Sjoliv
Sjoliv is a natural skin care manufacture dedicated to regional development in the Delta area.
၁။ Store No.1 - အမှတ် ၁၀၄၊ ၁၁၂ ၊အနော်ရထာလမ်း ၊ ၃၇ လမ်း နှင့် ၃၈ လမ်းကြား ၊ ကျောက်တံတား၊ ရန်ကုန်။
၂။ Store No.4- အမှတ် ၂၅. B၊
မြေညီထပ် ၊ နဝဒေးလမ်း၊ ယောမင်းကြီးရပ်ကွက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်။
၃။ STORE 6 –အမှတ် ၂၇/၂၉၊ မြေညီထပ်၊ မအူကုန်းလမ်း၊တာမွေမြို့နယ် ၊ ရန်ကုန်။
၄။ STORE 8 - အမှတ် ၁၆ (B1/C1)၊ မြေညီထပ်၊ လှိုင်ဘူတာရံလမ်း၊ လှိုင်မြို့နယ် ၊ ရန်ကုန်။
၅။ Store 10 - အမှတ် ၆၀ ၊ မြေညီထပ်၊ ရ
07/04/2026
စိုစိုတင်းတင်းဖြစ်စေဖို့ Moisturizer
ဝါညက်ညက်ကယ်နဲ့ ရွှေရောင်လိုလက်စေဖို့၊ အရေးအကြောင်းရယ်မရှိတဲ့ ပြစ်မျိုးမှဲ့မထင် မျက်နှာလေးကို ပိုင်ဆိုင်စေဖို့ Moisturizer ရှာနေတယ်ဆိုရင်တော့ Sjoliv ကိုသာ သုံးပါ။
ပင်လယ်ရေမှော် အစွမ်းနဲ့ စိုစိုတင်းတင်း အရေးအကြောင်းကင်းပြီး ဝင်းဝါဖို့ဆို အသင့်ရှိနေမယ်နော်။
06/04/2026
ထာဝစဉ်ရွှင်လန်း Sjoliv Toner နဲ့လန်း
နေပူပူမှာ ချွေးတွေအရမ်းထွက်လို့ မျက်နှာလေး အဆီပြန်နေပြီလား။ ဒါမှမဟုတ် ဝက်ခြံနဲ့ အရေးအကြောင်းတွေကြောင့် စိတ်ညစ်နေတာလား။
ပင်လယ်ရေမှော်နဲ့ ထုတ်လုပ်ထားတဲ့ Sjoliv Toner နဲ့ဆို ဒါတွေအားလုံးအဆင်ပြေမှာပါ။ Marine Collagen အစွမ်းနဲ့ လန်းကြစို့။
04/04/2026
အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အသားအရေအားနည်းလာမှုတွေလည်းဖြစ်လာတတ်ပါတယ်။ အသားအရေအားနည်းတယ်ဆိုတာက အရေပြားလျော့တွဲလာတာမျိုး၊ မွဲခြောက်ခြောက်ဖြစ်လာတာမျိုး ကို ပြောချင်တာပါ။
လူ့ခန္စာကိုယ်မှာ ပရိုတင်းလိုအပ်သသလို အသားအရေနဲ့ဆံပင်မှာလည်း ပရိုတင်းလိုအပ်ပါတယ်။
Keratin လိုရင် ဆံပင်ကျွတ်ပါတယ်။ Collagen လိုရင် အသားအရေလျော့တွဲလျော့ရဲဖြစ်ပါတယ်။
ဒါကြောင့် ဆံပင် အတွက် Keratin ကိုအလေးပေးထုတ်လုပ်ကြသလို အိုမင်းရင့်ရော်မှု၊ အသားအရေတင်းရင်းမှုအတွက် Collagen ကို အလေးထားကြပြန်ပါတယ်။
သက်ဆိုင်ရာပညာရှင်တွေဟာ Collagen အတွက် ပုဇွန်၊ ငါး အစရှိတဲ့ တိရိစ္ဆာန်လေးတွေကနေရရှိတဲ့ ingredient တွေကိုအသုံးပြုပြီး အလှကုန်တွေထုတ်လုပ်ကြရပါတယ်။ ဈေးကွက်ထဲမှာ Collagen ပါတဲ့ အလှကုန်ပစ္စည်းတွေ ဆို အတော်များများတွေ့ရမှာပါ။
Collagen ထဲမှာမှ အမျိုးအစားကွဲပြားခြားနားမှုတွေရှိပြီး အရည်အသွေးအကောင်းဆုံးကတော့ Marine Collagen လို့ဆိုကြပါတယ်။ Marine Collagen ဆိုတာက ပင်လယ်ရေနေသတ္တဝါတွေကနေ ingredient ရယူထုတ်လုပ်ထားတဲ့ အရာတွေကိုဆိုလိုတာပါ။
ပင်လယ်ရေမှော်ဟာ Collagen အပြည့်အဝပါရှိတဲ့ ရေမှာပေါက်တဲ့သစ်ပင်ဖြစ်ပါတယ်။ ဒါကြောင့် အလှအပရေးရာ ပညာရှင်တွေဟာ ပင်လယ်ရေမှော်ကရတဲ့ Collagen ကို အသုံးပြုပြီး အလှကုန်ထုတ်လုပ်ဖို့ မျက်စိကျလာကြပြန် ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပင်လယ်ရေမှော်ကနေ Collagen ရရှိဖို့ ရေနေသတ္တဝါလေးတွေရဲ့ အသက်သေ ဆုံးစရာမလိုသလို vegan ဖြစ်တဲ့ အရာဖြစ်တာကြောင့်မို့လို့ပါ။
ပင်လယ်ရေမှော်ထဲမှာမှ မျိုးစိပ်ပေါင်းများစွာရှိပါတယ်။ အဲဒီအထဲမှာ Gracilaria edulis လို့တဲ့ မျိုးစိပ်ကတော့ sea aloe vera လို့ တင်စားခေါ်ဝေါ်ကြတဲ့ အပင်လေးတွေဖြစ်ပါတယ်။ Gracilaria edulis အပင်လေးတွေရဲ့ အတွင်းဖက်မှာ သူ့အလိုလိုသိမ်းဆည်းထားပေးတဲ့ Collagen Gel တွေရှိပါတယ်။ အဲဒီ Collagen Gel တွေဟာ ရေငန်ထဲမှာတောင် ရေကောင်းရေသန့်ကို Filer ပြုလုပ်ပြီး သိမ်းဆည်းထားနိုင်စွမ်းရှိပါတယ်။ ရေပြင်ပေါ်ကိုရောက်တဲ့အခါမှာလည်း လေထဲက သန့်စင်တဲ့ ရေဓါတ်ကိုသိမ်းဆည်းထားပေးပါတယ်။ ဒါကြောင့် သူ့ကို အသားအရေပေါ်တင်ကြည့်လိုက်တဲ့အခါ ရေဓါတ်ပြည့်ဝမှု၊ Marine Collagen အရည်အသွေးအပြည့်ပါဝင် မှု ထူးခြားချက်တွေရရှိစေမှာဖြစ်ပါတယ်။
ဟုတ်ပါတယ်။ Sjoliv က Gracilaria edulis မျိုးစိတ်ပင်လယ်ရေမှော်ကနေ ထုတ်လုပ်ထားတဲ့ ပြည်တွင်းထုတ် အလှကုန်လေးတွေပဲဖြစ်ပါတယ်ဆိုတဲ့အကြောင်း သတင်းကောင်းလေးပေးလိုက်ပါရစေနော်။
02/04/2026
Sjoliv Serum မှာ Collagen အပြည့်အဝ ပါဝင်လို့ အသားအရေရဲ့ ပရိုတင်းဓါတ်နဲ့ ရေဓါတ် ကို အပြည့်အဝဖြည့်တင်းပေးလို့ Hydration ကောင်းကောင်းပေးနိုင်တဲ့ Serum လေးပါ။ အခုလို ခြောက်ကပ်ကပ်ဖြစ်စေတဲ့ရာသီဉတုနဲ့ဆိုအသင့်တော်ဆုံးပေါ့။
🌿ပုံမှန်လေးသုံးပေးရုံနဲ့အရေးအကြောင်းတွေဖြစ်ပေါ်လာမှုတွေကို သိသိသာသာနှောင့်နှေးစေပါတယ်။
🌿လိမ်းပြီးတာနဲ့ မျက်နှာအပူအချိန်ကို သိသိသာသာလျှော့ချပေးပြီး စိတ်ကြည်လင်လန်းဆန်းစေခြင်းနဲ့အတူ Cooling Effect ကိုအပြည့်အဝခံစားရစေမှာပါ။
🌿ညစဥ်ပုံမှန်လေးသုံးပေးရုံနဲ့ Seaweed Extract အပြည့်အဝပါဝင်တဲ့ Sjoliv ရဲ့ Serum လေးက နီးမြန်းရောင်ရမ်းခြင်းတွေကို သိသိသာသာလျှော့ချပေးပြီး မနက်မိုးလင်းတိုင်းမှာ ဝင်းပစိုပြေစေတဲ့ မျက်နှာအသားအရေကို ရရှိစေမှာပါနော်
🌿မျက်နှာပေါ် တင်တင် ချင်း တင်းရင်းမှု၊ ချောမွေ့မှု၊ နုပျိုတောက်ပမှုတွေကို ခံစားရတဲ့အပြင် ဘတ်တီးရီးယားလေး တွေကိုပါဖယ် ရှားပေးနိုင်လို့ ဝက်ခြံကင်းစင်စေမှာမို့ မျက်နှာသစ်ပြီးတိုင်း Sjoliv Serum လေး လိမ်းပြီး နှိပ်နယ်ပေးရုံနဲ့ တစ်လ လောက်ဆို အရမ်းတောက်ပပြီးလှနေတော့မှာ။
01/04/2026
🌿Sjoliv မျက်နှာသစ်ဆပ်ပြာ
Seaweed မျက်နှာသစ်ဆပ်ပြာလေးက အဆီပြန်ခြင်းနဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့အသားအရေ ပျက်စီးတာတွေကို ပျောက်ကင်းစေပြီး မျက်နှာမှာရှိတဲ့ အညစ်အကြေးနဲ့ အဆီပိုတွေကို နက်ရှိုင်းစွာသန့်စင်ပေးပါတယ်။ချွေးပေါက်ထဲက အညစ်အကြေးတွေကို ညင်သာစွာဖယ်ရှားပေးပြီး ရနံ့သင်းသင်းလေးနဲ့ စိတ်ကိုပါရှင်းသွားစေမှာပါ။
🌿Face Mask
Seaweed Collagen Mask လေးက ဝက်ခြံဖြစ်စေတဲ့ bacteria တွေကို တိုက်ထုတ်ပေးပြီး အဆီပြန်မှုကိုပါ တားဆီးပေးပါတယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်၊ အမဲစက်တွေပါ တဖြည်းဖြည်းလျော့ပါးလာစေကာ အသားအရေမညီခြင်းတွေကိုလည်း ပြန်လည်ထိန်းညှိပေးပါတယ်။
🌿Body Lotion
Sjoliv Collagen Lotion လေးက watery texture မို့ စိမ့်ဝင်မှုအားကောင်းပြီး အသားပေါ်မှာ စေးကပ်ခြင်းမရှိဘဲ နူးညံ့ချောမွေ့စေပါတယ်။ ရနံ့မွှေးမွှေးသင်းသင်းလေးနဲ့ အစိုဓါတ်အပြည့်အဝပေးတဲ့ Vegan Collagen မို့ အသားအရေကို တင်းတင်းရင်းရင်းနဲ့ ကြည်လင်ရွှန်းစိုစေပါတယ်။
🌿Face Serum
Collagen Hydrating Serum ဖြစ်တာမို့ smile line နဲ့ အရေးအကြောင်းတွေကို သက်သာစေပြီး အသားအရေကို ပြန်လည်တင်းရင်းစေရုံသာမက မျက်နှာအသားအရေကို အစိုဓါတ်ထိန်းပေးလို့ glow skin ကိုရရှိစေပါတယ်။ Hyaluronic Acid ကြွယ်ဝတဲ့ Seaweed extract ကနေ ထုတ်လုပ်ထားတာကြောင့် deep hydration လုပ်ပေးပြီး moisture absorption ပိုမိုကောင်းမွန်စေပါတယ်။အမဲစက်နဲ့ တင်းတိတ်၊ နေလောင်ဒဏ်တွေကြောင့် အသားအရေမညီတာကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
🌿Sjoliv (ရှိုးလစ်ဗ်) ရဲ့ Moisturizer
ပင်လယ်ရေမှော် Extract ဖြစ်တဲ့အတွက် Marine Collagen ပါဝင်လို့ မျက်နှာအတွက်လိုအပ်နေတဲ့ ကောင်း ခြင်းတွေစုစည်းထားတဲ့ ထုတ်ကုန်ဆိုရင်မမှားပါဘူး။ အရေးအကြောင်းတွေကိုဖယ်ရှားပေးပြီး မျက်နှာပေါ်က အမည်းစက်တွေ၊ ဝက်ခြံတင်းတိတ် နေလောင်တာတွေလျော့ပါး၊ သဘာဝကျကျ ကြည်လင်တောက်ပတဲ့ မျက် နှာကို ပိုင်ဆိုင်စေမှာပါ။ Sjoliv ရဲ့ထုံးစံအတိုင်း Vegan ထုတ်ကုန်မို့ အသားအရေ Sensitive ဖြစ်တဲ့သူတွေအတွက် သင့်လျော်ပါတယ်။
🌿Sjoliv (ရှိုးလစ်ဗ်) ရဲ့ Toner
ပင်လယ်ရေမှော်နဲ့ထုတ်လုပ်ထားတာကြောင့် Marine Collagen ပါဝင်ပြီးသားဖြစ်တယ်ဆိုတာကတော့ အထူး ညွှန်းဆိုဖို့မလိုတော့ပါဘူး။ လိမ်းလိုက်တာနဲ့ မျက်နှာလေးကိုအေးခနဲစိမ့်ဝင်လွယ်ပြီး အသားရေတင်းရင်းခြင်း၊ ချောမွတ်စိုပြေခြင်း၊ အမည်းစက်တွေသက်သာခြင်း စတဲ့ ရလာဒ်တွေပိုင်ဆိုင်မှာပါ။
အရေးအကြောင်းကင်းစင်ဖို့အတွက်အထောက်အကူပြုပြီး မျက်နှာပေါ်မှာလိုအပ်နေတဲ့ပရိုတင်းနဲ့ရေဓါတ် ကို အပြည့်အဝဖြည့်တင်းပေးမှာပါ။ မျက်နှာပေါ်မှာရှိနေတဲ့ မမြင်နိုင်တဲ့အဆီတွေကို သန့်စင်ဖယ်ရှားပေးမှာဖြစ် ပြီး နေ့စဉ်သုံးပေးလို့ တစ်သက်တာလှပတောက်ပတဲ့မျက်နှာလေးကို ပိုင်ဆိုင်စေမှာပါ။
28/03/2026
ညက်ညောတဲ့ ပါးပြင်ဖြစ်ဖို့ ညအိပ်ခါနီး ဒါလေးသုံးကြည့်
အများကြီးမလိုဘူး။ တစ်ပတ်ကို နှစ်ခါလောက်ပဲပုံမှန်သုံးပေးပါ။
