲ့ ထပ်လဲစီးလို့ရမဲ့ Shoe လေး .....

Size_35 to 39
Price_23,500 Ks
page Messenger မှ ဆက်သွယ်ဝယ်ယူနိုင်သလို
Ph: 09-771503310 (Viber) ကိုဆက်သွယ်မှာယူနိုင်ပါတယ်နော် ......

24/07/2023

🌙 "ပြီးပြည့်စုံတဲ့ အိပ်စက်ခြင်း" ရယ်လို့ ဆိုလိုက်ရင် လူတော်တော်များများက အိပ်ချိန်ဘယ်လောက်ရလဲ ဆိုတာလောက်ကိုပဲ အာရုံစိုက်ကြပါတယ်။ တကယ်တော့ အိပ်စက်ချိန် ပြည့်ဝဖို့က မဖြစ်မနေ လိုအပ်တယ်ဆိုပေမယ့်လည်း ဒါက လုံလောက်တဲ့ အဖြေတော့ မဟုတ်သေးပါဘူး။

𝐒𝐥𝐞𝐞𝐩 𝐐𝐮𝐚𝐥𝐢𝐭𝐲 ပြည့်ဝပြီး 𝐒𝐥𝐞𝐞𝐩 𝐒𝐭𝐚𝐠𝐞 တစ်ခုချင်းစီမှာ အပြည့်အဝ အိပ်စက်နိုင်မယ်ဆိုမှသာ ပြီးပြည့်စုံတဲ့ အိပ်စက်ခြင်းလို့ ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ 𝐒𝐥𝐞𝐞𝐩 𝐒𝐭𝐚𝐠𝐞 တွေရဲ့ အရေးပါပုံကို ဗဟုသုတအနေနဲ့ ဝေမျှပေးချင်ပါတယ်။ 🤗

𝐒𝐥𝐞𝐞𝐩 𝐒𝐭𝐚𝐠𝐞 တစ်ခုချင်းစီဟာ နိုးထလာတဲ့အခါမှာ လန်းဆန်းပြီး အားအင်ပြည့်ဝနေစေဖို့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဒါ့အပြင် 𝐒𝐥𝐞𝐞𝐩 𝐒𝐭𝐚𝐠𝐞 ကို လုံလောက်စွာ ရရှိနိုင်မယ်ဆိုရင် အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေကနေလည်း ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။ ☘️

⏰ 𝐒𝐥𝐞𝐞𝐩 𝐒𝐭𝐚𝐠𝐞 တွေက တစ်ခုနဲ့တစ်ခု ကြာချိန်မတူကြပါဘူး။ ဒါက လူတစ်ယောက်နဲ့ တစ်ယောက်မတူနိုင်သလို၊ တစ်ယောက်တည်းမှာတောင် တစ်ညနဲ့တစ်ည ကြာချိန်မတူနိုင်ပါဘူး။ အဓိကကတော့ အသက်အရွယ် ကွာခြားမှု၊ တစ်နေ့တာ အိပ်စက်ထားမှု၊ 𝐀𝐥𝐜𝐨𝐡𝐨𝐥 သောက်သုံးထားမှုတွေပေါ်မှာ မူတည်ပြီး ကွဲပြားပါတယ်။

ဒီ 𝐒𝐭𝐚𝐠𝐞 ‌တွေက လူတစ်ယောက် အိပ်စက်နေချိန်မှာ ဖြစ်ပေါ်နေတဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေပေါ်မှာ အခြေခံပြီး ဆန်းစစ်ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။

✅ 𝐒𝐭𝐚𝐠𝐞 𝟏

ဒီ 𝐒𝐭𝐚𝐠𝐞 ကိုတော့ 𝐍𝟏 လို့ခေါ်ပြီး ဒီအဆင့်ကို လူတစ်ယောက် ပထမဆုံး အိပ်မောကျသွားတဲ့အချိန်ကစပြီး သတ်မှတ်ပါတယ်။ ဒီအဆင့်မှာဆိုရင် ခန္ဓာကိုယ်က ၁၀၀ ရာခိုင်နှုန်း 𝐑𝐞𝐥𝐚𝐱 ဖြစ်မသွားသေးပါဘူး။ ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေက တဖြည်းဖြည်း နှေးလာတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ဒီ 𝐒𝐭𝐚𝐠𝐞 မှာ လူတစ်ယောက်က အလျင်အမြန် ပြန်နိုးသွားဖို့ လွယ်ကူပြီး တကယ်လို့ အနှောင့်အယှက် မရှိဘူးဆိုရင်တော့ 𝐒𝐭𝐚𝐠𝐞 𝟐 ကို ရောက်သွားမှာ ဖြစ်ပါတယ်။ လူတစ်ယောက်က တစ်ညလုံး အိပ်စက်ရာမှာ ဖြစ်ပေါ်နေမယ့် 𝐒𝐥𝐞𝐞𝐩 𝐂𝐲𝐜𝐥𝐞 မှာ ဒီ 𝐒𝐭𝐚𝐠𝐞 𝟏 တွေက အတိုဆုံး ဖြစ်ပြီး ယေဘုယျအားဖြင့် (၇) မိနစ်ကနေ (၁၀) မိနစ်လောက်အထိပဲ ကြာပါတယ်။

✅ 𝐒𝐭𝐚𝐠𝐞 𝟐

ဒီ 𝐒𝐭𝐚𝐠𝐞 ကိုတော့ 𝐍𝟐 လို့ခေါ်ပြီး ဒီ 𝐒𝐭𝐚𝐠𝐞 မှာ ခန္ဓာကိုယ် အပူချိန်ကျဆင်းလာတာ၊ ကြွက်သားတွေ ပြေလျော့လာတာ၊ အသက်ရှူနှေးလာတာ၊ နှလုံးခုန်နှုန်းနှေးလာတာတွေ ဖြစ်လာပါတယ်။ တစ်ချိန်တည်းမှာ မျက်လုံးရဲ့ လှုပ်ရှားမှုကလည်း ရပ်သွားပါတယ်။ ဒီအဆင့်မှာဆိုရင်လည်း ပြင်ပ လှုံ့ဆော်မှုတစ်ခုခုကြောင့် အလွယ်တကူ နိုးလာနိုင်ပါသေးတယ်။ ဒီ 𝐒𝐭𝐚𝐠𝐞 ကတော့ ပျမ်းမျှ (၁၀) မိနစ်ကနေ (၂၅) မိနစ်အထိ ကြာပါတယ်။ ဒီ 𝐍𝟐 𝐒𝐭𝐚𝐠𝐞 ကတော့ တစ်ညလုံး 𝐒𝐥𝐞𝐞𝐩 𝐂𝐲𝐜𝐥𝐞 လည်ပတ်နေသရွေ့ ကြာချိန်ပိုလာပြီး လူတစ်ယောက်ရဲ့ ညအိပ်ချိန် တစ်၀က်လောက်နီးပါးက ဒီ 𝐍𝟐 𝐒𝐭𝐚𝐠𝐞 မှာ ရှိနေပါတယ်။

✅ 𝐒𝐭𝐚𝐠𝐞 𝟑

ဒီ 𝐒𝐭𝐚𝐠𝐞 ကိုတော့ 𝐍𝟑 လို့ခေါ်ပြီး ဒီအဆင့်မှာတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီ ဖြစ်ပါတယ်။ ဒီအဆင့်မှာ‌ဆိုရင်တော့ တော်တော်နဲ့ နှိုးဖို့ မလွယ်တော့ပါဘူး။ ကြွက်သားလှုပ်ရှားမှု၊ သွေးခုန်နှုန်း၊ အသက်ရှုနှုန်း စတာတွေကလည်း ဒီအဆင့်မှာ ပိုပြီး နှေးကွေး ပြေလျော့လာပါတယ်။
သုတေသီတွေရဲ့ လေ့လာချက်အရ ဒီ 𝐒𝐭𝐚𝐠𝐞 ဟာ 𝐒𝐥𝐞𝐞𝐩 𝐂𝐲𝐜𝐥𝐞 တစ်ခုလုံးမှာ အရေးအကြီးဆုံး ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှု၊ ကိုယ်ခံအားစနစ်ကို တိုးမြှင့်မှုနဲ့ အခြားသော ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေဟာ ဒီ 𝐒𝐭𝐚𝐠𝐞 မှာ ဖြစ်ကြတာ ဖြစ်ပါတယ်။ ဒီ 𝐒𝐭𝐚𝐠𝐞 မှာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေက နှေးကွေးသွားတယ် ဆိုပေမယ့်လည်း နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ ဒီ 𝐒𝐭𝐚𝐠𝐞 မှာ အချိန်လုံလောက်စွာ အိပ်စက်နိုင်မယ်ဆိုရင် ဦးနှောက်ကို တီထွင်ဖန်တီးနိုင်စွမ်းကောင်းမွန်စေပြီး မှတ်ဉာဏ်ကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။ ဒီ 𝐍𝟑 𝐒𝐭𝐚𝐠𝐞 ကတော့ မိနစ် (၂၀) ကနေ (၄၀) အထိ ကြာနိုင်ပါတယ်။

🔰 ဒီ 𝐒𝐥𝐞𝐞𝐩 𝐬𝐭𝐚𝐠𝐞𝐬 တွေဟာ လူတွေရဲ့ ခန္ဓာကိုယ်အတွက် အရမ်းကို အရေးကြီးပါတယ်။ တကယ်လို့သာ လူတစ်ယောက်ဟာ တစ်ညတာမှာ နှစ်ခြိုက်စွာ အိပ်မပျော်ဘူး၊ 𝐒𝐥𝐞𝐞𝐩 𝐂𝐲𝐜𝐥𝐞 တွေက အပြည့်အဝ လည်ပတ်မနေဘူး၊ တစ်နည်းအားဖြင့် 𝐒𝐭𝐚𝐠𝐞 တစ်ခုချင်းစီမှာ အိပ်ချိန်မပြည့်ဝနေဘူးဆိုရင် စိတ်ခံစားလွယ်လာတာမျိုးတွေ ဖြစ်လာတတ်ပြီး ခန္ဓာကိုယ်ရုပ်ပိုင်း‌ဆိုင်ရာမှာလည်း ထိခိုက်လာနိုင်ပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်ပိုင်းဆိုင်ရာတွေမှာလည်း ထိခိုက်လာနိုင်ပါတယ်။

‼️ဒါကြောင့် ပြီးပြည့်စုံစွာ အိပ်စက်နိုင်ဖို့က အလွန်အင်မတန်ကို အရေးကြီးတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း 𝐊𝐚𝐢𝐝𝐨 ကနေ လူတိုင်း ပြီးပြည့်စုံသော အိပ်စက်ခြင်းကို ရရှိစေဖို့ 𝐇𝐚𝐫𝐦𝐨𝐧𝐲 ကို ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

𝐊𝐚𝐢𝐝𝐨 ရဲ့ 𝐇𝐚𝐫𝐦𝐨𝐧𝐲 ဆိုတာကို အဓိက အချက် (၄) ချက်နဲ့ ပြောရမယ်ဆိုရင်တော့ -

🧡စိတ်ဖိစီးတွေကို ဖြေလျော့ပေးတဲ့ လိမ်းဆေး
🧡နှစ်ခြိုက်စွာအပြည့်အဝ အနားရစေတဲ့ လိမ်းဆေး
🧡နောက်တနေ့မနက်ကို လန်းလန်းဆန်းဆန်း ထနိုင်စေတဲ့‌ လိမ်းဆေး
🧡ရေရှည်စွဲသောက်ရသော အိပ်ဆေးတွေလို ဦးနှောက်ကို မထိခိုက်စေတဲ့အပြင် အပြည့်အဝ အနားရစေတဲ့ လိမ်းဆေးပါ။

