BitterSweet Love
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BitterSweet Love, Sittwe.
15/05/2026
ချစ်လျင် အကျိုး
မုန်းလျင် အပြစ်
မြတ်နိုးတော့ သဒ္ဒါ တဲ့
ချစ်ခြင်းမေတ္တာဟာ
အဲသလောက်ကို သိမ်မွေ့နူးညံ့ပါတယ်…
အချစ်ကလေးရေ
စစ်မှန်တဲ့
ကိုယ့်ချစ်ခြင်းမေတ္တာတွေကြောင့်
မင်းတစ်ယောက်
ပျော်ရွှင်ပါစေ…
♉️🍁🩵
04:32Am/ 16.05.2026
15/05/2026
မတည်မြဲတဲ့
ဒီလောကကြီးထဲ
ဘာတွေက ထာဝရ တည်မြဲပါ့မလဲ…
ချစ်ခြင်းမေတ္တာ ကကော
ဘယ်အချိန်ထိ မြဲမြံနိုင်မလဲ…
မရေမရာ နေ့ရက်တွေရယ်
မသေချာ တဲ့ အဖြေတွေရယ်…
တကယ်ဆို…
ဘယ်တုန်းကမှ မနွယ်ခဲ့သင့်တဲ့
သံယောဇဉ်ကြိုးတွေရယ်…
အရာရာဟာ
ကံခေ လွန်းခဲ့တယ်…
♉️🍁🩵
12:13Am/ 16.05.2026
03/05/2026
အချစ် ဆိုတာ
ချစ်ခွင့်ရနေရုံလေး
လွမ်းခွင့်ရနေရုံလေး နဲ့ ပဲ
ကျေနပ်ရတဲ့အခိုက်တွေ ရှိတယ်…
♉️🍁🩵
11:11/03.05.2026
14/12/2025
တစ်ခါတစ်လေ
ကိုယ်ဖမ်းဆုပ်ထားတဲ့အရာဟာ
ထိုက်တန်ပါရဲ့လား လို့
အကြိမ်ကြိမ်ပြန်မေးဖြစ်တယ်...
ကိုယ်ရွေးချယ်ခဲ့တဲ့အရာတိုင်းဟာ
ကိုယ့်ရဲ့
ချစ်မြတ်နိုးစိတ်ကြောင့်ပါပဲ.....
ချိန်ခွင်လျှာမျှကြည့်ရင်
မညီမျှခြင်းတွေချည်းပေမယ့်
ကိုယ်မြတ်နိုးခဲ့တဲ့အရာတွေဟာလဲ
အချိန်တန်ရင်
စွန့်လွတ်ပေးရတာပါပဲ......
ကိုယ်တစ်ယောက်တည်းကပဲ
ဖမ်းဆုပ်ကိုင်ထားလို့ရတဲ့အရာတွေဟာလဲ
မမြဲခြင်းသဘောတွေ
ဆောင်ကြဥ်းတယ်...
ကိုယ့်ရဲ့
စွန့်လွတ်ခြင်းတွေ
ခံစားချက်တွေဟာ
သံသရာစက်ဝန်း
တကျော့လည်ပေမယ့်
အချ်ိန်တစ်ခုရောက်ရင်
မေ့ပျောက်ပစ်ရမယ့်အရာတွေချည်းပါ.....
(PL)
9:02Pm/Dec.14.19
22/10/2025
အဝါရောင်ဆိုတာ
ပျော်ရွင်ခြင်း တဲ့ အချစ်ရဲ့….
နေ့ရက်တိုင်းမှာ
ပျော်ရွှင်စေချင်တယ်
စိတ်ချမ်းသာစေချင်တယ်
အပူပင်စိတ်သောက အနှောက်အယှက်တွေ
ကင်းဝေးစေချင်တယ်
စိတ်ကောလူပါ
ဒဏ်ရာအနာတရ ကင်းစေချင်တယ်…
မနက်ဖြန်တွေတိုင်း
ပျော်ရွှင်ခြင်းတွေ ဆတိုးပြည့်လျှံပါစေ
အချစ်ရေ…
♉️🍁🩵
11:50/22.10.25
20/10/2025
ချစ်တဲ့သူတွေကို ပျော်စေချင်ပါတယ်…
ကိုယ်ချစ်တဲ့သူကို
ပျော်စေချင်တယ်
အပူပင်ကင်းဝေးစေချင်တယ်
စိတ်ကောလူကော
ဒဏ်ရာအနာတရကင်းစေချင်တယ်
နောက်ဆုံး
သူချစ်တဲ့သူအနားမှာ
ပျော်ရွှင်နေတယ်ဆိုလဲ ဖြစ်တာပဲ…
♉️🍁🩵
6:34pm/20.10.25
12/10/2025
တိမ်ပြာလေးရေ…
ချစ်ခြင်းမေတ္တာဆိုတာ
ဆန်းကြယ်သား
သူ့အကြောင်းတွေးလိုက်ရုံနဲ့
ရင်ခွင်တစ်ခုလုံး နွေးထွေးသွားရတာမျိုး
အပြုံးပန်းတွေဝေဆာသွားရတာမျိုးမလား
ဒါပေမယ့်
သူမချစ်တော့ရင်ကောဆိုပြီး
တွေးပူရတဲ့ ပူလောင်ခြင်းတွေတော့
ကင်းဝေးချင်ပါရဲ့….
နှလုံးသားကိုထုပ်ပိုးသိမ်းဆည်းပြီး
မချစ်တဲ့သူအနား
ဟန်ဆောင်ပြုံးနေရတာ
ပင်ပန်းရော့ပေါ့….
လွတ်လပ်ခြင်းဆိုတာ
လူတိုင်းနဲ့ထိုက်တန်ပါတယ်
ကိုယ်ထားရှိတဲ့ မေတ္တာတွေကြောင့်
မင်းလွတ်လပ်ပါစေ
ကိုယ့်လဲ လွတ်မြောက်ပါစေ ကွယ်…
♉️🍁🩵
3:28pm/12.10.2025
25/09/2025
အချိန်တန်
အိမ်ပြန်ရမယ့်
ဧည့်သည်တွေပဲလေ
တသက်တာလုံးအတွက်
ဘယ်မျှော်လင့်လို့ရပါ့မလဲ…
ကိုယ်က ချုပ်နှောင်ထားချင်တာမဟုတ်
စိတ်နှလုံးကော
ကိုယ်ပါလွတ်လပ်စေချင်တာ
မင်း… လွတ်လပ်ပါစေ
ကိုယ် လွတ်မြောက်ပါစေ ကွယ်….
♉️🍁🩵
3:49pm/ 25.09.2025
24/09/2025
ဝေးကွာတယ် ဆိုတာ
ဘယ်လိုမျိုးပါလိမ့််…
လူချင်းဝေးနေတာလား
နှလုံးသားချင်း တဖြည်းဖြည်း
ဝေးသွားတာလား….
သေချာတာကတော့
ခြားနားခြင်းတွေ ကာဆီးနေတာပါပဲ…
♉️🍁🩵
6:51pm/24.09.2025
23/09/2025
ချစ်ရတဲ့
တိမ်ပြာလေးရယ်..
ချစ်သေးလား
မေးရင် အရင်ကထက် ပိုချစ်တယ်
တနေ့ထက် တနေ့ ပိုပို ချစ်တယ်
ဒါပေမယ့်
တဘက်လူဝန်ထုပ်ဝန်ပိုးဖြစ်အောင်
အချစ်တွေကို ထုတ်မပြဖြစ်တော့ဘူး
ကိုယ့်အချစ်ကြောင့် တဘက်လူကို
စိတ်မကျဉ်းကြပ်စေချင်
ရွေးချယ်ရမခက်စေချင်
ဆုံးဖြတ်ရမခက်စေချင်
နောင်တ မရစေချင်ဘူး
ဘယ်သူမဆို
ကိုယ်ချစ်တဲ့သူအနားနေချင်မယ်
ချစ်တဲ့သူနဲ့ သက်ဆုံးတိုင်
ပေါင်းဖက်ချင်ကြမယ်
ကိုယ်လဲ ပုထုဇဉ်လူသားမို့ တူတူပါပဲ
ဒါပေမယ့်… ဒါပေမယ့် ပေါ့လေ
ကိုယ်ချစ်တဲ့သူ ပျော်ရွှင်နေတာပဲ မြင်ချင်တာပါ…
သူမပျော်တဲ့အခါ
ကိုယ်လဲ ဝမ်းနည်းရတယ်…
ဖတ်ဖူးတဲ့စကားစုလေးတစ်ခုလို
သူမချစ်တဲ့အခါ အသည်းတခြမ်းကွဲရပြီး
ကိုယ်မစွန့်လွတ်နိုင်တဲ့အခါ
နောက်တခြမ်းထပ်ကွဲရသတဲ့…
ဘယ်တတ်နိုင်ပါ့မလဲ
ချစ်နေမိတော့လဲ…
ဆက်ချစ်နေရုံပဲပေါ့…
♉️🍁🩵
9:28Am/23.09.2025
13/06/2025
တိမ်ပြာလေးရေ
ဖြစ်ချင်တဲ့ ဆန္ဒတွေကိုမျိုသိပ်
မင်း အနှောင့်ယှက်မဖြစ်အောင်
နုတ်ဆိတ်နေရတာကလဲ
အချစ်ပဲမဟုတ်လား.…
♉️🍁🩵
10:42Pm/13.06.2025
Click here to claim your Sponsored Listing.
Contact the business
Website
Address
Sittwe