D-Nature Group

D-Nature Group

Share

Love Our Royal Culture,
Care Your Skin Brighter &
Protect with D-Nature.

Photos from D-Nature Group's post 25/07/2020

🐚 ကော်လာဂျင်နဲ့ Gluta အကြောင်း🐚

✨ ကော်လာဂျင် ဆိုတာ

ကော်လာဂျင်ဆိုတာကတော့ အသားဖြူဆေး မဟုတ်ပါဘူး။ မိမိခန္ဓာကိုယ်မှာ ပါဝင်ပြီးသားဖြစ်တဲ့ ပရိုတင်းတစ်မျိုးပါ။ အရိုးတွေမှာရှိတဲ့ တွယ်ဆက်တစ်ရှူးတွေမှာ အဓိက ပါဝင်ပါတယ်။ ဒါကြောင့် အရိုးစွပ်ပြုတ်တွေ ပုံမှန်သောက်ပေးရင်လည်း ကော်လာဂျင်ကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ကော်လာဂျင်ဟာ အသားအရည်၊ ဆံပင်၊ လက်သည်းခြေသည်း၊ သွားနှင့် အရိုးများကို ထောက်ပံ့မှု ပေးပါတယ်။ တွယ်ဆက်တစ်ရှူးမျှင်များ ဖြစ်တာကြောင့် ကော်လာဂျင် နည်းလာရင် အရေပြားတွေ လျော့တွဲလာပြီး ကြည်လင်မှု မရှိနိုင်တော့တာပါ။ ကော်လာဂျင်ဟာ ဆေးမဟုတ်ပါဘူး။ ဖြည့်စွက်စာ Supplement လို့ပဲ ခေါ်ကြပါတယ်။

✨ ကော်လာဂျင် ဘယ်အချိန်မှာ လျော့နည်းလာတတ်သလဲ။

အသက်အရွယ် အပိုင်းအခြား အလိုက် တစ်နှစ်ချင်းစီမှာ ခန္ဓာကိုယ်ရဲ့ ကော်လာဂျင် ထုတ်ပေးနိုင်မှုစွမ်းရည် ကျဆင်းလာပါတယ်။ ဒါကို ထပ်မံဖြည့်တင်းပေးဖို့ ကော်လာဂျင် ဖြည့်စွက်စာတွေ စားသုံးပေးရပါတယ်။ ကော်လာဂျင် ထုတ်ပေးနိုင်မှု ပေါများတဲ့ ငယ်ငယ်တုန်းက အသားအရည်နဲ့ လက်ရှိအသားအရည် မတူတော့တာကို သိသာထင်ရှားစွာ မြင်နိုင်ပါတယ်။ အထူးသဖြင့် အသက် (၂၅)နှစ်လောက်ကနေ စတင်ပြီး ကော်လာဂျင်ကို ဖြည့်စွက်သင့်ပါတယ်။

✨ စျေးကွက်မှာရှိတဲ့ ကော်လာဂျင်တွေကို သုံးကို သုံးရမှာလား။

မသုံးမဖြစ် သုံးဖို့တော့ မလိုပါဘူးရှင်။ ကော်လာဂျင် ကြွယ်ဝတဲ့ အစားအစာတွေကို မိမိဘာသာ ပုံမှန် ဖြည့်တင်းပေးရင် လိုအပ်တဲ့ ပမာဏကို ရရှိနိုင်ပါတယ်။ ကော်လာဂျင် ကြွယ်ဝတဲ့ အစားအစာတွေကတော့ အဆီပါဝင်သော ငါးအမျိုးမျိုး၊ အသားအမျိုးမျိုး၊ အရိုးပြုတ်ရည်၊ ဘယ်ရီသီးအမျိုးမျိုး၊ ကြက်သွန်ဖြူအစိမ်း၊ နို့ထွက်ပစ္စည်းများ ကနေ ရရှိပါတယ်။

စျေးကွက်မှာ ရှိတဲ့ ကော်လာဂျင်တွေကတော့ လိုအပ်တဲ့ မီလီဂရမ်ပမာဏအလိုက် အချိုးကျ ထည့်သွင်းထားတာဖြစ်လို့ အချိန်တိုအတွင်း ထိထိရောက်ရောက် ဖြည့်တင်းနိုင်မှာပဲ ဖြစ်ပါတယ်။

လုံလောက်တဲ့ ကော်လာဂျင်ကို နေ့စဉ် ရတဲ့အခါမှာ “ငယ်ဂုဏ်”လို့ ခေါ်တဲ့ အသားအရည် သိသိသာသာကြည်လင်ဝင်းပခြင်း၊ တင်းရင်းစိုပြည်ခြင်း၊ အရိုးနဲ့ သွားများ လက်သည်းများ သန်မာခြင်း၊ ဆံပင်အားအင် ဖြည့်တင်းပေးခြင်းနဲ့ အရေပြားလျော့တွဲမှု ပြသနာများ၊ အရေးအကြောင်းနဲ့ ဝက်ခြံပြသနာများကို လျော့ပါးစေပါတယ်။ တနည်းအားဖြင့်တော့ အိုမင်းရင့်ရော်ခြင်းကို အချိန်ကြာကြာ နောက်ဆုတ်ထားနိုင်တာပါ။

✨ ဘယ်သူတွေက ကော်လာဂျင် ဖြည့်စွက်စာတွေ မစားသင့်သလဲ။

ကော်လာဂျင်ဖြည့်စွက်စာတွေကို ကျောက်ကပ်ရောဂါ၊ အစာအိမ်ရောဂါ၊ ဆီးချိုရောဂါ ရှိသူတွေ လုံးဝ မစားသင့်ပါဘူး။ သဘာဝက ရတဲ့ ကော်လာဂျင်ကိုပဲ ရယူသင့်ပါတယ်။ အသက်(၁၄)နှစ်အောက် ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်သည်တွေလည်း မသုံးစွဲသင့်ပါ။ အဲ့ဒီအစား Vitamin C နဲ့ Vitamin E ကို မှီဝဲသင့်ပါတယ်။

✨ ကော်လာဂျင်ကို နေ့စဉ် သောက်ရမှာလား။

တစ်ချို့ကတော့ ခြောက်လတစ်ကြိမ် သို့မဟုတ် သုံးလတစ်ကြိမ် နားကြပါတယ်။ စစချင်းမှာ နေ့စဉ် မှီဝဲပြီး ကိုယ်လိုချင်တဲ့ အတိုင်းအတာတစ်ခု ရောက်လာရင် ပုံမှန်လေး သောက်သုံးပေးသွားလို့ ရပါတယ်။

တစ်ချို့ဆို တံဆိပ် အမျိုးမျိုး တွဲသောက်ကြတယ်။ စိတ်ချရတဲ့ အရည်အသွေးမှီရင်တော့ ကော်လာဂျင် ဖြည့်စွက်စာတွေချည်း ဖြစ်တာမို့ ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး။ နေ့စဉ် လိုအပ်တဲ့ မီလီဂရမ် မကျော်သွားဖို့ပဲ ဂရုစိုက်ရပါမယ်။

✨ Gluta က ဘာလဲ။

Gluta ကလည်း ခန္ဓာကိုယ်မှာပါတဲ့ ဓာတ်တိုးဆန့်ကျင် Anti oxidant တစ်မျိုးပါ။ အသည်းကနေ ထုတ်ပေးပါတယ်။ ဆေးပညာအရ Glutathione (ဂလူတာ သိုင်အုမ်း)လို့ ဆိုပါတယ်။

သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ အဆိပ်အတောက်တွေကို ဖြေလျှော့စေပြီး မယ်လနင် ထုတ်လုပ်မှု ဖြစ်စဉ်ကို ကို လျော့ကျစေပါတယ်။ လူကြိုက်အများဆုံး အချက်ကတော့ အသားဖြူဖို့ လှုံ့ဆော်ပေးလို့ပါပဲ။ ကင်ဆာ၊ နှလုံးရောဂါနဲ့ ခုခံအားကျဆင်းတဲ့ ရောဂါတွေကို ကုသပေးရင်းနဲ့ အသားဖြူစေတဲ့ အကျိုးသက်ရောက်မှု ရှိကြောင်းကို တွေ့ရှိလာကြရတာ ဖြစ်ပါတယ်။

✨ Gluta ကို သဘာဝ အစားအစာတွေကနေ ရနိုင်သလား။

ရနိုင်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ထောပတ်သီးကဲ့သို့ အသီးများ၊ အသားတစ်ချို့မှ ရနိုင်ပါတယ်။ လေ့ကျင့်ခန်း သေသေချာချာ လုပ်ပေးလျှင်လည်း ဂလူတာသိုင်အုမ်းကို လှုံ့ဆော်ပေးပါတယ်။

✨ Gluta ကို စွဲသောက်သင့်သလား။

Gluta ဖြည့်စွက်လိုက်ရင် ချက်ချင်းကြီး ဖြူဖွေးသွားမှာထက် တဖြည်းဖြည်း အချိန်ယူ ပြုပြင်ရတာမျိုးပါ။ လူတွေက တဖြည်းဖြည်းဆိုတာထက် ချက်ချင်းသိသာတာကို ကြိုက်ပါတယ်။ ဘယ်လိုပဲပြောပြော နေ့ရက်တွေကတော့ တစ်နေ့ချင်း ကုန်ဆုံးနေတဲ့အတွက် တဖြည်းဖြည်း ဆိုတဲ့ အရာတွေသည် ပုံမှန်ဆောင်ရွက်နေရင်း လိုချင်တဲ့ အရာကို ရလာတာမျိုးပါ။

အရေပြားအလွှာတွေ အဆင့်ဆင့် ရှိတဲ့အတွက် တစ်လွှာချင်း ပြူပြင်ယူရပါတယ်။ ပုံမှန်အားဖြင့် (၂)လလောက်ဆို သိသာပါတယ်။ Gluta ကိုတော့ (၆)လထက်ပိုပြီး စွဲမသောက်သင့်ပါဘူး။ ရေများများ သောက်ပေးဖို့ အထူးသတိထားရပါမယ်။ Vitamin C၊ Grape Seed ဖြည့်စွက်စာတွေနဲ့ သောက်ပေးဖို့ လိုအပ်ပါတယ်။

✨ ကော်လာဂျင်နဲ့ အသားဖြူဆေးတွေက Side Effect တွေ ရှိသလား။

ဘယ်အရာမဆို တန်ဆေး လွန်ဘေးပါရှင်။ လူတစ်ချို့ရဲ့အမှားကတော့ Effect မြန်မြန်ရချင်တဲ့အတွက် လိုအပ်တဲ့ ပမာဏထက် ကျော်လွန်ပြီး သုံးစွဲမိတာတွေ ရှိတတ်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့လျှင် ကော်လာဂျင် 2,000 mg ကနေ 10,000 mg အထိ လက်ခံနိုင်ပါတယ်။ ဒီထက် ကျော်လွန် သုံးစွဲမယ် ဆိုရင်တော့ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ Vitamin C, Grape, Cherry စတဲ့ Supplement တွေနဲ့ တွဲသောက်တာ အကောင်းဆုံးပါ။ ရေများများနဲ့ သောက်ရပါမယ်။

နောက်တစ်ခုက ပစ္စည်းအတုတွေ သုံးစွဲမိရင်လည်း ကံကောင်းရင်တော့ ပိုက်ဆံကုန်သွားပေမယ့် ဘာမှ မထူးခြားလာတာမျိုးပဲ ဖြစ်တတ်ပြီး ကံမကောင်းရင်တော့ နောက်ဆက်တွဲပြသနာတွေဖြစ်တဲ့ ကျောက်ကပ်ထိခြင်း၊ အစာအိမ်နှင့် နှလုံးထိခြင်းတို့အထိ ဖြစ်သွားနိုင်တာမို့ မိမိဖြည့်စွက်မယ့် ကော်လာဂျင်ကို သေချာ ရွေးချယ်သင့်ပါတယ်။

✨ ကော်လာဂျင် ဖြည့်စွက်တာနဲ့ မဖြည့်စွက်တာ ကွာခြားမှု ရှိပါသလား။

သိသိသာသာ ကွာခြားမှု ရှိပါတယ်။ ဖြည့်စွက်စာတွေ မဝယ်သောက်ချင်ရင် မိမိဘာသာ နေ့စဉ် အစားအစာတွေမှာ ထည့်သွင်းစားပါ။ ကော်လာဂျင် အတော်များများက စျေးပမာဏ တစ်ခုအထိ ရှိပါတယ်။ မိမိရဲ့ အလှအပနဲ့ နုပျိုမှုကတော့ တန်ဖိုးမဖြတ်နိုင်တဲ့အတွက် အမျိုးသမီး တော်တော်များများကတော့ ကော်လာဂျင်ကို မှီဝဲလာကြပါပြီ။

ကော်လာဂျင်ဖြည့်စွက်ဖို့ဟာ စား၊ ဝတ်၊ နေ ရေးလောက် အရေးမကြီးပေမယ့် အရေပြားဆိုင်ရာ အလှအပနဲ့ ကျန်းမာရေးအတွက်တော့ အလွန် အရေးကြီးတဲ့ နေရာမှာ ပါဝင်ပါတယ်။

အသိဉာဏ်နဲ့ယှဉ်ပြီး လှပနုပျိုနိုင်ကြပါစေရှင်။

07/07/2020

ခါးသေးရင်ချီစေမယ့်ရှောက်ရွက်အစွမ်း
**************************************
အ၀လွန်သူများ၊ ဗိုက်ခေါက်ထူ လာသော အမျိုးသမီးများအတွက် ပထမဦးစွာရှောက်ရွက်ကြမ်းများကို ရှာထားပါ။

ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြား သုံးဇွန်း
(ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများတစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ ရေကျက်အေးများပုလင်းထဲသို့အပြည့်ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက်လှန်းပေးပါ။

ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက်တစ်ကြိမ်၊ညတစ်ကြိမ်အဆိုပါရှောက်ရွက်ဆေးရည်ပုလင်းကိုလှုပ်ပြီးလက်ဖက်
ရည်အကြမ်းပန်းကန် တစ်၀က်ခန့်ကို မှန်မှန် သောက်သုံးသွား ပေးပါ။

တစ်လနှစ်လရှိသောအခါအမျိုးသမီးများခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ
ကျသွား၍ အသားအရေ စစ်သွားပါမည်။

အဆီကျဓာတ်စာဆေးများစားခြင်း ထက် စိတ်ချရသော ရိုးရာဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်းအဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်းတို့မှလည်း သက်သာပျောက်ကင်း စေပါသည်။

လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက်နှစ်ရွက်၊သုံးရွက်ကိုရှာပြီးစားဖြစ်အောင် စားထားရန် အမှာရှိသည်။

ထိုသို့စားပေးခြင်းဖြင့် လေရောဂါများမ၀င်ရောက်နိုင်၊လေထိုး၊လေအောင့်လေငန်း
ရောဂါများ မ၀င်ရောက်နိုင်ပါ။

လေငန်းရောဂါရှင်များ ရှောက်ရွက်၊ ငရုတ်
ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် ဟင်းခါးချက်ကာ နေ့စဉ် သောက်သုံး ပေးခြင်းဖြင့် လေငန်းရောဂါမှ သက်သာ ပျောက်ကင်းစေသည်။

Credit to original uploader.

Photos from D-Nature Group's post 03/07/2020

🍁ဆားဝက်ခြံတွေကိုဘယ်လိုပျောက်အောင်လုပ်သင့်လဲ🍁
🍁part 1

🍁ကိုယ်ကိုယ်တိုင်လည်းဆားဝက်ခြံတွေအများကြီးထွက်ခဲ့ပါတယ်
ပုံထဲကလိုအပြုံလိုက်ထွက်ခဲ့တာပါ ဘယ်လိုဖြေရှင်းရမယ်လဲမသိခဲ့ပါဘူး
ဆားဝက်ခြံတွေများလာရင်းဝက်ခြံတွေပါအများကြီးထွက်လာခဲ့ပါတယ်
😔skincare တွေလည်းစနစ်တကျမရွေးနိုင်ခဲ့ဘူး အခုတော့ကျန်းမာတဲ့ skin လေးဖြစ်သွားပြီမို့ Daily skincare လေးတွေကို ပြန်လည်မျှဝေ ချင်ပါတယ်ရှင့်

🍁ကိုယ်က ဆားဝက်ခြံတွေထွက်တက်တဲ့သူဆိုရင် ဖြစ်နိုင်ချေအများဆုံးက cleansing သေချာမလုပ်လို့ပါ

🍁Double cleansing လုပ်ပါလို့ပြောကြပေမဲ့ဘယ်လိုလုပ်ရမှန်း မသိခဲ့ပါဘူး

🍁အရင်ဦးဆုံး miceller water တို့ make up remover tissues နဲ့အရင်ဖြတ်ပါတယ် ဒုတိယအနေနဲ့ ချွေးပေါက်တွေထဲကအညစ်ကြေးတွေကို ဖျော်ကျစေနိုင်တဲ့cleansing cream, balm. လိုမျိုးလေးထပ်သုံးပါတယ် နောက်ဆုံးအနေနဲ့ မျက်နှာသစ်ဆေးသုံးပါတယ်

🍁ဝက်ခြံတွေရောဆားဝက်ခြံတွေရောပြုံထွက်နေခဲ့တာပါ ဒါပေမဲ့ ဆားဝက်ခြံတွေကြောင့်ဖြစ်တာလို့စဉ်းစားမိတဲ့အတွက် ဆားဝက်ခြံတွေအတွက်ကောင်းတဲ့မျက်နှာသစ်ဆေးကိုသုံးပါတယ်

🍁Innisfree volcanic pore cleansing form သုံးပါတယ် တစ်ဗူးကုန်သွားတဲ့အခါအရမ်းသက်သာလာပေမဲ့ မျက်နှာက အသားရောင်တွေမညီလို့ ဝက်ခြံတွေဆားဝက်ခြံတွေလည်း မထိခိုက်စေတဲ့ vagitock bubble cleanser လေးသုံးပါတယ်မျက်နှာကဆားဝက်ခြံတွေလည်းသက်သာပြီးအသားရောင်တွေလည် ညီလာပါတယ်အခုဆို ဗူးတစ်ဝက်ကုန်သွားပါပြီ

🍁Laneige fresh calming toner လေးသုံးပါတယ်
သူကအရမ်းပျော့ပေမဲ့ တစ်ခြားပိုကောင်းပြီးဈေးသင့်တဲ့ toner မတွေ့သေးလို့ပါ skincare အရမ်းရွေးတဲ့ထဲကိုယ်ပါလို့ပါ
အခုတော့ Elizavecca AHA BHA fruit toner လေးအကြိုက်တွေ့နေပါတယ်

🍁Elizavecca Hell pore Hylauronic acid 97%serum
ချွေးပေါက်တွေကျဉ်းပြီးမျက်နှာကစိုပြီးကြည်လာတာပါ အရမ်းကိုသိသာပါတယ် အသားရောင်တွေလည်းညီလာပါတယ် လုံးဝကိုမျက်နှာလေးကအိနေတာ collagen ထုပ်မှုကိုလှုံ့ဆော်ပေးလို့
Smile line လေးတွေတောင်ပျောက်လာတယ်

🍁Elizavecca aqua Hylauronic acid moisturizer
Oily skin တွေအတွက်အရမ်းကိုကောင်းတဲ့ moisturizer လေးပါ
မျက်နှာပေါ်တင်လိုက်လို့အေးသွားတဲ့ feeling လေးကတကယ်ကိုမလဲနိုင်ပါဘူး အဆီပြန်တာပါသက်သာလာပါတယ်

Photos from D-Nature Group's post 05/06/2020

ကိုယ်သုံးနေတဲ့ skin care တွေက အသားအရေအတွက် တကယ်ရော အကျိုးသက်ရောက်မှုရှိရဲ့လား....🙄

(Skin care ဝယ်တော့မယ်ဆို Ingredients လေးဖတ်ပြီးဝယ်မှ ကိုယ့်အသားအရေနဲ့ ကိုက်ညီ မညီ သိရမှာပေါ့ နော့)

အခု ကိုက
အသားအရေစိုပြေ တောက်ပဖို့အတွက်
မရှိမဖြစ်လိုအပ်တဲ့ Ingredients တွေထဲကမှ
လူသုံးများတဲ့ (၅)မျိုးအကြောင်း ပြောပြပေးသွားမယ်နော်

No.1
Vitamin C
- အသားအရေအတွက် မရှိမဖြစ်လိုအပ်တဲ့
rich antioxidant တစ်ခုဖြစ်တယ်
- ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ collagenတွေ
ထုတ်ပေးတယ်
- အရေပြားဆဲလ်အသစ်တွေ ဖြစ်ပေါ်စေတဲ့အတွက်
အသားအရေကို ကြည်လင်‌တောက်ပစေတယ်

No.2
Fatty Acid
- အသားအရေကို အစိုဓာတ် ထိန်းပေးတယ်
- ချောမွတ် လတ်ဆတ်စေတယ်
- အရေးအကြောင်းတွေကို လျော့နည်းစေတဲ့အတွက်
အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးတယ်

No.3
Glycolic acid, Lactic acid & Citric acid
- နေလောင်ထားတဲ့အသားအရေတွေဆိုရင်
ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီးတော့
ဆဲလ်အသစ်‌တွေကို ပြန်လည်မွေးဖွားပေးတယ်
- အသားမညီမညာဖြစ်ခြင်းကို သက်သာစေပြီး
အစက်အပေါက်တွေကိုလည်း လျော့နည်းစေတယ်

No.4
Antioxidant
- အိုမင်းရင့်ရော်မှုကို သိသိသာသာ လျော့ကျစေတယ်

No.5
Retinol
- အမာရွတ်တွေကို သက်သာစေတယ်
- ဆဲလ်အသစ်တွေကို ဖြစ်ပေါ်စေတဲ့အတွက်
အသားအရေကို လင်းလက်စေတယ်

တစ်စုံတစ်ခု အကျိုးရှိခဲ့မယ်လို့လည်း ယုံကြည်ပါတယ်
အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့်☺️

Photos from D-Nature Group's post 31/05/2020

မျက်နှာလေးကို သဘာဝအတိုင်းပဲ
#ပြောင်ပြောင်တင်းတင်းလေးဖြစ်စေဖို့😳🤯

ဒီနေ့ Super Sunday ဆိုတော့
အခုပြောမယ့်အကြောင်းလေးကို ခုဖတ်ပြီးတာနဲ့
ခုတောင်ထလုပ်လို့ရတယ်နော်🤓

အလုပ်လည်း မရှုပ် ငွေလည်း မကုန်
ကိုလည်း လုပ်နေကျ အရမ်းအသုံးဝင်တဲ့နည်းလေး..

အသဲတို့ မနက်မိုးလင်းရင်
၁ -မျက်နှာ အဆီပြန်တတ်လား....okတယ်

နေလောင်ထားတော့
၂ -အသားအရေနီမြန်း ရောင်ရမ်းနေလား...ok တယ်

၃ -အနီစက်တွေရှိရင် သက်သာစေတယ်

၄ -မျက်နှာပြင်က ချွေးပေါက်တွေလည်း ကျဉ်းစေတယ်

၅ -မျက်လုံးတဝိုက် ၊ နှုတ်ခမ်းတဝိုက်မှာရှိတတ်တဲ့
အရေးအကြောင်းတွေ‌ကို သက်သာစေတယ်

၆ -အဓိကအချက်ကတော့....မျက်နှာအသားအရေကို
တင်းတင်းရင်းရင်းလေး ဖြစ်စေတာပဲ

ဒါတွေအားလုံးအတွက် ရဖို့အတွက်ဆို
နံပါတ်၁- #ရေခဲကပ်ပေးပါ

နံပါတ်၂- #ရေခဲကပ်ပေးပါ

နံပါတ်၃လည်း - #ရေခဲကပ်ပေးပါ😁

ဟုတ်ကဲ့
အထွေအထူး ဘာမှကိုမလိုပါဘူး
မျက်နှာလေးကို ရေခဲ‌လေး နဲ့ ၁မိနစ် ၂မိနစ်ကပ်ပေးရုံပါပဲ
ကိုကတော့ နေ့တိုင်းလုပ်ဖြစ်တယ်..(လှချင်တာကိုး😁)

Photos from D-Nature Group's post 29/05/2020

.....Baby skin နဲ့ 👼 Angelလေးတွေရှိလား

#နှုတ်ခမ်းလေးတွေ၊လက်ဖျား၊ခြေဖျားလေးတွေ
ပန်းသွေးရောင်သန်းပြီး စိုစိုရဲရဲ‌လေး ဖြစ်နေအောင်
ဘယ်လိုထိန်းသိမ်းလို့ရမလဲဆိုတာလေး.....ပြောပြချင်လို့

ကဲ.......ကြည့်လိုက်ရအောင်

ပန်းသွေးရောင်သန်းပြီး Baby skin လိုလေးဖြစ်အောင် ထိန်းသိမ်းလို့ရတဲ့ နည်းလမ်းတွေ အများကြီး......ရှိတယ်
အဲ့ထဲမှာမှ အလွယ်ဆုံး‌၊ ငွေကုန်ကြေးကျအသက်သာဆုံးနဲ့ တကယ်အကျိုးသက်ရောက်စေမယ့် နည်းလမ်း‌လေးကိုပဲ ပြောပြပေးသွားမယ်နော်

ုပ်ပါ

Scrubဆိုလို့ ပိုက်ဆံကုန်တော့မှာပဲလို့ မတွေးလိုက်နဲ့
သကြားအနည်းငယ်နဲ့ ပျားရည်အနည်းငယ်
Mix လုပ်လိုက်ရုံနဲ့ကို ရ‌နေပါပြီ
(သကြားနဲ့‌ပျားရည်ရဲ့ အံ့မခန်းကောင်းကျိုးတွေကိုတော့ နောက်မှ အကျယ်တပွင့်ရှင်းပြပေးသွားပါ့မယ်ရှင့်)

သကြားနဲ့ပျားရည်ရောထားတဲ့အနှစ်လေးကို
အသုံးပြုမယ့်နေရာ
(နှုတ်ခမ်း or ခြေဖျား or လက်ဖျားလေး)တွေပေါ် တင်၊
စက်ဝိုင်းပုံစံ ပွတ်တိုက်ပေး၊ မိနစ်အနည်းလောက်ထားပြီး
ရေနွေးနွေးလေး‌နဲ့ဆေးချလိုက်ရင် ok ပါပီ..😀
ပြီးရင်

ကိုယ်သုံးနေကျ Moisturizerလေး လိမ်းထားပေးရုံပါပဲ
Vaseline (or) Olive oil ကိုလည်း လိမ်းပေးလို့ရပါတယ်

လူရဲ့ ခန္ဓာကိုယ်ဟာ ရေဓာတ် ၆၅%ဖြင့် ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် အစိုဓာတ်ပြည့်ဝနေဖို့ လိုပါတယ်

အရေးကြီးတဲ့ အချက်တွေကတော့

#နံပါတ်၁
အသားအရေကောင်းချင်ရင် #ရေသောက်ဖို့မမေ့ပါနဲ့။
#နံပါတ်၂
အနည်းဆုံး တစ်ပတ်တစ်ခါ ုပ်ပေးပါ။
#နံပါတ်၃
အသားအရေကို #နေရောင်နဲ့တိုက်ရိုက်မထိတွေ့ပါစေနဲ့။

ကဲ.........မလှတဲ့မိန်းကလေးရယ်လို့ မရှိဘူးနော်
လွယ်လွယ်လေးနဲ့ လှလို့ရတယ်ဆိုတာကို မသိ‌သေးတဲ့မိန်းကလေးပဲ ရှိတယ်

ပြန်တွေ့ကြမယ်..... Angelလေးတွေ
love u...😚😘

23/05/2020

#သဘာဝဆန်ဆန် ဘယ်လိုလှကြမလဲ...🤗

#လွယ်လွယ်လေးနဲ့လှလှလေး ဖြစ်သွားစေမယ့်
နည်းလမ်းလေးတွေ ပြောပြပေးသွားမယ်နော်..☺️

Photos from D-Nature Group's post 23/05/2020

#ဆန်ဆေးရည်ကအဲ့လောက်တောင်တန်ဖိုးရှိတာလား😳 #

"အကျိုးများလှတဲ့ ဆန်ဆေးရည်''

*ဆန်ဆေးရေကိစ္စ အခုတလောခေတ်စားနေတယ်။ ဂျာနယ်တခုမှာ ပါတဲ့ သတင်းတပုဒ်ကြောင့် ဖြစ်ပါတယ်။ တရက်ကပဲ တနင်္ဂနွေကျန်းမာရေးအမေးအဖြေ အစီအစဉ်တခုမှာ ဆန်ဆေးရေနဲ့ပက်သတ်ပြီး မေးထားတာရ်ှလို့ ရေးဖို့ဖြစ်လာတယ်။ ဆန်ဆေးရေဆိုတာ ရှေးယခင်နှစ်ပေါင်းများစွာထဲက အဘိုးအဘွားတွေ သုံးစွဲခဲ့တာ ကြားဖူးကြမယ်။ အာယုဗေဒဆေးကျမ်း၊တရုတ်ဆေးကျမ်းတွေမှာလည်း ဆန်ဆေးရေရဲ့ အာနိသင်တွေရေးထားတာရှိပါတယ်။ အသားအရေလှတာ၊ ဝက်ခြံပျောက်ကင်းတာ၊ ဆံသားကို နက်မှောင်သန်စွမ်းစေတာ စသည်ဖြင့် အမျိုးမျိုးပေါ့။ တကယ်လည်း ဟုတ်ပါတယ်။

*ဆံသားနဲ့ပက်သတ်ပြောရရင် Huangluo ရွာ တရုတ်မျိုးနွယ်စု တစုဖြစ်တဲ့ Yao လူမျိုးစုတွေကို ချန်ထားလို့မရပါ။ အဆိုပါ မျိုးနွယိစုဝင်တွေရဲ့ ပျမ်းမျှဆံပင်အရှည်ဟာ ၆ပေ နီးပါးရှိလို့ ဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ်မှာတောင် ထည့်သွင်းဖော်ပြခံရပါတယ်။ ထူးခြားချက်က အသက် ၈၀ကျော်တဲ့ထိ ဆံပင်ဖြူတာမျိုး မရှိပါဘူး။အဲလိုဆံသားတွေ နက်မှောင်သန်စွမ်းခြင်းရဲ့ နောက်ကွယ်အကြောင်းရာကို လေ့လာကြည့်တော့ ဆန်ဆေးရေကြောင့် ဖြစ်ပါသတဲ့။ ခေါင်းလျှော်တဲ့အခါ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရေနဲ့လျှော်တဲ့အတွက် ဆံသားတွေ သန်စွမ်းနေရတာဖြစ်တယ်လို့ ဆိုကြပါတယ်။

*ဆန်ဆေးရေမှာ ပါဝင်တာတွေ လေ့လာကြည့်တဲ့အခါ အာဟာရဓာတ်စုံတယ်။ vitamin C, vitamin A, vitamin E စတဲ့ သဘာဝအင်တီအောက်စီးဒင့်တွေပါသလို vitamin B1, B3, B5, B6 နဲ့folic acid စတာတွေ ပါလို့ အာဟာရဓာတ်စုံတယ်။ ဆန်ဆေးရေမှာပါတဲ့ phenolic နဲ့ flavonoid ဓာတ်တွေက အရေပြားအတွက်ကောင်းမွန်တယ်။ နောက်ပြီး အရေးကြီးတဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ magnesium, selenium, iron, phosphorous, manganese စတာ တွေကြွယ်ဝစွာ ပါဝင်ပြန်တယ်။

လေ့လာမှုတွေအရ ဆန်ဆေးရေမှာပါတဲ့ inositol ဓာတ်က ဆံသားကို ပြန်လည်နက်မှောင်သန်စွမ်းစေတယ်။ inositolက ခေါင်းလျှော်ပြီးနောက်ပိုင်း ဆံသားထဲထိ ဝင်ရောက်ပြုပြင်နိုင်တယ်။ နောက်ပြီး ဆန်ဆေးရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်က ဆံပင်အရင်းထိ အားဖြည့်ပေးတယ်။ ဆံသားကို ထူထပ်စေတယ်။

*ဆန်ဆေးရေကို အာယုဗေဒဆေးနည်းအရ အရေပြား ရောင်ရမ်းနာတွေမှာ အသုံးပြုတယ်။ အစိုဓာတ်ထိန်းပေးတယ်။ အနာကျက်စေတယ်။ သွေးလည်ပတ်မှုအားကောင်းလို့ အမဲစက်တွေကို လျှော့ပါးသက်သာစေတယ်။ အရေပြားခြောက်သွေ့ရဟယားယံတဲ့အခါ သုံးနိုင်တယ်။ နှင်းခူနာနဲ့ ဝက်ခြံတွေမှာလည်း သုံးတယ်။ တချို့က နေလောင်တဲ့အခါ ဆန်ဆေးရေကို ခပ်ပါးပါးလိမ်းပေးခိုင်းတယ်။ မျက်နှာမှာလိမ်းရင် အရေးအကြောင်းကင်းစင်ပြီး အသားတင်းစေတယ်။ အသားဖြူစေတယ်။ အဝတ်တွေမှာလည်း ဒီတိုင်းပဲ။ ဆန်ဆေးရေနဲ့လျှော် မီးပူတိုက်ထားရင် တွန့်ခေါက်တာ သိပ်မရှိတော့ဘူး။

ဆန်ဆေးရည်ကို အချဉ်ဖောက်နိုင်ရင် ပိုကောင်းသေးတယ်။ အချဉ်ဖောက်တယ်ဆိုတာ အခန်းအပူချိန်မှာ နညိးနည်းချဉ်လာသည်ထိ ခပ်ကြာကြာထားလိုက်တာကို ဆိုလိုတာ။ အဲလိုထားလိုက်ခြင်းအားဖြင့် vitamin B, vitamin E, allantonin, ferullic acids, pitera ဓာတ်တွေပိုထွက်လာတယ်။ ဒီနောက်ပိုင်း အသားအရေတင်းရင်းတဲ့ ဆေးတွေမှာ piteraဓာတ်ကို အဓိကထားလာကြတယ်။ အာနိသင်က ဆဲလ်တွေကို ပြန်လည်နုပျိုစေတာ သိထားလို့ပါ။

*ဆန်ဆေးရေနဲ့ ပက်သတ်ပြီး အမျိုးမျိုးသုံးတယ်။ တချို့က မျက်နှာသစ်ကြတယ်။ ရေချိုးကြတယ်။ ခေါင်းလျှော်ကြတယ်။ ဆန်ဆေးရေက အသားအရည်ကို ကြည်လင်ဝင်းပစေတာ အမှန်ပဲ။ အသားလည်း ဖြူစေတယ်။ အရေးအကြောင်းကင်းစင်စေတာမို့ ငယ်ရုပ်ဆင်တယ်ဆိုရင် မမှားပါ။

ဝက်ခြံအဆီထွက်များသူတွေမှာ သုံးရင် မွှေးညှင်းပေါက်ကို ကျဉ်းမြောင်းစေတာမို့ ဝက်ခြံတွေ ပျောက်ကင်းနိုင်တယ်။ ဆန်ဆေးရည်ကို တချို့က ခေါင်းလျှော်ကြတယ်။ ခေါင်းလျှော်တဲ့အခါ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရည်က အကောင်းဆုံးဖြစ်တယ်။ ကစော်ဖောက်ခြင်းက အချဉ်ဓာတ်ကဲစေတယ်။ pH level ကျဆင်းလာတာမို့ ဆံပင်ရဲ့ ပုံမှန် pHနဲ့ သွားတူတယ်။ ဆန်ဆေးရည်မှာပါတဲ့ အမိုင်နိုအက်ဆစ်က ဆံပင်အရင်းထိ အားဖြည့်ပေးလို့ ဆံပင်ထူစေပြီး ဆံသားတွေကို နက်မှောင်သန်စွမ်းစေတယ်။

ဆန်ဆေးရည်ပြုလုပ်ပုံ
*****************

(၁)ဆန်ကြမ်းကို ခွက်တဝက်စာယူပြီး ဇလုံတခုထဲထည့်ပါ။

(၂)ပြီးရင် ရေတစ်ခွက်ယူပြီး လောင်းထည့်ပါ။တစ်မိနစ်ထားပြီး မကောငိးတဲ့အညစ်အကြေးတွေပါတဲ့ အဆိုပါ ဆန်ဆေးရည် တွေကို သွန်ပစ်လိုက်ပါ။

(၃)အဆိုပါ ဆန်ထဲကို ဒုတိယအကြိမ် ရေနှစ်ခွက်စာလောင်းထည့်ပါ။(ဆန်နဲ့ရေ အချိုးအဆ ၁:၄ ဖြစ်သင့်တယ်)

(၄)အဆိုပါ ဆန်ဆေးရည်ကို အနည်ထိုင်အောင် ထားပါ။ ၁၀မိနစ်ခန့်ကြာရင် အောက်ခြေမမြင်ရအောင် နောက်လာလိမ့်မယ်။

(၅)ပြီးရင် ရေစစ်နဲ့စစ်ပြီး သန့်စင်တဲ့ ဆန်ဆေးရေကို စစ်ထုတ်ယူပါ။ ရလာတဲ့ဆန်ဆေးရည်ကို စတင်သုံးစွဲနိုင်ပြီဖြစိပါတယ်။

*ကစော်ဖောက်ချင်သေးတယ်ဆိုရင် အဆိုပါဆန်ဆေးရည်ကို အခန်းအပူချိန်မှာ ၂၄-၄၈နာရီ ထားရမှာ ဖြစ်ပါတယ်။ အပူချိန်မြင့်လေလေ ကစော်ဖောက်တဲ့အချိန် မြန်လေလေဖြစ်တယ်။ ပြီးရင် ကစော်ဖောက်ထားတဲ့ ဆန်ဆေးရည်ကို နည်းနည်း အပူပေးလိုက်ပါ။သုံးမိနစ်ခန့်အပူပေးပြီး အအေးခံလိုက်ရင် အသင့်သုံးစွဲနိုင်တဲ့ ဆန်ဆေးရည်ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစော်ဖောက်ထားတဲ့ဆန်ဆေးရည်တွေက နည်းနည်းပြင်းတယ်။ အနံ့နံတယ်။ ဒါကြောင့် မသုံးခင် ရေတခွက်စာနဲ့ ရောပြီးမှ သုံးသင့်တယ်။

#မှတ်ချက်- ဆန်ဆေးရည်နေရာမှာ ထမင်းရည်ကိုလည်း အစားထိုးသုံးနိုင်တယ်။ ပွက်ခါစ ထမင်းရည်(သို့) ပွက်ပြီးသား ထမင်းရည် ကြိုက်နှစ်သက်ရာအသုံးပြုနိုင်တယ်။ သတိပြုရမှာက ထမင်းရည်ကို ရေနဲ့အရင်ရောပြီးမှ သုံးပါ။ ရေခဲသေတ္တာထဲမှာ ထားရင် တပတ်ထိ အထားခံတယ်။

