Khing Hnin Phyu
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khing Hnin Phyu, Health/Beauty, Yangon.
20/09/2023
*ရိုးသားပါ။
သို့သော်
မတုံးအပါနှင့်။
*စာနာပါ။
သိူ့သော်
အားမနာပါနှင့်။
*နားလည်ပေးပါ။
သို့သော်
အလှည့်စားမခံပါနှင့်။
*ခွင့်လွှတ်ပါ။
သိူ့သော်
မေ့မပစ်ပါနှင့်။
*ဖြူစင်ပါ။
သို့သော်
အလိမ်ညာမခံပါနှင့်။
*တည်ငြိမ်ပါ။
သို့သော်
မအေးစက်ပါနှင့်။
*ပြတ်သားပါ။
သို့သော်
တစ်ကိုယ်ကောင်း မဆန်ပါနှင့်။
*ယဉ်ကျေးပါ။
သို့သော်
မနိမ့်ကျပါစေနှင့်။
*အိပ်မက်မက်ပါ။
သို့သော်
စိတ်ကူးမယဉ်ပါနှင့်။
*အတူနေပါ။
သို့သော်
အရမ်းမရောပါနှင့်။
#လူငယ်များအတွက့်စာကြည့်တိုက့် #ခွန်အားဖြစ်စေသောစာများ #ပြန်လည်မျှဝေပါသည် #စာပေ #ဗဟုသုတ
20/09/2023
အားမလျော့ပါနဲ့..
ကြမ်းတမ်းတဲ့ နေ့ရက်တွေက သင့်ကို ပိုသန်မာစေပါတယ်
လောကကြီးဆိုတာ
မိခင်တစ်ယောက်လို မဟုတ်ပါဘူး ။
အကောင်းတွေချည်းပဲ မမျှော်လင့်ထားပါနဲ့ ။
အရှုံးကို မလိုချင်ရင် .
မခံချင်စိတ်နဲ့ ကြိုးစားပါ ။
ကိုယ့်ကို အလဲထိုးတဲ့ လူတွေသာ
ကိုယ့်ကို ပိုတော်ဖို့အတွက် လှုံဆော်မှု
အကောင်းအဆုံး ပေးနိုင်တာပါ ။
သင် နာကျင်ရတဲ့အခါ
လက်ခံလိုက်ပါ ။
ဘဝက သင့်ကိုတစ်ခုခု
သင်ပေးဖို့ ကြိုးစားနေတာပါ ။
ဆုံးရှုံးမှုတိုင်းမှာ ရလဒ်ဆိုတာရှိပါတယ် ။
အနည်းဆုံးတော့ သင်ခန်းစာပေါ့ ။
ရည်မှန်းချက် ရှိဖို့လိုပါတယ်
ဒါပေမယ့် မျှော်လင့်နေရုံနဲ့တော့
ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး ။
အလုပ်နဲ့
အကောင်ထည်ဖော်ဖို့ လိုပါတယ် ။
စာအုပ်စာပေတွေ ဖတ်ပြီး
အသိဉာဏ်တွေ တိုးလာပေမယ့်
လက်တွေ့ အသုံးမချရင်တော့
သင်ဟာ စိတ်ကူးယှဉ်သမားတစ်ယောက်ပါပဲ ။
ငါးကြီးကြီးလိုချင်ရင် ပင်လယ်ထဲသွားပါ ။
အဲ့ဒီမြာ မုန်းတိုင်းတော့လည်း ရှိတယ် ။
ဘဝကို ကြက်တူရွေးလို မဖြစ်စေနဲ့။
သိန်းငှက်လိုနေထိုင်ပါ ။
ကြက်တူရွေးက စကားသာများတာ
မြင့်မြင့်မပျံနိုင်ဘူး ။
သိန်းငှက်ကတော့ နှုတ်ဆိတ်ပေမယ့်
မိုးထိတက်နိုင်တဲ့ စွမ်းအားရှိတယ် ။
လူ့သက်တမ်းကိုပဲ
အကန့်အသတ်ရှိတာပါ ။
သင် ကြိုးစားနိုင်မှု စွမ်းရည်ဆိုတာ
အကန့်အသတ် မရှိပါဘူး ။
ကြိုးစားတဲ့ သူတိုင်း
မအောင်မြင်ကြပါဘူး ။
ဒါပေမယ့်
အားမလျော့လိုက်ပါနဲ့ ။
အောင်မြင်သူတိုင်း
ကြိုးစားခဲ့ကြပါတယ် ။
လမ်းမရှိဘူးလို့
ညည်းမနေပါနဲ့ ။
ကိုယ်လျှောက်မယ့် လမ်းကို
ကိုယ်တိုင်ပဲ ဖောက်ကြရမှာပါ ။
20/09/2023
မောနင်း ☀️☀️☀️
🍀 မင်္ဂလာရှိသော နံနက်ခင်းလေးဖြစ်ပါစေ 🍀
🍀ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ကြပါစေ 🍀
🍀အလုပ်အကိုင် တွေလဲအဆင်ပြေကြပါစေ🍀
🍀ဘေးအန္တရာယ်ဟူသမျှ ကင်းရှင်းကြပါစေ🍀
19/09/2023
ကျွန်မခွင့်မလွှတ်နိုင်လို့
စွန့်လွှတ်လိုက်တာပါ။
ကျွန်မမှာလည်ပြန်လှည့်ကြည့်ရလောက်အောင်ဘာတစ်ခုမှ
မက်မောစရာမရှိတော့ဘူး။
ကျွန်မစားမယ့်အစာက
ဆီတစ်ဝင်းဝင်းဖြစ်မနေတော့
ကျွန်မမနှမြောမိတော့ဘူး။
သဲတစ်လျှပ်လျှပ်နဲ့တော့ကျွန်မကအောင့်အီးပြီးမြိုချရမှာ
မသတီဘူး။
ကျွန်မကလူတစ်မျိုး
ကိုယ်တန်ဖိုးထားတဲ့အရာဆိုရင်
စုတ်ပြတ်နေပါစေလွင့်မပစ်ရက်ဘူးကိုယ့်အတွက်တန်ဖိုးထားလောက်စရာမရှိတော့ဘူးဆိုရင်
အသစ်ဖြစ်နေလဲပစ်လိုက်ဖို့ဝန်မလေးဘူး။
ကျွန်မကခေါင်းမာတဲ့မိန်းမပါ
ကျွန်မကိုပြိုလဲအောင်ဘယ်ချောင်ကပဲတိုက်ခိုက်တိုက်ခိုက်
နာသွားရင်တောင်မှအဲ့ဒီဒဏ်ရာကိုအားအဖြစ်ပြန်အသုံးပြုတတ်တာ။
ကျွန်မဘဝမှာနာကျင်လေ
အားအင်တွေပြည့်လေမို့
ကျွန်မကိုအချိုသတ်ပြီး
လာပတ်သက်သူတွေလောက်ကတော့စာမဖွဲ့ချင်တော့ဘူး
နာကျင်မှုတွေနဲ့နေသားကျနေတဲ့ကျွန်မချိုသာမှုတွေကိုမသာယာတတ်တော့တာမဆန်းပါဘူးနော်။
#သျှင်လွန်း
19/09/2023
Good Night
19/09/2023
မငယ်တော့တဲ့အခါ
တစ်ခုခုဆို ပုံကြီးချဲ့ ခံစားဖို့ထက်
မြန်မြန်မေ့ပစ်ဖို့ပဲ ကြိုးစားမိလာတယ် ။
အဝတ်အစား အပြင်အဆင်
အနေအထိုင်ပဲဖြစ်ဖြစ်
လူအထင်ကြီးခံရဖို့ထက်
ကိုယ့်အတွက် သက်တောင့်သက်သာရှိဖို့ပဲ
ပိုရွေးချယ်ဖြစ်လာတယ် ။
ပွဲလမ်းသဘင်တွေ သိပ်မသွားဖြစ်တော့ဘူး။
ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်နေရာလေးမှာပဲ
အေးအေးဆေးဆေး ပိုနေချင်လာတယ် ။
လိုချင်တာတစ်ခုလောက်ရပြီးရင်
ဒုက္ခတွေ တစ်လှေကြီးလာတတ်သေးကြောင်း
ပိုသိလာတယ် ။
သိပ်ချစ်ပါတယ် ပြောပြီး
အနေတန်းသွားတဲ့ ဆက်ဆံရေးတွေကိုလည်း
ပို မြင်တတ်လာတယ် ။
လူချင်းသာ အမျိုးတော်ပြီး
ပိုက်ဆံချင်း သူစိမ်းလိုနေတဲ့ ဆွေမျိုးတွေ ၊
ရှေ့မှာသာ ကောင်းပြပြီး
နောက်ကွယ်ကျ ဒုက္ခ ပေးတတ်တဲ့
သူငယ်ချင်း တစ်ချို့ တစ်လေတွေကိုလည်း
ခွဲခြား နားလည်လာတယ် ။
ကိုယ့်ရှေ့ အကြွားအဝါတွေ တွေ့ရင်
လူမှုရေးအဖြစ်တောင်
စကားထောက် မပေးချင်တော့သလို
ကိုယ်ကိုယ်တိုင် မကြွားမဝါမိအောင်လည်း
အရင်တုန်းကထက် ပိုသတိထားဖြစ်လာတယ် ။
ဟန်ဆောင်ပန်ဆောင် မလှူချင်တော့ဘူး ။
မနိုင်ဝန်တွေဆိုလည်း မထမ်းချင်တော့ဘူး ။
ရှင်းရှင်းပြောရရင်
မငယ်တော့တဲ့အခါ
ဘယ်သူ့အတွက် နဲ့ မှ
ကိုယ့်ဘဝကို မပူလောင်ချင်တော့ဘူး
19/09/2023
ချုပ်ပုံလှလှလေးတေ
19/09/2023
အရမ်းလှလို့ချုပ်ဝတ်လို့ရအောင်တင်ပေးလိုက်တယ်နော်
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon