Nadi Online Store

Nadi Online Store

Share

Good Quality & Fair Price

20/09/2022

(တစ်ချိန်ချိန် အသုံးဝင်လာမှာပါ /သင့်ဖုန်းထဲမှာ သိမ်းထားပါ)

၁။ ဆားအခတ်များသွားလျှင် အာလူးအလုံးလိုက် (၂/၄)လုံးထည့်ပါ။

၂။ ပဲပြုတ်သည့်အခါ စားချင်သဖွယ်....အိအိဖောင်းဖောင်း စိမ့်စိမ့်လေးဖြစ်အောင် ရေလဲပြီးသောအခါ ရေအနည်ငယ် ထည့်၍ ထန်းလျက်(၂)လုံးခန့် ထည့်ထားလိုက်ပါ။

၃။ ကန်စွန်းရွက်ကို အစိမ်းရောင်လေး အတိုင်းပဲ စားချင်သဖွယ်ဖြစ်လိုပါက အဖုံးမအုပ်ပဲ ကြော်ပါ။

၄။ ဒန်အိုးဒန်ခွက်များ ပြောင်စင်လိုပါက ဂေါ်ဖီထုတ်မှ အရွက်ကြမ်းဖြင့် ပွတ်တိုက်ပါ။

၅။ လက်ဘက်ရည်အိုး၊ခွက်၊ အစွန်း အထေးများပြောင်စင်လိုပါကဆော်ဒါ(သို့မဟုတ်-လက်ချားအမှုန့်)ထည့်ပြီး ညသိပ်ထားပါ။

၆။ အိမ်သာကြွေခွက်,ကျောက်ပြားများ သန့်ရှင်းလိုပါက လက်ချားမှုန့်နှင့်ရှောက်ရည် ရောစပ်ပြီး ပွတ်တိုက်ပါ။

၇။ ယင်ပေါလျှင် ဖယောင်းတိုင် (၂)တိုင် ထွန်းပါ။

၈။ အင်္ကျီကော်လံမှ ဆီချေးများကို ရှန်ပူခေါင်းလျှော်ရည်ဖြင့်ပွတ်တိုက်လျှော်ပါ။

၉။ ပုရွက်ဆိတ်မလာလိုသော်ကန့်မှုတ်ကို နည်းနည်းဖြူးပေးပါ။

၁၀။ ဟင်းရဲ့အနံ့အသက် လက်မှာစွဲ နေလျှင်မာလကာရွက်နဲ့ ပွတ်တိုက်ပေးပါ။

၁၁။ အာလူးနွမ်းပြီး မလတ်ဆတ်သော် မှန်ရောင်သကြားအနည်းငယ် ထည့်ပြီး ပြုတ်ပါ လတ်ဆတ် တဲ့အာလူပြုတ်လိုပဲ အရသာကောင်းပါလိမ့်မည်။

၁၂။ ဟင်းချိုလိုသော်..ဘူးသီးခြောက်ခတ်ပြီးသောက်ရင်ချိုပါသည်။

၁၃။ မီးပူလောင်သော်ကွမ်းရွက်နဲ့သကြားကို ရောကြိတ်ပြီးအုံပါ။

၁၄။ အဝတ်မှင်စွန်းသော်...ရေနံဆီသန့်သန့် အစက်ချဆွတ်ပြီးဆပ်ပြာနဲ့ လျှော်ဖွတ်ပါ။

၁၅။ ကြမ်းပိုးရှိသော်.....ရေနံဆီနဲ့ မကြာမကြာကြမ်းတိုက်ပါ။

၁၆။ ခံတွင်းနံ့မကောင်းသော်...သွားပွတ်တံမှာ ပရုတ်ရည် တစ်စက်နှစ်စက်ထည့်ပြီးသွားတိုက်ပါ။(သို့မဟုတ်)ပရုတ်မှုန့်ထည့့်ပြီးသွားတိုက်ပါ။

၁၇။ ဟင်းများဆားငန်သော်...မီးခဲရဲရဲ တစ်ခဲထည့်ပါ။(၂)မိနစ်ခန့်ကြာ၌ပြန်ထုတ်ယူပါ။

၁၈။ ကွမ်းသွေးစွန်းသော်....ခရမ်းချဉ်သီးပွတ်တိုက်ပေးပြီးလျှော်ပါ။

၁၉။ နွားနို့မချဉ်အောင်ထားလိုသော်နွားနို့ထဲသို့ ငရုတ်သီးစိမ်း(၃)တောက် အညှာဖြုတ်ပြီးထည့်ထားပါ။

၂၀။ ပရွတ်ဆိတ်များမလာလိုသော် သခွားသီးအားပါးပါးလှီးပြီးချထားပါ။

၂၁။ ဖန်ဖွက်ထဲ ရေနွေးပူပူထည့်လိုသော် ဇွန်းတစ်ချောင်းကို ဖန်ခွက်ထဲ အရင်ထည့်ပြီး ရေနွေးပူပူ ဖြေးဖြေးထည့်ပါ။

၂၂။ သံချေးစွန်းသော် အကြမ်းပန်းကန်တစ်လုံးခန့် ဆန်ပြုတ်၍ စွန်းသောအဝတ်ကို (၅)နာရီခန့် စိမ်ပြီး ဆပ်ပြာဖြင့် ဖွတ်လျှော်ပါ။

၂၃။ ကြွက်များပြေးလိုသော် ရှိန်းခိုကိုရေဖျော်၍ ကြွက်လာ လမ်းတွင်ဖျန်းထားပါ။

၂၄။ ခေါင်းတစ်ခြမ်းကိုက်သော် ထောပတ်အနည်းငယ် ရှုပါ။

၂၅။ ဒူးရင်းသီးတောက်သော် ဒူးရင်းသီးအခွံထဲရေထည့်၍ သောက်ပါ။ရေဝအောင်ချိုး၊မင်းကွတ်သီးစားပေးခြင်း တို့ဖြင့် ပျောက်ကင်းပါသည်။

၂၆။ ပိုးဟပ်ပြေးလိုသော် လေးညှင်းပွင့်များထောင်း၍ ဖြူးထားပါ။

၂၇။ မှိုနှင့်တညင်းသီးတောက်သော် တောက်တာဥကို ဆန်ဆေးရည်နှင့်သွေး၍ သောက်ပါ။

၂၈။ သံပုရာသီး ကြာရှည်ထားလိုသော်ပုလင်းသန့်သန့်ဖြင့် လေလုံအောင်ထားပါ။

၂၉။ ခေါင်းကိုက်သော်လက်ဘက်ရည်ကျကျကျိုပြီးသားထဲသံပုရာရည်ညှစ်ပြီးသောက်ပါ။

၃၀။ မျက်နှာလှပလိုသော် မျက်နှာမသက်မှီ သံပုရာသီးကို ထက်ခြမ်းခွဲ၍ မျက်နှာပွတ်ပေးပြီး ရေနွေးနွေးဖြင့် ဆေးပါ အဖုအပိမ့်ကင်းစင်ပြီး ချောမွေ့စေမည်။

၃၁။ ခရီးသွား ကားမူးသော် ချက်ကို ပလာစတာလုံအောင်အုပ် ကပ်ပြီးခရီးသွား ကားမမူးပါ။

၃၂။ ဆီးချိုရောဂါ အမြစ်ပြတ်လိုသော်ဆလတ်ရွက်ကို နေ့စဉ်ထမင်းစား တိုင်းတို့စရာအဖြစ်စားပါ။

၃၃။ ရှောက်ပင်အသီးတင်လိုသော် ပင်စည်ကို အမဲရိုးများနဲ့ ကြပ်စည်းပေးပါ။

၃၄။ ဒူးနာသော် ဘဲဥအကာလိမ်းပါ။

၃၅။ အနံ့ဆိုးကင်းလိုသော် အိမ်သာ(သို့မဟုတ်) ငါးပိ,ငါးခြောက်ထားရာ လူမမာရှိရာအိမ်၏ မီဖိုချောင်ထဲမှာ ကျောက်ဖရုံသီးကို အပ်များဖြင့် အပေါက်ဖောက်၍ ချိတ်ဆွဲထားပါ။ကျောက်ဖရုံသီးကား ညှော်နံ့နှင့် အနံ့ဆိုးများကို စုပ်ယူသည်။

C. R. D
ToOriginalUploader

02/09/2022
Photos from Nadi Online Store's post 05/08/2022

Magnetic nose clip ( အဟောက်ရပ်တဲ့စက်)

Price _ 8000 ကျပ် ( 2 ခုပါ တစ်စုံစျေး )

💤 ဟောက်ခြင်း - ဆူညံသံများ - ညတိုင်း 💤

🚫 ဟောက်တာရပ်တဲ့ စက်နဲ့ဆိုရင် ဟောက်တာက ပြဿနာတစ်ခု မဟုတ်တော့ပါဘူး။

အဟောက်စက်က ဘာလုပ်ပေးတာလဲ 👇👇👇

✅ အသက်ရှူသွင်းခြင်းကို ပုံမှန်ဖြစ်စေပြီး- ဟောက်တာကို လျှော့ချပေးခြင်း

✅ ကောင်းစွာ အိပ်ပျော်စေတယ်။

✅ ကိုယ်နဲ့ ကိုယ်ချစ်ရတဲ့သူတွေကို ညဘက်မှာကောင်းကောင်း အိပ်ပျော်စေတယ်။

✅ ကျန်းမာရေးကို ကောင်းမွန်စေတယ်။

✅ S စီလီကွန်နဲ့ လုပ်ထားပြီး ဘေးကင်းလုံခြုံတယ်။

မှာယူလိုပါက cb or
📲 09 894 629 911

13/06/2022

#လျှော့သုံးဖို့ထက်တိုးရှာနိုင်အောင်လုပ်လေတဲ့...

စီးပွားရေးမှာ သိပ်အားကျရတဲ့သူတယောက်ရှိတယ်
သူပြောဖူးတဲ့ စကားတစ်ခု...

လူတယောက်က တစ်လဝင်ငွေ ၁သိန်းရတယ် ဆိုပါတော့
တစ်လ ကို ၅သောင်းသုံးတယ် ..

သူ တစ်လ ဝင်ငွေ ၅သောင်းပဲရတော့တဲ့အခါ
ဘာလုပ်မလဲတဲ့..

ကိုယ် ထင်ခဲ့တာ
အသုံးစရိတ်ကို တဝက်လျှော့သုံးမယ်ပေါ့..

သူ ရယ်တယ်
အဲ့လိုတွေးရင် သူဌေးမဖြစ်တော့ဘူး..

တစ်လကို ၅သောင်း အသုံးစားရိတ်ရှိနေရင်
ငါအမြဲ ဒီလိုသုံးနိုင်အောင် ဘယ်လိုရှာရမလဲ ...

တွေးရတယ်..

#လျှော့သုံးဖို့ထက်တိုးရှာနိုင်အောင်လုပ်လေတဲ့...

စောစောကပြောတော့ ဝင်ငွေက
တဝက်ကျသွားတာဆိုလို့ ပြန်မေးတော့
သူ ထပ်ရယ်တယ်...

ဒီစီးပွားက ငွေဝင်နည်းရင်
အခြားတစ်ခုကိုရအောင်ကြံပေါ့
အချိန်တိုင်း ကြံစည်နေရမှာပဲလေ...

လူဆိုတာ မွေးစကနေ သေသည်အထိ
ပြေးလမ်းပေါ်မှာ ပြေးနေသလိုပဲ
ပူလောင်လိုက်တာ မညည်းနဲ့
အေးချမ်းချင် တရားရိပ်ခိုလိုက်တဲ့...

အဲ့ဒီလူဟာ အသက် ၂၃ နှစ်မှာ
စက်လှေအစီး ၈၀ ပိုင်တဲ့ Company ရဲ့
Director ဖြစ်နေပြီ ...

သူငယ်ငယ်က သူ့မိသားစုက
စက်လှေ ၁ စီးထဲနဲ့ ငါးဖမ်းလုပ်ငန်းလုပ်ခဲ့သူတွေ..

သူ့ဘဝမှာ ရုပ်ရှင်ရုံလဲ မသိဘူး..
ပန်းခြံလဲ မသိဘူး..
အချစ်ကိုလဲ ဦးစားမပေးခဲ့ဘူး..
အလုပ်ချိန် ချစ်သူကို သတိရမိရင်တောင်
မင်းကြောင့် ငါ အာရုံစိုက္မရဖြစ်တယ်ကွ ဆိုပြီး
လှမ်းဆဲတတ်တဲ့သူမျိုးး...

သူ့မှာ...
လူငယ်ဘဝလဲ ဆုံးရှုံးတယ်
ပျော်စရာဆိုတာ မရှိသလောက်ပဲ..

ဒီလို နေရတာ ပျော်ရဲ့လား?
ဘဝက ဘာအဓိပ္ပါယ်ရှိမလဲ ကိုယ်မေးတော့...

အနည်းဆုံးတော့ ..

ကိုယ့်ညီတွေကို ..
နိုင်ငံခြားမှာ ကျောင်းထားနိုင်တယ် ..
ဆင်းရဲသူတွေကို ပေးနိုင်လှူနိုင်တယ် ..
မကျန်းမာတဲ့အခါ ကုနိုင်တယ် ..
ဆွေမျိုးတွေကို ထောက်ပံ့နိုင်တယ်...

တစ်နေ့ သားသမီးရှိလာရင် ပြည့်စုံမှု့ပေးနိုင်တယ်လေ
ငွေမရှိပဲ ငယ်ဘဝကိုပေါ့ပေါ့ပါးပါး ပျော်နေခဲ့မယ်ဆို
အတ္တကြီးရာ ကျတာပေါ့တဲ့...

ဘဝမှာ တခုပဲရမယ်...

အောင်မြင်မှုလားး အေးချမ်းမှုလားး
နှစ်ခုလုံးလိုချင်လို့တော့ မရဘူး
ကြာလာလေ သဘောပေါက်လာလေပဲ...

ထမင်းကြမ်းကို ယပ်ခပ်စားရတာ
ပြဿနာမဟုတ်ပေမယ့်...

ကိုယ်ချစ်တဲ့သူတွေ မပြည့်မစုံဖြစ်တာ
ထိုင်ကြည့်ရတဲ့အခါတော့ အတော့်ကို နာကျင်ရတယ်..

သူများစားရင် ကျွေးချင်တယ်..
သူများဝတ်ရင် ဆင်ချင်တယ် ..
သူများပေးရင် ကိုယ်လဲပေးချင်တယ် ...

ဒါဟာ လောဘ ဆိုရင်
ဟုတ်တယ် " ကျနော် "သိပ်
လောဘကြီးတာပဲ...

Photos from Nadi Online Store's post 06/06/2022

တူရာထည့် သစ်သားကဒ်
တစ်ချပ်

💖 အောက်ခံ မှာပါ ပုံလေးတွေ ပါတာမို့ သားသား မီးမီး တို့ အလွယ်တကူ မှတ်မိစေပါတယ်.
💟 ကစားရင်း နဲ့ ဝေါဟာရ တွေ အများကြီး သိစေနိုင်ပါတယ်

💝 ပုံတူ ဆိုဒ်တူ တာ ပြန်ထည့်ရတာမို့ မျက်လုံး လက် ဦးနှောက် ၃ မျိုး ဟန်ချက်ညီညီ လုပ်နိုင်စွမ်း ပိုမို တိုးတတ် ကောင်းမွန်လာစေပါတယ်ရှင့်

ပုံလေးတွေ မှတ်ပီး သူ့နေရာနဲ့သူ အံဝင်အောင်ပြန်ထည့်ရတာမို့
ကလေးတို့ အာရုံ စူးစိုက်မှူအားကောင်းပီး ပုံလေးတွေ မှတ်မိစေပါတယ်

လက်ကိုင်ဘုလေးကို ကိုင်ပြီး ပြန်ထည့်ရတာမို့ လက်ညိုးလက်မ အားပြုမှူရှိတာကြောင့် လက်ချောင်းလေးတွေ ပိုမို သန်မာလာစေပီး ခဲတံကိုင်ဖို့ အထောက်အပံ့ကောင်းဖြစ်စေပါတယ်နော်

အပြင်ပုံ ပြပေးထားပါတယ်

🤗 ပစ္စည်း အသင့်ရှိပီး ဈေးနှူန်းချိုသာစွာဖြင့် လက်လီလက်ကား ရောင်းပေးနေပါတယ်ရှင့်

🟢ရန်ကုန်မှ အမြို့မြို့အနယ်နယ်ပို့ဆောင်ပေးပါတယ်ရှင့် အိမ်ရောက်ငွေချေ ရပါတယ်ရှင့် kpay လဲရပါတယ်

🟢အိမ်အ‌ရောက်ငွေချေမရတဲ့မြို့လေးတွေကတော့ဂိတ်တင်ပေးပါတယ်

#လက်လီ_လက်ကားရပါတယ်ရှင့်
#မြို့ပေါင်း၃၀၀ကျော်ကိုအိမ်ရောက်ငွေချေစနစ်ဖြင့်ပို့ပေးနေပါပြီ

👉 မှာယူလိုပါက - လိပ်စာ နှင့် ဖုန်း နံပါတ် ကို messager (သို့) 📞 ဖုန်း 09 894 629 911 / 09 775 845 311 ကို လဲ ဆက်သွယ် မှာယူနိုင် ပါတယ်။

ဝယ်ယူအားပေးသူ တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်း ကျေးဇူးတင်ပါတယ်ရှင့်🥰😍

31/05/2022

ဝါးရုံတစ်ခုထဲမှာရှိတဲ့ ဝါးနှစ်ချောင်းမှာ
တစ်ချောင်းက ပုလွေ ဖြစ်သွားပါတယ်။
နောက်တစ်ချောင်းက အဝတ်လှန်းတဲ့
တန်း ဖြစ်သွားပါတယ်။

အဝတ်တန်းဝါးက မကျေမနပ်
ပုလွေကိုလှမ်းမေးပါတယ်။
ငါတို့က ဝါးရုံတစ်ခုထဲဖြစ်ရဲ့သားနဲ့
ငါက လေထဲမိုးထဲနေရပြီး ဘာမှတန်ဖိုးမရှိဘူး။
မင်းကျတော့ တန်ဖိုးမြင့်နေတာက ဘာ့ကြောင့်လည်း?

ပုလွေ ပြန်ဖြေလိုက်တာက

မင်းက ဓါးတစ်ချက်ပဲ အခုတ်ခံရတယ်
ငါက ဓါးအချက်ပေါင်းများစွာ အခုတ်ခံရပြီးမှ
လက်ရာမြောက်စွာ တန်ဖိုးထားခြင်းခံရတာလေ။

အဲ့ဒီတော့မှ အဝတ်တန်းက
နှုတ်ဆိတ်သွားပြီး တစ်ခုတွေးလိုက်မိတယ်။

သြော် - - -
တန်ဖိုးမြင့်နေတဲ့ သူတိုင်းက ဒဏ်ရာပေါင်းများစွာ
အလူးအလဲ ခံခဲ့ရတာပါလားလို့ပေါ့။

လူ့ဘဝ ဆိုတာလည်း ဒီလိုပါပဲ
*အခက်အခဲ အတားဆီး များစွာကျော်ဖြတ်ရတဲ့ ဒဏ်
*နားလည်ပေးနိုင်သူ မရှိလို့ အထီးကျန်ဆန်တဲ့ ဒဏ်
*ဝိုးတဝါး အခြေနေအောက်မှာ တာဝန်ယူရတဲ့ ဒဏ်
*ဘဝပေး ကံကြမ္မာကြောင့် တွေ့ဆုံကွေကွင်းရတဲ့ ဒဏ်

ဒဏ်ပေါင်းစုံကို
အပြုံးနဲ့ရင်ဆိုင်ဖြေရှင်း
ကျော်လွှားနိုင်ပါမှ ဘဝက တန်ဖိုးရှိမှာပါ။

ဒါ့ကြောင့်မို့
သူများတွေ အောင်မြင်နေတာ တွေ့ရရင်
မနာလို ဝန်တို မဖြစ်မိပါစေနဲ့
သူ့မှာ ဒါဏ်ရာတွေ နာကျင်မူ့တွေနဲ့ ပေးဆပ်ထားရတာ
တွေပိုများလို့ပါ ။

- ပြန်လည်မျှဝေသည်။

28/05/2022

#အရှုံးမပေးနဲ့.....
📍📍📍📍📍📍

📍မိန်းမတစ်ယောက်ရဲ့တန်ဖိုးကိုသိချင်ရင် သူဘေးကယောက်ျားကို ကြည့်ပါ၊ ခပ်နုံနုံမိန်းမတစ်ယောက်ကို ခပ်ချာချာယောက်ျားတစ်ယောက်က လူကြားထဲထုတ်မပြရဲကြဘူး။ လူသိခံရ
မှာ အရမ်းကြောက်တတ်ကြတယ်။

📍ယောကျာ်းတစ်ယောက်ရဲ့ ရင်ခွင်ဟာ မိန်းမတစ်ယောက်
အတွက် အမြဲထာဝရလား မသေချာပါဘူး၊ ယောက်ျားတစ်ယောက်ရဲ့ပုခုံးဟာ မိန်းမတစ်ယောက်အတွက် ထာဝရခိုနားခွင့်လား မသေချာပါဘူး။

📍ချစ်စတုန်းက အားကိုးပါနော် ဆိုတဲ့စကားကအရမ်းချိုမြိန်ကြည်နှုးရပေမယ့်. အားကိုးပါကနေ မင်းဘာနားလည်လို့လဲ တစ်ခွန်းနဲ့တင်ပြောင်းလဲသွားတဲ့ စကားတွေကြားမှာ အရင်စကားတွေပြန်တမ်းတနေရင်မျက်ရည်ကျနေလိုလဲ အပိုပါပဲ၊

📍တစ်ခုခုဖြစ်လာမှ ကိုယ်ကိုကိုယ့် ပြင်ဆင်မယ်ဆို ပြန်ထဖို့ အချိန်တွေ နောက်ကျကုန်မယ်၊

📍ယောက်ျားတစ်ယောက်ကို မှီခိုအားကိုးနေထိုင်ရတဲ့မ်ိန်းမ
တစ်ယောက်ရဲ့ နေ့စဉ်ဘဝကို အားမကျပါနဲ့၊

📍ဘယ်အရာမဆို ကိုယ်ကိုကိုယ့် အားကိုးတတ်တဲ့စိတ်မွေးပြီး ငွေရေးကြေးရေးကိစ္စ အပါအဝင် ဘယ်လိုအကြောင်းအရာမျိုးမဆို နည်းနည်းပိုသိအောင် ကြိုးစားကြည့်ပါ၊

Credit.
ပြန်လည်မျှဝေပါတယ်ရှင်📍Sunshine

Photos from Nadi Online Store's post 25/05/2022

🔆Nano spray gun
✅Price 38000 (Ygn Cod Instock)
✅Covid အချိန်မှာဒါလေးတလက်မဖြစ်မနေ၀ယ်ထားသင့်တယ်နော်

✅အိပ်ခန်း ၊ ကား ၊ မိဖိုးချောင် နဲ့မိမိတို့နေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းလေးတွေ၊ အပြင်ထွက်ပြီး အိမ်ထဲပြန်သယ်လာမယ့်ပစ္စည်းလေးတွေ စတာတွေ ကို ပိုးသတ်ဖို့အတွက် spray gun လေး ပါ

🏘️🏘️အိမ်တိုင်းတစ်ခုလောက်ဆောင်ထားသင့်တဲ့ Virus ပိုးမွှားလေးတွေ သတ်ပေးတဲ့ Nano Blue Light Atomizer လေးပါ
🧴Gun ကထုတ်တဲ့ Rays ကြောင့်
ပိုးမွှားတွေ သေစေပါတယ်
🧴သာမန် Spray ဘူးထက် Save ဖြစ်ပါတယ်
🧴Dettol အရည် / အရက်ပျံ လိုမျိုး Hand Spray
အရည် Type အကုန်ထည့်သုံးလို့ရပါတယ်
🧴ရေက အမှုန်သေးသေးလေးတွေထွက်တာ
ဆိုတော့ တော်ရုံနဲ့ အထဲက အရည်က မကုန်ဘူးမို့ အကုန်အကျသက်သာပါတယ်
🧴အငွေ့သာသာ ရေမှုန်လောက်ပဲထွက်တာမို့
အဝတ်အထည် နဲ့ အိပ်ယာခင်းတွေအထိ တစ်အိမ်လုံး
လိုက်ဖျန်းချလို့ရပါတယ်
🧴800 ml ဆန့်ပါတယ်နော်
✅ Charging ကြိုးပါပါတယ်
အသုံးပြုရလွယ်ပါတယ်
သူ့မှာပါတဲ့ခလုတ်လေးနှိပ်ပြီးဖျန်းရုံပါပဲ

📲09 894 629 911

20/05/2022

မိန်းကလေးအများစုဟာ သိပ်ရိုးရှင်းတဲ့ ယောကျာ်းသဘာဝကို နားမလည်ကြတာ အံ့သြစရာကောင်းတယ်။
မလေ့လာလို့ မသိကြတာဖြစ်သလို မသိချင်လို့ကို
မသိကြတာ လည်းဖြစ်နိုင်တယ်။
လက်တွေ့ကျတဲ့ သဘာဝထဲက ယောကျာ်းတွေကို
မကြည့်ဘဲ ရုပ်ရှင်တွေ၊ဝတ္ထုတွေထဲက
စူပါဟီးရိုးယောကျာ်းတွေကို မြင်ထားပြီး
သူ့တို့စိတ်ကူးထဲက အမျိုးသားဟာ
စင်းလုံးချောတွေဖြစ်သွားရော။

တကယ်တော့ ယောက်ျားတွေကလည်း မိန်းမတွေအကြောင်းသိပ်မသိပါဘူး။
ဒါပေမယ့် လိုအပ်သလောက်တော့ သိကြတယ်။ယောကျာ်းနဲ့မိန်းမမှာ အညှာအကိုင်ခံရတာ၊အကြပ်ကိုင်ခံရတာဟာ မိန်းမတွေများတယ်။အကြပ်ကိုင်ခံရတယ်ဆိုတာ အညှာကိုင်ခံရတယ်ဆိုတာ ကိုယ့်ပျော့ကွက်ကို သိထားလို့ပဲ။

မိန်းမတွေဟာ ယောက်ျားအကြောင်းတော်တော်များများကိုသိတယ်။ဒါပေမယ့် အဓိကကျတဲ့အရာတွေကို မသိကြဘူး။ယောကျာ်းတွေက မိန်းမအကြောင်းတော်တော်များများကိုမသိဘူး။
ဒါပေမယ့် အဓိကကျတာတွေကို သိတယ်။

မိန်းမတွေဟာ ယေဘူယျအခြေအနေမှာ
သိပ်အလျှော့ပေးလေ့မရှိဘူး။
ဒါပေမယ့် မိန်းမတစ်ယောက်အလျှော့ပေးလိုက်ရရင် သိပ်သနားဖို့ကောင်းတယ်။
သူတန်ဖိုးထားတဲ့ တစ်ခုခုဆုံးရှုံးသွားမှာစိုးလို့ သူထွေးပိုက်ထားတဲ့ မာနကို အကွဲအကြေခံလိုက်ရတာမျိုးလေ။

ယောကျာ်းတွေက ယေဘူယျအခြေအနေမှာ
သိပ်အနိုင်ယူလေ့မရှိဘူး။ဒါပေမယ့် ယောကျာ်းတစ်ယောက်အနိုင်ယူပြီဆိုရင် သိပ်ကြောက်ဖို့ကောင်းတယ်။ရက်စက်ပြတ်သားခြင်းတွေနဲ့။

သမီးရည်းစားတွေ၊လင်မယားတွေရဲ့ လူမှုရေးပြဿနာတွေ တော်တော်များများမြင်ဖူးတယ်။
များသောအားဖြင့် အိမ်ထောင်ရေးတစ်ခုမှာ
မိန်းမက နိုင်သယောင်ရှိတယ်။
ဘာကြောင့်လဲဆိုတော့ လူကြီးလူကောင်းပီသတဲ့
အမျိုးသားတွေသာ စိတ်နုနယ်တဲ့ အမျိုးသမီးတွေကို ညှာတာထားလို့ပဲ။
"ချစ်လို့၊ကြောက်လို့၊မကွဲရဲလို့”စတဲ့ အကြောင်းပြချက်တွေကြောင့်မဟုတ်ဘူး။
မိန်းမတစ်ယောက်ကို ညှာတာသင့်တယ်ဆိုတဲ့
ယောကျာ်းကောင်းစိတ်နဲ့ ညှာတာရုံပါ။
ဒါကို အမျိုးသမီးတချို့က အယူအဆမှားပြီး
"ဒီယောကျာ်း ငါ့ကိုကြောက်တယ်”လို့ ထင်ကုန်တာ တော်တော်ဆိုးတယ်။

ယောကျာ်းတစ်ယောက် အရည်အချင်းရှိလာရင် ရွေးချယ်စရာတွေများလာတယ်။တစ်စုံတစ်ခုကို ပြင်းပြင်းပြပြစွဲလန်းတယ်ဆိုတဲ့ စွဲလန်းမှုနယ်ပယ်ထဲမှာ
မရှိကြတာများတယ်။
မင်းဘယ်လောက်ပဲဆိုးဆိုး၊မင်းဘယ်လောက်ပဲ
အနိုင်ယူယူ မင်းမှမင်းပဲဆိုပြီး တွယ်ကပ်နေဖို့ဆိုတာ
ဖြစ်နိုင်ခြေနည်းတယ်။
မင်းအလှမှာ သာယာတဲ့စိတ်ထက် မင်းအကျင့်ဆိုးကို စိတ်ပျက်တဲ့ စိတ်က ပိုများသွားရင်
မင်းကိုကျောခိုင်းမှာပါပဲ။

ယောကျာ်းတစ်ယောက်ကို ပုံပြီး ယုံကြည်လိုက်တာဟာ ဦးထုပ်မဆောင်းဘဲ ဆိုင်ကယ်စီးသလိုပဲ။
ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး။
ဖြစ်ပြီဆိုရင်လည်း ပြင်းထန်တဲ့ ဒဏ်တွေရမယ်။
အစိုးမရတဲ့အရာပေါ် မှာ 100%ပုံပြီး
ယုံကြည်မိရင် မင်းမှားတယ်။မင်းညံ့တယ်။

ယောကျာ်းအများစုဟာ မိန်းမကို ချည်းကပ်တဲ့အခါ သူ့ခြေထောက်ပေါ်သူရပ်မယ်လို့ ခံယူပြီးမှ
ချဉ်းကပ်တာများတယ်။
ဒီမိန်းမမရှိတော့ရင်လည်း သူလဲပြိုစရာမရှိဘူး။
အစကတည်းက ကိုယ့်ခြေထောက်ပေါ်
ကိုယ်ရပ်နေတာလေ။

ဒီတော့ မိန်းမတစ်ယောက်သည်လည်း ယောကျာ်းတစ်ယောက်အပေါ် ယုံကြည်အားကိုးပြီး ဘဝတစ်ခုလုံး ပစ်မှီလိုက်တာမျိုးမလုပ်သင့်ဘူး။သူဖယ်လိုက်တာနဲ့ မင်းပြိုလဲသွားမှာ။
ယောကျာ်းတစ်ယောက်ပေါ် ဘဝတစ်ခုလုံး မှီခိုထားတဲ့ မိန်းမတွေဟာ အဲ့ဒိယောကျာ်းကို သူတို့စိတ်တိုင်းကျဖြစ်ဖို့ စချယ်လှယ်တော့တာပဲ။
သူမှာက ရွေးချယ်စရာမရှိတော့ဘူး။
Plan Bမရှိတော့ဘူး။ဒီယောကျာ်းကိုပဲ ကိုယ့်စိတ်တိုင်းကျဖြစ်အောင် ပြုပြင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။(ကိုယ့်ကိုယ်ကို ပြုပြင်ဖို့ မေ့နေရင်းနဲ့)

ကိုယ့်ကိုယ်ကို ပြုပြင်ဖို့တောင် သိပ်ခက်တာလေ။ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်ကို ပြုပြင်ဖို့ဆိုတာ အစိုးမရတဲ့ အနတ္တပါပဲ။
ပြုပြင်လို့ရချင်လည်း ရမှာပေါ့။မရချင်လည်း မရဘူး။မသေချာဘူး။
အဲ့ဒိ မသေချာမှုကြီးပေါ်မှာ ဘဝကို ပစ်တင်ထားတော့ အဲ့ဒိအမျိုးသမီးရဲ့ စိတ်ထဲမှာ
သံသယတွေနဲ့။ပူပန်ခြင်းတွေနဲ့။
ငြူစူမှုတွေနဲ့။စိတ်ပျက်စရာ အမျိုးသမီးဖြစ်လာတယ်။

မိန်းမတွေဟာ ဒီယောကျာ်းမှလွဲ၍ နောက်လူဆိုတာမရှိ။ဒီယောကျာ်းကိုပဲ ရအောင်ပြုပြင်မယ်။လမ်းခွဲဖို့ လုံးဝတွေးမထားဘူး။
ဒါကိုပဲ သစ္စာတရားရယ်လို့ အဲ့လိုအမျိုးသမီးက
ထင်တယ်။အနတ္တကို လက်မခံရဲရင် ၊ဘယ်အခြေအနေဖြစ်ဖြစ် လက်ခံရဲတယ်ဆိုတဲ့ သတ္တိမရှိရင် မင်းဟာ မစခင်ကတည်းက ရှုံးနှင့်နေပြီးသားပါ။

ယောကျာ်းတွေကကျတော့ မိန်းမတစ်ယောက်ကို
ပြုပြင်ထိန်းကျောင်းဖို့ မကြိုးစားဘူး။
မကြိုက်တော့ရင် ပယ်မယ်။
သည်းမခံနိုင်တော့ရင် လမ်းခွဲမယ်။
ဒါကို အဲ့လိုအမျိုးသမီးတွေက သစ္စာမဲ့ခြင်းလို့
ဆိုကြမယ်ထင်ရဲ့။

ယောက်ျားတိုင်းဒီလို၊မိန်းမတိုင်းဒီလိုလို့ ကျနော်
သတ်မှတ်တာမဟုတ်ဘူးနော်။အတွေ့များတဲ့
ယေဘူယျသဘောကို ဆွေးနွေးရုံပါ။
ယောကျာ်းတွေက ကောင်းပြီး မိန်းမတွေက
မကောင်းဘူးလို့ ပြောလိုတာမဟုတ်ဘူးနော်။
ဘယ်တော့မှ တစ်ဖက်သက်မရေးချင်တာ ကျနော့်ဗီဇပါ။ဒီစာဟာ အမျိုးသမီးအကြောင်းကို high lightအနေနဲ့ ရေးတဲ့စာမျိုးမို့ပါ။

"ဘယ်သူမပြုမိမိမှု၊မိမိကိုသာ ကိုးကွယ်ရာ”စတဲ့ ခံယူချက်ကို ပိုင်ဆိုင်မယ်ဆိုရင် တစ်ဖက်ကို အပြစ်မြင်ဖို့ထက် ကိုယ့်ကိုယ်ကိုဆင်ခြင်ဖို့ ပိုအားကောင်းသွားမယ်။ယောကျာ်းတွေက မကောင်းဘူးလို့ တွေးမယ့်အစား ယောကျာ်းနဲ့ မိန်းမ ကွာခြားချက်က ဘာလဲလို့ လေ့လာရမယ်။လမ်းခွဲရဲတဲ့ သတ္တိရှိမှ ပေါင်းစပ်ကြည့်ပါ။ဘဝဟာ တစ်ခါသုံးမဟုတ်ဘူး။
"တည်မိတဲ့ ဘုရား လင်းတနားနား”ဆိုပြီး ဘဝတစ်ခုလုံး ကြိတ်မှိတ်နစ်မွန်းနေစရာလည်း မလိုဘူး။

ကိုယ်က one night standပဲလို့ ရည်ရွယ်ထားရင်တောင် ပါဖြောင့်သလား၊ဘော်ဒီတောင့်သလား၊ရောဂါကင်းသလား၊အိပ်နေတုန်း ပစ္စည်း"မ”ပြေးကောင်လားလို့ အကဲခတ်ရတယ်။
ရည်းစားအဖြစ်လက်တွဲဖို့ဆိုရင် ၊လင်အဖြစ် ရွေးချယ်ဖို့ဆိုရင် ထပ်လေ့လာရပြန်တယ်။
မိမိအကဲခတ်မှားလို့ ယူပြီးမှ အဲဒိကောင် စောက်ကျင့်မကောင်းရင် လမ်းခွဲရဲရတယ်။

မနေ့က အမျိုးသမီးတစ်ယောက် ကျနော့်ကို
ရင်လာဖွင့်တယ်။
"သူ ၁၅နှစ်သမီးမှာ ၂၅အရွယ် guideဆရာက rapeလုပ်တယ်တဲ့။အသက်မပြည့်တာမို့ သူသဘောတူလည်း ဒါမုဒိန်းမှုပဲ။
စကျူးလွန်ခံရချိန်မှာ သူသဘောမတူခဲ့ဘူး။
နောက်ကျတော့ ယောကျာ်းမာယာကြောင့် သူကျရှုံးသွားတယ်။မိဘကိုလည်း ဖွင့်မပြောဘူး။
အဲ့လူနဲ့ ခိုးပြေးတယ်။အဲ့ဒိယောကျာ်းက ဘာအလုပ်မှမလုပ်ဘူး။သူ့မိဘအိမ်မှာ ထိုင်စားတယ်။ သူ့ မိဘအိမ်မှာ သူထိုင်စားတာ သူ့အတွက်ပြဿနာမရှိပေမယ့် မယားအနေနဲ့ကျတော့ မျက်နှာငယ်ရတယ်။ယောက္ခမရဲ့ အိမ်အလုပ်ကို သိမ်းကျုံးလုပ်ရတယ်။
၁၈နှစ်သမီးမှာ အိမ်ခွဲနေပြီး သူက အလုပ်လုပ်တယ်။ယောကျာ်းက ထိုင်စားတယ်။
ချဲရောင်းတော့ ဝင်ငွေဖြောင့်တယ်လေ။
ဆိုင်ကယ်တွေဘာတွေဝယ်တယ်။
ယောကျာ်းက ပေါင်စားပစ်တယ်။
သောက်စားတယ်။လောင်းကစားလုပ်တယ်။
မိန်းမက အပြစ်တင်တော့ မိန်းမကို ရိုက်တယ်။
ကွာရှင်းဖို့ပြောတော့ မကွာရှင်းပေးဘူး။
အဲ့ဒိအမျိုးသမီးက နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ရတယ်။သမီးတစ်ယောက်ရှိတယ်။
အဲ့ဒိအဖေနဲ့ ကျန်ခဲ့တယ်။မိန်းမက နိုင်ငံခြားကနေငွေပို့ရတယ်။သူက ထိုင်စားတယ်။
အဆိုးဆုံးက သမီးက အေမကိုမခ်စ္ဘူး။
အဖေကို ပိုချစ်နေတယ်။အဲ့ဒိအမျိုးသမီး
နိုင်ငံခြားထွက်တာ ၄နှစ်ရှိပြီ။
အိမ်ထောင်သက်အတွင်းမှာ လင်လုပ်စာကို မစားဖူးပါဘူးတဲ့။ကျနော်က ခပ်ကြမ်းကြမ်းရေးပြတာ။ဒီအကြောင်းကို သူရင်ဖွင့်တော့ ငိုသံနဲ့။
နာနာကျင်ကျင်ပြောပြတာ။

အကယ်၍သာ ၁၅နှစ်သမီးမှာ လုပ်သင့်တာကိုလုပ်ရဲခဲ့ရင် အဲ့ဒိကောင် မုဒိန်းမှုနဲ့ထောင်ကျနေမှာ။ကျနော်လည်း အံကြိတ်ပြီးနားထောင်ရုံပဲ တတ်နိုင်တယ်။

ကျနော် အမျိုးသမီးတို့ကို အကြံပြုပါရစေ။
ယောကျာ်းတစ်ယောက်ကို အသည်းအသန်ပြုပြင်ဖို့ ထိန်းကျောင်းဖို့မကြိုးစားပါနဲ့။
အစိုးမရပါဘူး။မကျေနပ်ရင် လမ်းခွဲပစ်ပါ။
ဒါခင်ဗျားရဲ့ rightပါပဲ။

ယောကျာ်းတစ်ယောက်ကို ဘဝပုံပြီးလည်း
မယုံကြည်လိုက်ပါနဲ့။mind setတွေ သိပ်ညံ့တဲ့ဒီနိုင်ငံမှာ စောက်သုံးမကျတဲ့၊စောက်ရမ်းယုတ်မာတဲ့ ယောကျာ်းတွေအများကြီးရှိတယ်။
မျက်စိတစ်မြင်စာနဲ့ တော့ လူကောင်းလား၊လူယုတ်လားဆိုတာ ခင်ဗျားသဲကွဲမှာမဟုတ်ဘူး။
လေ့လာမှုတွေ စိတ်ရှည်ပါ။

ဥပမာတစ်ခုကျနော်ပြောပြမယ်။
ဆိုင်ကယ်မောင်းတိုင်း ဆိုင်ကယ်မှောက်ကြတာတော့မဟုတ်ဘူး။
ဒါပေမယ့် မှောက်နိုင်ခြေ ရာခိုင်နှုံးတစ်ခုရှိတယ်။ဒီအတွက် ဆိုင်ကယ်မောင်းတိုင်းဆိုင်ကယ်ဦးထုပ် ဆောင်းရတယ်။ဒါက အဆိုးမြင်တာမဟုတ်ဘူး။အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်တာ။

ယောကျာ်းတိုင်း လူယုတ်တော့မဟုတ်ဘူး။
ဒါပေမယ့် ယောကျာ်းတွေထဲမှာ လူယုတ်မာ
ရာခိုင်နှုံးတစ်ခုရှိတယ်။
ကိုယ်အန္တရာယ်ကင်းဖို့ ကိုယ့်မှာပဲ တာဝန်ရှိပါတယ်။

Crd
24.7.2019
®Sithu

Photos from Nadi Online Store's post 19/05/2022

💃💃💃အမျိုးသမီးတိုင်းပေါ့ပေါ့ပါးပါးလန်းနေစေဖို့ Monthly Use မရှိမဖြစ် အသုံးအဆောင်လေးပါ

အိမ်မှာ အသင့်ဆောင်ထားသင့်တာလေးကတော့

ုတ်ပါကင် 😱၁၀၀၀၀ ကျပ်(တစ်ထုတ် တစ်ခါသုံး ၁၀ ချပ်)

ုတ်ပါကင် 😱 ၁၀၀၀၀ ကျပ်(တစ်ထုတ် တစ်ခါသုံး ၁၀ ချပ်)

Day + Night ၁၀ ထုတ် ၁၀၀၀၀ ကျပ်

ုတ် ၂၀၀၀၀ ကျပ်(တစ်ထုတ် Day 6+ Night 6+ Daily 4 ချပ်)

ရွေးချယ်စရာတွေ အစုံအလင် နဲ့ ကြိုက်တာယူပြီး လေးနဲ့လည်း ချေလိုရတယ်ဆိုတော့

🤗❤️❤️❤️ကဲဘာလိုသေးလည်း

ပုံနှင့်စာတွဲပေးထားပါတယ်ရှင့်😍

📲09 894 629 911

Photos from Nadi Online Store's post 16/05/2022

Body Structure Puzzle လေး အသစ်ရောက်ပါတယ်နော်။
Price 1ဘူး-----7500ks

ခန္ဓာကိုယ်အစိတ်အပိုင်း Puzzle လေးတွေ ဆက်ရမှာပါ။

Bones, Muscles လေးတွေပါ သင်ရမှာပါ။

👨‍💻👩‍💻Puzzle ဆက်ရင်း body structure ​လေ့လာရ​အောင်​နော်
ကဒ်ပြား​လေး၅ကဒ်ပါပါတယ်🥰

အဆင့်ဆင့်​ပြောင်းလဲပုံ​ကိုက​လေး​တွေလည်းနားလည်လွယ်​အောင်တဆင့်ချင်း​ပြောင်းလဲပုံပြထားပါတယ်

🤗🤗​ရွေးချယ်စရာ ၂ မျိုးရှိပါတယ်
​ကောင်​လေး👦👦ရယ် ​ကောင်မ​လေး👧👧ရယ် ပါ
ပထမ အဝတ်စားဝတ်ထားတဲ့ကဒ်​လေး
​နောက် အတွင်းခံ​လေးနဲ့ဖြစ်သွားမယ်

​နောက်တဆင့် ကိုယ်တုံးလုံး​လေးဖြစ်မယ်
အဲ့က​နေ အ​ရေခွံမပါသလို အရွတ်​တွေအသား​တွေအရင်​ပေါ်မယ် ​နောက်ကိုယ်တွင်းကလီဆာ​တွေမြင်ရမယ်

​နောက်ဆုံးမှာ​တော့ အရိုးစုပြီးမြင်ရ​တော့မယ်​ပေါ့​​နော်🥰🥰🥰

ကဒ်ပြား​လေး​တွေမှာ တစ်ဖက်မှာအင်္ဂလိပ်လိုစာ​လေး​တွေတပ်​ပေးထားတယ် ​နောက်တစ်မျက်နှာမှာ တရုတ်လိုပါပါတယ်

📲09 894 629 911

15/05/2022

#လက်ကျန်ဖြတ် ကြိုက်ရာယူ တစ်ထုတ် ၅၈၀၀ ကျပ်

☘️Comfree Adult Diaper(👵🧓လူကြီးဒိုင်ပါ)
ဘောင်းဘီ သေးခံ တွေ size မျိုးစုံ

ဘိုးဘိုးဘွားဘွားတွေကိုပြုစုနေရတဲ့သူတွေအားလုံး
အပြေးလေးလာ၀ယ်လိုက်တော့နော်....

ခနတာနေမကောင်းလို့ပဲဖြစ်ဖြစ် ၊ နာတာရှည်အိပ်ယာထဲလဲနေလို့ပဲ ဖြစ်ဖြစ်စျေးချိုပြီးအရမ်းအဆင်ပြေတဲ့သေးခံလေးပါနော်..

ဘောင်းဘီ type ကို စိတ်ကြိုက်ရွေးချယ်၀ယ်ယူနိုင်ပါတယ်

☘️ဘောင်းဘီဆိုဒ် M ,L , XL , XXL/ 4 ဆိုဒ်ရှိ

လက်ကားဈေး cb or 09 894 629 911သို့ဆက်ပြီးစုံစမ်းနိုင်ပါတယ်နော်...
ရန်ကုန်မြို့တွင်းအိမ်ရောက်ငွေချေပါ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
20210628_0