သုံးစွဲပုံ
~~~~~

သန့်စင်တဲ့ ပိတ်ပါးစတခုကို ဆန်ဆေးရည်ထဲစိမ်ပါ။ အဆိုပါအဝတ်နဲ့ မျက်နှာကို အသာဖိသုတ်ပါ။အရေပြားထဲစိမ့်ဝင်သည်ထိ နှိပ်နယ်ပြီး ခြောက်သွေ့အောင်ထားပါ။ ၃-၅မိနစ်လောက် ထားသင့်တယ်။ မျက်နှာမှာ တင်းရင်းတဲ့ ခံစားမှုမျိုးရတဲ့အခါ မျက်နှာစသစ်လို့ ရပါပြီ။ ခေါင်းလျှော်တဲ့နေရာမှာသုံးရင် ဆံသားကို နက်မှောင်သန်စွမ်းစေပြီး ဆံပင်ကျွတ်ခြင်းမှ ကာကွယ်တယ်လို့ဆိုတယ်။ ကစော်ဖောက်ထားတဲ့ ဆန်ဆေးရေက ဆံသားအတွက် အကောင်းဆုံးဖြစ်တယ်။

#ဆန်ဆေးရေကို
~~~~~~~~~~~

>>>မျက်နှာမှာ သုံးတဲ့အခါ မနက်(သို့)ညနေ နေ့စဉ်သုံးသင့်တယ်။

>>>ဆံသားအတွက် တပတ် ၁-၂ကြိမ် ခေါင်းလျှော်ပေးနိုင်တယ်။ တခါလျှော်ရင် ၅မိနစ်ခန့်ထားပါ။

*body scrub အနေနဲ့လည်း သုံးလို့ရတယ်။အရင်ဆုံး ဆန်လုံးကို အမှုန့်ဖြစ်အောင် ကြိတ်ပါ။ ပြီးရင် ရှောက်ရည် ထမင်းစားဇွန်း နှစ်ဇွန်းနဲ့ သံလွင်ဆီ နှစ်ဇွန်းကို ကြိတ်ထားတဲ့ ဆန်မှုန့်နဲ့ရောပြီး အရေပြားမှာ လိမ်းပါ။ ဒီနည်းအတိုင်း တပတ်တခါ(သို့)နှစ်ပတ် တခါ လုပ်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အမဲစက်ကင်းစင်ပြီး နူးညံ့စိုပြေတဲ့ အသားရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

#သောက်တဲ့ကိစ္စ
~~~~~~~~~~

*အမေးများတဲ့ မေးခွန်းနောက်တခုက ဝိတ်ကျတယ်ဆိုတဲ့ ကိစ္စပါ။ ဝိတ်ကျဖို့ သောက်လို့ရတယ်ဆိုတာမျိုးကြားရပါတယ်။ အဲဒီအကြောင်းကလည်း ဂျာနယ်တခုမှာ ဆရာဝန်တယောက်က ဖြေထားတာကြောင့်ဖြစ်ပါတယ်။ တကယ်တော့ ဆရာဝန်ပြောတဲ့ အမေးအဖြေကို သေချာဖတ်ကြည့်ရင် သိသိသာသာဝိတ်ကျတယ်လို့ ပြောမထားပါ။ သူတကယ်ဝိတ်ကျခဲ့တာ အားကစားပြင်းပြင်းထန်ထန်လုပ်လို့ ဖြစ်ပါတယ်။

အစားအသောက်ထိန်းတာနဲ့ အားကစားကသာ အဓိကကျတယ်။ ဆန်ဆေးရေနဲ့မဆိုင်ပါ။ ဆန်ဆေးရေက တွန့်သွားတဲ့ အသားအရေကို ပြန်လည်တင်းရင်းစေပြီး နောက်ပိုင်း တက်လာမယ့် ဝိတ်ကို ထိန်းသွားနိုင်တယ်။ တက်လိုက်ကျလိုက် မဖြစ်တော့ဘူး၊ အဲဒါကို သူက အဓိက ပြောချင်တာပါ။ ဒါပေမယ့် မီဒီယာတွေက ခေါင်းစဉ်တပ်တော့ ဝိတ်ကျတယ်ဆိုပြီး ဖြစ်သွားတယ်။

*ဆန်ဆေးရေနဲ့ပက်သတ်ပြီး အသားရေအတွက်ကလွဲရင် ဝိတ်ကျဖို့သုံးတယိဆိုတာမျိုးမဖတ်ရပါ။

ဒါပေမယ့် ထမင်းရည် မနက်စောစောသောက်ရင် ဝိတ်ကျနိုင်တယ် ဆိုတာမျိုး တွေ့ရတယ်။ ထမင်းရည်တစ်ပန်းကန်က ကယ်လိုရီ(၁၀၀)လောက်သာပါဝင်လို့ကောင်းတယ်။ ရင်ပြည့်စေတယ်။ ဝမ်းမှန်စေတယ်။ ပုံမှန်စားသုံးမှုရဲ့ သုံးပုံတပုံသာရှိလို့ ဝိတ်ကျနိုင်တယ်။ ဒီလောက်ပဲ ဖတ်ရတယ်။ ဆန်ဆေးရေက ဝိတ်ကျတယ်လို့ မဖတ်ရပါ။

*နောက်တချက်က ဆန်ဆေးရေ သောက်တဲ့အခါ အများစိုးရိမ်သလို ပိုးသတ်ဆေး၊ဓာတုကင်းစင်မှုကိုလည်း သတိပြုသင့်တယ်။ ဒီဖက်ခေတ်ဆန်တွေကို ယုံရင် အမှားကြီး မှားလိမ့်မယ်။ ဆန်ကို တကြိမ်ဆေးကြောရုံနဲ့ ရောဂါပိုးမွှား၊ ဓာတုဆေးပစ္စည်းတွေ ကင်းစင်မယ် မဟုတ်သေးပါ။ ဒါကိုတော့ ဂရုစိုက်စေချင်တယ်။ ဆန်ဆေးရေကို ခန္ဓာကိုယ် ပြင်ပ အသားအရေအတွက် သုံးစွဲလို့ရတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဝိတ်ကျဖို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် သောက်သုံးမယ်ဆိုရင် အထူးဂရုစိုက်သင့်တယ်။

ေါက်တာအေးမင်းထူး

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Moe Hein Street
Yangon

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 23:00