MADAM ALIZA Myanmar

MADAM ALIZA Myanmar

Share

အမျိုးသမီး တိုင်းရင်းဆေး

Photos from MADAM ALIZA Myanmar's post 01/08/2025

ဂျပန်မှာ Sushiတွေ Sashimiတွေစားတဲ့သူတွေမှာ သံရှိနိုင်ခြေအရမ်းများပါတယ်။
ပြီးခဲ့တဲ့ လထဲမှာ Kumamoto ပင်လယ်ဖက်ပိုင်း စာသွားသင်ရတော့ Sashimi ကောင်းလွန်းလို့နေ့စဥ်စားဖြစ်တာနဲ့ အသားတွေယားတာတို့ သံရှိတယ်လို့ခံစားရလို့ သံချဆေးအသဲအသန် လိုက်မေးနေတာ မှတ်မိကြလားဟင်
သံရှိရင်ကျန်းမာရေးတကယ်ထိခိုက်ပါတယ်။
ဗဟုသုတအဖြစ် ဖတ်လာရတာလေးကိုမျှဝေပေးလိုက်ပါတယ်။

#သန်ပြားကောင် (Tapeworm) ဟာ အစာအိမ်နဲ့ အူလမ်းကြောင်းထဲမှာ နေထိုင်ပြီး လူကိုရော တိရစ္ဆာန်တွေကိုပါ ကူးစက်နိုင်ပါတယ်။

သန်ပြားကောင်တွေဟာ စားသုံးလိုက်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူစားသုံးတာကြောင့် လူကို အာဟာရချို့တဲ့စေနိုင်ပါတယ်။

#ကူးစက်ပုံ
* အသားစိမ်း သို့မဟုတ် မကျက်တကျက်စားခြင်း
ဝက်သား၊ အမဲသား၊ ငါး စတဲ့အသားတွေကို မကျက်တကျက်စားမိတဲ့အခါ အသားထဲမှာပါဝင်တဲ့ သန်ပြားကောင်ရဲ့ဥတွေ၊ သို့မဟုတ် အရွယ်မရောက်သေးတဲ့ သန်ပြားကောင် (larvae) တွေဟာ လူ့ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားပါတယ်။

* သန့်ရှင်းမှုမရှိခြင်း
အိမ်သာအသုံးပြုပြီးနောက် ဒါမှမဟုတ် အစာမစားမီ လက်ကိုသေချာမဆေးကြောခြင်း၊ တုတ်ပြားကောင်ဥတွေနဲ့ ပိုးပါဝင်နိုင်တဲ့ ရေ သို့မဟုတ် ဟင်းသီးဟင်းရွက်တွေကို စားသုံးမိခြင်းတို့ကြောင့်လည်း ကူးစက်နိုင်ပါတယ်။

#လက္ခဏာများ
များသောအားဖြင့် သန်ပြားကောင်ရောဂါပိုးရှိတဲ့သူတွေမှာ သိသာတဲ့လက္ခဏာတွေ မပြတတ်ပါဘူး။ ဒါပေမဲ့ အချို့လူတွေမှာ အောက်ပါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
* ပျို့အန်ခြင်း
* ဝမ်းဗိုက်နာကျင်ခြင်း
* အစာစားချင်စိတ်မရှိခြင်း သို့မဟုတ် အစာပိုစားချင်လာခြင်း
* ခေါင်းကိုက်ခြင်း
* ဝမ်းလျှောခြင်း
* အကြောင်းမဲ့ ကိုယ်အလေးချိန်ကျခြင်း
* မစင်ထဲမှာ ဆန်စေ့ဖြူလေးတွေလိုမျိုး တုတ်ပြားကောင်ရဲ့အပိုင်းအစတွေကို တွေ့ရတတ်ပါတယ်။

#ကုသနည်း
သောက်ဆေးတစ်လုံးတည်းနဲ့ ကုသတဲ့ဆေးဝါးတွေကတော့ Praziquantel နဲ့ Niclosamide တို့ ဖြစ်ပါတယ်။

#ကာကွယ်ခြင်း
* အသားတွေကို သေချာကျက်အောင် ချက်ပြုတ်စားသုံးပါ။
* အစားအသောက်တွေကို ကိုင်တွယ်မစားခင်၊ အိမ်သာအသုံးပြုပြီးတဲ့အခါတိုင်း လက်ကို ဆပ်ပြာနဲ့သေချာဆေးကြောပါ။
* အသီးအရွက်တွေကို စားသုံး၊ ချက်ပြုတ်မပြုလုပ်မီ ရေစင်အောင် ဆေးကြောပါ။
* သန့်ရှင်းတဲ့ သောက်ရေသန့်ကိုသာ သောက်သုံးပါ။
* တိရစ္ဆာန်တွေရဲ့ မစင်တွေကို သန့်ရှင်းမှုရှိအောင် စနစ်တကျ စီမံခန့်ခွဲပါ။

#ဖြစ်ပွားမှုအခြေအနေ (Incidence)
မြန်မာ-ထိုင်း-ဗီယက်နန်မှာ တုတ်ပြားကောင်တွေအပါအဝင် အူလမ်းကြောင်းဆိုင်ရာ ကပ်ပါးပိုးတွေ ဖြစ်ပွားမှုနှုန်းက မြင့်မားတဲ့ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ အဖြစ်များပါတယ်။
#အခုလူနာကရှမ်းပြည်ကပါ၊၊
ဝက်သားချဉ်၊ငါးအသေးချဉ်၊ပုဇွန်ချဉ်၊အသားစိမ်းတွေအစားများပါတယ်

#နောက်ဆက်တွဲပြဿနာများ (Complications)
ပုံမှန်အားဖြင့်တော့ တုတ်ပြားကောင်ကူးစက်မှုဟာ အန္တရာယ်သိပ်မရှိဘဲ ဆေးဝါးနဲ့ ကုသနိုင်ပါတယ်။ ဒါပေမဲ့ အချို့ရှားပါးတဲ့ အခြေအနေတွေမှာတော့ ပိုမိုပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
* အူလမ်းကြောင်းပိတ်ဆို့ခြင်း
တုတ်ပြားကောင်တွေဟာ အရွယ်အစားကြီးထွားလာတဲ့အခါ အူလမ်းကြောင်းကို ပိတ်ဆို့နိုင်ပါတယ်။
* အာဟာရချို့တဲ့ခြင်း
တုတ်ပြားကောင်တွေက လူစားတဲ့အာဟာရတွေကို စုပ်ယူစားသောက်တာကြောင့် အချိန်ကြာလာရင် အာဟာရချို့တဲ့နိုင်ပါတယ်။ ငါးကနေ ကူးစက်တဲ့ တုတ်ပြားကောင်အမျိုးအစားဆိုရင် ဗီတာမင် B12 ကို စုပ်ယူနိုင်တာကြောင့် သွေးအားနည်းရောဂါ (Anemia) ဖြစ်စေနိုင်ပါတယ်။
* ဦးနှောက်သို့ ပျံ့နှံ့ကူးစက်ခြင်း (Cysticercosis)
အချို့သော သန်ပြားကောင်ဥတွေဟာ အူလမ်းကြောင်းကနေတစ်ဆင့် သွေးကြောထဲကို ရောက်ရှိပြီး ခန္ဓာကိုယ်အနှံ့အပြားကို ပြန့်သွားနိုင်ပါတယ်။ အဲဒီအခါ ဦးနှောက်၊ မျက်လုံး၊ အသည်း၊ အဆုတ် စတဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ အဖုအလုံး (cysts) တွေ ဖြစ်လာနိုင်ပါတယ်။ ဦးနှောက်ထဲမှာဖြစ်ပါက ဝက်ရူးပြန်ရောဂါ၊ ခေါင်းကိုက်ခြင်း၊ အမြင်အာရုံပြဿနာတွေနဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။
Prof Thein Myint-GI 1.8.2025
Photo and video credit to Prof Khin San Aye-GI

30/07/2025

လိုင်းပေါ်မှာ အခုရက်ပိုင်း ခွေးရူးပြန်ရောဂါခံစားနေရတဲ့ လူနာတွေကို တစ်ယောက်ပြီးတစ်ယောက် မြင်တွေ့လာလာနေရပါတယ်။

ကမ္ဘာပေါ်မှာ ခွေးရူးပြန်ရောဂါ ခံစားရရင် သေဆုံးဖို့က ရာနှုန်းပြည့်ပါ။
ခွေးရူးပြန်ရောဂါသမိုင်းမှာ အလွန့်အလွန်ရှားပါးစွာ တစ်ယောက်တည်းသာ အသက်ရှင်သန်ခဲ့ဖူးတယ်လို့တော့ သိရပါတယ်။

ခွေးရူးပြန်ရောဂါဖြစ်စေတဲ့ Rabies ခွေးရူးပြန်ပိုးဟာ ခွေး၊ ကြောင်၊ လင်းနို့တွေမှာ ရှိနေတတ်ကြပါတယ်။
သူတို့ကမှတဆင့် လူတွေကို ကူးစက်ခံကြရခြင်းဖြစ်ပါတယ်။
.....

ဒီရောဂါပိုးရဲ့ ရောဂါပျိုးချိန်တွေကို သိထားရင် ကိုယ့်ဆီကို ကူးစက်နိုင်ချေရှိန်ိုင် မရှိနိုင်ကို ကျနော်တို့ အကဲဖြတ်နိုင်ပါလိမ့်မယ်။

ခွေးရူးရောဂါပိုးဝင်ပြီး ခွေးနဲ့ ခွေးရူးရောဂါပိုးဝင်ခံရတဲ့ လူနဲ့ ရောဂါပျိုးရက် အနည်းငယ်ကွာခြားပါတယ်။

ခွေးတွေမှာရောဂါပိုးဝင်ပြီးရင် အနည်းဆုံး ဆယ်ရက်ကြာကနေ၊ အများဆုံး ခြောက်လအတွင်းရောဂါလက္ခဏာပြတတ်ပါတယ်။
ခွေးရူးပြီဆိုရင် လွန်ခဲ့တဲ့ ခြောက်လကတည်းက ဒီခွေးမှာ ခွေးရူးရောဂါပိုး စွဲကပ်နေနိုင်တယ်လို့ ကျနော်​တို့ တွေးဆစေချင်ပါတယ်။
ခွေးမှာ ခွေးရူးရောဂါလက္ခဏာတွေပြလာရင်တော့ ရက်ပိုင်းအတွင်း ခွေးဟာသေဆုံးပါတယ်။
ခွေးရူးရောဂါနဲ့ သေဆုံးသွားတဲ့ခွေး ခြောက်လအတွင်း ကိုက်ခံခဲ့ရတဲ့သူတိုင်း ခွေးရူးပြန်ရောဂါဖြစ်ပွားနိုင်ချေ အရမ်းများပါတယ်။

လေ့လာချက်များအရ ခွေးတွေမှာ ခွေးရူးရောဂါဝင်ရောက်တဲ့အခါ ရောဂါပျိုးရက်ဟာ ၆လထိရှိတာတော့ တော်တော်ကိုရှားပါးပါတယ်။
ခွေးရူးရောဂါဝင်ရောက်ပြီး ၁၀ရက်အတွင်း ရောဂါလက္ခဏာတွေပြလာကြတာများပါတယ်။
အဲဒါကြောင့် ခွေးကိုက်ခံရပြီး မိမိကို ကိုက်တဲ့ခွေးကို ၁၀ရက်အတွင်း သေသေချာချာစောင့်ကြည့်လို့ ခွေးဟာမရူးခဲ့လျင် ခွေးရူးရောဂါ ကူးစက်ခံရဖို့ လေးပုံတစ်ပုံလျော့နည်းသွားပြီလို့ မှတ်ယူလို့ရပါတယ်။
ခြောက်လအထိ ခွေးဟာမရူးခဲ့ဘူးဆိုရင်တော့ မိမိမှာ ခွေးရူးပြန်ရောဂါဖြစ်ပွားဖို့ အခွင့်အရေး တော်တော်ကိုနည်းသွားပါပြီ။

ကိုယ့်ကို ကိုက်လိုက်တဲ့ခွေးမှာ ခွေးရူးလက္ခဏာတွေရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ ထိုခွေးကို သတ်လိုက်ခြင်းဖြင့် ခွေးရူးရောဂါ ကိုယ့်ဆီမဝင်ရောက်နိုင်တော့ဘူးဆိုတာလည်း အယူအဆအမှားပါ။
ခွေးတွေမှာ ​ခွေးရူးရောဂါလက္ခဏာတွေမပြသေးပဲလည်းရောဂါပိုးရှိနေနိုင်သလို ၊ လက္ခဏာပြရင်လည်း ရောဂါပိုးသေချာ​ကိုရှိနေနိုင်တဲ့အတွက်၊ ကိုယ့်ကိုကိုက်ပြီးမှ ၊ ထိုခွေးကို သတ်လိုက်လည်း ထိုခွေးဆီမှခွေးရူးရောဂါပိုးက ကိုယ့်ကိုကူးစက်သွားပြီးတာက ကူးစက်သွားပြီးတာပါပဲ။

ထိုကြောင့် ခွေးရူးကိုက်ခံရသည်ဖြစ်စေ ၊ ခွေးကောင်းကိုက်ခံရသည်ဖြစ်စေ ကျနော်တို့ ခွေးရူးပြန်ကာကွယ်ဆေးထိုးကြဖို့လိုအပ်ပါတယ်။
ခွေးရူးပြန်ကာကွယ်ဆေးကို စနစ်တကျ အကြိမ်ပြည့်ထိုးနှံရင် ခွေးရူးပြန်ရောဂါဟာ ရာနှုန်းပြည့်ကို ကိုယ့်ဆီမှာမဖြစ်ပွားနိုင်တော့ပါဘူး။

ခွေးတွေမှာ ခွေးရူးတဲ့ လက္ခဏာတွေကတော့ ၊ ဒယိုးဒယိုင် လမ်းလျှောက်နေမယ်၊ သားရေတွေကျမယ်၊ အရမ်းရန်လိုမယ်၊ မြင်မြင်သမျှ ထိုးကိုက်မယ်၊ အမြှီးကုပ်မယ်၊ ထိန်းချုပ်မရနိုင်ပဲ ပတ်ပြေးနေမယ်။
ခွေးရူးမရူးက အရမ်းသိသာတဲ့အတွက် လူတိုင်းဟာ ဒီခွေးရူးမရူးဆိုတာကိုလည်း လွယ်လွယ်ကူကူသုံးသပ်နိုင်ကြပါတယ်။
.......

လူတွေမှာကြတော့ ခွေးနဲ့ ရောဂါပျိုးရက် အနည်းငယ်ခြားနားပါတယ်။
လူတွေမှာရောဂါပျိုးရက်ဟာ တစ်ပါတ်ကနေ ငါးနှစ်အထိကြာမြင့်တတ်ပါတယ်။
ငါးနှစ်အထိကတော့ တော်တော့်ကိုရှားပါတယ်။
ခွေးကိုက်ခံရပြီး တစ်ပတ်ကနေ တစ်နှစ်အတွင်း ရောဂါလက္ခဏာတွေပြလာကြတာများပါတယ်။
သုံးနှစ်ကြာမှပြတာလည်း ရှားပါးစွာတွေ့ရတတ်ပါတယ်။
......

ခွေးရူးပြန်ရောဂါပိုးဟာ လူတွေရဲ့ ဦးနှောက်ကို အဓိကတိုက်ခိုက်ပါတယ်။
လူတွေမှာ ပြတဲ့ ခွေးရူးပြန်ရောဂါလက္ခဏာတွေကတော့ ၊
ရေအရမ်း​ကြောက်တာ၊
လေအရမ်းကြောက်တာ၊
ရေမြိုရခက်တာ၊
လည်ပင်းအရမ်းနာတာ၊
ကြွက်သားတွေနာပြီး ကျုံ့လိုက်တင်းလိုက်ဖြစ်တာ၊
ဂနာမငြိမ်တာ၊
အသိစိတ်လွတ်တာ၊
သွေးရူးသွေးတမ်းဖြစ်တာတွေပါပဲ။
.....

ခွေးရူးပြန်ရောဂါဝေဒနာဟာ အရမ်းအရမ်းကို နာကျင်ရတဲ့ ဝေဒနာတွေ စုပြုံခံစားရတဲ့ ရောဂါတစ်မျိုးပါ။
အရမ်းကို နာကျင်ခံစားရပြီးမှ ထွက်ခွာသွားကြရတဲ့ရောဂါပါ။
လက္ခဏာတွေပြပြီဆိုရင်လည်း ရက်ပိုင်းအတွင်းမှာကို ထွက်ခွာသွားကြရပါတယ်။
.....

ခွေးကိုက်ခံရပြီးရင် ၂၄နာရီအတွင်း ခွေးရူးပြန်ကာကွယ်ဆေးထိုးတာက အထိရောက်ဆုံးဖြစ်ပါတယ်။
အကြောင်းကြောင်းကြောင့် ၂၄နာရီကျော်သွားရင်လည်း ခွေးရူးပြန်ကာကွယ်ဆေးကို ထိုးကြရမှာပါ။
ခွေးရူးပြန်ကာကွယ်ဆေးဟာ တစ်ကြိမ်တည်းထိုးဖို့လည်း မလုံလောက်ပါဘူး။
သူ့ကာကွယ်​ဆေးသဘောတရားအရ လေးကြိမ်မှ ငါးကြိမ်ထိ ထိုးကြရပါတယ်။
အကြိမ်ရေပြည့် သေသေချာချာ စနစ်တကျထိုးနှံသွားရင် ခွေးရူးပြန်ရောဂါကို ရာနှုန်းပြည့်ကာကွယ်နိုင်ပါတယ်။
ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို အကြိမ်ရေပြည့်ထိုးနှံပြီးရင်လည်း တစ်နှစ်ကြာလို့ ခွေးထပ်ကိုက်ခံရရင်၊ အစအဆုံးပြန်ထိုးကြရမှာ ဖြစ်ပါတယ်။
ရက်အလိုက်ခွေးရူးပြန်ကာကွယ်ဆေးထိုးလို့ ရက်ကျော်သွားရင်လည်း အစကနေပြန်ထိုးကြရမှာပါ။
.....

ခွေးကိုက်ခံရရင် ခွေးကိုက်ဒဏ်ရာကို ရေနဲ့သေချာဆေးကြောပါ။
ဆပ်ပြာနဲ့ အချိန်ကြာကြာဆေးပါ။
ခွေးကိုက်ဒဏ်ရာ အနည်းအများ အတိမ်အနက်ပေါ်မူတည်ပြီး ကာကွယ်ဆေးထိုးရခြင်း နည်းလမ်းတွေလည်း ကွဲပြားနိုင်ပါတယ်။
ဒဏ်ရာကြီးပြီး ဒဏ်ရာများရင် ​ဆေးရုံတွေမှာ Immunoglobulin ဆိုတဲ့ ကာကွယ်​ဆေးလည်း ထိုးကြရမှာပါ။
.........

ကျနော်တို့ရွာဘက်မှာ ခွေးရူးပြန်ရောဂါဖြစ်ဖို့ တည်းတည်းလေးပဲလိုတဲ့ မှတ်မှတ်ရရ လူနာလင်မယားနှစ်ယောက်နဲ့ ကျနော်ကြုံဖူးပါတယ်။

ခွေးရူးက သူတို့အိမ်ကနွားပေါက်လေးကို ဝင်ကိုက်တာပါ။
သူတို့ကလည်း နွားလေးကို အရမ်းချစ်တော့ နွားလေးမှာ ခွေးရူးရောဂါ ကူးစက််နိုင်တာကို မမှုပဲ နွားလေးကို ဆက်လက်မွေးဖွားထားခဲ့ပါတယ်။
ခွေးရူးကိုက်ပြီး ဆယ်ရက်အကြာမှာ နွားလေးဟာ ခွေးရူးပြန်လက္ခဏာတွေခံစားလာရပါတယ်။
ယောက်ျားဖြစ်သူဟာ နွားလေးရဲ့ပါးစပ်ထဲက ကြပ်နေတဲ့ ချွဲတွေကို လက်နဲ့နှိုက်ထုတ်ပါတယ်။
မိန်းမကလည်း ကူပါတယ်။
နွားလေးထွက်ခွာသွားတော့ သူတို့ နွားလေးကို မြေမြုပ်လိုက်ကြပါတယ်။
နွားလေးဆုံးပါးပြီး နှစ်ရက်အကြာ လင်မယားနှစ်ယောက် ကျနော့်ဆေးခန်းရောက်လာကြပါတယ်။
စကားစပ်မိရင်း အပေါ်ကအကြောင်းတွေကို ကျနော်တို့ပြောဖြစ်ကြပါတယ်။
သူတို့လင်မယားက "နွားလေးကို သနားလိုက်တာ"လို့ ပဲတတွတ်တွတ်​ ပြောနေပေမယ့်၊ ကျနော့်အတွေးမှာတော့ ဒီလင်မယားနှစ်ယောက် ခွေးရူးပြန်ရောဂါ ကူးစက်ခံနေရလောက်ပြီလို့ တွက်ဆနေခဲ့ပါပြီ။

ခွေးရူးပြန်ရောဂါကာကွယ်ဆေး လင်မယားနှစ်ယောက်လုံးထိုးသင့်ကြောင်း ကျနော်ပြောပါတော့တယ်။
သူတို့လက်မခံပါဘူး။
သူတို့ လက်မခံမခြင်းလည်း ကျနော်သူတို့လင်မယားနှစ်ယောက်လုံးကို ဆေးခန်းကပြန်မလွှတ်ပါဘူး။
လင်မယားနှစ်ယောက်လုံးနဲ့ကျနော်ကလည်း ရင်းနှီးတာကြာပြီဖြစ်တဲ့ ဆက်ဆံရေးလည်းရှိပါတယ်။

နောက်ဆုံးမှာတော့ ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့ သူတို့လက်ခံခဲ့ပါတယ်။
သူတို့နှစ်ယောက်လုံးကို ကျနော်ကယ်ဆယ်ပေးလိုက်နိုင်ခဲ့ပါတယ်။

ခွေးရူးပြန်ရောဂါဟာ ခွေးရူးပြန်တဲ့သတ္တဝါရဲ့ ချွဲတွေ သလိပ်တွေနဲ့ သူ့ခန္ဓာကိုယ်ကထွက်တဲ့အရည်တွေမှာလည်း နေနိုင်ပါတယ်။
ရောဂါပိုးရှိတဲ့သူနဲ့ထိတွေ့ပြီးရင်လည်း ထိတွေ့မိသူတွေဟာ ခွေးရူးပြန်ရောဂါကာကွယ်ဆေးကို ထိုးကြရမှာပါ။
.....

ခွေးမကိုက်အောင်နေခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ကြပါ။
ကိုက်ခံရရလည်း ကာကွယ်ဆေးထိုးကြပါလို့ခင်ဗျာ။

Crd ....Thet Pan

30/07/2025

ဝါတွင်းကုသိုလ်🙏🙏🙏

29/07/2025

Normal Delivery သင်တန်းပေး
မိခင်တစ်ယောက်အဖြစ်ခံယူဖို့
( ကလေးတစ်ယောက်လူ့လောကထဲခေါ်ဆောင်လာဖို့) ဆိုတာ အင်မတန်ခက်ခဲပါတယ်
သားသမီးတိုင်းမိဘကျေးဇူးဆပ်နိုင်ကြပါစေ

26/07/2025

ကိုကို တိုက်တဲ့ အချစ်ဆေးလုံးလေး နဲ့
Ecee 2 အန္တရာယ်

"ကောင်လေးနဲ့အတူနေမိသွားတယ်
ကွန်ဒုံးတော့မသုံးမိဘူး ကောင်လေးက
ဆေးတော့ တိုက်ထားတယ် ကိုယ်ဝန်ရနိုင်လား'' ဆိုတဲ့မေးခွန်းမျိုးတွေမကြာခဏတွေ့ရတော့
နေက မတွေ့ကြုံမရှိသေးတဲ့ နေ့အမျိုးသမီးလေးတွေကို ကောင်လေးကဘာဆေးတိုက်တယ်ဆိုတာနဲ့
အဲ့ဆေးအကြောင်းကို နားလည်လွယ်အောင်
ပြောပြမယ်နော် (မသုံးစေချင်တဲ့ရည်ရွယ်ချက်နဲ့
ရေးထားတာမို့လို့ သုံးနည်းဆေးညွှန်းကိုတော့
ထည့်ရေးမှာမဟုတ်ပါ)

အတူနေပြီးတဲ့အချိန်မှာ အရေးပေါ်သန္ဓေတားဆေး
(Emergency Contraceptive Pill) ကို
ကောင်လေးတွေတိုက်လေ့ရှိတယ်
သူကို Ecee 2 နဲ့ Lydia 1 safe pill ဆိုပြီး
အသိများတယ် ဆေးနှစ်လုံးပါတာရှိတယ်
ဆေးတစ်လုံးတည်းပါတာရှိတယ်
ဆေးကတော့ပုစိလေးတွေပေမယ့်
ဘေးထွက်ဆိုးကျိုးကတော့ အကြီးကြီးပါဘဲနော်
(အောက်မှာဆက်ဖတ်ပေးပါ)

ဒီဆေးတွေက အရေးပေါ် သန္ဓေတားဆေးမို့
အရေးပေါ်အခြေနေတွေမှာဘဲသုံးသင့်ပါတယ်
အထူးသဖြင့် အလိုမတူဘဲ
အဓမ္မကျင့်ခံရတဲ့အခါမျိုးမှာ ကိုယ်ဝန်မရအောင်ပေါ့
နောက် အကာကွယ်(ကွန်ဒုံး)သုံး ဆက်ဆံရဲ့သားနဲ့
ကွန်ဒုံးပေါက်သွားတာပြဲသွားတာမျိုး အဲ့လို
မလွဲသာမရှောင်သာဖြစ်တဲ့အခြေနေတွေမှာမှသာ ကိုယ်ဝန်မရအောင် သုံးဖို့သင့်​​လျော်ပါတယ်

ဆေးထဲမှာက Progestin ဟော်မုန်းဓာတ်ပါတယ်
တချို့ဆေးတွေမှာဆို Estrogen ပါ ပါတယ်
သူတို့ကတော့ မဟော်မုန်းတွေပေါ့
ဆေးထဲကအဲ့မဟော်မုန်းတွေက
မမျိုးဥ ကြွေတာနှေးစေတာမျိုးနဲ့
သုတ်ပိုးနဲ့ မမျိုးဥ မတွေ့အောင် အကျိချွဲပြစ်စေပြီး
သုတ်ပိုးမဝင်နိုင်အောင်တားဆီးပေးတယ်
အဲ့လိုနဲ့ကိုယ်ဝန်မရအောင် ကာကွယ်ပေးတယ်
(မျိုးဥမကြွေမလာသေးဘူးဆိုရင်တောင်
ကိုသုတ်ပိုးက သားအိမ်ထဲမှာ ငါးရက်လောက်ထိ
မသေဘဲ မမျိုးဥကိုစောင့်နေနိုင်တယ်
အကယ်၍ သူအသက်ရှင်နေတဲ့ရက်အတွင်းမှာ
မမျိုးဥနဲ့တွေ့ရင် ပွဲပြီးပြီ Congratulations ပါ
ကိုယ်ဝန်ရပါပြီရှင် စတာပါ
ဒါကကိုယ်ဝန်ဖြစ်လာတဲ့ပုံစံပေါ့
အဲ့တော့ကွာ အပေါ်ကပြောတဲ့ဟော်မုန်းဓာတ်တွေက
ကိုသုတ်ပိုးနဲ့မမျိုးဥမတွေ့နိုင်အောင်
အချိန်တွေဆွဲထားပေးတယ် အဲ့လိုနဲ့
မမျိုးဥကိုစောင့်ရင်း ကိုသုတ်ပိုးကသေသွားတော့ အကောင်လေးလည်းဖြစ်မလာနိူင်တော့ဘူး)
ဒါလေးများဆိုပြီးသောက်ချင်မသွားနဲ့ဦး လာမယ် 😬

အဲ့ဆေးတွေမှာ ဟော်မုန်းဓာတ်ပါတာကြောင့်
ခန္ဓာကိုယ်ရဲ့ဖြစ်စဥ်တွေကို
ကမောက်ကမဖြစ်စေတယ် ပျို့အန်၊ ခေါင်းကိုက်၊
ခေါင်းမူး ၊ ကိုယ်လိုက်မအီမသာဖြစ်တာ၊
သောက်ပြီးတဲ့ရက်ပိုင်းအတွင်းမှာ
ရာသီလာတာမျိုးတွေ၊ ရာသီနည်းသွားတာ၊
ပုံမှန်ထက်သွေးပိုဆင်းတာ၊ ရင်သားတင်းတာနာတာ
ဒါတွေက သောက်ပြီးရင်ဖြစ်နိုင်တာတွေပဲရှိပါသေးတယ်

အခေါက်ပေါင်းများလာရင် ဆေးယဥ်ပါးလာမယ်
အဲ့ကျ သန္ဓေတားနိုင်တဲ့ ရာခိုင်နှုန်းတွေ
လျော့လာပါမယ် ခန္ဓာကိုယ်ထဲ ဟော်မုန်းထုတ်လုပ်မှု ကမောက်ကမတွေဖြစ်ပြီး
ရာသီပုံမှန်မလာတော့တာတွေ၊ ရာသီလာတာများတာ၊ နည်းတာတွေ၊ သားအိမ်မှာရေအိပ်တည်တာ၊
သန္ဓေနေရာမှားတည်တာ မျိုးတွေအပြင် နောက်ဆုံး
သားအိမ်နံရံတွေ ပျက်စီးပြီး
သားအိမ်ထုတ်ပစ်လိုက်ရတဲ့အထိပါဖြစ်နိုင်ပါတယ်

အမျိုးသမီးတွေအနေနဲ့
ကောင်လေးက တိုက်တိုင်းမသောက်ပါနဲ့
ကိုယ်တိုင်သိထားပြီး ပြောပြပါ မျှဝေပါ
အမျိုးသားတွေအတွက် မျိုးပွားအင်္ဂါက
တန်ဖိုးထားစရာတစ်ခုဖြစ်သလို
အမျိုးသမီးတွေအတွက် သားအိမ်ဆိုတာဟာ
တန်ဖိုးရှိတဲ့ အစိတ်ပိုင်းတစ်ခုပါဘဲ
ကျမတို့က သားဥအိမ်ကြောင့်သာ
လူသားမျိုးဆက်တစ်ခုကို ဖြစ်ထွန်းစေနိုင်တာပါ
ဒါကြောင့် ကိုယ့်တိုင်တန်ဖိုးထားပါ

အမျိုးသားတွေအနေနဲ့လည်း
ဒီလောက်ဆိုးကျိုးများတဲ့ ဆေးကို ကိုယ့်ချစ်သူ
ရည်းစားအမျိုးသမီးတွေကို မတိုက်ကြပါနဲ့ ကိုယ်ချင်းစာတရားလေးနဲ့ လူသားဆန်ကြပါနော်
ဆယ့်ငါးမိနစ် နာရီဝက်လောက်ပျော်စရာလေးကို
ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုလုံးနဲ့လဲဖို့​​မတန်ပါဘူး
အလွှာပါးတာ ကမ္ဘာမခြားပါ ကွန်ဒုံးကိုသာအားထားပါ

စာကြွင်း: အီးဇီးတူး တိုက်တဲ့ကောင်ဆို ရှောင်
အိုတောင် စိတ်မဆင်းရဲ 😇

Photo from google

Photos from MADAM ALIZA Myanmar's post 26/07/2025
24/07/2025

#ဆီးချိုမဖြစ်အောင် နေထိုင်စားသောက်နည်း

#အသက်ကြီးမှ ဖြစ်တဲ့ဆီးချိုဟာ အမျိုးစား (၂) ဆီးချိုပါ။ ဆီးချိုမျိုးရိုး၊ အစားအသောက်နဲ့အနေအထိုင်ကြောင့် အမျိုးစား (၂) ဆီးချိုဖြစ်ပါတယ်။

🍀ဆီးချိုဟာ နောက်ဆက်တွဲပြဿနာ အင်မတန်မှကိုများပါတယ်။ ကျနော်အကြောက်ဆုံးနဲ့ မဖြစ်ချင်ဆုံးရောဂါတစ်ခုပါ။

🍀ဆီးချိုမျိုးရိုးရှိခြင်းက ဆီးချိုဖြစ်ဖို့အတွက် အလေးသာစေတယ်ဆိုပေမယ့် ကျန်းမာတဲ့ စားသောက်နေထိုင်မှုကို မွေးမြူနိုင်ရင် ဆီးချိုမဖြစ်အောင် ကာကွယ်လို့ရပါတယ်။

၁။ ကိုယ်အလေးချိန် - ဆီးချိုဖြစ်နေသူအများစုဟာ ကိုယ်အလေးချိန်လည်း များသူတွေဖြစ်နေကြတယ်။ အထူးသဖြင့် ဗိုက်ဝန်းကျင်မှာ အဆီစုပုံမှုများလာရင် ဆီးချိုဖြစ်နိုင်ခြေမြင့်တယ်။ ဒါကြောင့် ဝမလာအောင် ဂရုစိုက်ရမယ်။

🍀နေ့စဉ် ကိုယ်အလေးချိန် ချိန်ကြည့်ပြီး ကိုယ့်ခန္ဓာကိုယ်အနေအထားကို သတိပြုမိအောင်လုပ်ပါ။ ကိုယ်ဝလာတယ်ဆိုတာကို သတိထားပြီး ဆင်ခြင်မှ အချိန်မီထိန်းနိုင်မယ်။ ခန္ဓာကိုယ်ကို ပစ်ထားလိုက်လို့ အလေးချိန်တစ်ခုထိ ရောက်သွားရင်တော့ ထိန်းရတာ ပိုခက်ခဲလာလိမ့်မယ်။

၂။ စားသောက်မှုပုံစံ - အချိုလျှော့ပါ။ သကြားရိုးရိုးကိုတင်ပြောတာမဟုတ်ဘဲ ချိုတဲ့အစားအသောက်တွေ အကုန်လုံးကို လျှော့စားပါ။ အဆီလျှော့ပါ။ ထမင်းလျှော့ပါ။ အမျှင်ဓာတ်ပါတဲ့ အသီးအနှံဟင်းသီးဟင်းရွက်တွေပိုစားပါ။ အသားစားပါ။ ပန်းကန်ကို သုံးပုံပုံ၊ တစ်ပုံကိုထမင်း၊ တစ်ပုံကိုဟင်းသီးဟင်းရွက်နဲ့ ကျန်တစ်ပုံကို အသားစားပါ။ သရေစာစားမယ်ဆိုရင် သကြားပါဝင်မှုနည်းပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ပိုရွေးချယ်ပါ။ ဘာစားစား ကယ်လိုရီကြည့်စားပါ။ ကိုယ့်အတွက်စားဖို့တန်မတန်ကို အမြဲသတိထားဆင်ခြင်ကြည့်ပါ။

၃။ နေထိုင်မှုပုံစံ - တစ်ပတ်ကို ပျမ်းမျှ မိနစ် ၁၄၀ လောက် လှုပ်ရှားမှု လုပ်ပေးပါ။ တစ်ရက်ကို မိနစ် ၂၀ စာလောက် ခပ်ဖြည်းဖြည်းပြေးတာ၊ စက်ဘီးနင်းတာ၊ လမ်းမြန်မြန်လျှောက်တာ စသဖြင့်ပေါ့။ တနေကုန်လည်း လှုပ်ရှားမှုရှိနေအောင် သတိထားပါ။ ဓာတ်လှေခါးသုံးမယ့်အစား လှေခါးရိုးရိုးသုံးတာ၊ ကားကိုဝေးဝေးမှာရပ်တာ၊ ဖုန်းပြောရင် လမ်းလျှောက်ရင်းပြောတာ စသဖြင့် တစ်ခုခုလုပ်နေရင်း လှုပ်ရှားမှုရှိနေအောင် ကြိုးစားကြည့်ပါ။ အဲဒါဆို အကျင့်ဖြစ်လာလိမ့်မယ်။

၄။ စိတ်ဖိစီးမှု - စိတ်ဖိစီးမှုဟာ ရောဂါတော်တော်များများရဲ့ အကြောင်းခံ ဖြစ်နေတတ်တယ်။ ညဘက်အိပ်မပျော်တာ၊ စိတ်လှုပ်ရှားမှုကို ထိန်းမရတာ၊ အာရုံစူးစိုက်ရခက်ခဲတာ၊ အမြဲပင်ပန်းသလိုဖြစ်နေတာ၊ စိတ်တိုစိတ်ဆတ်လွယ်လာတာ စသဖြင့် ဒါတွေအကုန်လုံးက စိတ်ဖိစီးမှုများနေတယ်ဆိုတာကိုပြပါတယ်။ စိတ်ဖိစီးရင် ခန္ဓာကိုယ်က ဟော်မုန်းတွေထုတ်တယ်။ အဲဒီဟော်မုန်းတွေက ရေရှည်မှာဆိုးကျိုးဖြစ်စေတယ်။ ခန္ဓာကိုယ်အပေါ် အဆိုးသက်ရောက်မှုတွေရှိတယ်။ စိတ်ဖိစီးမှုကိုလည်း တတ်နိုင်သလောက် လျှော့ရမယ်။

ကျနော်က ဆီးချိုမျိုးရိုးဖြစ်နိုင်ခြေ အင်မတန်မြင့်တယ်။ ဆီးချိုကာကွယ်နိုင်ဖို့ ကျနော် ကြိုးစားနေတဲ့ စားသောက်နေထိုင်မှုပုံစံအကြောင်း သတ်သတ် ထပ်တင်ပေးထားပါမယ်။
#ကျန်းမာ​ရေးဗုသုတရကြပါ​စေ


Crd....

Dr. Thurein Hlaing Win

22/07/2025

မေတ္တာသုတ်စေတီတည်ချင်သူများအတွက်ကုသိုလ်ဒါနပြုပါသည်။ ရက်ပေါင်း ၁၀၈ရက် အဓိဌာန် 🙏🏼

21/07/2025

Madamaliza နဲ့ free trip တွေသွားကြမယ်🥰🥰

Madamaliza

21/07/2025

Beauty& Health

ပတ်ဝန်းကျင်မှာတွင် အလွယ်တကူရနိုင်တဲ့ ဟင်းသီးဟင်းရွက်များကို စားသုံးခြင်းအားဖြင့် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများကို ဝေမျှပေးပါရစေ။

အစားသောက်များကို ချင့်ချိန်စားသုံးခြင်းအားဖြင့် ရောဂါကင်းရှင်း၍ ကျန်းမာရွှင်လန်းစွာနေထိုင်ကြပါစို့။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon
334562