MYAH online shop

MYAH online shop

Share

Myat Yin Aye Han

29/03/2026

🥰အစာခြေ စနစ် အကြောင်းလေးကို ပြန်လည်မျှဝေပေးပါရစေရှင်။

❣️အစာခြေ စနစ်ဆိုတာ စားလိုက်တဲ့အစားအစာကို ကိုယ်ခန္ဓါက ချေဖျက်ပေးပြီး လိုအပ်တဲ့ အာဟာရဓါတ်ေတွကို ခွဲထုတ်ပေးတဲ့ ဖြစ်စဉ်ပါ။

❣️အာဟာရဓါတ်လည်း မရှိ၊ ချေဖျက်ပြီးသား အစာဟောင်းတွေကိုတော့ ဝမ်းအဖြစ် အပြင်ဘက်ကို စွန့်ထုတ်ပါတယ်။

❣️ယေဘုယျအားဖြင့် အစာမြိုချပြီး ကျေညက်သွားသည်အထိ ၂၄ နာရီမှ ၇၂ နာရီထိကြာအောင် ချေဖျက်ရပါတယ်။

❣️ကြာမြင့်ရန်အချိန်ဟာ စားလိုက်တဲ့ အစားအစာနဲ့ ဘယ်လောက်ပမာဏ စားသုံးတယ်ဆိုတာပေါ် မူတည်သလို ကျား၊ မ၊ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်၊ အစာချေစနစ်မှာ ပြဿနာရှိမရှိပေါ် မူတည်ပြီး နှေးသွား၊ မြန်သွားနိုင်ပါတယ်။

၁။ ပါးစပ်

၂။ လည်ချောင်း

၃။ အစာအိမ်

၄။ အူ

၅။ အူမကြီး ဆိုပြီး အဆင့် ၅ဆင့်ကို ဖြတ်သန်းရပါတယ်။

❣️၁။ အစားအစာကို ဝါးစားလိုက်တဲ့အခါ တံတွေးထဲမှာ ပါဝင်တဲ့ အင်ဇိုင်းတွေဟာ အစားအစာထဲမှာ ပါဝင်နေတဲ့ ကစီဓါတ်ေတွကို ချေဖျက်ပေးလို့ အစာဝါးရလွယ်ကူစေပါတယ်။

❣️၂။ ပါးစပ်ကနေ မြိုချလိုက်တဲ့အခါ လည်ချောင်းအတွင်းသို့ လျင်မြန်စွာရောက်ရှိပါတယ်။

အစာမြိုချပြီး ၆နာရီမှ ၈နာရီအတွင်း လည်ချောင်းမှ အစာအိမ်၊ အူ၊ အူမကြီးဆီသို့ အစာတွေက ရွှေ့ပြောင်းသွားလာနေပါပြီ။

❣️၃။ အစာအိမ်အတွင်းမှာ ရှိတဲ့ အက်ဆစ်ဓါတ်တွေဟာလည်း အစားအစာကို ဖြိုခွဲပေးပြီး အက်စစ်ဓါတ်ပါတဲ့ အစာရည်နဲ့ အနည်းငယ်ကျေညက်ပြီးသား အစာတွေကို အူဆီသို့ ပို့ဆောင်ပေးပါတယ်။

❣️၄။ အူအတွင်းသို့ ရောက်တဲ့အခါ ပန်ကရိယအရည်တွေက ကာဗိုဟိုက်ဒြိတ်လို့ ခေါ်တဲ့ ကစီဓါတ်၊ အဆီနဲ့ အသားဓါတ်တွေကို ဖြိုခွဲပေးတယ်။

အဆီဓါတ်တွေကိုတော့ အသည်းထဲမှာရှိတဲ့ သည်းခြေရည်အတွင်း ပျော်ဝင်သွားစေပါတယ်။

ဗီတာမင်၊ သတ္တုဓါတ်နဲ့ ရေတွေကို အူနံရံမှ သွေးကြောအတွင်း ပို့ဆောင်ပေးပြီး မကျေညက်သေးတဲ့ အစာတွေကိုတော့ အူမကြီးသို့ ပို့ဆောင်ရပါတယ်။

အူမကြီးအတွင်း ရောက်ရှိတဲ့အခါ အနည်းငယ်ချေဖျက်ထားပြီးသား အစာတွေကို တစ်ရက်ခန့်ကြာအောင် သိမ်းဆည်းထားပြီး ပိုမိုကျေညက်သွားအောင် ချေဖျက်ဖို့ အလုပ်လုပ်ရပါတယ်။

နောက်ဆုံး အကြွင်းအကျန် အာဟာရဓါတ်တွေကိုတော့ အူမကြီးက စုပ်ယူပြီး ကျန်တဲ့ အစာဟောင်းတွေကို ဝမ်းအဖြစ် စွန့်ထုတ်ပါတယ်။

❣️၅။ ပုံမှန်အားဖြင့် အမျိုးသားတွေမှာ ၃၃နာရီ၊ အမျိုးသမီးတွေမှာ ၄၇ နာရီခန့် အူမကြီးအတွင်း အစာသိမ်းဆည်းထားနိုင်ပါတယ်။

အစာချေဖျက်နှုန်းသည် ကိုယ်စားလိုက်တဲ့ အစားအစာပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲသွားနိုင်ပါတယ်။

အသား၊ ငါးတွေစားလိုက်တဲ့အခါ အထဲမှာပါတဲ့ ပရိုတင်းကို စုပ်ယူပြီး အစာကို လုံးဝကျေညက်သွားဖို့ အချိန် ၂ရက်လောက် ကြာတတ်ပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေလို အမျှင်ဓါတ်များတဲ့ အစားအစာတွေအနေနဲ့ တစ်ရက်ထက်စောပြီး အစာကြေနိုင်ပါတယ်။

၆။ သကြား၊ အချိုဓါတ်များတဲ့ မုန့်တွေကိုတော့ ခန္ဓါကိုယ်က နာရီပိုင်းလေးအတွင်းမှာ ဖြိုခွဲလိုက်ပြီး ထပ်ပြီးအစာစားချင်စိတ်ကို ဖြစ်စေပါတယ်။

❣️အစာခြေစနစ်ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကတော့

အစိမ်းရောင် ဟင်းသီးဟင်းရွက်ကို များများစားပါ

အချိုများတဲ့ မုန့်ပဲသရေစာတွေအစား အသီးအနှံကိုပဲ စားပေးပါ

အနီရောင်အသားနဲ့ တာရှည်ခံအစားအစာတွေကို လျှော့စားပါ

အကျိုးပြု Probiotics ဘက်တီးရီးယား ပါဝင်တဲ့ အစားအစာတွေ (ဒိန်ချဉ်) ကို စားပေးပါ

ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

အိပ်ချိန်ပြည့်ဝစွာ အိပ်စက်အနားယူပါ

စိတ်ဖိစီးမှုကို လျှော့ချပါ

လူတစ်ယောက်ရဲ့ အစာခြေစနစ် ကောင်းစွာအလုပ်လုပ်နိုင်မှုသည် သူ့ရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ အများကြီးသက်ဆိုင်နေပါတယ်။

လူတစ်ယောက် ကျန်းမာဖို့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေ လိုအပ်ပါတယ်။

ဒီအာဟာရဓါတ်တွေကို ကောင်းစွာ စုပ်ယူနိုင်ဖို့ အစာခြေစနစ်က ကောင်းနေဖို့ လိုအပ်တယ်ဆိုတာ မေ့ထားလို့တော့ မဖြစ်ဘူးနော်။

ကိုယ့်ရဲ့ တစ်နေ့တာ ဘာတွေစားသင့်လဲ၊ ဘယ်လိုနေထိုင်ရမလဲဆိုတာ သေချာသတ်မှတ်ထားရင်တော့ အစာခြေစနစ်ဆိုင်ရာ ရောဂါတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်မှာပါရှင်။

crd:

28/03/2026

❤️၁။ အစာမျိုပြွန်အောက်ပိုင်း ချုံချဲ့ ကြွက်သားများ ပုံမှန် အလုပ်မလုပ်နိုင်တော့ခြင်း

❣️အသက်အရွယ်ကြီး ရင့်သူတွေမှာ တွေ့ရတတ်ပါတယ်။
❣️အသက်ကြီးလာတော့ ကိုယ်တွင်း အင်္ဂါတွေဟာ တဖြေးဖြေး ယိုယွင်းပျက်စီးလာပြီး မိမိတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို အပြည့်အဝ လုပ်ကိုင်နိုင်မှုတွေ အားနည်းလာပါတယ်။
❣️ဒါကြောင့် ဗိုက်ထဲက အစာချေရည်နှင့် အစာအိမ်အက်စစ်ဓာတ်တွေဟာ အစာမျိုပြွန်တွင်းကို ပြန်ဆန်တက်ပြီး ရင်ဘတ်အလည် ပိုင်းမှာ ပူလောင်တဲ့ဝေဒနာကို ဖြစ်လာစေပါတယ်။
❣️တစ်ချို့ဆေးဝါးတွေ၊ အရက်နှင့် ဆေးလိပ် သောက်သုံးခြင်းတွေကြောင့်လည်း စားချင့်ပြန်ဝေဒနာကို ဖြစ်စေပါတယ်။

❤️၂။ အစာမျိုပြွန် ကြွက်သား ကြုံ့ဆန့်မှု မူမမှန်ခြင်း
❣️အစာမျိုပြွန်ထဲက ကြွက်သားတွေ ကြုံ့ဆန့်မှု မူမမှန်တော့တာကြောင့် အထဲကဆန်တက် လာတဲ့ အက်စစ်တွေကို အစာအိမ်ဆီကိုပြန် ညှစ် မပို့နိုင်ဘဲ အစာမျိုပြွန်ထဲမှာ အက်စစ် တွေဟာ ပုံမှန်ထက် အချိန်များစွာပိုပြီး အောင်းနေမှု ကြောင့်လည်း စားချင့်ပြန်ဝေဒနာကို ဖြစ်ပေါ်စေပါတယ်။

❤️၃။ အစာအိမ် ကြွက်သား ကြုံ့ဆန့်မှု အားနည်းခြင်း
အစာအိမ်ထဲကကြွက်သားတွေ ကြုံ့နိုင်ဆန့်နိုင်မှု အားနည်းနေရင် ချေဖျက်လိုက်တဲ့ အစာ အားလုံးကို အူထဲရောက် အောင် မပို့နိုင်ခြင်း ၊ အစာအိမ်တွင်း အချိန်အတော်ကြာအောင် ရှိနေ ခြင်းက အစာမျိုပြွန် ချုံချဲ့ ကြွက်သားတွေအပေါ် ဖိအားသက်ရောက်ပြီး အစာအိမ်တွင်းက အစာတစ်ချို့နဲ့ အစာချေအရည်များကို အစာမျိုပြွန်အတွင်း ဆန်တက်စေပါတယ်။

❤️၄။ အခြားဆက်စပ်အကြောင်းရင်းများ

ဆေးလိပ်သောက်ခြင်း - ဆေးလိပ်သောက်တာဟာ အစာအိမ်အက်စစ် အမြောက်အမြား ထွက်ခြင်းကို အားပေးတဲ့ အပြင် အစာအိမ် အကြုံအဆန့်ကိုပါနည်းစေပြီးတော့ အစာချေရည်နှင့် အက်စစ်များကို အစာမျိုပြွန် အတွင်းသို့ ပြန်စီးဝင်စေရန် အားပေး ပါတယ်။

❣️စိတ်ဖိစီးမှု - စိတ်ဖိစီးမှုများလာရင် အစာအိမ်အက်စစ်ကို အလုံးအရင်းနှင့်ထွက်စေပြီး စားချင့်ပြန် ရောဂါကို ဖြစ်စေပါတယ်။

❣️အစားအစာနှင့် အချိုရည်တစ်ချို့- တစ်ချို့အစားအစာတွေနဲ့ အချိုရည်တွေဟာ အစာမျိုပြွန်ကြွက်သားတွေကို အားလျော့ စေပါတယ်။ အဆီများတဲ့ အစားအစာ၊ ကဖင်းပါတဲ့ ကော်ဖီ ၊ လက်ဖက်ရည် ၊ အရက် နဲ့ ပက်ပါမင့်ပါတဲ့ သကြားလုံး စသည်တို့ ဖြစ်ပါတယ်။

❣️အက်ဆစ်ဓါတ်ကြွယ်ဝသည့် အစားအသောက်များ- လိမ္မော်သီး၊ သံပုရာသီး နဲ့ ရနံ့ပြင်းတဲ့ အစားအစာတွေမှာ အစာအိမ်ကို နှိုးဆွ စေတဲ့သတ္တိ ရှိတာကြောင့် အဲဒါတွေဟာလည်း အက်စစ် လျှံတက်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

❣️အချို့ဆေးဝါးများ - ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက တစ်ယောက်နဲ့ တစ်ယောက် သက်ရောက်မှုခြင်း မတူပေမဲ့ ဒီ အက်စစ်ဆန်တက်တဲ့ရောဂါကိုတော့ ဖြစ်စေတတ်တဲ့ အတွက် သံသယရှိရင် ဆရာဝန်နဲ့ ပြသသင့် ပါတယ်။ ဆေးများကို ဆေးပတ်မလည်ခင် ကိုယ့်သဘောနဲ့ကိုယ် ဖြတ်ခြင်း၊ ဆေးဆိုင်တွေကပေးလိုက်တဲ့ တွဲဆေး၊ စပ်ဆေးတွေ ဝယ်သောက်တာမျိုးတွေတော့ မပြုလုပ်သင့်ပါ။

❣️အဝလွန်သူများ - အဝလွန်တဲ့သူတွေဟာ သာမာန်လူတွေထက် ဝမ်းဗိုက် ဖိအား ပိုမိုစေပါတယ်။ အဲဒီဖိအားက အစာအိမ်အပေါ်ကိုသက်ရောက်ပြီး ရောဂါရစေဖို့ အခွင့်အလမ်း ပိုများပါတယ်။

❣️ကိုယ်ဝန်ဆောင် - သန္ဓေသားပိုကြီးထွားလာလေ အစာအိမ်အပေါ် ဝမ်းဗိုက် ဖိအားသက်ရောက်မှု ပိုများလေဖြစ်ပြီး စားချင့်ပြန်ရောဂါ ရလာတတ်ပါတယ်။

❣️အဆီများတဲ့အစားအစာ - ဆီများတဲ့ ဟင်း၊ အစားအစာ နဲ့ ဆီပူထဲနှစ်ကြော်ထားတဲ့ အကြော်တွေ၊ အသင့်စား အစားအစာတွေ၊ အုန်းနို့၊ ထောပတ်၊ ဒိန် တို့နှင့် ရောချက် ထားတဲ့ ဟင်းလျာတွေ၊ ရေခဲမုန့် နှင့် အနီရောင် အသားတွေကို ရှောင်သင့်ပါတယ်။ အဲဒီအစားအသောက်တွေမှာပါတဲ့ အဆီက အစာအိမ်အက်စစ်နဲ့ တွေ့ထိ ပေါင်းစပ်တဲ့အခါ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း ၊ နေမထိထိုင်မသာဖြစ်ခြင်း နဲ့ heart burn ခေါ် ရင်ဝ ပူလောင်ခြင်းတို့ ဖြစ်တတ်ပါတယ်။

❣️❤️စားပြီးလှဲနေခြင်း - စားပြီး အစာကျေညက်သွားစေဖို့ ၂ နာရီ ကနေ ၃ နာရီ လောက် အချိန်ပေးရပါတယ်။ ဒါကြောင့် စားပြီးတာနဲ့ လှဲမနေဖို့ လိုပါတယ်။ အစာမကြေခင် လဲလျောင်းနေခြင်းက အက်စစ်ဓာတ်တွေ အပေါ်ကို အလွယ်တကူ လျှံတက်ဖို့ အထောက်အကူဖြစ်စေပါတယ်။

crd:

16/03/2026

👉စားချင့်ပြန်ရောဂါဖြစ်စေတဲ့ အကြောင်းရင်းများ

❤️၁။ အစာမျိုပြွန်အောက်ပိုင်း ချုံချဲ့ ကြွက်သားများ ပုံမှန် အလုပ်မလုပ်နိုင်တော့ခြင်း

❣️အသက်အရွယ်ကြီး ရင့်သူတွေမှာ တွေ့ရတတ်ပါတယ်။

❣️အသက်ကြီးလာတော့ ကိုယ်တွင်း အင်္ဂါတွေဟာ တဖြေးဖြေး ယိုယွင်းပျက်စီးလာပြီး မိမိတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို အပြည့်အဝ လုပ်ကိုင်နိုင်မှုတွေ အားနည်းလာပါတယ်။

❣️ဒါကြောင့် ဗိုက်ထဲက အစာချေရည်နှင့် အစာအိမ်အက်စစ်ဓာတ်တွေဟာ အစာမျိုပြွန်တွင်းကို ပြန်ဆန်တက်ပြီး ရင်ဘတ်အလည် ပိုင်းမှာ ပူလောင်တဲ့ဝေဒနာကို ဖြစ်လာစေပါတယ်။

❣️တစ်ချို့ဆေးဝါးတွေ၊ အရက်နှင့် ဆေးလိပ် သောက်သုံးခြင်းတွေကြောင့်လည်း စားချင့်ပြန်ဝေဒနာကို ဖြစ်စေပါတယ်။

❤️၂။ အစာမျိုပြွန် ကြွက်သား ကြုံ့ဆန့်မှု မူမမှန်ခြင်း

❣️အစာမျိုပြွန်ထဲက ကြွက်သားတွေ ကြုံ့ဆန့်မှု မူမမှန်တော့တာကြောင့် အထဲကဆန်တက် လာတဲ့ အက်စစ်တွေကို အစာအိမ်ဆီကိုပြန် ညှစ် မပို့နိုင်ဘဲ အစာမျိုပြွန်ထဲမှာ အက်စစ် တွေဟာ ပုံမှန်ထက် အချိန်များစွာပိုပြီး အောင်းနေမှု ကြောင့်လည်း စားချင့်ပြန်ဝေဒနာကို ဖြစ်ပေါ်စေပါတယ်။

❤️၃။ အစာအိမ် ကြွက်သား ကြုံ့ဆန့်မှု အားနည်းခြင်း

အစာအိမ်ထဲကကြွက်သားတွေ ကြုံ့နိုင်ဆန့်နိုင်မှု အားနည်းနေရင် ချေဖျက်လိုက်တဲ့ အစာ အားလုံးကို အူထဲရောက် အောင် မပို့နိုင်ခြင်း ၊ အစာအိမ်တွင်း အချိန်အတော်ကြာအောင် ရှိနေ ခြင်းက အစာမျိုပြွန် ချုံချဲ့ ကြွက်သားတွေအပေါ် ဖိအားသက်ရောက်ပြီး အစာအိမ်တွင်းက အစာတစ်ချို့နဲ့ အစာချေအရည်များကို အစာမျိုပြွန်အတွင်း ဆန်တက်စေပါတယ်။

❤️၄။ အခြားဆက်စပ်အကြောင်းရင်းများ

ဆေးလိပ်သောက်ခြင်း - ဆေးလိပ်သောက်တာဟာ အစာအိမ်အက်စစ် အမြောက်အမြား ထွက်ခြင်းကို အားပေးတဲ့ အပြင် အစာအိမ် အကြုံအဆန့်ကိုပါနည်းစေပြီးတော့ အစာချေရည်နှင့် အက်စစ်များကို အစာမျိုပြွန် အတွင်းသို့ ပြန်စီးဝင်စေရန် အားပေး ပါတယ်။

❣️စိတ်ဖိစီးမှု - စိတ်ဖိစီးမှုများလာရင် အစာအိမ်အက်စစ်ကို အလုံးအရင်းနှင့်ထွက်စေပြီး စားချင့်ပြန် ရောဂါကို ဖြစ်စေပါတယ်။

❣️အစားအစာနှင့် အချိုရည်တစ်ချို့- တစ်ချို့အစားအစာတွေနဲ့ အချိုရည်တွေဟာ အစာမျိုပြွန်ကြွက်သားတွေကို အားလျော့ စေပါတယ်။ အဆီများတဲ့ အစားအစာ၊ ကဖင်းပါတဲ့ ကော်ဖီ ၊ လက်ဖက်ရည် ၊ အရက် နဲ့ ပက်ပါမင့်ပါတဲ့ သကြားလုံး စသည်တို့ ဖြစ်ပါတယ်။

❣️အက်ဆစ်ဓါတ်ကြွယ်ဝသည့် အစားအသောက်များ- လိမ္မော်သီး၊ သံပုရာသီး နဲ့ ရနံ့ပြင်းတဲ့ အစားအစာတွေမှာ အစာအိမ်ကို နှိုးဆွ စေတဲ့သတ္တိ ရှိတာကြောင့် အဲဒါတွေဟာလည်း အက်စစ် လျှံတက်စေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

❣️အချို့ဆေးဝါးများ - ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက တစ်ယောက်နဲ့ တစ်ယောက် သက်ရောက်မှုခြင်း မတူပေမဲ့ ဒီ အက်စစ်ဆန်တက်တဲ့ရောဂါကိုတော့ ဖြစ်စေတတ်တဲ့ အတွက် သံသယရှိရင် ဆရာဝန်နဲ့ ပြသသင့် ပါတယ်။ ဆေးများကို ဆေးပတ်မလည်ခင် ကိုယ့်သဘောနဲ့ကိုယ် ဖြတ်ခြင်း၊ ဆေးဆိုင်တွေကပေးလိုက်တဲ့ တွဲဆေး၊ စပ်ဆေးတွေ ဝယ်သောက်တာမျိုးတွေတော့ မပြုလုပ်သင့်ပါ။

❣️အဝလွန်သူများ - အဝလွန်တဲ့သူတွေဟာ သာမာန်လူတွေထက် ဝမ်းဗိုက် ဖိအား ပိုမိုစေပါတယ်။ အဲဒီဖိအားက အစာအိမ်အပေါ်ကိုသက်ရောက်ပြီး ရောဂါရစေဖို့ အခွင့်အလမ်း ပိုများပါတယ်။

❣️ကိုယ်ဝန်ဆောင် - သန္ဓေသားပိုကြီးထွားလာလေ အစာအိမ်အပေါ် ဝမ်းဗိုက် ဖိအားသက်ရောက်မှု ပိုများလေဖြစ်ပြီး စားချင့်ပြန်ရောဂါ ရလာတတ်ပါတယ်။

❣️အဆီများတဲ့အစားအစာ - ဆီများတဲ့ ဟင်း၊ အစားအစာ နဲ့ ဆီပူထဲနှစ်ကြော်ထားတဲ့ အကြော်တွေ၊ အသင့်စား အစားအစာတွေ၊ အုန်းနို့၊ ထောပတ်၊ ဒိန် တို့နှင့် ရောချက် ထားတဲ့ ဟင်းလျာတွေ၊ ရေခဲမုန့် နှင့် အနီရောင် အသားတွေကို ရှောင်သင့်ပါတယ်။ အဲဒီအစားအသောက်တွေမှာပါတဲ့ အဆီက အစာအိမ်အက်စစ်နဲ့ တွေ့ထိ ပေါင်းစပ်တဲ့အခါ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း ၊ နေမထိထိုင်မသာဖြစ်ခြင်း နဲ့ heart burn ခေါ် ရင်ဝ ပူလောင်ခြင်းတို့ ဖြစ်တတ်ပါတယ်။

❤️စားပြီးလှဲနေခြင်း - စားပြီး အစာကျေညက်သွားစေဖို့ ၂ နာရီ ကနေ ၃ နာရီ လောက် အချိန်ပေးရပါတယ်။ ဒါကြောင့် စားပြီးတာနဲ့ လှဲမနေဖို့ လိုပါတယ်။ အစာမကြေခင် လဲလျောင်းနေခြင်းက အက်စစ်ဓာတ်တွေ အပေါ်ကို အလွယ်တကူ လျှံတက်ဖို့ အထောက်အကူဖြစ်စေပါတယ်။

👉စားချင့်ပြန်ရောဂါကို ကိုယ်တိုင် ဆန်းစစ်ခြင်း။

👉စားချင့်ပြန်ရောဂါ (acid reflux disease) ကို ကိုယ်တိုင်ဆန်းစစ်မယ်ဆိုရင် ဒါတွေကို စောင့်ကြည့်ဖို့လိုပါတယ်။

❣️ရင်ဘတ်နှင့် ရင်ညွန့်ရိုးအောက် ပူလောင်ခြင်း ၊ အစိုင်အခဲတစ်ခုခုလည်ပင်းထဲ စိုက်ဝင်နေ သလို လည်ချောင်းနာ နေပြီး အစာမျိုရခက်ခဲခြင်း၊ လည်ချောင်းထဲ ပူလောင်သည့်ခံစားမှု နှင့်အတူ ပျို့ခြင်း၊ မကြာခဏ လေတက်ခြင်း၊ အစာအိမ်အက်စစ်များ စုလာမှုကြောင့် လည်ချောင်း ထဲတွင် ခါးသက်သက် အရသာကိုလည်း ခံစားရနိုင်ခြင်း။

❣️အစာမကြေသလို ဗိုက် ရစ်နာခြင်းနှင့် ဝမ်းဗိုက်တောင့်တင်းခြင်း၊ ခံတွင်းနံ့ဆိုးခြင်း၊ သွားကျဉ်ခြင်း။

❣️အစာမချက်နိုင်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း သို့မဟုတ် အစာစားပြီးခါစမှာ ချောင်းခြောက် ဆိုးခြင်း။

❣️အစာအိမ်အက်စစ်ကြောင့် အသံအိုးရောင်ပြီး မနက်ပိုင်းလည်ချောင်းနာခြင်း (သို့) နာတာရှည် လည်ချောင်း နာခြင်းများ။

❣️တံတွေးသီးခြင်း နှင့် အိပ်နေစဉ် အသက်ရှုကြပ်ခြင်း။

❤️စားချင့်ပြန်ခြင်းကို ကုသခြင်း။

❣️အစာအိမ်အက်စစ်ထုတ်လုပ်မှု လျော့ကျစေတဲ့ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက် ပါ။ ဆေးလက်မှတ် မလိုတဲ့ ပြင်ပဆေးဆိုင်က ဆေးတွေကို ဝယ်ယူသုံးစွဲမှု မပြုဖို့နှင့် မဆင်မခြင် သုံးစွဲမှုက ဆေးတွေရဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုခံစားရနိုင်ပါသည်။

❣️ခွဲစိတ်ကုသခြင်းကိုတော့ ကာလရှည် အက်စစ်လျှံတက်ရောဂါရှင်များ ၊ ဆေးဝါးများဖြင့် သက်သာပျောက်ကင်းအောင် မကုနိုင်သည့် လူနာများနှင့် ကုသမှုဆေးများ၏ ဘေးထွက်ဆိုးကျိုး တွေကို ခံစားနေရသူတွေအတွက် ရွေးချယ်နိုင်ပါသည်။

💝စားချင့်ပြန်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

❣️အစာအိမ်အက်စစ် ထွက်ခြင်းကို အားပေးတဲ့ အဆီများတဲ့ အစားအစာများကိုရှောင်ပါ။ အရက်နှင့် ကဖိန်းဓာတ်ပါသော အရည်များ နှင့် ဆေးလိပ်သောက်ခြင်း အလေ့အထကိုဖြတ်ပါ။

❣️စိတ်ဖိစီးမှု ကိုလျှော့ချပါ။ လုံလောက်စွာအနားယူပါ။ ကိုယ် လက် လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ။

❣️မျက်စိအကျင့် ဝမ်းအချင့်’ ဆိုတဲ့အတိုင်း အစားအသောက်ကို ချင့်ချိန်စားသုံးပြီး ပုံမှန် ကိုလ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ကိုလ်အလေးချိန်ကိုထိန်းသိမ်းပါရန်။

❣️အစာစားပြီးပြီးချင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း နှင့် အခြား ခါးအကွေးအဆန့်ပါတဲ့ အိမ်မှုကိစ္စ များလုပ်မည့်အစား အစာများကောင်းစွာကျေညက်အောင် အနည်းဆုံး ၂နာရီ ၃ နာရီခန့် စောင့်ဆိုင်းပြီးမှ လုပ်ရန်။

👉စားချင့်ပြန်ခြင်းကို ကုသခြင်း။

❣️အစာအိမ်အက်စစ်ထုတ်လုပ်မှု လျော့ကျစေတဲ့ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက် ပါ။ ဆေးလက်မှတ် မလိုတဲ့ ပြင်ပဆေးဆိုင်က ဆေးတွေကို ဝယ်ယူသုံးစွဲမှု မပြုဖို့နှင့် မဆင်မခြင် သုံးစွဲမှုက ဆေးတွေရဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုခံစားရနိုင်ပါသည်။

❣️ခွဲစိတ်ကုသခြင်းကိုတော့ ကာလရှည် အက်စစ်လျှံတက်ရောဂါရှင်များ ၊ ဆေးဝါးများဖြင့် သက်သာပျောက်ကင်းအောင် မကုနိုင်သည့် လူနာများနှင့် ကုသမှုဆေးများ၏ ဘေးထွက်ဆိုးကျိုး တွေကို ခံစားနေရသူတွေအတွက် ရွေးချယ်နိုင်ပါသည်။

👉စားချင့်ပြန်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

အစာအိမ်အက်စစ် ထွက်ခြင်းကို အားပေးတဲ့ အဆီများတဲ့ အစားအစာများကိုရှောင်ပါ။ အရက်နှင့် ကဖိန်းဓာတ်ပါသော အရည်များ နှင့် ဆေးလိပ်သောက်ခြင်း အလေ့အထကိုဖြတ်ပါ။

စိတ်ဖိစီးမှု ကိုလျှော့ချပါ။ လုံလောက်စွာအနားယူပါ။ ကိုယ် လက် လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပါ။

မျက်စိအကျင့် ဝမ်းအချင့်’ ဆိုတဲ့အတိုင်း အစားအသောက်ကို ချင့်ချိန်စားသုံးပြီး ပုံမှန် ကိုလ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ကိုလ်အလေးချိန်ကိုထိန်းသိမ်းပါရန်။

အစာစားပြီးပြီးချင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း နှင့် အခြား ခါးအကွေးအဆန့်ပါတဲ့ အိမ်မှုကိစ္စ များလုပ်မည့်အစား အစာများကောင်းစွာကျေညက်အောင် အနည်းဆုံး ၂နာရီ ၃ နာရီခန့် စောင့်ဆိုင်းပြီးမှ လုပ်ရန်။

အစာစားပြီးပြီးချင်း တန်း၍ လဲလျောင်း ခြင်းမပြုလုပ်ရန်။ အစာကောင်းစွာကျေညက်သည်ထိ အနည်းဆုံး ၃ နာရီခန့် စောင့်ဆိုင်းသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နှင့် စားချင့်ပြန်ဝေဒနာ

ကိုယ်ဝန်ဆောင်အမျိုးသမီး တွေမှာ စားချင့်ပြန်ဝေဒနာ ခံစားနိုင်ဖို့ အခွင့်အလမ်းပိုများပါတယ်။ အထူးသဖြင့် လရင့် နောက်ဆုံးပိုင်း ၃ လမှာ သားအိမ်ဟာ တစ်စတစ်စ ပိုမို ကြီးထွားလာပြီး အစာအိမ်ပေါ်ကို လနုစဉ်ကထက် ပိုပြီး ဖိမိတာကြောင့် အစာအိမ်မှ ချေဖျက်ပြီး အစာနှင့် အရည်တွေကို အစာမျိုပြွန်တွင်းသို့ ဆန်တက်လာစေဖို့ ဖြစ်လာပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းအပြောင်းအလဲ ကလည်း အစာအိမ်ရဲ့ အစာချက်နှုန်းကို လျော့ကျ စေပါသည်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ စားချင့်ပြန်ဝေဒနာ ခံစားလာရပြီဆိုရင် ကိုယ့်သဘောနဲ့ ကိုယ် ဆေးဝါးများ မဆင်မခြင် သုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အဲဒီဆေးဝါးတွေက ကိုယ်ဝန်ဆောင် သို့မဟုတ် အတွင်း သန္ဓေသားရဲ့ ကျန်းမာရေးကို တစ်စုံတစ်ရာ သက်ရောက်မှု ရှိနိုင်ပါတယ်။ ခံစားရတဲ့ ဝေဒနာ လက္ခဏာပေါ် မူတည်ပြီး ဆရာဝန်များနှင့် တိုင်ပင်သင့်ပါတယ်။

အစာအိမ်အက်စစ်အထက်ဆန်တဲ့ရောဂါ စားချင့်ပြန်ဝေဒနာကို ခံစားနေရပြီဆိုရင် မအီမသာ မျက်နှာကြီးနဲ့ဖြစ်နေပြီး နိစ္စဓူဝလုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာ မှာလည်း ကသိကအောက် ဖြစ်စေပါတယ်။ မကုဘဲထားလိုက်ရင် နာတာရှည်လိုဖြစ်သွားပြီး နောက်ဆုံး အသက်အန္တရာယ်ရှိတဲ့ အစာရေမျိုပြွန်ကင်ဆာ အထိ ရောက်သွားနိုင်ပါတယ်။ ဖြစ်ပြီဆိုရင်လည်း ဆေးဆိုင်တွေမှာ အလွယ်တကူရတဲ့ ဆေးတွေကို မဆင်မခြင် ဝယ်သောက်ခြင်း၊ ဆေးမြီးတိုများနဲ့ ကုသခြင်းတို့ကြောင့် နောက်ဆက်တွဲကျန်းမားရေး ဆိုးကျိုးတွေကိုလည်း ခံစားရမယ် ဖြစ်ပါတယ်။

crd:

13/03/2026

❣️အဆစ်တွေ တောင့်တင်းခြင်းရဲ့ နောက်မှာ အဆစ်တွေနာကျင်ခြင်းကလည်း ကပ်လိုက်လာပါတယ်။

ဒါကတော့ လှုပ်ရှားနေစဉ် ဒါမှမဟုတ် အနားယူနေစဉ်တွေမှာ ဖြစ်တတ်တာပါ။

ဒါကလည်း ခန္ဓာကိုယ်ရဲ့ အခြမ်းနှစ်ခြမ်းလုံးမှာ ညီမျှစွာဖြစ်တတ်ပါတယ်။

အဖြစ်အများဆုံးနေရာတွေကတော့ လက်ချောင်းတွေနဲ့ လက်ကောက်ဝတ်တွေမှာပါပဲ။

ဒီလို နာကျင်မှုတွေကို ဒူး၊ ခြေထောက်၊ ခြေချင်းဝတ် သို့မဟုတ် ပုခုံးတွေမှာလည်း ခံစားရတတ်ပါတယ်။

အဆစ်ရောင်ရမ်းခြင်းကတော့ အဆစ်ရှိတဲ့ အဆစ်အိမ်ရောင်ရမ်းလာတာကြောင့် ဖြစ်ရတာပါ။

ဒီရောင်ရမ်းမှုဟာ မသိသာတဲ့အဆင့်ကနေ သတိထားမိတဲ့အဆင့်ထိ အမျိုးမျိုးရှိပါတယ်။

အဆစ်တွေ ရောင်ရမ်းလာတဲ့အခါ လှုပ်ရှားမှုတွေ သိပ်မလုပ်နိုင်တော့တာမျိုးလည်း ဖြစ်တတ်ပါတယ်။

တကယ်လို့များ ရောင်ရမ်းခြင်းက လက်နဲ့ လက်ချောင်းတွေမှာဖြစ်ခဲ့ရင် လက်စွပ် ဝတ်ဖို့၊ ချွတ်ဖို့ဆိုတာတောင် ခက်ခဲနေပါလိမ့်မယ်။

အဆစ်တွေ ရောင်ရမ်းခြင်းဟာ အာရုံကြောတွေပေါ်မှာ ဖိအားတွေဖြစ်စေနိုင်ပါတယ်။

ဒါကပဲ သင့်လက်တွေမှာ ထုံခြင်း၊ ကျဉ်ခြင်း သို့မဟုတ် ပူလောင်နေတဲ့ခံစားမှုမျိုးကို ရရှိစေတာဖြစ်ပြီး ဒါဟာ carpal tunel syndrome လို့ ကိုယ်စားပြုပါတယ်။

အရိုးနုတွေ ပျက်စီးမှုက သင်လှုပ်ရှားတဲ့အချိန်တိုင်းမှာ အဆစ်တွေကို ထိခိုက်စေနေတာကြောင့် သင့်လက် သို့မဟုတ် ခြေထောက်တွေရဲ့ အဆစ်တွေဟာ ကလက်ကလက်အသံတွေ ထွက်နေနိုင်ပါတယ်။

ဒီလက္ခဏာတွေဟာ RAအပြင် အမျိုးမျိုးသော ရောဂါတွေကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် ဒီလက္ခဏာတွေက RA မှာလည်း တွေ့ရနိုင်တာကြောင့် စောစော သတိထားမိဖို့ အရေးကြီးပါတယ်။

သူ့ရဲ့ ဖြစ်နိုင်တဲ့ လက္ခဏာတွေကို မှန်ကန်တဲ့ ရောဂါအတည်ပြုမှုတွေ ပြုလုပ်ဖို့နဲ့ ကုသမှုကို တတ်နိုင်သမျှစောစောခံယူဖို့က တကယ်ကို လိုအပ်ပါတယ်။

သံလွင်ဆီမှာ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေရှိတဲ့ ဗီတာမင် E နဲ့ ဗီတာမင် K ကြွယ်ဝပါတယ်။

အဆိုပါ ဓာတ်တိုးပစ္စည်းများဟာ နာတာရှည်ရောဂါများဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

ကိုလက်စထရောများ ဓာတ်တိုးခြင်းကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့စေပါတယ်။

နာတာရှည်ရောင်ရမ်းခြင်းဟာ ကင်ဆာ၊ နှလုံးရောဂါ၊ ဇီဝဖြစ်ပျက်မှုရောဂါစု၊ အမျိုးအစား ၂ ဆီးချို၊ အယ်လ်ဇိုင်းမား၊ အဆစ်အမြစ်ရောင်ခြင်း စတဲ့ရောဂါတွေ ဖြစ်ပွားနိုင်ခြင်းနဲ့ ဆက်စပ်နေပါတယ်။

သံလွင်ဆီမှာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ ရောင်ရမ်းခြင်းကို ကျဆင်းစေနိုင်ပါတယ်။

အထူးသဖြင့် သံလွင်ဆီမှာ ပါဝင်တဲ့ oleocanthol ဆိုတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ ရောင်ရမ်းမှုကို သိသာစါာ သက်သာစေပါတယ်။

သုတေသနတခုရဲ့ အဆိုအရ သံလွင်ဆီ ၅၀ မီလီလီတာမှာ ပါဝင်တဲ့ oleocanthol ဟာ အကိုက်အခဲပျောက်ဆေးတစ်မျိုးရဲ့ အာနိသင် ၁၀ ရာခိုင်နှုန်းလောက်နဲ့ သွားညီတယ်လို့ သိရပါတယ်။

ဦးနှောက်ကိုထောက်ပံ့ပေးတဲ့ သွေးကြောစီးဆင်းမှုမှာ ပြဿနာတစ်ခုခုဖြစ်ပေါ်ရင် (ဥပမာ သွေးခဲခြင်း၊ သွေးကြောပေါက်ခြင်း) လေဖြတ်တတ်ပါတယ်။

သုတေသီတွေဟာ သံလွင်ဆီကြောင့် လေဖြတ်နိုငခြေ လျော့နည်းတယ်ဆိုတဲ့ အချက်ကို တွေ့ရှိခဲ့ကြပါတယ်။

သံလွင်ဆီမှာပါဝင်တဲ့ မပြည့်ဝဆီ အမျိုးအစားဟာ သွေးလည်ပတ်မှုကို ကောင်းစေပြီး မကောင်းတဲ့ ကိုလက်စထရောတွေစုလာခြင်းကို ကာကွယ်နိုင်ပါတယ်။

နှလုံးနဲ့သွေးတိုးရောဂါဖြစ်နိုင်ခြေကို လျော့စေတာကြောင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်ပါတယ်။

ကိုယ်ခန္ဓာထဲမှာကိုလက်စထရောနှစ်မျိုး ရှိပါတယ်။

HDL လို့ခေါ်တဲ့ အကျိုးပြုကိုလက်စထရောနဲ့ LDL လို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စထရော ဖြစ်ပါတယ်။

သံလွင်ဆီဟာ မကောင်းတဲ့ LDL ကိုလက်စထရောများပြားလာခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။

သွေးကြောနံရံတွေမှာအဆီတွေပုံမလာအောင် ကာကွယ်ပြီးသွေးခဲခြင်းမဖြစ်ရအောင်ကာကွယ်ပေးပါတယ်။
သွေးလည်ပတ်မှု ကောင်းစေတာကြောင့်သွေးပေါင်ချိန်မြင့်တက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ဒီအချက်တွေကြောင့် သံလွင်ဆီပုံမှန်စားသုံးရင် နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါးပါတယ်။

အယ်လ်ဇိုင်းမားရောဂါဟာ ဦးနှောက်နဲ့အာရုံကြောဆဲလ်တွေ ချို့ယွင်းပျက်စီးလာလို့ ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။

ဦးနှောက်ဆဲလ်တွေထဲမှာ ဘီတာအမိုင်းလွိုက်လို့ခေါ်တဲ့ ပစ္စည်းတွေ စုပုံလာရင် ဦးနှောက်ဆဲလ်တွေ ထိခိုက်လာနိုင်ပါတယ်။

သုတေသနတွေအရ သံလွင်ဆီဟာ အဆိုပါ ဓာတ်ပစ္စည်းများကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။

သံလွင်ဆီဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

သံလွင်ဆီမှာပါဝင်တဲ့ တိုင်ရိုဆောလို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတမျိုးမှာ အင်ဆူလင်အာနိသင်ကို ပိုမိုထိရောက်အောင် ကူညီပေးပါတယ်။

အင်ဆူလင်ကို ပိုမိုထိရောက်စေပြီး သွေးတွင်းသကြားဓာတ်ကိုထိန်းပေးနိုင်တာကြောင့် အမျိုးအစား ၂ ဆီးချိုဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

လေးဖက်နာအဆစ်ရောင်ခြင်းဟာ မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်တဲ့အတွက် အဆစ်အမြစ်များ ရောင်ရမ်းနာကျင်ခြင်းကို ခံစားရပါတယ်။

သံလွင်ဆီဟာ လေးဖက်နာအဆစ်ရောင်ခြင်း ဖြစ်ပွားသူတွေမှာ ရောင်ရမ်းမှုဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေ လျော့ကျစေပြီး ဓာတ်တိုးဖိစီးခြင်းကိုလည်း လျှော့ချပေးနိုင်ပါတယ်။

လေးဖက်နာအဆစ်ရောင်သူတွေမှာ ကြုံရတတ်တဲ့ မနက်အိပ်ရာထခါစ အဆစ်များ တောင့်တင်းနေခြင်း၊ နာကျင်ခြင်းတွေကို သက်သာစေပါတယ်။

09/03/2026

💔ခဏခဏလေတက်နေတာ ဘယ်လိုလုပ်ရမလဲ?

တအေ့အေ့နဲ့ လေတက်တယ်ဆိုတာ တနည်းနည်းနဲ့ ဗိုက်ထဲရောက်နေတဲ့လေတွေကို အစာရေမျိုကနေ ပြန်စွန့်ထုတ်နေတာပါ။

အစားအမြန်စားမိတာ၊ အစာစားရင်းစကားပြောတာ၊ ပီကေဝါးတာ၊ ဂက်စ်ပါတဲ့အချိုရည်တွေသောက်တာ၊ ဆေးလိပ်သောက်တာတွေကြောင့်
လေတွေမျိုချမိစေနိုင်ပါတယ်။

အစာခြေရည်ပြန်ဆန်တက်ခြင်းနဲ့ရင်ပူနာ ဝေဒနာတွေကြောင့်လည်း လေတက်တဲ့လက္ခဏာဖြစ်တတ်ပါတယ်။

မကြာခဏ လေတက်သံတွေထွက်နေရတယ်ဆိုရင်တော့ Helicobacter pylori ဘက်တီးရီးယားကြောင့် ဒါမှမဟုတ် အစာအိမ်နံရံရောင်ရမ်းခြင်းကြောင့်
ဖြစ်နိုင်ပါတယ်။

လေတက်ခြင်းကို သက်သာစေနိုင်တဲ့နည်းလမ်းတွေက –

❣️ဖြည်းဖြည်းစားပါ၊ ဖြည်းဖြည်းသောက်ပါ။။

ဖြည်းဖြည်းစားသောက်မယ်ဆို လေတွေသိပ်မျိုမချမိစေဘူးပေါ့။ စိတ်လောနေရင်၊ စိတ်ဖိစီးနေရင် လေမျိုချမိတာပိုများစေနိုင်လို့အစားစားချိန်မှာ စိတ်ကိုဖြေလျှော့ထားပါ။

❣️ဂက်စ်ပါတဲ့အချိုရည်နဲ့ ဘီယာကို ရှောင်ပါ။။

လေနဲ့ပတ်သက်တဲ့ဝေဒနာရှိတတ်သူဟာ ကာဗွန်ဒိုင်အောက်ဆိုက်တွေဖြစ်စေတဲ့ ဒီသောက်စရာတွေကိုရှောင်သင့်ပါတယ်။

❣️ပီကေဝါးတာ၊ သကြားလုံးစုပ်လုံးစားတာ ရှောင်ပါ။။

ဒါတွေစားတဲ့အခါ ပုံမှန်ထက်ပိုပြီး ခဏခဏမျိုချရတာများတာမို့ လေတွေပိုဝင်နိုင်စေတာပေါ့။

❣️ဆေးလိပ်လျှော့သောက်ပါ။။

မသောက်ပါနဲ့လို့ တားလို့ရမှာမဟုတ်တော့ လျှော့သောက်ဖို့ပဲ ပြောရမှာပေါ့။ ဆေးလိပ်ကိုရှိုက်တဲ့အခါ လေကို နှာခေါင်းကရှူသွင်းရုံမကဘဲ ပါးစပ်ကပါ မျိုချမိပါလိမ့်မယ်။

❣️လှုပ်ရှားပါ။။

အစာစားပြီး ငြိမ်အိပ်မနေဘဲ ခဏလောက်တော့ ဖြည်းဖြည်းလမ်းလျှောက်လိုက်ပါ။

❣️ရင်ပူနာကို ကုသပါ။။

အစာခြေရည်ပြန်ဆန်တက်ခြင်း၊ ရင်ပူနာ တို့ကို ဒီအတိုင်းမထားဘဲ ကုသလိုက်ပါ။ ဆရာဝန်နဲ့မပြသေးခင် ရုတ်တရက်ဖြစ်လာတဲ့ဝေဒနာဆို အစာအိမ်လေနာပျောက်ဆေးတွေနဲ့တင် သက်သာစေနိုင်ပါတယ်။

❣️အဆီများတာတွေသိပ်မစားပါနဲ့။။

အဆီတွေက အစာချေဖျက်မှုကို နှေးစေတာကြောင့် အစာတွေကိုပိုပြီး အချိန်ကြာကြာ အချဉ်ပေါက်စေနိုင်ပါတယ်။

❣️အမြန်သက်သာစေမယ့်ဆေးတွေဆောင်ထားပါ။။

အစာအိမ်အချဉ်ဓာတ်ကို ထိန်းပေးနိုင်တဲ့ဆေးတွေ (Antacids)နဲ့ အက်ဆစ်ထုတ်လုပ်မှုကို တားဆီးပေးနိုင်ပြီး အစာရေမျိုကို ပြန်လည်ကောင်းမွန်လာစေတဲ့ ဆေးတွေသောက်ရင် လျင်မြန်စွာ သက်သာလာစေနိုင်ပါတယ်။ ဆေးဆိုင်တွေမှာ အစာအိမ်လေဆေးအဖြစ် ဆရာဝန်ဆေးညွှန်းမလိုတဲ့ ဆေးတွေကို ဝယ်သောက်နိုင်ပါတယ်ရှင်။

crd:

👉ပျားရည်သည် ပန်းပေါင်းစုံတို့၏ ဝတ်ရည်ဖြစ်ပါသည်။
👉၎င်းနှင့်တွဲဖက်သော ဆေးများကို ပိုမိုအစွမ်း ထက်မြက်စေသည်။
👉ယုတ်လျော့သောအားကို ပြန်လည်
ပြည့်ဖြိုးစေသည်။
👉ဆေး၏ အာနိသင်ကို ကြာရှည်တည်မြဲအောင် စောင့်ရှောက်နိုင်သည်။
👉၀မ်းထဲရှိ အညစ်အကြေးမှန်သမျှကို ဖယ်ရှားပေးပါသည်။
👉နွယ်ချိုဆီမှာ Anti-oxidants (ဓာတ်တိုးမှုကို ကာကွယ်ပစ္စည်း) ၊ Anti-inflammatory (ရောင်ရမ်းမှုတွေကို ကာကွယ်နိုင်ခြင်း) နဲ့ ပိုး တွေကို သေစေနိုင်ခြင်း အစရှိတဲ့ အစွမ်းရှိပါတယ်။
👉 ရင်ပူခြင်း (Heart burn)
👉 အစာအိမ်အချဉ်ပြန်ခြင်း (Acid Reflux)
👉 အစာမကြေခြင်း (Indigestion)
👉 လေပွခြင်း (Bloating) အစရှိသည်တို့ကို သက်သာစေသလို
👉 အစာအိမ်အနာ (Peptic Ulcer) ကို ပါ အကျက်မြန်စေပါတယ်။
👉 အစာအိမ်ပိုး (H. pylori) ကိုလည်း သေစေနိုင်တဲ့ အစွမ်းရှိတယ်လို့ တွေ့ရတဲ့ သုတေသနတွေလည်း ရှိလာနေပါတယ်။
👉 ပါးစပ်ထဲက အနာတွေ (Mucositis) ကိုလည်း သက်သာစေပါတယ်။
👉 လည်ချောင်းနာ ၊ချောင်းဆိုး၊ အသံဝင် ခြင်းတွေအတွက်လည်း အကျိုးရှိပါတယ်။
👉အစာ အိမ်နာ၊ သရက်ရွက်၊ နှလုံး၊ အဆုတ် ဝေဒနာတို့ အတွက် အာနိသင်ထက် မြက်​ပါသည်။
👉 နွယ်ချိုဆီကို Cancer ကုထုံးများအတွက်အထောက်အကူပြုဆေးအနေဖြင့်လည်း အသုံးပြုကြပါသည်။
💝- နွယ်ချို နှင့် ပျားရည်ကို ရောစပ် သုံးဆောင်ခြင်းဖြင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကိုသက်သာစေပြီး အရေပြားကို တင်းရင်းစိုပြေစေပါသည်။
နွယ်ချိုဆီသောက် ခြင်းဖြင့် ဆီးရွှင် စေသည်။
💝-နွယ်ချိုဆီဟာ စိတ်ငြိမ်တာနဲ့ ပတ်သတ်ရင် အစွမ်းထပ်တဲ့ အရာပါ။
💝-နွယ်ချိုကို သင့်တင့်လျှောက်ပတ်တဲ့ ပမာဏကို ရေနွေးနဲ့ သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုအားကောင်းစေပြီး သွေးဖိအားကို ထိန်းပေးထားနိုင်ပါတယ်ရှင်။
💝-နွယ်ချိုတွင် အဆိပ်ဓာတ်မပါရှိ၍ အဆိပ်သင့် ရောက်မှု အလွန်နည်းပါး လှပါသည်။
💝-ခန္ဓာကိုယ်တွင်း ရေဓာတ် နည်းသူများအတွက် အထူးကောင်းမွန်သော သဘာ၀တရား ရဲ့ ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်ရှင့်။
💝-နွယ်ချိုဆီမှာ အစာအိမ်ထဲရှိ Acid ဓာတ်ကို ထိန်းညှိပေးခြင်းဖြင့် အစာအိမ် အချဥ်ဖောက် အစာအိမ်ပါးခြင်းကို ကာကွယ်ပေးပါတယ်။

Photos from MYAH online shop's post 16/02/2026

❣️အူထဲမှာ လေရှိတာက ပုံမှန်ပဲ ဖြစ်ပြီး ဒီလေတွေက အစားအစာတွေကို ဝါးမျိုတဲ့အခါ အတူပါလာပါတယ်။

❣️လေတွေ များလာရင်တော့ အပေါ်ကနေ လေတက်ပြီးပဲ ဖြစ်ဖြစ်၊ အောက်ကနေ လေလည်ပြီးပဲ ဖြစ်ဖြစ် အပြင်ကို စွန့်ထုတ်လိုက်ပါတယ်။

❣️အစာအိမ်ထဲမှာ လေပွတဲ့အခါ ဗိုက်ထဲမှာ ခပ်တင်းတင်း ခံစားရပါတယ်။

❣️တစ်ခါတလေ လေရော၊ စားထားတဲ့ အစားအသောက်တွေရော ပေါင်းပြီး ပြည့်အင့်တဲ့ ခံစားချက်မျိုး ခံစားရပါတယ်။

❣️တချို့တွေကျတော့ လေပမာဏက ပုံမှန်ပဲ ရှိနေတာတောင် လေပွသလိုမျိုး ခံစားရတတ်ပါတယ်။

❣️တစ်ခါတလေ လေက အောက်ကနေ လေလည်ပြီး ထွက်သွားတတ်ပါတယ်။

❣️ဒီလေက မျိုချမိတဲ့ လေအပြင် အူမကြီးမှာ အစာအိမ်က မခြေဖျက်ဘဲ ကျန်နေတဲ့ ကာဘိုဟိုက်ဒရိတ်တွေကို အူမကြီး ဘက်တီးရီးယားက ခြေဖျက်လိုက်တာကြောင့် ထွက်လာတဲ့ လေလည်း ပါပါတယ်။

❣️အူမကြီး ညာဘက် အပေါ်ပိုင်းမှာ လေစုနေရင်တော့ သည်းခြေအိတ်ရောင်သလိုမျိုး လေနာတဲ့ ဝေဒနာ ခံစားရပါတယ်။

❣️ဘယ်ဘက် အပေါ်ပိုင်းဆိုရင်တော့ လေနာတာက ရင်ဘတ်အထိ ပြန့်သွားတာကြောင့် နှလုံးရောဂါနဲ့ မှားတတ်ပါတယ်။

❣️ပုံမှန်စားတာသောက်တာကြောင့် ဝင်လာတဲ့ လေက ပမာဏ သိပ်မများလှပါဘူး။

❣️ဒါပေမယ့် ကိုယ်စားတဲ့အစားအစာ၊ စားတဲ့ပုံစံ၊ ရောဂါအခံတွေပေါ် မူတည်ပြီး လေပမာဏ များလာနိုင်ပါတယ်။

ပဲအမျိုးမျိုး

သစ်သီး

အသီးအရွက်

အစေ့အဆန်

ခြုံပြောရရင်တော့ အမျှင်ဓာတ်များတဲ့ အစားအစာတွေပေါ့။

ဒါပေမယ့် အမျှင်ဓာတ်က ဝမ်းမှန်စေပြီး သွေးတွင်းသကြားဓာတ်နဲ့ အဆီဓာတ်ကို ထိန်းချုပ်ပေးတဲ့အတွက် ရှောင်စရာ မလိုပါဘူး။

