SKM Japan Online Shop
beauty
26/09/2021
အသားအရည်ဆိုတာကလေ ဖြူဖြူည်ိုညို စိုနေဖို့ကသာ အဓိကပဲရယ်။ ရေချိုးပြီးကာစ အသားအရည်လို စိုစိုပြေပြေ ကြည်ကြည်လင်လင် ဖြစ်စေဖို့ လွယ်ကူတဲ့ tips လေးအချို့ကို Shareပေးလိုက်ရပါတယ်ရှင်။
(၁) ချွေးထွက်ပါစေ
ချွေးထွက်ဖို့အတွက် နေ့စဉ် ပုံမှန် လေ့ကျင့်ခန်းလုပ်တာ၊လမ်းလျှောက်တာ၊ဓာတ်လှေကားမသုံးဘဲ လှေကားကိုအသုံးပြုတာမျိုးတွေ ပြုလုပ်ပေးရပါမယ်။ချွေးထွက်လွန်တာမျိုးမဖြစ်စေဖို့ လေ့ကျင့်ခန်း လုပ်ပြီးတိုင်း ဓာတ်ဆားရည်သောက်ပေးပါ။
(၂)ဝမ်းချုပ်မခံပါနဲ့
အပြင်ပိုင်းကို ဘယ်လောက်ပဲ skincare,makeup ဂရုတစိုက်ရှိပါစေ မကြာခဏ ဝမ်းချုပ်တတ်တယ်ဆိုအသားအရည် ညစ်လာပါလိမ့်မယ်။အထိုင်များခြင်းကြောင့် ဝမ်းချုပ်တတ်ပါတယ်။ဝမ်းချုပ်ခြင်းက အသားအရည်တင်မကဘဲဘခေါင်းကိုက် အကြောတတ် လူကိုလည်း ထုံထုံထိုင်းထိုင်း ဖြစ်စေပါတယ်။လမ်းလျှောက်ပေးပါ၊ရေသောက်ပါ၊အသီးအနှံ အသီးအရွက်များများစားပါ။လိုအပ်ပါက ဆေးဝါးအကူအညီဖြင့် တစ်ပတ်တစ်ခါ ဝမ်းနှုတ်ပါ။
(၃) Supplement သောက်ပါ။
ကိုယ်စားနေတဲ့ အစားအစာမှာ အာဟာရဓာတ်အစုံအလင်မပါဝင်တဲ့ အတွက် လိုအပ်တဲ့ အာဟာရအတွက် supplement သောက်သုံးပေးရပါမယ်။ဆေးသောက်ဖို့ မပျင်းပါနဲ့။ကိုယ်နဲ့ အဆင်ပြေတဲ့ supplement ကို ရွေးချယ်သောက်သုံးပါ။လိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ပြီးမှ သောက်ပါ။
(၄) Lotion လိမ်းဖို့ မပျင်းပါနဲ့။
ရေချိုးပြီးတိုင်း lotionမလိမ်းရ မနေနိုင်တဲ့ အကျင့်ကိုမွေးမြူပါ။Lotion လိမ်းပေးခြင်းက အသားအရည်ကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးတဲ့ အပြင် အစိုဓာတ်ဖြည့်ပေးလို့ lotion လိမ်းဖို့ လိုပါတယ်။ညအိပ်ရာဝင်ခါနီးမှာလည်း lotion လိမ်းပေးပါရှင်။
(၅)စိတ်က အဓိက
ကြည်လင်တဲ့ အသားအရည်က စိတ်ရောလူပါ ကျန်းမာနေခြင်းရဲ့ ရလဒ်ပါ။ဒါကြောင့် စိတ်ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ဖို့လိုပါတယ်။Negative vibesတွေ toxicဖြစ်စေတဲ့ အရာတွေ လူတွေနဲ့ ဝေးဝေးနေနိုင်မယ့် boundaries လေးတစ်ခုထားပြီး စိတ်အဆင်ပြေအောင် နေထိုင်ဖို့ တကယ် လိုပါတယ်။
