Happy Diet Plan

Happy Diet Plan

Share

Health/Beauty

25/08/2020

ဝိတ်ကျစေမယ့်planလေးမှာmenberဝင်လို့ရပါပြီနော်😍😍
၁၀ရက်ကိုပေါင် ၆ပေါင်ကနေ ၁၀ပေါင်ထိကျပါတယ်😮😮
မေး -အစားလျော့စားလို့ဗိုက်ဆာနေရမှာလား😞
ဖြေ-အစားလုံးဝလျော့မစားရပါဘူးနော်
မေး-ခက်ခက်ခဲခဲတွေလုပ်ရမှာလား
ဖြေ-ခက်ခဲတဲ့planလေးမဟုတ်ပါဘူးနော်
မေး-လေ့ကျင့်ခန်းလုပ်ရမှာလား
ဖြေ-မလုပ်လဲရပါတယ်
Planလေးရဲ့ကောင်းကျိုးတွေကတော့
ဝဝလင်လင်စားပြီးဝိတ်ကျလာမယ်
ကျန်မာရေးကောင်းလာမယ်
ပေါ့ပေါ့ပါးပါးသွားလာနိုင်မယ်
အသားရေကြည်လာမယ်
ကဲဘာလိုသေးလဲ😍😘
Menber ကြေးလေးကတော့ ၁၀ရက်စာကို ၁သောင်းပါရှင့်

28/07/2020

အဆီကျစေမဲ့ Diet Plan လေးပါ 🥰

အစားအသောက်ပုံစံကိုပြုပြင်ပေးတာမလို့ Side effect လဲမရှိဘဲစိတ်ချရတယ်👍🏼

အစားအသောက်လေးတွေကို Calories တွက်ချက်ပြီး စားခိုင်းတာပါ

ကျန်းမာရေးနဲ့လဲညီညွတ်တယ်🙆🏻‍♀️

Members တွေအများကြီး ရှိနေပြီဖြစ်တဲ့ အဆီကျ Diet Pan လေးပါ

Happy Diet Plan လေးကို Join ချင်တယ်ဆိုရင်
page messenger လေးကတဆင့် မေးမြန်းစုံစမ်းလိုက်နော်

Happy Diet Plan🍋🥒🥝

28/07/2020

ကိုယ်အလေးချိန်လျော့ချချင်သူတွေ အရင်ဆုံးပြောင်းလဲသင့်တဲ့ အမူအကျင့်များ
ဝိတ်လျော့ဖို့စတင်ပြီဆိုရင် အစားလျော့စားတာတွေ၊ လေ့ကျင့်ခန်းလုပ်တာတွေထက် အရေးကြီးတာက စိတ်ပါပဲ။ စိတ်က သေချာလိုက်မလာနိုင်ရင် ဘယ်အရာမှအောင်မြင်နိုင်မှာမဟုတ်တော့ပါဘူး။ ဝိတ်လျော့ဖို့ဆိုရင်လည်း စိတ်ကိုကဝိတ်ကျဖို့ကို အားသန်နေမယ်ဆိုရင် အစားလျော့စားတာတွေ၊ လေ့ကျင့်ခန်းလုပ်တာတွေကို ပုံမှန်လုပ်နိုင်ပြီး အလေးချိန်ကိုလည်း ကောင်းကောင်းလျော့ကျနိုင်မှာပါ။
ဝိတ်လျော့တော့မယ်ဆိုရင် ပြောင်းလဲလိုက်သင့်တဲ့အတွေးအခေါ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ကျန်းမာရေးနဲ့ကိုက်ညီတဲ့အစားစာတွေကိုနှစ်သက်တယ်
အသီးအရွက်တွေကို များများကြိုက်နှစ်သက်တဲ့သူဆိုရင် ဝိတ်လျော့ဖို့အတွက်ပိုပြီးတော့ အဆင်ပြေပါတယ်။ တကယ်လို့ သင်ကအရင်ထဲက အသီးအရွက်တွေကို သိပ်မကြိုက်ခဲ့ဘူးဆိုရင်တော့ သင့်စိတ်ထဲမှာအသီးအရွက်တွေက ကိုယ့်အတွက်အဆင်ပြေပါတယ်။ ဒါမှလည်းဝိတ်မြန်မြန်ကျစေမှာပေါ့ဆိုတဲ့ စိတ်မျိုးကို ထည့်ထားပေးနိုင်မှ ကျန်းမာရေးကိုအထောက်အကူပြုတဲ့ အစားစာတွေနဲ့ ဝိတ်လျော့လို့ရမှာပေါ့။
ဝိတ်ကျဖို့အတွက်စီစဉ်ထားတဲ့ အစားစာတွေကို စားချင်စိတ်
ဝိတ်ကျဖို့အတွက်ဆိုရင် အရင်စားနေကျအတိုင်းပဲ စားနေလို့တော့မရဘူးပေါ့။ ဒါကြောင့် ဝိတ်ကျဖို့အတွက် ကြိုးစားနေတဲ့အချိန်မှာ စားဖို့ပြင်ဆင်ထားတာတွေကို စားချင်စိတ်ရှိတယ်ဆိုတဲ့ စိတ်မျိုးထားထားပေးရင် ပိုပြီးတော့အဆင်ပြေစေပါတယ်။ အဓိကကတော့ အသီးအရွက်တွေနဲ့၊ Salad တွေကို ကောင်းကောင်းစားပေးနိုင်ဖို့ပါပဲ။
လေ့ကျင့်ခန်းလုပ်ရတာကို နှစ်သက်ရမယ်
လေ့ကျင့်ခန်းလုပ်တယ်ဆိုတာလည်း ခန္ဓာကိုယ်ပိုပြီးလှပဖို့အတွက်၊ စိတ်ကိုလည်း လန်းဆန်းသွားစေတာကြောင့် ကြိုက်နှစ်သက်တယ်ဆိုတဲ့ စိတ်မျိုးကိုထားထားပေးဖို့တော့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ အစပိုင်းတော့ နာကျင်တာတွေ၊ ပင်ပန်းတာတွေကို ခံစားရနိုင်တယ် ဆိုပေမယ့် တစ်ချိန်ကျရင် လှပတဲ့အရာတွေကို ပိုင်ဆိုင်လာရတော့မှာဆိုတဲ့စိတ်မျိုးနဲ့ လေ့ကျင့်ခန်းလုပ်ရတာကို နှစ်သက်နေဖို့လိုအပ်ပါတယ်။
ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရတာကောင်းတယ်လို့ သတ်မှတ်ထားပါ
ကျန်းမာတဲ့ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ရဖို့ဆိုတာ လေ့ကျင့်ခန်းတွေများများလုပ် အစားအသောက်တွေဆင်ခြင်ရနဲ့ဆိုတော့ နည်းနည်းတော့ပင်ပန်းမှာပေါ့။ ဒါပေမယ့် ကျန်းမာပြီးလှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုက်ရပြီဆိုရင် နေရထိုင်ရတာရော၊ စိတ်ကိုပါလန်းဆန်းနေစေပြီး စိတ်ကျေနပ်စရာကောင်းနေမှာဆိုတဲ့ စိတ်မျိုးကိုထားထားဖို့လိုပါတယ်။
ဒီအချက်တွေအားလုံးကို အရင်ပြင်ဆင်ပြီးစိတ်ဆုံးဖြတ်နိုင်ပြီဆိုရင်တော့ သင့်ရဲ့ဝိတ်လျော့တဲ့အစီအစဉ်ကို စတင်လိုက်လို့ရပါပြီနော်။ ဒီအချက်တွေကို သေချာပိုင်နိုင်မှုရှိမှလည်း အောင်မြင်စွာနဲ့ ဝိတ်ချလို့ရနိုင်မှာပဲဖြစ်ပါတယ်နော်။
Credit MyStyle Myanmar

23/07/2020

ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားသုံးပေးတဲ့အခါမှာ ခန္ဓာကိုယ်မှာပြောင်းလဲလာမယ့်ဖြစ်စဉ်များ
လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ အာဟာရဓာတ်တွေကောင်းကောင်းပြည့်စုံနေဖို့က အရေးကြီးပါတယ်။ အာဟာရဓာတ်တွေပြည့်စုံနေဖို့အတွက် အသီးအနှံတွေ အသားငါးတွေကို မျှတနေအောင်စားပေးမှ လိုအပ်တဲ့အာဟာရဓာတ်တွေရရှိပြီး ကျန်းမာစွာနဲ့နေထိုင်နိုင်မှာပဲဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားပေးတဲ့သူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာပြောင်းလဲပြီး ဖြစ်ပေါ်လာမယ့်ကျန်းမာရေးကောင်းကျိုးတွေကိုလည်း ဖော်ပြပေးချင်ပါတယ်။
နှလုံးရောဂါဖြစ်နိုင်ချေကိုလျော့နည်းစေပါတယ်
များစွာသော လေ့လာစမ်းသပ်မှုတွေအရ အသီးအရွက်တွေကနေပြီး ရရှိလာတဲ့အာဟာရဓာတ်တော်တော်များများက နှလုံးရောဂါဖြစ်နိုင်ချေတွေကို လျော့နည်းနေစေတယ်လို့သိရထားပါတယ်။ အသားငါးတွေကိုစားသုံးတာများတဲ့သူနဲ့ အသီးအရွက်တွေကို စားသုံးတာများတဲ့သူ ယှဉ်လိုက်မယ်ဆိုရင် အသီးအရွက်တွေကိုစားသုံးတာများတဲ့သူက ကျန်းမာရေးပိုကောင်းတာကို တွေ့ရပါတယ်။
ကိုယ်အလေးချိန်ကိုထိန်းထားနိုင်တယ်
အသီးအရွက်တွေမှာ ခန္ဓာကိုယ်ကိုအဆီတွေဖြစ်စေတဲ့ ကယ်လိုရီပါဝင်မှုလျော့နည်းတာကြောင့် ခန္ဓာကိုယ်ကိုဝစေတာမျိုးတွေလည်း မရှိစေနိုင်တော့ပါဘူး။ ပုံမှန်စားသုံးပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကိုထိန်းထားနိုင်မှာပါ။
အစာချေစနစ်လည်းကောင်းမွန်စေပါတယ်
အသီးအရွက်တွေကိုစားသုံးတာက အစာအိမ်ကိုဆိုးကျိုးမပေးနိုင်သလို အစာချေစနစ်အားနည်းတာကြောင့် ဖြစ်သွားတဲ့ အစာမကျေ ရင်ပြည့်တာမျိုးတွေ ကိုလည်း လျော့နည်းလာစေနိုင်ပါတယ်။
ကြွက်သားတွေကိုအားကောင်းလာစေပါတယ်
ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ်တွေလျော့နည်းနေတဲ့အခါမှာ ကြွက်သားတွေလည်းအားလျော့နည်းလာတာကို ကြုံတွေ့လာရမှာပါ။ အသီးအနှံတွေကို ပုံမှန်စားပေးတာကနေလည်း ကြွက်သားတွေကိုအားပြည့်လာစေနိုင်တာကြောင့် ပုံမှန်စားပေးမယ်ဆိုရင်လည်း အကျိုးမယုတ်စေပါဘူး။
Credit MyFood Myanmar

15/07/2020

လေဖြတ်မှုကို ကာကွယ်ပေးမယ့်အပြင် ပန်းသစ်တော်သီးရဲ့ အကျိုးကျေးဇူးများ
ပန်းသစ်တော်သီးစားတာဟာ ကျန်းမာရေး အကျိုးအာနိသင်အများကြီးရှိတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။
အနီရောင် ၊ အစိမ်းရောင် ၊ အဝါရောင် အဆင်းရှိတဲ့ သစ်တော်သီးတွေမှာ ရေဓါတ်၊ အမျှင်ဓါတ် ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများအပြားပါဝင်နေပါတယ်။
ပန်းသစ်တော်သီးရဲ့ အကျိုးကျေးဇူးများ
လေဖြတ်ခြင်း
သစ်တော်သီးကိုစားပေးတာဟာ သွေးလည်ပတ်မှုကောင်းစေပြီး လေဖြတ်မှုကို ကာကွယ်ပေးပါတယ်။ သစ်တော်သီးမှာ ပါဝင်တဲ့ အမျှင်ဓါတ်တွေဟာ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။ လေ့လာမှုတွေအရ သစ်တော်သီးကိုစားပေးရင် လေဖြတ်နိုင်ချေကို ၅၀ % ထိလျှော့ချပေးတယ်လို့ ဆိုပါတယ်။
ကင်ဆာ
ပန်းသစ်တော်သီးမှာ ဗီတာမင် C ၊ အမျှင်ဓါတ်နဲ့ Folic Acid တွေသာမက ဓါတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တွေမြင့်မားစွာပါဝင်နေပါတယ်။ ဒါ့ကြောင့် ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီး ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကင်ဆာဖြစ်စေတဲ့ဓါတုပစ္စည်းတွေ အူလမ်းကြောင်းမှာ စုနေတာကို ကာကွယ်ပေးပါတယ်။ အမျိုးသမီးတွေအတွက်တော့ ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်လို့ သစ်တော်သီးကို စားပေးသင့်ပါတယ်။
ဝမ်းချုပ်ခြင်း
ပန်းသစ်တော်သီးမှာ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ဝမ်းမှန်စေပါတယ်။
ဘက်တီးရီးယား
ပန်းသစ်တော်သီးမှာပါဝင်တဲ့Caffeic Acid ဓါတ်နဲ့ Tannins ဓါတ်တွေဟာ ခန္တာကိုယ်အတွင်း ရောဂါပိုးမွှားဝင်ရောက်မှုကို ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် အလွယ်တကူ အအေးမိ ဖျားနာတာမျိုး ကို အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။
Credit MyFood Myanmar

07/07/2020

ခါးပတ်လည်က အဆီတွေကျဆင်းစေမယ့် အစားအစာများ
လူကသာ ပိန်နေပေမယ့် ခါးမှာ အဆီရှိနေရင်လည်း ကြည့်လို့မကောင်းပါဘူး။ ခါးပတ်လည်၊ ဗိုက်တွေမှာ အဆီတွေ စုနေရင် မြန်မာအင်္ကျီ ဝတ်ရတာလည်း အဆင်မပြေသလို ကြည့်လို့လည်း မကောင်းပါဘူး။
ဒါကြောင့် ခါးပတ်လည်က အဆီပိုတွေကို အလျင်အမြန် ကျဆင်းစေမယ့် အစားအစာအကြောင်းကို ဝေမျှချင်ပါတယ်။
ငှက်ပျောသီး
ငှက်ပျောသီးမှာ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပါတယ်။ တစ်နေ့ကို ငှက်ပျောသီးတစ်လုံးစားရင် ဗိုက်ပြည့်နေပြီး အဆီမတက်တာကြောင့် ကိုယ်အလေးချိန်လျော့ကျကာ ခါးပတ်လည်က ပိုနေတဲ့ အဆီတွေလည်း ကျဆင်းသွားမှာဖြစ်ပါတယ်။
အခွံမာအသီးများနဲ့ Almonds စေ့
အခွံမာအသီးတွေ၊ Almonds သီးတွေမှာ Omega-3 နဲ့ ပရိုတင်းဓာတ် တို့ ပါဝင်မှုများပါတယ်။ Almonds အစေ့ကတော့ သွေးအတွင်း သကြားဓာတ်ပါဝင်မှုပမာဏကို ထိန်းညှိပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ အဲ့ဒီအပြင် ခါးပတ်လည်က အဆီပိုတွေကိုလည်း ကျဆင်းစေပါတယ်။
အခွံမာသီးတွေနဲ့ Almonds တို့ကို အသုတ်တွေမှာထည့်စားတာဖြစ်ဖြစ် အဆာပြေ အစားအစာ အဖြစ် စားသုံးလို့ရပါတယ်။
ထောပတ်သီး
ထောပတ်သီးက အရသာ ကောင်းရုံတင်မကဘဲ သူ့မှာ oleic အက်ဆစ်ဓာတ်ပါဝင်ပြီး ဗိုက်ခဏခဏ မဆာအောင်လည်း ပံ့ပိုးပေးပါတယ်။ သူ့မှာ အမျှင်ဓာတ်တွေ၊ Monounsaturated Fats တွေပါဝင်တာကြောင့် ကိုယ်အလေးချိန် မတက်အောင် ကူညီပေးပါတယ်။
ဖြစ်နိုင်ရင်တော့ ထောပတ်သီး တစ်နေ့ ၁ လုံး စားသုံးပေးပါ။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးက သွေးထဲမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေနဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
ဒါကြောင့် ကိုယ်အလေးချိန်ကျဆင်းနိုင်ကာ အဆီတွေလည်း လျော့ကျစေပါတယ်။ အကောင်းဆုံးကတော့ ခရမ်းချဉ်သီးကို အသုတ်တွေထဲထည့်
စားတာ အစိမ်းစားတာမျိုး စားသုံးသင့်ပါတယ်။
ဘယ်ရီသီး
ဘယ်ရီသီးတွေဖြစ်တဲ့ စတော်ဘယ်ရီ၊ Raspberries၊ Blackberries ၊ Blueberries တို့က ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။
သူတို့မှာ Anthocyanins ဓာတ်ပါဝင်တာကြောင့် အမြဲတမ်း ဗိုက်ပြည့်နေသလိုခံစားရပြီး ခန္ဓာကိုယ်ထဲက အဆီနဲ့ သကြားဓာတ်တွေကို လျော့ချပေးပါတယ်။
Credit MyFood Myanmar

30/06/2020

စတော်ဘယ်ရီသီးရဲ့ ကျန်းမာရေး ကောင်းကျိုးများ
စတော်ဘယ်ရီသီးမှာ ဗီတာမင် C ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားစနစ်အတွက် အကောင်းဆုံးအသီးဖြစ်ပါတယ်။
ခန္ဓာကိုယ်က ဗီတာမင် C ကို မထုတ်လုပ်နိုင်တာကြောင့် စတော်ဘယ်ရီလို အစားအစာတွေ စားသုံးပြီးမှ ဗီတာမင် C ဓာတ်ကို ရယူရပါတယ်။
တစ်နေ့ကို စတော်ဘယ်ရီသီး ၈ လုံး စားရင် လိမ္မောသီးတစ်လုံးမှာပါဝင်တဲ့ ဗီတာမင် C ဓာတ်ပိုများပြီး နေ့စဉ်လိုအပ်တဲ့ ဗီတာမင် C ဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။
ဗီတာမင် C ဓာတ်က ကိုယ်ခံအားစနစ်အတွက်အဓိကကျတာကြောင့် ဖျားနာမှ ဗီတာမင် C ဓာတ်ကိုဖြည့်တင်းတာထက် ပုံမှန်ဖြည့်တင်ပေးသင့်ပါတယ်။
ကိုယ်အလေးချိန်ကို ထိန်းညှိပေး
စတော်ဘယ်ရီသီးကို နေ့စဉ်စားရင် ကိုယ်အလေးချိန် ကျစေပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းထားနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ကိုယ်အလေးချိန် တက်တာတွေကို ကာကွယ်ပေးနိုင်ပြီးဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေက အစားစားချင်စိတ်ကို လျော့ကျစေပါတယ်။
အသက်အရွယ်ကြောင့်မှတ်ဉာဏ်ချို့ယွင်းတာကို ကာကွယ်ပေး
အသက်အရွယ်ကြီးလာရင် သတိမေ့တာ၊ မှတ်ဉာဏ်ချို့ယွင်းတာတို့ဖြစ်လာတတ်ပါတယ်။ စတော်ဘယ်ရီသီးကို တစ်ပတ်မှာ ၂ ကြိမ်လောက်စားသုံးရင် မှတ်ဉာဏ်ချို့ယွင်းတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
စတော်ဘယ်ရီသီးမှာ Antioxidants တွေနဲ့ရောင်ရမ်းတာတွေကို ကာကွယ်ပေးနိုင်တဲ့ဓာတ်တွေပါဝင်တာကြောင့် ဦးနှောက်ထဲမှာ ရောင်ရမ်းတာတွေကို ကာကွယ်ပေးပါတယ်။
အိုင်အိုဒင်းဓာတ်လည်း ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ထိန်းညှိပေးနိုင်ပြီး ပိုတက်ဆီယမ်ဓာတ်ပါဝင်တာကြောင့် ဦးနှောက်ကို သွေးစီးဆင်းမှုကို တိုးမြင့်စေပါတယ်။
ကိုလက်စထရောကို လျော့ချပေးပြီး နှလုံးရောဂါကို ကာကွယ်
စတော်ဘယ်ရီသီးမှာ ဗီတာမင် စီ၊ ဖောလစ်၊ ပိုတက်ဆီယမ်၊ Flavonoids နဲ့ အမျှင်ဓာတ်တွေပါဝင်တာကြောင့် ကိုလက်စထရောနဲ့ သွေးဖိအားကို လျော့ချစေကာ နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။
ကင်ဆာရောဂါကို ကာကွယ်ပေး
စတော်ဘယ်ရီသီးမှာ ကင်ဆာရောဂါဖြစ်ပွားမှိုကု လျော့ချပေးနိုင်တဲ့ဓာတ်တွေပါဝင်ပါတယ်။ သူ့မှာ Antioxidants ဓာတ်တွေအများကြီးပါဝင်ပြီး Antioxidants ဓာတ်တွေက ဆဲလ်တွေပျက်စီးမှုကို ကာကွယ်ပေးနိုင်သလို ပျက်စီးနေတဲ့ ဆဲလ်တွေကိုလည်းပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။
ကင်ဆာဖြစ်နိုင်တဲ့ ဆဲလ်တွေဖြစ်ပေါ်မှုကိုလည်း စတော်ဘယ်ရီသီးမှာပါဝင်တဲ့ flavonoids ဓာတ်က ကာကွယ်ပေးနိုင်ပါတယ်။
Credit MyFood Myanmar

26/06/2020

အကြောပြတ်များကို ဖယ်ရှားဖို့ မီးဖိုချောင်က အစားအစာနဲ့ ပစ္စည်းတွေကို အသုံးပြုလိုက်ပါ
အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ခန္ဓာကိုယ်ပေါ်မှာ အကြောပြတ်ရာလေးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ အကြောပြတ်ရာတွေ အဖြစ်အများဆုံးနေရာတွေကတော့ ဝမ်းဗိုက်၊ ပေါင်နှင့် လက်မောင်းသားတွေမှာ အဖြစ်များပါတယ်။
ကိုယ်အလေးချိန် ရုတ်တရက်တက်ခြင်း၊ ကျခြင်းတို့ကြောင့် အကြောပြတ်ရာတွေဖြစ်ပေါ်လာတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို အသုံးပြုပြီး အကြောပြတ်ရာများကို ဖယ်ရှားနိုင်ပါတယ်။
ကော်ဖီအကြမ်းမှုန့် အသုံးပြုပါ
ကော်ဖီအကြမ်းမှုန့် အနည်းငယ်ကို ရေနည်းနည်းဖြင့် ရောနှောပြီး အနှစ်ကလေးများရအောင် ပြုလုပ်လိုက်ပါ။ ထို့နောက် အကြောပြတ်ရာကြောင့် အသားအရေမညီမညာ မလှမပဖြစ်နေတဲ့နေရာပေါ်မှာ စက်ဝိုင်းပုံသဏ္ဍာန် ညင်သာစွာ ၃ မိနစ်မှ ၅ မိနစ်ခန့်အထိ ပွတ်တိုက်ပေးလိုက်ပါ။
ထို့နောက် ရေနွေးနွေးဖြင့် ဆေးကြောပေးရပါမယ်။ ပိုမိုထိရောက်မြန်ဆန်တဲ့ အကျိုးရလဒ်ကို လိုချင်တယ်ဆိုရင်တော့ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း (သို့) ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်း ၂ ဇွန်းခန့် ထပ်ထည့်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးကိုတော့ တစ်နေ့ နှစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။
သကြား အသုံးပြုပါ
သကြား စားပွဲတင်ဇွန်း ၁ ဇွန်းကို အယ်လ်မွန်ဆီ တစ်စက်၊ နှစ်စက်ခန့်နှင့် သံပုယိုရည် အနည်းငယ်တို့ဖြင့် ရောနှောကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် အကြောပြတ်ရာပေါ်မှာ သုတ်လိမ်းပေးကာ ၈ မိနစ်၊ ၁၀ မိနစ်ခန့် နှိပ်နယ်ပေးရပါမယ်။
ထို့နောက် ရေနွေးနွေးလေးဖြင့် ဆေးကြောပေးလိုက်ပါ။ ဒီနည်းလမ်းလေးကိုတော့ တစ်နေ့ တစ်ကြိမ်၊ နှစ်ကြိမ်ခန့် အသုံးပြုနိုင်ပါတယ်။
သံပုယိုရည် အသုံးပြုပါ
သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ကို အကြောပြတ်ရာ ဖြစ်ပွားနေသော အသားအရေပေါ်သို့ စက်ဝိုင်းပုံသဏ္ဍာန် သုတ်လိမ်းပေးလိုက်ပါ။ အသားထဲ စိမ့်ဝင်သွားဖို့ရန်အတွက် ၁၀ မိနစ်ခန့် ထားထားလိုက်ပါ။ ၁၀ မိနစ်ပြည့်မှ ရေနွေးနွေးလေနဲ့ ဆေးကြောသန့်စင်ပေးရပါမယ်။ အစိုဓာတ်ထိန်းပေးတဲ့ Moisturizing ခရင်မ်လေးကို အသားအရေပေါ်မှာ ပြန်လိမ်းပေးဖို့ မမေ့ပါနဲ့။
ဒီနည်းလမ်းလေးကိုတော့ တစ်ရက်မှာ တစ်ကြိမ် (သို့) နှစ်ကြိမ် ပြုလုပ်ပေးရပါမယ်။
Credit MyFood Myanmar

22/06/2020

ဝိတ်ကျချင်သူများအတွက် အကောင်းဆုံး သရေစာမုန့်များ
ဝိတ်ကျချင်သူများအနေနဲ့ မိမိရဲ့ စားသောက်မှုစနစ်ကို မဖြစ်မနေပြောင်းလဲရမှာပဲဖြစ်ပါတယ်။ အရင်ကလို စားချင်တာတွေ စားလို့မရတော့ပါဘူး။ အထူးသဖြင့် အာလူးကြော်၊ ဟမ်ဘာဂါ စတဲ့ သရေစာကြိုက်နှစ်သက်သူများအနေနဲ့ အထူးဆင်ခြင်ရပါမယ်။
ဝိတ်လည်းကျချင်တယ် သရေစာကိုလည်း ဖြတ်လို့မရဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် သရေစာတွေကို စားသုံးပေးနိုင်ပါတယ်။
စပျစ်သီး
စပျစ်သီးတွေက သကြားဓာတ်ပါဝင်မှုများတယ်ဆိုပေမယ့် ကယ်လိုရီပါဝင်မှုကတော့ နည်းပါတယ်။ စပျစ်သီး ပန်းကန်လုံးတစ်လုံးစာခန့်ကိုမှ ကယ်လိုရီ ၁၀၀ ခန့်ပဲ ပါဝင်တာဖြစ်ပါတယ်။ ကယ်လိုရီနည်းတဲ့အတွက်ကြောင့် ဝိတ်တက်လာမှာကို စိုးရိမ်စရာမရှိပါဘူး။
ချောကလက်
ဝိတ်ကျချင်တယ်ဆိုတာနဲ့ပဲ ကိုယ် ကြိုက်နှစ်သက်တဲ့ အစားအစာတွေအကုန်လုံးကို လုံးဝရှောင်ကြဉ်စရာမလိုပါဘူး။ တစ်ချိန်လုံး ကိုယ့်ကိုယ်ကို စည်းကမ်းတင်းကျပ်နေတာမျိုးမလုပ်ဘဲ ရံဖန်ရံခါကျရင် စိတ်အလိုလိုက်ပေးလို့ရပါတယ်။ မိမိကြိုက်လှပါတယ်ဆိုတဲ့ ချောကလက်ကိုလည်း သရေစာအနေနဲ့ စားသုံးနိုင်ပါတယ်။ သို့သော် အမြဲတမ်းကြီး စိတ်အလိုလိုက်နေလို့တော့ မရပါဘူး။
ပေါက်ပေါက်ဆုပ်
ပေါက်ပေါက်ဆုပ်မှာ အမျှင်ဓာတ်ကြွယ်ဝတဲ့အပြင် သင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်လည်း ပေးစွမ်းနိုင်ပါတယ်။
ဒိန်ချဉ်
ဒိန်ချဉ်စားချင်တယ်ဆိုရင်တော့ ဆေးသကြားပါဝင်မှုများတဲ့ ဒိန်ချဉ်အစား သဘာဝဒိန်ချဉ်စစ်စစ်ကိုသာ ရွေးချယ်စားသုံးပေးရပါမယ်။
Grapefruit
Grapefruit သီးတစ်လုံးမှာ ကယ်လိုရီ ၁၀၀ ခန့်နဲ့ အမျှင်ဓာတ် ၄ ဂရမ်ပါဝင်ပါတယ်။ လေ့လာချက်အရ အစား စားပြီးတိုင်း (သို့) စားနေစဉ်မှာ Grapefruit သီးကို စားသုံးပေးမယ်ဆိုရင် ၃ လကြာတဲ့အခါ ကိုယ်အလေးချိန် ၃ ပေါင်ခွဲခန့် လျော့ကျသွားတယ်လို့ သုနေသတပညာရှင်တွေက ပြောကြားထားပါတယ်။
Credit MyFood Myanmar

20/06/2020

ဟင်းနုနွယ်ကို ပုံမှန်စားသုံးပေးခြင်းကြောင့် ခံစားရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ
ဟင်းနုနွယ်မှာ ပါဝင်တဲ့ သံဓာတ်ကြောင့် ဟင်းနုနွယ်က ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ စူပါအစားအစာဖြစ်တယ်လို့ အာဟာရပညာရှင်များက ပြောကြားထားကြပါတယ်။ ဟင်းနုနွယ်က သင့်ခန္ဓာကိုယ်ကို ပိုပြီး ကျန်းမာသန်စွမ်းလာအောင်၊ အသားအရေ ကြည်လင်ဝင်းပလာအောင် ကူညီပေးတဲ့အပြင် အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။
ဆက်လက်ဖော်ပြပေးချင်တာကတော့ ဟင်းနုနွယ်ကို ပုံမှန်စားသုံးပေးခြင်းကြောင့် ခံစားရမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။
အရိုးနဲ့ ကြွက်သားများ ပိုမိုသန်မာလာခြင်း
ဟင်းနုနွယ်မှာပါဝင်တဲ့ မဂ္ဂနီစီယမ်ဓာတ်က ကြွက်သားများ ပိုမိုသန်မာလာဖို့နဲ့ အာရုံကြောစနစ်များ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ ကူညီပေးပါတယ်။ အရိုးအဆစ်များ သန်မာတဲ့အတွက်ကြောင့် အရိုးပွရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။
ဟင်းနုနွယ်ကဲ့သို့ အရိုးအားကောင်းအောင် ကူညီပေးတဲ့အစားအစာတွေကတော့ ကိုက်လန်၊ ပဲပင်ပေါက်၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီးနဲ့ ငရုတ်ပွအနီတို့ပဲဖြစ်ပါတယ်။
အမြင်အာရုံ ပိုမိုကောင်းမွန်လာခြင်း
ဟင်းနုနွယ် ပုံမှန်စားသုံးတဲ့သူများက အသက်အရွယ်ကြီးရင့်လာတဲ့အခါ မျက်စိအားနည်းခြင်း၊ မျက်စိတိမ်ဖုံးခြင်း စတဲ့ အမြင်အာရုံပိုင်းဆိုင်ရာရောဂါများ ခံစားရနိုင်ချေ နည်းပါတယ်လို့ သိပ္ပံပညာရှင်များက ပြောကြားထားပါတယ်။
သွေးလှည့်ပတ်မှု ပိုမိုကောင်းမွန်လာခြင်း
ဟင်းနုနွယ်မှာ ပိုတက်စီယမ်ဓာတ်များ မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် သွေးတိုးရောဂါကို ကုသပေးရာမှာ အတန်အသင့်အစွမ်းထက်ပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေတာကြောင့် သဘာဝဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။
သင့်အသားအရေ ပိုမိုကျန်းမာ လှပလာခြင်း
ဟင်းနုနွယ်မှာ ပါဝင်တဲ့ ဗီတာမင်အေက အသားအရေ ခြောက်သွေ့ကာ ပက်ကြားအက်ခြင်းမှ ကာကွယ်ပေးပြီး အသားအရေကို ကြည်လင်လှပလာစေပါတယ်။
အစာချေစနစ် ပိုမိုကောင်းမွန်လာခြင်း
ဟင်းနုနွယ်ရဲ့အားသာချက်ကတော့ အစိမ်းပဲဖြစ်ဖြစ် ပြင်ဆင်ချက်ပြုတ်ပြီးပဲဖြစ်ဖြစ် အလွယ်တကူစားသုံးနိုင်ခြင်းပဲဖြစ်ပါတယ်။ ဟင်းနုနွယ်စားသုံးခြင်းက အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းပိတ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။
Credit MyFood Myanmar

17/06/2020

ဝမ်းချုပ်ခြင်းကို ကုသပေးနိုင်မယ့် အိမ်တွင်းဆေးနည်းများ
ဝမ်းချုပ်ခြင်းကို ခံစားရတဲ့ အဓိကအကြောင်းအရင်းနှစ်ချက်ကတော့ သင့်ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်နေလို့ (သို့) လုံလောက်တဲ့အမျှင်ဓာတ်များ မရရှိလို့ပဲဖြစ်ပါတယ်။ စာဖတ်သူအနေနဲ့ မိမိကိုယ်တိုင်ကပဲဖြစ်ဖြစ် မိမိပတ်ဝန်းကျင်က ချစ်သူခင်သူ တစ်ယောက်ယောက်ကပဲဖြစ်ဖြစ် ဝမ်းချုပ်ခြင်းဝေဒနာ ခံစားရတယ်ဆိုရင် အခုဖော်ပြပေးမယ့် အိမ်တွင်းဆေးနည်းများကိုသာ သတိရလိုက်ပါ။
သံပုယိုရည်နှင့် ပျားရည် ရောသောက်ပါ
ရေတစ်ဖန်ခွက်ထဲသို့ ပျားရည်နှင့် သံပုယိုရည်ကို ရောသောက်မယ်ဆိုရင် အစာချေစနစ်ကို လှုံ့ဆော်ပေးပြီး ခန္ဓာကိုယ်ထဲမှ အဆိပ်အတောက်များကို ဖယ်ရှားပေးတာကြောင့်ဝမ်းမှန်စေမှာပဲဖြစ်ပါတယ်။
ရေများများသောက်ပါ
အမျိုးသားတစ်ဦးအနေနဲ့ တစ်နေ့ကို အနည်းဆုံး ရေ ၃.၇ လီတာခန့် သောက်သုံးသင့်ပြီး အမျိုးသမီးတစ်ဦးအနေနဲ့ကတော့ တစ်နေ့ကို ၂.၇ လီတာ သောက်သုံးသင့်ပါတယ်။ ရေအစား အခြားသစ်သီးဖျော်ရည်များ သောက်သုံးပေးမယ်ဆိုရင်လည်း ဝမ်းချုပ်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ဆိုဒါအချိုရည်များ၊ ကာဖိန်းဓာတ်ပါဝင်တဲ့ဖျော်ရည်များကတော့ သင့်ကို ရေဓာတ်ခမ်းခြောက်စေတာကြောင့် ဝမ်းချုပ်စေမှာဖြစ်ပြီး လုံးဝမသောက်သုံးသင့်တဲ့အရည်ထဲမှာ ပါဝင်ပါတယ်။
အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများ များများစားသုံးပေးပါ
အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ပဲပင်ပေါက်၊ ပန်းသီး၊ ရွှေဖရုံသီး၊ နေကြာစေ့၊ နှမ်းစေ့ စတဲ့ အစားအစာများကို တစ်နေ့လျှင် အနည်းဆုံး ၂၀ ဂရမ်၊ ၃၅ ဂရမ်ခန့် စားသုံးသင့်ပါတယ်။ ဒါဆိုရင်တော့ ဝမ်းချုပ်ခြင်းမှ ကင်းဝေးပြီး ဝမ်းမှန်စေမှာပဲဖြစ်ပါတယ်။
ဒိန်ချဉ်စားသုံးပေးပါ
ဝမ်းချုပ်နေသူများအနေနဲ့ နို့နှင့် နို့ထွက်ပစ္စည်းများကို ဝေးဝေးရှောင်ကြဉ်သင့်တယ်ဆိုပေမယ့် ဒိန်ချဉ်ကိုတော့ ချွင်းချက်အနေနဲ့ စားသုံးပေးသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒိန်ချဉ်ထဲမှာပါဝင်တဲ့ ပရိုဘိုင်အိုတစ်က အူလမ်းကြောင်းကို ကောင်းမွန်စေပြီး ဝမ်းသွားအောင် ကူညီပေးမှာကြောင့်ပဲဖြစ်ပါတယ်
Credit MyFood Myanmar

15/06/2020

အဆီတွေကို အလျင်အမြန် ကျဆင်းစေမယ့် ဂျင်းနဲ့လုပ်ထားတဲ့ Detox Drink
လေ့ကျင့်ခန်းတွေ လုပ်ပြီး ကိုယ်အလေးချိန်မကျလို့ စိတ်ညစ်နေပါသလား။ တခါတလေ လေ့ကျင့်ခန်းဘဲ လုပ်ပြီးလည်း ကိုယ်အလေးချိန် မကျတာမျိုးရှိပါတယ်။ ဒါကြောင့် အဆီကို အလျင်အမြန်ကျဆင်းစေမယ့် Detox Drinks လေးတွေလည်း သောက်သင့်ပါတယ်။
လုပ်ရတာလည်း လွယ်ကူပြီး အကျိုးရှိမယ့် Detox Drinks လေးကို ဝေမျှချင်ပါတယ်။
ဂျင်း Detox Drinks
ဂျင်းနဲ့ အဓိကလုပ်တဲ့ Detox Drinks လေးဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
တောက်တောက်စဉ်းထားတဲ့ဂျင်းလက်ဖက်ရည်ဇွန်း ၁ဇွန်း
ရေနွေးပူ ၂ ခွက်
Green Tea Bag ၁ ခု
ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
ရေခရားတစ်လုံးထဲကို ဂျင်းတွေထည့်လိုက်ပါ။ ရေနွေးပူပူထည့်လိုက်ပါ။ Green Tea အထုပ်ကို ခုနက ခရားထဲထည့်ပြီး ၅ မိနစ်လောက်ထားလိုက်ပါ။
Green Tea အထုပ်ကို ပြန်ဆွဲထုတ်လိုက်ပြီး ပျားရည်ထည့်ပါ။
အားလုံးကို သမအောင်မွှေပြီး သောက်လို့ရပါပြီ။
Credit Mymedia Myanmar

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon