Ki Ko Cosmetics & Skin Care

Ki Ko Cosmetics & Skin Care

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ki Ko Cosmetics & Skin Care, Beauty, cosmetic & personal care, Thitsar Main Street, Thura 6th street, South Okkala, Yangon.

16/09/2019

🤨 ဇင်ယော်တောင်လေးလို့ ကော့ညွှတ်ပြီး လှပသေပ်တဲ့ မျက်ခုံးတစ်စုံကိုရဖို့ဆိုရင်တော့မျက်ခုံးမွှေး ဆွဲတံကောင်းကောင်းလေးတော့လိုတာပေါ့နော်... (ဟိုးတစ်နေ့က မျက်ခုံးမျက်ခုံးနဲ့ မေးတဲ့လူတွေကို မှတ်ထားတယ်နော် 👀👀👀)

🤨 အဲ့တော့ အက်ဒ်မင်ကပဲ အလိုက်တသိနဲ့ ကြာရှည်ခံပြီး သုံးရလွယ်ကူ ဆွဲရတာမြန်လည်းမြန်တဲ့ Art Look Eyebrow လေးနဲ့မိတ်ဆက်ပေးလိုက်ပါပီ။

🤨 သာမန်ခဲတံတွေနဲ့မတူတဲ့ ထူးခြားချက်က Auto Pencil အမျိုးအစားမို့ လိုသလိုထိန်းဆွဲနိုင်ပြီး အခုမှစဆွဲမယ့် အချစ်လေးတွေအတွက်လည်း အဆင်ပြေစေမှာပါ။

🤨 နောက်ပြီး ကိုယ့်ရဲ့ဆံပင်အရောင်နဲ့ လိုက်ဖက်အောင် ရွေးချယ်စရာအရောင်လေးကလည်း (၄) ရောင်တောင်ရှိတာမို့ အရောင်အတွက်လည်း ခေါင်းစားနေစရာမလိုတော့ဘူးလေ။

🤨 ဒါတင်ပဲလားဆိုတော့ အနောက်မှာလည်း မျက်ခုံးတစ်မွှေးချင်းစီကို ဖြီးပေးလို့ရတဲ့ ဘရပ်ရှ်လေး ပါသေးတာမို့ မျက်ခုံးမွှေးကို အခဲလိုက်ကြီးဖြစ်မနေအောင် ဖြည်ချလို့ရပီပေါ့...

🤨 တာရှည်လည်းခံတာမို့ အဆီပြန်၊ ချွေးထွက်များလို့ မျက်ခုံးတစ်ဝက်ဖြစ်သွားမှာလည်း စိုးရိမ်နေစရာမလိုဘူးနော်။

🤨 ဒီ Art Look Eyebrow လေးသုံးတဲ့အခါ မျက်ခုံးလေးတွေက တစ်ချောင်းချင်းစီဖြာထွက်ပြီး သပ်သပ်ရပ်ရပ်လေးနဲ့လှနေမှာဆိုတော့ မြင်သူတိုင်းငေးနေရမှာ အသေအချာပါ

16/09/2019

"အညစ်အကြေးမှန်သမျှ ကင်းလို့စင်
ဖိတ်ဖိတ်လက်စေမယ့် Cleansing Cream"

ချစ်တို့ရေ မိတ်ကပ်ဖျက်ရင်း Skin ကိုပါအားဖြည့်ပေးတဲ့ Cleansing Cream ရှိတယ်ဆိုရင် အံ့သြသွားမလားဟင်။

ဒီလို တစ်ချက်ခုတ်နှစ်ချက်ပြတ် Cleansing Cream လေးတွေကို The Saem ရဲ့ Natural Condition ထဲမှာရွေးချယ်နိုင်တယ်နော်။ ချစ်တို့အတွက် ရွေးချယ်စရာ ၃ မျိုးတိတိရှိပါတယ်။

မိတ်ကပ်ထူထူလိမ်းမိတဲ့နေ့အတွက် ထောပတ်သီး (Avocado) ကိုရွေး။ သူက ခြောက်သွေ့တဲ့အသားအရေအတွက်ပါ အာဟာရဓာတ်ဖြည့်ပေးသေးတယ်နော်။

မိတ်ကပ်လည်းပျက် ညစ်နွမ်းနေတဲ့အသားအရေကိုလည်းလင်းလက်စေချင်တယ်ဆိုရင် ဆန်(Rice) နဲ့ပြုလုပ်ထားတဲ့ အမျိုးအစားကိုရွေးနိုင်ပါတယ်။

ပေါ့ပါးတဲ့အထိအတွေ့နဲ့ အညစ်အကြေးတွေလည်းသန့်စင် အစိုဓာတ်လည်းဖြည့်ပေးချင်သူတွေအတွက်ကျတော့ ကြာပန်း(Lotus) နဲ့ပြုလုပ်ထားတဲ့ Cleansing Cream ကိုရွေးနိုင်ပါတယ်လို့။ (ဒီတစ်မျိုးက ရေနဲ့ဆေးချနိုင်တာမို့ Cleansing Cream သုံးပြီး မျက်နှာသစ်လိုက်ရမှကျေနပ်သူလေးတွေအတွက် ရွေးသင့်တဲ့အမျိုးအစားပါနော်)

ကဲ…ဒီတော့ ကိုယ့်အသားအရေနဲ့အသင့်တော်ဆုံး Cleansing Cream ကိုရွေးပြီး သန့်ရှင်းကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ပြီနော်။

16/09/2019

🥚ဆားဝက်ခြံ၊ အဆီဖုတွေကြောင့် စိတ်ညစ်နေရတဲ့အချစ်လေးတွေအတွက်အသင့်တော်ဆုံး Scrub Foam

အသားအရေကိုအထူးနူးညံ့စေတဲ့ ကြက်ဥအကာနဲ့ ဆားဝက်ခြံ၊ အဆီဖုအတွက် မာစတာလို့တောင်ပြောရမယ့် Baking Soda တို့ပေါင်းစပ်ပါဝင်တာကြောင့် ဆားဝက်ခြံရှင်းနေတဲ့အချိန်မှာပဲ အသားအရေကို နူးညံ့စိုပြေစေမှာပါ။

🥚 ဒါ့အပြင် မျက်နှာပေါ်မှာ ကျန်ရှိနေတဲ့ အဆီပိုတွေကို သန့်စင်ပေးပြီး ချွေးပေါက်အတွင်းပိုင်းအထိ အနက်ရှိုင်းဆုံးသန့်စင်ပေးတဲ့အပြင် မျက်နှာပေါ်မှာကျန်ရှိနေတဲ့ ဆဲလ်အသေများကိုပါ ဖယ်ရှားပေးမယ့် အစေ့အဆံလေးတွေပါ ပါဝင်တာကြောင့် အသားအရေကို နူးညံ့ချောမွေ့စေပါတ.်။

🥚 ဒီ Scrub Foam လေးက soft type ဖြစ်လို့ နေစဉ်သုံးပေးလို့ရပြီး မျက်နှာသစ်ဆပ်ပြာအဆင့်တွင် အသုံးပြုရမှာဖြစ်ပါတယ်။

🥚 မျက်နှာပေါ်တွင် ဆားဝက်ခြံနှင့် အဆီဖုများနေသူ၊ ဆဲလ်အသေစုနေသော အသားအရေများနှင့် အထူးသင့်တော်ပြီး အသားအရေအမျိုးအစားအားလုံးနဲ့သင့်တော်ပါတယ်။

16/09/2019

💧ရေဓာတ်ခန်းခြောက်ပြီး အသားအရေတွေတင်းနေတာကလည်း အရေးအကြောင်းနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ရတဲ့ အကြောင်းအရင်းတွေထဲကတစ်ခုပဲဆိုနော်…..

💧အသက် ၂၅ နှစ်အရွယ်မှစပြီး Anti-Aging ပစ္စည်းတွေသုံးရပေမဲ့လည်း အဲဒီအရွယ်မတိုင်ခင်မှာ မျက်နှာကို ရေဓာတ်ပြည့်ပြည့်ဝဝနဲ့ ကြိုတင်ပြင်ဆင်မှုတွေမလုပ်ခဲ့ရင် အရေးအကြောင်းတွေကို တံခါးမရှိဓားမရှိ ဝဲကမ်းလုပ်လိုက်တာနဲ့ အတူတူပါပဲ။

💧 ဒါပေမဲ့လည်း မကြောက်ပါနဲ့။ ဒီပြဿနာအတွက်လည်း The Saem ရဲ့ Iceland Hydrating Series လေးရှိပါတယ်။

💧ဒီ series လေးရဲ့ထူးခြားချက်က အဆီပြန်လို့ ခရင်မ်အမျိုးအစားတွေ မသုံးဘူးဆိုတဲ့အချစ်လေးတွေအတွက်လည်း သူမတူတဲ့အမျိုးကွဲလေးတွေ ထုတ်လုပ်ပေးထားတာမို့ ယူတို့ဝမ်းသာလို့ရပြီနော်။

💧 Bio Mineral Water (သို့) စိမ့်ဝင်မှုအားအကောင်းဆုံးရေနဲ့ ပြုလုပ်ထားပြီး ပြီးပြည့်စုံတဲ့ ရေဓာတ်ဖြည့်တင်းခြင်းကို ပေးစွမ်းနိုင်တာမို့ အသားခြောက်နေမှာကို စိတ်ပူစရာမလိုတော့ဘူးပေါ့။ ရွေးချယ်စရာကလည်း အစိမ်း၊ အပြာနဲ့ ပန်းရောင်ဆိုပြီး ၃ မျိုးတောင်ရှိပါတယ်။

💧 အစိမ်းရောင်လေးရဲ့ Texture ကတော့ Gel type လိုမျိုးခပ်ကျဲကျဲဖြစ်ပြီး လိမ်းလိုက်တာနဲ့ စက္ကန့်ပိုင်းအတွက်ုမှာ အသားထဲကို စိမ့်ဝင်သွားစေပါတယ်။ ဒီအရောင်လေးကတော့ အဆီပြန်ပြီး ဝက်ခြံထွက်တတ်တဲ့ အသားအရေနဲ့ အထူးသင့်တော်တဲ့ အမျိုးအစားပါ။

