Pill For Health
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pill For Health, Health/Beauty, Yangon.
19/05/2024
စိတ်တိုတဲ့အချိန်နှင့်ကြောက်တဲ့အချိန်ဘာလို့နှလုံးခုန်မြန်ရသလဲ၊ ဖြေကြည့်ပါ။
သွေးတိုးရောဂါကသေစေနိုင်လား
အသည်းကြီးခြင်း(Hepatomegaly)
ကျွန်တော်တို့ဒီနေ့ပြောမယ့်အကြောင်းအရာလေးကတော့အသည်းကြီးခြင်းအကြောင်းဘဲဖြစ်ပါတယ်ခင်ဗျာ။
➡️အသည်းဆိုတာဘာလဲ။
➡️အသည်းဆိုတာကတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ ဒုတိယအကြီးဆုံးအင်္ဂါအစိတ်အပိုင်းဘဲဖြစ်ပါတယ် ။ဒီမှာ ဗဟုသုတအနေဖြင့်ပြောရရင် ခန္ဓာကိုယ်ထဲမှာရှိတဲ့အကြီးဆုံးအအင်္ဂါအစိတ်ပိုင်းကတော့skinလို့ခေါ်တဲ့ အရေပြားအင်္ဂါအဖွဲ့အစည်းဖြစ်ပါတယ်။
➡️ကဲဆိုတော့ကား အသည်းကဘာတွေလုပ်လည်းပြောကြရအောင်။
➡️အသည်းကသွေးထဲမှာရှိတဲ့ ပိုနေတဲ့ ဂလူးကို့စ် (glucose)ကို glycogen အဖြစ်သိမ်းပေးထားတယ်ပေါ့နော်။ အကယ်၍ခန္ဓာကိုယ်က သကြားဓာတ်လို့ခေါ်တဲ့ glucose လိုအပ်ရင် အသည်းက သိမ်းထားတဲ့glycogenကိုglucose အဖြစ်ပြန်ပြောင်းပေးတယ်ပေါ့။
➡️အသည်းရဲ့အရွယ်အစားကယောက်ျားလေးတွေမှာ 10.5 cm ရှိပြီးတော့ မိန်းကလေးတွေမှာကြ 7cmလောက်ရှိကြတယ်။ အကယ်၍များအဲ့အရွယ်အစားတွေထက်ကြီးလာတာကိုအသည်းကြီးခြင်း(Hepatomegaly)လို့ခေါ်ပါတယ်။
➡️အသည်းကြီးခြင်းအကြာင်းရင်းများ (causes of Hepatomegaly)
➡️ (Hepatitis)လို့ခေါ်တဲ့ အသည်းရောင်အသားဝါရောဂါတွေကြောင့်အသည်းကြီးခြင်းဖြစ်နိုင်ပါတယ်။
➡️နောက်တခုကကြတော့အရက်သောက်တဲ့သူတွေမှာအဖြစ်များတဲ့(cirrhosis)လို့ခေါ်တဲ့ အသည်းကြွပ်ရောဂါကြောင့်လည်းအသည်းကြီးဖြစ်နိုင်ပါတယ်။
➡️နောက်တစ်ခုကကြ liver infection တွေကြောင့်ဖြစ် နိုင်ပါတယ် ။
➡️ရောဂါလက္ခဏာများ
➡️အသည်းတဖြည်းဖြည်းကြီးတာမျိုးဆိုရင်တော့ရောဂါလက္ခဏာပြလေ့မရှိပါ။ အသည်းရုတ်တရက်ကြီးလာတာမျိုးဆိုရင်တော့ ဝမ်းဗိုက်နာကျင်ကိုက်ခဲတာ၊ ဝမ်းဗိုက်ထဲ ပြည့်အင့်နေသလိုမျိုးဖြစ်တတ်ပါတယ် ။
➡️ကာကွယ်ခြင်းနှင့်ကုသခြင်း
➡️အရက်အလွန်အကျွံ သောက်ခြင်းကြောင့်ဖြစ်တဲ့အ သည်းကြီးရောဂါဆိုလျှငိ အရက်သောကိတာလုံးဝရပ်ပစ်ရပါမယ်။
➡️အရက်သောက်ခြင်းကြောင့်မဟုတ်လျှင်လူနေမှုပုံစံနှင့်အစားအသောက်ပုံစံတချို့ကိုပြောင်းလဲရပါမယ်။လေ့ကျင့်ခန်းနှင့်ဝိတ်အလေးချိနထိန်းတာကိုမဖြစ်မနေလုပ်ရပါမယ်။
➡️ရှောင်ရမည့်အစားအသောက်များ
➡️ဆားအလွန်များသောအစားအသောက်များ ၊သကြားအများကြီးပါသောအစားစာများ ၊ အချိုရည်များ ၊ ပြည့်ဝဆီပါသောအစားအသောက်များ စသည်တို့ကိုရှောငိပေးရပါမယိ ။
➡️စာသုံးရန်သင့်သောအစားစာများ
➡️အသီးအနှံများ ၊ ငါးများ(salmom)ဆိုလျင်ပိုသင့်တော်၊ ကြက်သွန်ဖြူများများစားပေးပါ၊ Grapefruit ၊ Grape ၊ nut တွေနှင့်သန်လွင်ဆီတို့ကိုစားပေးသင့်ပါတယ်ဗျ။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon