ZIN ZIN Cosmetics Online Shop
Smart with korea skin care & cosmetics
Retail & Wholesale Shop
03/08/2025
ဆန်တိုနာ နှင့် ဆန်နို့ရည်လေး အသစ်၀င်ပါတယ်နော်
ဆန်အထူးပါ၀င်တာမို့ အသားအရေအတွက်ကတော့ ရှယ်ကောင်းပဲ
🌾အစိုဓာတ်ထိန်းပေးတယ်
🌾အရေးအကြောင်းတွေသက်သာစေတယ်
🌾အမဲစက်နှင့်အမာရွတ်တွေကို ပျောက်ကင်းစေပြီး တင်းတိပ်တွေလည်း ပါးစေပါတယ်
🌾အသားဖြူစေတယ်
ဈေးနှုန်းလေးကလည်း တန်မှတန် 30000 ks
Made in Korea လေးမို့ sensitive အသားအရေတွေပါ စိတ်ချလက်ချအသုံးပြုလို့ရပါတယ်
150 ml မို့ တစ်ခါ၀ယ်ထားပြီးရင် မေ့လောက်တဲ့အထိသုံးလို့ရပါတယ်နော်
12/05/2024
Customers တွေရဲ့ honest review လေးတွေပါ 😍😘🥰
17/04/2024
မင့်ကာကာလေးတွေ နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ပူပန်သောကတွေလည်း ကင်းဝေးကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 😘🥰
Skin care အခေါ်အဝေါ်
☀️☀️☀️
10/04/2024
သတိထားကြပါ
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။.......
အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ
လူအများစုက
နေပူထဲက ပြန်လာပြီး
ရုတ်တရက် ရေချိုးလိုက်တာတို့ ၊
မျက်နှာသစ်လိုက်တာတို့ကြောင့် လို့
ထင်နေကြတယ်။
ရုတ်တရက် သတိလစ်
အသက်ရှူရပ်သွားတယ်ပေါ့။
တကယ်တမ်းတော့ အဲ့ဒါဟာ
အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။
ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။
တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။
အပူလျှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။
နွေရာသီလို ပူတဲ့အခါ
ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ
ချွေးတွေအရမ်းထွက်ပါတယ်
ဆားတွေပါ ပါသွားပါတယ်။
ဆားတွေများများပါသွားလေလေ
ရေက မငတ်တော့လေလေ ပါပဲ။
ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။
အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။
ဘယ်လိုထိန်းသလဲဆိုတော့
ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။
ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။
ဒီလိုနဲ့ ရေက မသောက်မိတော့
ချွေးတွေ အလွန်ထွက်ပြီး
ရေနဲ့ဆားတွေ ဆုံးရှုံးရတော့
လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။
ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
အပူလွန်၍ပင်ပန်းခြင်း ပေါ့။
ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။
သူ့ ကြည့်လိုက်ရင်
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)
ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့
အပူကျအောင် လုပ်ရပါမယ်။
အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။
ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ်
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။
လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။
အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။
ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။
တစ်ခု ထူးခြားတာက
အပူလျှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။
ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။
ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။
Credit: မင်းနေလျံ
(Dr. မျိုးသန့်နိုင်-ဆေး မကွေး)
တင်းတိပ်အတွက် sunscreen ရွေးနည်း 👍👍👍
တင်းတိပ်အတွက် နေလောင်ကာလိမ်းဆေးရွေးချယ်တဲ့အခါ titanium dioxide, zinc oxide ပါသော သတ္တုဓာတ်လိမ်းဆေးကိုသာ ရွေးချယ်ရမယ်။ ၂၀၂၃ခုနှစ် နောက်ဆုံးလေ့လာချက်များအရ ဖုန်း screen မှထွက်သော အပြာရောင်အလင်းတန်းက တင်းတိပ်ကို ပိုဆိုးစေနိုင်တယ်။ ဒီအချက်ကိုကာကွယ်ဖို့ မိတ်ကပ်အနည်းငယ်ပါသော နေလောင်ကာ(tinted sunscreen)တွေ အဓိကရွေးသင့်တယ် 💯
🌻UVA/UVB Protection
🌻SPF50/PA+++
🌻Oil Control System
🌻Collagen ပါ၀င်တယ်
🌻Water Resistant
🌻 Titanium Dioxide, Zinc Oxide တို့
ပါ၀င်သောကြောင့် အမဲစက် ၊ တင်းတိပ် ၊ မှဲ့ခြောက် တို့ကို ပျောက်ကင်းသက်သာစေပြီး နေလောင်ဒဏ်ကိုလည်း ထိရောက်စွာ ကာကွယ်ပေးတဲ့ Nature Plus Collagen Suncreen - 25000 ks (70 ml) ပါ 👍
Made in korea 💯💯💯
02/04/2024
ခုလို ပူပြင်းလှတဲ့နွေရာသီမှာ
☀️အသားအရေခြောက်တာတွေ
☀️နေလောင်တာတွေ သက်သာစေဖို့အတွက် 👉
🍀 ရှားစောင်းပါဝင်မှု့ 99% ဖြင့်ပြုလုပ်ထားသော Soothing Gel ဖြစ်ပြီး နေလောင်ဒဏ်ကြောင့် အသားအရေ ထိခိုက်ပျက်စီး ယားယံခြင်းများကို
အမြန်ဆုံး သက်သာပျောက်ကင်းစေပါတယ်
🍀 အသားအရေရဲ့Moistureကိုထိန်းသိမ်းပေးပြီး နူးညံ့ချောမွေ့အေးမြစေပါတယ်
🍀 ဆံပင်ကျွတ်ခြင်းဆံသားခြောက်သွေ့ပျက်စီးခြင်းတို့အတွက်လဲလိမ်းပေးနိုင်တဲ့
Aloe Soothing Gel -15000ks (300ml)
made in korea 💯%
👍
#အယ်နီညို တော့လာနေပြီ ၊ အဆင်ပြေစွာ ကျော်ဖြတ်နိုင်ပါစေ... ⚠️
အယ်နီညို ဖြစ်စဉ်၏ ရိုက်ခတ်မှုကြောင့် လာမည့် ၁၀ ရက်အတွင်း ကမ္ဘာတစ်ဝှမ်း နေရာအများအပြားတွင် အပူလှိုင်းများ ဖြစ်ပေါ်လာမည်ဟု မိုးလေဝသ ပညာရှင်များက ထုတ်ပြန်ထားသည် ။
အရှေ့တောင် အာရှနိုင်ငံများသည် အပြင်းထန်ဆုံးသော ဒေသများဖြစ်သည့် စင်ကာပူ ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ထိုင်းတို့တွင် အပူချိန် ၄၀ မှ ၄၅ ဒီဂရီစင်တီဂရိတ် အထိ မြင့်မားသော အပူလှိုင်းများကို နိုင်ငံများက ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းရန် ..
ပထမအချက်မှာ လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သည် ။ မြန်မာနိုင်ငံ အတွက် စိုးရိမ်စရာအကောင်းဆုံးက အပူချိန်နဲ့ အပူလှိုင်းတွေအောက်မှာ လျှပ်စစ်မီး မရှိခြင်းဖြစ်သည် ။
ဒါဆို ဘာလုပ်သင့်လဲ ။
အပူချိန် ၃၈ ဒီဂရီရောက်ရင် ရေနွေးကို တတ်နိုင်သမျှ သောက်သုံးသင့်တယ်✅
လို့ စင်ကာပူ တရုတ်လူမျိုး ဒေါက်တာ Chen က သတိပေးထားပါတယ် ။
အပူချိန်မြင့်လွန်းခြင်းကြောင့် သွေးကြောတွေ ပေါက်ကွဲတာ ၊ လေဖြတ်တာ ၊ သေဆုံးတာတွေ
ဖြစ်တတ်တယ်လို့ ဆရာဝန်က ပြောပါတယ် ။
အပူချိန်မြင့်နေချိန် ⚠️
-ရုတ်တရက် နောက်ပြန်လှည့်တာမျိုး ❌
-ရေခဲရေ သောက်သုံးခြင်းမျိုး ❌
-လေအေးပေးစက်ကို တိုက်ရိုက်မှုတ်ခြင်းမျိုး❌
-ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း မလုပ်ပါနဲ့ ❌
-ထိုင်ရာမှ ရုတ်တရက် အရမ်းကြီး မထပါနဲ့ ❌
အထူးသဖြင့် သက်လတ်ပိုင်းနှင့် သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါရှိသူများ အထူးသတိထားသင့်သည် ။
အပူချိန် မြင့်မားသော ရာသီဥတုတွင်
-ရေဓာတ် အချိန်မီပြန်လည်ဖြည့်တင်းခြင်း ✅
-ရေဓာတ်ဆုံးရှုံးသွားသည့် အတိုင်း ပြန်လည်ဖြည့်တင်းခြင်း ✅
-ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ဓာတ်ဆားမှုန့် ၊ စပျစ်သီးမှုန့် စသည်တို့ကို စနစ်တကျ ဖြည့်တင်းပေးခြင်း ✅
-အသီးအရွက်နှင့် သစ်သီးဝလံများကို များများစားပြီး လေးလံထိုင်းမှိုင်းစေသော အစားအစာများ လျှော့စားပါ။ ✅
အပူချိန် မြင့်မားခြင်းကြောင့် စိတ်တိုလေလေ
စိတ်မသက်မသာ ဖြစ်လေလေပါပဲ ။ မိသားစုနဲ့ ကိုယ့်ကိုကိုယ် ကာကွယ်ပါ ။ ( ဒီပူပြင်းလှတဲ့အပူရှိန်နှင့် လျှပ်စစ်မီး မရှိသောကြောင့် အပူချိန်များ မြင့်နေသဖြင့် လူတိုင်းသတိ ထားသင့်ပါသည် ။ )
အချို့နေရာတွင် အပူချိန်ပြောင်းလဲကာ အပူချိန်
ကျဆင်းသွားစေရန်အတွက် မိုးအနည်းငယ် ရွာနိုင်မည်ဖြစ်ပါသည် ။
အားလုံးအစစအရာရာအဆင်ပြေကြပါစေ...
Credit
28/03/2024
♥️For All Skin Type
♥️Made in Korea အစစ်တွေမို့လို့ လက်လီ/လက်ကား ၀ယ်ယူနိုင်ပါတယ်ရှင့်
♥️Quality ကို Samsung Company မှ 💯% အာမခံပေးထားပါတယ်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon Insein Road, Hlaing
Yangon
11051