Emma May Online Shop
Beautiful, Fair price, Safe use!�
06/07/2024
ကာလဝမ်းရောဂါအကြောင်း
••••••••••••••••••••••••••••
ကာလဝမ်းရောဂါကို Cholera လို့ခေါ်ပါတယ်။ မကုသဘဲဒီတိုင်းထားရင် နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။ ကာလဝမ်းရောဂါဟာ ရေအရင်းအမြစ်သန့်စင်မှုမရှိခြင်းနဲ့ အခြေခံသန့်ရှင်းမှုမရှိတဲ့အတွက်ဖြစ်ရတာပါ။
အပျော့စားဖြစ်ရင် Oral Rehydration Salt လို့ခေါ်တဲ့ဓာတ်ဆားရည်သောက်ပြီး သက်သာနိုင်ပါတယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင်တော့ ပိုးသတ်ဆေးနဲ့ IV Fluids (အကြောဆေးသွင်းကုသမှု)တွေပါလိုအပ်နိုင်ပါတယ်။
🔷ကာလဝမ်းရောဂါဖြစ်ရတဲ့အကြောင်းအရင်း
မသန့်တဲ့အစားအစာနဲ့ မသန့်တဲ့ရေ (ရောဂါပိုးရှိတဲ့အစာနဲ့ရေ)ကို စားသောက်မိလို့ ဖြစ်ရတာပါ။ ရောဂါပိုးကို V.Cholerae လို့ခေါ်ပါတယ်။ ရောဂါပိုးကူးစက်ပြီး ၁၂နာရီမှ ၅ရက်အတွင်း ရောဂါလက္ခဏာပြသပါတယ်။
🔷ရောဂါလက္ခဏာများ
အစောပိုင်းလက္ခဏာများမှာ
▪️ဝမ်းအရည်များသွားခြင်း
▪️ဝမ်းအရောင်မှာ ဆန်ဆေးရည်ကဲ့သို့ အဖြူရောင်များဖြစ်နေခြင်း
▪️အော့အန်ခြင်း
▪️ခြေထောက်ကြွက်တက်ခြင်းတို့ပါဝင်ပါတယ်။
🔺မကုသဘဲနေရင် ရောဂါပြင်းထန်လာပြီး ရေဓာတ်ဆုံးရှုံးမှုတွေဖြစ်လာပါလိမ့်မယ်။ ကျောက်ကပ်ပျက်စီးခြင်း၊ မေ့မျောခြင်း၊ သွေးလန့်ခြင်းနဲ့ အသက်ဆုံးရှုံးခြင်းအထိ နောက်ဆက်တွဲဖြစ်နိုင်ပါတယ်။
🔷ကာကွယ်ခြင်း
မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့အလွန်အရေးကြီးပါတယ်။ ကာလဝမ်းရောဂါဖြစ်ပွားတဲ့အချိန်တွေဟာ အခုလိုမိုးတွင်းကာလတွေမှာဖြစ်တတ်ပါတယ်။
◾ရေသန့်ကိုသာသောက်ပါ။
ရေသန့်မရှိပါက ကလိုရင်းဆေးခတ်ထားသောရေကိုသောက်ပါ။
Aquatabs -ရေသန့်စင်ဆေးပြားခတ်ပြီးလည်းသောက်သုံးနိုင်ပါတယ်။
အကယ်၍ အထက်ပါအရာများ လက်လှမ်းမမီဘူးဆိုရင် ကြိုချက်ပြီးသောက်ပါ။ ရေဆူပွက်လာတဲ့အထိကြိုပါ တစ်မိနစ်ခန့်ဆူပွက်အောင်ထားပါ။ ကြိုချက်ပြီးသားရေကို ပြန်သိမ်းရင်တော့ သိမ်းတဲ့ဘူးကသန့်ရှင်းမှဖြစ်မှာပါ။
◾လက်ဆေးပါ။
လက်ကို ရေ၊ဆပ်ပြာနဲ့ မကြာခဏဆေးကြောပေးပါ။အထူးသဖြင့် အစားမစားခင်၊ အိမ်သာတက်ပြီးနဲ့ အစားအစာတွေမကိုင်တွယ်ခင် လက်ဆေးပေးပါ။ ကလေးလေးတွေကို Diaper လဲခြင်း၊ အောက်ပိုင်းအညစ်အကြေးသန့်ရှင်းခြင်းတို့ပြုလုပ်ပြီးရင်လည်း လက်ဆေးဖို့မမေ့ပါနဲ့။
◾ရေ၊ဆပ်ပြာမရှိရင် Alcohol 60% ပါဝင်တဲ့ လက်သန့်ဆေးရည်သုံးလို့ရပါတယ်။
◾ယင်လုံအိမ်သာအသုံးပြုပါ။
◾အစားအစာတွေကို ချက်ပြုတ်ပြီးမှစားပါ။ အသားငါးအစိမ်းစားတာတွေရှောင်ပါ။ ကျက်အောင်ချက်စားပါ။ ယင်လုံအောင် ဖုံးအုပ်ထားပါ။
🔷ဖြစ်ခဲ့ရင်ဘာလုပ်ကြမလဲ?
