U Ba Chit

U Ba Chit

Share

Thanks အကောင်းဆုံးဝန်ဆောင်မှု့ပေးသွားမည်

21/02/2026

Celebrating my 4th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

10/08/2025

This is where-?

22/06/2024

Yes(or)No-?

09/06/2024

မဖြစ်နိုင်လို့ လမ်းခွဲရတာပဲ ဖြစ်ဖြစ်
မချစ်နိုင်လို့ လမ်းခွဲရတာပဲ ဖြစ်ဖြစ်
ရေစက်ကုန်လို့ ဝေးကြရတဲ့အခါ
ဘယ်သူ့အပေါ်မှ အပြစ်မမြင်ပါဘူး
ကိုယ်လဲ တစ်ချိန်က သူ့ကြောင့်
ပျော်ရွှင်ခဲ့ဘူးတယ်
သူလဲ တစ်ချိန်က ကိုယ့်ကြောင့်
ပျော်ရွှင်ခဲ့ဘူးမှာပါ...

အဆင်ပြေနေချိန်တုန်းလေးမှာ
ကိုယ်ဟာ သူ့အတွက်
အဖိုးမဖြတ်နိုင်တဲ့ ရတနာ
သူဟာ ကိုယ့်အတွက်
အကောင်းဆုံး အဖော်မွန်လေး...

ကံကြမ္မာ မျက်နှာသာ မပေးလို
ကိုယ်တို့ ဝေးခဲ့ကြတယ် ဆိုရင်တောင်
မင်းရဲ့ နောက်ကွယ်မှာ မကောင်းသတင်းတွေပြောပြီး
မင်းနောက်ကြောကို ဓာနဲ့ထိုးမယ့်သူမျိုးထဲမှာ
ကိုယ် မပါဘူး ဆိုတာ မင်း ယုံကြည်ပါ...

ရေစက်ရှိသလောက် ဆုံခဲ့ပြီးပြီလေ...
ရေစက်ကုန်ရင် ဝေးကြရတယ်ပဲ သဘောထားရင်းနဲ့
တစ်ခါတစ်ရံ တိုက်ဆိုင်မှုလေးတွေ ရှိလာခဲ့ရင်
ကိုယ်နဲ့ ဝေးသောအရပ်မှာ
မင်း တစ်ယောက် အဆင်ပြေပါစေ ပေါ့...

ဒါပါပဲ...
တွေ့ဆုံခြင်း တွေမှာ ရိုးရှင်းစွာ ချစ်ခဲ့ကြတယ်
ဝေးကွာခြင်းတွေမှာ ရိုးသားစွာ လမ်းခွဲခဲ့ကြတယ်...

ကိုယ်တို့ ချစ်ခဲ့ကြသည်....
ထို့နောက်...
ကိုယ်တို့ ဝေးခဲ့ကြသည်...ပေါ့...။
Ba Chit (Natmauk)

30/05/2024

ဖောက်ပြန်ခြင်းဆိုတာ၊မျိုးရိုး ဗီဇနဲ့ပဲ ဆိုင်တာပါ 🙂

ယောက်ျားနဲ့မိန်းမ ဘယ်သူက ပိုပြီး ဖောက်ပြန်တတ်သလဲလို့ မတွေးနဲ့
ဖောက်ပြန်ခြင်းဆိုတာ ဖိုမ သဘာ၀နဲ့ မဆိုင်ဘူး တကယ်တော့ ဗီဇနဲ့ပဲ ဆိုင်တာပါ။
ဖောက်ပြန်တတ်တဲ့ ဗီဇပါလာတဲ့သူက နီးတာဝေးတာတွေ မဆိုင်ပဲ ဖောက်ပြန်မြဲ ဖောက်ပြန်တတ်ပါတယ်။

ဒီတစ်ခါ ခွင့်လွှတ်ပေးလိုက်ရင်တော့
ပြင်လာမှာပါဆိုပြီး အမှားတွေကို အမှန်ပြင်စေချင်နေတာလား အဲ့လောက်မလွယ်တတ်ဘူးနော် ။
တစ်ခါဖောက်ပြန်ဖူးတဲ့သူက
နောက်တစ်ကြိမ် သို့မဟုတ် အကြိမ်ကြိမ်အခါခါ ဖောက်ပြန်နေဖို့ ၀န်မလေးတတ် ကြဘူးလေ ။
ကိုယ် ခွင့်လွှတ်လိုက်မယ်ဆိုရင်
ကိုယ်ကိုယ်တိုင် နောက်တစ်ကြိမ်နာကျင်ဖို့ လမ်းဖွင့်ပေးလိုက်သလိုပဲ ဖြစ်သွားတာပါ ။

ဘာလို့ ဖောက်ပြန်ရတာလဲဆိုတဲ့ မေးခွန်းမျိုးတွေလဲ မတွေးနဲ့
တကယ်တမ်းကျတော့ ဖောက်ပြန်ချင်လို့ကို ဖောက်ပြန်နေကြတာပါ ။
ဝေးခြင်းနီးခြင်းတွေဟာ တကယ်တမ်းကျတော့ အဖြေ မဟုတ်လှဘူး ။
တကယ်ချစ်တဲ့ သူက နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေကိုယ်တစ်ယောက်တည်းကိုပဲ ချစ်မှာပါပဲလေ ။Ba Chit(Natmauk)

25/05/2024

ကျနော် ခများကိုချစ်တယ် ဆိုတာ...😘

ချောလို့ ချစ်တာ မဟုတ်ဘူး
ချစ်လို့ ချောနေတာ...။ ❣️❣️

နားလည်ပေးလို့ ချစ်တာ မဟုတ်ဘူး
ချစ်လို့ နားလည်ပေးတာ....။❤️❤️

ရွေးချယ်စရာ မရှိလို့ ချစ်တာ မဟုတ်ဘူး
ချစ်လို့ နောက်ထပ်ရွေးချယ်စရာ မရှိတော့တာ။💛💛

အမြဲဆက်သွယ်နေလို့ ချစ်တာမဟုတ်ဘူး
ချစ်လို့ အမြဲဆက်သွယ်နေတာ...။🧡🧡

ခွင့်လွတ်ပေးလို့ ချစ်တာမဟုတ်ဘူး
ချစ်လို့ ခွင့်လွတ်ပေးတာ....။😍😍

သဝန်တိုလို့ ချစ်တာ မဟုတ်ဘူး
ချစ်လို့ သဝန်တိုတာ....။💙💙

ဂရုစိုက်လို့ ချစ်တာ မဟုတ်ဘူး
ချစ်လို့ ဂရုစိုက်တာ.....။💜💜

တန်ဖိုးထားလို့ ချစ်တာ မဟုတ်ဘူး
ချစ်လို့ တန်ဖိုးထားတာ...။🤎🤎

အရာရာပြည့်စုံနေလို့ ချစ်တာ မဟုတ်ဘူး
ချစ်လို့ အရာရာပြည့်စုံနေတာ....။💚💚

လွမ်းလို့ ချစ်တာ မဟုတ်ဘူး
ချစ်လို့ လွမ်းတာ....။💕💕

သူများတွေအားကျအောင်
ချစ်ပြနေတာ မဟုတ်ဘူး
ချစ်တတ်လွန်းလို့ သူများတွေ အားကျတာ။

ဘာလို့ချစ်တာလည်းလို့ မမေးနဲ့
ချစ်ခြင်းမေတ္တာဆိုတာမျိုးက
လုပ်ယူဖန်တီးလို့ ရတဲ့ အရာမျိုးမဟုတ်ဘူး

အဲ့တော့...ခများကလွဲပြီး နောက်တစ်ယောက်ကို
ပေးဖို့ဆိုတာ...ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး..။💝💝
-Ba Chit(Natmauk)

09/05/2024

"အပျိုမစစ်တော့တဲ့ မိန်းကလေးတစ်ယောက်ကို
ချစ်ကြိုက်မိရင် အဲ့ကောင်လေးကိုနွားလို့ပြောကြတယ်.....

လူပျိုမစစ်တော့တဲ့ ကောင်လေးတစ်ယောက်ကို
ချစ်ကြိုက်မိရင်တော့ အဲ့မိန်းကလေးကို
နွားမလို့ ဘယ်သူကမှ မခေါ်ကြပါဘူး...

မိန်းကလေး အများစုက သူတို့ကောင်လေးနဲ့
ပတ်သက်လာရင် နောက်ဆုံးဘဲ ဖြစ်ချင်ကြတယ်
အရင်ကဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ခွင့်လွှတ်တယ်

ယောက်ကျားလေး အများစုကတော့ သူတို့ကောင်မလေးနဲ့ ပတ်သက်လာရင်တော့ ပထမဆုံးဆိုတာပဲလိုချင်ကြတယ် အပျိုစင် ဘဝကိုပဲလိုချင်ကြတယ်

ကိုယ်ကိုတိုင်ကျလူစိတ်မရှိဘဲ တွေ့ကရာမိန်းမနဲ့အိပ်ပြီး ကိုယ်ယူမယ့် မိန်းကလေးကျတော့ အပျိုစစ် ရ ချင်လို့တော့ ဘယ်ရမလဲ?

ဆရာဦးစိုးလွင်ပြောသလိုပေါ့ မိန်းကလေးတွေရဲ့
အဖြစ်က မျက်စိကိုအဝတ်နဲ့အစည်းခံရသလိုဘဲတဲ့
ချောက်ရှိလဲမသိရဘူး ဘေးမှာသားရဲတွေဝိုင်းနေလဲ
မသိရဘူးတဲ့ စကားလုံးလှလှလေးတွေ ပြောလိုက်တာနဲ့ ကောက်ကောက်ပါအောင် လိုက်သွားတက်တဲ့
အကျိုးဆက်ကတော့ မိခင်သေနှုန်းနဲ့ ကလေးသေနှုန်း တွေသာ များလာတယ်တဲ့....
-Ba Chit (Natmauk)

02/05/2024

#လှူလျှင်တိုး ခိုးလျှင်မွဲ

လူတွေကလည်း
သူတစ်ပါးဆီက
လိမ်ပြီး ခိုးပြီးရင်
ချမ်းသာမယ်ထင်နေကြတာလားပဲ

ငယ်ငယ်က
လူကြီးသူမတွေ ဆုံးမ စကား
ကျွန်မ တသက်လုံး
မှတ်ထားတာလေးပြန်မျှဝေပေးမယ်

လှူရင် တိုး
ခိုးရင် (လိမ်ရင် )မွဲ တဲ့

လိမ်လိုက် ခိုးလိုက်လို့
ခဏလေး
ပြေလည်ချင်ပြေလည်မယ်..၊ ခဏလေး..နော် ခဏလေး

အမြဲတန်း အမှန်တရားကတော့
တစ်သက်လုံး လူယောင်သူယောင်
မပြောင်ဘဲနေတော့မှာဆိုတာပဲ ။

chit (Natmauk)

31/03/2022

မကြာခင်ကျရောက်တော့မယ် မဂ်လာအခါသကြ်န်အချိန်အခါ၌မိဘပြည်သူညီအစ်ကိုမောင်မ အားလုံးကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာနိုင်ကြပါစေ

Photos from U Ba Chit's post 09/02/2022
U Ba Chit 07/02/2022

hello မဂ်လာပါ ရှင့်

U Ba Chit Thanks

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


39 Street Anyh
Yangon