Yamin - Beauty Bounty

Yamin - Beauty Bounty

Share

Serving reliable professional makeup services and makeup classes.

28/05/2026

Pretty Soft Glam for my Loyal Client.❤️💄

Studio address _ No.41, Myo Pat St., Kyauk Myaung, Tamwe, Yangon.

For more inquiries: Contact via Chatbox or
Ph : 09-455-505-970, 09-985-875-431

Photos from Yamin - Beauty Bounty's post 28/05/2026

Global Pre-School & Language Centre က Founderတီချယ်ချောချောလေးကို ဝတ်စုံလေးနဲ့လိုက်ဖက်အောင် လှလှလေးလိမ်းခြယ်ထုံးဖွဲ့ပေးထားပါတယ်ရှင်.. ❤️

ပွဲရှိတိုင်း ၄ကြိမ်၊၅ကြိမ်အထိ အမြဲတမ်းအလုပ်အပ်ပေးတဲ့ Loyal Clientလေး 🤍

Photos from Yamin - Beauty Bounty's post 26/05/2026

ဒီရက်ပိုင်း ဖန်တီးဖြစ်တဲ့ Vietnam Makeup Look လေး💄🌸

ပန်းပွင့်လေးလို နူးညံ့ပြီးမိန်းမသားဆန်တဲ့ နုဖတ်လှပတဲ့
ဒီလို Vietnam Makeup Look လေးတွေကို July လမှာဖွင့်လှစ်မယ့် Basic to Professional Makeup Class မှာ အသေးစိတ်သင်ကြားလေ့ကျင့်ပေးမှာပါရှင် 🤩💗

ဒီရက်ပိုင်း Vietnam Look လေးတွေ ဓာတ်ကျနေလို့ 🤩💄

Starring _ Soe Nandar Kyaw
Makeup _ Hla Yamin Khin
Hairdo _ Htoo Linn Ko
Photo _ ABS Photography

24/05/2026

ယမင်းရဲ့ Personally favourite ဖြစ်တဲ့ Western Makeup Look ကိုမှ ထူးထူးခြားခြားလေးဖြစ်အောင် Freckles လေးတွေပေါင်းထည့်ပြီး ခြယ်သထားပါတယ် 🖤💄

Starring _ Myo Pa Pa Naing
Makeup & Hair _ Hla Yamin Khin
Photo _ ABS Photography

24/05/2026

Graduation အတွက် Clean Makeup look & Wavy Hairdo လေးကို လှလှလေးဖန်တီးပေးထားပါတယ်ရှင် 💗✨

Makeup & Hair _ Hla Yamin Khin

For more inquiries: Contact via Chatbox or
Ph : 09-455-505-970, 09-985-875-431

Photos from Yamin - Beauty Bounty's post 24/05/2026

လွန်ခဲ့သော (၆)နှစ်က ယမင်းကိုယ်တိုင်ရေးခဲ့တဲ့ Foundation အမျိုးအစားတွေအကြောင်း Knowledge sharing ပို့စ်လေး
🥰

တခြား MUA လေးတစ်ယောက်ပြန် share ရင်း Noti တက်လာလို့ကြည့်မှ ကိုယ်အမြဲ sharing လုပ်ပေးခဲ့တာ
အဲ့လောက်တောင်ကြာခဲ့ပြီလားလို့ ပြန်တွေးမိတယ် 💗

Photos from Yamin - Beauty Bounty's post 23/05/2026

Vietnam Makeup Look လှလှလေး ဖန်တီးထားပါတယ် 💄🤍

Vietnam look ရဲ့အသက်ဖြစ်တဲ့ ..💗
တစ်မျှင်ချင်း ဖြာထွက်နေတဲ့မျက်တောင်လေးတွေရယ်
ပါးမို့ရဲရဲလေးနဲ့ နှာတံထင်းထင်းလေးပေါ်လွင်အောင်
ခြယ်မှုန်းထားပါတယ်✨

ဒီတစ်ကြိမ် Wavy hair လေးကိုတော့ ယမင်းကိုယ်တိုင်ပဲဖန်တီးပေးထားပါတယ်ရှင် 🫶🏻

July မှာ ဖွင့်လှစ်ပေးမယ့် Basic to Professional Class မှာ ဒီလို Update အရမ်းဖြစ်တဲ့ Makeup look လေးတွေကို သင်ပေးမှာပါနော် 🤩

Starring _ Htet Thinzar Aung
Makeup & Hair _ Hla Yamin Khin
Photo _ ABS Photography

Photos from Yamin - Beauty Bounty's post 22/05/2026

Classic ဖြစ်ပြီး ထင်းထွက်နေစေမယ့်
Thai Bridal Makeup Look လှလှလေးကို
အနုစိတ်ခြယ်မှုန်းထားပါတယ် 💄✨

ဒီလိုတိကျလှပတဲ့ လက်ရာလေးတွေကိုတော့
July 1st Week မှာ စတင်ဖွင့်လှစ်မယ့် 🤩
Basic to Professional Makeup Class မှာ အသေးစိတ်
သင်ကြားပေးမှာဖြစ်ပါတယ်ရှင် 💗

Starring _ Vironica JJ
Makeup _ Hla Yamin Khin
Hair _ Htoo Linn Ko
Photo _ Aung Bhone Set (ABS Photography)

For more inquiries: Contact via Chatbox or
09-455-505-970, 09-985-875-431

20/05/2026

MUA အသစ်လေးတွေအတွက် ဆောင်ရန်ရှောင်ရန်အချက်လေးတွေနဲ့ ကိုယ်ခံယူထားတဲ့ Professional Makeup Artist ဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာကို ကိုယ့်ကိုကိုယ်ပြန်သုံးသပ်မိရင်း sharing လုပ်ပေးလိုက်ပါတယ်ရှင် 💗

ကိုယ့်ကိုကိုယ် Professional တစ်ယောက်လို့ ခံယူဖို့ ခေါင်းစဉ်တပ်ဖို့ဆိုရင် ဒီအချက်လေးတွေနဲ့ပြည့်စုံနေရင်
ပိုကောင်းတယ်လို့မြင်မိပါတယ် 🤍

Professional Makeup Artist တစ်ဦးအနေနဲ့..

📌Client မျက်နှာကျအမျိုးမျိုး Skin type/ Skin tone အမျိုးမျိုးကို သေချာနားလည်ပြီး တစ်ဦးချင်းစီနဲ့ လိုက်ဖက်တဲ့ Makeup look မျိုးလိမ်းပေးနိုင်ရပါမယ်။
ဥပမာ - Client (၃)ဦးပြင်ရင် (၃)ဦးစလုံး ဒီ makeup look တစ်မျိုးတည်း တစ်ရောင်တည်း မလိမ်းပေးသင့်ပါဘူး
(Client တွေအနေနဲ့ကလည်း တစ်ဦးချင်းထင်ပေါ်ကွဲထွက်နေတဲ့ အလှမျိုးပဲလိုချင်ကြတာမို့ပါ)

📌 Client လိုချင်တဲ့ Result ကို Client ရဲ့ Skin condition, Outfit နဲ့ Occasion ပေါ်မူတည်ပြီး ကိုယ့်ရဲ့အမြင်နဲ့ ဆွေးနွေးပြီးပေါင်းစပ်လိမ်းခြယ်နိုင်ရပါမယ်

Client က ဘယ်လိုပြင်သင့်လဲဆိုတဲ့ Idea ထုတ်မပြောတတ်ရင် Artist ဘက်က အကောင်းဆုံး Advice ပေးနိုင်ရပါမယ်🤍
ဥပမာ - Bone structure ထင်းထွက်ပြီး အမိုက်စားမျက်နှာကျမျိုး ပိုင်ဆိုင်ထားတဲ့ client ကို Douyin look လို Cute type လိမ်းပေးတာထက်စာရင် ဆွဲဆောင်မှုရှိတဲ့ Western soft glam လေးလိမ်းပေးတာမျိုးက Client အလှကို ပိုထင်ပေါ်စေတယ် ပိုလှစေတယ်လို့ Client ကို အရင်ရှင်းပြပြီး client ကလည်းသဘောတူလက်ခံရင် လိမ်းပေးလိုက်တာမျိုးပါ။

Client ရဲ့သဘောတစ်ခုတည်းကိုမေးပြီး လိုက်ဖက်မှုရှိရှိ၊ မရှိရှိ လိမ်းပေးလိုက်တာမျိုးလည်း အဆင်မပြေသလို ❌
Client ရဲ့သဘောဆန္ဒကိုလည်းမမေးဘဲ Artist က
ကိုယ့်သဘောနဲ့ကိုယ် မညှိနှိုင်းဘဲ လိမ်းလိုက်ရင်လည်း client ကအကြိုက်မတွေ့တာမျိုးဖြစ်တတ်ပါတယ်😒

📌 လက်ရာတိုးတက်ဖို့ Luxury brand တွေပဲ အားကိုးနေရတာမျိုးမဖြစ်စေဘဲ Brand အသင့်အတင့်လေးတွေပဲရှိရင်တောင်မှ သေသပ်လှပနေတဲ့လက်ရာမျိုးရအောင် လေ့ကျင့်ထားရပါမယ်
(ကိုယ်တိုင်လည်း Drugstore brand လေးစသုံးပြီး client လိမ်းရင်း နောက်ပိုင်းမှ Brand လေးတွေ တဖြည်းဖြည်းစုလာနိုင်တာပါ)

ဆိုလိုတာက လက်ရာနဲ့လေ့ကျင့်မှုက နံပါတ် (၁)
Brand က နံပါတ် (၂) ပဲဖြစ်သင့်ပါတယ် 💗

📌 မိတ်ကပ်ကို Fees ယူပြီးစမလိမ်းခင် ကိုယ့်ရဲ့ဆွေမျိုးမိတ်ဆွေသူငယ်ချင်းနဲ့ Model လေးတွေမျက်နှာမှာ များများလေ့ကျင့်စေချင်ပါတယ်။
ပြီးမှ Fees ယူပြီး Professional career ကိုစတင်တာ ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိစေပါတယ် Client တွေရဲ့ စိတ်တိုင်းကျမှုနဲ့ ယုံကြည်မှုရစေဖို့ လူမျက်နှာပေါင်းများစွာမှာ အချိန်တစ်ခုယူပြီး practice လုပ်သင့်ပါတယ်။
Fees တစ်ခုယူထားတာနဲ့ Client တောင်းဆိုသမျှကို
မညီးမငြူ အနီးစပ်ဆုံးလိမ်းပြီး စိတ်ကျေနပ်အောင် Service ပေးရတော့မှာပဲဖြစ်ပါတယ်

📌 Client ကိုလိမ်းပေးနေဆဲအချိန် Makeup နဲ့ မသက်ဆိုင်တဲ့အလုပ်တွေ၊ Personal case တွေထလုပ်တာမျိုး၊ Client ရဲ့ Private life နဲ့ပတ်သက်ပြီး မလိုအပ်ဘဲ မေးမြန်းဝေဖန်မိတာမျိုး၊ ကိုယ့် Assistant တွေနဲ့အလာပသလာပပြောပြီး ခွီနေတာမျိုး၊ အတင်းပြောတာမျိုးတွေက Professional တစ်ယောက်အနေနဲ့ ကိုယ့် client ဘက်က (ထုတ်မပြောရင်တောင်) လေးစားမှုလျော့နည်းစေတာမို့
ဒီအပြုအမူတွေကိုရှောင်ကြဉ်ရပါမယ်

📌 Pro Makeup Artist အနေနဲ့ Technical skill တွေအပြင် ရုပ်ပိုင်းဆိုင်ရာအရ Client က ကိုယ့်ကို မြင်လိုက်တာနဲ့ အားကိုးချင်စိတ်ဖြစ်အောင် Smart ကျကျ သပ်သပ်ရပ်ရပ်လေး ဝတ်စားဆင်ယင်ရပါမယ်။
မိတ်ကပ်မလိမ်းထားရင်တောင် ဆံပင်ကိုသပ်သပ်ရပ်
ရပ်လေးဖြီးထားမယ်၊ အဝတ်အစားကို သန့်ပြန့်သပ်ရပ်နေအောင် ဝတ်ဆင်ထားရင် first impression မှာ client ရဲ့ respect ပိုရနိုင်ပါတယ်

📌 Client ပြင်နေဆဲအချိန်မှာ ကိုယ့်ရဲ့ အဝတ်အစားနဲ့ ခန္ဓာကိုယ်၊ ပါးစပ်၊ လက်တွေက သန့်ရှင်းသပ်ရပ်နေရပါမယ်။ Client အလိမ်းခံနေတဲ့အချိန် ကိုယ့်ဆီက
မကောင်းတဲ့ အနံ့အသက်တစ်ခုခုရလို့ client က
သက်တောင့်သက်သာမရှိရင် Client ကို မလေးစားရာရောက်နိုင်သလို နောက်တစ်ကြိမ်ကိုယ့်ဆီပြန်လာဖို့ အလှမ်းဝေးသွားနိုင်ပါတယ် ‼️

ဒါကြောင့် မိတ်ကပ်ပြင်ရတော့မယ်ဆိုရင်💄
🔸 အဝတ်အစားသန့်သန့်ဝတ်ပါ
🔸 ချိုင်းနံ့မထွက်အောင် Deodorant သုံးပါ
🔸ပလုတ်ကျင်းဆေးရည်၊ အာဖြန်းဆေးရည်တွေသုံးပါ
🔸နေရမခက်ဘူးဆိုရင် Mask တပ်ပါ
🔸 Makeup လိမ်းခါနီးထမင်းစားရင် ဇွန်း၊ လက်အိတ်နဲ့စားပါ
🔸ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးပိ၊ ဒညင်းသီး
လိုမျိုး အနံ့ပြင်းတဲ့အစားအသောက်တွေရှောင်ပါ
🔸 ခေါင်းမှာ အဆီတွေအနံ့တွေထွက်နေရင် ခေါင်းလျှော်ထားပါ
🔸 လက်သည်းမှာချေးတွေမရှိအောင်ထားပါ
🔸 Female artsit ဆိုရင် Period ကာလဖြစ်ရင် Pad ကိုအသစ်လဲပြီးမှ makeup စလိမ်းပါ

📌 Client Booking ယူထားတဲ့ Date, Time, Location ကို (လုံး၀) လုံးဝအမှားအယွင်းမရှိစေဘဲ သေချာမှတ်ထားရမှာဖြစ်ပါတယ်။ (ပွဲတွေက နောက်တစ်ကြိမ် ပြန်ကျင်းပပေးလို့မဖြစ်နိုင်တာမို့ Artist ဘက်ကရက်တွေ အချိန်တွေမှားမှတ်ထားရင် Client အတွက်အများကြီးနစ်နာစေတဲ့အပြင် အခန့်မသင့်ရင် Bad Review တောင်အပေးခံရနိုင်ပါတယ်)

ဒီဆောင်ရန်ရှောင်ရန်အချက်လေးတွေက Client ကိုလိမ်းပေးတဲ့အခါ အရမ်းအရေးကြီးတာမို့ sharing လုပ်
ပေးလိုက်ပါတယ်ရှင်🥰

2018 ထဲက မိတ်ကပ်လောကထဲစဝင်ခဲ့တဲ့ Senior တစ်ဦးအနေနဲ့ ကိုယ့်ရဲ့အတွေ့အကြုံများစွာကို MUA အသစ်လေးတွေအတွက် အကျိုးရှိအောင် မျှဝေပေးလိုက်ပါတယ်ရှင်]

Beginner MUA လေးတွေ ဒီစာကိုဖတ်လိုက်လို့ တစ်ခုခု
အကျိုးသွားစေဖို့ပဲ မျှော်လင့်ပါတယ်ရှင်💗

17/05/2026

Beautiful neutral makeup & pretty hairbun for “May”💄

Hairdo _ Htoo Linn Ko

ပွဲရှိတိုင်းအမြဲလာလိမ်းတဲ့ Makeup Class ပါထပ် Join တဲ့ Loyal Client လေး 🩵

အမြဲအစ်မစိတ်ကြိုက်ပြင်ပေးပါဆိုပြီး အပ်တဲ့အပြင်
လိမ်းပြီးတိုင်းလည်း အရမ်းသဘောကျနှစ်သက်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင့် 🤍

Studio address _ No.41, Myo Pat St., Kyauk Myaung, Tamwe, Yangon.

Ph : 09-455-505-970, 09-985-875-431

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
11072