💧 အပြာရောင်လေးကတော့ မြန်မာနိုင်ငံလူဦးရေရဲ့ 60% လောက်မှာတွေ့ရတတ်တဲ့ ပေါင်းစပ်အသားအရေအတွက် ထုတ်လုပ်ထားတာပါ။ Beads Wax ပါဝင်ပြီး မျက်နှာမှာလိုအပ်တဲ့ အာဟာရဓာတ်တွေကိုလည်း ဖြည့်ဆည်းပေးပါတယ်ရှင့်။ Texture ကတော့ အစိမ်းထက် နည်းနည်းလေးပိုပျစ်ပါတယ်။

💧 ပန်းရောင်လေးကတော့ အသားခြောက်တတ်တဲ့အချစ်လေးတွေအတွက်ပေါ့။ အထူးသဖြင့် အသားခြောက်တတ်တဲ့အချစ်လေးတွေက ရေဓာတ်ရော၊ အဆီဓာတ်ပါဆုံးရှုံးနေတတ်တာမို့ ရေရောအဆီပါပါဝင်ပြီး Texture ပျစ်တဲ့ ပန်းရောင်လေးက အကောင်းဆုံး Choice ပဲပေါ့။

16/09/2019

"Busy ကွီးတို့အတွက် Easy ဖြစ်စေမယ့်
The Saem ရဲ့ All In One Fluid"

😜 အလုပ်တွေဘဲအရမ်းရှုပ်ပြီး မျက်နှာအသားအရေအတွက်အချိန်တောင်မပေးနိုင်တဲ့ ကွီးကိုကိုတို့အတွက် တမျိုးတည်းနှင့် ကွီးတို့စိတ်ကြိုက်ဖြစ်သွားစေမယ့် အကောင်ဆုံး Skincare Eco Energy All In One Fluid လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

🏢မြို့ပြရဲ့ လေထုညစ်ညမ်းမှုနဲ့ အလုပ်ကစိတ်ဖိစီးမှုတွေများလို့ မိမိရဲ့မျက်နှာအသားအရေကို ဂရုစိုက်ဖို့အချိန်မပေးနိုင်တဲ့ကွီးတို့ လှဖို့အလှည့် ရောက်လာပါပြီနော်....

💦အဆီပြန်ခြင်းကို အထိရောက်ဆုံးထိန်းချုပ်ပေးပြီး ရေဓါတ်ကို အမြင့်ဆုံးထိပေးစွမ်းနိုင်မယ့် သဘာဝအပင်များမှ အဆီအနှစ်များဖြင့် ထုတ်လုပ်ထားသော Eco Energy All In One ကတော့ အမျိုးသားများစိတ်ကြိုက်ဖြစ်စေမှာသေချာပါတယ်။

🌷Eco –Eart Certified Natural Herb Complex >>Chamomile , Lavender ပါဝင်ခြင်းကြောင့် ချွေးပေါက်များကို ပျောက်ကင်းစေပြီး အသားအရေ ချောမွေ့စေခြင်း၊ Lemon Balm , Bamboo & Tea Tree တို့ ပါဝင်ခြင်းကြောင့် အဆီပြန်ခြင်းနှင့်ဝက်ခြံထွက်ခြင်းကို အထိရောက်ဆုံးကာကွယ်ပေးတယ်.....

💧Cooling Agent ကြောင့် စိတ်ကို ကြည်လင်လန်းဆန်းစေခြင်းနှင့် ချွေးပေါက်များကို လည်း တိုက်ထုတ်ပေးပါတယ်။ခရမ်းလွန်ရောင်ခြည်တွေ၊ လေထုညစ်ညမ်းမှုတွေ၊ အရက်နှင့်ဆေးလိပ် အလွန်အကျွံသောက်သုံးမှုတွေ၊ အစားအသောက်မမှန်တာတွေ၊ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုနဲ့ မကြာခဏ Shavingလုပ်ရတာတွေဟာအမျိုးသားတွေမျက်နှာအသားအရည်ပျက်စီးခြင်းရဲ့အဓိကအကြောင်းအရင်းတွေဘဲဖြစ်ပါတယ်...

ဒါတွေကိုပြုပြင်ဖြေရှင်းပေးဖို့ The SAEM က Eco Energy All in One Fluid လာပါပြီ....

လတ်ဆတ်သန့်ရှင်းပြီးယောက်ျားဆန်သောရနံ့ ခန့်ညားသောထုတ်ပိုးမှုပုံစံ တို့ က
အမျိုးသားတိုင်း ရဲ့နေ့စဉ်လှုပ်ရှားမှုဘဝမှာ ယုံကြည်မှုအပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့တာဝန်ယူပါတယ်...

🌈Eco Energy All in one Fluid>>> 1. (Toner + Moisturizer + Essence in One
Sebum control + Hydro-boosting + Soothing) effect များ ကို အားလုံး တခါတည်း ပါဝင်ခြင်း၊
2.အေ၇းအကြောင်းနှင့် အိုမင်းခြင်းမျာကိုပျောက်ကင်းစေပြီး အသားအရေ ဖြူစင်တောက်ပစေခြင်း၊
3.အဆီပြန်ခြင်းနှင့် ၀က်ခြံထွက်ခြင်းကို ထိန်းသိမ်းပေးတဲ့ Sebum Control Powder ပါဝင်ခြင်း၊့ အသားအရေအတွက် အဆင့်အများကြီးလိမ်းရန်မလိုအပ်ဘဲတစ်ခုတည်းသုံးရုံဖြင့် အာနိသင်အများကြီး ကို ရချင်ပါသလား?

👉ဒါဆိုရင်တော့ All In One Fluid ကိုသုံးလိုက်ပါ။ အဆီတွေကို စုပ်ယူပေးနိုင်တဲ့sebum control powder နှင့် သဘာဝ အပင်များ၏ အဆီအနှစ်များကြောင့် သင့်တနေ့တာလုံးကို စိတ်ကြည်လင်လန်းဆန်းပြီး စိုပြေသောအသားအရေနှင့်အတူ ဖြတ်သန်းနိုင်မှာပါ၊ သင့်အသားအရေသည် ရေဓါတ်ပြည့်ပြီးစိုပြေနေခြင်း၊အဆီပြန်မှုကင်းဝေးစေပြီး အသားအရေ လင်းလက်တောက်ပခြင်းများကို ပိုင်ဆိုင်နိုင်မှာပါရှင့်.....

16/09/2019

"ခန့်ညားတည်ကြည်တဲ့ ကွီးတို့ရဲ့နောက်ကွယ်က အမဲရောင်အဆာင်လေး"

ကိုရီးယားဇာတ်လမ်းတွဲတွေထဲကမင်းသားတွေလို အလုပ်ရှုပ်လေ ရုပ်တွေ ခန့်ပြီးရင်းခန့် ချောပြီးရင်းချောလေ....အဲ့လိုဖြစ်ချင်ကြလားဟင်❔❔❔

🌇မြို့ပြရဲ့ လေထုညစ်ညမ်းမှုနဲ့ အလုပ် ကစိတ်ဖိစီးမှုတွေများလို့ မိမိရဲ့မျက်နှာအသားအရည်ကို ဂရုစိုက်ဖို့အချိန်မပေးနိုင်တဲ့ကွီးတို့ လှဖို့အလှည့်ရောက်ပြီနော်...

🚥ခရမ်းလွန်ရောင်ခြည်တွေ၊ လေထုညစ်ညမ်းမှုတွေ၊ အရက်နှင့်ဆေးလိပ် အလွန်အကျွံသောက်သုံးမှုတွေ၊ အစားအသောက်မမှန်တာတွေ၊ စိတ်ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုနဲ့ မကြာခဏ Shaving လုပ်ရတာတွေဟာ
အမျိုးသားတွေ မျက်နှာအသားအရည် ပျက်စီးခြင်းရဲ့ အဓိကအကြောင်းအရင်းတွေပါဘဲ...

🔔ဒါတွေကိုပြုပြင်ဖြေရှင်းပေးဖို့ The SAEM က Mineral Homme Black Series လာပါပြီ....

🙏လတ်ဆတ်သန့်ရှင်းပြီးယောက်ျားဆန်သောရနံ့၊ အရွယ်တင်နုပျိုစေသော Anti-aging effect နှင့် ခန့်ညားသောထုတ်ပိုးမှုပုံစံ တို့ က
အမျိုးသားတိုင်း ရဲ့နေ့စဉ်လှုပ်ရှားမှုဘဝမှာ ယုံကြည်မှုအပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့တာဝန်ယူပါတယ်...

🎯Mineral Homme Cleansing Foam
နူးညံ့ပြီး အမြှုပ်ထွက်အားကောင်းလို့ မျက်နှာသစ်အနေနဲ့ရော Shaving Cream အနေနဲ့ပါသုံးနိုင်ပါတယ်။

💦Mineral Homme Anti-aging Toner
ပင်ပန်းနွမ်းနယ်နေတဲ့အသားအရည်ကို ချက်ချင်းပြန်လည်လန်းဆန်းစေပြီး သင်းပျံ့တဲ့ရနံ့လေးက စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။
မုတ်ဆိတ်ရိတ်ပြီးစ အသားအရည်ကိုလည်း ချောမွေ့စေပါတယ်။

💧Mineral Homme Anti-aging Emulsion
လိမ်းလိုက်ရင် စေးကပ်ကပ်မဖြစ်စေဘဲ ပါးပါးလေးနဲ့ အသားထဲကို စိမ့်ဝင်မှုအားကောင်းလို့ ခြောက်သွေ့ကြမ်းတမ်းနေသော အသားအရည်ကို အလျှင်အမြန်ပြန်လည်စိုပြေစေပါတယ်။

16/09/2019

ဒီနေ မှာမင်မင်က The SAEM ကထုတ်လုပ်ထားတဲ့ DEWY LOVE Series လေးအကြောင်းနည်းနည်းလောက်ပြောပြပေးမယ်နော် 😊

🌺🌸🌼 Triple Flower - ပန်းသုံးပွင့်ရဲ့စွမ်းအင်တွေနဲ့အထူးပြုလုပ်ထားတဲ့ Dewy Love Series လေးဟာ အသားအခြောက်သွေ့သူ၊ အရေးအကြောင်းများအတွက်ကြိုတင်ကာကွယ်လိုသူ၊ အသားအရေကြည်လင်လိုသူများ သုံးသင့်တဲ့ Hydrating Series လေးပဲဖြစ်ပါတယ်နော်

🌺 Camellia Flower - Skin Protection ကောင်းမွန်ခြင်း၊ အသားအရေကို ပြောင်လက်တင်းရင်းစေခြင်း၊ Vitamin C ပါဝင်ခြင်းကြောင့် Dead Cell များကိုဖယ်ရှားပေးကာ အဆီပြန်ခြင်းနှင့်ဝက်ခြံများကိုဖြစ်ပေါ်စေသော အဆီဖုများကို ဖယ်ရှားပေးပါတယ်။

