Bossy

Bossy

Share

Natural beauty with Japanese cosmetics

05/03/2023

GOKUJYUN AGING CARE LOTION 💜
💜 ဒါ‌လေးကတော့ အသားအရေအိုမင်းမှုကိုဖြစ်စေတဲ့ အရေးအကြောင်း၊ တင်းတိပ်၊ ခြောက်သွေ့အသားအရေပိုင်ရှင်များအတွက်အဓိကထုတ်လုပ်ထားတဲ့ Toner လေးပါ 💁
💜ဒါ့အပြင် အမဲစက်လေးတွေကိုသက်သာပျောက်ကင်းစေပြီး မျက်နှာအသားအရေကို တင်းတင်းရင်းရင်းနဲ့ စိုပြေလှပစေပါတယ်
💜 မင်တို့လို sensitive skin သမားလေးတွေသုံးလို့ရတဲ့အတွက် 🏃🏃
Price- 24000 (170ml)
Bossy မှပစ္စည်းအားလုံး
💯 Direct from Japan
💯 Authentic
💯 ဂျပန်ပစ္စည်းစစ်မှန်ကြောင်းအာမခံပါတယ် 🇯🇵
မှာယူချင်တယ်ဆိုရင်တော့ cb (သို့)
📞 09420158811
📞 09794949314 (viber) ကိုခုပဲမှာလိုက်ကြတော့နော်။ 🚗

05/03/2023

Skincare လုပ်ပြီးရင် သနပ်ခါးလိမ်းလို့ရလား

သေချာလေး ဖတ်စေချင်ပါတယ်

သနပ်ခါးကြိုက်ကြတဲ့ မြန်မာမိန်းကလေးတွေဖြစ်လို့ အဲဒီမေးခွန်းလေးတွေ ခဏခဏမေးကြပါတယ်

skincare လုပ်တဲ့သူတွေ အနေနဲ့ အများအားဖြင့် သနပ်ခါး မလိမ်းရဘူး သနပ်ခါးလိမ်းရင် ချွေးပေါက်ပိတ်မယ် အသားခြောက်မယ် ဆိုပြီး စသဖြင့်တော့ရှိကြတာပေါ့။

တွဲလိမ်းမယ် ဆိုရင်လည်း အောက်ကနေ sunscreen+make up cream+moisturizer တခုခု ခံပြီး သနပ်ခါးနဲ့ တွဲလိမ်းသင့်ပါတယ်

🙆သနပ်ခါးဆိုတာ မြန်မာတွေအစဉ်အဆက်
နေလောင်ဒဏ်ခံနိုင်ဖို့ လိမ်းကြတဲ့ သဘာဝပစ္စည်းဖြစ်လို့ Skincare တွေနဲ့တွဲလိမ်းရင် အဆင်မပြေတာ မရှိပါဘူး။

🙆ဒါပေမယ့် သဘာဝပစ္စည်းဖြစ်တဲ့အတွက် သနပ်ခါးက နေလောင်ဒဏ်ကိုတော့ အကြာကြီး မကာကွယ်ပေးနိုင်ပါဘူးနော်

ဒါကြောင့် Skincare ကို အရင်ဆုံး အဆင့်ဆင့် အသားအရည်ထဲသေချာစိမ့်ဝင်အောင် လိမ်းပေးပြီးရင် သနပ်ခါးကိုလိမ်းနိုင်ပါတယ်။

အသားအရည် ထိန်းသိမ်းဖို့ Skincare ကိုလည်းလိမ်းချင်တယ်၊ သနပ်ခါးကိုလည်း သံယောဇဉ်မပြတ်လို့ မလိမ်းရရင် မနေနိုင်ဘူး ဆိုတဲ့သူတွေအတွက် သနပ်ခါးနဲ့ တွဲလုပ်ရမယ့် skin care အကြောင်းလေးပြောပြပေးမယ်

cleansing သေချာလုပ်ပေးပါ..

ပြီးရင် Toner ကိုသေချာသုံးပေးပါ..

moistureတစ်ခုခုလိမ်းပေးပါ...

နေလောင် ဒဏ်ကာကွယ်ဖို့အတွက် Sunscreenကို မဖြစ်မနေ လိမ်းပေးပါ ...

ညပိုင်းကတော့ သနပ်ခါးလိမ်းထားတဲ့မျက်နှာကို Double Cleansing သေသေချာချာလေး လုပ်ပေးရပါမယ်..

ကိုယ်လိမ်းနေကျ skin care setတွေလိမ်းပေးပါ။

ညကို သနပ်ခါး လိမ်းမအိပ်ပါနဲ့...

ဝက်ခြံပေါက်ရင်လည်း သနပ်ခါး မတို့စေချင်ပါဘူးရှင့် ။

ပျောက်ခဲ့တယ်ဆိုလျှင်တောင် အမဲစက် နက်နက်ကြီးကျန်တတ်ပါတယ်😱😱

ကိုယ့် skin ကို သေချာဂရုစိုက်နိုင်ကြပါစေရှင့်...

#သနပ်ခါး
#၀က်ခြံ

01/03/2023

💯ဒီအရာတွေ လုပ်မိနေသရွေ့
🍁 ချွေးပေါက်ကျယ်တာတွေ မသက်သာပါ

🍁1. ကိုယ်တိုက်ဆပ်ပြာတွေ အချိန်ကြာသုံးစွဲမိတာ
မျက်နှာသစ်အရေးကြီးပါတယ်

🍁2. Tonerကို Alcohol freeမဟုတ်တဲ့ Tonerတွေသုံးမိနေတာ

🍁3.နေရောင်ဒဏ်အရမ်းခံရတဲ့အခါ skin careကိုအဆင့်လိုက် သေချာမလိမ်းမိတာ

🍁4. မျက်နှာသစ်ပီးတဲ့အခါ မျက်နှာသုတ်ပုဝါနဲ့ အကြမ်းရမ်း သုတ်မိတာ
5. မိတ်ကပ်တေလိမ်းပီးညမဘက်မိတ်ကပ်ဖျက်ဆေးရည်မသုံးပဲအိပ်တာ

🍁 ဒီလိုတွေ လုပ်မိနေရင် ချွေးပေါက်တွေ ကျဉ်းမသွားပဲနေမယ်နော်❌
🍁ချွေးပေါက်ကျယ်သူဆို ဒီအချက်လေးတွေ သတိထားပါနော် 😍

24/02/2023

SANA Eyecream 👁️
💜 Eyecream 👁️ ဆိုတာမျိုးက skincare အဆင့်ဆင့်လိမ်းတဲ့နေရာမှာ မလိမ်းမဖြစ်ထည့်ပေးသင့်တဲ့အဆင့်လေးတစ်ခုပါနော် 💁
💜နေ့စဉ်နဲ့အမျှ Ph တွေ Computer တွေကြည့်ကြတယ်၊ ညဉ့်နက်မှအိပ်ရာ၀င်ကြတယ် ဒီတော့ ပန်ဒါမျက်လုံးတွေ 🐼၊ မျက်အိတ်ဖောင်းတာတွေ၊ အရေးအကြောင်းတွေဖြစ်ပြီး ကျီးခြေရာလိုထင်းနေတာဖြစ်ပေါ်စေပါတယ်နော်
💜ဒါတွေပျောက်ကင်းသက်သာစေချင်တယ်ဆိုရင်တော့ SANA EYECREAM 👁️ လေးရှိပါတယ်
💜ဒါလေးကမျက်၀န်းတစ်ဝိုက် အသားအရေကို ပြန်လည်တင်းရင်းစိုပြေလာစေပါတယ် 😇
♥️အနီရောင်လေးက မျက်အိတ်ဖောင်းတဲ့သူတွေ၊ မျက်ကွင်းညိုပြီး မျက်တွင်းကျသူလေးတွေအတွက်ပါ
💛ရွှေရောင်လေးကတော့ အရေးအကြောင်းရှိတဲ့သူလေးတွေအတွက်ပါ မျက်ကွင်းနားအသားအရေခြောက်တဲ့သူလေးတွေလည်းသုံးလို့ရပါတယ်နော်
Price- 17500 (20g)
Bossy မှပစ္စည်းအားလုံး
💯 Direct from Japan
💯 Authentic
💯 ဂျပန်ပစ္စည်းစစ်မှန်ကြောင်းအာမခံပါတယ် 🇯🇵
မှာယူချင်တယ်ဆိုရင်တော့ cb (သို့)
📞 09420158811
📞 09794949314 (viber) ကိုခုပဲမှာလိုက်ကြတော့နော်။ 🚗