စားတဲ့ ပမာဏကိုပဲ ချင့်ချိန်ဖို့ လိုပါတယ်။

💝 မြတ်မဟာ 💝

💝အစာကြေလေနိုင်၊ လေပုပ်ထုတ်ဆေး💝

ဤ လျက်ဆားသည် ကလေးကြိုက်၊ လူကြီးကြိုက် အတော်ပင်စား၍ အဆင်ပြေသော လျက်ဆားဖြစ်သည်။

ချောင်းဆိုးတွင်မျှမက လေထိုး လေအောင့် သူများအဖို့ ရှောက်ရည်၊ သံပုရာနှင့် သောက်နိုင်ပါသည်။

သလိပ်ရွှင် လေကြေစေသည်။

ကလေး၊ လူကြီး၊ အစာမကြေ၊ ရင်ပြည့်၊ ရင်ကယ်၊ ဝမ်းမမှန်၊ ဝမ်းနာ၊ ဝမ်းပျက်ခြင်း၊ နို့အန်ခြင်း စသည်တို့ကိုပျောက်ကင်းစေသည်။

ဤဆေးမှာ ဘေးဥပဒ် မဖြစ်သည့်အတွက်အိမ်တိုင်း ဆောင်ထားသင့်ပါသည်။

စမုန်ငါးပါး
နံ့သာဖြူ
ကွမ်းစားဂမုန်း
လက်ချား
နွယ်ချို
ဇဝက်သာ
သိန္ဓော
ဇာတိပ္ဖိုလ်သီး
စရို
စမုန်နက်
ကြစု
ပိတ်ချင်းသီး
ကြက်သွန်ဖြူ တို့ကိုအချိုးကျ ပေါင်းစပ် ဖော်ထုတ်ထားပါသည်။

15/01/2026

❣️သွေးကြောပိတ်လေဖြတ်ခြင်းအကြောင်း။

သွေးကြောပိတ်လေဖြတ်ခြင်း ၂မျိုး ရှိပါတယ်။

၁။ သွေးခဲပိတ်၍ လေဖြတ်ခြင်း

သွေးခဲဟာ ဦးနှောက်ပြင်ပ အထူးသဖြင့် နှလုံးထဲမှာ ဖြစ်ပေါ်ပြီး သွေးစီးကြောင်းနဲ့အတူ ဦးနှောက်ထဲ ရောက်လာပါတယ်။

ဦးနှောက်ဟာ လူတယောက်ရဲ့ တနေ့တာစွမ်းအင်ရဲ့ ၂၀%ကို အသုံးပြုပါတယ်။

ဒါကြောင့် အလွန်သေးငယ်တဲ့ သွေးကြောကလေးတွေဟာ ဦးနှောက်ထဲမှာ ရှိပါတယ်။

သွေးခဲဟာ ဦးနှောက်ထဲရောက်သွားတဲ့အခါ သေးငယ်တဲ့ သွေးကြောလေးတွေကို ပိတ်သွားစေပြီး လေဖြတ်စေပါတယ်။

ဒီလေဖြတ်ခြင်းဟာ သွေးခဲ၍လေဖြတ်ခြင်းနောက်မှာ ဖြစ်တတ်ပါတယ်။

ဒီလေဖြတ်ခြင်းမျိုးဟာ ရုတ်တရက်ဖြစ်ခြင်းကြောင့် ကုသဖို့ အချိန်ရတာနည်းပါတယ်။

၂။ ဒီလေဖြတ်ခြင်းမျိုးမှာတော့

သွေးခဲဟာ ဦးနှောက်ထဲက သွေးကြောထဲမှာပဲ ဖြစ်ပေါ်ပါတယ်။

ကိုလက်စထရော မြင့်တဲ့အခါ၊ triglyceride ဓါတ်များတဲ့အခါ လေဖြတ်တတ်ပြီး ဇီဝဖြစ်ပျက်မှုချို့ယွင်းတဲ့အခါ ပေါ်လာတဲ့ လက္ခဏာတွေပါ တွေ့ရတတ်ပါတယ်။

ဦးနှောက်သွေးကြောအတွင်းမှာ အဆီဓါတ်တွေ တဖြည်းဖြည်းစုလာပြီး သွေးကြောကို ကျဉ်းလာစေပါတယ်။

နောက်ပိုင်းမှာ အနည်အနှစ်တွေ ုပုံလာရာကနေ အတားအဆီးဖြစ်သွားပြီး သွေးလည်ပတ်မှုကို ရပ်တန့်သွားစေနိုင်ပါတယ်။

သွေးကြောပိတ်၍ လေဖြတ်ခြင်းတွေမှာ အောက်ပါအကြောင်းတွေ ပါဝင်ပါတယ်။

အသက်အရွယ်ကြီးလာ၍ သွေးလွှတ်ကြောကျဉ်းလာခြင်း

ဆေးလိပ်၊ အရက်သောက်ခြင်း

သွေးတိုးခြင်း

အဝလွန်ခြင်း

ကိုလက်စထရောများခြင်း

triglyceride များခြင်း

နှလုံးခါခြင်း (နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ဘဲ သွေးခဲတွေကို ဖြစ်ပေါ်စေတတ်ပါတယ်)

သွေးကြောပိတ်၍ လေဖြတ်ခြင်းမှာ အောက်ပါလက္ခဏာတွေ ပေါ်ပေါက်နိုင်ပါတယ်။

စကားပြောမပီသခြင်း

နားလည်နိုင်ရန်ခက်ခဲခြင်း

ကိုယ်ခန္ဓာတဖက်ခြမ်း အထူးသဖြင့် လက်နှင့်ခြေထောက် အားနည်းခြင်း

အမြင်အာရုံပုံပျက်ခြင်း

ထိုးအန်ခြင်း

မတ်မတ်ရပ်နိုင်ရန် ခက်ခဲခြင်း

လမ်းလျှောက်ရန်ခက်ခဲခြင်း

သတိလစ်ခြင်း စတာတွေ ဖြစ်ပါတယ်။

အထက်ပါလက္ခဏာတွေ တွေ့ကြုံရရင် လေဖြတ်နိုင်ပါတယ်။

လေဖြတ်ခြင်းအများစုကို CT Scan၊ MRI စတာတွေနဲ့ ရောဂါရှာဖွေပါတယ်။

သွေးကြောပိတ်လို့ ဖြစ်တာဆိုရင် သွေးခဲပျော်ပြီး သွေးပြန်လည်စီးဆင်းမှုကို ဖြစ်ပေါ်စေတဲ့ ဆေးထိုးပေးပါတယ်။

နောက်ပိုင်းမှာ ကျဉ်းနေတဲ့သွေးကြောကို ဖွင့်ဖို့ ခွဲစိတ်ကုသမှု လုပ်ဆောင်သင့်ပါတယ်။

အခြေအနေပေါ် မူတည်ပြီး ဘယ်ကုသမှု အစီအစဉ်တွေဟာ အကျိုးအရှိဆုံး ဖြစ်မယ်ဆိုတာ အကြံပြုပါလိမ့်မယ်။

သွေးကြောပိတ်လေဖြတ်ခြင်းဟာ အသက်ကြီးလာရင် ဖြစ်နိုင်ခြေများပေမယ့် နေထိုင်မှုပုံစံ ပြောင်းလဲပြီး ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါတယ်။

သွေးတိုးရှိရင် ကိုလက်စထရောများရင် စောစီးစွာကုသသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားပုံမှန်လုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးသင့်ပါတယ်။

သွေးကြောနဲ့ပတ်သက်တဲ့ ပြသနာတခုခုရှိရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး သွေးခဲ၍ လေဖြတ်ခြင်းကနေ ကာကွယ်နိုင်အောင် လုပ်ဆောင်ရပါမယ်။

ကြက်သွန်ဖြူစားတယ် ရေနွေးသောက်တယ် ခြေသလုံးလေ့ကျင့်ခန်းလုပ်တယ် ဆိုရင်တော့...
သွေခဲပြီး မလိုလားအပ်တာတွေ မဖြစ် စေလိုပါ။

သွေကျဲဆေးလိုပဲသဘာဝမှာသွေကျဲအောင်လုပ်
ပေးနိုင်တာကတော့ကြက်သွန်ဖြူဖြစ်ပါတယ်။

ကြက်သွန်ဖြူဟာ သွေကျဲဆေးထက်အများ
ကြီးပိုကောင်းပါတယ်။ပြီးတော့ကမ္ဘာ့ကပ်ရောဂါ
တစ်ခုဖြစ်တဲ့ပုလိပ်ရောဂါကိုလည်းကြက်သွန်ဖြူ
နဲ့ပဲအနိုင်ယူခဲ့ကြတာဖြစ်တယ်။ထမင်းစားရင် ကြက်သွန်ဖြူသုံးလေးတက်လောက်စားပေးသင့်တယ်။

Photos from MYAH online shop's post 01/01/2026

Happy New Year. 2026. ♥️

22/12/2025

💝နေ့အချိန်တွင် ကြွက်သားများကို သန်မာစေရန် လေ့ကျင့်ခဲ့ပြီး အိပ်ချိန်ကောင်းကောင်းမရှိလျှင် ကြိုးစားထားသမျှ အရာမထင်ပါ။

💝အိပ်မောကျစဉ်တွင် ကြွက်သားများသည် အနားယူဖို့ အခွင့်အရေးရပြီး သွေးလည်းပိုမိုစီးဆင်းသည်။

💝ထို့နောက် ကြွက်သားကြီးထွားစေသည့် ဟော်မုန်းထုတ်လွှတ်ကာ ပြင်ဆင်ရေးနှင့် ကြီးထွားရေးကို လုပ်ဆောင်သည်။

💝သက်ကြီးပိုင်းတို့၏ ကြွက်သားဖွံ့ဖြိုးရေးအတွက် ကောင်းမွန်စွာ အိပ်စက်ခြင်းကလည်း လွန်စွာ အရေးပါသည်။

Photos from MYAH online shop's post 19/12/2025

💝နွယ်ချိုက ဘယ်လိုတွေဆေးဖက်ဝင်တာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

❣️နွယ်မြက်သစ်ပင်ဆေးဖက်ဝင် ဆိုတဲ့အတိုင်း သဘာဝပစ္စည်းတွေအားလုံးဟာ ဆေးဖက်ဝင်အာနိသင် အမျိုးမျိုးရှိကြပါတယ်။

ဒီအရွက်က ဘယ်ရောဂါကိုကာကွယ်ပေးတယ်၊
ဒီအသီးက ဘယ်ရောဂါကိုပျောက်စေတယ်၊ စသည်ဖြင့်ပေါ့။

ဥပမာ မြင်းခွာရွက်က မျက်စိအားကောင်းတယ်၊ ရုံးပတီသီးက အရွတ်အတွက်ကောင်းတယ် ဆိုတာမျိုး။

ဒီတစ်ခါတော့ အသီးအရွက်တွေမဟုတ်ဘဲ အမြစ်ကနေ ဆေးဖက်ဝင်တဲ့ နွယ်ချိုအကြောင်း လေ့လာရအောင်။

လျက်ဆား၊ နှလုံးအားတိုးဆေး၊ သွေးဆေး စတဲ့ မြန်မာတိုင်းရင်းဆေးတွေမှာ ပါတတ်တဲ့ ချိုချိုအေးအေးအရသာလေးကို သတိထားမိကြမှာပါ။
အဲဒါနွယ်ချိုပါဝင်လို့ပါ။

နွယ်ချိုရဲ့ ဆေးဖက်ဝင်အာနိသင်တွေက –

❣️(၁) ခံတွင်းအနာတွေ ပျောက်ကင်းစေတယ်

ခံတွင်းမှာဖြစ်တဲ့အနာတွေ၊ အဖုတွေကို ကုသရာမှာ ထိရောက်မှုရှိတယ်လို့ နွယ်ချိုကိုသုံးကြပါတယ်။ နွယ်ချိုဟာ နာကျင်မှုနဲ့ရောင်ရမ်းမှုကိုလျော့ကျစေတဲ့အာနိသင်ရှိတဲ့အပြင် အနာကျက်ခြင်းကို ကူညီအားပေးပြီး ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို နှိုးဆွပေးနိုင်တယ်လို့ ဆိုပါတယ်။

❣️(၂) အသည်းကိုကာကွယ်ပေးတယ်

နွယ်ချိုက အဆိပ်အတောက်တွေကိုဖယ်ရှားသန့်စင်ပေးပြီး အသည်းရဲ့ပုံမှန်လုပ်ဆောင်ချက်တွေကို ထိန်းပေးပါတယ်။ သူ့မှာပါတဲ့ flavonoid isoliquiritigenin က ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိတဲ့အတွက် အဆီနဲ့အစားအသောက်ကြောင့် အသည်းဆဲလ်တွေကို ထိခိုက်ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပါတယ်။

❣️(၃) အဆစ်နာသက်သာစေတယ်

နွယ်ချိုဆီက အရောင်ကျစေတဲ့အာနိသင်ရှိလို့ အဆစ်နာရောဂါကုသရာမှာ ထိရောက်မှုရှိပါတယ်။

❣️(၄) သွေးဆုံးကိုင်ခြင်းလက္ခဏာတွေကို သက်သာစေတယ်

နွယ်ချိုဆီက အက်စထရိုဂျင်နဲ့ ပရိုဂျက်စတာရုန်းဟော်မုန်းတွေကို ထိန်းညှိပေးတဲ့ isoflavones ကြွယ်ဝတာကြောင့် သွေးဆုံးကိုင်လက္ခဏာတွေကို သိသိသာသာ သက်သာလျော့ပါးစေပါတယ်။ phytoestrogens တွေပါဝင်ပြီး ကိုယ်တွင်းက ပရိုဂျက်စတာရုန်းပမာဏကို တိုးစေဖို့ကူညီပေးတဲ့အတွက် ရာသီလာနေချိန်ခံစားရတတ်တဲ့ ကိုက်ခဲမှုဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

❣️(၅) ကိုယ်ခံအားတိုးစေတယ်

ရောဂါပိုးတွေကိုသေစေတဲ့ interferon ပမာဏကိုတိုးစေပြီး glycyrrhizinic acid ပါဝင်မှုကြောင့် ခုခံအားဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို နှိုးဆွပေးပြီး ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်ပါတယ်။

❣️(၆) အသက်ရှူလမ်းကြောင်းရောဂါတွေကိုသက်သာစေတယ်

နွယ်ချိုက လည်ချောင်းနာ၊ ချောင်းဆိုး၊ အအေးမိခြင်း၊ လေပြွန်ရောင်ခြင်းနဲ့ အဆုတ်ရောဂါတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ လေပြွန်နဲ့အဆုတ်တွင်းက သလိပ်တွေကိုရှင်းလင်းပစ်နိုင်လို့ ချွဲပျော်ဆေးအဖြစ်လည်းအာနိသင်ရှိပါတယ်။

❣️(၇) အသားအရေကျန်းမာရေးကို အထောက်အကူပြုတယ်

နွယ်ချိုက အသားအရေအတွက်လည်း ဆေးစွမ်းတစ်လက်ဖြစ်ပြီး နှင်းခူ၊ သဲဝဲနဲ့ ဆိုရီရေးစစ် တို့လို အရေပြားပြဿနာတွေကို ကုသရာမှာ အကျိုးကျေးဇူးရှိပါတယ်။ အရေပြားမှာ ရောင်ရမ်းမှုနဲ့ယားယံမှုကို သက်သာစေပြီး အသားဖြူစေတဲ့အာနိသင်ရှိပါတယ်။ နေလောင်ခြင်းကြောင့်ဖြစ်တဲ့အရေပြားဓာတ်မတည့်မှုကိုကာကွယ်ပေးပြီး အသားအရေနီမြန်းမှုကို သက်သာစေပါတယ်။

❣️(၈) ဆံသားကျန်းမာစေတယ်

ဆံသားအဆီပြန်ခြင်းကိုသက်သာစေပြီး ဗောက်မထအောင်လည်း ကာကွယ်ပေးပါတယ်။ နွယ်ချိုက ဆံပင်သန်စေတဲ့အာနိသင်လည်းရှိပါတယ်။

❣️(၉) စိတ်ကျဝေဒနာကို သက်သာစေတယ်

နွယ်ချိုမှာ စိတ်ကျဝေဒနာကို သက်သာစေတဲ့ မဂ္ဂနီဆီယမ်၊ကယ်လ်စီယမ်၊ဘီတာကယ်ရိုတင်းလို မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေနဲ့ ဖလေဗာနွိုက်ဓာတ်တွေပါဝင်ပါတယ်။

❣️(၁၀) နှလုံးကျန်းမာစေတယ်

နွယ်ချိုရဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဆီးချိုဝေဒနာရှင်တွေမှာ နှလုံးနဲ့ဆိုင်တဲ့ရောဂါပြဿနာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ flavonoid glabridin ကြောင့် သွေးတွင်း အချိုဓာတ်မြင့်တက်မှုမှာနှလုံးသွေးကြောကိုကာကွယ်ပေးပြီး သွေးကြောတွေထဲမှာ အဆီချေးတွေဖြစ်ပေါ်မှုကိုကာကွယ်ပေးတဲ့အတွက် ဆီးချိုလူနာတွေမှာ သွေးလည်ပတ်မှုကောင်းစေပါတယ်။

❣️(၁၁) မှတ်ဉာဏ်ကောင်းစေတယ်

glabridin ရဲ့အာရုံကြောကာကွယ်နိုင်စွမ်းကြောင့် မှတ်ဉာဏ်ချို့ယွင်းမှုကိုကာကွယ်ပေးပြီး သင်ယူလေ့လာနိုင်စွမ်းနဲ့ဦးနှောက်လုပ်ဆောင်ချက်တွေကို ပိုကောင်းစေပါတယ်။ amorfrutins ပါဝင်မှုကြောင့် ဆီးချိုကာကွယ်နိုင်၊ ရောင်ရမ်းမှုလျော့ကျနိုင်တဲ့အတွက် သွေးတွင်းသကြားဓာတ်ကိုလျော့စေပါတယ်။

❣️(၁၂) ဆီးချိုကြောင့် ကျောက်ကပ်ပျက်စီးမှုကိုကုသနိုင်တယ်

သုတေသနတွေ့ရှိချက်တွေအရ အပူပေးထားတဲ့နွယ်ချိုက ဆီးချိုကြောင့်ဖြစ်တဲ့ကျောက်ကပ်ပျက်စီးမှုကို ကုသရာမှာ ထိရောက်မှုအာနိသင်ရှိတယ်လို့သိရပါတယ်။ နွယ်ချိုရဲ့အာနိသင်က ဆီးချိုဖြစ်တာကြာလာရင် ရှိလာနိုင်တဲ့ ကျောက်ကပ်ပျက်စီးမှုလက္ခဏာတွေကို ကြိုတင်ကာကွယ်နိုင်၊ ကုသနိုင်ဖို့ ကူညီပေးပါတယ်။

Crd:

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
BOTATAUNG