ရောဂါစဖြစ်ပြီဆိုတာနဲ့ ဓာတ်ဆားရည်သောက်ပါ။ ကလေးသူငယ်တွေ၊ ရောဂါအခံရှိတဲ့လူကြီးတွေကို မပေါ့လျော့စေချင်ပါဘူး။
🔺ဓာတ်ဆားရည်မှာ အမှတ်မှားကြတာက ဝမ်းလျှောရင်သောက်တဲ့ဓာတ်ဆားနဲ့ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားမှားကြတာပါပဲ။ ဝမ်းပျက်တဲ့အခါ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားသောက်လို့မရပါဘူး။
ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် WHO Formula နဲ့ထုတ်ထားတဲ့ဓာတ်ဆားထုပ်တွေကိုသောက်ရမှာပါ။
ကျွန်မသိသလောက် လက်ရှိဈေးကွက်ထဲမှာဝယ်လို့ရတဲ့ WHO Formula ဓာတ်ဆားတွေက BPI ဓာတ်ဆား၊ Relyte ဓာတ်ဆား၊ Peditral ဓာတ်ဆား၊ Pharolit ဓာတ်ဆားတွေဖြစ်ပါတယ်။ ဒီတံဆိပ်တွေကို ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် သောက်လို့ရပါတယ်။ BPI ၊ Relyte၊ Peditral စတာတွေက ရေသန့် သို့မဟုတ် ကြိုချက်ပြီးအအေးခံထားသောရေ 1000ml နဲ့ဖျော်စပ်ရတာဖြစ်ပြီး Pharolit ဓာတ်ဆားကတော့ ကလေးတွေမှာအသုံးများပြီး ရေ 200ml နဲ့ဖျော်စပ်ရတာဖြစ်ပါတယ်။
မိမိဝယ်လာတဲ့ဓာတ်ဆားထုပ်ကို ရေဘယ်လောက်နဲ့ဖျော်ရမလဲမသိရင် ဆေးဆိုင်မှာသေချာမေးခဲ့ပါ။ ဘယ်လောက်ရေပမာဏနဲ့ဖျော်စပ်ရလဲဆိုတာကိုပါ။ တိတိကျကျဖျော်စပ်မှသာ ကုသမှု အကျိုးရလဒ်ရှိမှာပါ။ ဈေးကွက်ထဲမှာတော့ အထက်ပါဓာတ်ဆားထုပ်တွေသာအများဆုံးရှိတဲ့အတွက် ကျွန်မပြောတဲ့ info လေးကအသုံးဝင်မှာပါ။
နောက်တစ်ခုက Probiotics ကိစ္စပါ။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင် နံပါတ် ၁ က ဓာတ်ဆားရည်ဖြစ်ပါတယ်။ ဓာတ်ဆားရည်မသောက်ဘဲ Probiotics တမျိုးတည်းသောက်လို့မရပါဘူး။ ဓာတ်ဆားရည်ကသာ အသက်ကယ်နိုင်မှာပါ။
🔷ဓာတ်ဆားရည်ပြုလုပ်နည်း
ဓာတ်ဆားထုပ်ဝယ်ယူလို့မရတဲ့နေရာတွေအတွက်ဖြစ်ပါတယ်။
◾ကြိုချက်ထားသောရေတစ်လီတာ(1000ml)ထဲကို ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ သကြား လက်ဖက်ရည်ဇွန်း ခြောက်ဇွန်းထည့်ပါ။ ဖျော်ပါ။ ၂၄နာရီအတွင်းကုန်အောင်သောက်ပါ။ (ကိုးကား -WHO)
🔺ဝမ်းအရည်တွေတစ်နေ့ကို သုံးကြိမ်ထက်ပိုပြီးသွားတာကို ကုသမှုမခံယူဘူးဆိုရင်၊ လုံလောက်တဲ့အရည်ပမာဏပြန်ပြီးမဖြည့်တင်းဘူးဆိုရင် ရေဓာတ်ဆုံးရှုံးခြင်းဖြစ်စေနိုင်ပါတယ်။
◾ရောဂါမပြင်းထန်ဘူးဆိုရင်တော့ အဓိကကဓာတ်ဆားရည်သောက်ပြီး ရေဓာတ်ပြည့်ဝအောင်ပြုလုပ်ဖို့ပါ။ ဆိုဒါမပါသော လတ်ဆတ်တဲ့အသီးအနှံဖျော်ရည်၊ ကြက်ပြုတ်ရည်သောက်လို့ရပါတယ်။ ရေများများသောက်ရပါမယ်။ ဓာတ်ဆားရည်ဟာ ဝမ်းလျှောလို့ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အတွက် သေချာသောက်ပေးရပါမယ်။ အစားစားပြီးတဲ့အခါမှာ ဓာတ်ဆား(သို့မဟုတ်)အရည်ကိုကြားထဲမှာ သောက်ပေးရပါမယ်။ မကြာခဏလည်းတစ်ငုံချင်းသောက်ပေးရပါမယ်။ ဝမ်းလျှောနေစဉ်မှာ ပင်လယ်စာ၊ နို့နဲ့နို့ထွက်ပစ္စည်း အစားအစာတွေ ခေတ္တရှောင်ပေးပါ။
🔷အရေးကြီးတဲ့လက္ခဏာတွေကတော့
◾ကိုယ်အပူချိန် 101'F ထက်များခြင်း၊ နှစ်ဆယ့်လေးနာရီကျော်အောင်ကိုယ်ပူခြင်း
◾နှစ်ရက်ကျော်အောင်ဝမ်းလျှောခြင်း
◾ပျို့ခြင်း၊ အစားစားမရအောင်အန်ခြင်း
◾ဗိုက်ထဲမှရစ်ပြီးနာခြင်း
◾ရေဓာတ်ဆုံးရှုံးခြင်း (ခြေဖျား၊လက်ဖျားအေးစက်ခြင်း၊သွေးပေါင်ကျခြင်း၊ ရေအလွန်ငတ်ခြင်း၊ မူးဝေသတိလစ်ခြင်း)
ဒီလိုလက္ခဏာတွေဖြစ်နေမယ်ဆိုရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်လို့ရေးသားလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)မာမီ
5.7.24 ; 11:30PM
Edited 🔺 လတ်တလောပျံ့နှံ့နေသော ဝမ်းပျက်ဝမ်းလျှောသတင်းတွေကြောင့် Panic မဖြစ်စေချင်ပါဘူး။ ကာလဝမ်းရောဂါပိုးဟုတ်မဟုတ်လည်း ဘယ်သူမှအတည်မပြုသေးပါဘူး။ အခုဆောင်းပါးကို Educational Purpose အရသာ ဖတ်ရှုစေချင်ပါတယ်။ အခု မိုးရာသီမှာ Gastroenteritis လို့ခေါ်တဲ့ ရိုးရိုးဝမ်းပျက်ဝမ်းလျှောလည်း အဖြစ်များပါတယ်။ ဘယ်လိုဝမ်းပျက်ဝမ်းလျှောဖြစ်ဖြစ် ဒီနည်းလမ်းတွေအတိုင်း ကာကွယ်၊ သတိပြုလို့ရပါတယ်ရှင်။
✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်
#ဝမ်းလျှောခြင်း
#ကာလဝမ်းရောဂါ
06/07/2024
ဆံသားတွေပျက်စီးလို့စိတ်ညစ်နေလား.. ဆံပင်ကျွတ်လို့ စိတ်ကုန်နေပြီလား..
အရမ်းကောင်းတဲ့ ပြည်တွင်းဖြစ် ထုတ်ကုန်လေးနဲ့ မိတ်ဆက်ပေးပါရစေ
Kathryn Beauty Myanmar ကနေ Made in Myanmar အဖြစ် ကေသရီ သဘာဝအလှကုန်များကို ထုတ်လုပ်ဖြန့်ဖြူးထုတ်လုပ်နေပါပြီ 😍
ကေသရီကနေ ပထမဆုံးထွက်ရှိလာတဲ့ ထုတ်ကုန်လေးကတော့ ဆံသားအားဖြည့်ခေါင်းလျှော်ရည် ပဲဖြစ်ပါတယ်
ထောလပတ် ၊ရှားစောင်း ၊ တမာ၊ ကြိတ်မှန် ၊ ပိတောက် ၊ ကန်စွန်း၊ တရော်ကင်မွန်း ၊ မြင်းခွါရွက် ၊ ပျဉ်းတော်သိမ် ၊ အောင်မဲညို ၊ သံပယို ၊ ပျားရည်တို့နဲ့အတူ Thai နဲ့ Japan မှ Chamomile , Vit E , Olive Oil, Vit B5 တို့နဲ့ စနစ်တကျထုတ်လုပ်ထားပါတယ်
ဆံပင်ခြောက်သွေ့ခြင်း၊ ပျက်စီးနေခြင်း၊ အဆီပြန်ခြင်း၊ ဗောက်ထခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ကိုသက်သာစေပြီး ဆံသားတွေကိုပြန်လည်းသန်စွမ်းနူးညံ့လာစေပါတယ်
သုတေသီများကတော့ သာမန်ဆံပင်များကို တပတ်(၂)ကြိမ်ခေါင်းလျှော်တာအသင့်လျော်ဆုံးပါပဲတဲ့.. ကေသရီလေးကို လိုအပ်သလိုအသုံးပြုပေးနိုင်ပါတယ်..
သုံးပြီသူတိုင်းနှစ်သက်လွန်းလို့ ညွှန်းရလောက်အောင်ကောင်းတဲ့ ဆံသားအားဖြည့်ခေါင်းလျှော်ရည်လေးကို ရွေးချယ်လိုက်ပါ
* စျေးနှုန်း - 340 g 10500 MMK*
#ကေသရီသဘာဝအလှကုန်များ
#ကေသရီဆံသားအားဖြည့်ခေါင်းလျှော်ရည်
Ph 09254518679
အင်းစိန် မြို့နယ်
ရန်ကုန်
17/07/2023
လည်းလှ
သေသပ်
#အရောင် စိုပြည်
စုံ ရောင်စုံရ
#ဈေးနှုန်းသက်သာ
pants များ မှာယူ နိုင်ပါတယ်ရှင့်
အမှတ်ခြစ်ထားသောအရောင်များရရှိနိုင်ပါတယ်
01/06/2023
Skirt & Short pants (စကတ်/ဘောင်းဘီတို)
ချုပ်ထည် Order လက်ခံပါတယ်ရှင့်။
ဇယား ဆိုဒ်အတိုင်း သေသေသပ်သပ်လေးချုပ်ထားတာ မို့ အရမ်းဝတ်လို့ အဆင်ပြေပါတယ်ရှင့်။
ဈေးနှုန်းသက်သာ အရည်သွေးကောင်း ပစ္စည်းပါ❤️
မှာယူလိုပါက Page messenger မှာပြောထားလို့ရပါတယ်ရှင့်။ 😍
ကြာချိန် - ၁ ပတ်
Designer - Sapphire Diary
04/12/2022
စားချင်တာစား ဝါးချင်တာဝါး
စားချင်တာစား ဝါးချင်တာဝါးပြီး သွားပိုးမစားဖို့ 24/7 Tooth Balance နဲ့မှ ဖြစ်မှာနော်
24/7 Tooth Balance သွားတိုက်ဆေးကို မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန်တိုက်ပေးမယ်ဆိုရင် သွားပိုးပေါက်ခြင်းကို ကာကွယ်ပေးကာ သွားနာ၊ သွားဖုံးရောင်၊ ခံတွင်းနာဖြစ်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။
24/7 Tooth Balance (180g) တစ်ဘူး – 9000 ကျပ်
10/11/2022
Promotion အမှီအမြန် လက်ဦးထားမှရမယ်နော်
ငွေ ၃၀၀၀၀ ရင်းပြီး ကိုယ်ပိုင် ဝင်ငွေ ဖန်တီးလို့ရပါပြီ
#အင်းစိန်မြို့နယ်
#ရန်ကုန်တိုင်း
Cb or 09254518679
07/11/2022
💢 တရော်၊ ကင်းပွန်သီး၊ တောရှောက်သီး
💢 ရှားစောင်းလပတ်၊ သံပုရာ၊ မကျည်းသီး
💢 သံလွင်၊ ဆား၊ ဆူး7 မျိုး၊ ပျားရည်
💢 ရှင်မတောင်သနပ်ခါး၊ ကန်ဇွန်းရိုးနီ ၊ ပိတောက်ရွက် စတဲ့ သဘာဝ ကုန်ကြမ်းစစ်စစ်တွေကိုပဲ သုံးထားပါတယ် ☺️☺️
သဘာဝကုန်ကြမ်းတွေကို ဓာတုနည်းပညာနဲ့
ထုတ်လုပ်ထားတာကြောင့်...
🎀 ဆံသားပျက်စီးခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်း။
🎀 ဉီးရေယားယံခြင်း၊ ဗောက်ထခြင်း၊ ဆံပင်ပါး ခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ ထိရောက်စွာ ကာကွယ်ပေးပါတယ်။
500ml ဘူးကြီး တစ်ဘူးကိုမှ 7500 တည်းနော်🥰🥰
Twenty9 shampoo ရဲ့ November တစ်လထဲသာရမဲ့
❣တစ်စျေးအောက် အထူးအခွင့်အရေးကြီး ❣️‼️
Shampoo (5)ဗူးဝယ်ရင် လက်ကား(၁၀)ဗူးစျေး
(၁၀)ဗူးဝယ်ရင် ဗူး(၃၀)စျေးနဲ့ ရတဲ့အပြင် cash back 5000ရောရမှာနော် 😵
⛔️ပုံမှန် (၁၀)ဗူးဝယ်ရင် cash back မရပါဘူးနော်🤒
ဗူး(၃၀)ဝယ်ရင် ဗူး(၅၀)စျေး cash back 15000 🤩
ဗူး(၅၀)ဝယ်ရင် ဗူး(၁၀၀)စျေး cash back 25000 🤩
လက်ကားစရောင်းချင်တဲ့သူတွေအတွက် ဒီချိန်ကအရမ်းတန်သောပါဘဲနော်
Ph - 09254518679
10/09/2022
သွားကျောက်တည်ခြင်းဆိုတာဘာလဲ ❓
သွားကျောက်တည်ခြင်းဆိုတာ သွားမျက်နှာပြင်ပေါ်မှာ တံတွေး နဲ့ Phosphoric Acid အပါအဝင် ဘက်တီးရီးယားများပေါင်းပြီး ကျောက်တည်လာခြင်းဖြစ်ပါတယ်။ သွားကျောက်တည်တဲ့အချိန်မှာ အောက်မှာရှိတဲ့သွားကို သွားပိုးစားလွယ်စေပါတယ်။ ဒါ့အပြင် သွားကျောက်ထဲမှ ဘတ်တီးရီးယားတွေကလည်း သွားရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။
ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ဆို 24/7 Tooth Balance သွားတိုက်ဆေးကို မနက်တစ်ကြိမ် ညတစ်ကြိမ် ပုံမှန် အသုံးပြုပေးဖို့ လိုတယ်နော်
24/7 Tooth Balance သွားတိုက်ဆေးက သွားကျောက်တည်ခြင်းကို ကာကွယ်ပေးပြီး သွားကျောက်များကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် သွားဖုံးရောဂါများ ဖြစ်ပေါ်ခြင်းကနေ ကာကွယ်ပေးလို့ သွားနဲ့ပတ်သတ်တဲ့ ပြဿနာတွေ အေးဆေးပေါ့
24/7 Tooth Balance (180g) တစ်ဘူး – 9000ကျပ်
၁၀ဘူးယူ ၁ဘူးအပိုရ
၁၀ဘူးကစလက္ကားယူလို့ရပါတယ်ရှင့်💙
Focus beauty မှ ထုတ်လုပ်ထားတဲ့ 24/7 သွားတိုက်ဆေး
FDA ရရှိထားပြီး
ပုံမှန်သုံးစွဲပေးရင်
သွားကိုက်ခြင်း
သွားဖုံးရောင်ခြင်း ဝေဒနာတွေသက်သာ စေတဲ့အပြင်
ကွမ်းဂျိုးများပြောင်စင်ပြီး
သွားလေးတွေဖြူစင် စေကာ
ခံတွင်းရှင်းစေတာမို့
Emma May Online Shop page မှာ
အခုပဲ မှာယူလိုက်ပါနော်
180g တစ်ဘူး 9000 ကျပ်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon