Refresh Your Soul - Reflexology & Spa

Refresh Your Soul - Reflexology & Spa

Share

REFRESH Your Soul - Reflexology & Spa is located on the 1st floor of Hotel Balmi.

25/05/2026

12/05/2026

Foot massage ကို Reflexology လို့လည်း လူသိများကြပါတယ်
Foot Massage ဆိုတာ ခန္ဓာကိုယ်ကို သဘာဝအတိုင်း Healing ဖြစ်စေဖို့အတွက် ခြေဖဝါးပေါ်မှာရှိတဲ့ အကြောတွေ၊ ပွိုင့်တွေကို နှိပ်နယ်ပြီး ကုသနည်းတစ်မျိုးပဲဖြစ်ပါတယ်

Foot Massage ပြုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့

အပန်းဖြေခြင်း
Foot Massage က စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး စိတ်ကို ပြေလျော့စေကာ စိတ်ကိုအပန်းပြေစေပြီး ပိုမိုကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

သွေးလှည့်ပတ်မှုကို ကောင်းမွန်စေခြင်း
Foot Massage ဟာ သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေရန် ကူညီပေးနိုင်ပြီး ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ တစ်ရှူးတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေဆီကို အောက်ဆီဂျင်နဲ့ အားဖြည့်ဓာတ်တွေ ပေးပို့ပေးရာမှာလည်း အထောက်အကူဖြစ်စေပါတယ်။

နာကျင်ကိုက်ခဲမှုကို သက်သာစေခြင်း
ခြေဖဝါးနဲ့ ခြေထောက်အောက်ပိုင်းရဲ့ နာကျင်မှုနှင့် မအီမသာဖြစ်မှုတွေကို သက်သာရာရစေပြီး ခြေဖနောင့်နာကျင်ခြင်း၊ အဆစ်နာခြင်း နှင့် အာရုံကြောဝေဒနာရှိသူများအတွက် အကျိုးပြုစေပါတယ်။

ရောင်ရမ်းခြင်းကို လျှော့ချပေးခြင်း
ခြေဖဝါးနှင့် အောက်ခြေထောက်များတွင် ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်ပြီး ကြာရှည်စွာ မတ်တပ်ရပ်ခြင်း သို့မဟုတ် အထိုင်များသူတွေအတွက် အထောက်အကူဖြစ်စေတယ်။

ကိုယ်ခံအားကောင်းမွန်စေခြင်း
Foot Massage ဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး ဖျားနာခြင်းနဲ့ ဆက်စပ်ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်စေပါတယ်။

အစာခြေစနစ် ကောင်းမွန်စေခြင်း
Foot Massage ကနေ အစာခြေစနစ်ကို လှုံ့ဆော်ပေးနိုင်ပြီး ဝမ်းချုပ်ခြင်းနှင့် ဖောရောင်ခြင်းကဲ့သို့သော အစာခြေပြဿနာတွေကို သက်သာစေပါတယ်

ခြေဖဝါးနှိပ်နယ်ခြင်းဟာ စိတ်နဲ့ခန္ဓာနှစ်ပါးစလုံးကို အကျိုးပြုနိုင်တဲ့ ကုထုံးဖြစ်တာကြောင့်
နေ့ရက်တိုင်းကို ကျန်းမာရွှင်လန်းစွာဖြစ်သန်းနိုင်ဖို့ Foot Massage ပြုလုပ်ချင်တယ်ဆိုရင်တော့

🏠𝟏𝟓,𝟏𝟕 𝐒𝐡𝐰𝐞 𝐓𝐚𝐮𝐧𝐠 𝐓𝐚𝐧 𝐒𝐭𝐫𝐞𝐞𝐭 (𝐇𝐎𝐓𝐄𝐋 𝐁𝐀𝐋𝐌𝐈 𝟏𝐬𝐭 𝐅𝐥𝐨𝐨𝐫 )𝐋𝐚𝐧𝐦𝐚𝐝𝐚𝐰 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 မှာရှိတဲ့
Refresh Your Soul - Reflexology & Spa ကို လှမ်းလာခဲ့ဖို့ မမေ့နဲ့နော်

ဖုန်းနံပါတ် ☎️𝟎𝟗-𝟖𝟖𝟏𝟏𝟓𝟕𝟓𝟕𝟓 ကို ဖုန်းဆက်ပြီး သိလိုသမျှမေးမြန်းနိုင်ပါတယ်ရှင်

08/05/2026

Facial and Body Spa Treatment 🤩

07/05/2026

🌟 ပညာလည်းသင်၊ လစာလည်းရ၊ အနာဂတ်အတွက် လက်ဦးမှုရယူလိုက်ပါ 🌟

ရပ်ဝေးရပ်နီးမှ အလုပ်အကိုင် ရှာဖွေနေပြီး ကိုယ်ပိုင်အရည်အချင်းတစ်ခုကို အခြေခံကစလို့ ကျွမ်းကျင်တဲ့အထိ သင်ယူလိုသူ လူငယ်များအတွက် Refresh Your Soul - Reflexology and Spa မှ ကြိုဆိုလိုက်ပါတယ်။

ကျွန်ုပ်တို့ Spa တွင် စနစ်တကျ လက်တွေ့သင်ကြားပေးမည့် ကျန်းမာရေး အနှိပ်ပညာသင် (Trainee) နှင့် ကျွမ်းကျင်ပညာရှင် (Therapist) များကို ခေါ်ယူနေပြီ ဖြစ်ပါသည်။

✨ ဘာကြောင့် ကျွန်ုပ်တို့နဲ့ လက်တွဲသင့်တာလဲ?
• ပညာသင်ပေးမည်: ကျန်းမာရေး အနှိပ်ပညာရပ်ကို အခြေခံကစလို့ စရိတ်ငြိမ်း စနစ်တကျ သင်ကြားပေးခြင်း။
• လစာနှင့် ခံစားခွင့်: လုပ်ငန်းခွင် ဝင်သည်နှင့် လစာကောင်းမွန်ရရှိမည့်အပြင် အပိုဆုကြေး များလည်း ရရှိနိုင်ခြင်း။
• အစစအရာရာ တာဝန်ယူမှု: နယ်မှလာသူများအတွက် နေစရာ နှင့် စားစရာ ကို စားရိတ်ငြိမ်း စီစဉ်ပေးထားသဖြင့် စားရိတ်စားခ အတွက် ပူစရာမလိုဘဲ အလုပ်ကို စိတ်အေးချမ်းသာ လုပ်ကိုင်နိုင်ခြင်း။
• နွေးထွေးသော ပတ်ဝန်းကျင်: မိသားစုသဖွယ် ရင်းနှီးနွေးထွေးစွာ လုပ်ကိုင်နိုင်မည့် လုပ်ငန်းခွင်ဖြစ်ခြင်း။

🔎 လိုအပ်ချက်များ
• အလုပ်ကြိုးစားပြီး ရိုးသားစွာ ရေရှည်လက်တွဲလိုသူ ဖြစ်ရမည်။
• ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်သန့်ရှင်းရှင်း နေထိုင်တတ်သူဖြစ်ရမည်။
• ဧည့်သည်များကို ဖော်ဖော်ရွေရွေ ဝန်ဆောင်မှု ပေးနိုင်သူ ဖြစ်ရမည်။

"အလုပ်အကိုင်လည်း ရ၊ အတတ်ပညာလည်း ရမယ့်အပြင် နေရေးစားရေးအတွက်ပါ စိတ်မပူရတဲ့ ဒီအခွင့်အလမ်းကို အရယူလိုက်ပါ"

🏠 - 𝟏𝟓,𝟏𝟕 𝐒𝐡𝐰𝐞 𝐓𝐚𝐮𝐧𝐠 𝐓𝐚𝐧 𝐒𝐭𝐫𝐞𝐞𝐭 (𝐇𝐎𝐓𝐄𝐋 𝐁𝐀𝐋𝐌𝐈 𝟏𝐬𝐭 𝐅𝐥𝐨𝐨𝐫 )𝐋𝐚𝐧𝐦𝐚𝐝𝐚𝐰
𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 𝐘𝐚𝐧𝐠𝐨𝐧 .
☎️-𝟎𝟗 𝟖𝟖𝟏 𝟏𝟓𝟕 𝟓𝟕𝟓

04/05/2026

🌿 𝐑𝐞𝐟𝐫𝐞𝐬𝐡 𝐘𝐨𝐮𝐫 𝐒𝐨𝐮𝐥 ရဲ့ လူကြိုက်အများဆုံး 𝐁𝐨𝐝𝐲 𝐒𝐜𝐫𝐮𝐛 𝐏𝐚𝐜𝐤𝐚𝐠𝐞𝐬 များ 🌿

မိမိနှစ်သက်ရာ 𝐏𝐚𝐜𝐤𝐚𝐠𝐞 ကို ရွေးချယ်ပြီး အသားအရေကို ပြုစုစောင့်ရှောက်လိုက်ပါ။

✨ 𝐏𝐚𝐜𝐤𝐚𝐠𝐞 𝐀 : 𝐓𝐨𝐭𝐚𝐥 𝐆𝐥𝐨𝐰 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭
(𝐒𝐜𝐫𝐮𝐛 + 𝐌𝐚𝐬𝐤 + 𝐎𝐢𝐥 𝐌𝐚𝐬𝐬𝐚𝐠𝐞 𝟏𝐇𝐫)
⏱ ကြာချိန်: ၁၂၀ မိနစ် 💰 ဈေးနှုန်း: ၁၀၇,၀၀၀ 𝐌𝐌𝐊
(အသားအရေအတွက် 𝐒𝐜𝐫𝐮𝐛 ရော 𝐌𝐚𝐬𝐤 ရော ပါဝင်တဲ့အပြင် တစ်နာရီကြာ 𝐎𝐢𝐥 𝐌𝐚𝐬𝐬𝐚𝐠𝐞 ပါဝင်လို့ အပန်းပြေစေမှာပါ။)

✨ 𝐏𝐚𝐜𝐤𝐚𝐠𝐞 𝐁: 𝐋𝐮𝐱𝐮𝐫𝐲 𝐅𝐮𝐥𝐥 𝐂𝐚𝐫𝐞
(𝐒𝐚𝐮𝐧𝐚 + 𝐒𝐜𝐫𝐮𝐛 + 𝐌𝐚𝐬𝐤 + 𝐎𝐢𝐥 𝐌𝐚𝐬𝐬𝐚𝐠𝐞 𝟏𝐇𝐫)
⏱ ကြာချိန်: ၁၅၀ မိနစ် 💰 ဈေးနှုန်း: ၁၂၀,၀၀၀ 𝐌𝐌𝐊
(𝐒𝐚𝐮𝐧𝐚 ပါဝင်လို့ ချွေးထုတ်ပြီး အသားအရေကို ပိုမိုသန့်စင်စေမယ့် အပြည့်စုံဆုံး 𝐏𝐚𝐜𝐤𝐚𝐠𝐞 ပါ။)

✨ 𝐏𝐚𝐜𝐤𝐚𝐠𝐞 𝐂: 𝐒𝐦𝐨𝐨𝐭𝐡 & 𝐒𝐨𝐟𝐭 𝐒𝐤𝐢𝐧
(𝐒𝐜𝐫𝐮𝐛 + 𝐌𝐚𝐬𝐤 + 𝐒𝐚𝐮𝐧𝐚 + 𝐁𝐨𝐝𝐲 𝐁𝐮𝐭𝐭𝐞𝐫)
⏱ ကြာချိန်: ၁၀၅ မိနစ် 💰 ဈေးနှုန်း: ၈၀,၀၀၀ 𝐌𝐌𝐊
(𝐁𝐨𝐝𝐲 𝐁𝐮𝐭𝐭𝐞𝐫 ရဲ့ အစိုဓာတ်ကြောင့် အသားအရေကို အိစက်ညှို့ယူသွားစေမယ့် 𝐏𝐚𝐜𝐤𝐚𝐠𝐞 လေးပါ။)
________________________________________
လှပပြီး ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ အခုပဲ 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 ရယူလိုက်ပါ။ 🌸

🏠 - 𝟏𝟓,𝟏𝟕 𝐒𝐡𝐰𝐞 𝐓𝐚𝐮𝐧𝐠 𝐓𝐚𝐧 𝐒𝐭𝐫𝐞𝐞𝐭 (𝐇𝐎𝐓𝐄𝐋 𝐁𝐀𝐋𝐌𝐈 𝟏𝐬𝐭 𝐅𝐥𝐨𝐨𝐫 )𝐋𝐚𝐧𝐦𝐚𝐝𝐚𝐰
𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 𝐘𝐚𝐧𝐠𝐨𝐧 .
☎️-𝟎𝟗 𝟖𝟖𝟏 𝟏𝟓𝟕 𝟓𝟕𝟓

Photos from Refresh Your Soul - Reflexology & Spa's post 02/05/2026

✨ တစ်နေ့လုံး ပင်ပန်းနွမ်းနယ်ထားသမျှ ပိန်းကြာရွက်ပေါ်ရေမတင်သလို ပြေ ပျောက်သွားချင်တဲ့သူတွေရှိလား✨

✅ရှိရင်တော့ "Refresh Your
Soul" ကို လှမ်းခဲ့လိုက်ပါရှင်။

✅ဆိုင်နာမည်လေးအတိုင်း လူကြီးမင်းတို့ရဲ့တစ်နေ့တာ ပင်ပန်းမှုမှန်သမျှကို ပြေပျောက်သွားဖို့ ကျွန်မတို့ရဲ့ Spa က တာဝန်ယူပါတယ်။

✅Spa လေးက HOTEL BALMI ရဲ့ ပထမထပ်မှာရှိပြီး ထိုင်းအနှိပ်ပညာရှင်ကိုယ်တိုင်သင်ကြားပေးထားသော ကျွမ်းကျင် Massage Therapists များသာဝန်ဆောင်မှုပေးနေတဲ့ Thai ရိုးရာ Family Spa တစ်ခုလည်း ဖြစ်ပါတယ်။

🍀𝐀𝐫𝐨𝐦𝐚𝐭𝐡𝐞𝐫𝐚𝐩𝐲 𝐎𝐢𝐥 𝐌𝐚𝐬𝐬𝐚𝐠𝐞 𝟏𝐡𝐫 𝟑𝟗𝟎𝟎𝟎𝐊𝐬

🍀𝐓𝐡𝐚𝐢 𝐓𝐫𝐚𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐚𝐬𝐬𝐚𝐠𝐞 𝟏𝐡𝐫 𝟐𝟑𝟎𝟎𝟎𝐊𝐬

🍀𝐅𝐨𝐨𝐭 𝐑𝐞𝐟𝐥𝐞𝐱𝐨𝐥𝐨𝐠𝐲 𝐌𝐚𝐬𝐬𝐚𝐠𝐞 𝟏𝐡𝐫 𝟐𝟏𝟎𝟎𝟎𝐊𝐬

🍀𝐇𝐞𝐚𝐝,𝐁𝐚𝐜𝐤 & 𝐒𝐡𝐨𝐮𝐥𝐝𝐞𝐫 𝐌𝐚𝐬𝐬𝐚𝐠𝐞 𝟒𝟓𝐦𝐢𝐧 𝟏𝟖𝟎𝟎𝟎𝐊𝐬

🍀𝐇𝐨𝐭 𝐇𝐞𝐫𝐛𝐚𝐥 𝐁𝐚𝐥𝐥 𝐌𝐚𝐬𝐬𝐚𝐠𝐞(𝟗𝟎𝐦𝐢𝐧 𝐓𝐡𝐚𝐢)𝟓𝟎𝟎𝟎𝟎𝐊𝐬
(𝟗𝟎𝐦𝐢𝐧 𝐎𝐢𝐥) 𝟔𝟎𝟎𝟎𝟎𝐊𝐬

🍀𝐇𝐨𝐭 𝐒𝐭𝐨𝐧𝐞 𝐌𝐚𝐬𝐬𝐚𝐠𝐞 𝟗𝟎𝐦𝐢𝐧 𝟔𝟎𝟎𝟎𝟎𝐊𝐬

🍀𝐄𝐚𝐫 𝐂𝐚𝐧𝐝𝐥𝐢𝐧𝐠 𝐓𝐡𝐞𝐫𝐚𝐩𝐲 𝟑𝟎𝐦𝐢𝐧 𝟐𝟕𝟎𝟎𝟎𝐊𝐬

🍀𝐂𝐮𝐩𝐩𝐢𝐧𝐠 𝐓𝐡𝐞𝐫𝐚𝐩𝐲 𝟑𝟎𝐦𝐢𝐧 𝟐𝟑𝟎𝟎𝟎𝐊𝐬

✅ပင်ပန်းနွမ်းနယ်မှု တွေအဝေးထွက်သွားဖို့ "Refresh Your Soul. ကို ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ် လိုက်ရပါတယ်။

🏠 - 𝟏𝟓,𝟏𝟕 𝐒𝐡𝐰𝐞 𝐓𝐚𝐮𝐧𝐠 𝐓𝐚𝐧 𝐒𝐭𝐫𝐞𝐞𝐭 (𝐇𝐎𝐓𝐄𝐋 𝐁𝐀𝐋𝐌𝐈 𝟏𝐬𝐭 𝐅𝐥𝐨𝐨𝐫 )𝐋𝐚𝐧𝐦𝐚𝐝𝐚𝐰
𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 𝐘𝐚𝐧𝐠𝐨𝐧 .

☎️-𝟎𝟗 𝟖𝟖𝟏 𝟏𝟓𝟕 𝟓𝟕𝟓

ယုံယုံကြည်ကြည်နဲ့ လာရောက်အားပေးကြတဲ့ Customer တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ရှင့် 💗

-Reflexology&Spa

30/04/2026

🌕 ကဆုန်လပြည့် ❝ ဗုဒ္ဓနေ့❞ 🙏

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ထူးမြတ်သည့် ကဆုန်လပြည့်နေ့ဖြစ်သည်။

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ မှတ်ရန်လကဆုန် ဆိုသည့်အတိုင်း
ယနေ့သည် ဗုဒ္ဓမြတ်စွာဘုရားရှင်...

(၁) ဗျာဒိတ်တော်ခံယူသည့်နေ့ = လေး အသင်္ချေနှင့် ကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။

(၂) ဘုရားရှင်ဖွားတော်မူသည့်နေ့ = မဟာသက္ကရာဇ် (၆၈) ခု ၊ ကဆုန်လပြည့် (သောကြာနေ့)၊ (ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်တော်မူသည့်နေ့ = မဟာသက္ကရာဇ် (၁၀၃) ခု ၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)၊ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓဝင်အကျဉ်းဟောကြားသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့(ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံတော်မူသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု ၊ ကဆုန်လပြည့် (အင်္ဂါနေ့) (ဘီစီ ၅၄၃)
ဖြစ်သည်။

ထို့ကြောင့် ယနေ့ ကဆုန်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်သူတော်ကောင်းများ ကုသိုလ်ရေးများပိုမိုတိုးပွားလုပ်ဆောင်နိုင်ကြပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း Refresh Your Soul _ Reflexology and Spa မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည် ။

#ကဆုန်လပြည့်နေ့

29/04/2026

စိတ်ဖိစီးမှုများလို့ အသားအရည်ပါ ခြောက်သွေ့ပြီး စိတ်သွားတိုင်းကိုယ်မပါဖြစ်နေလို့ စိတ်ညစ်နေပြီလား??

Refresh Your Soul - Reflexology & Spa ရဲ့ Aromatherapy Oil Massage နဲ့
စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွမှုတွေ ပြန်လည်ရယူလိုက်ပါနော်

Aromatherapy Oil Massage ရဲ့ ကောင်းကျိုးတွေက
စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်
သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတယ်
ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေလျှော့ပေးပြီး
အသားအရည်ကို ရေဓာတ်ဖြည့်တင်းပေးနိုင်လို့ စိုပြည်ဝင်းပစေတယ်
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေနိုင်တယ်

ဒါတွေတင်မကသေးပဲ ရွေးချယ်စရာရနံ့မျိုးစုံရှိတဲ့အတွက် မွှေးကြိုင်လန်းဆန်းမှုကိုလည်း ရရှိပိုင်ဆိုင်စေမှာဖြစ်ပါတယ်

ငြိမ့်ညောင်းတဲ့ သံစဉ်တွေကို နားဆင်အပန်းဖြေရင်း စိတ်ရောကိုယ်ပါ လန်းဆန်းကျန်းမာမှုတွေ ရယူလိုတယ်ဆိုရင်

🏠𝟏𝟓,𝟏𝟕 𝐒𝐡𝐰𝐞 𝐓𝐚𝐮𝐧𝐠 𝐓𝐚𝐧 𝐒𝐭𝐫𝐞𝐞𝐭 (𝐇𝐎𝐓𝐄𝐋 𝐁𝐀𝐋𝐌𝐈 𝟏𝐬𝐭 𝐅𝐥𝐨𝐨𝐫 )𝐋𝐚𝐧𝐦𝐚𝐝𝐚𝐰 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 မှာရှိတဲ့
Refresh Your Soul - Reflexology & Spa ကို လှမ်းလာခဲ့ဖို့ မမေ့နဲ့နော်

ဖုန်းနံပါတ် ☎️𝟎𝟗-𝟖𝟖𝟏𝟏𝟓𝟕𝟓𝟕𝟓 ကို ဖုန်းဆက်ပြီး သိလိုသမျှမေးမြန်းနိုင်ပါတယ်ရှင်

26/04/2026

ညောင်းညာမှုကြောင့် အိပ်မပျော်တော့ဘူးလား

ဒါဆိုရင် ပင်ပန်းမှုဒဏ်ကြောင့် ခံစားနေရတဲ့ ညောင်းညာမှုတွေ၊ ကိုက်ခဲနေမှုတွေကို ပြေပျောက်အောင် လုပ်သင့်တာပေါ့...

မဟုတ်လို့ရှိရင် အိပ်ရေးပျက်တာကြောင့် ရေရှည်မှာ ကျန်းမာရေးကိုပါ ထိခိုက်နိုင်တယ်လေ 💁🏻‍♀

ညောင်းညာမှုတွေ ပြေ​ပျောက်အောင်ဆိုရင်တော့ 𝐑𝐞𝐟𝐫𝐞𝐬𝐡 𝐘𝐨𝐮𝐫 𝐒𝐨𝐮𝐥 က ထိုင်းရိုးရာအနှိပ်လေးက အသင့်တော်ဆုံးပဲနော်... ✨

ထိုင်းအနှိပ်ပညာရှင်ကိုယ်တိုင်သင်ကြားပေးထားသော ကျွမ်းကျင် Massage Therapists များက နှိိပ်ပေးသွားကြောင့် အကြောအခြင်မှန်သမျှ အကုန်ပြေကာ လန်းဆန်းတက်ကြွစေမှာ​ပါ

ဒါကြောင့် 𝐑𝐞𝐟𝐫𝐞𝐬𝐡 𝐘𝐨𝐮𝐫 𝐒𝐨𝐮𝐥 ကိုသာ တစ်ခေါက်လာကြည့်လိုက်ပါ...ညဘက်တွေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားစေမှာ အသေအချာပါပဲရှင် 💓

🏠 Address - 𝟏𝟓,𝟏𝟕 𝐒𝐡𝐰𝐞 𝐓𝐚𝐮𝐧𝐠 𝐓𝐚𝐧 𝐒𝐭𝐫𝐞𝐞𝐭 (𝐇𝐎𝐓𝐄𝐋 𝐁𝐀𝐋𝐌𝐈 𝟏𝐬𝐭 𝐅𝐥𝐨𝐨𝐫 )𝐋𝐚𝐧𝐦𝐚𝐝𝐚𝐰
𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 𝐘𝐚𝐧𝐠𝐨𝐧 .

