Nature Health & Beauty products

Nature Health & Beauty products

Share

Health & Beauty products

31/10/2022

(29-10-2022) ရက်နေ့မှစ၍ Tiens ထုတ်ကုန်များအားစျေးနှုန်းပြောင်းလဲသတ်မှတ်ခြင်း

▶️Cell Rejuvenation (ရိခန်း)
0.3g x 150 Capsules
1ဗူး - 76000 MMK

▶️Grape Extract (ဟိုလိခန်း စဗျစ်နှလုံးအားဖြည့်)
0.35g x 60 Capsules
1ဗူး - 76000 MMK

▶️Natto Ginkgo (နာတိုဂျင်ဂို)
0.4g x 60 Capsules
1ဗူး - 80000 MMK

▶️Cordyceps (ရှီးပတီး)
0.5g x 100 Capsules
1ဗူး - 72000 MMK

▶️Sea Buckthorn Soft Gels (ဆားကျီး)
0.5g x 70 Capsules
1ဗူး - 70000 MMK

▶️Chittosan (ချစ်တိုစံ)
0.5g x 100 Capsules
1ဗူး - 68000 MMK

▶️Spirulina (စိမ်းပြာရေညှိ)
0.25g x 100 Capsules
1ဗူး - 60000 MMK

▶️Vision Plus (အမြင်အာရုံအားဖြည့်)
0.5g x 60 tablets
1ဗူး - 60000 MMK

▶️Super Serene (အမျိုးသမီးသီးသန့်)
0.4g x 60 Capsules
1ဗူး - 60000 MMK

▶️Vitality Soft Gels (ဝေ့ခမ်း)
0.8g x 30 Capsules
1ဗူး - 56000 MMK

▶️Multi Vita-B (မာတီဗီတာမင်ဘီ 7 မျိုး)
0.5g x 120 tablets
1ဗူး - 52000 MMK

▶️Super Calcium Powder with Metabolic Factors (ဆီးချိုအတွက် အချိုပေါ့ ကယ်စီယမ်)
10g x 10 bags
52000MMK

▶️Nutrient Super Calcium Powder (အဟာရဖြည့် လူကြီး ကယ်လ်စီယမ်)
10g x 10 bags
44000 MMK

▶️Calcium Powder for Children (ကလေး ကယ်လ်စီယမ်)
10g x 10 bags
1ဗူး - 44000MMK

▶️Selenium (စီလီနီယမ် အဟာရ အားဖြည့်)
0.28g x 60 capsules
1ဗူး - 40000 MMK

▶️Zinc Nutrients (ဇင့် အဟာရဓါတ်)
0.2g x 60 capsules
1ဗူး - 24000 MMK

▶️Super Calcium with Lecithin(ဦးနှောက်နဲ့ အာရုံကြောအားဖြည့်)
0.4g x 18 capsules
1ဗူး - 18000 MMK

▶️Fos Syrup (အမျှင်ဓါတ်အားဖြည့်)
10ml x 6 Sachets
1ဗူး - 16000 MMK

▶️Lipid Metabolic Management Tea (အဆီချလက်ဖက်ခြောက်)
1.5 g × 40 bags
1ဗူး -26000 MMK

▶️Tiens Sliming Tea (ကိုယ်အလေးချိန်ချ လက်ဖက်ခြောက်)
1.5 g × 40 bags
1ဗူး - 48000 MMK

▶️Toothpaste(Orecare U Smile သွားတိုက်ဆေး)
1ဗူး 12000 MMK

▶️AiRiZ Sanitary Napkin (Day Use)
အမျိုးသမီးလစဉ်သုံးပစ္စည်း(နေ့သုံး)
တစ်ထုတ်လျှင် - 10 Pads
8000 MMK

▶️AiRiZ Sanitary Napkin (Night Use)
အမျိုးသမီးလစဉ်သုံးပစ္စည်း(ညသုံး)
တစ်ထုတ်လျှင် - 8 Pads
8000 MMK

▶️Premium Skincare

Health & Wellness Equipment

1. Health Pillow (ကျန်းမာရေးခေါင်းအုံး)

2. Health Mattress (ကျန်းမာရေးမွေ့ယာ)
Size 70" x 78" (178 x 198 cm) - 2132000 MMK

3. DiCHO Fruit and Vegetable Cleanser Generation 2
(အသားငါးနဲ့ ဟင်းသီးဟင်းရွက်သန့်စင်စက်)
၁လုံး - 500000 MMK

4. Multifunction Fridge Purifier
ရေခဲသေတ္တာ အနံ့ဆိုးနဲ့ ဘက်တီးရီး ယားသန့်စင်စက်
1လုံး - 290000 MMK

🚚 မြန်မာနိုင်ငံရှိ မြို့ပေါင်း ၁၀၀ ကျော်သို့ ပို့ဆောင်ပေးနေပါသည်။

❤️❤️ ဝယ်ယူအားပေးကြသော မိတ်ဟောင်းမိတ်သစ်များ

ကျန်မာချမ်းသာပြီး ကောင်းကျိုးလိုအင်ဆန္ဒများ
ပြည့်ဝကြပါစေ😘😘

30/09/2022

သိုင်းရွိုက်ကျန်းမာရေး နှင့် အဟာရများ

1. အိုင်အိုဒင်း ( Iodine )

သိုင်းရွိုက်ဂလင်းက သိုင်းရွိုက်ဟိုမုန်းထုတ်ဖို့ အိုင်အိုဒင်းလိုအပ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ အိုင်အိုဒင်း ပုံမှန်ရှိဖို့ အတော်အရေးကြီးပါတယ်။ အိုင်အိုဒင်း လျော့နည်းလျှင်ဖြစ်ဖြစ်၊ အိုင်အိုဒင်းများသွားလျှင်ဖြစ်ဖြစ် သိုင်းရွိုက်လုပ်ဆောင်ချက် ချို့ယွင်းသွားတတ်ပါတယ်။ အိုင်အိုဒင်း အမြောက်အမြားပါဝင်တာက ပင်လယ်ထွက် စားစရာတွေပါ။

2. Selenium

Selenium က 5-deiodinase အင်ဇိုင်းကို ထိန်းချုပ်ပြီး သိုင်းရွိုက်ဟိုမုန်း T 4 ကို T3 ပြောင်းပေးတယ်။ သိပ်အသုံးမဝင်တဲ့ rT3 ဖြစ်တာကို တားနိုင်တယ်။ သိုင်းရွိုက် antibodies တွေကို နည်းသွားစေတယ်။ Selenium ချို့တဲ့လျှင် ခုခံစွမ်းအား ကျဆင်းသွားပြီး ကင်ဆာ နှင့် အော်တိုအင်မြူးရောဂါတွေ ဖြစ်နိုင်ပါတယ်။ Selenium ကြွယ်ဝတဲ့ အစားအစာတွေစားပေးခြင်းဖြင့် သိုင်းရွိုက်ဟိုမုန်းလုပ်ငန်း ပိုမိုကောင်းလာနိုင်တယ်။ သိုင်းရွိုက် ရောင်ရမ်းခြင်း လျော့နည်းသွားနိုင်တယ်။သိုင်းရွိုက်ဆဲလ် ပျက်စီးတာကို ပြုပြင်ပေးနိုင်တယ်။ Brazil nuts၊ ကြက်ဆင်၊ ဆာဒင်း နှင့် ဥအမျိုးမျိုးမှာ seleniumတွေပါပါတယ်။ အစားအစာကနေ selenium လုံလောက်အောင် မရနိုင်ဘူးဆိုလျှင် selenium supplements သောက်ဖို့လိုပါလိမ့်မည်။

3. Zinc

ဥအမျိုးမျိုး၊
ကက်သား၊ ဆော်လမွန်ငါး ၊ အမဲသား၊ ဖရုံစေ့ နှင့် ဟင်းနုနွယ်တွေမှာ zinc ပါဝင်ပါတယ်။ သိုင်းရွိုက်ဟိုမုန်း ထုတ်လုပ်မှုမှာ zinc ပါဝင်ပြီး zinc ချိုတဲ့လျှင် hypothyroidism ဝေဒနာခံစာရပြီး အရေပြားခြောက်သွေ့ခြင်း၊ ဆံပင် ကျွတ်ခြင်း ၊ အားနည်းခြင်း၊ အရသာပျက်ခြင်း၊ စိတ်ဓာတ်ကျခြင်းတွေ ဖြစ်နိုင်ပါတယ်။ Zinc supplement သောက်လိုက်လျှင် ရောဂါလက္ခဏာတွေ သက်သာသွားတတ်ပါတယ်။

4. အဆီမှာ ပျော်ဝင်သော ဗိုက်တာမင်များ ( Fat Soluble Vitamins )

သိုင်းရွိုက်ဟိုမုန်း လုပ်ငန်းတွေမှာ ဗိုက်တာမင် A, E, D နှင့် K2 က အတော်လေး အရေးပါပါတယ်။

သိုင်းရွိုက်ဟိုမုန်း တည်ဆောက်ခြင်း နှင့် ဖြန့်ဖြူးခြင်းမှာ ဗိုက်တာမင် A ပါဝင်လုပ်ဆောင်ရပါတယ်။ TSH ပမာဏကိုထိန်းပေးခြင်း နှင့် သိုင်းရွိုက်ဟိုမုန်း T4 ကို T3 ပြောင်းလဲပေးခြင်း မှာလည်း ဗိုက်တာမင် A ပါဝင်ပတ်သတ်ပါတယ်။ သိုင်းရွိုက်ဂလင်းက အိုင်အိုဒင်းစုပ်ယူမှုကို ဗိုက်တာမင် A က ကူညီပေးပါတယ်။ ဝါသော အသီး နှင့် စိမ်းသောအရွက်တွေမှာ ဗိုက်တာမင် A ကြွယ်ဝစွာပါဝင်ပါတယ်။

သွေးတွင်း ဗိုက်တာမင် D ချို့တဲ့ခြင်းက အော်တိုအင်မြူးသိုင်းရွိုက်ရောဂါများ နှင့် ဆက်စပ်နေတယ်ရေးပါတယ်။ ဒါကြောင့် ဗိုက်တာမင် D မချိုတဲ့အောင်နေဖို့ လိုပါတယ်။ Hyperthyroidism ကြောင့်ဖြစ်တဲ့ အရိုးပွခြင်းကို ဗိုက်တာမင် D နှင့် K2 က သက်သာပျောက်ကင်းစေပါတယ်။

ဗိုက်တာမင် E မှာ antioxidant အစွမ်းရှိပြီး အော်တိုအင်မြူး သိုင်းရွိုက်ရောဂါတွေအတွက်အကျိုးရှိပါတယ်။

5. Iron

rT3 လို့လူသိများတဲ့ reverse T3 များများမထွက်အောင် iron က တားဆီးပေးပါတယ်။ သံဓာတ်ချို့တဲ့ တဲ့ လူနာတွေမှာ T3, T4 လျော့နည်းသွားသလို T4 ကနေ T3 လည်း သိပ်မပြောင်းနိုင်တော့ပါ။ဒါကြောင့် သံဓာတ်ချို့တဲ့သောလူနာတွေမှာ hypothyroid အဖြစ်များပါတယ်။

6. ဗိုက်တာမင် B များ

ဗိုက်တာမင် B6 က သိုင်းရွိုက်ဟိုမုန်း ထုတ်လုပ်ခြင်းကို ကူညီပေးပြီး hypothyroid ရောဂါကို သက်သာစေပါတယ်။ ဗိုက်တာမင် B12 နှင့် B2 ချို့တဲ့မှုက သိုင်းရွိုက်ရောဂါတွေ ပိုဖြစ်စေတယ်ဆိုပါတယ်။

7. Tyrosine

အမိုင်နိုအက်ဆစ် tyrosine ချို့တဲ့လျှင် သိုင်းရွိုက်ဟိုမုန်း သာမက dopamine ပါနည်းသွားတတ်ပါတယ်။ သိပ်ပင်ပန်းတဲ့အခါ အမိုင်နိုအက်ဆစ် tyrosine ချို့တဲ့သောသူဟာ အာရုံစိုက်လို့မရတော့သလို လှုပ်ရှားမှုနှေးသွားပြီး ခန္ဓာကိုယ်ကျန်းမာရေးကျဆင်းလာတတ်ပါတယ်။ အမိုင်နိုအက်ဆစ် tyrosine ချို့တဲ့လျှင် သိုင်းရွိုက်ကျန်းမာရေးပါ ကျဆင်းလာတတ်ပါတယ်။

8. Vitamin C

ဗိုက်တာမင် C က သိုင်းရွိုက်ဟိုမုန်းများခြင်းကြောင့်ဖြစ်တဲ့ ဆဲလ်တွေရဲ့ ဒဏ်ရာကို ကုသပေးနိုင်တဲ့ အပြင် adrenal ဂလင်း ကျန်းမာရေးကို ကောင်းစေတယ်။ Adrenal ဂလင်း ကျန်းမာရေးကောင်းလာလျှင် သိုင်းရွိုက်ဂလင်းပါကျန်းမာရေးကောင်းလာပါတယ်။ ဗိုက်တာမင် C ကို ခြောက်လလောက်သောက်ပေးလျှင် T3/T4 နှင့် TSH ပမာဏတွေ တိုးတက်လာတယ်ဆိုတဲ့ သုသေတနတစ်ခုရှိပါတယ်။ ( ref - https://www.ncbi.nlm.nih.gov/pubmed/24601693 )

9. Omega-3 Fatty Acids

ဆဲလ်နံရံတွေကို သန်စွမ်းစေပြီး ဆဲလ်တွေက သိုင်းရွိုက်ဟိုမုန်းကို လွယ်ကူစွာ လက်ခံအသုံးချလာနိုင်ပါတယ်။ တစ်ချို့လေ့လာမှုတွေမှာ Omega 3 က ဆဲလ်တွေရဲ့ T3 လက်ခံနိုင်မှုကို တိုးတက်လာစေတယ်လို့ ဆိုပါတယ်။ Omega 3 က အူလမ်းကြောင်းကို ကျန်းမာသန်စွမ်းစေပြီး leaky gut ကို ကောင်းမွန်စေလို့ အော်တိုအင်မြူးသိုင်းရွိုက်ရောဂါတွေအတွက်ကောင်းပါတယ်။

References

1. https://www.ncbi.nlm.nih.gov/pmc/articles/PMC4049553/
2. https://www.ncbi.nlm.nih.gov/pmc/articles/PMC3746228/
3. https://www.ncbi.nlm.nih.gov/pmc/articles/PMC2647704/
4. https://www.ncbi.nlm.nih.gov/pmc/articles/PMC4276677/
5. https://ods.od.nih.gov/factsheets/Selenium-HealthProfessional/
6. https://www.ncbi.nlm.nih.gov/pubmed/17607078
7. https://www.ncbi.nlm.nih.gov/pubmed/16500878
8. https://www.ncbi.nlm.nih.gov/pmc/articles/PMC4798095/
9. https://www.ncbi.nlm.nih.gov/pmc/articles/PMC4798095/
10. https://ods.od.nih.gov/factsheets/Selenium-HealthProfessional/
11. https://journals.viamedica.pl/endokrynologia_polska/article/viewFile/25263/20092

15/08/2022

ဆီးမထိန်းနိုင်သည့် ပြဿနာ
------------------------​ဒေါက်တာခင်မိုးမိုး

ဆီးမထိန်းနိုင်တာက စိတ်ကသိကအောက် ဖြစ်စေတဲ့ အဖြစ်များတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ရောဂါ အခြေအနေက ချောင်းဆိုး ဒါမှမဟုတ် နှာခြေလိုက် တဲ့အခါမှာ ဆီးစိမ့်ထွက်ကျတာလောက်ပဲ ဖြစ်နိုင်သလို ရုတ်တရက် ဆီးသွားချင်လာရင် အိမ်သာထဲရောက်တဲ့အထိတောင် မစောင့်နိုင်တော့ပဲ ဆီးထွက်ကျတာအထိ အမျိုးမျိုး ဖြစ်တတ်ပါတယ်။
ဒီပြဿနာက အသက်ကြီးသူတွေမှာ မကြာခဏ ဖြစ်တတ်တယ်လို့ ဆိုပေမဲ့ သူက ပြုပြင်လို့မရတဲ့ အခြေအနေ တော့ မဟုတ်ပါဘူး။ ဆီးမထိန်းနိုင်တာက သင်နေ့စဉ် လှုပ်ရှားမှုကို အနှောင့်အယှက် ဖြစ်နေရင် ဆရာဝန်နဲ့ ပြသရပါမယ်။ ဘဝနေထိုင်မှုပုံစံပြောင်းလဲတာ၊ အစားအသောက်ပြောင်းလဲတာ ဒါမှမဟုတ် ဆေးကုသမှုခံယူတာနဲ့ သက်သာပျောက်ကင်းနိုင်ပါတယ်။

#ဆီးမထိန်းနိုင်တဲ့ပြဿနာအမျိုးအစားများ။

Stress incontinence.
ချောင်းဆိုးတာ၊ နှာခြေတာ၊ ရယ်မောတာ၊ လေ့ကျင့်ခန်းလုပ်တာ ဒါမှမဟုတ် အလေးအပင်ပစ္စည်းသယ်မ တဲ့အခါမှာ ဆီးအိတ်အပေါ် ဖိအားကျရောက်မှု များတာကြောင့် ဆီးစိမ့်ထွက်တဲ့ အခြေအနေ ဖြစ်ပါတယ်။

Urge incontinence.
ရုတ်တရက် ဆီးသွားချင်စိတ် ပေါက်လာရင် ဆီးမထိန်းနိုင်တော့ပဲ ဆီးထွက်ကျတာပါ။ မကြာခဏ ဆီးသွားဖို့ လိုအပ်တဲ့ အခြေအနေပါ။ ဆီးလမ်းကြောင်းပိုးဝင်တာလိုမျိုး ဆိုးဆိုးရွားရွား မဟုတ်တဲ့ ရောဂါ ဒါမှမဟုတ် ဆီးချိုရောဂါနဲ့အာရုံကျောရောဂါလိုမျိုး ဆိုးရွားတဲ့ ပြဿနာတွေကြောင့် Urge incontinence ဖြစ်တာပါ။

Overflow incontenence.
ဆီးအိတ်ကဆီးတွေ ကုန်စင်အောင် မစွန့်ထုတ်နိုင်တာကြောင့် ဆီးစိမ့်ထွက်တဲ့ အခြေအနေဖြစ်ပါတယ်။

Functional incontenence.
ခန္ဓာကိုယ်ကျန်းမာရေး ဒါမှမဟုတ် စိတ်ကျန်းမာရေး အခြေအ​နေ​​ကြောင့် အိမ်သာကိုအချိန်မီ မရောက်ပဲ လမ်းမှာတင် ဆီးထွက်ကျတာမျိုးပါ။ ဥပမာအားဖြင့် အဆစ်ရောင်ရောဂါဒဏ်ကို ဆိုးရွားစွာ ခံစားရသူတွေဘောင်းဘီ အမြန် မချွတ်နိုင်တာ။

Mixed incontenence.
ဆီးမထိန်းနိုင်တဲ့ အမျိုးအစား တစ်မျိုးထက် ပိုဖြစ်တာပါ။ များသောအားဖြင့် Stress incontenence နဲ့ Urge incontenence တွဲဖက်ပြီး ဖြစ်တတ်ပါတယ်။

#ဆရာဝန်နဲ့ဘယ်အချိန်တွေ့ဖို့လိုအပ်ပါသလဲ။
ဆီးမထိန်းနိုင်တာက မကြာခဏ ဖြစ်ပေါပြီး သင်ရဲ့ဘဝအရည်အသွေးကို အောက်ပါအတိုင်း ထိခိုက်မှု ရှိလာရင် ဆရာဝန်နဲ့ ပြသရပါမယ်။
- သင်က သင့်လှုပ်ရှားမှုနဲ့ လူမှုရေးတွေ့ဆုံပွဲတွေသွားဖို့ ကန့်သတ်လိုက်ရရင်
- သင်ရဲ့ဘဝအရည်အသွေး ထိခိုက်မှု ရှိလာရင်
- အိမ်သာကို အပြေးအလွှား သွားရတာကြောင့် အသက်ကြီးသူတွေမှာ လိမ့်ကျနိုင်ခြေ များလာရင်
- မိမိမှာ ဆိုးရွားတဲ့ ရောဂါ တစ်ခုခု ရှိနိုင်တယ်လို့ သံသယဝင်နေရင်

#ဘာကြောင့်ဆီးမထိန်းနိုင်တာဖြစ်ရတာလဲ။
နေ့စဉ် ပြုလုပ်နေတဲ့ အမူအကျင့်၊ မိမိရဲ့ ကျန်းမာရေး ဒါမှမဟုတ် ကြံခိုင်မှု ပြဿနာတွေကြောင့် အောက်ပါအတ်ုင်း ဆီးမထိန်းနိုင်တဲ့ ပြဿနာ ဖြစ်တတ်ပါတယ်။

#ယာယီဆီးမထိန်းနိုင်ခြင်း။

တစ်ချို့ဖျော်ရည်၊ အစားအစာနဲ့ ဆေးဝါးတွေက ဆီးရွှင်ဆေးလိုမျိုး ပြုမူကာ ဆီးအိတ်ကိုလှုံဆော်မှုပေးတဲ့အပြင်ဆီးပမာဏ များစေနိုင်ပါတယ်။
ဥပမာ- အရက်၊ ကဖင်း၊ ဆိုဒါပါတဲ့ဖျော်ရည်၊ ဆေးသကြား၊
ချော့ကလက်၊ ငရုတ် ကောင်း၊ အစပ်၊ အချို ဒါမှမဟုတ် အက်စစ်ဓာတ်လွန်ကဲသော အစားအစာများ အထူးသဖြင့် အချဉ်သီးများ၊ နှလုံးနဲ့ သွေးတိုးပျောက်ဆေး၊ စိတ်ငြိမ်ဆေးနဲ့ ကြွက်သားဖြေလျော့ဆေး၊ ဗီတာမင် စီ ပမာဏများများ

အောက်ဖော်ပြပါ ကုသလို့ ပျောက်ကင်းနိုင်သည့်ရောဂါများ​ကြောင့် ယာယီ ဆီးမထိန်းနိုင်တာ ဖြစ်တတ်ပါတယ်။
-ဆီးလမ်းကြောင်းပိုးဝင်ခြင်း။
ရောဂါပိုးက ဆီးအိတ်ကိုဆွပေးနေတာကြောင့် ချက်ချင်းဆီးသွားချင်နာနဲ့ တစ်ခါတလေ ဆီးမထိန်းနိုင်တာ ဖြစ်တတ်ပါတယ်။
-ဝမ်းချုပ်ခြင်း။
စအိုက ဆီးအိတ်အနီးမှာတည်ရှိပြီး စအိုနဲ့ ဆီးအိတ်ကို ပေးပို့တဲ့ အာရုံကြောက တစ်ခုထဲ ဖြစ်ပါတယ်။ စအိုဝမှာ စမြင်းတုံးခံနေတာကြောင့် အာရုံကြော အတက်ကြွလွန်ပြီး မကြာခဏ ဆီးသွားရတာ ဖြစ်ပါတယ်။

#အမြဲတမ်းဆီးမထိန်းနိုင်ခြင်း။

-ကိုယ်ဝန်ဆောင်ထားရခြင်း။
ဟော်မုန်းအပြောင်းအလဲ ဖြစ်င်္တဲ့ အပြင် သန္ဓေသားရဲ့ အလေးချိန်တိုးလာတာကြောင့် Stress incontinence ဖြစ်တတ်ပါတယ်။

-ကလေးမွေးဖွားထားခြင်း။
သဘာဝအတိုင်းကလေးမွေးဖွားထားတာကြောင့် ဆီးအိတ်ကို ထိန်းချုပ်ပေးတဲ့ ကြွက်သားအားနည်းသွားင်္ပြး ဆီးအိတ်ရဲ့ အာရုံကြောပျက်င်္စီး သွားတာကြောင့် သားအိမ်ကျွံကျတတ်ပါတယ်။
င်္ဆီးအိတ်၊ သားအိမ်၊ စအို ဒါမှမဟုတ် အူတွေက သူတို့ရဲ့ မူလနေရာက မိန်းမဖို နေရာကနေ ကျွံထွက်လာတဲ့အတွက် ဆီး မထိန်းနိုင်တာ ဖြစ်လာပါတယ်။

-အသက်ကြီးလာခြင်း။
ဆီးအိတ်ကြွက်သားတွေ အသက်ကြီးလာတာကြောင့် ဆီးအိတ်ထဲမှာ ဆီးသိုလေီာင်နိုင်တဲ့ ပမာဏ ကျဆင်းသွားတတ်ပါတယ်။ ဒါ့အပြင် ဆီးအိတ်ကအလိုအလျောက် ကျုံ့ဆန့်နေတဲ့အတွက် မကြာခဏ ဆီးသွားချင်တတ်ပါတယ်။

-မီးယပ်သွေးဆုံးခြင်း။
မီးယပ်သွေးဆုံးပြီးနောက်ပိုင်းမှာ ဆီးအိတ်အမြှေးပါးနဲ့ ဆီးထွက်ပြွန်ပိုက် ကျန်းမာအောင် ကူညီနိုင်တဲ့ အီစတရိုဂျင်ဟော်မုန်း ထုတ်လုပ်မှု လျော့နည်းသွားတာကြောင့် ဆီးမထိန်းနိုင်တာ ဖြစ်တတ်ပါတယ်။

-ဆီးကျိတ်င်္ကြီးခြင်း။
အထူးသဖြင့် အသက်ကြီးတဲ့ အမျိုးသားတွေက BPH ခေါ်တဲ့ င်္ဆးကျိတ်ကြီးတဲ့ ပြဿနာကြောင့် ဆီးမထိန်းနိုင်တတ်ပါဘူး။

-ဆီးကျိတ်ကင်ဆာ။
အမျိုးသားတွေမှာ Stress incontenence ဒါမှမဟုတ် Urge incintenence ဖြစ်တာက ဆီးကျိတ်ကင်ဆာနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဆီးကျိတ်ကင်ဆာကုသမှုရဲ့ ဘေးထွက် ဆိုးကျိုးကြောင့် ဖြစ်နိုင်ပါတယ်။

-ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း။
ဆီးလမ်းကြောင်း တစ်နေရာရာမှာ အကျိတ်ရှိနေတာကြောင့် ပုံမှန်ဆီးစီးဆင်းမှုကို ပိတ်ဆို့လိုက်တဲ့ အတွက် overflow incontenence ဖြစ်တတ်ပါတယ်။ ဆီးကျောက်တည်နေတာကြောင့် တစ်ခါတလေ ဆီးစိမ့်ထွက် နိုင်ပါတယ်။

-အာရုံကြောပြဿနာရှိခြင်း။
ပါကင်ဆန်ရောဂါ၊ လေဖြတ်တာ၊ ဦးနှောက်ကင်ဆာ၊ Multiple sclerosis ဒါမှမဟုတ် ခါးရိုးထိခိုက်ဒဏ်ရာရတာကြောင့် ဆီးထိန်းချုပ်ပေးတဲ့ အချက်ပြအာရုံကြော ထိခိုက်ပြီး ဆီးမထိန်းနိုင်တာ ဖြစ်တတ်ပါတယ်။

#ဆီးမထိန်းနိုင်တာဖြစ်နိုင်ခြေများတဲ့အချက်များ ။

- အမျိုးသမီးတွေက Stress incontenence ပိုင်္ပြး ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ရတာ၊ ကလေးမွေးရတာ၊ မီးယပ်သွေးဆုံးတာနဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာဗေဒ အနေအထားကြောင့်ပါ။ အမျိုးသားတွေက ဆီးကျိတ်ပြဿနာကြောင့်urge နဲ့ overflow incontenence ပိုပြီး ဖြစ်တတ်ပါတယ်။

- အသက်အရွယ်။ အသက်ကြီးလာတာနဲ့အမျှ ဆီးအိတ်နဲ့ ဆီးထွက်ပြွန်ပိုက် ကြွက်သားတွေက သန်မာအား လျော့ကျသွားတာကြောင့်ပါ။

- အဝလွန်ခြင်း။အဝလွန်တာကြောင့် ဆီးအိတ်နဲ့ ဆီးအိတ်ဝန်းကျင်က ကြွက်သားတွေအပေါ် ဖိအားကျရောက်မှု ပိုများလာတဲ့အတွက် ကြွက်သားအားနည်းသွားပြီး ချောင်းဆိုး ဒါမှမဟုတ် နှာခြေ လိုက်တဲ့အခါမှာ ဆီးစိမ့်ထွက်တတ်ပါတယ်။

- ဆေးလိပ်သောက်ခြင်း။ ဆေးလိပ်သောက်တတ်သူတွေက ဆီးမထိန်းနိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

- မိသားစုရာဇဝင်ရှိခြင်း။မိမိမိသားစုဝင်တွေထဲမှာ ဆီးမထိန်းနိုင်သူ အထူးသဖြင့် Urge incontenence ရှိနေရင် မိမိမှာ ဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

- တစ်ချို့ရောဂါများ။ ဆီးချို ဒါမှမဟုတ် အာရုံကြောရောဂါ ရှိသူတွေက ဆီးမထိန်းနိုင်တဲ့ ပြဿနာ ဖြစ်နိုင်ခြေ များပါတယ်။

#နောက်ဆက်တွဲပြဿနာများ။

အရေပြားပြဿနာ။
အရေပြားက တစ်ချိန်လုံးစွတ်စိုနေရတာကြောင့် အဖုအပိမ့်ပေါက်တာ၊ ရောဂါပိုးဝင်တာနဲ့ အနာပေါက်နိုင်ပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း။
ဆီးမထိန်းနိုင်တာကြောင့် မကြာခဏ ဆီးလမ်းကြောင်း ပိုးဝက်နိုင်ပါတယ်။

ဘဝအရည်အသွေးထိခိုက်နိုင်ခြင်း။
ဆီးမထိန်းနိုင်တာကြောင့် လူမှုရေး၊ အလုပ်နဲ့ relationship ပြဿနာတွေ ဖြစ်လာတတ်ပါတယ်။

#ဆီးမထိန်းနိုင်တာမဖြစ်အောင်ဘယ်လိုကာကွယ်နိုင်သလဲ။
ဆီးမထိန်းနိုင်တဲ့ ပြဿနာကို အမြဲတမ်း ကာကွယ်နိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အောက်ပါတို့ကြောင့် ရောဂါ ဖြစ်နိုင်ခြေ လျော့နည်းနိုင်ပါတယ်။
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ရှိအောင် ထိန်းထားပါ။
- သားအိမ်ကြွက်သားသန်မာအောင် လေ့ကျင့်ခန်း ပြုလုပ်ပါ။
- ကဖင်း၊ အယ်လ်ကိုဟောနဲ့ အက်စစ်အစားအစာလိုမျိုး ဆီးအိတ်ကိုလှုံ့ဆော်နိုင်တဲ့ အစာတွေကို ရှောင်ကြဉ်ပါ။
- ဆီးမထိန်းနိုင်တာ ဖြစ်စေတဲ့ ဝမ်းချုပ်တာ မဖြစ်အောင် အမျှင်ဓာတ် ကို ပိုမို စားသုံးပါ။
- ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်တတ်သူဖြစ်ရင် ဆေးလိပ်ဖြတ်ပါ။

Photos from Nature Health & Beauty products's post 11/08/2022

စိမ်းပြာလေးနဲ့ပေါင်းတင်
ကြမယ်😘

မင်မင်ခုတစ်လော😌 ခရီးတွေသွားနေရတာနဲ့ နေလောင်တာတွေများလို့ မျက်နှာမှာအမဲကွက်၊အနီကွက်လေးတွေပေါ်လာတယ်။
လှတပတနေချင်စိတ်ဒီကာလကြီးမှာမနေချင်ပေမယ့် အသားအရေကိုဂရုမစိုက်ဘဲထားရင်လည်း ပြန်ကုသရတာအချိန်ပေးရတော့ မဖြစ်မနေ အဆိပ်အတောက်လေးရှင်းပေးဖို့တော့လိုလာပြီ။
စိမ်းပြာလေးက အဆိပ်အတောက်တွေရှင်းပေးနိုင်သလို အသားအရေပြုပြင်ကုသပေးတဲ့နေရာမှာဘုရင်မပါ။
တစ်ပတ်၃ရက်လောက်လေး မိနစ်၂၀လောက် ပေါင်းတင်ကြမယ်နော်။
တစ်ဘူး ၄၅၀၀၀ကျပ်
အလုံးရေ ၁၀၀
မှာယူနိုင်ပါပြီနော်။

26/07/2022

ခေါင်းကိုက်တဲ့နေရာပေါ်မူတည်ပြီး ဘာကြောင့်ခေါင်းကိုက်တာလဲဆိုတာ ပြောပြလို့ရတယ်နော်...

13/07/2022

မှာယူနိုင်ပါပြီ

အာဟာရပြည့်ဝပြီး နုပျိုလန်းဆန်း စေတဲ့

🌲 Spirulina supplement🌲ဆိုတာ

လူ့ခန္ဓာကိုယ်အတွက် နေ့စဥ်သောက်သုံးသင့်တဲ့ အကောင်းဆုံး အာဟာရဓာတ်များပါဝင်တဲ့ စိမ်းပြာရေညှိဓာတ်စာ ဖြစ်ပါတယ်။

ကုန်ကြမ်းအဖြစ် အာဖရိကတိုက် ကင်ညာနိုင်ငံက အရည်အသွေးမြှင့် စိမ်းပြာရေညှိကို အသုံးပြုထုတ်လုပ်ထားပါတယ်။

ဒါ့အပြင်

🎯ဘီတာကယ်ရိုတင်း
🎯ပိုတက်ဆီယမ်
🎯ကလိုရိုဖီးလ်
🎯 ကယ်လ်ဆီယမ်
🎯သံဓာတ်
🎯မဂ္ဂနီစီယမ်
🎯ရေညှိပြာပရိုတင်း
🎯အမိုင်နိုအက်စစ် (၁၉ )မျိုး
🎯ဗီတာမင် (၁၁) မျိုး
🎯အဆီအက်ဆစ် (၁၁) မျိုး
🎯ဖော့စဖရပ်
🎯ဇင့် ဓာတ်

စတဲ့ အာဟာရဓာတ်များစွာလည်းပါဝင်ပါတယ်။

ရေရှည်သောက်သုံးပါက အကျိုးအာနိသင်များစွာရရှိနိုင်ပါတယ်👇

🟢အသားအရည်ကြည်လင်လှပစေပါတယ်။

🟢 ကိုယ် ခံ‌အားကောင်းမွန်စေပါတယ်။

🟢 သွေးတွင်းသကြားဓါတ်ကို ထိန်းပေးနိုင်လို့ ဆီးချိုသွေးချို သမားများသောက်သုံးသင့်ပါတယ်။

🟢ကိုယ်ဝန်ဆောင်မိခင်များ အတွက်သောက်သုံးပါက မိခင်ရောကလေးအတွက်ပါအာဟာရ ဖြည့်တင်းပေးပါတယ်။

🟢သွေးအားကောင်းဖို့အထောက်အကူပြုပါတယ်။

🟢အမျိုးသမီးများရာသီသွေးပုံမှန်လာစေပါတယ်။

🟢ကလေးငယ်များအတွက်ခန္ဓာကိုယ်ကြီးထွားစေပါတယ်။

🟢အိပ်‌ချိန်မမှန်သူတွေအတွက်လည်းလန်းဆန်းပေါ့ပါးစေပါတယ်။

✅သုံးစွဲသင့်သူများကတော့👇

🌟ကိုယ်ခံအားနည်းသူတွေနဲ့အလွယ်တကူအအေးမိတတ်သူတွေမကြာခဏမောပန်းနေသူများ

🌟ကင်ဆာရောဂါဓာတ်ကင်၊ဆေးသောက်ကုသမှုခံယူနေသူများ

🌟အစာစားချိန်မမှန်သူများ၊သတ်သက်လွတ်စားသုံးသူများ
အစာရွေးစားသူ ကလေး၊လူကြီးများအတွက် သောက်သုံးသင့်ပါတယ်။

🌟အသည်းရောဂါဝေဒနာရှင်များ

🌟လိပ်ခေါင်း‌ရောဂါရှိသူနှင့်ဝမ်းချုပ်တတ်သူများ

🌟‌ကိုယ်ခံအားနည်းသူများ

🌟အစာအိမ်၊အူလမ်းကြောင်းရောဂါရှိပြီး
အစာချေစနစ်မကောင်းသူများ

🌟ခံတွင်းအနံ့ဆိုးရှိသူများ

🌟သွေးအားနည်းသူတွေနဲ့သွေးတွင်း
အဆိပ်အတောက်များသူများ

🌷🌷အလှအပအတွက် အသုံးဝင်မှုတွေကတော့🌷🌷

ဝက်ခြံ ပျောက်လိုသူတွေ၊နေလောင်တဲ့အသားအရည်အတွက်

🥣(စိမ်းပြာရေညှိတစ်ထောင့်၊ပျားရည်အနည်းငယ်၊ရေသန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်းရောမွှေပြီး မိနစ်၂၀ခန့်ပေါင်းတင်ပေးပါ)

ဝိတ်ချနေတဲ့သူတွေ (အစာမစားခင်သောက်သုံးပါ)

အသားအရည်စိုပြေ ချင်သူများ အတွက်လည်းအထူး အသုံးဝင်ပါတယ်။

Power type ဖြစ်လို့ခန္ဓာကိုယ်မှ 85%မှ 99.9%ထိစုပ်ယူနိုင်မှုရှိပါတယ်။🌿🌿

🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲🌲

❌ဘေးထွက်ဆိုးကျိုးမရှိပါ
❌အခြားဓာတုပစ္စည်းများမပါဝင်ပါ။

ကိုယ်ပိုင်စက်မှုဇုံကြီးနဲ့ နိုင်ငံတကာအဆင့်မီ ထုတ်လုပ်ထားပါတယ်ခင်ဗျာ။နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရရှိထားပါတယ်။

မှာယူချင်ပါက👍👍👍
Cbမှာ မှာယူနိုင်သလို 09.753 195 528သို့လည်းဆက်သွယ်မှာယူနိုင်ပါပြီ။

ရန်ကုန်မြို့အတွင်း အိမ်အရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပါတယ်။
Kpz payနဲ့လည်း%မလို ငွေရှင်းလို့ရပါတယ်။

လူမျိုး၊ဘာသာမရွေး၊အသက်အရွယ်မရွေးသောက်သုံးသင့်တဲ့ဖြည့်စွက်စာ‌ဖြစ်ပါတယ်။👪🤱🤰👩‍❤️‍👨👶🧕👲

05/07/2022

ဖြည့်စွက်စာတွေဝယ်မသောက်နိုင်လျှင်
သော်လည်းကောင်း/ကျောက်ကပ်ထိမှာစိုး၍
ဆေးအများကြီးမသောက်ချင်လျှင်သော်လည်းကောင်း…
ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းက
(To A Better Health)
သဘာဝနည်းလေးတွေကို ဒီလို ပြောပြထားပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
📍၁. Vitamin D အတွက် မနက်ခင်း နေရောင်ခြည်
ခံပေးပါ။ နေပူထဲမှာ နာရီဝက်လောက်နေပါ။
အိမ်အပြင်ထွက်ရမှာဖြစ်ပါတယ်။
အိမ်ထဲမှာနေပြီး လှမ်းမရပါ။
အိမ်ပြင်မှာUltra violet B ray
ရနိုင်လို့ ဖြစ်ပါတယ်။
Vitamin D ရဖို့ B ray လိုပါတယ်။
အိမ်ထဲမှာ ပြတင်းပေါက်ကနေတဆင့် ရသော
နေရောင်ခြည်မှာ A ray သာ ဖြစ်ပါတယ်။
B ray က ပြတင်းပေါက်ကို မဖောက်နိုင်ပါ။
A ray က Vitamin D မလုပ်နိုင်ပါ။

📍၂. အပြင်ထွက်ရင်း တလက်စတည်း မြေကြီးဓာတ်ကိုပါ
ယူလိုက်ပါ။ မြေကြီးမှာ electron ဓာတ်တွေ
အများကြီးရှိတာကတစ်ကြောင်း၊ သူတို့တွေက
ဝါယောဓာတ်တွေ ဖြစ်တာမို့ ရွေ့လျားနိုင်ပါတယ်။
များတဲ့နေရာကနေ နည်းတဲ့နေရာကို
ရွေ့လျားတတ်တာကြောင့် မြေကြီးကနေ
ခန္ဓာကိုယ်ထဲကိုဝင်နိုင်ပါတယ်။
စိုနေတဲ့မြက်ခင်းဆိုရင် အင်မတန်
သင့်တော်ပါတယ်။
အစိုဓာတ်ရှိရင် စီးဝင်ခြင်းဟာ ပိုပြီး
ထိရောက်ပါတယ်။
ဖိနပ် မစီးရပါ။ ဒီ electron ဓာတ်ဟာ ခန္ဓာကိုယ်
ယောင်ကိုင်းခြင်းကို သက်သာစေနိုင်ပါတယ်။
သဘာဝ antioxidants တွေ ဖြစ်ပြီး
သွေးကိုလည်းကျဲစေတတ်တာကြောင့်
လေဖြတ်ထားသူများ၊
နှလုံးသွေးကြောပိတ်သူများ အတွက်
အလွန်သင့်တော်ပါတယ်။

📍၃. D3 နဲ့ အတူသောက်ခိုင်းတဲ့ Vitamin K2 ကို
သဘာဝနည်းနဲ့ အရယူကြရအောင်။
- ရှမ်းတို့ဖူး (Natto)(Plant based MK7)
- ကလီစာဟင်း (Animal based MK4 )
- ကြက်ဥအနှစ် (Animal Based MK4)

📍၄. Probiotics အလှမ်း မမှီနိုင်ရင်
- ချဉ်ဖတ် စားပါ။
- ဒိန်ချဉ် စားပါ။
- ဗမာအချဉ်ရော၊ ရှမ်းချဉ်ရော အလွန်
ကောင်းပါတယ်။

📍၅. နနွင်းကို ( အုန်းဆီ/သံလွင်ဆီ ) နဲ့ သောက်ပါ။

📍၆. အသီးအနှံနှင့်အစိမ်းရောင်အရွက်များများစားပါ။

📍၇. အရိုးပြုတ်ရည် သောက်ပါ။
( ကြက်ရိုး၊ အမဲရိုး၊ ဆိတ်ရိုး..)

📍၈. ရှားစောင်းလက်ပတ် စားပါ။
အူလမ်းကြောင်းပြုပြင်ရေးအတွက်
ကောင်းပါတယ်။

📍၉. အုန်းရည် သောက်ပါ။
သတ္တုဓာတ်မျိုးစုံရမှာဖြစ်ပါတယ်။

📍၁၀. နွယ်ချိုက အူကျန်းမာရေးအတွက်
ကောင်းပါတယ်။

📍၁၁. ဆားခါးရေ စိမ်ပါ။ Magnesium
အလှမ်းမမှီသူများအတွက်ပါ။

📍၁၂. သစ်ကြားသီး စားပါ။
Plant based Omega3 ရပါတယ်။

📍၁၃. တတ်နိုင်ရင် တစ်ခါတရံ
အဆီများသော ငါး စားပါ။

📍၁၄. အချဉ်ဓာတ် VitaminC ရစေရန် ငရုတ်ပွသီး၊
သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး၊ လိမ္မော်သီး၊
ကျွဲကောသီး၊ မာလကာသီး၊ ကီဝီသီး၊
ဘယ်ရီသီးအမျိုးမျိုး၊ပန်းဂေါ်ဖီစိမ်း၊
ကင်ပွန်း ချဉ်ချဉ်ပေါင်ရွက် အစရှိသည်
တို့ကို စားသုံအာလူးနဲ့ကန်စွန်းဥတို့မှာလည်း ဓာတ်တွေပါဝင်ပါတယ် )

📍၁၅. Zinc ဇင့်ဓာတ်ရရှိစေရန် ပင်လယ်စာနဲ့
အနီရောင်အသားများ၊ ကြက်ဥ၊ နို့နှင့်နို့ထွက်
ပစ္စည်းများ၊ အုတ်ဂျုံ၊ ပဲအမျိုးမျိုး၊ မှို၊ ကညွတ်၊
ကိုက်လန်၊ ရုံးပတီသီး၊ ပန်းပွင့်စိမ်း၊ ဟင်းနုနယ်၊
ပြောင်းဖူးစသောဟင်းသီးအရွက်များနှင့်ကွာစေ့၊
ဖရုံစေ့ ကဲ့သို့သော အစေ့အဆန်များ စားသုံးပါ။

📍၁၆. Anti-viral အနေဖြင့် ဂျင်း၊ ကြက်သွန်နီ၊
ကြက်သွန်ဖြူ၊ နနွင်း၊သစ်ကြံပိုးများစားသုံးပေး၍
ရေနွေးကြမ်း green teaသောက်ပါ။
ရေများများသောက်ပါ။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ နေ့စဉ်
အနည်းဆုံး ၁၅မိနစ် ပုံမှန် ပြုလုပ်ပါ။
Crd

01/06/2022

လူ့ခန္ဓာကိုယ်အတွက်👨‍👩‍👧‍👦
အရေးပါတဲ့ဓာတ်တစ်မျိုးဖြစ်တဲ့ Calcium ဓာတ်အကြောင်း
–----–-------------------------------------

Calcium ဓာတ်ဆိုတာ လူသားတွေအပါအဝင် သက်ရှိအားလုံးလိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ ပမာဏအများဆုံးရှိတဲ့ သတ္ထုဓာတ်တစ်မျိုးလည်းဖြစ်ပါတယ်။ Calcium ဟာ လူ့ခန္ဓာကိုယ်မှာရှိတဲ့ အရိုးနဲ့သွားများ ကျန်းမာသန်စွမ်းအောင် အဓိကလုပ်ဆောင်ပေးတာဖြစ်ပြီး ကြွက်သားလှုပ်ရှားမှု‌နဲ့ နှလုံးသွေးကြောဆိုင်ရာ လုပ်ငန်းများလုပ်ဆောင်ရာတွင်လည်း ပါဝင်ကူညီပေးပါတယ် 💪

ဒီလိုမျိုး ခန္ဓာကိုယ်အတွက် အရေးပါတဲ့လုပ်ဆောင်ချက်များ လုပ်ဆောင်ပေးတဲ့အတွက် လူတစ်ယောက်မှာ Calcium ဓာတ် လုံလောက်စွာရရှိဖို့ အရေးကြီးပါတယ်။
အမျိုးသားနဲ့ အမျိုးသမီး အသက်အရွယ်အလိုက် တစ်နေ့ကို ရှိထားသင့်တဲ့ Calcium ဓာတ်ပမာဏတွေကတော့ -

✅ Men

အသက် 19-50 နှစ် - 1,000 mg
အသက် 51-70 နှစ် - 1,000 mg
အသက် 51 နှစ်နှင့်အထက် - 1,200 mg

✅ Women

အသက် 19-50 နှစ် - 1,000 mg
အသက် 51 နှစ်နှင့်အထက် - 1,200 mg တို့ပဲဖြစ်ပါတယ်။

📌 Calcium ဓာတ် အားကောင်းစေဖို့ ဘာတွေစားသုံးသင့်လဲ ?

အစာစားတဲ့အခါမှာ မိမိခန္ဓာကိုယ်အတွက် လုံလောက်တဲ့ Calcium ဓာတ်ရရှိစေဖို့ ချိစ်၊ နို့နဲ့ ဒိန်ချဉ်တို့လို နို့ထွက်အစားအစာများ၊ အစိမ်းရောင်ရှိတဲ့အသီးအရွက်များ၊ ဆဲလ်မွန်ငါး၊ ဆာဒင်လိုမျိုး အရိုးပါဝါးစားနိုင်တဲ့ငါးများ၊ ပဲနို့၊ အစေ့အဆန်များကို ရွေးချယ်စားသုံးနိုင်ပါတယ်။

ဒါ့အပြင် Diet လုပ်နေသူများ၊ နို့နဲ့ဓာတ်မတည့်သူများ၊ Vegetarian များအနေနဲ့လည်း စိတ်ချယုံကြည်ရတဲ့ Calcium Supplement များကို မိမိရဲ့ဓာတ်ပမာဏလိုအပ်ချက်အလိုက် မှီဝဲသုံးစွဲနိုင်ပါတယ်။

အခုဆိုရင် Calcium ဓာတ်ရဲ့အရေးပါပုံနဲ့ သူ့ရဲ့လုပ်ဆောင်ချက်တွေအကြောင်း ကိုဝေမျှပေးလိုက်ပါတယ်။
ကျန်းမာရေးဟာ လူတိုင်းအတွက် နံပါတ်တစ် ဦးစား‌ပေးဖြစ်တယ်ဆိုတာမမေ့သင့်ဘူးနော်။

Photos from Nature Health & Beauty products's post 30/05/2022

တကယ်လိုအပ်နေတဲ့ ထုတ်ကုန်သစ်များကို
မကြာမီ ရောက်ရှိတော့မည်ဖြစ်သည်။😘😘

1.Malt Matsutake Composite Powder အာဟာရပေါင်းစုံပါဝင်ခြင်း
(ဝိတ်ချနေတဲ့သူတွေအတွက်😘)

2.Glucosamine Tables အရိုးအဆစ်အတွက်(အရိုးအဆစ်အားနည်းသူများအတွက်)

3. Collagen Glow Short or beutrition drink Collagen နှစ်မျိုးတွင် တစ်မျိုးရောက်ရှိမှာပါ။
(မင်မင်လည်းသောက်ချင်လို့မျှော်နေမိတာလေး😘😘)

10/05/2022

သဘာဝတရားကြီးကလူသားတို့အတွက်ပေးထားတဲ့လက်ဆောင်မွန်😘
Price 45000
you can order by cb

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00