🌸 Cherry Flower - ချယ်ရီပန်းလေးကြောင့် အသားအရေကိုစိုပြေစေခြင်း၊ အရေးအကြောင်းများဖြစ်ပေါ်မှုကိုတားဆီးပေးခြင်းနှင့် အသားအရေကိုကြည်လင်စေပါတယ်။

🌼 Edelweiss Flower - မျက်နှာအတွက်လိုအပ်သော ရေဓါတ်ကိုအပြည့်အဝဆုံး ဖြည့်ဆည်းပေးနိုင်ပါတယ်။

🌺ပန်းများမှရရှိသောအဆီအနှစ်များဖြင့်ထုတ်လုပ်ထားသောကြောင့် အသားအရေကိုနူးညံ့ချောမွေ့စေကာ အသားအရေကိုကြည်လင်စေပြီး မွှေးပျံ့သောရနံ့လေးရရှိနေမှာဖြစ်ပါတယ်။

15/09/2019

💦 ရေဓာတ်ဖြည့်ဆရာကြီး Harakeke 😎

သင်ဟာစိုချင်ပါသလား ခြောက်ချင်ပါသလား ( skin ကိုပြောတာနော် )😜

Harakeke Series ထဲမှာ Green Line နဲ့ Fresh Line လေးထဲကတစ်မျိုး ရွေးပြီးသုံးလိုက်တော့နော် ။

🌵 ထူးခြားတဲ့ Texture လေးနဲ့ရှိနေတာကတော့
💧 Harakeke Toner 💧သူ လေးကတော့ တခြားတိုနာတွေလို အရည်နဲ့မဟုတ်ဘဲ 💦 Flex Gel 💦 လို့ခေါ်တဲ့ ဂျယ်လ်အမျိုးအစားလေးပါ။

🌵 ဒီ Flex Gel လေးရဲ့ထူးခြားချက်က လိမ်းလိုက်တာနဲ့ ရေဓာတ်တွေကို တစ်ခါတည်း အသားထဲမှာစိမ့်ဝင်စေပြီး သာမန်တိုနာတွေထက် ရေဓာတ်ပြန်လည်ဆုံးရှုံးမှုနှုန်းကို လျော့နည်းစေပါတယ်။

🌵နောက်တစ်ခုက 💁‍♀️ Cream EX သူက ရေဓာတ်ကိုအဆုံးထိဖြည့်ပေးလို ရေဓာတ်ဆုံးရှူံးနေတဲ့ချစ်လေးတွေအတွက် ဒီလိုမျိုး cream လေးကအဆင်ပြေစေပါတယ် ။

🌵မျက်နှာပေါ်ရောက်တာနဲ့ချက်ချင်း အရည်ပျော်နိုင်တဲ့ အနှစ်လေးက ကြမ်းတမ်းနေတဲ့ အသားအရေကို
ချောသွားစေပြီး အသားအရေကို ပြန်လည် စိုပြေစေနိုင်ပါတယ်။

🌿ကဲ နောက်တစ်မျိုးက 💧 Fresh Series 💧
အဓိကအားဖြင့် မျက်နှာပေါ်မှာအဆီပြန်ပြီး မျက်နှာအတွင်းပိုင်းမှာ ခြောက်တတ်တဲ့ အသားအရေပိုင်ရှင်လေးတွေကို ရည်ရွယ်ပြီး အဓိကထုတ်ထားတာပါ။

🌿 Texture ကတော့ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်တွေအတွက်ဆိုတဲ့အတိုင်း တိုနာက အရည်ကျဲ ဖြစ်ပြီး ခရင်မ်လေးကတော့ Gel အမျိုးအစားလေးဖြစ်ပါတယ်ရှင့်။

🌿 နောက်ပြီး Harakeke line ရဲ့ထုံးစံအတိုင်း အသားအရေကို ရေဓာတ် ၃ ဆပိုမိုဖြည့်တင်းပေးနိုင်မယ့်အပြင် လိမ်းလိုက်တာနဲ့တစ်ပြိုင်နက် အသားထဲကိုစိမ့်ပြီးဝင်သွားတာမို့ Skincare လေးဖြစ်ပါတယ်နော်

15/09/2019

အချစ်ကလေးတို့နေ့စဉ်မိတ်ကပ်တွေလိမ်းပြီးရင်မိတ်ကပ်တွေကိုဘာနဲ့ဖျက်ကြလဲ ???

ဒီတိုင်းပဲရေဆေးချလိုက်တာလား ??? Oh No No !!!

အဲ့လိုမလုပ်ရဘူးနော်....

The Saem ရဲ့ Healing Tea Garden Cleansing Line ဟာဆိုရင် Organic Green Tea စစ်စစ်ကိုအသုံးပြုထားလို့သုံးပြီးရင် မျက်နှာကိုခြောက်ကပ်မနေဘဲ အိစက်တဲ့အထိအတွေ့လေးကိုခံစားရမှာပါ ။

သူ့မှာ cleansing water နဲ့ cleansing foam ဆိုပြီး ( ၂ ) မျိုး ထွက်တယ်။

Cleansing Foam series လေးထဲမှာဆိုရင် GREEN TEA , TEA TREE , WHITE TEA နဲ့ ROOIBOS ဆိုပြီး ( ၄ ) မျိုး နဲ့ Water Series မှာဆို Green Tea, Tea Tree နဲ့ White Tea ဆိုပြီး ( ၃ ) မျိုးထွက်ရှိပါတယ် ။

ကဲ……တစ်မျိုးချင်းစီရဲ့ အာနိသင်လေးတွေပြောပြပေးမယ်နော်.....

☘️Green Tea လေးက လက်ဖက်စိမ်းကထုတ်လုပ်ထားတာကြောင့် အသားအရည်တင်းရင်းစေပြီး
အရေပြားထဲရှိ အဆိပ်အတောက်များကိုဖယ်ရှားပေးပါတယ် ။

☘️အရေပြားအတွက်သင့်လျှော်သော Organic Vegetable များကိုသာသုံးထားသောကြောင့် အသားအရည်ကိုထိခိုက်မှာ မပူရဘဲ နူးညံ့ချောမွေ့သောအမြှုပ်ကလေးများက မျက်နှာပေါ်တွင်ကျန်ရှိနေသော မိတ်ကပ်များ၊အဆီများကို ဖယ်ရှားရှင်းလင်းပေးသောကြောင့် အသုံးပြုပြီးတိုင်း ကျေနပ်မှုရမှာအသေအချာပဲဖြစ်ပါတယ်။ ( for normal skin and dry skin )

🌸Tea tree လေးကတော့ သဘာဝဘေးဆိုးများကြောင့် အသားအရေအဆီပြန်ပြီး ၀က်ခြံထွက်ခြင်းများကိုအကောင်းမွန်ဆုံးထိန်းချုပ်သက်သာစေပါတယ်…… အသားအရည်ကိုထိခိုက်မှာ မပူရဘဲ နူးညံ့ချောမွေ့သောအမြှုပ်ကလေးများက မျက်နှာပေါ်တွင်ကျန်ရှိနေသော
မိတ်ကပ်များ၊အဆီများကို ဖယ်ရှားရှင်းလင်းပေးပါတယ် ။ (for oily skin )

🌷Rooibos လေးကအသားအရေ လျော့တွဲနေခြင်းများ၊ အသားအရေ နူးညံ့မှုမရှိဘဲ ပျက်စီးနေခြင်းများအတွက်သင့်တော်ပါတယ်။ လက်ဖက်ခြောက်မှရသောသဘာဝပစ္စည်းများနှင့်သာထုတ်လုပ်ထားသော New Healing Tea Garden cleansing line က အသားအရည်ကိုကျန်းမာလန်းဆန်းစေပါတယ်။Rooibosလက်ဖက်ခြောက်မှာAntioxidant ပါဝင်လို့အသားအရည်ကိုတင်းရင်းစေပြီးအရွယ်တင်နုပျိုစေပါတယ် ။

🌼White Tea လေးကတော့ မျက်နှာပေါ်မှာရှိတဲ့ရေဓာတ်နဲ့အာဟာရဓာတ်ကိုအစွမ်းကုန်ဖြည့်ပေးနိုင်စွမ်းရှိပါတယ်
အသားခြောက်တဲ့သူအများစုက အသားအရေ sensitive ဖြစ်တတ်တာကြောင့် ဒီ white tea လေး sensitive skin type အတွက်သင့်တော်ပါတယ်နော်

15/09/2019

💫 မှော်ဝင် ပူဖောင်း Mask 🎈

၃ မိနစ်အချိန်ပေးရုံနဲ့ result ၅ မျိုးရရှိမယ့်
🌚 Gem Miracle Black Pearl O2 Bubble Mask 🌝

💨Cleansing Foam အနေနဲ့သုံးမလား Mask အနေနဲ့ပဲသုံးမလား တစ်မျိုးထဲဝယ်ထားရုံနဲ့ အရေပြားပြသာနာ ၅ မျိုးကို ဖြေရှင်းနိုင်မယ် ။

💨O2 bubble mask လေးက Oxygen Bubble လေးတွေနဲ့ Black Pearl တွေနဲ့ပေါင်းစပ်ထုတ်လုပ်ထားပါတယ် ။

💨O2 Bubble ( Oxygen ) လေးတွေက အိုမင်းရင့်ရော်စေတဲ့ ဓါတ်တိုးခြင်းများကိုဖယ်ရှားပေးသည့် oxygen အမြုပ်လေးများက အသားအရေထဲသို့ စိမ့်ဝင်သွားကာ သွေးလည်ပတ်မှုကိုလည်း မှန်ကန်ကောင်းမွန်စေတယ်နော် ။

💨သဘာဝကရတဲ့ black pearl extract နဲ့ Papaya extractကအသားအရောင်ကိုညီစေပြီး ဖြူဝင်းတောက် ပ စေတဲ့အစွမ်းရှိတယ် ။

💨Gem miracle O2 bubble mask လေးရဲ့အာနိသင်တွေက မျက်နှာလေးကို ဖြူဝင်းစေတယ် အဆိပ်အတောက်တွေကိုဖယ်ရှားပေးတဲ့အပြင် ဆဲလ်သေတွေကိုအလွှာလိုက်ခွာကြစေပြီး ဆဲလ်သစ်တွေပြန်လည်မွေးဖွားပေးပါတယ် ။

💨ဒါ့အပြင်ချွေးပေါက်တွေကိုကျဉ်းစေလို့ မျက်နှာ လေးကို glow type လေးအသွင်ပြောင်းလဲစေတယ်နော် ။

💨 အာနိသင်ငါးမျိုးစလုံးကိုပေးစွမ်းတဲ့ Korea မှာ Best seller mask ဖြစ်ပါတယ်။

💫အသုံးပြုနည်းလေးကတော့

1️⃣မျက်နှာကိုရေခြောက်အောင်သုတ်ပြီး ဗူးထဲက cream လေးတွေကိုမျက်နှာအနှံ့တင်ပေးပါ

2️⃣မျက်နှာပေါ်ကအညစ်အကြေးတွေနဲ့ cream လေးနဲ့ထိသွားတဲ့အခါ bubble အဖြစ်ပြောင်းသွားတာကိုတွေ့ရပါမယ် ( bubble လေးတွေက 1cm အထိမြင့်တက်လာမှာပါနော် ) မယုံရင်တိုင်းကြည့်နော် 😜

3️⃣ပီးရင် Bubble လေးတွေနဲ့ 2 မိနစ်လောက်မျက်နှာလေးကို message လေးလုပ်ပေးပါ ။

4️⃣တကယ်လို့ မျက်နှာပေါ် အညစ်အကြေးတွေရှိနေသေးရင် bubble လေးတွေကဆက်ထွက်လာဦးမှာနော် (အညစ်အကြေးမစင်မချင်း bubble လေးတွေနဲ့ message လုပ်လိုက်ပြန်ဖယ်ပေးလိုက် နဲ့ 4 ကြိမ် 5 ကြိမ်လောက်လုပ်ပေးလို့ရပါတယ် )

5️⃣နောက်ဆုံးမှာတွောရနွေးစိမ်ထားတဲ့ရေစိုအဝတ်လေးနဲ့ မျက်နှာပေါ်က အမြုပ်လေးတွေကိုဖယ်ရှားပေးပါ (ရေနွေးမဟုတ်လည်းရိုးရိုးရေနဲ့လည်းရပါတယ်နော် ) 😁

Gem Miracle O2 Bubble Mask လေးကိုကြိုက်နှစ်သက်လို့ဝယ်ယူအားပေးချင်တယ်ဆိုရင်တော့

Photos from Ki Ko Cosmetics & Skin Care's post 15/09/2019

Aloe Mask Sheet

ရှားစောင်းလက်ပက်လေးကတော့ အချစ်လေးတို့နဲ့ အရမ်းကိုရင်းနှီးပြီးသားပဲဟုတ်? နေလောင်ဒဏ်ကြောင့်ဖြစ်လာတဲ့ အသားအရေနီမြန်းခြင်းကို ချက်ချင်းသက်သာစေပြီး ပူလောင်အိုက်စပ်တဲ့ ဒီလိုရာသီဥတုမျိုးမှာ အသားအရေကိုအေးအေးလေးနဲ့ ရေဓာတ်ကိုလည်းပြန်ဖြည့်ပေးမယ့် ရှားစောင်းလက်ပက် Mask Sheet လေးကပ်ပြီး အေးအေးလူလူနားနေလိုက်ရရင်ဖြင့်…

Bamboo Mask Sheet

ရှာစောင်းလက်ပက်နဲ့ဓာတ်မတည့်တဲ့ အချစ်လေးတွေအတွက် ရှားစောင်းလက်ပက်နဲ့ အာနိသင်တူပြီး ပိုပြီးနူးညံ့တဲ့ Bamboo Mask Sheet လေးကို ရွေးစေချင်ပါတယ်။ စန်းစန်းတင့်သမားအရေများအတွက် အထူးသင့်တော်ပြီး နီမြန်းတာကိုလည်း သက်သာစေတာမို့ နေလောင်ဒဏ်ကို ပြန်ကုသချင်တဲ့ ထိခိုက်လွယ်အသားအရေပိုင်ရှင်တွေကတော့ ဒီ Bamboo Mask Sheet လေးကို သုံးပေးသင့်ပါတယ်။

Green Tea Mask Sheet

လက်ဖက်စိမ်းလေးကတော့ ရေဓာတ်ကိုအပြည့်ဝဆုံးဖြည့်တင်းပေးနိုင်တဲ့အပြင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကိုလည်း လျှော့ချပေးနိုင်တာမို့ အသက် ၂၅ နှစ်နောက်ပိုင်း ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေနဲ့ အထူးသင့်တော်ပါတယ်။

Honey Mask

အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်နဲ့ သတ္ထုဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးပြီး အချိန်တိုအတွင်း ဝင်းမွတ်စိုပြေတဲ့အသားအရေကို ပြန်လည်ပိုင်ဆိုင်စေမှာပါ။

Cucumber Mask Sheet

အသားအရေကို စိုပြေစေတဲ့အပြင် နူးညံ့ပြီး ကြည်လင်ချင်တယ်ဆိုရင်တော့ ဒီသခွားသီး Mask လေးကိုရွေးချယ်သင့်ပါတယ်။

Golden Kiwi Mask Sheet

အရေးအကြောင်းတွေကို သက်သာပျောက်ကင်းစေတဲ့ Anti-oxidant ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး အသားအရေကို ပြန်ကြည်ပြီးဖြူဝင်းစေတဲ့ Vitamin C, Vitamin E ဓာတ်တွေလည်း ပေါင်းစပ်ပါဝင်နေတာကြောင့် အရေးအကြောင်းများပြီး ညိုညစ်ညစ်ဖြစ်နေတဲ့ အသားအရေပိုင်ရှင်တွေကတော့ ဒီ Mask Sheet လေးကို သုံးပေးသင့်ပါတယ်။

Lemon Mask

အသားအရေ မညီညာခြင်းကို ပြန်ညှိပေးပြီး အသားအရေရဲ့ Immune system ကိုလည်း ပြန်လည်မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် ကျယ်သွားတဲ့ချွေးပေါက်တွကိုလည်း ပုံမှန်ဆိုဒ်အတိုင်းပြန်ဖြစ်စေတာမို့ ချွေးပေါက်ကျယ်ပြီး အသားအရေမညီတဲ့ အချစ်လေးတွေအတွက် အထူးသင့်တော်ပါတယ်ရှင်။

Oatmeal Mask Sheet

Anti-oxidant ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အပြင် UV ray တွေနဲ့ လေထုညစ်ညမ်းမှုကြောင့်ဖြစ်လာတဲ့ အသားအရေပျက်စီးခြင်းတွေကို ပါပြန်လည်ပြုပြင်ပေးနိုင်ပြီး အသားအရေနီမြန်းတာ၊ ယားယံတာတွေကိုလည်း ပြန်လည်ကုသပေးပါတယ်။ ဒါ့အပြင် နေလောင်ဒဏ်ကြောင့် အသားအရေပျက်စီးတာတွေကိုလည်း ပြန်လည်ထိန်းသိမ်းပေးတာမို့ အရေးအကြောင်းကိုရော နေလောင်ဒဏ်ကိုပါ ပြန်ပြီးကုသချင်တဲ့ အသားအရေ ပိုင်ရှင်တွေအတွက် အထူးသင့်တော်ပါတယ်။

Potato Mask Sheet

အသားအရေကို ဖြူဝင်းစေပြီး မျက်နှာမှာရှိတဲ့ အမဲစက်တွေ အသားအရေမညီညာခြင်းတွေကို ပြန်လည်ကုသပေးနိုင်တဲ့ အာလူး Mask လေးပါရှင့်။

15/09/2019

💐အဆီပြန်လွန်းတဲ့အသားအရေပိုင်ရှင်တွေအတွက် အထူးသီးသန့် Peel off Mask လေးရှာနေရင် the SAEM ရဲ့ See and Saw ထဲမှာ See and Saw Sebum Clear Pack လေးရှိတယ်နော်…

💐မွေးညှင်းပေါက်အတွင်းပိုင်းထဲထိ သန့်စင်ပေးနိုင်ပြီး ဆဲလ်သေတွေကိုဖယ်ရှားပေးကာ ကြည်လင်တဲ့ အသားအရေကိုပေးစွမ်းနိုင်ပြီး အဆီပြန်ခြင်းကိုထိထိရောက်ရောက် ထိန်းချုပ်ပေးနိုင်တဲ့ အစွမ်းထက် Peel off Mask လေးဖြစ်ပါတယ်…

💐သူ့မှာပါဝင်တဲ့ Canadian Glacier Soil ကဆဲလ်သေဖယ်ရှားပေးပြီး Charcoal ကအဆိပ်အတောက်တွေနဲ့အညစ် အကြေးတွေကိုဆွဲယူဖယ်ရှားပေးပြီး Cacao Extract က အသားအရေကို တင်းရင်းကျစ်လျစ်စေမှာဖြစ်ပါတယ်။

💐ဒီလိုအစွမ်းထက်ပါဝင်ပစ္စည်းတွေကြောင့် အသားအရေလုံးဝသန့်စင်နေပြီးချွေးပေါက်လေးတွေကျဉ်းလို့ ကျစ်လျစ်တင်းရင်းနေမှာ အသေအချာပါပဲနော်…

💐အဆီပြန်ခြင်းကိုထိန်းပေးပြီး ဝက်ခြံများကိုသက်သာစေကာ ချွေးပေါက်ကျဉ်းစေသော မျက်နှာပေါင်းတင် Cream ဖြစ်သည်။
သင့်တော်သည့်ပမာဏတစ်ခုကိုလက်ထဲသို့ထည့်ကာ တစ်မျက်နှာလုံးအနှံ့လိမ်း၍ မိနစ် ၃၀ခန့်ထားပါ။ ခြောက်သွားလျှင် ဖြေးညှင်းစွာခွာပြီးရေဆေးချပေးပါ။ တစ်ပတ်လျှင် ၁-၂ ကြိမ်ခန့်အသုံးပြုနိုင်ပါတယ်နော်…

💐See & Saw Sebum Clear Pack Maskလေးကို ခွာလိုက်ချိန်မှာလည်းအရေပြားကနီရဲစပ်ဖျဉ်းမှုမရှိဘဲ ပိုးသားလိုနူးညံ့ချောမွေ့နေဖို့အာမခံတယ်နော်!!

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


Thitsar Main Street, Thura 6th Street, South Okkala
Yangon