ဒါကြောင့် စိတ်ရှုပ်ထွေး၊စိတ်ဖိစီးချိန်တိုင်း 𝐇𝐚𝐫𝐦𝐨𝐧𝐲 လိမ်းဆေးကို လက်ဖဝါးထဲထည့်၍ ပွတ်ရှုပါ။ လည်ပင်းတဝိုက်ကိုလိမ်းပေးခြင်းဖြင့် နှစ်ချိုက်စွာအနားရပြီး ကောင်းမွန်သော အိပ်စက်ခြင်းကိုပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။ 😴😴

အားလုံးပဲ ပြီးပြည့်စုံသော အိပ်စက်ခြင်းများကို ညစဉ်ညတိုင်း ရရှိပိုင်‌ဆိုင်နိုင်ကြပါစေ။ 🛌

Harmony 110 ml - 11700
Harmony 13 ml ( mini roller ) - 3300

22/03/2023

🐉Kaido ဆိုတာ ဘာလည်း?

Kaido Medicated Oil သည် သဘာဝဆေးဖက်ဝင်အပင်များကိုအချိုးကျ ဖော်စပ်ထားသော ‌လိမ်းဆေးပါ

❌🚫လိမ်းဆေးအများစုမှာထည့်သွင်းအသုံးပြုတတ်သော ပရုတ်ပူ/ ပရုတ်အေး မင်းကြီးလေးပါး Steroids အစရှိသည်တို့ကိုအသုံးပြုဖော်စပ်ထားခြင်း အလျင်းမရှိသော လိမ်းဆေးပါ..

🚫❌ထိုကြောင့် ပူခြင်း စပ်ခြင်း အသားလောင်ခြင်း မီးယပ်ချမ်းထသကဲ့သို့ ချမ်းတက်လာခြင်း အလျင်းမရှပါ..

🌿🍃ဒါ့အပြင် မုန့်ညှင်းဆီကို သဘာဝရိုးရာနည်းဖြင့် အနံ့သတ်ထားပြီး Essential oils များနှင့်ပေါင်းစပ်ထုတ်လုပ်ထားသောကြောင့်

စိတ်ရော ကိုယ်ပါ အပြည့်အဝအနားရစေပြီး နှစ်ချိုက်စွာအိပ်‌ပျော်စေပါတယ်.. 🧘

🐉ဆိုဒ်အရွယ်အစား နှင့်ဈေးနှုန်းဘယ်လိုရှိလည်း?

Family Size 550ML - 32000/- ကျပ်
Original 110ml -7500/- ကျပ်
Mini Roller 13ml -2100/- ကျပ်

15/02/2022

Kaido လိမ်းဆေးဆီ မှာပါ၀င်တဲ့
Eucalyptus Essential Oil
Rosemary Essential Oil တွေက Virus ပိုးတွေ ကို သေစေနိုင်သည့် အပြင်

သစ်ကြားပိုးခေါက် essential oil က လူရဲ့ ခုခံအားစနစ်ကို ပါမြင့်တက်စေလို့

ယခု ကာလအတွင်း ရင်ဘက် ၊ နှာခေါင်း ၊ငယ်ထိပ် ကို ပုံမှန်လူးပေးဖို့ အကြံပြုပါရစေ..

လည်ချောင်းအရမ်းနာနေလျင်
‌Kaidoဆီ အနည်းငယ်ကို ရေနွေးနဲ့ ရောမွေပြီး အားလုတ်ကျင်းပေးချင်းဖြင့် သက်သာစေနိုင်ပါသည်

110ml -6900 kyats

24/01/2022

ရှင်သန်နေတဲ့ အခိုက်အတန့်တွေ ကို ကျန်းကျန်းမာမာနှင့် တန်ဖိုးရှိစွာဖြတ်သန်းနိုင်စေရန် အိမ်တိုင်းမှာ KAIDO လိမ်းဆေးအဆီဆောင်ထားဖို့တော့လိုပါပြီ 🐉Kaido လိမ်းဆေးအဆီမှာ ဖျားနာ ကိုက်ခဲခြင်း ၊ နှာစေး နှာပိတ်ခြင်း ချွဲကျပ် ခြင်းအစရှိသည်တို့ကို ကုသ‌‌ပေးနိုင်သည့်အပြင် အသက်ရှု မ၀ခြင်း ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာကို ကုသပေးနိုင်သည် အထူးကုပါရဂူဖြစ်တဲ့ ယူကလစ်ဆီ Eucalyptus Essential Oil စိတ်ဖိစီး တင်းကျပ်‌‌နေခြင်း ၊ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်‌ နေခြင်း အစရှိသည်တို့ကို သက်သာ‌လျှော့ကျစေပြီး မိမိကိုယ်ကိုယ် ယုံကြည်မူ အပြည့်ပြန်လည် ရရှိနိုင်ရန်အတွက် လိမ္မော်ဆီ Orange Essential Oil ကိုယ်ခံ အားကောင်းစေတဲ့ သစ်ကြံပိုးခေါက်ဆီ Cinnamon Essential Oil အရိုး အဆစ် အားကောင်းစေပြီး ကြွက်သား နာကျင်မှုကို လျှော့ချနိုင်သည့်အပြင် ရင်ပြည့်ရင်ကယ် ၊ လေထိုး လေအောင့် သက်သာ ပျောက်ကင်း နိုင်ပြီး ကင်ဆာကုသရေးမှာ အရေးပါလွန်းတဲ့ လေးညှင်းပွင့်ဆီ Clove Essential Oil မှတ်ဥာဏ်တိုး‌စေပြီး အာရုံစူးစိုက်မှု အားကောင်းစေတဲ့အပြင် ပလိပ်ရောဂါပိုးကိုတိုက်ဖျက်နိုင်ခဲ့လို့ နတ်ဆေးပင်လို့ တင်စား ခေါ်ခံရတဲ့ ရိုစ်မယ်ရီ Rosemary essential oil Oil of empowerment လို့ မှတ်ယူရလောက်အောင် ကိုယ် စိတ် ပင်ပန်းနွမ်းနယ်ခြင်း လေးလံထိုင်းမှိုင်း‌ နေခြင်းကို အကောင်းဆုံး ပြန်လည်အားဖြည့်ပေးနိုင်သည်အပြင် ဘက်တီရီးယား ဗိုင်းရပ် ပိိုးမွှား‌တွေကို သေစေသည့် ဂျင်းဆီ Ginger Essential Oil သွေးလည်ပတ်မှုအား‌ကောင်းစေရုံသာမက ကိုယ်တွင်းအနွေးဓါတ်ကို ထိန်းသိမိ မုန်ညင်းဆီ medicated mustard Oil အစရှိသည့် အစွမ်းထက်လှသော သဘာ၀ရုက္ခဗေဒအဆီများကို အချိုးကျဖော်စပ်ထုတ်လုပ်ထားသောကြောင့် စိတ်တင်းကျပ်ခြင်း ၊ စိတ်မကြည်မလင်ခြင်း ၊ ပူပန်ကြောင့်ကြစိတ် အစရှိသည်တို့်ကို‌‌ လျှော့ကျစေပြီး စိတ်ခံစားမှုကို တည်ငြိမ်စေပါသည် ။ ထို့အပြင် ကိုယ်ခံအားစနစ် ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ စနစ် ၊ အစာချေဖျက်မှုစနစ် နှင့် သွေးလည်ပတ်မူများ ပိုမိုကောင်းမွန်ရန် ထောက်ပံ့အားပေးသည် ။ ထို့ကြောင့် ရာသီတုပ်ကွေး ၊ အအေးပတ်ဖျားနာ၊ နှာစီးချောင်းဆိုး ၊ခေါင်းမူးခေါင်းကိုက်ခြင်းနှင့် ခြေအေး၀မ်းရောင်ခြင်းများအတွက် သုံးစွဲနိုင်သည့်အတွက် အိမ်‌တိုင်းဆောင်ထားသင့်သည့် လိမ်းဆေးတလက်ဖြစ်ပါသည်။ ***အိပ်ရာမ၀င်မှီ ခေါင်း၊ လည်ပင်း၊ ပုခုံး၊ ကျောရင်ဘက်၊ လက်ဖဝါး နှင့် ခြေဖဝါး အစရှိသည့်နေရာများကို စိမ့်၀င်အောင် နှိပ်နယ်ပေးခြင်းဖြင့် နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်စေပါသည်။ *** ကြာရှည်ခံဆေးလုံး၀(လုံး၀)ပါ၀င်ခြင်းမရှိပါ။ ကျန်းမာခြင်းသည် လာဘ်တပါးပါ။
6900/- ကျပ် ကျသင့်ပြီး တိုက်ရိုက်မှာယူရန်
ဖုန်း 09771503310 ထံသို့ ဆက်သွယ်မှာယူနိုင်ပါသည်

29/11/2020

“မြိုင်မြိုင်ဆိုင်ဆိုင် ၊ မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်”

စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း နှင့်အတူ ရောဂါဘယ ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့် 🙏🙏🙏


&_The_Bebee

Photos from Beauty & The Bebee's post 27/11/2020

💥⚫️⚫️ Black Friday Sales ⚫️⚫️💥

Lokai Bracelet website က တနှစ်လုံးမှာ ဒီလိုအချိန်မှသာ တကြိမ်ပဲ ဈေးချပေးတာ .... ဒါကြောင့် ဈေးတန်တန်လေး ဝယ်ရအောင် ... ရောင်းပေးမယ်နော်

Core_Bracelets
=============
❌❌ မူရင်းဈေး - 44,500 ကျပ် ❌❌

✅✅ လျော့ဈေး - 35,500 ကျပ် ✅✅

နောက်ဆုံးမှာ Size Chart လေးပါလို့ ကိုယ်လိုချင်တဲ့ Size လေးကို သေချာရွေးလို့ရပါတယ်နော်

✔️29 Nov( 12:00 PM ) မှာ Order ပိတ်ပါမယ်နော်
✔️ Waiting Time - December Second Week ရောက်ပါမယ်
✔️ US Direct 🇺🇸
✔️ From Official Website

❌❌ အတုလုံးဝ ( လုံးဝ ) မဟုတ်ကြောင်း အာမခံပါတယ် ❌❌





&_The_Bebee

Photos from Beauty & The Bebee's post 27/11/2020

💥⚫️⚫️ Black Friday Sales ⚫️⚫️💥

Lokai Bracelet website က တနှစ်လုံးမှာ ဒီလိုအချိန်မှသာ တကြိမ်ပဲ ဈေးချပေးတာ .... ဒါကြောင့် ဈေးတန်တန်လေး ဝယ်ရအောင် ... ရောင်းပေးမယ်နော်

Cause Collection
=============
❌❌ မူရင်းဈေး - 44,500 ကျပ် ❌❌

✅✅ လျော့ဈေး - 35,500 ကျပ် ✅✅

နောက်ဆုံးမှာ Size Chart လေးပါလို့ ကိုယ်လိုချင်တဲ့ Size လေးကို သေချာရွေးလို့ရပါတယ်နော်

✔️29 Nov( 12:00 PM ) မှာ Order ပိတ်ပါမယ်နော်
✔️ Waiting Time - December Second Week ရောက်ပါမယ်
✔️ US Direct 🇺🇸
✔️ From Official Website

❌❌ အတုလုံးဝ ( လုံးဝ ) မဟုတ်ကြောင်း အာမခံပါတယ် ❌❌





&_The_Bebee

Photos from Beauty & The Bebee's post 27/11/2020

💥⚫️⚫️ Black Friday Sales ⚫️⚫️💥

Lokai Bracelet website က တနှစ်လုံးမှာ ဒီလိုအချိန်မှသာ တကြိမ်ပဲ ဈေးချပေးတာ .... ဒါကြောင့် ဈေးတန်တန်လေး ဝယ်ရအောင် ... ရောင်းပေးမယ်နော်

LOKAI LAB
=========
❌❌ မူရင်းဈေး - 44,500 ကျပ် ❌❌

✅✅ လျော့ဈေး - 35,500 ကျပ် ✅✅

နောက်ဆုံးမှာ Size Chart လေးပါလို့ ကိုယ်လိုချင်တဲ့ Size လေးကို သေချာရွေးလို့ရပါတယ်နော်

✔️29 Nov( 12:00 PM ) မှာ Order ပိတ်ပါမယ်နော်
✔️ Waiting Time - December Second Week ရောက်ပါမယ်
✔️ US Direct 🇺🇸
✔️ From Official Website

❌❌ အတုလုံးဝ ( လုံးဝ ) မဟုတ်ကြောင်း အာမခံပါတယ် ❌❌





&_The_Bebee

Photos from Beauty & The Bebee's post 27/11/2020

💥⚫️⚫️ Black Friday Sales ⚫️⚫️💥

Lokai Bracelet website က တနှစ်လုံးမှာ ဒီလိုအချိန်မှသာ တကြိမ်ပဲ ဈေးချပေးတာ .... ဒါကြောင့် ဈေးတန်တန်လေး ဝယ်ရအောင် ... ရောင်းပေးမယ်နော်

Equality Collection
=============
❌❌ မူရင်းဈေး - 44,500 ကျပ် ❌❌

✅✅ လျော့ဈေး - 35,500 ကျပ် ✅✅

နောက်ဆုံးမှာ Size Chart လေးပါလို့ ကိုယ်လိုချင်တဲ့ Size လေးကို သေချာရွေးလို့ရပါတယ်နော်

✔️29 Nov( 12:00 PM ) မှာ Order ပိတ်ပါမယ်နော်
✔️ Waiting Time - December Second Week ရောက်ပါမယ်
✔️ US Direct 🇺🇸
✔️ From Official Website

❌❌ အတုလုံးဝ ( လုံးဝ ) မဟုတ်ကြောင်း အာမခံပါတယ် ❌❌





&_The_Bebee

Photos from Beauty & The Bebee's post 27/11/2020

ကိုယ့်ရာသီခွင်အလိုက် ဝတ်ဆင်ချင်တဲ့ ချစ်တို့အတွက်
Zodiac Collection လေးရှိပါတယ် ။

ကိုယ်က ဘယ်ရာသီခွင်လဲ ဆိုတာ သိဖို့ နောက်ဆုံးမှာ ပုံလေး ထည့်ပေးထားပါတယ်နော် 🥰🥰

💥⚫️⚫️ Black Friday Sales ⚫️⚫️💥

Lokai Bracelet website က တနှစ်လုံးမှာ ဒီလိုအချိန်မှသာ တကြိမ်ပဲ ဈေးချပေးတာ .... ဒါကြောင့် ဈေးတန်တန်လေး ဝယ်ရအောင် ... ရောင်းပေးမယ်နော်

Zodiac Collection
=============
❌❌ မူရင်းဈေး - 44,500ကျပ် ❌❌

✅✅ လျော့ဈေး - 35,500 ကျပ် ✅✅

နောက်ဆုံးမှာ Size Chart လေးပါလို့ ကိုယ်လိုချင်တဲ့ Size လေးကို သေချာရွေးလို့ရပါတယ်နော်

✔️29 Nov( 12:00 PM ) မှာ Order ပိတ်ပါမယ်နော်
✔️ Waiting Time - December Second Week ရောက်ပါမယ်
✔️ US Direct 🇺🇸
✔️ From Official Website

❌❌ အတုလုံးဝ ( လုံးဝ ) မဟုတ်ကြောင်း အာမခံပါတယ် ❌❌





&_The_Bebee

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Bogyoke Road
Yangon
11161,11162