Face Mask တွေအများကြီးထဲက Sjoliv တံဆိပ်ဟာ သဘာဝပင်လယ်ရေမှော် အစွမ်းတွေကို အပြည့်အဝပေးပါလိမ့်မယ်။
တင်းရင်းခြင်း၊ စိုပြေခြင်း၊ ချောမွတ်ခြင်း၊ တောက်ပခြင်း၊ နုပျိုခြင်း တွေပိုင်ဆိုင်ဖို့အတွက် Sjoliv ရဲ့ Face Mask ကိုအသာ အစဉ်သုံးကြည့်နော်။
27/03/2026
မျက်နှာလေး အေးမြနေစေဖို့ Sjoliv ဆပ်ပြာ
ထိလိုက်တိုင်းမှာ တင်းရင်းစိုပြည်၊ ရွှေလိုဝင်းစက်၊ အားလုံးထက်လှနေတဲ့ မျက်နှာပိုင်ရှင်ဖြစ်ဖို့ဆို နည်းလမ်းကောင်းလေးပေးမယ်။
သဘာဝ ပင်လယ်ရေမှော် Sjoliv ရဲ့ မျက်နှာသစ်ဆပ်ပြာလေးကိုသာ ပုံမှန်သာသုံးပါ။ အရွယ်တင်နုပျိုမှု အတွက်ပါ အထောက်အပံ့ပေးပါတယ်။ ဒီဆပ်ပြာလေးဟာ ပင်လယ်ရေမှော်ရဲ့ သဘာဝရနံ့နဲ့ Marine Collagen အပြည့်အဝပါတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။
25/03/2026
သဘာဝရဲ့ မွှေးမြမှုနဲ့ Sjoliv
သဘာဝအတိုင်းမွှေးမြနေတာ ချစ်သူရဲ့ ပါးပြင်ပြီးရင်တော့ Sjoliv ပါပဲ။
ပင်လယ်ရေမှော်ရဲ့ ရနံ့နဲ့ အေးမြမှုကို ပေါင်းစပ် အားလုံးထက်ပိုလှချင်ရင်တော့ ဒီထုတ်ကုန်လေးတွေကို သုံးလိုက်ပါ။
Sjoliv ရဲ့ Serum, Toner, Moisturizer, Body Lotion, Soap, Face Mask တွေကို ပုံမှန်သုံးရင်း လှနေတဲ့ အလှတွေ ပိုပိုတောက်ပနိုင်ပါပြီ။
24/03/2026
နွေပူပူမှာ အေးမြတဲ့ Body Lotion လေးနဲ့ အိစက်ညက်ညောကြပါစို့
အိမ်ထဲမှာပဲဖြစ်ဖြစ်၊ အပြင်ထွက်ရင်ပဲဖြစ်ဖြစ် အခုလိုရာသီဉတုမှာ အသင့်တော်ဆုံးက Sjoliv ရဲ့ Body Lotion ပါ။ ပင်လယ်ရေမှော်ရဲ့ သဘာဝရနံ့နဲ့ Marine Collagen အပြည့်အဝပါရှိမယ့် ပျိုပျို အိုအိုသုံး ထုတ်ကုန်လေးဖြစ်ပါတယ်။
အသားအရည်ကိုစိုပြည်၊ တင်းတင်းရင်းရင်းဖြစ်စေပြီး ညက်ညောလှပစေဖို့ဆို Sjoliv ရဲ့ Body Lotion က အကောင်းဆုံးပါပဲ။
22/03/2026
ပင်လယ်ကြီးနဲ့အတူ Sjoliv ကို ခံစားလိုက်ပါ
လျှို့ဝှက်ခြင်းနဲ့ သဘာဝအလှတရားကို ပင်လယ်ကြီးက ပိုင်ဆိုင်ပါတယ်။
သင့်ရဲ့ ပုန်းကွယ်နေတဲ့အလှတရားကို ပိုမိုပေါ်လွင်အောင် Sjoliv က ထုတ်ဖော်ပေးပါတယ်။ ဘာလို့လဲဆိုတော့ Sjoliv ဟာ ပင်လယ်ထဲက သစ်ပင်လေးတွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ အလှကုန်ဖြစ်လို့ပါ။
တစ်မျိုးစီရဲ့ မတူညီတဲ့ အလှတရားကိုပေါင်းစပ်ရယူလိုက်ပါ။
Sjoliv ရဲ့ Serum, Toner, Moisturizer, Body Lotion, Soap, Face Mask တွေကို ပုံမှန်သုံးရင်း ပင်လယ်ကြီးနဲ့အတူ ခံစားလိုက်ပါ။
13/03/2026
ပင်လယ်ရေမှော်
ပင်လယ်ရေမှော်ဆိုတာ ပင်လယ်ရေမှာပေါက်ရောက်တတ်တဲ့အပင်မျိုးစိတ်တွေထဲက ရေညှိပင်မျိုးစိတ် တစ်မျိုးပဲဖြစ်ပါတယ်။
ပင်လယ်ရေမှော်ဟာ များသောအားဖြင့် ကျောက်ဆောင်တွေနဲ့ သမုဒ္ဒရာရှိ အခြားအပင်တွေ၊ မြစ်တွေ၊ ရေကန်တွေနဲ့ အခြားရေထုတွေပေါ်မှာ ကြီးထွားနိုင်ပါတယ်။ မရေမတွက်နိုင်တဲ့အပင်အမျိုးအစားဖြစ်ပြီး အချို့မျိုးစိတ်တွေကိုတော့ ငါးကန်နဲ့ ပုစွန်ကန်တွေမှာ ရေနှောစိုက်ပျိုးနိုင်ပါတယ်။ ပင်လယ်ရေမှော်မျိုးစိတ်အပေါ်မူတည်ပြီး အငန်နှုန်းနဲ့ အပူအချိန်အပြောင်းအလဲပေါ်မှာ ရှင်သန်နိုင်ပါတယ်။
ပင်လယ်ရေမှော်ဟာ ယေဘုယျအားဖြင့် စားသုံးနိုင်တဲ့အပင်အမျိုးအစားဖြစ်ပါတယ်။ သူဟာ အလွန်အ ဟာရပြည့်ဝတာကြောင့် စွယ်စုံအသုံးပြုနိုင်ပြီး ဆူရှီ၊ ဟင်းချို၊ အသုပ် အစရှိတဲ့ ဟင်းအမယ်တွေအဖြစ်စား သုံးတတ်ကြပါတယ်။
Carrageenan, agar နဲ့ alginates တွေဟာ ပင်လယ်ရေမှော်ကနေ ရရှိလာတဲ့ ဂျယ်လ်တွေဖြစ်ပါတယ်။ အဲဒီထုတ်ကုန်တွေဟာ လူတွေရဲ့နေ့စဉ်အသုံးပြုနေကြတဲ့ ပစ္စည်းတွေထဲမှာ ပါဝင်ပါတယ်။ ပင်လယ်ရေမှော်ပင်တွေမှာ စတာ့အပါအဝင် ကာဘိုဟိုက်ဒရိတ်ဓါတ်တွေ၊ ပရိုတင်းဒြပ်ပေါင်းတွေ၊ ဓါတ် သတ္တုတွေ၊ ဗီတာမင်နဲ့ အိုင်အိုဒင်းတွေ ပါရှိပါတယ်။
ပင်လယ်ရေမှော်မှာပါတဲ့ ကျောက်ကျော၊ အယ်လဂျီနိတ်၊ ကယ်ရာဂျီနင် တွေဟာစက်မှုလက်မှုလုပ်ငန်း အမျိုးမျိုးတို့မှာ အလွန်အသုံးဝင်အဖိုးတန်တဲ့ ဒြပ်ပေါင်းတွေဖြစ်ပါတယ်။ အပင်ကြီးထွားဖို့အတွက် ဘယ် ဆေးဝါးကိုမှ အသုံးမပြုရတာဟာ ပင်လယ်ရေမှော်ရဲ့ထူးခြားချက်တစ်ခုပါပဲ။ သိပ္ပံနည်းကျစနစ်တကျစိုက် စရာမလိုဘဲ ကျယ်ကျယ်ပြန့်ပြန့်မွေးမြူစိုက်ပျိုးနိုင်မှုကြောင့် ပင်လယ်ရေမှော်ဟာ သဘာဝကပေးတဲ့ အာဟာရဖြစ်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီးမှာ အရိုင်းပေါက်နေကြတဲ့သစ်တောနဲ့ စိုက်ပျိုးပင် ဆိုပြီး အပင်နဲ့အပင်ထွက်ပစ္စည်းတို့ကို စနစ်တကျဖော်ထုတ်အသုံးချနေကြပါတယ်။
လူသားတွေအနေနဲ့ သဘာဝအတိုင်းလက်တွေ့အသုံးချရေးအတွက် မိမိတို့နဲ့ နီးစပ်ရာ ကုန်းပေါ်ရှိအရိုင်း ပေါက်ပင်နဲ့စိုက်ပျိုးပင်တို့ကို အဓိကအားထားအသုံးပြုနေကြပါတယ်။ ရေမှာပေါက်လေ့ရှိတဲ့ ရေမှော်ပင် တွေဟာ အမေ့လျော့ခံအပင်တွေဖြစ်ပါတယ်။ ဒါကြောင့် ပင်လယ်ရေမှော်ပင်တွေနဲ့ပတ်သက်လို့ ဖော် ထုတ်မှုအားနည်းပြီး လူသိနည်းခဲ့ရပါတယ်။
ပင်လယ်ရေမှော်မျိုးစိတ်ပေါင်းများစွာရှိပါတယ်။ အင်တာနက်အကိုးအကားတွေအရ ပင်လယ်ရေမှော်မျိုး စိတ်ပေါင်းထောင်ချီရှိတယ်လို့သိရပါတယ်။
ပင်လယ်ရေမှော်ဟာ သမုဒ္ဒရာတွေမှာသာမက မြစ်တွေ၊ ရေကန်တွေနဲ့ အခြားသော ရေထုတွေမှာ ကြီး ထွားနိုင်တဲ့၊ မရေမတွက်နိုင်တဲ့ အပင်တွေနဲ့ ရေညှိမျိုးစိတ်တွေအတွက် ဘုံနာမည်ဖြစ်ပါတယ်။ အဲဒီအထဲ ကမှ Sjoliv ထုတ်ကုန်တွေမှာ အဓိကပါဝင်တဲ့ ပင်လယ်ရေမှော်အမျိုးအစားက Gracilaria မျိုးစိတ်ဖြစ်ပါတယ်။
Gracilaria ဟာ အပူပိုင်းနဲ့ သမနွေးပိုင်းဒေသတွေမှာ ပေါက်ရောက်တဲ့မျိုးစိတ်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ မျိုးစိတ်ပေါင်း တစ်ရာကျော်ရှိပြီး အချို့ကတော့ စီးပွားရေးအတွက် အလွန်အရေးပါတဲ့မျိုးစိတ်တွေဖြစ် ပါတယ်။
Gracilaria ပင်လယ်ရေမှော်မွေးမြူခြင်းလုပ်ငန်းကို ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရွှေသောင်ယံ၊ ချောင်းသာ စတဲ့နေရာတွေမှာ အကောင်အထည်ဖော်နေပါတယ်။
ဧရာဝတီတိုင်းဒေသကြီးရဲ့ ကမ်းရိုးတန်းဒေသရှိ ဒေသခံပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း ပိုမိုမြှင့်တင် ဖို့အတွက် အသက်မွေးဝမ်းကျောင်းမှု အစီအစဉ်တစ်ရပ်အဖြစ်ဆောင်ရွက်ခြင်းအပါအဝင် ကမ်းရိုးတန်းရဲ့ ရေပြင်ဂေဟဗေဒစနစ်ကို ပိုမိုကောင်းမွန်စွာထိန်းသိမ်းနိုင်ဖို့ရည်ရွယ်ပါတယ်။
အခုဆိုရင်တော့ Sjoliv ထုတ်ကုန်တွေအဖြစ် ဈေးကွက်ထဲကိုရောက်လာခဲ့ပါပြီ။
Gracilaria မျိုးစိတ် ပင်လယ်ရေမှော်နဲ့ထုတ်လုပ်ထားပြီး Marine Collagen အပြည့်ပါဝင်တဲ့ Sjoliv အမှတ်တံဆိပ် Lotion, Serum, Face Mask, Moisturizer, Toner နဲ့ Soap တွေကို Sjoliv Page ရဲ့ Messenger ကနေတစ် ဆင့်ဝယ်ယူနိုင်ပါပြီနော်။
🌿🌿
07/03/2026
SJOLIV FACIAL TONER
Toner ကို မိတ်ကပ်အကြွင်းအကျန်နဲ့ အဆီပြန်နေတာတွေကို ဖယ်ရှားဖို့၊ ဖုန်မှုန့်တွေကိုရှင်းလင်းဖို့သုံးကြပါတယ်။ မျက်နှာသစ် ဆပ်ပြာသုံးပြီးတဲ့နောက် ထပ်မံလိုအပ်နေတဲ့ သန့်စင်မှုတွေအတွက် Moisturizer မလိမ်းခင်မှာ သုံးကြတာဖြစ်ပြီး ကိုယ်နဲ့လိုက်ဖက်အညီဆုံးသော Toner ကိုရွေး ချယ်တတ်ဖို့လိုပါတယ်။
ပင်လယ်ရေမှော်နဲ့ထုတ်လုပ်ထားတာကြောင့် Marine Collagen ပါဝင်ပြီးသားဖြစ်တယ်ဆိုတာကတော့ အထူး ညွှန်းဆိုဖို့မလိုတော့ပါဘူး။ လိမ်းလိုက်တာနဲ့ မျက်နှာလေးကိုအေးခနဲစိမ့်ဝင်လွယ်ပြီး အသားရေတင်းရင်းခြင်း၊ ချောမွတ်စိုပြေခြင်း၊ အမည်းစက်တွေသက်သာခြင်း စတဲ့ ရလာဒ်တွေပိုင်ဆိုင်မှာပါ။ အရေးအကြောင်းကင်းစင်ဖို့အတွက်အထောက်အကူပြုပြီး မျက်နှာပေါ်မှာလိုအပ်နေတဲ့ပရိုတင်းနဲ့ရေဓါတ် ကို အပြည့်အဝဖြည့်တင်းပေးမှာပါ။ မျက်နှာပေါ်မှာရှိနေတဲ့ မမြင်နိုင်တဲ့အဆီတွေကို သန့်စင်ဖယ်ရှားပေးမှာဖြစ် ပြီး နေ့စဉ်သုံးပေးလို့ တစ်သက်တာလှပတောက်ပတဲ့မျက်နှာလေးကို ပိုင်ဆိုင်စေမှာပါ။ သဘာဝနဲ့ လိုက်လျောညီထွေရှိစွာထုတ်လုပ်ထားတဲ့ Sjoliv (ရှိုးလစ်ဗ်) ရဲ့ Toner ဟာ ဧရာဝတီတိုင်းဒေသကြီးထဲမှာရှိတဲ့ ပင်လယ်ရေမှော်စိုက်ခင်း (မွေးမြူတဲ့နေရာ) တွေဆီကနေ မှန်တင်ခုံပေါ်ကို အရောက်လှမ်းလာခဲ့ပါပြီ။
Sjoliv Moisturizer ၌ အဓိက ပါဝင်ပစ္စည်းများ
(၁) ပင်လယ်ရေမှော်
(၂) သဘာဝစိမ့်စမ်းရေ
(၃) သဘာဝအုန်းဆီ
(၄) ဗီတာမင် အီး နှင့်အခြားသဘာဝပေါင်းစပ်ပစ္စည်းများ
အသုံးပြုပုံ
သင့်လျော်သော ပမာဏကို လက်ဖဝါးထဲထည့်၍ မျက်နှာအနှံ့သို့ငြင်သာစွာ ပုတ်ပြီးလိမ်းပါ။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
No. 672, Hlaing Htaik Khaung Tin Street, Ward 37, North Dagon
Yangon