(၆)ရေသောက်ပါ
အားလုံးသိပြီးသားဖြစ်တဲ့ tipလေးကိုတော့ နောက်ဆုံးကမပါမဖြစ် ထည့်ပေးထားပါတယ်။ဘယ်နေရာသွားသွား ရေဘူးဆောင်သွားပြီး ရေသောက်ပါ။ခန္ဓာကိုယ်က ရေဓာတ်လုံလောက်ရင် အသားအရည်ကြည်ရုံတင်မကဘဲ လူလည်း ပေါ့ပါးလန်းဆန်းပြီး နေလို့ကောင်းစေပါတယ်။
Stay Safe ,everyone 🍀
11/07/2021
အားလုံးဂရုစိုက်ကြရအောင် ချစ်ရပါသော Customers လေးတို့😔❤️
ကိုယ်တိုင် မိမိအိမ်မှာ Q ဝင်နည်း။
******************************
-အနံ့ပျောက်မယ်
- ဖျားမယ်
- Positive သမားနဲ့ Contact
နီးနီးစပ်စပ် ရှိခဲ့မယ်၊ ၅ မိနစ်အထက် ရှိခဲ့မယ်
(Contact က အစိုးရ အပြည့်အစုံ
မလိုက်နိုင်ပါ၊ ကိုယ်သာ အသိဆုံးမို့ပါ)
ဒီလို အနေအထား တစ်ခုရှိရင် ဘာပဲဖြစ်ဖြစ်
ကိုယ်ဟာကိုယ် ၁၄ ရက် Q ပါ။
#ဘယ်လိုQမလဲ ...
➡️အိမ်မှာ အခန်းသပ်သပ်ရှိရင် ခွဲနေပါ၊ တခြားဘယ်သူမှ အခန်းထဲ မဝင်ပါစေနဲ့။
➡️အခန်းသပ်သပ် မရှိရင် လေဝင်လေထွက် ကောင်းတဲ့နေရာမှာ ကန့်ပြီးနေပါ။ ပြတင်းပေါက် အမြဲ ဖွင့်ထားပါ။ အနီးကို ဘယ်သူမှ မလာပါစေနဲ့။
➡️ကိုယ်တိုင် Mask ကို ဖြစ်နိုင်ရင် အမြဲတပ်ထားပါ။ အနားကို ဘယ်သူမှ မလာရင်၊ အလုံပိတ် အခန်းဆိုရင် မတပ်လို့ ရပါတယ်။
➡️နေ့စဥ်စားသောက်စရာကို အခန်းဝ
ချထားခိုင်းပြီး လူကို ပြန်သွားခိုင်းပါ။
လူမရှိမှ ထွက်ယူပါ။
အခြား ပစ္စည်းများ ယူလျှင်လည်း တူတူပါပဲ။
➡️စားပြီး ပန်းကန်ထည့်ရန် အခန်းဝတွင်ဆပ်ပြာရည်ထည့်ကာ အမြုပ်ထအောင်လုပ်ထားသော ဇလုံတစ်ခုထားပေးပါ။ ဇလုံထဲသို့ စားပြီး ပန်းကန်ခွက်ယောက်များကို တန်းထည့်ပါ။ နာရီဝက်ကျော်မှာ အိမ်မှသူများ လာယူပါစေ။
➡️ဝတ်ထားသော အဝတ်များကို ထည့်ရန် နှစ်ရက်တစ်ခါခန့် အခန်းဝတွင် ဆပ်ပြာရည်ထည့်ကာ အမြုပ်ထအောင်လုပ်ထားသော ပုံးတစ်ခုထားပေးပြီး အဆိုပါ ပုံးအတွင်းသို့ အဝတ်များ တန်းထည့်ပါ။ နာရီဝက်ကျော်မှ အိမ်မှသူများ လာယူပါစေ။
➡️အိမ်သာ ရေချိုးခန်း သွားမယ်ဆို အိမ်သားတွေကို အကုန် ရှောင်နေခိုင်းပါ။ ကိုယ်ဖြတ်သွားချိန် ဘယ်သူမှ အနား မလာပါစေနဲ့။ Mask တပ်သွားပါ။ လမ်းတွင် ဟိုကိုင်ဒီကိုင် မလုပ်ပါနဲ့။
➡️အနံ့ပျောက်ပြီး ၁၄ ရက်ပြည့်လို့ အိမ်မှာ Q နေစဥ် ဘာမှ မဖြစ်ဘူးဆိုလျှင် ထွက်လို့ ရပါပြီ။ မိမိအခန်းကို နေရောင်ပြပါ။ လေဝင်လေထွက်ကောင်းအောင် ၁ ရက်ထားပါ။ အိပ်ယာခင်း ခေါင်းအုံးစသည်ကို လျှော်ပြီး အခန်းကို Dettol စသည့် ဆပ်ပြာဖြင့် သန့်ရှင်းရေး လုပ်ပါ။ ကိုယ်တိုင်လုပ်ပါ။ အခြားသူကို မခိုင်းပါနှင့်။
အဲကွန်းရှိလျှင် အဲကွန်း လေစစ်ဇကာကို သေချာဆေးရန် အရေးကြီးသည်။
➡️ကိုဗစ်ရောဂါ ကိုယ့်ဆီကို ကူးလာခြင်းဟာ ဘယ်သူ့အပြစ်မှ မဟုတ်ပေ။ ကိုယ်လည်း သိလိုက်မှာ မဟုတ်ပါ။ ဒါပေမယ့် သူများကို များများပြန်မကူးအောင် ထိန်းသိမ်းနိုင်ခြင်းက သင့်လက်ထဲတွင် ရှိပါတယ်။
Credit.. #ဒေါက်တာကျော်ကျော်စိုင်း_M.B.,B.S. IM1
03/07/2021
🙋🏻♀️ဝက်ခြံတွင် ရှောင်သင့်သည့် အစားအသောက်များ🙋🏻♀️
(၁) နွားနို့ကလည်း ဝက်ခြံနဲ့ ဆက်စပ်နေပါတယ်။ နွားနို့သောက်ခြင်းဟာ IGF-1 ပမာဏကို 10-20% နှုန်း မြှင့်တက်စေတယ်။ နို့ထွက်ပစ္စည်းမှာပါတဲ့ betacellulin ဓာတ်က ဆဲလ်ကွဲွပွားခြင်းနဲ့ မျက်နှာအဆီပြန်ခြင်းကို ဖြစ်စေပြီး ဝက်ခြံထွက်စေတယ်။
(၂) ချောကလက်ကလည်း ဝက်ခြံကို ထွက်စေတယ်။ သွေးတွင်း ဂလူးကို့စ်ပမာဏ ရုတ်တရက်တက်ရင် အင်ဆူလင်ရုတ်တရက်များပြီး အဆီဂလင်းကို ပိုထုတ်ရတယ်။ ချောကလက်စားပြီး (၄) ရက်မြောက်နေ့မှာ ဝက်ခြံဖြစ်နှုန်း ၁၄၀% တိုးပွားလာပြီး (၇) ရက်မြောက်နေ့မှာ ၁၆၀ % ထိ တိုးပွားလာတာတွေ့ရတယ်။
(၃) ပြုပြင်ထားတဲ့အစားအစာတွေ၊ခေါက်ဆွဲခြောက်ထုပ်တွေဟာ insulin ပမာဏကို ရုတ်တရက် မြှင့်တက်စေနိုင်တယ်။ အမျိုးသားဟော်မုန်း အင်ဒရိုဂျင်ပမာဏ များလာပြီး ဝက်ခြံထွက်လာတတ်တယ်။
(၄) ကြွက်သားထုထည်တက်အောင် သောက်ရတဲ့ ပရိုတင်းပေါင်ဒါတွေ၊whey protein တွေလည်း ရှောင်သင့်တယ်။ တချို့က ကြက်ဥစားတယ်။ ကြက်ဥအနှစ်မှာ ပါတဲ့ ကိုလက်စတောက ဝက်ခြံကို ပိုဆိုးစေတယ်။
(၅) အရက်၊ကော်ဖီ၊ လက်ဖက်ရည်နဲ့ အချိုရည်တွေကလည်း ဝက်ခြံထွက်ခြင်းကို အားပေးတယ်။ နောက်တချက်က ဆီကြော်စာတွေနဲ့ အာလူးချောင်းကြော်တွေဖြစ်ပါတယ်။
• ကြက် ဥ
• ချောကလက်
• နွားနို့၊ဒိန်ချဥ်
• ကော်ဖီ၊လက်ဖက်ရည် (အချိုများလို့)
• ဂတ်စ်အချိုရည်၊အအေး
• အရက်၊ ဘီယာ
• မာလာဟင်း၊မာလာရှမ်းကော
• ဟော့ပေါ့
• အကင်
• ငါးပိ၊ငါးခြောက်၊ငံပြာရည်
• အပူအစပ်၊အငန်
• ပင်လယ်စာ
• ခေါက်ဆွဲခြောက်ထုပ်
• အာလူးချောင်းကြော်
• whey protein (ပရိုတင်းပေါင်ဒါမှုန့်)
ဝက်ခြံပျောက်ဖို့ အထက်ပါ အစားအသောက်တွေ စနစ်တကျရှောင်ကြဉ်ဖို့ လိုပါတယ်။
ဒေါက်တာအေးမင်းထူး
crd
12/06/2021
ချွေးပေါက်တွေ ဘာကြောင့်ကျယ်လာလဲ?
1. အသက်ရွယ်ရလာတဲ့အခါ သို့မဟုတ် နေရောင်ခြည်ကြောင့် အရေပြားရဲ့ Collagen , elasticity တွေ အားနည်လာတဲ့ အခါ
2. အညစ်အကြေး , make up , အဆီ , ချွေး တွေ ချွေးပေါက်ကိုပိတ်လာတဲ့ အခါ
3. အသားရေ အရမ်းခြောက်သွေ့သောအခါ
တွေဆိုရင်လည်းကျယ်လာပါတယ် ။
ဘယ်လိုလူတွေမှာ အဖြစ်များသလဲဆိုတော့
(1) အသက်ရွယ်ရလာတဲ့ သူတွေ
(2) နေရောင်ခြည် အရမ်းထိတွေ့တဲ့ သူတွေ
(3) မျက်နှာပုံမှန်မသစ်တဲ့သူတွေ
(4) သစ်တဲ့ခါ ကြမ်းကြမ်းတမ်းတမ်း scrub တွေ အရမ်းသုံးတဲ့ သူတွေ
(5) make up သုံးပြီး သေချာသန့်စင်အောင် မလုပ်တဲ့ သူတွေ
(6) အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ သူတွေ
(7) ဆေးလိပ်သောက်တဲ့ သူတွေ
( 8) ဆီကြော်အစားစားများ အစားများတဲ့ သူတွေ
မှာ အဖြစ်များပါတယ် ။
ချွေးပေါက်မကျယ်အောင် ဘာတွေရှောင်သင့်သလဲ ဆိုရင်
(1) အဆီဖု , ဆားဝက်ခြံ , ဝက်ခြံ အဖုတွေ
မညစ်ရဘူး ။
(2) ကြမ်းတမ်းသောscrub တွေမသုံးရဘူး ။
(3) မတည့်တဲ့ skincare တွေကိုရှောင်ရပါမယ် နော်။
ချွေးပေါက်ကျယ်တဲ့သူတွေကAlcohol free productတွေကိုပဲ သုံးသင့်ပါတယ်
08/06/2021
💧ပိုလှချင်ရင် ရေပိုသောက်ပါ 💧
လူတိုင်းရေသောက်ပေမဲ့ တချို့က အသက်ရှင်ဖို့ လိုသလောက်ပဲသောက်တတ်ကြပါတယ်။
ရေထက် အချိုရည်တွေ ဘီယာတွေသောက်ရတာပိုကြိုက်တတ်ကြပါတယ်။
💥ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ??