24/02/2023

#ဝက်ခြံဘာလို့ခဏခဏပြန်ထွက်တာလဲ???

၁။ အိပ်ရေးဝအောင်မအိပ်ခြင်း

၂။ လေ့ကျင့်ခန်းမလုပ်ခြင်း

၃။ နို့ထွက်ပစ္စည်းစားသုံးမှုများခြင်း

၄။ အရက်၊ ဘီယာ ကြိုက်နှစ်သက်ခြင်း

၅။ ရေသောက်နည်းခြင်း

၆။ စိတ်ဖိစီးမှုများခြင်း

၇။ မျက်နှာကို ခဏခဏ ကိုင်ခြင်း

၈။ ဝက်ခြံညှစ်သော အကျင့်ရှိခြင်း

9။မသန့်စင်သောလက်ဖြင့်ခဏခဏကိုင်ခြင်း

၁၀။တာရှည်ခံအစားအစာများစားသုံးခြင်း...

ပြန်လည်မျှဝေခြင်းဖြစ်ပါသည်
Crd to ...

11/02/2023

Tsubaki Hair Mask 😍
💛Shiseido ကထုတ်တဲ့ ရွှေရောင်ဆံပင်ပေါင်းဆေးလေးကိုရော မသိတဲ့သူမရှိကြဘူးထင်ပါတယ်နော်၊ တအားကောင်းတဲ့ပေါင်းဆေးလေးမို့ သုံးကြည့်ဖို့ကြိုတိုက်တွန်းထားမယ်နော် 😉
💛ဒီဆံပင်ပေါင်းဆေးလေးက ပုလဲရဲ့အဆီအနှစ်မှထုတ်လုပ်ထားပြီး Amino Acid ပါ၀င်တာမို့ ပျက်စီးနေတဲ့ဆံသားများ၊ ဒဏ်ဖြစ်နေလို့ ကျိုးကြေနေတဲ့ဆံသားများအတွက် အထူးသင့်တော်ပါတယ်
💛ဆံပင်ကောက်/ဖြောင့်ခြင်းကြောင့် ဆံသားကြမ်းပြီး ဆံပင်နှစ်ခွဖြစ်နေသူလေးတွေအတွက် တစ်ပတ်ကိုနှစ်ခါလောက်သုံးရုံနဲ့ ဆံသားကို နူးညံ့တောက်ပြောင်စေပြီး ဆံသားအိအိလေးကိုရရှိစေမှာပါ 🥰
အသုံးပြုရန်အညွှန်း-
ခေါင်းလျှော်ပြီးတာနဲ့ ဆံပင်မှာရေတွေမရှိအောင် ရေညှစ်ချလိုက်ပါ၊ ရေစင်သွားတာနဲ့ Hair Mask ကို နှံ့စပ်စွာလိမ်းပြီး ရေပြန်ဆေးချပါ၊ အချိန်စောင့်စရာမလိုတဲ့အတွက် အလုပ်ရှုပ်သက်သာ အချိန်ကုန်သက်သာစေပါတယ်နော် 💁
Price- 21500 (180g)
Bossy မှပစ္စည်းအားလုံး
💯 Direct from Japan
💯 Authentic
💯 ဂျပန်ပစ္စည်းစစ်မှန်ကြောင်းအာမခံပါတယ် 🇯🇵
မှာယူချင်တယ်ဆိုရင်တော့ cb (သို့)
📞 09420158811
📞 09794949314 (viber) ကိုခုပဲမှာလိုက်ကြတော့နော်။ 🚗

07/02/2023

Pelican Cleansing Soap for black spots 🧼
ဒါလေးကတော့ ဂျပန်မဆပ်ပြာလို့လည်းခေါ်ကြတဲ့ ဝါးမီးသွေးနဲ့ထုတ်လုပ်ထားတဲ့ ဆေးဆပ်ပြာလေးပါ
ဒီဆပ်ပြာလေးဟာ နောက်ကျောပြင်မှာ ၀က်ခြံ၊ ကြာဆူးနဲ့ မိတ်ဖုလေးတွေပေါက်တတ်တဲ့သူလေးတွေအတွက် အထူးသင့်လျော်ပါတယ် 😍
ခြေမျက်စိမှာ အသားမာတက်ပြီးမဲနေတာတွေအတွက်လည်း သုံးလို့ရတဲ့ဆေးဆပ်ပြာလေးပါ
ဝါးမီးသွေးနဲ့ထုတ်လုပ်ထားတဲ့အတွက် smooth ဖြစ်စေတယ်၊ အစိုဓါတ်ပြန်ပေးနိုင်ပါတယ်နော် 🤗
နောက်ကျောပြောင်လေးတွေ၊ ကြိုးတစ်လုံးလေးတွေ၊ လက်ပြတ်လေးတွေ၀တ်ချင်တဲ့သူလေးတွေအတွက် ကျောပြင်အဆီထွက်နှုန်းကိုထိန်းချုပ်ပေးနိုင်ပြီး ဆဲလ်သေများကိုလည်းဖယ်ရှားပေးနိုင်လို့ သုံးကိုသုံးသင့်တဲ့ဆပ်ပြာလေးပါနော် 🧼
Price- 13000 (100g)
Bossy မှပစ္စည်းအားလုံး
💯 Direct from Japan
💯 Authentic
💯 ဂျပန်ပစ္စည်းစစ်မှန်ကြောင်းအာမခံပါတယ် 🇯🇵
မှာယူချင်တယ်ဆိုရင်တော့ cb (သို့)
📞 09420158811
📞 09794949314 (viber) ကိုခုပဲမှာလိုက်ကြတော့နော်။ 🚗

07/02/2023

အဆီဖု ဖြစ်စေတဲ့ အဓိက အချက် 4ချက် 📌🔗

အဆီဖု ဆိုတာ အမျိုးသား ရော / အမျိုးသမီး ရောပါ နှစ်ဦး လုံး ဖြစ်ကြပါတယ် 🙎‍♂️🙍‍♀️

အဆီဖုဟာ တစ်လုံးတစ်လေ ထွက်တာမျိုး မဟုတ်ပဲ များသော အားဖြင့် အပြုံလိုက် အစုလိုက် ထွက်ကြပါတယ်

အဆီ ဖု ဖြစ်စေတဲ့ အကြောင်းရာတွေ ထဲက မှ အဓိက အောက်က 4ချက်ကြောင့် အဖြစ်များကြပါတယ် 👇👇👇👇

1 📌 Double Cleaning မလုပ်ခြင်းကြောင့်

မိတ်ကပ်တွေ သနပ်ခါးတွေ suncream တွေ လိမ်းပီး ညဘက်မှာ
သေချာ မသန့်စင်ပဲ အိပ်ခြင်း /မိတ်ကပ်မဖျက်ပဲ အိပ်ခြင်း/မျက်နှာ မသစ်ပဲ အိပ်ခြင်းကြောင့်လဲ အဆီဖုတွေ ထွက်စေပါတယ်

2📌ဟိုမုန်းအပြောင်းအလဲ ကြောင့်

ဟိုမုန်း အပြောင်းလဲကြောင့် အဆီဖုတွေ အများကြီး ဖြစ်တက်ပါတယ် ၊ ဒါကတော့ အဖြစ်အများဆုံးပါ

3 📌stress ပိခြင်းကြောင့်

အိပ်ရေးတွေ ပျက် အလုပ်တွေပိ stress တွေ များတဲ့ခါ ဝက်ခြံ ရော အဆီဖုတွေပါ ဖစ်စေပါတယ်

4 📌 lifestyle Habits

မျက်နှာသုတ်ပဝါ ညစ်ပတ်နေခြင်း ခေါင်းအုံးဖုံး တွေ ညစ်ပက်ခြင်း နဲ့ အရက်ဆေးလိပ် သောက်ခြင်းကလဲ အဆီဖုတွေ ထွက်စေပါတယ်

ဒီနေ့ ပြောထားပေးတဲ့ 4ချက် ကို ရှောင်မယ်ဆို အဆီဖု ထွက်တာတွေ သက်သာ လာပါလိမ့်မယ်

#အဆီဖု

03/02/2023

Japan Pelican peach soap 🍑
🍑ဒါလေးကတော့ ဂျပန်မှာ Cosme Award No.1 ရထားတဲ့အပြင် မြန်မာပြည်မှာလဲလူသိများပြီး အရမ်းကြိုက်ကြတဲ့ Peach soap လေးပါ 🤗
🍑ဒီဆပ်ပြာလေးက မက်မွန်သီးနံ့သင်းသင်းလေးနဲ့ စိတ်လန်းဆန်းမှုဖြစ်စေတဲ့အပြင် အစိုဓါတ်ကိုလည်း ထိန်းထားပေးလို့ အသားအရည်ခြောက်ကပ်ကပ်လည်း ဖြစ်မနေပါဘူးနော် 😍
🍑Cell သေတွေကိုဖယ်ရှားပေးပြီး Cell အသစ်ဖြစ်ပေါ်စေတဲ့ Soap 🧼 လေးပါ
🍑ဒူး၊ ချိုင်း၊ တံတောင်ဆစ်၊‌ပေါင်ကြား၊ ခြေမျက်စိ၊ အသားအရည်မညီတဲ့နေရာတွေ၊ မဲနေတဲ့နေရာတွေအတွက် အသုံးပြုနိုင်ပါတယ်
🍑ဆပ်ပြာအသားကပျော့ပျော့လေးမို့ ရေခြောက်လွယ်တဲ့ဆပ်ပြာခွက်လေးတော့သုံးပေးသင့်ပါတယ်နော် 🧼
⚠️မျက်နှာနဲ့အသားနုတဲ့နေရာတွေကိုတော့ သုံးလို့မရပါဘူးနော် 🙅
အသုံးပြုပုံ- နေ့စဉ်ရေချိုးတဲ့အခါတိုင်း မဲပြီးအသားအရည်မညီတဲ့နေရာတွေကို ဆပ်ပြာတုံးလေးနဲ့စက်ဝိုင်းပုံ ၂ မိနစ် ၃ မိနစ်လောက်ပွတ်တိုက်ပေးပြီး ရေဆေးချပေးပါ။
Price- 13000 (80g)
Bossy မှပစ္စည်းအားလုံး
💯 Direct from Japan
💯 Authentic
💯 ဂျပန်ပစ္စည်းစစ်မှန်ကြောင်းအာမခံပါတယ် 🇯🇵
မှာယူချင်တယ်ဆိုရင်တော့ cb (သို့)
📞 09420158811
📞 09794949314 ကိုခုပဲမှာလိုက်ကြတော့နော်။ 🚗

