WE WE Healthy Products Shop

WE WE  Healthy Products Shop

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from WE WE Healthy Products Shop, Health/Beauty, North Okkalapa, Yangon.

Photos from WE WE  Healthy Products Shop  's post 29/01/2023

နံသာဖြူ အပင် လှဲ လို့ ... ပန်းပုထုဖို့ အတုံး ကြီး များကို လို ချင် လျှင် လဲ ရပါမယ်ရှင် အချင်း ၆လက်မ ကျော် အမြင့် ၁၂ လက်မ ..၁၃ လက်မ . အတုံး ကြီးများလဲအဆင်သင့်ရှိပါတယ် .
အတုံးကြီးအားရပါးရ လက်ကိုင်သွေးချင်ရင်လဲ စျေးသက်သာစွာ အားပေးနိုင်ပါတယ် ......
အတုံးအရှိချိန်တွေမို့ ..တစ်ကျပ်သား..၁၅၀၀ ဝန်းကျင်လောက်ပဲကျပါမယ်ရှင် ..ကြာရင်အလေးချ်န် နဲနဲတော့ပေါ့သွားနိုင်ပေမယ့် အကာခုတ်ပြီးသားနံ့သာဖြူအစစ်မို့ ..အရမ်းတန်ပါတယ် ......

ပုံမှန်အနှစ်သီးသန့်ခြောက်ပြီသား နံသာဖြူ ကြိုက်သူများလဲအရင်အတိုင်း အားပေးနိုင်ပါတယ်ရှင်.

Ph .09794735800 .(viber)

03/01/2023

#ဘာကြောင့် ခြေဖျားအေးတာလဲ? ခြေဖျားအေးနေရင် ဘာတွေလုပ်သင့်သလဲ?

ခြေဖျားတွေအေးတယ်ဆိုတာဟာ ခြေထောက် တွေဆီကို အောက်ဆီဂျင်နဲ့ သွေးကောင်းကောင်း မရောက်တဲ့အတွက် ဖြစ်လေ့ရှိတဲ့ပြဿနာတစ်ခုပါ။

ဒီလို သာမန်ပြဿနာလေးလို့ ဆိုပေမယ့်လည်းသွေးအားနည်းရောဂါ၊ နာတာရှည် ပင်ပန်းနွမ်းနယ်မှု၊ အာရုံကြောထိခိုက်မှု၊ ဆီးချိုရောဂါနဲ့ ကိုယ်အပူရှိန် အလွန်အမင်းကျဆင်းမှု စတာတွေရဲ့လက္ခဏာဆိုတာလည်း သိထားသင့်ပါတယ်။

ဒါ ကြောင့်မို့ ခြေဖျားတွေအေးလာရင် သက်သာအောင်လုပ်နိုင်တဲ့ နည်းလမ်း တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်

- #သံလွင်ဆီ၊ အုန်းဆီ၊ နှမ်းဆီ တစ်မျိုးမျိုးကို

နွေးသွားအောင် အပူလေးပေးပြီး ခြေဖဝါးကိုလိမ်းပြီး နှိပ်နယ်ပေးတာမျိုး အိပ်ရာ မဝင်ခင်မှာ နေ့စဉ် လုပ်ဆောင်နိုင်ပါတယ်။

- #နောက်တစ်နည်းကတော့ ရေနွေးစိမ်တာဖြစ်ပြီး

ဇလုံနှစ်လုံးထဲမှာ ရေအေး၊ ရေခပ်နွေးနွေး တစ်မျိုးစီထည့်ကာ တစ်လှည့်စီ ၁၀ မိနစ်လောက် စိမ်နေတုန်းမှာ ခြေချင်းဝတ်လှည့် လေ့ကျင့်ခန်း လုပ်ပေးနိုင်ပါတယ်။

- #ရေနွေးထဲကို ဆားထည့်ပြီးတော့လည်း

စိမ်လို့ရသလို ချင်းပြုတ်ရည်နဲ့ စိမ်တာမျိုးလည်းလုပ်နိုင်ပါတယ်။

- #ချင်းကိုရေနွေးနဲ့ကျို၊ ပျားရည်အနည်းငယ် ခတ်ပြီး သောက်ပေးခြင်းဖြင့် အနွေးဓာတ် ယူနိုင်ပါတယ်။

-ခေါင်းအစခြေအဆုံး သွေးလည်ပတ်မှုကောင်းအောင် ကူညီပေးနိုင်တဲ့ နောက်တစ်ခုကတော့ လက်ဖက်စိမ်းနှင့် ကော်ဖီ စစ်စစ် အမှုန့် ပါ။

ဂရင်းတီးထဲကို ကော်ဖီမှုန် အနည်း ပျားရည်လေးနည်းနည်း ထည့်ပြီး သောက်လို့ရသလို အသင့်သောက် ဂရင်းတီးအိတ်ငယ် လေးအိတ်လောက်ကို ရေနွေးအိုးကြီးထဲမှာ ပွက်ပွက်ဆူအောင် ကြိုပြီး စာဆိုဒါမှုန့်အနည်ငယ်း ကျောက်ချဥ် အနည်းငယ်ထည့် ဖျော် နွေးသွားတဲ့အခါမှာ ခြေထောက်စိမ်ပေးနိုင်ပါတယ်။

- #နောက်တစ်ခုက မနက်စောစောမှာ ခြေဗလာနဲ့ မြက်ခင်းပေါ် လမ်းလျှောက် ပေးတာကလည်းခြေထောက် သွေး လည်ပတ်မှုကောင်းပြီး ခြေထောက်ကြွက်သားတွေ၊ ခြေချင်း ဝတ်တွေ သန်မာဖို့အတွက် အထောက်အကူပြုပါတယ်။

ခြေအေးလက်အေးဖြစ်တာက သံဓာတ်ချို့တဲ့မှု၊ မဂ္ဂနီဆီယမ် ချို့တဲ့မှုနဲ့လည်း ဆက်စပ်နိုင်တာကြောင့် သံဓာတ်၊ မဂ္ဂနီဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေအပြင် ဆေးပညာရှင်နှင့် တိုင်ပင်ပြီး ဖြည့်စွက်ဆေးတွေ သောက်ပေးဖို့ လိုအပ်ပါတယ်။

...

12/12/2022

ကွမ်းရွက်မှာ အငန်က လွဲ၍ ကျန် အရသာ ငါးမျိုး ပါရှိ၏ ဆေးဖက်ဝင် အပင်များကို ခက်ခက်ခဲခဲ အပင်ပမ်းခံ လိုက်ရှာနေဖို့ မလို၊ ကွမ်းရွက် တမျိုးသာ ဆောင်ထားရင်လုံလောက်ပါတယ်

မြမ္မာပြည်မှာ တနေ့ တနေ့ သုံးနေကြသည့် သည်ကွမ်းရွက် တွေ ဆေးအဖြစ် မသုံးကြဘဲ ဘေးဖြစ်အောင် သုံးနေကြတာများတယ်

ကွမ်းရွက်ကို ဆေးအဖြစ် အသုံး နည်းလာပြီး ဘေးဖြစ်ဖို့ ဝါးကြတာ များလာလို့ ကွမ်းယာထဲ ပါသည့် အခြား ပစ္စည်းများကြောင့် ခံတွင်းကင်ဆာ၊ လျှာကင်ဆာ အဖြစ် များကာ အမြဲ ဝါးနေရသည့် သွားများလည်း ပျက်စီး၍ မဆီမဆိုင် ကြားမှ ကွမ်းရွက် နာမည် ပျက်နေရ၏။

နေ့စဉ် ကွမ်းရွက်ကို ဆေးအဖြစ် သုံးဖို့နဲ့ ကွမ်းယာ ဝါးဖို့ ဘယ်အရာ အတွက် ပိုအသုံးများပြီး ပိုက်ဆံ ပိုကုန်‌ကြ နေပါသလဲ? စဉ်းစားမိသူများ တွက်ကြည့်ပါ။

အဲဒီတော့ ဆေးဖြစ်အောင် သုံးချင်သူများ အတွက် နည်းလမ်းများကလည်း ရေးမကုန်၊ သုံးမကုန်အောင် ရှိပါတယ်။ ကွမ်းရွက်ကိုသာ လူအများစု သုံးတတ်ကြရင်ဖြင့် ဥပမာ နေ့စဉ် ကွမ်းရွက် တရွက်ကို စားပေးရင် ရောဂါများ ကင်းစင် ဝေးပေမည်။

(၁။) ရေတိမ်သမား မျက်လုံး ပြန်ကောင်းအောင်၊ မျက်မှန် ကျွတ်အောင် မျက်စိနဲ့ နှာတံကြား ကွမ်းရွက် ကပ်ခြင်း၊ (ထိုကဲ့သို့ လုပ်၍ မျက်မှန် လွတ်သွားတာ ကြုံဖူးတယ် )

(၂။) နားလေး၊ နားထိုင်းခြင်း မဖြစ်အောင်၊ ဖြစ်နေပါက ပျောက်အောင် ကွမ်းရွက်ကို နားထဲ လိပ်ထည့်ခြင်း၊

(၃။) ခေါင်းကိုက်၊ ခေါင်းမူးပါက နားထင်တွင် ကွမ်းရွက် ကပ်ပေးခြင်း၊

(၄။) သွားဖုံးနာ၊ ပါးစပ်ထဲ အပူဘု ထွက်ပါက ကွမ်းရွက် ကပ်၊ ကွမ်းရွက် ငုံပေးခြင်း၊

(၅။) နှလုံး သွေးကြောကျဉ်း၊ ပိတ် (Heart Attack) ဖြစ်ဖူးသူများ နောင်မဖြစ်အောင် ရင်ဘက် နှလုံး နေရာ ကွမ်းရွက် ကပ်အိပ်ခြင်း၊

(၆။) အဆုတ် မကောင်းသူများ ကွမ်းရွက်ကို ရင်ဘက်၊ ကြောဘက် အဆုတ် နေရာ နှစ်ဘက်စလုံး ကပ်ခြင်း၊

(၇။) မျက်နှာ တင်းတိပ် အတွက် ကွမ်းရွက်ကို သူ့ချည်း (သို့) မီးပြ၍ ကပ်ပေး၊ လိမ်းပေးခြင်း၊

(၈။) ချောင်းဆိုး၊ ရေချိုးမှား အဖျား အတွက် ကွမ်းရွက်ထဲ လျက်ဆား ထည့်၍ ဝါးစားခြင်း၊

(၉။) အမျိုးသမီး ရောဂါရှင်များ သားအိမ် တဝိုက် ကွမ်းရွက် ကပ်ပေးခြင်း၊ (ထိုကဲ့သို့ လုပ်၍ သားအိမ် ကင်ဆာ ပျောက်သွားတာ မြင်ဖူးပါတယ် )

(၁၀။) နို့တိုက် မိခင်များ နို့ချောင်းပိတ်၊ နို့ကျိတ်ရောင်ပါက နှမ်းဆီ၊ အုန်းဆီ၊ မုန်ညင်းဆီ တခုခုဖြင့် သုတ်၍ ကွမ်းရွက် ကပ်ပေးလျှင် ပျောက်ကင်းစေ၏။

(၁၁။) ကလေးငယ်များ နှာစေး၊ နှာပိတ်၊ အသက်ရှူကျပ် အနေခက်ပါက နှမ်းဆီ၊ အုန်းဆီ၊ မုန်ညင်းဆီ တခုခုဖြင့် သုတ်၍ ကွမ်းရွက် အလယ် အပေါက်ဖောက်ကာ ငယ်ထိပ်၌ ကပ်ပေးလျှင် ချက်ချင်း သက်သာ ပျောက်ကင်းပါ၏။

(၁၂။) ကလေးငယ်များ ချောင်းဆိုးပါက ကွမ်းရွက်စိမ်း သတ္တုရည်တွင် ဆားအနည်းငယ် ထည့်၍ တနေ့လျှင် ၁၀ စက်မှ အစက် ၃၀ အရွယ်ကို ချိန်၍ တိုက်ကျွေးပါ။

(၁၃။) လိပ်ခေါင်း ဖြစ်သူများ စအိုတွင် ကွမ်းရွက်ကို လုံးချေပြီး ညှပ်ထားပါက ချက်ခြင်း သက်သာစေ၍ တစတစ ပျောက်ကင်းနိုင်ပါတယ်။

ူရင်းရေးသားသူအား

.

Photos from WE WE  Healthy Products Shop  's post 06/12/2022

နံသာဖြူ စေတီခဲ ၊တံခွန်ခဲ ပြာမလွင့် ရနံ သင်းသင်းလေး .အကြီး size မို့ တစ်နာရီခွဲခန့် အထွန်းခံပါတယ် ..အခု ၃၀ ပါတလစာ တစ်ဗူးကို ၉၀၀၀ ကျပ်ပါ size..ကြီးလို့အပူရှိန် ရှိတာမို့ အောက်ခံဆီမီးခွက်လေး နှစ်ထပ်လောက်ထပ်ထား ရင်ပိုအဆင်ပြေပါတယ် ...ကုန်ခါနီး မီးကျီခဲလေးအပေါ် ..နံသာဖြူ အကာသား ဖြတ်စလေးတွေ တင်ထားရင်းလဲ ရနံအလှူထပ် ပူဇော် လို့ရပါသေးတယ် . နံသာဖြူ ခုတ်စ ..၃ကျပ်သားတစ်ထုပ်ကို ၃၀၀၀ နဲ့လဲ ဝယ် ယူနိုင်ပါတယ် နံသာဖြူ အမွှေးစေတီခဲ က ..၁၅ခုပါ ဗူးသေး လဲ ရနိုင်သလို လိုအပ်ချက်အရ ..မိမိတို့ အလို ရှိသလောက်အရေအတွက် အတိုင်းလဲ ဝယ်ယူ ရနိုင်ပါတယ် ..

ကရမက်စေတီခဲ ကတော့ ၃၂ ခုပါ တစ်ဗူးကို ၄၀၀၀ ကျပ်ပါ
ကရမက်တံခွန်ခဲ ၃၀ ခုပါ တစ်ဗူး ၄၅၀၀ ကျပ်
စန္ဒကူး တံခွန်​ခဲ ၃၀ ခုပါ တစ်ဗူး ..၄၀၀၀ ကျပ်
(၂၅ မိနစ် ဝန်းကျင်အထွန်းခံပါတယ်)

တံခွန်သီးသန့်လဲ ရရှိန်ုင်ပါတယ်
ရေတံခွန် L size ..10000 ကျပ်
M size ...............6000 ကျပ်

06/12/2022

လိုအပ်သူများ အတွက်

လေဖြတ်ပြီး စကားမသွက်ပါက

(သပြွတ်ခါးသီး)

လေဖြတ်ပြီးနောက် စကားမသွက်သူများ၊စကားမပီသ သူများ ရှိနေကြပါသည်။မိဘဆွေမျိုးများနှင့် ရင်းနှီးသော မိတ်ဆွေများထဲတွင်လည်း မကြာခဏမြင့်တွေ့ရ၍ အတော်စိတ်မကောင်းဖြစ်ကြပေ လိမ့်မည်။

မိတ်ဆွေတစ်ဦး လေဖြတ်သည်ကြား၍ သွားရောက်ကြည့် ရှု့ရာ ထိုဝေဒနာရှင်မှာ စကားများစွာပြောနေရှာသော်လည်း ဗလုံးဗထွေးဖြစ် နေရှာ၍အတော်ကို စိတ်မကောင်းဖြစ်ခဲ့ရပါသည်။

နောက်တစ်ဖန် ထပ်မံသွားရောက်ခဲ့ရာ ယခင်နှင့် မတူစကားပြောသံကို ပီပီသသသဲသဲ ကွဲကွဲကြားရပြီး စကားပြောပါသွက်လာသည်မို့ ဘာလိုကုလိုက်တာလဲ မေးကြည့်ရာ

ဆေးနည်း

သပွတ်ခါးသီးကို တောကများများရှာ၀ယ်ပြီး လူတစ်ယောက် ကောင်းကောင်းနင်းနိုင်အောင်ကျယ်သည့် စဉ့်အင်ဒုံတွင် ဆား(၁၀)သားအောက်ခံထားကာ အပေါ်တွင် သပွတ်ခါး သီးစိမ်း(၁၀)လုံးကို တင်၍ နေ့တိုင်း နံက်တစ်ခါ ညနေတစ်ခါ နင်းပေးခြင်းကြောင့်ဖြစ်သည်ဟုဆိုပါသည်။

အိပ်ရာမှမထနိုင်သူများအား သပွတ်ခါးသီးနှင့် ဆားရောပြီးအမြှုပ်ထနေသော သပွတ်ခါးဖြင့် ခြေထောက်နှင့်လက်များကို ပွတ်ပေးရသည်ဆိုပါသည်။

သပွတ်ခါးကိုအမြှုပ်ထွက်အောင်ပြုပြီးလည်းပွတ်တိုက်ပေးနိုင်ပါသည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် သပွတ်ခါး၏အခါးသည် ပါးစပ်ဆီ သို့အခါးဓာတ်ရောက်ရှိစေပြီး စကားပြောပီသလာ ခြင်းဖြစ်ကြောင်းသိရတော့သည်။

မတ်တက်ရပ်၍နင်းနိုင်သူအတွက် သပွတ်ခါး အမြှုပ်ထွက်အောင်နင်းရပါသည်။

လေဖြတ်၍စကားမပီသူများသပွတ်ခါးနင်းခြင်းဖြင့် စကားပြောပီသလာပါစေ….

Credit : ရဲမျိုးသူ(ဗောဓိမြိုင်)
ပြန်လည်မျှဝေသည်။

Photos from WE WE  Healthy Products Shop  's post 28/11/2022

ဆေးစွမ်းတစ်လက် 🌹
🇨🇭 ရှေးရှေးတုံးက... ဘုရင် တစ်ပါးဟာ တောကစား ထွက်ရင်း ရေဆာလာတာနဲ့..တောအုပ်ထဲက အမှိုက်မှော်တွေပြည့်နေတဲ့ ရေအိုင်ထဲက ရေ ကို မလွှဲမရှောင်သာ သောက်လိုက် မိပါတော့တယ်

လအနည်းငယ်ကြာတဲ့အခါမှာတော့
ဘုရင်ကြီးဟာ တစ်နေ့တစ်ခြား
အစားပုပ်လာသတဲ့
ပွဲတော်တည်သမျှ အကုန်ကုန်အောင်
စားပစ်ပြီး မကြာခဏ ဗိုက်ကလည်း
ဆာနေသတဲ့

သူ့ရဲ့ဝမ်းဗိုက်ဟာလည်း
တစ်နေ့တစ်ခြား ပူဖောင်းလာပြီး
ကိုယ်ဝန်ဆောင် မိန်းမတွေရဲ့ ဗိုက်လို
ဖြစ်လာပါတော့တယ်

နန်းတွင်းရှိသမားတော်တွေရော
တစ်ခြားတိုင်းပြည်က
သမားတော်တွေနဲ့ ကုသပေမဲ့လည်း
ဘုရင်ကြီးရဲ့ဗိုက်ဟာ
ပိန်မသွားပဲ ပိုပိုဖောင်းလာတာပေါ့ဗျာ

ဒီအကြောင်းကိုတိုင်းသူပြည်သားတွေ
သိတဲ့အခါ ယောက်ျားတန်မဲ့
ကိုယ်ဝန်ဆောင်တဲ့ဘုရင်
တိုင်းပြည်မှာဘုရင်ဖြစ်နေတာရှက်စရာကောင်းတယ်
ထွက်သွားလို့ ဟစ်တိုင်ကနေ
နန်းတော် ကို ခဲ နဲ့ပေါက်ပြီး
အော်ဟစ်ကြသတဲ့

ဘုရင်ကြီးဟာမတတ်သာတဲ့အဆုံး
မိဖုရားကြီးကိုခေါ်ပြီး
မထင်ရှားတဲ့အသွင်အပြင်နဲ့
နန်းတော် က ထွက်ခဲ့ရပါတော့တယ်

လူသူမနီးတဲ့တောကြီးထဲမှာ
သစ်သီး သစ်ဖုတွေ ရှာဖွေစားရင်းနဲ့
ချိူ့တဲ့စွာနေထိုင်ကြရတာပေါ့ဗျာ

တစ်နေ့တော့
ဘုရင်ကြီးဟာ သစ်ပင်တစ်ပင်အောက်မှာ
စက်တော်ခေါ် နေပြီး
မိဖုရားက မှက်ခြင် မနားအောင်ကိုယပ်ခတ်ပေးနေသတဲ့

ဒီအချိန်အနီးအနားမှာရှိတဲ့
တောင်ပို့တစ်ခုကနေ မြွေတွန်သံတစ်ခု
ထွက်ပေါ်လာပါတယ်

ဘုရင်ကြီးရဲ့ မိဖုရားဟာ မာဂဓ ဘာသာစကားကို
နားလည်တယ်တဲ့

တောင်ပို့ထဲက မြွေက

"ဟယ် လောကမှာ ငါလို မြွေဘုရင် ရှိသေးရဲ့လား
တောသုံးတော တောင်သုံးတောင် မှာ
မြေတစ်ကာတို့ရဲ့ ဘုရင် ငါသည် မြွေမင်း
ဖြစ်ပါတော့တယ်"

လို့တွန်ကြူးလိုက်သတဲ့

ဒီအခါမှာ

ဘုရင်းကြီးရဲ့ဝမ်းဗိုက်ထဲကနေ
တွန်သံတစ်ခု ထပ်ပြီး
ထွက်ပေါ်လာပါတယ်

"သယ် ဘယ်ကတောကြိုအုံကြားက
မြွေက ဘုရင်လို့အော်နေသတုံး
ငါက တိုင်ပြည်အုပ်ချုပ်နေတဲ့ လူသားဘုရင်ရဲ့
ဝမ်းဗိုက် ထဲမှာနေပြီး
ပွဲတော်အုပ်ကို နေ့တိုင်းစားလို့
ကြီးကျယ်ခမ်းနားစွာနေခဲ့ရတဲ့ မြွေဘုရင်ဖြစ်တယ်
ငါဟာ အမိဝမ်းကကျွတ်တဲ့အချိန်
မြွေပေါက်ကလေးဘဝထဲက
ဘုရင်ကြီးသောက်တဲ့ရေထဲကိုပါသွားပြီး
သူ့ဝမ်းဗိုက်ထဲမှာ စည်းစိမ်ခံစားနေလာတာ
ငါသာ မြွေဘုရင်
ငါသာ မြွေတို့ရဲ့ အဓိပတိ"လို့
ကြွေးကြော်လိုက်သတဲ့

ဒီအခါမှာ တောင်ပို့ထဲကမြွေက

"ရာရာစစ မြွေကမြွေနေရာ မနေပဲ
လူသားဗိုက်ထဲဝင်နေတာ
သင့်အသက် သက်ဆိုးရှည် မယ် ထင်သလား
ဟောဒီ တောင်ပို့ဘေးက
သစ်ပင်ရဲ့အရွက်တွေကို ခူးပြီး
အရည်ကြို သောက်လိုက်ရင်
သင်ဟာအပိုင်းပိုင်းပြတ်ပြီး
ဇီဝိန်ချုပ်တယ်ဆိုတာ
ဘုရင်မသိလို့ပဲ"လို့

ပြောလိုက်သတဲ့

မြွေနှစ်ကောင်ရဲ့အပြန်အလှန်ပြောဆိုနေကြသံတွေကို
ကြားလိုက်ရတဲ့မိဖုရားဟာ

တောင်ပို့ဘေးကသစ်ပင်ကအရွက်ကိုခူးပြီး
အရည်ကြိုကာ ဘုရင်ကိုအကျိုးအကြောင်း
ပြောပြပြီး တိုက်လိုက်သတဲ့

ဆေးရည်သောက်ပြီးချိန်မှာ
ဘုရင်ရဲ့ဗိုက်ထဲကမြွေဟာ
အပိုင်းပိုင်းပြတ်ပြီး
ဝမ်းသွားတဲ့အခါပါသွားပြီး
ဘုရင်ရဲ့ဗိုက်ဟာလည်း
မူလအတိုင်းပြန်ဖြစ်လာသတဲ့

ဒီအခါဘုရင်ဟာဖိဖုရားကိုလက်ဆွဲပြီး
ပြည်တော်ပြန်ဝင်ကာ
စစ်သူကြီးလက်ကနေတိုင်းပြည်ကို
ပြန်လွှဲယူသတဲ့

ဘုရင်ကြီးသောက်ခဲ့တဲ့ဆေးပင်ကိုလည်း
တိုင်းပြည်ကိုပြန်သိမ်းခဲ့တဲ့အထိမ်းအမှတ်နဲ့

ပြည်တော်သိမ်းပင်ဟုခေါ်တွင်စေခဲ့သတဲ့

နောင်အခါ ကာလရွေ့လျောပြီး

ပြည်တော်သိမ်းမှ ပြည်တော်သိမ်
ပျဉ်းတော်သိမ်ပင်ဟု
အဆင့်ဆင့်ပြောင်းလဲခေါ်ဝေါ်လာကြပါတော့တယ်တဲ့

ပျဉ်တော်သိမ်ပင်အကြောင်းပုံပြင်ပါဗျာ

အောက်မှာ ပျဉ်းတော်သိမ်ပင်ရဲ့အသုံးဝင်ပုံစိုက်ပျိုးပုံတွေ
ဆက်ဖတ်ပါ
👇👇👇

သွေးဖျဉ်း ရေဖျဉ်း လေဖျဉ်း မုချသက်သာပျောက်ကင်း
သည့် ပျဉ်းတော်သိမ်ရွက်

အရွက်ကိုပြုတ်ပါ။ ၎င်းအရည်ကိုသောက်ပါ။
ပြုတ်ဖတ်ကိုဆုံနဲ့ထောင်းပြီး
ညအိပ်ယာဝင် ချက်တိုင်ပတ်လည်မှာအုံပြီး အဝတ်စည်း
အိပ်ပါ။တစ်ခါလုပ်ရုံနဲ့သိသိသာသာလျော့သွားပါမယ်။
လေ းငါးခါပြုလုပ်ပေးပါ။

🔰 မှတ်စု
နက္ခတ္တရောင်ခြည်မှ ဖတ်မိတာလေးပါ။

💥ပျဉ်းတော်သိမ်ရွက်💥က

ကင်ဆာရောဂါနှင့် နှလုံးရောဂါ ကို တားဆီးနိုင်သည့်အပြင် မှတ်ဥာဏ်ကိုပါ ကောင်းမွန်စေတယ်ဆိုတာ သင်တို့ သိပါသလား…?

ပျဉ်းတော်သိမ်ရွက်၌ ဗီတာမင် အေ၊ စီ၊ B1၊ B2၊ ထုံးဓာတ်၊
သံဓာတ်၊ ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ် များ ပါ၀င်ဧ။် ။

ပျဉ်းတော်သိမ်ရွက်တွင် ပါ၀င်သော ဓာတ်တိုးတားဆီးမှု
သတ္တိ (Antioxidant) ဖြင့် (ကင်ဆာရောဂါ နှင့် နှလုံးရောဂါ) ကို တားဆီးနိုင်သည့်အပြင် မှတ်ဥာဏ်ကိုပါ ကောင်းမွန်စေကြောင်း သြစတြေးလျနိုင်ငံရှိ အစားအသောက် သုတေသနပညာရှင်များဧ။် ခေါင်းဆောင်Dr. လိုင်းကိုဘီယာ့ခ် ကပြောကြားပါသည် ။

ထို့ပြင် (အမိုင်နိုအက်ဆစ်)များစွာ ပါ၀င်ပြီး ထိုအက်စစ်များကြောင့် အစားအသောက်များအား မွှေးကြိုင်သောရနံ့
ဖြစ်စေပြီး ရောဂါအမျိုးမျိုး ကာကွယ်ပေးပါသည် ။

ပျဉ်းတော်သိမ်ရွက်မှ အဆီထုတ်ပြီး ထိုအဆီကို ဦးခေါင်း၌ လိမ်းခြင်းဖြင့် အဆုတ်၊ နှလုံး နှင့် မျက်စေ့အမြင် ချို့ယွင်းချက်များကို ကာကွယ်နိုင်ကြောင်း အိုင်ယာလန်နိုင်ငံရှိ ဆေးဝါးဘက်ဆိုင်ရာ စိုက်ပျိုးရေး သုတေသနဋ္ဌာနမှ တွေ့ရှိထားပြီး ထိုအရွက်ကို ကြိတ်၍ရသောအနှစ် (Paste) ကို
စားသုံးခြင်းဖြင့် အဆုတ် ၊ နှလုံးနှင့် သွေးနှင့် ပတ်သက်သော ရောဂါများကို ထိန်းချုပ်နိုင်သည်ဟု ဆိုပါဧ။် ။

( ဆေးဖက်အသုံး၀င်ပုံ )
(ဆီးချိုရောဂါ)ဆီးချို၊ သွေးချို ရောဂါအတွက် နေ့စဉ်
နံနက် အိပ်ရာထပြီး အစာမစားမီ လက်ဆတ်သော
ပျဉ်းတော်သိမ်(၁၀) ရွက် စားပါ ။(၃) လတိတိစားလျှင်
ထိုရောဂါကို ထိန်းချုပ်နိုင်ပြီး နေ့စဉ်မှီဝဲနေရသည့်
ဆေးပမာဏကိုလည်း
ထက်၀က်ကျော် လျော့ချနိုင်ပါသည် ။

ဆီးချိုကြောင့် ဖြစ်ပေါ်လာသည့် ခန္ဓာကိုယ်ဝဖြိုးခြင်း၊
သွေးထဲတွင် လွန်ကဲစွာရှိနေသော ကိုလက်စထရောကို လျှော့ချပေးပြီး၊ ဆက်လက်သုံးစွဲပါက ဆီးတွင်
လုံး၀ ရပ်ဆိုင်းအောင် ထိန်းချုပ်နိုင်ပါသည် ။ဝေဒနာရှင်များ ကျန်းမာရေးနှင့် ညီညွတ်သော အစားကို စားသုံးရန်လိုအပ်ပြီး ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ရန် လိုအပ်ပါသည် ။
(တစ်ဦးအတွက်ဆေး ဖြစ်သော်လည်း တစ်ဦးအတွက်
ဘေးဖြစ်တတ်ပါ၍ သုံးစွဲလိုပါက ချင့်ချိန်၍ သုံးစွဲပါရန်။)

အစာစားချင်စိတ်မရှိခြင်း၊ အစာမကြေခြင်း၊ ၀မ်းချုပ်ခြင်း၊ ၀မ်းသွားခြင်း၊ အော့အန်ခြင်း၊ ပျို့အန်ခြင်း ၊ ကလေးများ ဆာလောင်မှုမရှိပါက ခံတွင်းကောင်းအောင် လှုံ့ဆော်သည့် အစာအဖြစ် အရွက်သတ္တုရည် ထမင်းစားဇွန်း(၂) ဇွန်းတွင် သံပုရာရည်(သို့) ပျားရည် အနည်းငယ်ရောပြီး တိုက်ပါက ပျောက်ကင်းနိုင်ဧ။်။( အစာမကြေခြင်း )အစာမကြေခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်းက်ို ပျောက်ကင်းစေပါဧ။် ။

(ဆံပင်ဖြူခြင်း )
အရွက်ကို ကြိတ်၍ ထွက်သောအရည်ကို အုန်းဆီဖြင့်ရော၍ မီးမျှင်းမျှင်းတွင် ရေဓာတ်ကုန်သည်အထိ ကျိုချက်အအေးခံပါ ။ ထ်ိုဆီကို နေ့စဉ်လိမ်းပါက ကာကွယ်ပါဧ။် ။

(ခံတွင်းပျက်ခြင်း)
ဆူပွက်နေသော ရေနွေးတစ်ခွက်တွင် ပျဉ်းတော်သိမ်ရွက်အနည်းငယ်ကို လက်ဘက်ခြောက်ကဲ့သို့နှပ်ပြီး ပျားရည်တစ်ဇွန်းနှင့် ရော၍ သောက်ပါက ၀မ်းမှန်စေပါသည် ။
အစာမကြေခြင်း နှင့် ပဋ္ဋိဇီဝဆေးများကို ကာလကြာရှည်သုံးစွဲရပါက အရသာကိုသိစေသော လျှာပေါ်ရှိ (အရသာခံအဖု) များကောင်းစွာ အလုပ်မလုပ်ခြင်းကြောင့် ခံတွင်း ပျက်ရဧ။် ။
ပျဉ်းတော်သိမ်ရွက်အနည်းငယ်တွင် ဂျင်း၊ ကြက်သွန်ဖြူ၊
မကျည်းမှည့်၊ ငရုတ်သီးနှင့် ဆား
အနည်းငယ် စီ ရောကြိတ်၍ ရလာသော အနှစ်ကို
ထမင်းဖြူ နဲ့ စားသုံးပါက ခံတွင်းပြန်လည် ကောင်းမွန်လာပါမည်။

(စိတ်ပျံ့လွင့်ခြင်း)
အရွက်အား ကြိတ်၍ရသောအနှစ်တွင် သံပုရာရည်၊ဆမ်းပြီး ထမင်းဖြူ နှင့် နေ့ရော ညပါ စားသုံးပါက သက်သာပျောက်ကင်း၍ ကျန်းမာ လာနိုင်မည် ။

(ဒူလာသွေး၀မ်း)
ဒူလာသွေး၀မ်း နှင့် လိပ်ခေါင်းသွေးကျခြင်းများ
အတွက် အရွက်ကို စားပေးပါက သက်သာစေပါဧ။် ။

(ဖျဉ်းဝေဒနာ)
ရှေးမြန်မာဘုရင်များ လက်ထက်က မင်းညီမင်းသားများ အရက်သောက်ပြီး အသည်းကျွမ်း၍ ဖျဉ်းဖြစ်ကြဧ။် ။သမားတော်များက ဖျဉ်းတော်သိမ်နှင့် ကုသဧ။် ။
ကုသရင်း ဖျဉ်းတော်သိမ်သွားရာမှ ကာလရွေ့လျော၍
ပျဉ်းတော်သိမ်ဟု နာမည်တွင်ရစ်သည်ဟု ဆိုပါဧ။် ။
ဤကား ကျနော်ပြောသောပုံပြင်နှင့်မူကွဲဟုမှတ်ပါ

(မြန်မာ့ဆေးကျမ်းများအရ)
ထိုပျဉ်းတော်သိမ်အရွက်ကြမ်းကို ရေနှင့်ပြုတ်ပြီး အသင့်အတင့်သောက်ပေးပါ ။ ချိုးလည်းချိုးပါ ။
အရွက်နုကို အတ်ို့အမြှုပ်လုပ်စားပါ ။ဟင်းခါးချက်သောက်ပါ ။

နေ့စဉ်ထမင်းစားတိုင်း ကျွေးပါက သက်သာပျောက်ကင်းနိုင်ပါသည် ။(လက်တွေ့ပျောက်ကင်းသူဧ။်နည် း။)အရွက်ကို များစွာစားပါက ၀မ်းကိုသက်စေသည် ။နို့ရည်ထဲတွင် ထိုအရွက်ကို ထည့်ကျိုသောက်ပါကအဆိပ်ကို ပျယ်စေသည် ။အရွက်ကို ဟင်းခတ်အမွှေး အကြိုင်အဖြစ် သုံးဧ။် ။

အရွက်ကို သွေးဆေး၊ လေဆေး ဖော်စပ်ရာတွင်အသုံးပြုဧ။် ။
( ရည်ညွှန်းစာများ )

အရှင်နာဂသိန်ပုံပြ ဆေးအဘိဓာန်
ဆရာတော်မြင့် (ငှက်ဖျား)
နေပြည်တော်ကျော်ကျာ်စိုး
မြန်မာ့ဆေးဝါးပင်များ

ဆံပင်ကျွတ်တာရပ်တန့်စေပြီး ဆံနွယ်တွေကို နက်မှောင်သန်စွမ်းစေမဲ့ ပျဉ်းတော်သိမ်ရွက်

ဆံနွယ်တွေရဲ့ အလှဟာ အမျိုးသမီးတွေ တန်ဖိုးထားမြတ်နိုးရတဲ့ အလှအပတစ်ခုဖြစ်ပါတယ်။ ဆံပင်ပါးတာ၊ ဆံပင်ဖြူတာ၊ ဆံသားပျက်ဆီးတာတွေဟာ စိတ်အနှောင့်အယှက်ဖြစ်စရာပါ။

ဒီတော့ ဆံနွယ်တွေကို နက်မှောင်သန်စွမ်းစေမဲ့ နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

ဟင်းတွေချက်ရာမှာ အညှီနှံ့မရအောင်ရယ် အနံ့မွှေးအောင်ရယ် ထည့်ချက်လေ့ရှိတဲ့ ပျဉ်းတော်သိမ်ရွက်ဟာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အကျိုးကျေးဇူးတွေ အများအပြားရှိပါတယ်။

ပျဉ်းတော်သိမ်ရွက်ကိုဘယ်လိုသုံးမလဲ

ပျဉ်းတော်သိမ်ရွက် လက်တစ်ဆုပ်စာ

အုန်းဆီ တစ်ခွက်

ပြုလုပ်နည်း

အုန်းဆီကိုအပူပေးပြီး ပျဉ်းတော်သိမ်ရွက်ကို ထည့်ကာ
ပွက်ပွက်ဆူအောင်သည်ပါ။

ပြီးရင် ဆီကိုရေဆစ်လိုက်ပြီး ဖန်ပုလင်းထဲထည့်ပါ။
ပြီးရင် နွေးနွေးလေးဖြစ်နေချိန်မှာ လက်ဖဝါးပေါ်မှာတင်ပြီး ဦးရေပြားပေါ် လိမ်းပေးပါ။ ငြင်သာစွာ နှိပ်နယ်ပေးပါ။ အဲဒီနောက် ၁၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်ချပါ။

တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်ထိပြုလုပ်နိုင်ပါတယ်။
ဒါဆို ဆံနွယ်တွေ တောက်ပြောင်သန်စွမ်းလာသည်ဟုသိရပါသည်။

◾ Source –
ပျဉ်းတော်သိမ်ရွက်အသုံးဝင်ပုံ
စိုက်ပျိုး⁠ရေးဦးစီးဌာန၏fb postနှင့်...ကျီးသဲလေးထပ်ဆရာတော်၏၁၀၀၀ဆုရပုံပြင်များ...စာအုပ်တို့မှ ထုတ်နှုတ်တင်ပြပါသည် ..
____________________________

Post- Credit..............မူရင်း
z@

•🇨🇭♥

Photos from WE WE  Healthy Products Shop  's post 28/11/2022

အမျိုးသမီးများနှင့် မိသားစု ကျန်းမာ ရေး အတွက် ပစ္စည်းကောင်း များလိုအပ် လျှင် သတိရပေး ပါ ...ရှင့် .
သဘာဝ ပျားရည် ..ဇီးပျားရည် နှင့်
နံသာ ၅ပါး .. တို့ကို ပစ္စည်းစစ်မှန်စျေးနှုန်းသင့်တင့်စွာ ဖြင့် စိတ်ချစွာ ဝယ်ယူ နိုင်ပါပြီ ......

သဘာဝတောပျားရည် တပ်ိသာ .၂၀၀၀၀ ကျပ်
ဇီးပျားရည် ...700 gm ..၇၀၀၀ ကျပ်

ပျားဘို့ ပျားရည်စိမ်.. တစ်ဗူး .၅၀၀၀ ကျပ် .

နံသာဖြူ ..တစ်ကျပ်သား ၃၅၀၀/ ၅၀၀၀. ကျပ်
နံသာနီ တစ်ကျပ်သား ...၇၀၀၀ကျပ်
ကရမက်တစ်ဆယ်သား ..၃၅၀၀ ကျပ်
တောင်တန်ကတိုး ..တစ်ကျပ်သား ၁၀၀၀၀ ကျပ်
တောင်တန်ကြီး .တစ်ဆယ်သား ၂၀၀၀ ကျပ်

နံသာဖြူ မှုန့် စစ်စစ် တစ်
နံသာဖြူ အနှစ်ခဲ စစ်စစ်
နံသာဖြူ +သနပ်ခါး ..အနှစ်ခဲ
ကရမက် အနှစ်ဗူး/ အနှစ်ခဲ
တောင်တန်ကြီး အနှစ်ဗူး / အနှစ်ခဲ
ရွှေဘို သနပ်ခါး .အပွေးမှုန့်. / အမြစ်မှုန့် ..
တိုင်ရင်းဆေးများတွင် ထည့်သွင်းအသုံးပြုသော Quality မို့ အရောအနှောမပါ သန့်စင်မှုကို ယုံကြည် စိတ်ချ စွာ အသုံးပြုနိုင်ပါသည် ..

ဘုရား ပူဇော်ရန်နှင့် ရနံ ကုထုံးအတွက် သဘါဝရနံ့အမွှေးခဲ များလည်းရနိုင်ပါသည်
နံသာဖြု စေတီခဲ/တံခွန်ခဲ
အခု ၃၀ တစ်ဗူး...၉၀၀၀ ကျပ်
(၁:၃၀ခန့် အထွန်းခံ)
ကရမက်တံခွန်ခဲ အခု ၃၀ပါတစ်ဗူး ၄၅၀၀ ကျပ်

စန္ဒကူး တံခွန်ခဲ ရောင်စုံ တစ်ဗူး ၄၀၀၀ ကျပ်
တံခွန်သီးသန့်လဲ ရနိုင်ပါတယ်
ကရမက်စေတီခဲ ၃၂ ခု တစ်ဗူး ..၄၀၀၀ ကျပ်
(၂၅ မိနစ် ခန့် အထွန်းခံ )

ကိုယ်တိုင်စမ်းသပ်အသုံးပြု ပြီးမှ ကြိုက်နှစ်သက်သော သဘာဝ ပစ္စည်းများနှင့်ကောင်းမွန်သော ဒေသ ထွက်ကုန်များကိုသာ အများ အသုံးပြု စေလို သော စေတနာ ဖြ့င့် ..မှန်ကန် စွာ ရောင်း ချ ပေးလျက်ရှိပါသည် .

လိုအပ်ပါက
☎095024209../ 09794735800/ 09250075246 သို့ဆက်သွယ်မှာယူနိုင်ပါသည် ..
ရန်ကုန်မြို့တွင်း .cash on deli ရရှိနိုင်ပြီး
နယ်မြို့များငွေကြို လွှဲ စနစ်ဖြင့် အားပေးနိုင်ပါပြီ.. .
ဝယ်ယူအားပေးသူများ သုံးသမျှ ဆေးဖြစ်၍ .ကိုယ်ကျန်းမာ စိတ်ချမ်းသာ ရှ်ိကြပါစေ .🙏🙏🙏
ကျေးဇူးတင်ပါတယ်

WE
love Earth (Myanmar

Link 👇

https://m.facebook.com/story.php?story_fbid=2116838845190209&id=100005923416800&mibextid=Nif5oz

LInk မှာတခုချင်းစီအကြောင်းအသေးစိတ်လေ့လာ လို့ လဲ ရပါတယ်

Photos from WE WE  Healthy Products Shop  's post 19/11/2022

ကျန်းမာရေး အတွက် လိမ်းချင်ပေမယ့် . အတုံး မသွေးနိုင်လို့ အလွယ်တကူ လိမ်းမယ်ဆိုရင်တော့ အရောအနှောမပါ စစ်မှန်တဲ့ ..သဘာဝအတိုင်း ကြိတ်ထားတဲ့အနစ်ဗူး အနှစ်ခဲ ရေနဲ့ဖျော်လိမ်းရုံ အမှုန့် များလဲ ရှိပါတယ် ရှင် ..တိုင်းရင်းဆေး လုပ်ငန်းသုံးမို့လို့ စားလို့ လျက်လို့ရတဲ့အထိ သန့်စင်ကြောင်း အာမခံပါတယ် ..အနှစ်ဗူးလေးတွေက ကြာရှည်ခံဆေးမပါလို့သူံးနေရင်း အရောင်ပြောင်းအနံ့ပြောင်းတာလေးများရှိခဲ့ရင်.လေသလပ်ခံပြီး အနှစ်ခဲအ ဖြစ် ပုံစံပြောင်းထားပြီး သွေးလိုက်ရင် မူလ အနံ့ နဲ့ အာနိသင် ပြန်ရပါတယ် နော်. . လွယ်လွယ်ကူကူ အဆင်သင့် လိမ်းဖို့ ရေလေးနဲ့ ဖျော် ထား ချင်ရင်တော့ ရေကျက်အေးကို အသုံးပြုပေးပါရှင်.. အထားခံ သုံးရလွယ်မယ့် .ကရမက်အမှုန်ုနဲ့ တောင်နံကြီးအမှုန့် မကြာမီ လာပါမည် ..ရှင်..

ကရမက်အနစ်ဗူး ..၆၅၀၀ ကျပ် (.300 gm )
တောင်တန်ကြီးအနှစ်ဗူး ..၄၅၀၀ ကျပ်(300 gm )

နံသာဖြူ အနှစ်ခဲတစ်ခု...၇၅၀၀ ကျပ်
ကရမက်အနှစ်ခဲ .တစ်ခု ၁၅၀၀ ကျပ်
တောင်တန်ကြီးအနှစ်ခဲ ..တစ်ခု ၁၀၀၀ ကျပ်
နံသာဖြူ+သနပ်ခါး အရော အနှစ်ခဲ တစ်ခု.. ၃၅၀၀ ကျပ်

ရေဖျော်လိမ်းလို့ရသလို ပေါင်ဒါမှုန့် အဖြစ်ပါသုံးလို့ ရတဲ့
နံသာဖြူ မှုန့်တစ်ကျပ်သား .၃၅၀၀ ကျပ်
သနပ်ခါးမှုန့် တစ်ကျပ်သား ၂၀၀၀ ကျပ်.

ရရှိနိုင်ပါတယ် ..
ပစ္စည်းစစ်မှန်မှု စျေးနှုန်း မှန်ကန် မှုဖြင့်သာ ရပ်တည်ပါမည် ...

လိုအပ်တဲ့အခါ ...ဆက်သွယ်မှာယူ အားပေးနိုင်ပါတယ်ရှင့်..
သုံးသမျှဆေးဖြစ်၍ ကျန်းမာရေး ချမ်းသာရေးအတွက် အကျိုးပြုနိုင်ပါစေ ..🙏🙏🙏🙏🙏
မိတ်ဟောင်းမိတ်သစ်များ အားလုံးကိုကျေးဇူးတင်ပါတယ်
🥰🥰🥰

WE WE..
ပျားရည်.နံသာငါးပါး
ဒေသထွက် ပစ္စည်း များ ရောင်းဝယ်ရေး.
ရန်ကုန်
095024209,.09794735800 (viber), 09250075246

Photos from WE WE  Healthy Products Shop  's post 23/10/2022

ပျော်​ရွှင်​ချမ်း​မြေ့ပါ​စေ. ရှင်​.....🙏🙏🙏

Photos from WE WE  Healthy Products Shop  's post 14/10/2022

မင်္ဂလာပါ.. .

13/10/2022

သဘာဝ ထုတ်​ကုန်​ မြန်​မာ့ ​ဒေသ ထွက်​ကုန်​​လေး​တွေ ဖြစ်​တဲ့ ..
နံသာတံခွန်​ နှင့်​တံခွန်​ခဲ ​လေးများလဲ ရနိုင်​ပါတယ်​ ...
နံသာဖြူ တံခွန်​ခဲ ...အခု ၃၀ပါ တစ်​ဗူး..၉၀၀၀ ကျပ်
စန္ဒကူးရနံ့ တံခွန်​ခဲ .အခု ၃၀ပါ တစ်​ဗူး..၄၀၀၀ကျပ်​ပါ ..
တွဲဖက်​ထွန်းရတဲ့တံခွန်​​သီးသန့်ေ​လး​တွေက​တော့ ..
အကြီး ၁၀၀၀၀ ကျပ်
အလတ်​ ..၆၀၀၀ ကျပ်​ ဖြစ်​ပါတယ်​ ...

ဆီမီးခွက်​​လေး ခံပြီး ရနံ့အလှူ​လေးသငိးပျံ့​မွှေး​စေချင်​ရင်​​တော့ ..ပြာမ​ကြွေ .မညစ်​ပတ်​​စေပဲ သန့်​ရှင်းစွာပူ​ဇော်​နိုင်​​စေမယ့်​​စေတီခဲ​လေး များလည်းရှိပါတယ်
နံသာဖြူ ​စေတီခဲ ..အခု၃၀ ပါတစ်​ဗူး ..၉၀၀၀ ကျပ်
ကရမက်​​စေတီခဲ ၃၂ခုပါ တစ်​ဗူး......၄၀၀၀. ကျ ပ်​ .

တံခွန်​ခဲ​လေးများက တစ်​ခုလျှင်​ ၂၅ မိနစ်​ဝန်းကျင်​အထွန်းခံပြီး . နံသာဖြူ အကြီး size က​တော့ ..၁နာရီ ​ကျော်​ အထွန်းခံလို့. နှစ်​သက်​ရာ ​ရွေးချယ်​နိုင်​ပါတယ်​ .
သဘာဝ ရနံ စစ်​စစ်​ ဖြစ်​လို့ ..အနံစူး ခြင်းမရှိပဲ .စိတ်ကြည်​လင်​​အေးချမ်း​စေပါတယ်​ ......
ဆီးမီးပူ​ဇော်​ရန်​ ​ကျောက်​ဖြင့်​ပြုလုပ်​ထားတဲ့​ရွှေကြာပွင့်​​လေး​တွေက​တော့တစ်​ပွင့်​ ..၆၀၀ ကျပ်​ဖြင့်​ဝယ်​ယူအား​ပေးနိုင်​ပါတယ်​ ..

ကိုယ်​တိုင်​စိတ်​တိုင်းကျနံသာမီးပူ​ဇော်​ချင်​ရင်​​တော့ နံသာဖြူ ခုတ်​စအထုတ်​​လေးများလဲ ရရှိနိုင်​ပါတယ်​ တစ်​ထုပ်​ကို ၃၀၀၀ ကျပ်​ပါ ..၃ကျပ်​သားဝန်းကျင်​ ပါပါတယ်​ ..
ပုံ​တွ ထပ်​တင်​လို့မရလို့ Cmt မှာ ပုံ​လေး​တွေ ပြ​ပေးထားပါတယ်​ ..

095024209,09794735800,09250075246 ..ဆက်​သွယ်​ နိုင်​ပြီး ရန်​ကုန်​မြို့  တွင်းအိမ်​​ရောက်​​ငွေ​ချေစနစ်​ရှိပါတယ်​ ..နယ်​မြို့များ ​ငွေကြို လွှဲ​ပေးရပါတယ်​ ..
ကျေးဇူးတင်​ပါတယ်​ ...

09/10/2022

(အရမ်းကောင်းလွန်းလို့ copy ယူလာပါသည်)

အမှန်အတိုင်း ပြောရရင်
ဒီစာဖတ်ပြီး ဝမ်းနည်းလာတယ်...
အားငယ်တာမဟုတ်ဘူးနော် ...
ဝမ်းနည်းလာတာ..,
၁၀ စုနှစ် ၅ ကြိမ် နေခဲ့ပြီးပြီ...
ငါ့မှာ၁၀နှစ် အစု ၂ ကြိမ်ပဲ ကျန်ပါတော့လား..လို့
တွေးပြီး ဝမ်းနည်းလာတာ...
မသိလိုက် တဲ့ အချိန် သတိမထားလိုက်မိပဲ
နှစ်ပေါင်း ၅၀ ကျော်သွားခဲ့ပြီလေ.....
ဒါတောင် သက်တမ်းစေ့ နေရပါမှ ....
ကျန်တဲ့ နှစ်တွေ ကို မေ့မထားပဲ
ကျန်တဲ့ ရက်ကလေးတွေ လက်ချိုးရေရင်း
အကုသိုလ် ကင်းကင်းနဲ့ ပျော်ရွှင်အောင် နေသွားမယ်လို့ .....,
ဘဝမှာအကြောက်ဆုံးက ....
ဝဋ် လည်မှာရယ်
အကုသိုလ်စိတ်ကြောင့် ငရဲကျမှာရယ်...
အကြောက်ဆုံးပဲ....
အဲ့အတွက် ဝစီကံ ကို အဓိက ထိမ်းတယ်...
မနောကံ စိတ်ကမပါပင်မဲ့ လွှတ်ကနဲ ပြောတတ်တဲ့
ဝစီကံကြောင့် ဝဋ်ဆိုတာကြောက်တယ်...
ပြောလို့ ရလို့
ပြောချင်တိုင်း ပြောခွင့်ရှိလို့
နစ်နစ်နာနာ ပက်ပက်စက်စက် မှိုချိုး မျှစ်ချိုး ပြောတာမျိုးကို ဘယ်တော့မှ မလုပ်ဖြစ်အောင် သတိထားနေတယ်... ဝဋ် ဆိုတာ အချိန်တန်ရင် လည်ပြီး ရောက်လာတတ်တာ...
တွေးကြည့်တာနဲ့တင် ...,
အရမ်းကြောက်တယ်....
ပိုင်းလော့ ဆရာတော် ဟောထားတဲ့ တရားတွေကို နာရင်း ဝဋ်လည်တာကို ကြောက်လာသလို အကုသိုလ် ပြုမိမှာကိုလည်း ကြောက်လာတယ်...
နေရတဲ့ လက်ကျန်အချိန်လေးကို
မိမိရဲ့ မိသားစု ဆွေမျိုး ပတ်ဝန်းကျင် မိတ်ဆွေ အားလုံးနဲ့ အကုသိုလ်ကင်းစွာ ပျော်ပျော်ရွှင်ရွှင်နဲ့ သာသာယာယာ ဖြတ်သန်းသွားချင်တယ်..,,
မိမိအတွက် မိမိပတ်ဝန်းကျင်ရှိသူများက ပြုစုရ ကျွှေးမွေးရ စောင့်ရှောက်ရ ခက် တဲ့သူ မဖြစ်အောင် .....
မိမိကြောင့် မည်သူမှ စိတ်ဒုက္ခ မရောက်အောင်...
ဘယ်သူ့ကိုမှလည်း မိမိအတွက် တာဝန်ကြီးတခုလို ဝန်ထုတ်ဝန်ပိုးအဖြစ် မထမ်းထားရလေအောင် ....
မိမိကို စိတ်အနှောင့်အယှက်ပေးမည့်အရာ များ နှင့်
သဘောထားခြင်း ခံယူချက်ချင်း စိတ်ထားခြင်းမတူတာများကိုလည်း ဖက်တွယ် မထားပဲ ဖြုတ်ချထားနိုင်အောင် ..... ကြိုးစားပြီး ရိုးရှင်းသော ဘဝ နှင့် ရှင်သန် နေထိုင်သွားရပါအုံးမည်....,,

ကျွန်မတို့ဘဝမှာ
၁၀ နှစ်အစု ဘယ်နှစ်ကြိမ်ရကြမလဲ။

ကျွန်မတို့ လူ့သက်တမ်းကို
ပျမ်းမျှ အနှစ် ၇၀ သတ်မှတ်မယ်
ဆိုရင် ကျွန်မတို့ ၁၀ နှစ် ၇ကြိမ်ပဲ
ရကြမှာပါ။

ပထမ ၁၀ နှစ်ကတော့
ဘာမှတတ်သိနားလည်မှု
မရှိသေးတဲ့ ကလေးဘဝနဲ့ပဲအချိန်ကုန်ခဲ့ရတယ်။

ဒုတိယ ၁၀နှစ် ကျပြန်တော့ ကျောင်းစာတွေသင်ကြား လေ့ကျင့်ရင်း အချိန်ကုန်ခဲ့ကြပြန်ရော။

တတိယ ၁၀နှစ်ကျတော့
သင်တန်းတွေတက်ရင်း
အလုပ်တွေ တစ်ခုပြီးတစ်ခုပြောင်းလုပ်ရင်း အချိန်တွေကုန်လို့ ကုန်မှန်းမသိ ဘဝကို ဖြတ်သန်းခဲ့ကြတယ်။

စတုတ္ထ ၁၀နှစ်ကျပြန်တော့
စီးပွားရှာမိသားစုဘဝတည်ဆောက်ရင်းနဲ့ပေါ့။

ပဉ္စမ ၁၀နှစ်မှာကျတော့
ရှာဖွေစုဆောင်းထားသမျှကို
အသုံးပြုရင်း တည်မြဲအောင်
ထိန်းသိမ်းရင်း အချိန်တွေကုန်သွားပြန်ရော။

ဆဋ္ဌမ ၁၀နှစ် ထဲရောက်လာတော့
ကိုယ်ကျန်းမာရေး
စိတ်ကျန်းမာရေးတွေ
ကောင်းမွန်ဖို့အတွက် လုံးပမ်းရပြန်တယ်။

နောက်ဆုံး ၁၀နှစ်ထဲမှာ
ရောက်တော့ အရာရာလွှတ်ချထား
ခဲ့နိုင်ဖို့ ကြိုးစားရင်း လာလမ်းအတိုင်း ပြန်ဖို့အချိန်ကို စောင့်ဆိုင်းကြရတယ်။
(ဒါတွေဟာ ယေဘုယျ အားဖြင့် ပါ)

ကျွန်မတို့ ဖြတ်သန်းပြီးခဲ့တဲ့ အချိန်တွေကို သေချာပြန်စဉ်းစားကြည့်ပါ။ ၁၀နှစ် တစ်စုချင်းစီက ကုန်ဆုံးသွားလိုက်တာအရမ်းမြန်ဆန်လွန်းလို့ မျက်လှည့်ပြလိုက် သလိုပါပဲ။

သိပ်မကြာခင်အချိန်မှာပဲ ကျွန်မတို့ လက်ရှိ ၁၀နှစ်အပိုင်းအခြားလေးက ကုန်ဆုံးသွားတော့မယ်။

ကျွန်မတို့လုပ်ဆောင်ပြီးခဲ့တာတွေလည်း အများကြီး ရွိသလို မလုပ်ရသေးတာတွေလည်း အများကြီးကျန်နေသေးတယ်။

ကျွန်မတို့ရဲ့ အချိန်တွေကို ကိုယ်လိုချင်တဲ့ အရာဝတ္ထုတွေနဲ့ လဲလှယ်ခဲ့ကြတယ်။

ကျွန်မတို့ရဲ့ အချိန်တွေကို အလုပ်တွေနဲ့ သွားလဲခဲ့ကြတယ်။

ကျွန်မတို့ရဲ့ အချိန်တွေကို ငွေတွေနဲ့ သွားလဲခဲ့ကြတယ်။

ဒါပေမဲ့ကျွန်မတို့တွေ ငွေနဲ့ ကုန်သွားတဲ့အချိန်တွေကို ပြန်ဝယ်လို့မရတော့ဘူး။

အချိန်ဘဏ်တိုက်ဆိုတာ မရှိတဲ့အတွက် ကျွန်မတို့မှာနောက်ထပ်သုံးဖို့ အချိန်တွေ ဘယ်လောက်ကျန်သေးလဲဆိုတာ ပြန်စစ်ဖို့ အချိန်စုစာအုပ် မရှိကြဘူး။

ကျွန်မတို့သိနိုင်တာတစ်ခုက ကျွန်မတို့ ၁၀နှစ်အစုတွေဘယ်နှစ်ကြိမ် ထုတ်သုံးခဲ့ကြပြီလဲ။

ကျန်နေသေးတဲ့ ၁၀နှစ်အစု အချိန်တွေကို အကုန်ပြည့်အောင် သုံးခွင့်ရပါ့မလားဆိုတာကိုတော့ ဘယ်သူမှမသိနိုင်ပါဘူး။

ကျွန်မတို့သုံးပြီးခဲ့တဲ့ ဆယ်နှစ်အစုတွေအတွက်ကရော တန်ခဲ့ကြရဲ့လား။

နောက်ပြန်လှည့်ကြည့်မိတဲ့အခါတိုင်းမှာ ပြန်နှမြောနေစရာမလိုအောင်အကျိုးရှိရှိ အသုံးချခဲ့ကြရဲ့လား။

ဒါကြောင့် လက်ရှိပစ္စုပ္ပန် ၁၀ နှစ်အစုကို
အကျိုးရှိရှိ အသုံးချကြရအောင် ..

မဖျားနာသေးပေမဲ့ ကြိုတင်ကာကွယ်ထားပါ။

မဆာသေးဘူးဆိုပေမဲ့ ရေများများသောက်ပေးပါ။

ဘဝကအရမ်းရှုပ်ထွေးနေတယ်ဆိုရင် လွှတ်ချသင့်တာလွှတ်ချထားခဲ့ပါ။

ပတ်သက်ဖို့အကြောင်းတရားရှိနေသေးတယ် ဆိုရင်လည်း အလျှော့ပေးဆက်ဆံလိုက်ပါ။

ရာထူးအာဏာ ရှိတယ်ဆိုရင်တောင်
ကိုယ့်ကိုယ်ကို နှိမ့်ချပါ။

လူကမပင်ပန်းဘူးဆိုရင်တောင်
စိတ်ကိုတော့ အနားပေးလိုက်ပါ။

မချမ်းသာသေးဘူးဆိုပေမယ့်
ရှိတာနဲ့တင်းတိမ် ရောင့်ရဲပါ။

အလုပ်တွေဘယ်လောက်များများ
မိသားစုနဲ့ အပန်းဖြေလိုက်ပါ။

စားချင်တာရှိရင်စားပါ။
လည်ပတ်ချင်ရင် လည်ပတ်လိုက်ပါ။

စိတ်ဆင်းရဲစရာ စိတ်မချမ်းသာစရာတွေ
သိပ်များများမထားပါနဲ့။
ပျော်ပျော်ရွှင်ရွှင်သာနေပါ။

လက်တွဲခွင့်ရတုန်း တွေ့ဆုံခွင့်ရကြတုန်း
အပေါင်းအသင်းတွေနဲ့
ရင်းရင်းနှီးနှီးပျော်ပျော်ရွှင်ရွှင်
ပွင့်ပွင့်လင်းလင်းနေလိုက်ပါ။

တစ်ယောက်နဲ့တစ်ယောက်
ဖက်ထားလို့ရနေသေးချိန်မှာ
အားရပါးရ ဖက်ထားလိုက်ပါ။

အမေ အဖေညီအကို မောင်နှမ
သူငယ်ချင်း ချစ်သူ ဇနီး ခင်ပွန်း
စတဲ့ ရောက်ရာတာဝန်တွေမှာ အကောင်းဆုံးဖြစ်အောင် နေလိုက်ပါ။

အတူတူရှိနေကြတုန်းမှာ
ဘာ အကြောင်းကြောင့် ပဲဖြစ်ဖြစ်
လွယ်လွယ်နဲ့မမုန်းတီးကြ အာဃာတ မထားကြပါနဲ့။

အရေးအကြီးဆုံးကတော့
ဘဝကို ကိုယ်ကအသုံးချတဲ့သူဖြစ်နေပါစေ။
ဘဝက ကိုယ့်ကိုပြန်အသုံးချပြီး
ဒီအတိုင်းသေဆုံးသွားရတာမျိုး မဖြစ်ပါစေနဲ့။

Credit.....Original Writer.

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


North Okkalapa
Yangon