1️⃣ဝမ်းမှန်စေပါတယ်
2️⃣ခန္ဓာကိုယ်က အဆိပ်အတောက်တွေ ဖယ်ရှား
3️⃣နှလုံးကျန်းမာရေးအတွက် ကောင်းတယ်
4️⃣စိတ်ဖိစီးမှုလျော့စေတယ်
5️⃣ခေါင်းကိုက်ပျောက်စေတယ် စတဲ့အကျိုးကျေးဇူးတွေအပြင် တခြားအကျိုးကျေးဇူးတွေလည်း အများကြီးရှိပါသေးတယ်။
🚩နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ အသားအရေကောင်းမွန်ဖို့အတွက်ပါ
💥 ရေဓာတ်မပြည့်မဝဖြစ်လာတဲ့အခါ အသားအရေမှာ
1️⃣ခြောက်သွေ့တာ
2️⃣ယားယံတာ
3️⃣မျက်ကွင်းညိုလာတာ
4️⃣မျက်တွင်းကျလာတာ
5️⃣အသားရောင်မွဲခြောက်ခြောက်ဖြစ်လာတာ
7️⃣အရေးအကြောင်းတွေ ပိုထင်ရှားလာတာ စတဲ့ လက္ခဏာတွေပေါ်လာပြီး အလှအပကို ထိခိုက်စေပါတယ်။
🚩ရေသောက်များလို့ ရေဓာတ်ပြန်လည်ပြည့်ဝသွားသူတွေမှာတော့
1️⃣အသားအရေ ပိုကြည်လင်လာတာ
2️⃣ပြည့်တင်းလာတာ
3️⃣အရေးအကြောင်းတွေလျော့ပါးလာတာ
4️⃣ပိုလန်းဆန်းလာတာ သိသိသာသာတွေ့ရပါလိမ့်မယ်။
💥တနေ့ရေဘယ်လောက်သောက်ဖို့လိုလဲ ??
တနေ့ကို အနည်းဆုံးဖန်ခွက် ၈ခွက် သို့မဟုတ် ၂လီတာ အနည်းဆုံးသောက်ပေးဖို့လိုအပ်တယ်လို့ ဆိုကြပါတယ်။
💥ရေဓါတ်ပြည့်ဝအောင် ဘယ်လိုနေမလဲ ??
1️⃣ရေများများသောက်ပါ။
2️⃣အိပ်ရေးဝဝအိပ်ပါ။အရည်ရွှမ်းတဲ့အသီးအနှံတွေ များများစားပါ
3️⃣ဟင်းချို၊ စွပ်ပြုတ်လို အရည်များတဲ့ အစာတွေများများ စားပါ
4️⃣ဆီးရွှင်ပြီးရေဓာတ်ဆုံးရှုံးမှုများစေတဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဘီယာ စတာတွေ ရှောင်ရပါမယ်
5️⃣လေ့ကျင့်ခန်းတွေ အားကစားတွေလုပ်ပြီးရင် ရေပဲသောက်ပါ
6️⃣ချွေးထွက်များရင်တော့ အုန်းရည်၊ ဓာတ်ဆားရည်စတာတွေနဲ့ ဆားဓာတ်တွေပါ ပြန်လည်ဖြည့်တင်းပါ။
အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေနော်😘😘😘
Crd
20/01/2021
မင်္ဂလာပါရှင့်❤️နှစ်ပတ်နဲ့ ချွေးပေါက်တွေ ကျဉ်းသွားတဲ့japan product tonerလေး(နှစ်ပတ်တောင်လားမပြောနဲ့ နတ်ဆေးမဟုတ်တော့ချက်ချင်းမကောင်း)
🌾*အခြားတိုနာတွေနဲ့မတူဘူး အေးpအိအိစိုစိုလေးဖြစ်သွားတယ် မနက်မိုးလင်းရင်လဲ အဆီပြန်တာမရှိဘူး အဆီပြန် ချွေးပေါက်ကျယ်သူတွေ အတွက်recommentပေးပါတယ်ရှင့်
🙅all skin typesသုံးရတယ် ဆန်ဆေးရည်အရောင် အနံ့လဲမရှိတော့ sensitive skinပါသုံးရတယ်
🍓ဝက်ခြံဖုနီရဲတာ အသားနီရဲယားယံလျှင်cotton padလေးနဲ့စိမ်ပြီးmaskလိုကပ်ထားပေးလို့ရပါတယ်
🤩multi-action coditionဖြစ်လို့ သူ့ကိုtonerအဖြစ်လဲသုံးရသလိုmaskအဖြစ်ပါသုံးရတယ်(sheet maskအလွတ်cotton padကိုသူအရည်နဲ့စိမ်ပြီးmaskအဖြစ်သုံး)
Faceတင်ပါမဟုတ်ဘူး သုံးနိုင်ရင်bodyအတွက်ပါသုံးရပါတယ်ရှင့် မင်မင်တော့bodyတွေပါ အိစက်glowနေပါပြီနော်♥️
✨ YouTuberနဲ့ Japan bloggerတွေရဲ့ reviewအရမ်းကောင်းတဲ့Hatomugi Skin Conditioner(ဂျပန်မှာတော့ skin conditionerခေါ်ပင်မယ့် ပါနော်အခေါ်မတူတာပါရှင့်)
Hatomugi Skin Toner(conditioner)=14500(500ml)
🇯🇵Japan made
SKM Japan Online Shop100%ပစ္စည်းစစ်ကြောင်းအာမခံတယ်
မှာယူလို့ရပါပြီ
ရန်ကုန်အိမ်ရောက်ငွေချေ နယ်ငွေလွှဲဝင်ပြီးပို့ပေးပါတယ်ရှင့်
17/01/2021
Peach Soap လေးတွေ instock ရှိတုန်းလေးဝယ်ထားကြနော် 🥰🥰🥰
(မှာမလောက်တဲ့ peach soapလေး အမြန်မှာယူလိုက်တော့နော် သိပ်မကျန်တော့ဘူး )
မင်္ဂလာပါရှင့်❤️
အားလုံးလဲ သိပြီးသားဖြစ်တဲ့ 恋するおしり(ခိုအိစုရုအိုရှိလိ) peach soap🍑လေးပဲဖြစ်ပါတယ်
🍑မက်မွန်သီးနဲ့ အဓိကထုတ်လုပ်ထားပြီး ချစ်စရာ အသဲပုံ (အပြင်မှာတော့ တင်ပါးပုံလေး)မက်မွန်ရနံ့ hips care soapလေးပါရှင့်
🍑တင်ပါး/ဒူး/ချိုင်း (ဟိုကြားဒီကြား)သုံးဆိုပင်မဲ့ bodyအတွက်ပါသုံးရပါတယ်လို့ ရေးထားပါတယ်ရှင့်
🏊 Swimsuit/one String/short pants ဝတ်ရင် confident ရှိရှိ ဝတ်ရအောင် သုံးသင့်တဲ့ soapလေးပဲဖြစ်ပါတယ်ရှင့်(မဲမဲတွေကင်စင်အောင်careပြီး ငဗစ်ပြီးရင် Swimsuit နဲ့ ကမ်းခြေမှာလှကြမယ်)
🍑Soapဆိုပင်မဲ့scrap typeပါရှင့် နေ့စဉ်သုံးစွဲခြင်းဖြင့်အသားရေကိုဖြူဝင်းချောမွေ့စေပြီး မက်မွန်ရနံ့လေးကလဲ စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်ရှင့်
(ဒီထပ်ပိုမိုသိချင်ရင် Googleခေါက်ကြည့်နော်)
💞SKM Japan Online Shop💞
恋するおしり=12000kyats
(koisuruoshiri)
Instock 🎌made in japan100%
Japanပစ္စည်း စစ်ကြောင်း အာမခံပါတယ်ရှင့်
17/01/2021
ဒါလေးရအုံးမယ်နော်
12/01/2021
(မှာမလောက်တဲ့ peach soapလေး အမြန်မှာယူလိုက်တော့နော် သိပ်မကျန်တော့ဘူး )
မင်္ဂလာပါရှင့်❤️
အားလုံးလဲ သိပြီးသားဖြစ်တဲ့ 恋するおしり(ခိုအိစုရုအိုရှိလိ) peach soap🍑လေးပဲဖြစ်ပါတယ်
🍑မက်မွန်သီးနဲ့ အဓိကထုတ်လုပ်ထားပြီး ချစ်စရာ အသဲပုံ (အပြင်မှာတော့ တင်ပါးပုံလေး)မက်မွန်ရနံ့ hips care soapလေးပါရှင့်
🍑တင်ပါး/ဒူး/ချိုင်း (ဟိုကြားဒီကြား)သုံးဆိုပင်မဲ့ bodyအတွက်ပါသုံးရပါတယ်လို့ ရေးထားပါတယ်ရှင့်
🏊 Swimsuit/one String/short pants ဝတ်ရင် confident ရှိရှိ ဝတ်ရအောင် သုံးသင့်တဲ့ soapလေးပဲဖြစ်ပါတယ်ရှင့်(မဲမဲတွေကင်စင်အောင်careပြီး ငဗစ်ပြီးရင် Swimsuit နဲ့ ကမ်းခြေမှာလှကြမယ်)
🍑Soapဆိုပင်မဲ့scrap typeပါရှင့် နေ့စဉ်သုံးစွဲခြင်းဖြင့်အသားရေကိုဖြူဝင်းချောမွေ့စေပြီး မက်မွန်ရနံ့လေးကလဲ စိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်ရှင့်
(ဒီထပ်ပိုမိုသိချင်ရင် Googleခေါက်ကြည့်နော်)
💞SKM Japan Online Shop💞
恋するおしり=12000kyats
(koisuruoshiri)
Instock 🎌made in japan100%
Japanပစ္စည်း စစ်ကြောင်း အာမခံပါတယ်ရှင့်
02/01/2021
ကဲ နယ်ပို့ပြီကွာ🥰🥰🥰
25/12/2020
***တိုနာလိမ်းနည်း****
တိုနာကလေ မျက်လုံးတဝိုက်နဲ့ မေးစေ့တဝိုက်ချန် သုံးရတယ်ဆိုတာ
ဟုတ်ပါသလား
တိုနာလိမ်းတဲ့အခါ မျက်နှာတပြင်လုံးလိမ်းရပါတယ်။ အထူးသဖြင့် မေးစေ့၊ ပါးပြင်၊နှာခေါင်းနဲ့ ဆံသယ်စတွေကို သေချာလိမ်းပေးရတယ်။ သို့သော် မျက်လုံး၊ မျက်ခွံနဲ့ နှုတ်ခမ်းကိုတော့ ချန်ထားရမယ်။ တိုနာလိမ်းတဲ့အခါ လက်နဲ့လိမ်းကြတယ်။ မှားတယ်။ တကယ်က တိုနာသုံးတဲ့အခါ ဂွမ်းစနဲ့လိမ်းမှ အညစ်အကြေး၊ ပိုးမွား၊အဆီနဲ့ မိတ်ကပ်တွေ ကင်းစင်မှာဖြစ်တယ်။
ဂွမ်းစ၊ဂွမ်းဖတ်နဲ့ သုံးတဲ့အခါ အရည်ကို ရွှဲနစ်နေအောင် စိမ်ပြီး မသုံးရဘူး။ အနေတော်လောက်ထည့်ပြီး သုံးရတယ်။ ဂွမ်းစမှာမဲလာရင် အသစ်ပြောင်းသုံးပါ။ လိမ်းတဲ့အခါ စက်ဝိုင်းပုံလိမ်းပါ။
သတိပြုရမှာက တိုနာသုံးပြီး တခြားskin care ချက်ချင်းမသုံးပါနဲ့။ အနည်းဆုံးခြောက်အောင် တစ်မိနစ်ထားပြီးမှ တခြားskin care ဆက်
သုံးရမယ်။
အားလုံးပဲလှနိုင်ကြပါစေရှင် .... 🥰♥️
Click here to claim your Sponsored Listing.
Category
Website
Address
Yangon