Photos from Bossy's post 31/01/2023

Shiseido Aqua Label Balance Care Gel Cream (Red ♥️)
♥️ဒါလေးက‌တော့ skin care လုပ်ဖို့ အချိန်မပေးနိုင်တဲ့သူလေးတွေ၊ skincare steps အများကြီးမလုပ်ချင်တဲ့သူတွေ (မင်တို့လိုပေါ့ 😅) အတွက် Shiseido ကထုတ်တဲ့ All in one gel cream လေးပါ 😍
♥️Toner, Emulsion, Moisturizer, Essence, Mask (All in one) ပေါင်းစပ်ထားတဲ့အတွက် အချိန်လည်းသိပ်ပေးစရာမလိုပါဘူး 💁
♥️Gel type ဖြစ်တဲ့အတွက် အသားအရေထဲကိုစိမ့်၀င်ပြီးတော့ စေးကပ်မှုလည်းမရှိစေပါဘူးနော်၊ တစ်မျိုးထဲလိမ်းရုံနဲ့ အိုမင်းရင့်ရော်ခြင်း၊ အမဲစက်နှင့် အရေးအကြောင်းများကို ပျောက်ကင်းသက်သာစေပြီး အသားအရေကိုစိုပြေလှပစေပါတယ် 🥰
♥️ဒါ့အပြင် အသားအရေချောမွေ့စေခြင်း၊ အဆီထိန်းပေးပြီး ရေဓါတ်ဖြည့်ပေးခြင်း၊ ၀က်ခြံသက်သာစေခြင်း 😱 ဒီအကျိုးကျေးဇူးတွေသာမက collagen ပါ၀င်လို့ အသားအရေတင်းရင်းကာ အရေးအကြောင်းကင်းစင်၍ နုပျိုခြင်းစတဲ့ အကျိုးကျေးဇူးတွေကိုပါ ခံစားရစေမှာပါ 😘
♥️Day ရော Night ပါ အသုံးပြုနိုင်တဲ့ All in one လေးမို့ ခုပဲ 🏃🏃
Price- 35000 (90g)
Bossy မှပစ္စည်းအားလုံး
💯 Direct from Japan
💯 Authentic
💯 ဂျပန်ပစ္စည်းစစ်မှန်ကြောင်းအာမခံပါတယ် 🇯🇵
မှာယူချင်တယ်ဆိုရင်တော့ cb (သို့)
📞 09420158811
📞 09794949314 (viber) ကိုခုပဲမှာလိုက်ကြတော့နော်။ 🚗

24/01/2023

Japan နိုင်ငံရဲ့လူကြိုက်အများဆုံး၊ရောင်းအားအကောင်းဆုံး ပစ္စည်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ☺️
အဲ့ဒါလေးကတော့ Senka Perfect Whip Facial Wash လေးပါ ၊အခုဂျပန်နိုင်ငံမှာရော မြန်မာနိုင်ငံမှာပါရေပန်းစားနေတဲ့ မျက်နှာသစ်ဆေးလေးဖြစ်တဲ့အပြင် ယောကျာ်းလေးရော မိန်းကလေးပါသုံးလို့ရတဲ့မျက်နှာသစ်ဆေးလေးပါ 😇
Senka Perfect Whip Collagen (Pink)
ဒါလေးကတော့ Collagen serum 60% ပါ၀င်တာကြောင့် အသားအရည်ကိုတင်းရင်းစိုပြည်နေစေမှာပါ။ အရေးအကြောင်းတွေလည်းလျော့ပါးစေပါတယ်။ အသားအရည်ခြောက်ပြီးမညီညာတာတွေ ပြန်ညှိပေးတဲ့အပြင် အမဲစက်တွေကိုလည်းသက်သာစေတဲ့ မျက်နှာသစ်ဆေးလေးပါနော်။
Price- 14000 (120g)
Bossy မှပစ္စည်းအားလုံး
💯 Direct from Japan
💯 Authentic
💯 ဂျပန်ပစ္စည်းစစ်မှန်ကြောင်းအာမခံပါတယ် 🇯🇵
မှာယူချင်တယ်ဆိုရင်တော့ cb (သို့)
📞 09420158811
📞 09794949314 ကိုခုပဲမှာလိုက်ကြတော့နော်။
အရင်ဈေးလေးနဲ့ပဲရတုန်း မြန်မြန်လာ၀ယ်ထားကြနော်သဲလေးတို့ 😘

24/01/2023

အောက်ပါအချက်လေးတွေ လုပ်ဆောင်ပေးခြင်းအားဖြင့်လည်း ဝက်ခြံထွက်နှုန်းလျော့ချစေပါတယ်နော်။

💖
*) မျက်နှာကောင်းကောင်းသစ်ပါ

-* ဝက်ခြံမထွက်စေဖို့ နေ့တိုင်း မျက်နှာပေါ်က အညစ်အကြေး၊ အဆီနှင့် ချွေးများကို ဖယ်ရှားပေးဖို့က အရေးကြီးပါတယ်။ တစ်နေ့ကို နှစ်ကြိမ်ထက် ပိုပြီးသစ်ခြင်းကလည်း ဝက်ခြံကို ပိုဆိုးလာစေနိုင်ပါတယ်။
အယ်ကိုဟောမပါသည့် မျက်နှာသစ်ဆေးကို အသုံးပြုပါ။

💖
*) ကိုယ့်မျက်နှာအသားရေကို သိအောင်လုပ်ပါ

*- ဘယ်အသားရေမဆို ဝက်ခြံထွက်နိုင်ပါတယ်။ အဆီပြန်တဲ့အသားရေပိုင်ရှင်များက ဝက်ခြံအထွက်များဆုံးဖြစ်ပါတယ်။
ဝက်ခြံဖြစ်စေနိုင်တဲ့ နောက်ထပ် အသားရေပုံစံမျိုးက ပေါင်းစပ်အသားရေဖြစ်ပါတယ်။ ပေါင်းစပ်အသားရေက တစ်ချို့နေရာမှ အသားရေခြောက်သွေ့ပြီး နဖူး၊ နှာခေါင်းနဲ့ မေးစေ့တို့မှာ အဆီပြန်ပါတယ်။

💖
*) အသားရေကို အစိုဓာတ်ဖြည့်တင်းပါ

*-အစိုဓာတ်ဖြည့်ပေးခြင်းက အသားရေကိုခြောက်သွေ့မှုမရှိစေဘဲ စိုစိုအိအိလေးဖြစ်စေပါတယ်။ အသားရေအစိုဓာတ်ပြည့်ဝရင် ဝက်ခြံဖြစ်မှုလျော့နည်းစေပါတယ်။ ဂျယ်လ် Type လေးတွေအသုံးပြုပေးရင် ပိုကောင်းပါတယ်ရှင့်။

💖
*) ရေဓာတ်ဖြည့်တင်းပါ

*- ရေဓာတ်ခန်းခြောက်နေလျှင် ခန္ဓာကိုယ်က အဆီတွေ ပိုထုတ်လုပ်နိုင်စေဖို့ အဆီဂလင်းတွေကို အချက်ပြပါတယ်။ ရေဓာတ်ခန်းခြောက်ခြင်းက အသားအရေကို ခြောက်သွေ့စေပြီး အနီစက်တွေ ပိုများလာစေနိုင်ပါတယ်။ ခန္ဓာကိုယ်ရေဓာတ်ဖြည့်တင်းဖို့ နေ့စဉ် ရေ (၈) ခွက် သောက်သုံးပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးလျှင် ရေပိုသောက်ပေးပါ။

💖
*) နို့ထွက် ပစ္စည်း ၊ အငန် ၊ အစပ် ရှောင်ပေးပါ

*- အသင့်စားအစားအသောက်တွေက ဝက်ခြံထွက်စေပါတယ်။ အာလူးကြော်၊ ဂျုံနှင့်ဖုတ်ထားသည့် မုန့်များနှင့် အချိုရည်များက သကြားဓာတ်မြင့်မားစေပြီး အာဟာရဓာတ်ကို လျော့ကျသွားစေနိုင်ပါတယ်။ နို့ထွက်ပစ္စည်းတွေကို စားသုံးခြင်းကလည်း ဝက်ခြံထွက်စေနိုင်ပါတယ်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon