Good Feeling

Good Feeling

Share

product for Health & Happiness

Photos from Good Feeling's post 26/03/2023

အပျို အအို ကလေးအမေ
ခွဲနည်း

ရည်းစားပူမိပြီး ဂျုံးဂျုံးကျနေတဲ့ အခွက်နဲ့ဆို ( အပျို )

ဖလန်းဖလန်းထပြီး ဆတ်ဆလူးခါနေရင် ( အအို )

စက်စက်ယိုအောင် လှပြီး
ဉအက် နုဖက် နေရင် ( ကလေး အမေ )

ကလေးတစ်ဖက်နဲ့ ရုပ်က စုတ်ပြတ်နေရင်
( ကလေးအမေရဲ့ ညီမ ( သို့ ) အစ်မ )

Photos from Good Feeling's post 26/03/2023

မိန်းကလေးရဲ့ ခန္ဓာကိုယ်အပြင်ပိုင်းကိုကြည့်ပြီး
အပျိုစစ်မစစ် ခန့်မှန်းလို့ မရပါဘူး။
လိုက်ပြောစရာလည်း မလိုပါဘူး။

လူ့ခန္ဓာကိုယ်က ပုံစံအမျိုးမျိုးရှိပါတယ်။
ရင်သားကြီးတာ သေးတာ တွဲတာ၊ တင်ပါးရှူးတာ ခွက်တာ၊
အကြောပြတ်တာ စတာတွေက ပုံမှန်ပါပဲ။
အဲ့လိုနေရာတွေကို ကြည့်ပြီး အပျိုစစ်၊ မစစ်ဘူးဆိုပြီး
အာမချောင်ပါနဲ့ ။

Photos from Good Feeling's post 26/03/2023

မိန်းကလေးပါ ...

ငွေ မမက်ဘူး မပြောဘူး။ ငွေ မက်တယ်။
သူများကို မှီခိုပြီးရလာမဲ့ငွေ မဟုတ်ဘူး။
ကိုယ်ကိုယ်တိုင် ရိုးရိုးသားသားရလာတဲ့ငွေကို မက်တာ!

ဂုဏ် မမက်ဘူး မပြောဘူး။ ဂုဏ် မက်တယ်။
ပကာသနဆိုတဲ့ ဂုဏ်မဟုတ်ဘူး။
ကိုယ့်သိက္ခာကို ထိန်းသိမ်းနိုင်တယ်ဆိုတဲ့ ဂုဏ်ကို မက်တာ!

ချမ်းသာတဲ့ယောက်ျားလေးကို မမက်ဘူး မပြောဘူး။ မက်တယ်။
ပိုက်ဆံချမ်းသာတဲ့ ယောက်ျားလေးမဟုတ်ဘူး။
စိတ်ဓါတ်ချမ်းသာတဲ့ ယောက်ျားလေး!

မာန မရှိဘူး မပြောဘူး။ ရှိတယ်။
နေရာတကာ မောက်မာစွာနဲ့ဆက်ဆံတတ်တဲ့ မာန မဟုတ်ဘူး။
ရှိသင့်ရှိထိုက်တဲ့ နေရာမှာ ထားသင့်တဲ့မာန ရှိတာ!!😇

ဟုတ်ကဲ့!
ကျွန်မ မိန်းကလေးတစ်ယောက်ပါ။

Photos from Good Feeling's post 26/03/2023

"ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့"
==================
အလုပ်တစ်ခုကို ငါမလုပ်နိုင်ပါဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့

ကိုယ့်ကို စွန့်ခွာသွားသူတစ်ယောက်ကို
ငါ မမေ့နိုင်ပါဘူးလို့ မတွေးလိုက်ပါနဲ့

သူများအလုပ် လုပ်ကိုင်နေရတော့
ငါ လုပ်ငန်းရှင်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့
မတွေးလိုက်ပါနဲ့

ကိုယ့်မှာ တီးတိုးဖော် မရှိတော့လို့
ငါ တစ်ယောက်တည်း မနေနိုင်ပါဘူးလို့ မတွေးလိုက်ပါနဲ့

ကိုယ်တန်ဖိုးထားရသူတွေ ဆုံးရှုံးတော့လို့
ငါ့ဘဝက အဓိပ်ပါယျမဲ့သှားပွီလို့ မတွေးလိုက်ပါနဲ့

ရှုံးနိမ့်ခြင်းတွေ ကြုံနေရလို့
ကိုယ့်ကိုကိုယ် အသုံးမကျတဲ့သူပါလားလို့ မတွေးလိုက်ပါနဲ့

