Jelly Mask Myanmar LANOS-Yangon OS

Jelly Mask Myanmar LANOS-Yangon OS

Share

ကြည်လင်၀င်းပတဲ့မျက်နှာလေးပိုင်ဆို?

Photos from Jelly Mask Myanmar LANOS-Yangon OS's post 23/05/2022

#မျောက်ကျောက်ရောဂါ

အဓိကအချက်များ
• မျောက်ကျောက်ရောဂါဆိုတာ မျောက်ကျောက်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာတာပါ။

• အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းရှိ အပူပိုင်းမိုးသစ်တောများမှာ အစပထမ တွေ့ရှိခဲ့တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

• မျောက်ကျောက်ရောဂါဟာ ဖျားခြင်း၊ အနီစက်များထွက်ခြင်းနှင့် ပြန်ရည်အိတ်များ(lymph nodes) များရောင်ရမ်းခြင်း စသည်တို့ တွေ့ရှိရပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်ပါတယ်။

• မျောက်ကျောက်ရောဂါလက္ခဏာများဟာ (၂) ပတ်မှ (၄) ပတ်အထိ ကြာမြင့်နိုင်သည့် ရောဂါတစ်မျိုးဖြစ်ပါတယ်။ သေဆုံးနှုန်းဟာ (၃) ရာခိုင်နှုန်းမှ (၆) ရာခိုင်နှုန်းအထိ ဖြစ်ပါတယ်။

• ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် တိရစ္ဆာန်/ ကူးစက်ခံထားရသူနှင့် ထိတွေ့ခြင်း၊ ဗိုင်းရပ်စ်ရှိနေသော အရာဝတ္ထုပစ္စည်းများကို ထိတွေ့ကိုင်တွယ်မိခြင်း တို့မှတဆင့် လူကို ကူးစက်နိုင်ပါတယ်။

• မျောက်ကျောက်ရောဂါဟာ ရောဂါပိုးရှိသူ၏ အနာပြည်၊ အရည်ကြည်များမှတဆင့် သို့မဟုတ် ရောဂါပိုးရှိသူအသုံးပြုထားသည့် အိပ်ရာခင်းကဲ့သို့ ပစ္စည်းများမှတဆင့် ကူးစက်နိုင်ပါတယ်။

• (၁၉၈၀) ခန့်က ကမ္ဘာတစ်ဝန်းမှာ လုံးဝအမြစ်ပြတ် ရှင်းလင်းသွားပြီဖြစ်သည့် orthopox virus နှင့် ဆက်စပ်နေသည့် ရောဂါတစ်မျိုး ဖြစ်ပါတယ်။

• ထိုရောဂါကို အမြစ်ဖျက်ချေမှုန်းရာတွင် အသုံးပြုထားသည့် ကာကွယ်ဆေးများဟာ မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်ပါတယ်။
မျောက်ကျောက်ရောဂါ အတွက် ကာကွယ်ဆေးအသစ်များလည်း လုပ်ဆောင်နေကြပါတယ်။

• မျောက်ကျောက်ရောဂါကုသမှုများလည်း တရားဝင်ခွင့်ပြုချက် ရရှိပြီးသား ဖြစ်ပါတယ်။

#မျောက်ကျောက်ရောဂါပေါ်ပေါက်ခြင်း_ဖြစ်ပွားခြင်း

မျောက်ကျောက်ရောဂါဟာ (၁၉၇၀) ခန့်က ကွန်ဂိုနိုင်ငံမှာ အသက် (၉) နှစ်အရွယ်ကလေးငယ်လေးမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုအချိန်ကတည်းက ကျေးလက်ဒေသများ၊ ကွန်ဂိုမိုးသစ်တောဒေသများနှင့် အာဖရိကအနောက်နှင့်အလယ်ပိုင်းဒေသများမှာ တဖြည်းဖြည်း တွေ့ရှိလာတာ ဖြစ်ပါတယ်။

(၂၀၁၇) ခုနှစ်မှာ နိုင်ဂျီးရီးယားမှာ ကူးစက်မှုသံသယရှိသူ (၅၀၀) ကျော်နှင့် ကူးစက်ခံရသူ (၂၀၀) ကျော် ရှိခဲ့ပါတယ်။ ယနေ့အချိန်အထိ သေဆုံးနှုန်း (၃) ရာခိုင်နှုန်း ရှိပါတယ်။

မျောက်ကျောက်ရောဂါဟာ (၂၀၁၈) ခုနှစ်မှာ နိုင်ဂျီးရီးယားခရီးသွားများမှ အစ္စရေးကို ကူးစက်ခဲ့ပြီး၊ အင်္ဂလန်နိုင်ငံမှာလည်း ကူးစက်မှုများ ကြုံတွေ့ခဲ့ရပါတယ်။ (၂၀၁၉) ဒီဇင်ဘာ၊ (၂၀၂၁) မေနှင့် (၂၀၂၂) မေလတို့တွင် အင်္ဂလန်မှာ ကူးစက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး (၂၀၁၉) ခုနှစ် မေလတွင် စင်္ကာပူနိုင်ငံမှာပါ ကူးစက်မှုများ တွေ့လာရပါတယ်။ (၂၀၂၁) ဇူလိုင်နှင့် နိုဝင်ဘာလတွင် အမေရိကတွင် ကူးစက်မှုများ ဖြစ်ပွားခဲ့ပါတယ်။ (၂၀၂၂) မေလမှာတော့ မျောက်ကျောက်ရောဂါကို အခြားနိုင်ငံအများအပြားမှာပါ တွေ့ရှိလာရပါတယ်။ လက်ရှိမှာတော့ ရောဂါပိုးအရင်းအမြစ်နှင့် ကူးစက်မှုပုံစံများကို နားလည်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။

#ရောဂါကူးစက်ပြန့်ပွားခြင်း
ရောဂါပိုးရှိသည့် တိရိစ္ဆာန်များမှတဆင့် ကူးစက်နိုင်ပါတယ်။ အာဖရိကမှာတော့ ရှဉ့်၊ ကြွက်၊ မျောက်နှင့် အခြားသော တိရိစ္ဆာန်များမှာ မျောက်ကျောက်ရောဂါကို တွေ့ရှိရပါတယ်။ ကြွက်တွေဟာ ရောဂါပိုးသယ်ဆောင်သူဖြစ်နိုင်ချေအများဆုံးဖြစ်သော်လည်း အတည်မပြုရသေးပါဘူး။

မကျက်တကျက် ချက်ပြုတ်ထားသည့် အသားနှင့် အခြားသော ပိုးရှိသည့်
တိရိစ္ဆာန်များမှ ထုတ်လုပ်ထားသည့် ထုတ်ကုန်များကို စားသုံးသုံးစွဲမိခြင်းမှလည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့ခြင်းက ကူးစက်မှုများနိုင်သော်လည်း လိင်မှတဆင့် ကူးစက်မှုရှိမရှိကိုတော့ မသိရသေးပါဘူး။

03/05/2022

💗💗💗တစ်ဘူးကုန်တာနဲ့ လုံးဝကိုသိသာစေတာဘဲ

Photos from Jelly Mask Myanmar LANOS-Yangon OS's post 27/04/2022

LALISTA COLLAGEN
တစ်ထုပ်မှာ ကော်လာဂျင်အမျိုးအစား 3 မျိုးပါဝင်တဲ့အတွက်
1 ဗူး စသောက်ကတည်းက အသားရေကြင်လင်ပြီး
ချောမွေ့လာစေတယ်

Photos from Jelly Mask Myanmar LANOS-Yangon OS's post 05/04/2022

Cana Serum
တောင်ကိုးရီးယားနိုင်ငံရဲ့
သဘာဝဆေးဖက်ဝင်အပင်များနဲ့ ထုတ်လုပ်ထားတဲ့
မျက်နှာဖြူဝင်းစေတဲ့ Serum

မျက်နှာအသားအရေအတွက်
- ပုံမှန်ထက် ပိုမိုဖြူဝင်းစေခြင်း
- ဝက်ခြံ၊ အမဲစက်တွေကို လျှော့ပါးသက်သာစေခြင်း
- အစိုဓာတ်ကိုထိန်းပေးပြီး ကြည်လင် စိုပြေစေခြင်း စတဲ့
ကောင်းကျိုးတွေကိုရရှိစေပါတယ်

01/04/2022

JELLY MASK UP
Organic ရှားစောင်းလပတ်နဲ့ အဓိကပေါင်းစပ်ထုတ်လုပ်ထားပြီး
နိုင်ငံတကာ အသိအမှတ်ပြု ECOCERT ရဲ့ထောက်ခံချက်လဲရရှိထားပါတယ်

09/03/2022

Serum
💁🏼‍♀️ဒီဘူးလေးက ဒါတွေတကယ်ကောင်းမကောင်းကိုတော့ ကိုယ်တိုင်သာ ဝယ်သုံးကြည့်တော့✅✅✅

09/03/2022

ရန်ကုန်က အော်ဒါမှာထားတဲ့ အသဲတို့ရေ delivery ကြန့်ကြာမှုလေးတွေရှိလို့ အော်ဒါနောက်ကျတာလေးတွေရှိရင်မင်မင်က သဲလေး‌ တွေကို တောင်းပန်ပါတယ်နော်🥰🥰🥰

18/02/2022

မြန်မာပြည်မှာဝင်ရောက်နေပီဖြစ်တဲ့
အိုမီခရွန်၏ လက္ခဏာ ၃မျိုးပါ
****************

အိုမီခရွန် Omicron
နံပါတ်( ၁)
အပျော့စား လက္ခဏာ က
ဖျားမယ်၊ ချောင်းဆိုးမယ်၊
ကိုယ်လက်မအီမသာဖြစ်မယ်။

နံပါတ် (၂)
အလယ်အလတ် လက္ခဏာ က
မျက်စေ့နာမယ်၊ လည်ခေါင်းနာမယ်၊ ခေါင်းကိုက်မယ်။

နံပါတ် (၃)
အပြင်းစား လက္ခဏာ က
အသက်ရှူရခက်မယ်၊ မောမယ်၊
တကိုယ်လုံးအသားတွေအကျောတွေအထိနာနေမယ်၊ စကားမပြောနိုင်တဲ့အထိဖြစ်မယ်။

အပျော့စားနဲ့ အလည်အလတ်စားဖြစ်ရင်တော့
အိမ်မှာဘဲ ဆေးသောက်ပြီးကုသလို့ရပါတယ်။
အပြင်းစားဖြစ်ပီဆိုရင်တော့
နီးစပ်ရာ ဆေးရုံသို့
အမြန်ဆုံး တက်ရောက်ကုသမှု ခံယူရပါမယ်။

ကာကွယ်မှုတွေကတော့ အရင်
ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်သလိုပါဘဲ အားလုံးသိပြီးမို့ အထူးရှင်းပြစရာမလိုတော့ပါ။

ကိုဗစ်ဟာ
လူ့လောကထဲ အသက်ရှင်နေထိုင်ဖို့ သူရဲ့ ပုံစံ ဗီဇကိုအမျိူးမျိူးပြောင်းလဲနေပါတယ်
ဘယ်လောက်ကြာဦးမယ်မသိပေမဲ့
ကမ္ဘာကြီးကိုဗစ်ဒဏ်အလူးအလဲခံရတာ(၂)နှစ်ပြည့်ပါပီ

ဒါကြောင့်
သင် ကိုဗစ်မကူးစက်စေရန်

၁၊မက်စ်တပ်ပါ
၂၊တစ်ခုခုကိုင်ပြီးတိုင်းလက်ဆေးပါ၊
၃၊လူစုလူဝေးရှေုာင်ရှားပါ
၄၊လူတစ်ဦးနှင့်တစ်ဦးခြောက်ပေကွာနေထိုင်ပါ
၅၊မျက်နှာ အကာတပ်ဆင်ပါ၊
၆၊လက်မဆေးပဲ မျက်လုံး၊နှာခေါင်း၊ပါးစပ်ကို၊မကိုင်မနှိုက်ပါနဲ့
အားလုံးကပ်ကြီး(၃)ပါးကျော်လွှားနိုင်ကြပါစေ

Courtesy - Sunny

Photos from Jelly Mask Myanmar LANOS-Yangon OS's post 12/02/2022

🤍🤍🤍Jelly Mask

✅ဝက်ခြံကင်း
✅တင်းတိပ်ကင်း
✅အရေးအကြောင်းကင်း
✅အမဲစက်ကင်း
💁🏼‍♀️တစ်ဘူး-21950 ks
💁🏼‍♀️နှစ်ဘူးယူ Deli 🆓🆓🆓

Photos from Jelly Mask Myanmar LANOS-Yangon OS's post 04/02/2022

🦋✨ Angelic Numbers✨🦋

ဂဏန်းအပူးတွေကိုပဲ ရုတ်တရက်မထင်မှတ်ဘဲခဏခဏ
​မြင်ဖူးကြလား ။အဲလိုဂဏန်းအပူးလေးတွေကို Angelic numbers လို့ခေါ်ပါတယ်

1:11/2:22/
11:11/ 22:22/ 3:33.....ခဏခဏ​တွေ့ဖူးကြတယ်မလား။

အထူးသဖြင့် Digital Clock တွေမှာတွေ့ရသလို
ကား license ပြားတွေ မှာလဲ အမှတ်မထင်တွေ့ရတတ်တယ်။နာရီတွေမှာပဲ တွေ့ရတာမျိုးမဟုတ်ပဲ ဖုန်းနံပါတ်တွေ ကားနံပါတ်တွေ မှာလဲ တွေ့ရပါတယ်နော်

အမှတ်မထင်တွေ့တဲ့ အချိန်မျိုးပါနော်
တမင်စောင့်ကြည့်နေတာမျိုးတော့မရဘူးပေါ့နော်
ရုတ်တရက်ကြည့်လိုက်တဲ့ အချိန်မှာ 11:11 ဖြစ်နေတာ၊ 1:11 ဖြစ်နေတာ၊ 22:2, 22:22, 3:33 ….
ရုတ်တရက် မထင်မှတ်ဘဲနဲ့ မြင်ရတဲ့ အချိန်ကိုပဲ နိမိတ်ပြတယ်သတ်မှတ်တာပါ။

အဲဒီတော့ ဘာလို့ ဒီ 1111, 2222 တွေကို ထပ်ခါတလဲလဲ မြင်တွေ့နေရတာလဲ?

ဆိုတော့ ကိုယ့်ရဲ့ ကိုယ်စောင့်နတ်
ကိုယ့်ရဲ့အစောင့်အရှောက် က ကိုယ့်ကို နိမိတ်စကား / သတိပေးချင်တာမျိုး / ဒါမှမဟုတ် သူစောင့်ရှောက်နေတာကို သိစေချင်တာမျိုး တွေမှာ တွေ့ရတတ်ပါတယ်
ပြောရမယ်ဆို နိမိတ်ပေးတာမျိုးပေါ့

ဂဏန်းပူးတွဲတွေကိုမကြာခဏမြင်ရပြီ
ဆိုရင်အဲ့ဒီအရာဟာကိုယ့်ရဲ့ကိုယ်စောင့်နတ်
ကိုယ့်ရဲ့အစောင့်အရှောက်ကကိုယ့်ကိုကိုတခုခု နိမိတ်ပြနေ​ပြီဆိုတာပါပဲ

✨111 / 1111 ✨

မကြာခင် မင်းလိုချင်တာတွေ ဖြစ်ချင်တာတဲ့ဆုတောင်းတွေ ပြည့်တော့မယ် ဆိုတဲ့နိမိတ်ပါ။

✨222 / 2222 ✨

အခုအချိန် မှာ မင်းဟာ မှန်ကန်တဲ့လမ်းကြောင်း
တစ်ခုပေါ်မှာရှိနေပါ ဘဝရည်မှန်းချက်တွေ အကောင်အထည်ဖော်လုပ်ကိုင်အကောင်းဆုံးပါပဲ ဆိုတဲ့ နိမိတ်ပါ။

✨333 / 3333 ✨

မင်း စိတ်မဝင်စားလို့ပဲ ဖြစ်ဖြစ်ဘယ်အရာကိုမှမျက်ကွယ်ပြုမထားသင့်တဲ့ အချိန်ပဲ။ ဘာကြောင့်လဲဆိုတော့ အရာရာအားလုံးဟာသင့်အပေါ် အကျိုးသက်ရောက်မှုရှိနေမယ့်အချိန်ပါ။
မင်းကိုစောင့်ရှောက်နေတဲ့ အစောင့်အရှောက်တွေရှိတယ်ဆိုတဲ့နိမိတ်ပါ။

✨444 / 4444 ✨

ကိုယ်ပြုသမျှကံဟာ ကိုယ့်ထံ
ပြန်ရောက်လာမည့်အချိန်​ရောက်နေပြီ ဆိုတဲ့နိမိတ်မလို့
ကောင်းတာလေးတွေလုပ်ပေးရမယ့်အချိန်ကာလပါပဲ။

✨555 / 5555✨

ကြီးမားတဲ့အပြောင်းအလဲတွေ ဘဝမှာ
ကြုံတွေ့လာရပါလိမ့်မယ်။ကောင်းခြင်း ၊ ဆိုးခြင်း
အရာထဲမှ ကြုံရမယ့်အရာကို စောင့်မျှော်နေရမယ့် နိမိတ်ပါ။

✨666 / 6666 ✨

လုပ်ကိုင်နေသမျှအရာရာအားလုံးကို အချိန်ပေးပြီးလေးနက်စွာ
ပြန်လည်ဆင်ခြင် သုံးသပ်ဖို့အချိန်ရောက်ပြီဆိုတဲ့ နိမိတ်ပါ။

✨777 / 7777 ✨

ဘယ်လောက်ပဲအခက်အခဲတွေကြုံပါစေ
စိတ်ကိုတင်းပြီးကြုံတွေ့နေရသမျှကိုကြံ့ကြံ့ခံ
ထားရမယ့်အချိန်ပါပဲ။ ဒါနဲ့အတူ မကြာခင်မှာပဲ ကောင်းတာတွေရောက်လာတော့မယ်ဆိုတဲ့ နိမိတ်ပါ။

✨888 / 8888 ✨

ယခုအချိန်ဟာ ကိုယ့်ဘဝဖြစ်တည်မှုလမ်းကြောင်းမှန်ပေါ်ကိုရောက်ရှိနေတဲ့အချိန်ပဲဖြစ်ပါတယ်။
ကြွယ်ဝမှု ၊ ပြည့်စုံမှုတွေခံစားရပါလိမ့်မယ်။
လက်ရှိအခြေအနေလေးကိုထိန်းသိမ်းရမယ့် နိမိတ်ပါ။

✨ 999 / 9999 ✨

ကိုယ့်ဘဝကံတစ်ခုအဆုံးသတ်ပြီး
ဘဝကံတစ်ခုအစပြုရပါလိမ့်မယ်။
အဆိုးတွေမှလွတ်ကင်းက အကောင်းတဖန်ပြန်လည်ရောက်ရှိလာတော့မယ်ဆိုတဲ့ နိမိတ်ပါ။

✨ 000 / 0000 ✨

ကိုယ့်ကိုစောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်က သင်ဟာ
အရာရာဟာမကြာခင်အသစ်အစပြုချိန်ရောက်တော့မယ်ဆိုတာကို ​ပြတဲ့ နိမိတ်ပါ။

✨1010 ✨

ကိုယ်မှန်တယ်ထင်တာကိုသာလုပ်ပါ။
ကိုယ့်ကိုကိုယ် ယုံကြည်ပါလို့ ပြတဲ့ နိမိတ်ပါ။

✨ 1212 ✨
မင်းလုပ်နေတဲ့အရာတွေကိုယုံကြည်ပါ။
သံသယမဝင်ပါနဲ့လို့ ပြောချင်တဲ့ နိမိတ်ပါ။

✨ 2112 ✨

အဆိုးမြင်နေတာတွေကို လျှော့လိုက်ပါ။
မင်း ဖြစ်ချင်တာတွေမကြာလင် ဖြစ်လာမှာပါ လို့ ပြတဲ့ နိမိတ်ပါ။

ကိုယ့်အကြိုက်ဆုံး Angelic number ​လေး​တွေလည်း​ပြောသွားကြပါဦးနော်🦋✨

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11071,11072