Skin Care - Beb

Skin Care - Beb

Share

Everyone has their own beauty.

20/02/2023

Double Cleansing ဆိုတာဘာလဲ?
Double Cleansing လုပ်ဖို့ဘာတွေလိုအပ်လဲ ?
Double Cleansingလုပ်ပြီးတဲ့ အခါ ဘာတွေ ထူးခြားလာမှာလဲ ?

👋 double cleaning ဆိုတာဘာလဲသိကြလားချစ်သူတို့
Doubleဆိုရုံနဲ့ သုံးနေကြ မျက်နှာသစ်ဆေးကို (၂)ခါသစ်လိုက်တယ်
ဒါဟာ Double Cleansing ပဲလို့ သိထားကြသူလေးတွေအားလုံးမှားပါတယ်နော်။

👋 Double Cleansing ဆိုတာကိုယ်နေလိုက်တဲ့ တစ်နေ့တာမှာမျက်နှာပေါ်က အညစ်ကြေးတွေကို သေချာစနစ်တကျသန့်စင်ပေးရတာမျိုးကိုခေါ်တာပါ။
မျက်နှာကို တစ်ကြိမ်ပဲသစ်နေကြတယ်ဟုတ် ❓

👋 Double Cleansing လုပ်ဖို့တွက် Oil Cleanser & သုံးနေကြ မျက်နှာသစ်ဆေး လိုအပ်ပါတယ်နော်။
Oil Cleanser (or) Toner လေးနဲ့ အရင် မျက်နှာကိုတစ်ကြိမ်သန့်စင်ပါ။
ဘာလို့အဲ့လိုမျိုးအရင်လုပ်ခိုင်းရလဲဆိုရင် ကိုယ်မမြင်နိုင်တဲ့ ဖုန်တွေ အညစ်ကြေးတွေက မျက်နှာပေါ်မှာ အရမ်းကိုများပါတယ်။ရိုးရိုးမျက်နှာသစ်ဆေးနဲ့ သန့်စင်ရင်လည်း လုံးလုံးကြီးမသန့်သွားပါဘူးနော်။
အဲ့တော့ oil Cleanser လေးနဲ့အရင်သန့်စင်ပါ။
နောက်တစ်ခေါက်ကိုတော့သုံးနေကြမျက်နှာသစ်ဆေးလေးနဲ့ သစ်လိုက်ပါ။

👋 Double Cleansing သေချာလေးလုပ်ပြီးတဲ့ ရလာဒ်‌ကတော့
ခုလို (၂)ကြိမ်‌စနစ်တကျသန့်စင်လိုက်ရင် အရင်လို ကပ်ကျန်နေခဲ့တဲ့ အညစ်ကြေးတွေကနေ ၀က်ခြံအမာရွတ်တွေ ဖြစ်မလာတော့ပဲ ၀င်းအိအိစက်ပြီး ကြည်ရှင်းလာမှာနော်။
မျက်နှာလေးက အရင်လို မဟုတ်တော့ပဲ တကယ်ကိုသန့်စင်ပြီး အမဲစက်အမာရွတ်မကျန်ခဲ့တော့ဘူးနော်

🥰 အားလုံးပဲ Double Cleansing လေးလုပ်ဖို့မမေ့နဲ့နော်။

Everyone have their own beauty.

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon