HtetHtet -Boom Lady

HtetHtet -Boom Lady

Share

Boom products (Wholesale & Retail)

03/10/2021

ကြောက်တတ်သူများနှင့်
ဖြူတဲ့သူများမကြည့်ရ❌❌❌

Photos from HtetHtet -Boom Lady's post 02/10/2021

မကြာခင်ရောက်လာတော့မယ့်
မြန်မာတို့ရဲ့အခါသမယဖြစ်တဲ့
သီတင်းကျွတ်လပြည့်နေ့လေးဟာ
အရင်‌ချိန်တွေဆိုရပ်ဝေးမှာရှိကြတဲ့
မြန်မာလူမျိုးများနေရပ်ကိုပြန်၍
လူကြီးမိဘဘိုးဘွားများကိုပြန်လည်ကန်တော့ကာ
ပင်ပန်းထားသမျှမွေးရပ်‌မြေမှာ
မိသားစုများနဲ့သီတင်းကျွတ်လပြည့်နေကိုပျော်ရွှင်စွာကုန်ဆုံးလေ့ရှိကြပါတယ်။🌻

အခုလိုအခြေနေမျိုးမှာအဝေးမှာရှိကြတဲ့သူများ
မွေးရပ်မြေကိုလွမ်းဆွတ်တမ်းတမိနေကြမှာပါ။
အဝေးမှာရှိနေတဲ့သူတွေအတွက်ရောအနီးမှာရှိနေတဲ့သူတွေအတွက်ပါသီတင်းကျွတ်လပြည့်နေ့လေးကို
ပြန်လည်လွမ်းဆွတ်အမှတ်ရနေအောင်
ခါတော်မှီမီးပုံးဝမ်းဆက်လေးကို
ချစ်သူခင်သူလူကြီးမိဘတွေကိုလက်ဆောင်လေး
ပေးပို့လို့ရပါတယ်နော်။🌻

ဈေးနှုန်းက 15000ကျပ်တည်းပါ🌻

အသားကပိုးယုံပေါ်မှာချည်ထိုးပေးမှာပါ။🌻

လိုချင်တဲ့ဒီဇိုင်းကိုထိုးပေးမှာပါ။

ကြာချိန်က လူကြီးမင်းတို့လက်ထဲကို
တစ်ပတ်အတွင်းအရောက်ပို့ပေးပါတယ်နော်။🌻

အမြန်မှာမှအခါမှီလေးပေးလို့ရမယ်နော်🌻

☎️09968092499 Hello လိုက်ပါ🌻

#သီးတင်းကျွတ်
#မီးပုံးဝမ်းဆက်

19/09/2021

ဝက်ခြံဖုတွေအတွက်ဒါလေးတွေလုပ်ပေးပါ‌နော်။

19/09/2021

🍀လူတိုင်းနဲ့အလှအပ၊တရာများအကြောင်း-2 🍀

🌻(၁)လှတော့လှချင်တယ်ဒါပေမယ့်ငွေကုန်ကြေးကျအများကြီးမခံချင်ဘူးဆိုတဲ့
သူများအတွက်သဘာဝကပေးတဲ့နည်းတွေနဲ့လှအောင်လုပ်ရတယ်နော်ချစ်တို့ရေ🍀🍀🍀

💕ဘာတွေလည်းဆိုတော့
💕မျက်နှာကိုလှချင်တာလား💆
💕အသားအရေကိုလှချင်တာလား🍀
💕ဆံသားကိုလှချင်တာလား🍀
💕ခြေသည်းလက်သည်းကိုလှချင်တာလား💅⁉️
💕အကုန်လှအောင်လုပ်လို့ရတယ်နော်💕
🍀မျက်နှာကိုလှချင်ရင်တော့💆💆💆💆💆

🌻မျက်နှာမှာဖစ်တတ်တဲ့ဆားဝက်ခြံတွေ၊ဝက်ခြံဖုတွေ၊ချွေးပေါက်ကျယ်တာတွေ၊အဆီပြန်တာတွေကို
ဖယ်ရှားပေးရင်သဘာဝအတိုင်း Glow face လေးဖစ်ပီပေါ့🍀🍀🍀

🌻အဲ့ဒီအတွက်မပူပါနဲ့လိုက်လုပ်ရမှာကအရမ်းကိုရိုးရှင်းပါတယ်နော်🍀🍀🍀

🌻ဆောင်ရှောင်ရန်လေးတွေကိုသေချာလိုက်လုပ်ရင်ရပါပီ။🍀🍀🍀

💕မျက်နှာပေါ်ကဝက်ခြံဖုတွေအတွက်အပူအစပ်လျော့စား‌ေပးပါ၊ရေများများသောက်ပါ၊စိတ်ဖိစီးမှုတွေလျော့ချပါ၊အိပ်ရေးဝဝအိပ်ပေးပါ💕

💕မျက်နှာအဆီပြန်ခြင်းအတွက်က၊မျက်နှာသစ်တဲ့ခါအရမ်းကိုအရေးကြီးပါတယ်၊မျက်နှာကိုပီးပီးရောမြန်မြန်ဆန်ဆန်မသစ်ရပါဘူး၊💕

💕မျက်နှာမှာကပ်နေတဲ့ဖုန်မှုန့်တွေနဲ့ချွေးတွေရောပြီးချွေးပေါက်ပိတ်သွားရင်ရေဓာတ်ခမ်းခြောက်ပီးအဆီပြန်ခြင်းကိုဖစ်‌ေစတဲ့အတွက်မျက်နှာသစ်တဲ့အခါသေချာဂရုတစိုက်ပြောင်စင်တဲ့အထိသစ်ပေးရပါမယ်နော်💕

🍀🍀လောလောဆယ်ဒီနှစ်ချက်အတွက်🍀🍀
နေလောင်ရာ၊ဝက်ခြံဖုနှင့်၊ချွေးပေါက်ကြယ်နေသူများလုပ်ရမှာက 👇

🍀ကြက်ဥအကာရယ်၊
🍀သံပုရာသီးရယ်၊
🍀သကြားရယ်၊
🍀ရှားစောင်းလက်ပတ်ရယ်
ဒါတွေကိုသမအောင်ရောပီးဂွမ်းလေးနဲ့ပွတ်ပေးပါ၊နာရီဝက်လောက်ကြာရင်ရေနွေးလေးနဲ့ဆေးကြောပေးပီးပုံမှန်လုပ်ပေးပါကသိသိသာသာပျောက်ကင်းပီးကိုယ်ပိုင်အလှတရားကိုပေါ်လွင်သွားစေမှာဖစ်ပါတယ်နော်🍀🍀🍀
ကျန်တဲ့အချက်များကိုတော့နောက်နေ့ဆက်ပြောပြပေးသွားပါမယ်ဖစ်ပါတယ်။
🙏အားလုံးကိုကျေးဇူးတင်ပါတယ်🙏

19/09/2021

Online Shopလုပ်နေတဲ့သူတွေအတွက်
လက်နဲ့ရေးတဲ့Appလေး
မေးထားတဲ့သူများအတွက်တင်ပေးလိုက်ပါပြီနော်။
အားလုံးပဲအဆင်ပြေကြပါစေရှင့်🙏

19/09/2021

💕လူတိုင်းနဲ့ အလှအပ၊တရားများအကြောင်း-1 💕

🌻လူတိုင်းလူတိုင်းဟာအလှအပ၊တရားကိုမက်မောကြတယ်ခုံမင်ကြပါတယ်🍀

🌻အလှအပ၊တရားအတွက်ငွေကုန်ကြေးကျခံပီးကိုယ့်ကိုယ်ကို၊ပြုပြင်ပြောင်းလဲနေကြတဲ့ခေတ်ကြီးမှာ

🌻သင်ရောအလှအပ၊တရားကိုစိတ်မဝင်စားဘူးလား⁉️

🌻မရူးသွပ်ဖူးဘူးလား၊မခုံခင်ဖူးဘူးလား⁉️‌
ဖြေကြည့်ကြနော်🍀🍀🍀

🌻ကျွန်မကမိန်းကလေးတစ်ယောက်ဖစ်တယ်ဆိုတော့အလှအပတရားကိုပိုလို့တောင်ခုံမင်တက်မက်တာပေါ့👌👌👌

🌻အဲ့ထဲမှာမှအမျိုးအစား(၂)မျိုးထပ်ရှိပြန်တယ်👇

🌻(၁) လှတော့လှချင်တယ်၊ငွေကုန်ကြေးကျတော့မ ခံချင်တဲ့သူနှင့်🙅🙅🙅

🌻(၂) လှနေရရင်ပြီးရော၊ဘယ်လောက်ကုန်ကုန်
အကုန်ကျခံပြီးလှချင်နေတဲ့သူပဲဖစ်တယ်💆💰💰

🌻ဒီနှစ်ချက်မှာသင်‌ေရာဘယ်အချက်ထဲမှာပါနေလည်း⁉️⁉️⁉️
ဖြေကြည့်ကြနော်🍀🍀🍀

🌻ဒါကြောင့်လှလို့‌‌ေတာ့ရတယ်၊ဒါပေမယ့်ကိုယ့်ရဲ့အလှပတရားကကိုယ့်သုံးနေတဲ့ Cosmetic 💄တွေ
ကြောင့်ပဲအမြဲတမ်းဖစ်မနေသင့်ဘူးနော်❌❌❌

🌻ဘာကြောင့်လည်းဆိုတာကိုညကျရင်
ထပ်ပြောပြပေးမယ်🍀🍀🍀🍀🍀🍀🍀🍀🍀🍀

02/09/2021

Morning 🌻
Be Happy 😇

30/08/2021

ဖြူစင်ခြင်းအစစ်အမှန်

30/08/2021

#ကော်ဖီခွက်ကိုင်ထားတုန်း
လူတစ်ယောက် အနားရောက်လာပြီး

လက်မောင်းကို တိုက်မိလိုက်လို့
ကော်ဖီတွေအောက်ကို ဖိတ်ကျသွားတဲ့အခါ

ဘာကြောင့် ကော်ဖီတွေဖိတ်သွား
တာလဲလို့ မေးရင် ဘယ်လိုဖြေမလဲ။

တစ်ယောက်ယောက် ဝင်တိုက်သွားလို့ပဲ ဖြေမှာမဟုတ်လား။

အဲဒီ
အဖြေက မှားပါတယ်။

အမှန်တော့
ကော်ဖီတွေ ဖိတ်ရတာဟာ
ခွက်ထဲမှာ ကော်ဖီတွေရှိနေလို့ပါ။

တကယ်လို့ ခွက်ထဲမှာ လက်ဖက်ရည်တွေသာ
ရှိခဲ့ရင် လက်ဖက်ရည်တွေ ဖိတ်ကျမှာ ဖြစ်တယ်။

ခွက်ထဲမှာဘာပဲရှိရှိ တိုက်မိတာနဲ့
အပြင်ကိုထွက်ကျလာမှာ ဖြစ်တယ်။

ဒီလိုပါပဲ ။

လူ့ဘဝ မှာလည်း တိုက်မိခိုက်မိတာတွေ
ရှိတဲ့အခါ ကိုယ့်အထဲမှာရှိတာတွေ
ထွက်ကျ လာပါလိမ့်မယ်။

မတိုက်မိခင် မခိုက်မိခင်မှာတော့ ဟန်ဆောင်ဖို့လွယ်ပါလိမ့်မယ်။

တကယ်လည်း တိုက်မိခိုက်မိလာရော

ကိုယ့်စိတ်ထဲမှာရှိတာတွေက အပြင်ကို ခုန်ထွက်လာကြတယ်။

ဒါကြောင့် ကိုယ့်ကိုကိုယ် ပြန်မေးဖို့ လိုပါလိမ့်မယ်။

ကိုယ့်ခွက်ထဲမှာ ဘာတွေ ရှိသလဲ လို့။

ဝမ်းသာပျော်ရွှင်မှုတွေ ရှိလား။

ကျေးဇူးတရားတွေ ရှိလား။

ငြိမ်းချမ်းမှု ရှိလား ။

နှိမ့်ချအောက်ကျို့ မှု ရှိလား။

ဒါမှမဟုတ် ဒေါသတွေ ရှိနေတာလား။

ခါးသီးနာကျင်မှုတွေလား။

ကြမ်းတမ်းခက်ထန်မှုတွေလား။

ဘဝ တစ်လျှောက် တွေ့ကြဆုံကြလို့ မတော်တဆ
တိုက်မိ ခိုက်မိတာတွေ ဖြစ်လာတဲ့အခါ

ထွက်ကျလာမှာ က ကိုယ့်ခွက်ထဲမှာရှိတာတွေပဲ ဖြစ်မှာပါ။

ဒါကြောင့် ဒီခွက်ထဲကို ကျေးဇူးတရားတွေ ခွင့်လွှတ်မှုတွေ
ပျော်ရွှင်မှုတွေ ချစ်ခြင်းမေတ္တာ နဲ့ ကြင်နာသိမ်မွေ့မှုတွေ
ဖြည့်ထားရမှာ က ကိုယ့်ရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။


A LinnYaung မှ ပြန်လည်ဝေမျှပါသည်။

22/08/2021

ချွေးနံ့ဆိုးများအကြောင်း part-1

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


U Chit Maung
Yangon