☎️-𝟎𝟗 𝟖𝟖𝟏 𝟏𝟓𝟕 𝟓𝟕𝟓 / 𝟎𝟗𝟕𝟖𝟓𝟎𝟏𝟎𝟎𝟑𝟒

&Spa

19/04/2026

👉ဆေးမြစ်စုံကြပ်ထုပ်အနှိပ်👈😊

👇အကျိုးအာနိသင်အားဖြင့် 👇

-ရာသီဥတု အေးတဲ့အခါ ခြေလက်ထုံကြင်ခြင်း
-အိပ်ယာထထချင်း ဖနှောင့်လေးတွေ နာကြင်ခြင်း
-တစ်ကိုယ်လုံးကိုက်ခဲခြင်း
-ကျီးပေါင်းကြောင့်မူးဝေနေခြင်း
-ဖုန်းအကြည့်များ၍ဇတ်ကြောတတ်ခြင်း
-ခါးနာ ခါးကိုက်ခြင်း
-အထိုင်များ၍ အညောင်းမိခြင်း
-နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း
စသည့် ဝေဒနာများအား သက်သာစေပြီး ပေါ့ပါးသွက်လက်စေပါတယ်ရှင့်😊😊😊

💗ခေါင်းအစခြေအဆုံး ထိုင်းရိုးရာသေချာနှိပ်နယ်ပေးပြီး ပရုတ်မွှေးလေးဖြင့် အကြောဖွင့် ကြပ်ထုပ်ထိုးတာ ကိုမှ စျေးနှုန်းအားဖြင့်
- မိန်စ် 90-50000

💗ဆီဖြင့်တစ်ကိုယ်လုံးနှိပ်နယ်ပြီးကြပ်ထုပ်ထိုးမယ်ဆိုရင်ဖြင့်
-မိနစ် 90 (60000)

💗တစ်ကိုယ်လုံးအကြောဖွင့်ကြပ်ထုပ်ထိုးမယ်ဆိုရင်ဖြင့်
-မိနစ် 45 (38000) ကျသင့်မှာပါရှင့်😊😊😊

ဆေးမြစ်စုံ ရနံ့သင်းသင်းလေးနဲ့ ပေါ့ပါးလန်းဆန်းမယ့် ခံစားမှုဖြင့် အနားယူဇိမ်ခံ ဖို့ Refresh Your Soul - Reflexology & Spa ကို အခုပဲ Booking တင်လိုက်တော့နော် 🙏🙏🙏

🏠 Address - 𝟏𝟓,𝟏𝟕 𝐒𝐡𝐰𝐞 𝐓𝐚𝐮𝐧𝐠 𝐓𝐚𝐧 𝐒𝐭𝐫𝐞𝐞𝐭 (𝐇𝐎𝐓𝐄𝐋 𝐁𝐀𝐋𝐌𝐈 𝟏𝐬𝐭 𝐅𝐥𝐨𝐨𝐫 )𝐋𝐚𝐧𝐦𝐚𝐝𝐚𝐰
𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 𝐘𝐚𝐧𝐠𝐨𝐧 .
☎️-𝟎𝟗 𝟖𝟖𝟏 𝟏𝟓𝟕 𝟓𝟕𝟓 / 𝟎𝟗𝟕𝟖𝟓𝟎𝟏𝟎𝟎𝟑𝟒

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 15/17, Shwe Taung Tan Street (Lower Blk), Hotel Balmi 1st Floor, Lanmadaw Township
Yangon
11131

Opening Hours

Monday 11:00 - 23:00
Tuesday 11:00 - 23:00
Wednesday 11:00 - 23:00
Thursday 11:00 - 23:00
Friday 11:00 - 23:00
Saturday 11:00 - 23:00
Sunday 11:00 - 23:00