ကြမ္မာဆိုးတွေ မွှေနှောက်နေတိုင်း
ငါ့ဘဝက ဘယ်တော့မှ ကံမကောင်းနိုင်ဘူးလို့ မတွေးလိုက်ပါနဲ့

ရောဂါဝေဒ နာတွေ ခံစားနေရလွန်းလို့
ငါ့ဘဝက ဇာတ်သိမ်းခန်းရောက်ပြီလို့ မတွေးလိုက်ပါနဲ့

အဲဒိလို တွေးလိုက်မိပြီဆိုတာနဲ့ သင့်ဘဝက
တစ်ဝက်သေသွားတာ သေချာသွားပြီလေ

ပိုးစုန်းကြူးလို အကောင်သေးသေးလေးတွေတောင်
သူတို့မှာရှိနေတဲ့ ကိုယ်ပိုင်အလင်းရောင်နဲ့ လောကကြီးကို
အလင်းရောင် ပေးစွမ်းနေကြတယ်

အဆင်မပြေမှုတွေ နှလုံးသားရဲ့ ခံစားမှုတွေ
ဖိစီးနှိပ်ဆက်ခံရတိုင်း ဘဝကို ရေစုန်မျောနေမိရင်
လောကကြီးက မင်းကို ကောင်းကြီးပေးလာမှာ မဟုတ်ဘူးလေ

သူငယ်ချင်း.....ကိုယ့်ကိုကိုယ် အထင်သေးတဲ့တစ်နေ့
မင်းဟာ တန်ဖိုးမဲ့လူသားတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာပြီး
လူ့လောကကို လက်ကမ်းကြိုဆိုခဲ့တဲ့ မိဘမျက်နှာကို
အိုးမဲ သုတ်သလိုပဲ

ငါမလုပ်နိုင်ဘူး မဖြစ်နိုင်ဘူးလို့
တွေးတဲ့တစ်နေ့ မင်း သေသွားတဲ့နေ့ပဲ ဖြစ်သင့်တယ်

ခံစားချက်တွေများလွန်းလို့ မခံမရက်နိုင် ဖြစ်နေရင်
တစ်ရက်တော့ ငိုပါ
ပြီးရင်တော့ ပြုံးနိုင်အောင် ကြိုးစားပါနော်

Photos from Good Feeling's post 26/03/2023

မနက်ဖြန်ဆိုတာမသေချာဘူး
ဒီနေ့မှာ မင်းကိုယ်မင်းချစ်ပါ
မင်းချစ်ရတဲ့သူတွေကို ဂရုစိုက်ပေးလိုက်ပါ
ကိုယ့်ကိုချစ်ပေးတဲ့သူတွေကို ကျေးဇူးတင်လိုက်ပါ
လူကောင်းတစ်ယောက်ဖြစ်ဖို့မဟုတ်ရင်တောင်
လူဆိုးတစ်ယောက်ဖြစ်မသွားအောင်တော့ ကြိုးစားပြီးနေထိုင်ပါ

Photos from Good Feeling's post 26/03/2023

စိတ်ပျော့တဲ့ မိန်းကလေးတွေက
မျက်ရည်လွယ်တယ် ..
ပြီးတော့ အညှိုးအတေးမရှိဘူး ..
ဘယ်လောက်စိတ်နာစရာဖြစ်ဖြစ် ငိုပြီးမေ့သွားတာ ။

စိတ်မာတဲ့မိန်းကလေးတွေကကျတော့
မျက်ရည်မလွယ်ဘူး ..
ငိုချင်စိတ်ကိုထိန်းချုပ်နိုင်တယ် ပြီးတော့
အမှတ်သည်းခြေကြီးတယ် ..
လွယ်လွယ်နဲ့ ခွင့်မလွှတ်တတ်ကြသလို
ကလဲ့စားချေတတ်ကြတယ် ။

ဒါကြောင့် စိတ်ပျော့တဲ့မိန်းကလေးတွေက
သံယောဇဉ် တစ်ခုပြတ်တောက်ဖို့
အချိန်အများကြီးယူရပေမယ့်
စိတ်ခိုင်တဲ့မိန်းကလေးတွေကျ
နာစရာတွေရင် ပြတ်ပြတ်သားသားကျောခိုင်းပစ်ကြတာ
ဘယ်လောက်ခံစားရရ ပြတ်သားနိုင်ကြတယ် ။

တခုခုဆို ငိုတတ်တဲ့ ကိုယ့်အတွက် ငိုပြီးရင်
အားလုံးကိုနားလည်ပေးနိုင်သွားရော ..
အငိုလွယ်ရင် နှစ်ခါရှုံးပြီး ခဏခဏအနိုင်ပိုင်းခံရတာလည်း အမှတ်မရှိဘူး ။

ဆယ်ခါ ငိုရမယ့်အရာကို တစ်ခါပဲငို
အားရပါးရငို စိတ်တိုင်းကျ ငို
ပြီးတာနဲ့ အားလုံးကိုကျောခိုင်းဖို့ ကြိုးစားပါ ။

လူစိတ်မရှိတဲ့ လူတွေနဲ့နေ့စဉ်ပေါင်းသင်းဆက်ဆံနေရတဲ့အခါ စိတ်ဓာတ်မာလေလေ ကိုယ့်အတွက်အဆင်ပြေလေလေပါပဲ .. ဆိုတော့ ထစ်ခနဲရှိမျက်ရည်ဝဲမယ့် ကိုယ့်စိတ်ကိုပြောင်းလဲဖို့ကြိုးစားနိုင်ရမယ် ။

26/03/2023

တွေ့ဆုံမှုတိုင်းမှာ
ထာဝရဆိုတာ မရှိပါဘူး ။

ဒါကြောင့်မို့
အကောင်းဆုံး မဖြစ်ခဲ့ရင်တောင်
အဆိုးဆုံးတွေ မဖန်တီးမိဖို့ ဂရုစိုက်ပါ ။

Photos from Good Feeling's post 26/03/2023

လူသားဆန်တဲ့ အိမ်ထောင်ဖက်
------------------------

မိန်းကလေးအများစုက
ကိုယ့်ထက် အသက်ကြီးသူကို
ပိုင်ဆိုင်ခွင့်ရရင် အကိုလို အဖေလို
ကြင်နာမှုရမယ်လို့ ယုံကြည်ကြတယ်

ကိုယ့်ထက် ပညာတတ်သူကို ရရင်
အဖက်ဖက်က ကိုယ့်ကို
လမ်းညွှန်ပေးနိုင်မယ်လို့ ယုံကြည်ကြတယ်

ကိုယ့်ထက် ငွေကြေး ချမ်းသာသူကိုရရင်
ပေါပေါများများ သုံးရမယ်
စိတ်ချမ်းသာမယ်လို့ ယုံကြည်ကြတယ်

ကိုယ့်ထက် ရာထူးပါဝါကြီးသူကို ရရင်
အရာရှိကတော် ဆိုတဲ့ ဂုဏ်ပုဒ်မှာ
တင့်တယ်တယ်လို့ ယုံကြည်ကြပြန်တယ်

တကယ်တော့
ယောက်ျားတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရပြီး
စိတ်ရောလူပါ အေးချမ်းစေဖို့ရာ
တစ်ဘဝစာအတွက် လက်တွဲဖို့
အသက်ကြီးခြင်း ငယ်ခြင်း
ပညာတတ်ခြင်း မတတ်ခြင်း
ရာထူးရှိခြင်း မရှိခြင်း
ပိုက်ဆံရှိခြင်း မရှိခြင်းနဲ့ မဆိုင်ပါဘူး

ယောက်ျားတစ်ယောက်ဟာ
ကိုယ်ပိုင် အရည်အချင်းရှိရမယ်
ရှိတဲ့အရည်အချင်း အပေါ်မှာ မူတည်ပြီး
ကောင်းမွန်သော ဘဝ ရပ်တည်မှုအတွက်
အသုံးချတတ်ရမယ်
စစ်မှန်တဲ့ မေတ္တာစိတ် ရှိမယ်

အဓိက
မအေ နှမချင်း ကိုယ်ချင်းစာစိတ်
အပြည့်အဝရှိတဲ့ သူကို ပိုင်ဆိုင်ခွင့်ရမယ်ဆို
မင်းဟာ ကံကောင်းသူပါပဲ

လောကမှာ အိမ်ထောင်ရေး ကံကောင်းဖို့ဆိုတာ
ပိုက်ဆံရှိမှ ရာထူးဂုဏ်ရှိမှ မဟုတ်ပါဘူး
လူသားဆန်တဲ့ အိမ်ထောင်ဖက်ကို ရထားမှ
ကံကောင်းတာပါ

Credit
#အိမ်ထောင်ရေး

Photos from Good Feeling's post 26/03/2023

#အချစ်စစ် ...

အချစ်စစ်ဆိုတာ
ကိုယ့်ချစ်သူမှာဘယ်လို
လိုအပ်ချက်တွေပဲရှိရှိ
နားလည်ပေးတတ်ကြတယ်။

အချစ်စစ်ဆိုတာ
ကိုယ့်ချစ်သူမှာဘယ်လို
အခက်အခဲတွေပဲရှိရှိ
ဖြေရှင်းပေးတတ်ကြတယ်။

အချစ်စစ်ဆိုတာ
ကိုယ့်ချစ်သူမှာဘယ်လို
ပြသနာမျိုးတွေပဲရှိရှိ
ရင်ဆိုင်ပေးတတ်ကြတယ်။

အချစ်စစ်ဆိုတာ
တခြားသူတွေဘယ်လို
သွေးခွဲစကားတွေရှိရှိ
ကိုယ့်ချစ်သူကိုသစ္စာထားလို့
မြတ်နိုးတတ်ကြသေးတယ်။

အချစ်စစ်ဆိုတာ
ကိုယ့်အရှေ့မှာလဲချစ်တက်တယ်
နောက်ကွယ်မှာလဲချစ်တက်တယ်။

#တစ်ကယ်တမ်းကျတော့
အချစ်စစ်ဆိုတာဟာ
တစ်ယောက်နဲ့တစ်ယောက်
ပူလောင်မူတွေဖြစ်တဲ့
မာနတွေ မနာလိုဝန်တိုမူတွေ
မုန်းတီးမူတွေ
အနိုင်ရလိုမူတွေကို
ယှဉ်ပြိုင်ဖို့မဟုတ်ပဲ?

တစ်ဦးနဲ့တစ်ဦး
ဘယ်သူကပိုလို့စာနာနားလည်နိုင်သလဲ?
ဘယ်သူကပိုလို့သည်းခံခွင့်လွှတ်နိုင်သလဲ?
ဘယ်သူကပိုလို့ချစ်မြတ်နိုးနိုင်သလဲ?
ဘယ်သူကပိုလို့သစ္စာရှိနိုင်သလဲ?
ဆိုတာတွေကို
ပြိုင်ဆိုင်ကြတာပဲဖြစ်တယ်။



မေတ္တာဖြင့်

Photos from Good Feeling's post 26/03/2023

#မိန်းမကောင်းတို့၏အင်္ဂါ ၈ ပါး

(၁)ထမင်းစားသောအခါ မိခင်ကဲ့သို့လုပ်ကျွေးသောမိန်းမ။

(၂)လင်သားကို အဝတ်စားပြုပြင်ပေးတတ်သောမိန်းမ။

(၃)ဘေးအန္တရာယ်ကြုံသောအခါ တိုင်ပင်၍ ရသောမိန်းမ။

(၄)ကျွန် မကဲ့သို့လုပ်ကျွေးတက်သောမိန်းမ။

(၅)လင်သားကို မောင်ကဲ့သို့ရှက်ကြောက်ရိုသေလေးစားတက်သောမိန်းမ။

(၆)လင်သား၏အလိုကိုလိုက်၍ သည်းခံနိုင်သောမိန်းမ။

(၇)မွေ့လျော်ပျော်ဘွယ်များကို ပြုတက်သောမိန်းမ။

(၈)အရောင်အဆင်းရှိရှိ လှလှပပပြုပြင်နေထိုင်တက်သောမိန်းမ

------------------------------------------------

#အိမ်ထောင်ရေး ရှောင်ရှားနိုင်ရန်


၁။ လူရှေ့သူရှေ့ မရှောင် အိမ်ထောက်ဘက်ကို အပြစ်တင်ခြင်း
**********************
လင်နဲ့မယား လျှာနဲ့သွားပါ။
အိမ်ထောင်သက် ရလာတာနဲ့ အမျှ အထစ်အငှော့လေးတော့ ရှိတတ်ကြပါတယ်။ လူရှေ့သူရှေ့ မရှောင် တဘက်သားကိုအပြစ်တင် ရန်ထောင်ရင်တော့ ရန်ပွဲ ဖြစ်လာမှာပါ။ အဲလိုရန်ဖြစ်တာ ပြဿနာကို ပြေလည်အောင် မဖြေရှင်း နိုင်တဲ့ အပြင်မီးလျှံထဲကို ဓါတ်ဆီ လောင်းလိုက်သလို ဖြစ်သွားတတ်ပါတယ်။နောက်ဆုံးကျရင် ဘယ်သူမှ အလျှော့ ပေးလို့ မရတဲ့ အနေအထား ရောက်သွားတတ်ပြီး ပွဲသိမ်းဖို့ ခက်ခဲသွားပါတယ်။ ဒါကြောင်မို့လို့ လင်မယား မှတ်ထားရ မှာက မည်သူရဲ့ရှေ့မှာမဆို အိမ်ထောက်ဘက်ကို အပြစ်တင်မိတာမျိုး လုံးဝရှောင်ကြင်ပါ။ လက်ဝါးတဘက် ထဲ ဘယ်တော့မှ လက်ခုတ်တီးလို့ မရပါဘူး။
၂။ သားသမီး ရှေ့မှာ ရန်ဖြစ်ခြင်း*******************
မိဘဆိုတာ သားသမီး ရဲ့ အားကိုးရာ ဖြစ်သလို
ခိုလုံရာ လည်းဖြစ်ပါတယ်။ လင်မယားနှစ်ယောက်
ပြဿနာ တစ်ခုခု ရှိခဲ့ရင် သားသမီးကို ရှောင်ပါ။
လင်မယား ရန်ဖြစ်တယ်ဆိုတာ လူကြီး နှစ်ဦးရဲ့ ကိစ္စပါ။မိဘရန်ဖြစ်တာကို ကလေးတွေ တွေ့သွားရင် ကလေးရဲ့အတွင်းစိတ်ကို ထိခိုက်သွားနိုင်သလို
သူတို့ရဲ့ အနာဂတ်အိမ်ထောင်ရေး အပေါ်ထားရှိတဲ့ စိတ်ထား ကိုပါထိခိုက်နိုင်ပါတယ်။ တကယ်လို့ သားသမီးများဟာအိမ်မှာ သာယာတဲ့ အရသာကို မခံစားရဘူးဆိုရင်နောင်မျိုးဆက်တစ်ခုလုံးကို
ထိခိုက်သွားစေနိုင်ပါတယ်။
၃။ အိမ်ထောင်ဘက် နေမကောင်းတဲ့အခါ ရန်ဖြစ်ခြင်း
***************************
အိမ်ထောင်ဘက် တစ်ဦးဦးက နာမကျန်းဖြစ်နေရင်
စိတ်ဓါတ်ကျပြီး စိတ်ဆိုးလွယ်တတ်လေ့ရှိပါတယ်။
အဲဒီအချိန်မှာ ရန်ဖြစ်မိရင် အိမ်ထောင်ရေးကို
လုံး၀ထိခိုက်သွားနိုင်ပါတယ်။
၄။ အနာဟောင်း ပြန်ဖော်ခြင်း
*********************
ရန်ဖြစ်တိုင်း အနာဟောင်းကို ပြန်ဖော်တာမျိုး
လုံးဝရှောင်ကြင်သင့်ပါတယ်။ မမှားတဲ့ရှေ့နေ မသေတဲ့ဆေးသမားဆိုသလို လူတိုင်းကိုယ်စီ တစ်ခုခု မှား ဖူးတတ်ကြစမြဲပါ။အနာဟောင်းကို လက်ကိုင်တုတ်အဖြစ် ခဏခဏထုတ်သုံးရင်တော့ အဲဒီအိမ်ထောင်ရေးပြန်အဆင်ပြေဖို့ ခက်ခဲသွားတတ်ပါတယ်။

၅။ အိမ်ထောင်ဘက် ၏ မိဘနဲ့ အိမ်သားများကို
ထိခိုက်စေသော စကားများ
*********************
ရန်ဖြစ်တယ်ဆိုတာ တစ်ခုခုအပေါ် မကျေနပ်လို့ သဘောမတူနိုင်လို့ ဖြစ်ပါတယ်။ အဲဒီကိစ္စအပေါ်သာ အချေအတင် ငြင်းခုန်သင့်ပါတယ်။အိမ်ထောင်ဘက်ရဲ့ မိဘနဲ့ မိသားစု ကို စောင်းပြောတာမျိုး၊ထိခိုက်စေတဲ့ စကားမျိုး လုံးဝရှောင်ကြင်ရမှာပါ။
၆။ ပစ္စည်းလွင့်ပစ်တတ်တဲ့ အကျင့်
************************
ရန်ဖြစ်ပြီဆိုမှ နဂိုကတည်းက အသံက
ကျယ်လှောင်ပြီးသား၊ ပစ္စည်းလွင့်ပစ်တဲ့ အသံ၊ ခုန်ထု တဲ့အသံ၊ ပစ္စည်းကျကွဲသွားတဲ့အသံ တွေနဲ့ ရောသွားရင် ပွဲအများကြီး ပိုကြမ်းသွားတတ်ပါတယ်။ ချစ်လို့ယူထားကြတာပဲ၊ပစ္စည်းလွင့်ပစ်လို့ ကျကွဲတယ်ဆိုတာ နှလုံးသားကျ ကွဲတာနဲ့တူတတ်တယ်။
၇။ စိတ်နာစေတဲ့ စကားအသုံးအနူန်းများ
***************************
စိတ်ဆိုးအောင်လုပ်လို့ ရတယ်။ စိတ်နာအောင်မလုပ်ကြပါနဲ့၊စိတ်နာစေတဲ့ စကားမျိုး လုံးဝရှောင်ကြင်သင့်ပါတယ်။ ရှင်ကိုအားကိုးလို့တော့ သူတောင်းစားပဲဖြစ်သွားမှာ၊ သူများယော့င်္ကျားတွေကြည့် ပိုက်ဆံရှာဘယ်လောက်တော်လဲ၊ရှင်နဲ့တစ် စက်ကလေးမှ မတူဘူး စတဲ့စကားမျိုး ကို မပြောဆိုရပါ။
၈။ သေတာနဲ့ ချိန်းခြောက်ခြင်း
********************
ငါအသက်ရှင်နေတာ ဘာထူးသေးလဲ၊
ငါအသက်မရှင်ချင်တော့ဘူး ၊ ငါမင်းကို သေပြမယ်
စသည်ဖြင့် သေတာနဲ့ ချိန်းခြောက် တာမျိုး
လုံးဝရှောင်ကြင်သင့်ပါတယ်။
၉။ လက်ပါ ခြင်း
**************
ဘယ်လောက်ပဲ စိတ်ဆိုးစိတ်ဆိုး ကိုယ့်လက်ကိုလုံး၀ ထိန်းထားရပါမယ်။ တစ်ချက်ရိုက်မိသွားရင်ချစ်ခဲ့သမျှ အတိုးရော အရင်းပါ ဆုံးရူံးသွားနိုင်ပါတယ်။
ပြင်ပ ဒဏ်ရာ ကုစားရ လွယ်သလောက် စိတ်တွင်းက ဒဏ်ရာကို ဖျောက်ပစ်ဖို့ မလွယ်လှပါ။
၁၀။ ကွဲမယ် ဆိုတဲ့စကား အလွယ်တကူသုံးခြင်း
******************
ဘယ်သူပဲ ဖြစ်ဖြစ် စိတ်ဆိုးတဲ့ အခါ ဖြစ်ချင်ရာဖြစ်
ဆိုတဲ့စိတ် မျိုး ၀ငျတတျပါတယျ။ ကွဲမယ်ဆိုတဲ့ စကားဟာ အင်မတန်မှ ကြောက်စရာ ကောင်းတဲ့ နိမိတ် ဖြစ်တတ်ပါတယ်။
နောက်ဆုံး ပြောချင်တာကတော့ ရန်မဖြစ်တာ အကောင်းဆုံးပါ။ အချစ်ဆိုတာဟာ အိမ်ထောင်သက် ကြာလာတာနဲ့
အမျှရင်ခုန်တာတွေ ဓါတ်လိုက်တာတဖြည်းဖြည်း
ပျောက်ကွယ်သွားပေမဲ့ တစ်ဦးအပေါ်တစ်ဦး ဆက်ပြီးတန်ဖိုးထားနေသေးခြင်းကို ဆိုလိုပါကြောင်း
တင်ပြလိုက်ရပါတယ်။



#အိမ်ထောင်ရေး သက်တမ်း ခိုင်မြဲအောင်


၁။ အပြန်အလှန် လေးစားပါ

ခင်ပွန်းကလည်း ဇနီးဖြစ်သူကို လေးစားပါ။ ဇနီးကလည်း ခင်ပွန်းကို လေးစားပါ။ ထိုသို့ အပြန်အလှန် လေးစားခြင်းဟာ အိမ်ထောင်းရေး အတွက် အခြေခံ အုတ်မြစ်တစ်ခု ဆိုလည်း မှားမယ် မထင်ပါ။

၂။ ယုံကြည်မူ

ဘာမှ မဟုတ်တဲ့ ကိစ္စလောက်ကိုပင် မယုံမကြည် မတွေးသင့်ပါ။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ယုံကြည်မူ ထားရှိခြင်းအားဖြင့် အတော်အတန် ပြဿနာများကို ဖြေရှင်းနိုင်ပါလိမ့်မယ်။

၃။ အနစ်နာခံခြင်း

ခင်ပွန်း အတွက် ဇနီးသည်က အနစ်နာခံ သလို ဇနီးအတွက်လည်း ခင်ပွန်းက အနစ်နာ ခံပေးပါ။ ထိုသို့ မဟုတ် ဘယ်သူ သာတယ် ဘယ်သူ နာတယ်လို့ တွေးတောနေရင်တော့ မကောင်းပါ။

၄။ မိမိတာဝန် မိမိကျေပွန်ပါစေ

ခင်ပွန်းမှာလည်း ခင်ပွန်း တာဝန်ယူထားတဲ့ တာဝန် ရှိသလို ဇနီးမှာလည်း ဇနီးသည် တာဝန်ယူတဲ့ ကိစ္စ တာဝန်တွေ ရှိကြပါတယ်။ ထိုတာဝန်တွေကို နှစ်ယောက်လုံး ကျေပွန်ကြပါစေ။

၅။ မေတ္တာစစ်နဲ့ ချစ်ပါ

ချစ်ခြင်း မေတ္တာကတော့ ကျယ်ပြန့်ပါတယ်။ မိမိ၏ အိမ်ထောင်ဖက် အပေါ် ချစ်မှသာ အိမ်ထောင်ရေးက ရေရှည်ခိုင်မြဲမှာ ဖြစ်ပါတယ်။ ထိသို့ မဟုတ်ဘဲ ချစ်ခြင်း မေတ္တာ မရှိတဲ့ အိမ်ထောင်ရေး ဆိုတာ ရေရှည်ခိုင်မြဲဖို့ဆိုတာ
ခက်ခဲပါတယ်။

.
မေသဝဏ်လွှာ

Photos from Good Feeling's post 26/03/2023

အပျိုစင်နှင့် ပါကင်

အပျိုမြှေး(ပါကင်)ရှိမှ အပျိုစစ်တာလား

ခေတ်အဆက်ဆက်မှာ (အခုချိန်ထိ) မိန်းကလေးတစ်ယောက် အပျိုစစ်မစစ်ကို အပျိုမြှေးလို့ ခေါ်တဲ့ အမြှေးပါးလေး ရှိမရှိဆိုတာနဲ့ တန်ဖိုးဖြတ်နေတုန်းပါပဲ။ အပျိုမှန်ရင် အပျိုမြှေးရှိရမယ်။ အပျိုမြှေးက မင်္ဂလာဦးညမှာ ပေါက်ရမယ်။ သွေးထွက်ရမယ်။ ဒါမှ အပျိုစစ်တယ်ဆိုပြီး ယူဆသတ်မှတ်ထားလေ့ရှိပါတယ်။ ဒီအချက်က ဘယ်လောက်ထိ ယုံကြည်သင့်လဲ၊ တကယ်အကဲဖြတ်လို့ယ ရတဲ့ အချက်တစ်ခုလားဆိုတာကို ဖော်ပြပေးချင်ပါတယ်။

အပျိုမြှေးက ဘာအတွက်လဲဆိုတာ မသိကြသေးပါဘူး

အူအတက်တို့၊ အံဆုံးသွားတို့လိုပဲ မရှိလည်း ရတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အရင်ကတော့ အပျိုမြှေးက မိန်းမကိုယ်ကို ပိုးတွေ မဝင်အောင် ကာကွယ်ပေးတယ်လို့ ပြောပေမယ့် ဒီလောက်လည်း မဟုတ်ပါဘူး။

အပျိုမြှေးက ကြာလာလေလေ ပါးလေလေ

အသက်ကြီးလာတာနဲ့အမျှ အပျိုမြှေးက သူ့အလိုလို ပါးတတ်ပါတယ်။ ပါးပြီး အလိုလို ပေါက်သွားတာမျိုးလည်း ဖြစ်နိုင်တာပေါ့။

တချို့က မွေးကတည်းက အပျိုမြှေးပါမလာဘူး

Imperforate hymenလို့ ခေါ်တဲ့ အပျိုမြှေးလုံးဝပိတ်နေတဲ့ ရောဂါတောင် ရှိသလို မွေးကတည်းက အပျိုမြှေး မရှိတဲ့ မိန်းကလေးတွေလည်း ရှိနေပြန်ပါတယ်။

လိင်ဆက်ဆံမှုမရှိလည်း အပျိုမြှေးပေါက်နိုင်ပါတယ်

အပျိုမြှေးဆိုတာ လိင်တံနဲ့ ထိမှ ပေါက်နိုင်တဲ့အရာမျိုး မဟုတ်ပါဘူး။ ပေါက်နိုင်တဲ့အကြောင်းတွေမှ အများကြီးရှိပါတယ်။ ဥပမာ - မြင်းစီးတာ၊ စက်ဘီးစီးတာ၊ အပြင်းအထန်လေ့ကျင့်ခန်းတွေ လုပ်တာ၊ ကတာ (ဥပမာ ခြေတွေ လက်တွေ ဆန့်တန်းပြီး ကရတာမျိုးပေါ့)၊ ငယ်ငယ်က အဆော့သန်လွန်းတဲ့မိန်းကလေးတွေ (ရေကူး၊ သစ်ပင်တက်၊ ခုန်ပေါက်ပြေးလွှား) မှာ အပျိုမြှေးရှိဖို့ မလွယ်ပါဘူး။

အရွယ်ရောက်လာချိန်မှာလဲ menstrual cupတို့ tamponတို့ ထည့်ရင်း အရှိန်လွန်သွားတာ၊ ထိခိုက်ဒဏ်ရာရတာ၊ မိန်းမကိုယ် ကျန်းမာရေး စစ်ဆေးတာ၊ တစ်ကိုယ်ရည် သန့်ရှင်းလုပ်ရင်း မိန်းမကိုယ်ထဲကို ဆေးကြောရာက မတော်တဆ ထိသွားတာ၊ တစ်ကိုယ်ရည်အာသာဖြေတာ စတာတွေကြောင့် ပေါက်သွားတတ်ပါတယ်။

အပျိုမြှေးပေါက်တိုင်း နာချင်မှ နာမယ်

တစ်ယောက်နဲ့ တစ်ယောက် မတူတာက တချို့တွေက အပျိုမြှေးပေါက်ရင် နာပါတယ်။ သွေးထွက်ပါတယ်။ တချို့ကျတော့လည်း ကိုယ့်ဟာကိုယ်တောင် မသိလိုက်ပါဘူး။ ဒါကြောင့် အပျိုမြှေးပေါက်တိုင်း နာရမယ်၊ သွေးထွက်ရမယ်ဆိုတဲ့ အစွဲတွေကို မေ့လိုက်ပါ။

နာတိုင်း သွေးထွက်တိုင်းလည်း အပျိုမြှေးပေါက်တာ မဟုတ်ဘူး

အတူနေလို့ နာတယ် သွေးထွက်တယ်ဆိုတာ အောက်က အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်လှုပ်ရှားနေလို့ မိန်းမကိုယ်ကြွက်သားတွေ ညှစ်ထားတာကြောင့် နာတာ၊ မိန်းမကိုယ်က အရည်မထွက်သေးဘဲ ဆက်ဆံတာကြောင့် အတွင်းသားတွေ ပွန်းပြီး နာတာ၊ သွေးထွက်တာ၊ ရောဂါအခြေအနေ၊ သောက်နေတဲ့ဆေးတွေကြောင့် မိန်းမကိုယ်ခြောက်သွေ့ပြီးနာတာ၊ ဆီးလမ်းကြောင်းပိုးဝင်နေလို့ နာတာ၊ သုံးတဲ့ ကွန်ဒုံးနဲ့ ဓာတ်မတည့်တာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဒီတော့ အပျိုမြှေးဆိုတာ ဘာလဲလို့ မေးရင် ဘာမှမဟုတ်ပါဘူး။ သေချာတာတော့ ဒါကို ကြည့်ပြီး အပျိုစစ် မစစ်ခွဲလို့မရတာတော့ အမှန်ပါပဲ။ ဒါကြောင့် အပျိုမြှေးအတွက်နဲ့ သံသယတွေ ပွားမနေကြဖို့ အကြံပြုလိုက်ပါတယ်ဗျ

Photos from Good Feeling's post 26/03/2023

အချစ်ဆိုတာ နှလုံးသားရှိသူတိုင်းအတွက်ပါ။ လိင်ကွဲ၊ လိင်တူ၊ မသန်စွမ်း အားလုံးဟာ အချစ်နဲ့ ထိုက်တန်ပါတယ်။

ချစ်ဖို့ ကြိုက်ဖို့အတွက် စည်းဘောင်တွေ သတ်မှတ်ထားတာ မရှိသလို၊ တားမြစ်ထားတာတွေလည်း မရှိပါဘူး။

ကန့်သတ်ချက်ဘောင်တွေကို ကျော်လွန်ပြီး နှလုံးသားရှိသူတိုင်း လွတ်လွတ်လပ်လပ်ချစ်ကြရအောင်လား!

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Address


Myithar Road
Yangon