Hla22

Hla22

Share

ဟင်းချက်နည်းများcopyယူတင်ပေးထားပါသည်

21/01/2025

- ထောပတ်ကြက်ဥ ဘိန်းမုန့်ပူပူမွှေးမွှေးလေး လုပ်နည်း -
( အချပ် အကြီး ၃ ချပ်စာ)

ဘိန်းမုန့်လုပ်နည်း မေးထားတဲ့သူတွေအတွက် အရသာရှိရှိနဲ့
အိမ်မှာ ချက်ချင်းလုပ်စားလို့ရတဲ့နည်းပါ ။

ဘိန်းမုန့်ကို ဆန်နဲ့ ဂျုံနဲ့ ၂ မျိုး ရှိတဲ့အထဲက အိစံက ဆန်မှုန့်နဲ့လုပ်တဲ့ဘိန်းမုန့်ကိုပြုလုပ်ထားတာပါ။ ဘိန်းမုန့်ကို yeast နဲ့လုပ်တာ အချိန်ကြာတာမို့ yeast နဲ့မဟုတ်ပဲ စားဆော်ဒါနဲ့ ရှာလကာရည်ကို အသုံးပြုပြီး ဆန်ကိုအချဉ်ဖောက်ထားတာပါ။ ရှာလကာရည်နဲ့အချဉ်ဖောက်တဲ့နည်းကို တော့ နိုင်ငံခြားမုန့်တွေလုပ်တဲ့နည်းကရခဲ့တာပါ။ ချက်ချင်းလဲ လုပ်စားလို့ရပြီး ထောပတ်အနံ့လေးမွှေးမွှေးလေးနဲ့မို့အချိန်ကုန်သက်သာပြီး အရမ်းစားလို့ကောင်းတဲ့နည်းပါ။ လုပ်နည်းကလဲ အရမ်းလွယ်ကူပါတယ်လုပ်စားကြည့်နော်။

- ပါ၀င်သောပစ္စည်းများ -

၁။ ဆန်မှုန့်- ၁ ခွက်
၂။ ကွကျဥ - ၁ လုံး
၃။ ထောပတ် - ထမင်းစားဇွန်း ၃ ဇွန်း
၄။ ညောင်စေးကျအောင်ကျိုထားသော ထန်းလျက်ရည်
ထမင်းစားဇွန်း ၄ ဇွန်း
၅။ ခပ်နွေးနွေးရေ - ထမင်းစားဇွန်း ၈ ဇွန်း (သို့) ခွက်တစ်၀က် (အိစံကရေနွေးဓါတ်ဗူးထဲက ရေကို အပြင်မှာ ၃ မိနစ်လောက်ထားပြီး လက်နဲ့စမ်းကြည့်လို့လက်ကအပူခံနိုင်တဲ့အနေအထားရေနွေးကိုထည့်ပါတယ်။)
၆။ ရှာလကာရည် - ထမင်းစားဇွန်း ၂ ဇွန်း
၇။ ဆော်ဒါ (baking soda) - လက်ဖက်ရည်ဇွန်း တစ်၀က်
၈။ ပါးပါးလှီးထားသော အုံးသီးဖတ် - အနည်းငယ်
၉။ အခွံချွတ်ထားသော မြေပဲလှော် - အနည်းငယ်
၁၀။ ဘိန်းစေ့ - အနည်းငယ်
၁၁။ ဆား - အနည်းငယ်

( ၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

- ပြုလုပ်နည်း -

၁။ ကြက်ဥကို ခလောက်ထားပါ။ ဆန်မှုန့်၊ဆား နှင့် ဆော်ဒါ မှုန့်တို့ကို ဇလုံတခုထဲထည့်၍ သမအောင်လုပ်ပါ။

၂။ ဆန်မှုန့်ထဲကို ရှာလကာရည်ထည့်၍ သမအောင်နယ်ပါ။ (ရှာလကာရည်ကို အနှံ့ဆမ်း၍ ထည့်ပါ။ မုန့်အချဉ်ပေါက်ရာမှာ အလွန်အသုံး၀င်ပါတယ်။)

၃။ ပြီးလျှင် ခပ်နွေးနွေးရေကို ထည့်၍ သမအောင်လုပ်ပါ။ ခလောက်စရာမလိုပါ။ (မုန့်သားများ အချဉ်ပေါက်လာတဲ့ အမြှုပ်ကလေးများဖြစ်လာပါလိမ့်မည်။)

၄။ နောက်ဆုံးမှ ခလောက်ထားသော ကြက်ဥနှင့် ထန်းလျက်ရည်တို့ကိုထည့်၍ သမအောင်လုပ်ပါ။ ဒါဆို မုန့်အနှစ်ရပါပြီး။

၅။ မကပ်တဲ့ ဒယ်အိုး အသေးဆုံးကို အသုံးပြုပါ။ ဒယ်အိုးထဲကို ထောပတ် ထမင်းစားဇွန်း ၁ ဇွန်း ထည့်၍ ထောပတ်ပူလာလျှင် မုန့်အနှစ်ကို ယောက်ချိုဇွန်း ဖြင့် ၁ ဇွန်း ခပ်၍ ထည့်ပါ။ မီးကို အေးအေးထား၍ မုန့်ပြုလုပ်ပါ။ မုန့်အနှစ်အပေါ်ကို ဘိန်းစေ့ အရင်ဖြူး ၊ ပြီးလျှင် မြေပဲနှင့် အုံးသီးဖတ်ကို ဖြူး၍ မုန့်အလည်မှာအပေါက်ကလေးတွေတော်တော်များများဖြစ်လာမှ အဖုံးကို ခန အုပ်ပါ။

၆။ ဘေးသားများ ကြွပ်လာပြီး အောက်ဖက် မုန့်သား ကျက်လာလျှင် နောက်တဖက်ကိုလှန်၍ ၁ မိနစ်ခန့်ထားပါ။

၇။ ထောပတ်အနံ့မွှေးမွှေးနဲ့အလွန်စားလို့ကောင်းတဲ့ဘိန်းမုန့်ပူပူလေးကို သုံးဆောင်နိုင်ပါပြီး။

အိစံ

21/01/2025

မုန့်သိုင်းခြုံလုပ်နည်း
💟💟💟💟💟💟
နုညံ့အိစက်နေပြီး အရသာရှိလွန်ပြီး
အိမ်မှာ အလွယ်တကူလုပ်စားလို့ရတဲ့ မုန့်လေးပါရှင့်
ပါဝင်ပစ္စည်းများ (တစ်နည်း) (၁)
ကြက်ဥ (သို့) ဘဲဥ ၃ လုံး
ဆား နည်းနည်း
ဂျုံမှုန့် ၁၃ဝ ဂရမ်
ရေ ၆ဝ ဂရမ်
ဆိုဒါ နည်းနည်း
အုန်းသီးခြစ်ပြီးသား
သကြား
နောက်တစ်နည်း (၂)
ကောက်ညှင်းမှုန့် ၁၂ဝ ဂရမ်
ဆန်မှုန့် ၃ဝ ဂရမ်
ဘဲဥ ၃ လုံး
ရေ ၆ဝ ဂရမ်
ဆား နည်းနည်း
ဆိုဒါ
အုန်းသီးခြစ်ပြီးသား
သကြား
ပြုလုပ်နည်း.
၁။ ပထမ (၁)နည်းက အသုံးပြုမယ်ဆိုရင် ကြက်ဥ၊ ဆား၊ ဂျုံမှုန့်၊ ရေ၊ ဆိုဒါ တို့ကို
ရောမွှေပေးပါ။ အရမ်းပျစ်နေရင် ရေနည်းနည်းထပ်ထည့်ထားပြီး မိနစ်အနည်းငယ် ကြာရင်
ဒယ်အပြားကို ဆီသုတ်ခါ မုန့်ပါးပါးထည့်ပြီး အလယ်မှာ အိုးယိုထည့်ပြီး ခေါက်ပြီး ရင် ရပါပြီ။
၂။ ဒုတိယ (၂)နည်းက
ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ဆား၊ ဘဲဥ၊ ရေ၊ ဆိုဒါထည့် ရေကိုလည်း မပျစ်မကြဲ လိုသလို ထပ်ချိန်ထည့်ပေးပါ။ ဒယ်ပေါ်ဆီသုတ်ကြော်က အုန်းယို ထည့်ပြီး ခေါက်က စားလို့ရပါပြီ။
မှတ်ချက်။ မုန့်သိုင်းခြုံဟာ ဆဋ္ဌဂံလိုပုံမျိုး ခေါက်မှ လှပါတယ်။ အိမ်မှာလုပ်စား ရင်တော့
ကြိုက်နှစ်သက်သလို ခေါက်ပါ။
အုန်းယိုလုပ်တာကတော့ . . .
၃။ အုန်းသီးအဖတ်လေးတွေကို သကြားအချိုကို လိုသလောက်ထည့်ပြီး
အပူပေး ပြီး သကြားပွင့်ပျောက် သည်အထိ လှော်ထားတာကို ပြောတာပါ။
Credit:
ပါဝင်ပစ္စည်းများ (တစ်နည်း) (၁)
ကြက်ဥ (သို့) ဘဲဥ ၃ လုံး
ဆား နည်းနည်း
ဂျုံမှုန့် ၁၃ဝ ဂရမ်
ရေ ၆ဝ ဂရမ်
ဆိုဒါ နည်းနည်း
အုန်းသီးခြစ်ပြီးသား
သကြား
နောက်တစ်နည်း (၂)
ကောက်ညှင်းမှုန့် ၁၂ဝ ဂရမ်
ဆန်မှုန့် ၃ဝ ဂရမ်
ဘဲဥ ၃ လုံး
ရေ ၆ဝ ဂရမ်
ဆား နည်းနည်း
ဆိုဒါ
အုန်းသီးခြစ်ပြီးသား
သကြား
ပြုလုပ်နည်း.
၁။ ပထမ (၁)နည်းက အသုံးပြုမယ်ဆိုရင် ကြက်ဥ၊ ဆား၊ ဂျုံမှုန့်၊ ရေ၊ ဆိုဒါ တို့ကို
ရောမွှေပေးပါ။ အရမ်းပျစ်နေရင် ရေနည်းနည်းထပ်ထည့်ထားပြီး မိနစ်အနည်းငယ် ကြာရင်
ဒယ်အပြားကို ဆီသုတ်ခါ မုန့်ပါးပါးထည့်ပြီး အလယ်မှာ အိုးယိုထည့်ပြီး ခေါက်ပြီး ရင် ရပါပြီ။
၂။ ဒုတိယ (၂)နည်းက ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ဆား၊ ဘဲဥ၊ ရေ၊ ဆိုဒါထည့်
ရေကိုလည်း မပျစ်မကြဲ လိုသလို ထပ်ချိန်ထည့်ပေးပါ။ ဒယ်ပေါ်ဆီသုတ်ကြော်က အုန်းယို ထည့်ပြီး
ခေါက်က စားလို့ရပါပြီ။
မှတ်ချက် မုန့်သိုင်းခြုံဟာ ဆဋ္ဌဂံလိုပုံမျိုး ခေါက်မှ လှပါတယ်။ အိမ်မှာလုပ်စား ရင်တော့
ကြိုက်နှစ်သက်သလို ခေါက်ပါ။
အုန်းယိုလုပ်တာကတော့ . . .
၃။ အုန်းသီးအဖတ်လေးတွေကို သကြားအချိုကို လိုသလောက်ထည့်ပြီး
အပူပေး ပြီး သကြားပွင့်ပျောက် သည်အထိ လှော်ထားတာကို ပြောတာပါ..

21/01/2025

မုန်းဟင်းခါး နှင့် တွဲစားတဲ့ ပဲကြော်ပွပွလေး ကြော်နည်း
ပါဝင်ပစ္စည်းများ
👉 ပဲ (၃) (၄) ဗူး
👉 ကောက်ညှင်း (၄) ဇွန်း
👉 ဆန်ကြမ်း (၅) ဇွန်း
👉 ဂျုံမှုန့် (၄) ဇွန်း
👉 ဆား ။ ဆော်ဒါ အနည်းငယ်
👉 ရေ ။ ဆီ
ပြုလုပ်ပုံအဆင့်ဆင့်
ပထမဦးစွာ ပဲများကို ရေစင်အောင်ဆေးပြီး ရေကို ပဲတွေမြုပ်အောင်ထည့်ပြီး ၆ နာရီခန့်လောက် စိမ်ထားပေးပါ ။
ပြီးနောက် ကောက်ညှင်းမှုန့် ။ ဂျုံမှုန့် ။ ကောက်ညှင်းမှုန့် ။ ဆန်ကြမ်း ။ ဆား အနည်းငယ် ‌။ ဆော်ဒါအနည်းငယ် ရေထည့်ပြီး မုန့်ရည်မပျစ်မကျဲ ဖျော်ထားပါ
ပြီးနောက် မုန့်နှစ်ထဲသို့ စိမ်ထားတဲ့ပဲတွေကိုရေစစ်ပြီး ထည့်ပါ နာရီဝက်လောက် နှပ်ထားပါ
ပြီးနောက်ဆီအိုးသယ်ပြီး ဆီပူလာလျှင် အကြော်ကြော်တဲ့ ဇွန်းပြား သို့ ပန်းကန်ပြားပေါ်ထည့်ကာ ဆီအိုးထဲသို့ထည့်ပြီး ကြော်လို့ရပါပြီနော်
ရွှေဝါရောင်တန်းလာပြီဆိုရင် ဆယ်သယ်လို့ရပါပြီနော် ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲကြော် ရပါပြီနော်
မုန့်ဟင်းခါး ဖြင့် တွဲစားလိုက်ရင်တော့ အရမ်းကို အရသာရှိစေမှာဖြစ်ပါတယ်
ကြော်စားလို့ရအောင် ပို့စ်ကို ရှဲထားဖို့ မမေ့ကြပါနဲ့နော်


Crd #မူရင်းတင်သူ

10/12/2024

အကြော် ကြော်ရင် ခဏလေးနဲ့ ပျော့သွားတယ်ဆိုတဲ့
အိမ်ရှင်မတို့အတွက်

အကြော်စုံ လေး ကြော်စားကြပါနော်
~~~~~~~~~~~~~~
ဘူးသီးကြော် ကြက်သွန်ကြော် ရွှေဖရုံသီးကြော် မြင်းခွာရွက်
ကြော် ပြောင်းဖူးကြော်
ကိုယ်ကြိုက်နှစ်သက်ရာ အသီးအနှံတွေ အသုံးပြုချင်လဲ
ရပါတယ် ရှင်

အခုက ရွှေလိပ်ပြာ၁ထုပ်ခွဲ/ကောက်ညှင်း ၁ဇွန်း/ရွှေကြည် ၁
ဇွန်း/ပဲအစိမ်းမှုန့် ၂ဇွန်း/နနွင်း အနည်းငယ်/ကြက်သားမှုန့် အနည်းငယ်/ကြက်ဥအကာ၁ဇွန်းကိုရေနဲ့မပျစ်မကျဲဖျော်တာပါ၊စမ်းပြီးလုပ်ကြည့်တာ တော်တော်ကြာတဲ့အထိ မပျော့သွားပါဘူး။ဇွန်းက စတီးချိုင့် အသေးမှာထည့်လို့ရတဲ့ ကလေးထမင်းစားဇွန်း အသေးပါ။

အချဉ်ကတော့
~~~~~~~
မန်းကျည်သီးကိုရေစိမ် အနှစ်တိုက် /ကြက်သွန်ဖြူ ၆မွှာ ငရုတ်သီးစိမ်း ၂တောင့်/ငံပြာရည် ၁ဇွန်း/သကြား ၁ဇွန်း
ရွက်လှေတံဆိပ် ငရုတ်ဆီ ၁ဇွန်း/origano tamarind
sauce ၂ဇွန်း/ပဲအကျက်မှုန့် ၁ဇွန်း ရောမွှေပြီး နံနံပင်
၄ပင်နုတ်နုတ်စင်းထည့်ပါ။

(ရွှေလိပ်ပြာနဲ့ မကြော်ချင်ရင် ဆန် ၂ဆ ကောက်ညှင်း ၁ဆ
ရွှေကြည် ၁ဆ ပဲမှုန့် ၁ဆနဲ့ဖျော်ပါ။)

(Photo crd.)

22/10/2024

ဗိုက်အလွတ်နဲ့ ရေနွေး
------------------------------
အလွန်အမင်း အကျိုးများစေတဲ့ကိစ္စပါ ... ။
လူကြီးမင်းများအားလုံး ကောင်းကျိုးတွေ ခံစားနိုင်ကြဖို့ အဓိက လိုရင်းကို ပြောပါ့မယ် ... ။

နာမည်ကျော် နှလုံးအထူးကု က ပြောတယ် - ဒီစာကို ရတဲ့လူဟာ ရှေ့ဆက်ပြီး ပို့ပေးမယ်ဆိုရင် လူပေါင်းမြောက်များစွာအတွက် အန္တရာယ်ကင်းမှုနဲ့ အသက်ကယ်စရာအကြောင်း ဖြစ်လိမ့်မယ် တဲ့ ... ။

ရေနွေးနဲ့ကုသပုံကို လူကြီးမင်း ယုံမှာတောင်မဟုတ်ဘူး ... ။

ဂျပန်မှာ များပြားလှတဲ့ သမားတော်ကြီးတွေဟာ ရေနွေးနဲ့ ကုသခြင်းကြောင့် ၁၀၀% ရလဒ်ကောင်းတွေ ရတယ်လို့ တညီတညွတ်တည်း ဆိုကြပါတယ် ... ။

အဲ့ဒီ့ရလဒ်တွေထဲက တချို့ကို ပြောပါမယ် -

-: ခေါင်းကြီးကိုက်ရောဂါ (ပျို့အန်ခြင်း ၊ အမြင်ထိခိုက်ခြင်းများ ပူးတွဲပါရှိတဲ့ မကြာခဏခေါင်းကိုက်မှု) ၊

-: သွေးတိုးခြင်း ၊

-: သွေးအားနည်းခြင်း ၊

-: အဆစ်အလက်တွေ နာကြင်ခြင်း ၊

-: နှလုံးခုန်နှုန်းအရမ်းမြန်ခြင်း သို့မဟုတ် နှေးကွေးခြင်း ၊

-: ရုတ်တရက် လဲကျပြီး သတိလစ်သွားတတ်သော အာရုံကြောရောဂါ ၊ (ဝက်ရူးပြန်ရောဂါ) .

-: အဆီ ၊ ကိုလတ်စ်ထရောလ်ဓာတ် ၊

-: ချောင်း အပြင်းအထန် ဆိုးခြင်း ၊

-: စိတ်မငြိမ်ခြင်း ၊

-: လည်ချောင်းနာခြင်း ၊

-: ပန်းနာရောဂါ ၊

-: ချောင်းနက်ရောဂါ သို့မဟုတ် ကြက်ညှာချောင်းဆိုး ရောဂါ ၊

-: သွေးကြောများ ပိတ်ဆို့နေခြင်း ၊

-: ဆီးအိမ်နဲ့ ဆီးအိမ်ဆိုင်ရာ ရောဂါများအားလုံး ၊

-: အစာအိမ် အချဉ်ပေါက်ခြင်း ၊

-: အစာအိမ်နာရောဂါ ၊

-: ဆာလောင်မှု နည်းပါးခြင်း ၊

-: မျက်စိ ၊ နား ၊ နှာခေါင်း ၊ လည်ချောင်းနှင့်သက်ဆိုင်သော ရောဂါအားလုံး ပါဝင်သည် ... ။

ကုသနည်း
--------------
နေ့စဉ်မနက်စောစော ထပါ ... ပြီးရင် ဘာမှမစား ၊ မသောက်သေးပဲ 160cc အရွယ်အစားရှိ ဖန်ခွက် လေးခွက်ခန့်သောက်ပါ ... ရေဟာ ပူရမှာဖြစ်ပေမယ့် လျှာကျက်လောက်အောင် ပူခြင်းမျိုးမရှိရပါ ... ပူတယ်ဆိုရုံလောက်သာ ဖြစ်ရပါမယ် ... ။

ရှောင်ရှားရန်မှာ -

ရေသောက်ပြီး (၄၅) မိနစ်ထိအောင် ဘာတစ်ခုမှ စားခြင်း ၊ သောက်ခြင်း မရှိရပါ ... ဒါ့အပြင် အစား စားပြီးတိုင်း နှစ်နာရီတိုင်အောင် ရေလုံးဝ မသောက်ရပါ ... ။

အချို့သူတွေဟာ အစပိုင်းမှာ ဖန်ခွက် လေးခွက်မသောက်နိုင်ကြပါဘူး ... အဲ့ဒီ့အခါမှာ တဖြည်းဖြည်းချင်း လေးခွက်ထိရောက်အောင် လုပ်ရပါမယ် ... ။
ရေနဲ့ အမျိုးအမျိုးသော ရောဂါတွေကို ကုသခြင်းဟာ သတ်မှတ်ကာလတွေနဲ့ အတည်ဖြစ်ထားပါတယ် ... အဲ့ဒါတွေကတော့ -

-: သကြားဓာတ် - ရက် (၃၀) .

-: သွေးတိုး - ရက် (၃၀) .

-: အစာအိမ်နဲ့ပတ်သက်တဲ့ ရောဂါဟူသမျှ - (၁၀) ရက် .

-: ရှိသမျှ ကင်ဆာအမျိုးအစား အာလုံး - (၉) လ .

-: သွေးကြောပိတ်ခြင်း - (၆) လ .

-: စားချင်စိတ် နည်းပါးခြင်း - (၁၀) ရက် .
-: ဆီအိမ်နဲ့ ဆီးအိမ်ဆိုင်ရာ ရောဂါများ - (၁၀) ရက် .

-: နား ၊ နှာခေါင်း ၊ လည်ချောင်း - ရက် (၂၀) .

-: အမျိုးသမီးရောဂါများ - (၁၅) ရက် .

-: နှလုံးနဲ့ နှလုံးဆိုင်ရာ ရောဂါများ - ရက် (၃၀) .

-: ခေါင်းကြီးကိုက်ရောဂါ - (၃) ရက် .

-: သွေးအားနည်းခြင်း - ရက် (၃၀) .

-: အဆီ ၊ ကိုလတ်စ်ထရောလ် - (၄) လ .
-: ရုတ်တရက် လဲကျပြီး သတိလစ်တတ်တဲ့ အာရုံကြောရောဂါနဲ့ သွက်ချာပါဒရောဂါများဟာ (၉) လ ဆက်တိုက်သောက်ရင် ပျောက်ကြောင်း အာမခံချက်ရှိထားပါတယ် ... ။

-: ပန်းနာ ၊ အသက်ရှူကြပ်ရောဂါများ - (၄) လ .

ရှေးဟောင်း ဆေးပညာတွင်လည်း မနက်စာ မစားခင် ရေနွေးသောက်ခြင်းဟာ အကျိုးများစွာ ဖြစ်ထွန်းစေကြောင်း ဖော်ပြထားပြီး အလွန်ပဲ အလေးအနက်ပြုထားပါတယ် ... ။

လက်တွေ့စမ်းသပ်ကြည့်ပါ ... ။

*ရေအေး ဆိုရင်တော့*
===============

ရေအေးဟာ လူကြီးမင်းကို နုပျိုတုန်းမှာ ရောဂါမဖြစ်စေဘူးဆိုရင်တောင် နုပျိုမှုကုန်ဆုံးပြီးတဲ့နောက်မှာ အဆိုးဝါးဆုံး ရောဂါသည်ကြီး ဖြစ်စေလိမ့်မယ် တဲ့ ... ။

ရေအေးဟာ နှလုံးရဲ့သွေးကြော (၄) ခုကို ပူးသွားစေတယ် ... နှလုံးရဲ့သွေးကြောမကြီးကိုလည်း ပိတ်သွားစေတယ် ... နှလုံးရောဂါဖြစ်ဖို့ အကြောင်းခံဖြစ်တတ်တယ် ... ။

အများအားဖြင့် နုပျိုတုန်းမှာ နှလုံးရောဂါဖြစ်ရတာဟာ အအေးများ သောက်ခြင်းကြောင့်ပါ ... ။

ရေအေးဟာ အသည်းကို ပျက်စီးစေတဲ့ အကြောင်းခံဖြစ်တယ် ... အဆီတွေဟာ ရေအေးကြောင့် စုပြီး ခဲသွားတတ်တယ် ... ။

စိတ်တော့မရှိပါနဲ့ ... အသည်းအစားထိုးကုသဖို့ စောင့်မျှော်နေသူတွေရဲ့ မူလအကြောင်းရင်းဟာ ဒီရေအေးပါပဲ ... ။
# # # အမှန်က ရေအေးဟာ အစာအိမ်အတွင်းပိုင်းက အကာအရံတွေကို ထိခိုက်စေပြီး သကြားဓာတ်ကို ဖြစ်ပေါ်စေတယ် ... ။

ရေအေးဟာ အစာအိမ်နဲ့ အူမကြီးကို အန္တရာယ်ဖြစ်စေပြီး ကင်ဆာရောဂါရဲ့အကြောင်းခံဖြစ်တတ်တယ် ... ။

လူအားလုံးကို ပြောပြပါ ...
မျှဝေပေးပါ။
မူရင်းတင်ပေးသူကို
Credit -ပေးပါတယ်။

22/10/2024

ပဲကပ်ကြော် ကြော်နည်း

ကုလားပဲ ၁ညရေစိမ်ထားပြီး ရေစစ်ထားပါတယ်
ဆန်မှုန့် ထမင်းစားဇွန်း ၅
ကောက်ညှင်းမှုန့် ၂ ဇွန်း
ပဲကျက်မှုန့် ၂ ဇွန်း (ပဲမှုန့်ထည့်ရင်မုန့်သားကြွပ်ရွပါတယ်)
baking soda လဖက်ရည်ဇွန်း ၁ ဝက်စာ
ဆား၊ဟင်းချိုမှုံ့အနည်းငယ်ထည့်ပါ။
ရေ ၁၅၀ ml အားလုံးမွှေလိုက်ပါတယ် ပြီးမှရေစစ်ထားတဲ့ ကုလားပဲဝါထည့်ဂျင်းထောင်းပြီး အရည် ညစ်ပြီးမွှေးအောင် ထည့်ပါတယ်ရှင်
ဆီများများလေးနဲ့ မီးကိုခပ်ပြင်းပြင်းလေး..အနေအထားနဲ့ စကြော်ပါတယ်

23/09/2024

မွန်ရိုးရာ ဆီမပါ ငါးနှပ် မရမ်းပြားချက်
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ပါ၀င်ပစ္စည်းများ
''''''''''''''''''''""""""""
(၁) ငါးနှပ် ၅၀ ကျပ်သား
(၂) မရမ်းပြား ၅ ကျပ်သား
(၃) ငရုတ်သီးစိမ်း (မိုးမျှော်သီး) အနည်းငယ်
(၄) ကြက်သွန်နီ ၃ဥ
(၅) ကြက်သွန်ဖြူ ၁ဥ
(၆) နနွင်းမှုန့် အနည်းငယ်
(၇) ငါးပိ အနည်းငယ်
(၈) ရှားနံနံ အနည်းငယ်
စသည်တို့ လိုအပ်ပါတယ် ခင်ဗျား …
ချက်ပြုတ်ပုံ အဆင့်င့်
°°°°°°°°°°°°°°°°°°°°
ပထမ ဦးဆုံး ငါးကို ဦးခေါင်းပိုင်းနဲ့ ၀မ်းပိုင်းကို သန့်စင်ဖယ်ရှားပြီ ရေစင်အောင် ဆေးကြောပြီ ဟင်းချက်အိုးထဲ ထည့်ရပါမယ် ထို့နောက် ငြုတ်သီးစိမ်း မရမ်းပြား ကြက်သွန်ဖြူ ကြက်သွန်နီ ငါးပိ နနွင်းမှုန့် ရှားနံနံ (ရှားနံနံ အစား နံနံပင် စပါးလင် မိမိ ကြိုက်နှစ်သက်ရာ အသုံးပြု နိုင်ပါတယ်) တို့ကို တခါတည်း ရောထောင်းပြီ အနည်းငယ် ရောစပ်ညက်သွား ပါက အိုးထဲ ခပ်ထည့်ပြီ ငါးတွေနဲ့ သမအောင် နယ်ရပါမယ် ထို့နောက် ရေအနည်းငယ်ထည့်ပြီး မီးဖိုပေါ်တင်ကါ ချက်လို့ရပါပြီ …ဆယ်မိနစ်လောက် တည်ပြီလျင် နံနံပင်နဲ့ ငရုတ်သီးစိမ်းအနံ့ တထောင်းင်းထနေတဲ့ငါးနှပ်ဟင်းအိုးလည်း ပွက်ပွက်ဆူနေပါပြီ အပေါ့ အငန်မြည်းကြည့် လိုအပ်မှ ဆားထည့်ပါ
ချက်ခါစမှာ ဆားမထည့်ပါနဲ့နော် (မရမ်းပြားမှာ ဆားပါပြီသားဖြစ်ပါသည်) မီးဖိုပေါ်က ချ လို့ မိသားစု (သို့မဟုတ်) အပေါင်းအဖေါ်တွေနဲ့ ရှူရှဲရှူရှဲ နဲ့ ချ ို ချဉ် ငန်း စပ် အလွန် အရသာရှိတဲ့ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ ဆီမပါ ငါးနှပ် မရမ်းပြားချက် နည်းကို တင်ပြရင်း ယှဉ်ပြိုင် ပါတယ်ခင်ဗျား…
( ကင်းမွန် ပုစွန် တခြားသော မိမိ နှစ်သက်ရာ အသားငါးများကိုလည်း သည်နည်းအတိုင်း ချက်ပြုတ် နိုင်ပါတယ်နော်)
အစားအစာကောင်းတွေ စားနိုင်ကြပါစေ ဆုတောင်းပေးရင်း…
ဖတ်ရှုသူအားလုံးကို ကျေးဇူးတင်ပါသည်
credit


#ဟင်းချက်နည်းများ #မူရင်း ゚

23/09/2024

မြေပဲယို/နှမ်းယို အလွယ်ကူဆုံးပြုလုပ်နည်း🌱
🥜🥜🥜🥜🥜🥜🥜🥜🥜🥜🥜🥜🥜🥜🥜🥜

အရင်ဆုံး‌ပြောပြချင်တာက ဒီနည်းရရင်လေ......
မြေပဲနဲ့နှမ်း ပဲရောရော၊ တခြားအစေ့အဆံတွေနဲ့ပဲ
ပြုလုပ်လုပ်(ကပ်စေးနဲ လုံးဝမလိုတဲ့)
မိမိနှစ်သက်သလို စိတ်ကြိုက်ပြုလုပ်နိုင်ပါပြီရှင်...

ပြုလုပ်နည်း
••••••••••••••••••
လှော်ပြီး/အခွံချွတ်ထားသော မြေပဲ_ 150g
သကြားညို _ 150g
(မြေပဲ+သကြား ဆတူပါ)
မြေပဲနေရာမှာ နှမ်းဆိုရင်လည်း ဆတူပါနော်..
နှမ်းဆိုရင်လည်း အရင်လှော်ပေးရပါမယ်ရှင်။

ဆား_လက်ဖက်စားဇွန်းဝက်
ထောပတ်_ထမင်းစားဇွန်း(၁)ဇွန်း
ရေ_ ထမင်းစားဇွန်း(၁)ဇွန်း

အရင်ဆုံး သကြားညို 150gကို ရေ ထမင်းစားဇွန်း(၁)ဇွန်းထည့်ပြီး
ပျော်လာသည်အထိ အရင်ကျိုပါမယ်...။

သကြားပျော်ရင် ထောပတ် ထမင်းစားဇွန်း(၁)ဇွန်းထည့်ပြီး မွှေပေးပါမယ်..။

ပြီးရင် သကြားခဲလာ မလာသိစေရန်...
ရေထည့်ထားတဲ့ ပန်းကန်လုံးတစ်လုံးထဲ
သကြားရည် အစက်ချကြည့်ပေးပါ..။
သကြားရည်လေးက ခဲနေပြီဆိုရင်
မြေပဲထည့်လို့ရပါပြီ...

ဆက်လက်ပြီး သမသွားအောင်
မြေပဲနဲ့သကြားရည်ကို စေးလာသည်အထိ ‌
မွှေပေးရပါမယ်...။

ထည့်မဲ့ ဗန်းပတ်လည်ကို ထောပတ်ဆီ (သို့)
ဟင်းရွက်ဆီအနှံ့သုတ်ပေးပြီးရင် မြေပဲယိုတွေ
ဗန်းထဲ လောင်းချပြီး မျက်နှာပြင်ညှိပေးပါ။
(လိုအပ်ရင် ဒလှိမ့်တုံးဖြင့် လှိမ့်ပေးပါရှင်)

ပြီးရင် တစ်နာရီ အအေးခံပြီး မပျော့မမာ အနေအထားမှာ ဓားဖြင့် မိမိစိတ်ကြိုက်ပုံစံ
အရာလေးတွေ ပေးပြီးလှီးထားပါ..။

နောက်ထပ်၂နာရီခန့် အအေးခံပြီးရင်
အသင့်စားလို့ရတဲ့ မြေပဲယိုလေးတွေ ရပါပြီရှင်
ဒီနည်းအတိုင်း နှမ်းအပြင် တခြားသော အစေ့အဆံများဖြင့်လည်း မိမိစိတ်ကြိုက် ပြုလုပ်နိုင်ပါပြီရှင်

အဆင်ပြေကြပါစေနော်💛💖🤗

(ဤpostကို တိုက်ရိုက်Shareယူခြင်းမှလွဲ၍ ကိုယ်တိုင်အားထုတ်ထားခြင်းမရှိဘဲ တစ်ခြားသောPageများမှ အဆင်သင့် copy & paste လုပ်ပြီး ကူးယူဖော်ပြခြင်းနှင့် Follow ရှာခြင်းများကို
လုံးဝ လုံးဝ ခွင့်မပြုပါရှင်❌❌❌ )

ချစ်တဲ့
Delicious Food By
Naychi Khwin
#နေခြည်ခွင်း

゚ ゚viralシ #နေခြည်ခွင်း

09/09/2024

မွန်ရိုးရာ ဆီမပါ ငါးနှပ် မရမ်းပြားချက်
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ပါ၀င်ပစ္စည်းများ
''''''''''''''''''''""""""""
(၁) ငါးနှပ် ၅၀ ကျပ်သား
(၂) မရမ်းပြား ၅ ကျပ်သား
(၃) ငရုတ်သီးစိမ်း (မိုးမျှော်သီး) အနည်းငယ်
(၄) ကြက်သွန်နီ ၃ဥ
(၅) ကြက်သွန်ဖြူ ၁ဥ
(၆) နနွင်းမှုန့် အနည်းငယ်
(၇) ငါးပိ အနည်းငယ်
(၈) ရှားနံနံ အနည်းငယ်
စသည်တို့ လိုအပ်ပါတယ် ရှင့်

ချက်ပြုတ်ပုံ အဆင့်င့်
°°°°°°°°°°°°°°°°°°°°
ပထမ ဦးဆုံး ငါးကို ဦးခေါင်းပိုင်းနဲ့ ၀မ်းပိုင်းကို သန့်စင်ဖယ်ရှားပြီ ရေစင်အောင် ဆေးကြောပြီ ဟင်းချက်အိုးထဲ ထည့်ရပါမယ် ထို့နောက် ငြုတ်သီးစိမ်း မရမ်းပြား ကြက်သွန်ဖြူ ကြက်သွန်နီ ငါးပိ နနွင်းမှုန့် ရှားနံနံ (ရှားနံနံ အစား နံနံပင် စပါးလင် မိမိ ကြိုက်နှစ်သက်ရာ အသုံးပြု နိုင်ပါတယ်) တို့ကို တခါတည်း ရောထောင်းပြီ အနည်းငယ် ရောစပ်ညက်သွား ပါက အိုးထဲ ခပ်ထည့်ပြီ ငါးတွေနဲ့ သမအောင် နယ်ရပါမယ် ထို့နောက် ရေအနည်းငယ်ထည့်ပြီး မီးဖိုပေါ်တင်ကါ ချက်လို့ရပါပြီ …ဆယ်မိနစ်လောက် တည်ပြီလျင် နံနံပင်နဲ့ ငရုတ်သီးစိမ်းအနံ့ တထောင်းင်းထနေတဲ့ငါးနှပ်ဟင်းအိုးလည်း ပွက်ပွက်ဆူနေပါပြီ အပေါ့ အငန်မြည်းကြည့် လိုအပ်မှ ဆားထည့်ပါ
ချက်ခါစမှာ ဆားမထည့်ပါနဲ့နော် (မရမ်းပြားမှာ ဆားပါပြီသားဖြစ်ပါသည်) မီးဖိုပေါ်က ချ လို့ မိသားစု (သို့မဟုတ်) အပေါင်းအဖေါ်တွေနဲ့ ရှူရှဲရှူရှဲ နဲ့ ချဉ် ငန် စပ် အလွန် အရသာရှိတဲ့ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ ဆီမပါ ငါးနှပ် မရမ်းပြားချက် ကိုစားသုံးနိုင်ပါပြီ😋
( ကင်းမွန် ပုစွန် တခြားသော မိမိ နှစ်သက်ရာ အသားငါးများကိုလည်း သည်နည်းအတိုင်း ချက်ပြုတ် နိုင်ပါတယ်နော်)
အစားအစာကောင်းတွေ စားနိုင်ကြပါစေ ဆုတောင်းပေးရင်း…

09/09/2024

စာလေးခွေ ကြော်နည်း
-------------
ပဲမှုန့်စိမ်း ငါးကျပ်သား ၊ ကော်မှုန့် ထမင်းစားဇွန်းတဇွန်း
ရောမွှေ ဇကာချ ၊ အရသာမှုန့် ၊ သကြားအနည်းငယ်
ဆနွင်းထည့်မွှေ ရေနည်းနည်းချင်းထည့်
ပျစ်နေအောင်ဖျော်ပြီး ပလတ်စတစ်အိတ်အမာထဲထည့်
တင်းအောင်ချည် အဖျားစွန်းကို ကက်ကြေးဖြင့်
အပေါက်သေးသေးဖောက်
ဆီများများထည့် ပူအောင်တည် ပြီးမှ မုန့်အိတ်ကို
ညှစ်ထည့်ခွေပြီးကြော်ပါ
တဘက်အရောင်ပြောင်းမှ ကျန်တဘက်လှန်ပါ
မီးရှိန်မပြင်းရ
ခရင်မ် အိတ်မရှိလို့ ပလတ်စတစ်အိတ်သုံးပါတယ်

09/09/2024

မဆလာလုပ်နည်း
အိမ်လုပ်မဆလာ ကိုယ်တိုင်လုပ်လို့ရတဲ့နည်း

အသားဟင်းလျာများ ချက်ပြုတ်ရာတွင် မဆလာသည် မပါမဖြစ်ထည့်ကြသော မီးဖိုချောင်သုံး အိမ်ရှင်မတို့ လက်စွဲတစ်ခုဖြစ်ပါသည်။
ကြက်ဆီပြန်ဖြစ်စေ၊ အမဲနှပ်ဖြစ်စေ၊ ကလီစာဟင်းများတွင်ဖြစ်စေ ဟင်းအိုးချခါနီးမဆလာထည့်အုပ်ပါမှ အနံ့အရသာပိုပြည့်စုံသည်မဟုတ်ပေလော။ ယခုကဲ့သို့ ရောဂါများထူပြော၍ အစားအသောက်ရှားပါးကာ စျေးဆိုင်များအလွယ်တကူမဖွင့်သောကာလတွင် မီးဖိုချောင်တွင် မရှိမဖြစ်လိုသည့် အိမ်လုပ်မဆလာလုပ်နည်းကိုတင်ပြလိုက်ပါသည်။

မဆလာလုပ်ရန်

၁။ ဇီယာစေ့ -လက်ဖက်ရည်ဇွန်း ၃ ဇွန်း

၂။ နံနံစေ့- လက်ဖက်ရည်ဇွန်း ၃ ဇွန်း

၃။ ပဲနံ့သာစေ့-လက်ဖက်ရည်ဇွန်း၁ဇွန်း

၄။ ဖာလာစေ့-လက်ဖက်ရည်ဇွန်း ၁ ဇွန်း

၅။ ကရဝေးရွက်-၂ ရွက်

၆။ သစ်ဂျပိုးခေါက်-၁ခေါက်

၇။ နာနတ်ပွင့်-၁ ပွင့်

၈။ လေးညှင်း-၂ ပွင့်

၉။ ငရုတ်ကောင်းစေ့ -၅ စေ့ တို့လိုပါသည်။

ထိုအရာများအားလုံးကို ပထမဦးစွာလှော်ပါ။ မာသော သစ်ဂျပိုးခေါက်၊ ဖာလာ၊ နာနတ်ပွင့်တို့ကို ၃ မိနစ်ခန့် မကပ်အောင်လှော်ပီးနောက် ဖယ်ထားပါ။ ထို့နောက် ကျန်အရာများအား အကုန်ထည့်၍ ၃ မိနစ်လှော်ပါ။ မတူးစေရန် ဆက်တိုက်မွှေပါ။ ထို့နောက် မီးဖိုပေါ်မှချကာ မာသော သစ်ဂျပိုး၊ ဖာလာတို့ကို အရင်ထောင်းပါ။ မညက်တညက်အနေတွင် ကျန်အရာများထည့်ကာ ဆုံထဲတွင် ဖြည်းဖြည်းချင်းထောင်းပါ။ မိမိနှစ်သက်သည့်အနေအထားအတိုင်း မှုန့်ညက်အောင်ထောင်းလည်းရသကဲ့သို့ ခပ်ကြမ်းကြမ်းထောင်းလည်း ရပါသည်။ ကြိတ်စက်ရှိပါက အားလုံးရောကာ ကြိတ်လည်းရပါသည်။ သို့သော် ဆုံထဲတွင်ကြိတ်ထားသော မဆလာက ပိုအရသာရှိသည်ဟုထင်ရသောကြောင့် မိမိနှစ်သက်ရာနည်းကိုသုံးနိုင်ပါသည်။

********
နောက်တနည်းက
#ငါးမျိုးစပ်မဆလာ

ဒံပေါက် /အသားနှပ် /အသားကင် များအတွက် မဆလာ လုပ်နည်း လေးကတော့ .....

၁ ။ ဖာလာ ၂ ကျပ်သား
၂ ။ ဇာပွင့် ၂ ကျပ်သား
၃ ။ နာနတ်ပွင့် ၂ကျပ်သား
၄ ။ ဇီရာ ၅ ကျပ်သား
၅ ။ ဇာရိတ်ဖိုသီး တစ်လုံး

ဒါတွေအားလုံးကို သေချာရေဆေးပြီး အခြောက်ခံပါ ။ပူနေတဲ့ အိုးအဖုံး တစ်ခုပေါ်မှာ ခနတင်ထားပြီး အပူပေးပါ (သီးသန့်လှော်စရာ မလိုပါ ) ။ပြီးရင် အမှုန့်ကြိတ်စက်နှင့် ကြိတ်ပြီးရင် သုံးလို့ ရပါပြီ

အထက်ဖော်ပြပါ အမယ်များသည် ဝယ်ရမခက်ဘဲ ဘယဆေးဆိုင်များတွင် အစုံဝယ်နိုင်ပါသည်။ အကယ်၍ အမယ်စုံမရပါက ဇီယာ၊ ပဲနံ့သာ၊ နံနံစေ့ သုံးမျိုးဖြင့်သာ ရော၍ မဆလာလုပ်နိုင်ပါသည်။ သတိပြုရန်မှာ ပဲနံ့သာများပါက ခါးတတ်သောကြောင့် မများစေရန်သတိပြုရပါမည်။ မိမိတို့အိမ်တွင်ရှိသော အမယ်များဖြင့် ရှာရလွယ်သော အမယ်များထပ်ထည့်ကာ ရောကြိတ်ပြီးအိမ်လုပ်မဆလာကို ကိုယ်တိုင်ပြုလုပ်တတ်စေရန် ရည်ရွယ်၍ရေးသားလိုက်ပါသည်။

စုမြတ်မြတ်မိုး (Green Way)
********
ဒုတိယနည်း

မဆလာ ပြုလုပ်နည်း
မဆလာ လုပ်နည်း ပြောပါဆိုလို့ အခုပြောပါပြီး

အသားငါးမဆလာ

နာနတ်စေ့

၂၀သား

ပဲနံ့သာ၊ကရဝေး ၂ကျပ်သားစီ

သစ်ချပိုးခေါက် ၂ကျပ်ခွဲသား

ဇီရာ ၁ဝသား

လေးညှင်း၊ငရုပ်ကောင်း ၂ကျပ်သားစီ

ဇာဒိပိုသီး ၁လုံး

နာနတ်ပွင့်၊ဇာဒိပိုပွင့် ၂ကျပ်သားစီ

ဖာလာစေ့ ၂ကျပ်သား

ဘိန်းစေ့ ၁၀သား

Methods

ပါဝင်ပစ္စည်း အားလုံးကို တစ်မျိုး မတူးမခြစ်အောင်လှော်ထားပါ။ပြီရင်းရော၍ထောင်းပါ။ ဇာဒိပိုသီးကိုအားခွဲ၍အဆန်ကို ဓားဖြင့်ပါးပါးလှီးမှလှော်ထောင်းပါ။
Credit Kyaw Linne Thine
*************
ညီအစ်ကိုမောင်နှမတွေ ဗဟုသုတရဖို့အတွက် မဆလာအကြောင်းလေး ပြောပြချင်ပါတယ်။ မဆလာကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အိန္ဒိယလူမျိုးတွေ စတင်သုံးစွဲလာခဲ့တာပါ။ ယခုဆိုလျှင် အာရှတိုက် ဟင်းတော်တော်များများမှာ မဆလာပါမှ ပိုမွှေးပြီး စားလို့ကောင်းနေသလိုပဲ။ မဆလာမှာပါတဲ့ ပစ္စည်းတွေကလည်း ဆေးဘက်ဝင်ဆိုတော့ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုပါတယ်။

ယခုမဆလာထဲမှာ အခြေခံအကျဆုံးလည်းဖြစ် လူသုံးအများဆုံးလည်းဖြစ်တဲ့ Masala အကြောင်းလေးပြောချင်ပါတယ်။ Garam ရဲ့အဓိပ္ပာယ်ကတော့ ပူပူပြင်းပြင်းလို့ အဓိပ္ပာယ်ရပါတယ်။ အသားငါးတွေ၊ အသီးအရွက်တွေ အားလုံးခြုံပြီး သုံးလို့ရပါတယ်။ ပါဝင်ပစ္စည်းလေးတွေကတော့ အောက်ပါအတိုင်းပါ။ ဒါတွေအား လုံး သမအောင် ရောမွှေလိုက်လျှင်ရပါပြီ။


Bay Leaf Powder (သစ်ကြံပိုး) ၂၀ ဂရမ်
Fennel Powder (စမုန်စပါး) ၅၀ ဂရမ်
Star Anise Powder (ကရဝေး) ၁၀ ဂရမ်
Cardamon Powder (ဇီရာ) ၅၀ ဂရမ်
Pepper Powder (နံနံစေ့) ၂၀ ဂရမ်
Cinnamon Powder (ဖာလာ) ၁၀ ဂရမ်
Black pepper powder (ငရုတ်ကောင်း) ၁၀ ဂရမ်
Clove powder (လေးညှင်း) ၁၀ ဂရမ်
Nutmeg powder (ဇာတိပ်ဖိုလျ) ၁၀ ဂရမျ
Fenugreek powder (ပဲနံ့သာ) ၅၀ ဂရမ်

နောက်တစ်ခုကတော့ Biryani Masala ကိုလေ့လာကြရအောင်။ သူ့ကိုတော့ ဒံပေါက်မဆလာလို့လည်း ခေါ်ပါတယ်။ ဒံပေါက်အတွက် ကြက်သား၊ ဆိတ်သား၊ ကြက်သည်းမြစ် စတဲ့အသားတွေအတွက်သာမက အာလူး၊ ခရမ်းသီးအပြင် အခြား အသီး အရွက်တွေအတွက်လည်းသုံးပါတယ်။ ပါဝင်ပစ္စည်းတွေကိုတော့ အသေ အချာကြိတ်ပြီး ရောမွှေလိုက်ရင်ရပါပြီ။

Masala
Bay Leaf Powder (ကရဝေး) ၅ ဂရမ်
Fennel Powder (စမုန်စပါး) ၂၀ ဂရမ်
Star Anise Powder (နာနတ်ပွင့်) ၂၀ ဂရမ်
Cardamon Powder (ဖာလာ) ၅ ဂရမ်
Pepper Powder (ငရုတ်ကောင်း) ၁၀ ဂရမ်
Cinnamon Powder (သစ်ကြံပိုး) ၁၅ ဂရမ်
Clove Powder (လေးညှင်း) ၁၀ ဂရမ်
Coriander Powder (နံနံစေ့) ၂၀ ဂရမ်
Mace Powder (ဇာတိပ္ဖိုလ်ပွင့်) ၅ ဂရမ်
Cumin Powder (ဇီရာ) ၂၀ ဂရမ်
Dry Ginger Powder (ချင်း) ၅ ဂရမ်
Dry Onion Powder (ကြက်သွန်နီ) ၅ ဂရမ်
Dry Garlic Power (ကြက်သွန်ဖြူ) ၅ ဂရမ်

နောက်တစ်မျိုးကတော့ တရုတ်မဆလာလို့ခေါ်တဲ့ Five Spice powder အကြောင်း လေးလေ့လာကြည့်ရအောင်။ မဆလာကို တရုတ်တွေကလည်း ဖန်တီးစားသုံးကြတာ တွေ့ရပါတယ်။ တရုတ်မဆလာကို အသားငါးတွေထဲမှာ အနံ့သက်ကောင်းအောင်ဆိုပြီး သုံးကြတာပါ။ ခေါက်ဆွဲကြော်၊ ကြာဆံကြော်စတဲ့ အကြော်တွေမှာလည်း သုံးကြပါတယ်။ အသားတွေကို Marinade အရသာသွင်းတဲ့အခါ သုံးလိုက်ရင် တကယ်ပဲ ရနံ့ကောင်းသွားပြီး ပုံမှန်ထက်ပိုပြီး ကြာကြာခံတာပေါ့။ ကဲပါဝင်ပစ္စည်းတွေ လေ့လာကြည့်ကြရ အောင် ပါဝင်ပစ္စည်းတွေကတော့ အရမ်းမများပါဘူး။ Five Spice powder ဆိုတဲ့အတိုင်း ၅ မျိုးတည်းပါ။ သူ့ကိုလည်း အသေချာလေး ကြိတ်ပြီးရောသမမွှေလိုက်လျှင် ရပါပြီ။

Spice powder
Cinnamon powder (သစ်ကြံပိုး) ၅၀ ဂရမ်
Clove powder (လေးညှင်း) ၃၀ ဂရမ်
Fennel Seed power (စမုန်စပါး) ၁၀ဝ ဂရမ်
Star Anise powder (နာနတ်ပွင့်) ၅၀ ဂရမ်
Szechuan pepper power (ဇီချွမ်ငရုတ်ကောင်း) ၃၀ ဂရမ်


မူရင်းပိုစ့်ပိုင်ရှင်အားလေးစားလျက်ပါ

09/09/2024

ပြန်လည်ကူးယူဝေမျှခြင်း
အမဲသားကြော် ကြွပ်ကြွပ်မွမွလေး
တခါတလေ ဆီပြန်ဟင်းတွေလည်း မချက်ချင်တဲ့အခါ လွယ်လွယ်ကူကူပဲ အမဲသားကြော် ကြွပ်ကြွပ်လေးကြော်ပြီး ထမင်းကို ဆီနဲ့ဆားနဲ့နယ်စားကြည့်ပါ အရမ်းစားလို့ကောင်းပါတယ်။ အမဲသားကြော်က အာဟာရလည်းပြည့်၊ ချက်ရပြတ်ရတာလည်း အလုပ်မရှုပ်ဘူးဆိုတော့ အိမ်ရှင်မတွေအတွက် ရွေးချယ်သင့်တဲ့ ဟင်းတစ်ခွက်ပါ။ ပဲဆီနံမွှေးမွှေးလေးနဲ့ ထမင်းဖြူ‌လေးရယ်
အမဲသားကြော် ကြွပ်ကြွပ်မွမွလေးရယ် သွားရည်တောင်ကျလာပြီမဟုတ်လား
ပါဝင်ပစ္စည်းများ
အမဲသား ၂၅ ကျပ်သား
ဂျင်းထောင်းပြီးသား ၅ ကျပ်သား
ကြက်သွန်ဖြူထောင်းပြီးသား ၅ ကျပ်သား
ကြက်သားမှုန့် ထမင်းစားဇွန်း သုံးပုံနှစ်ပုံ
ဆီ ၂၅ ကျပ်သား
ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ တစ်လီတာ
ချက်ပြုတ်ပြင်ဆင်ပုံ
၁။ ပထမဆုံးအမဲသားတွေကို အနေတော်တုံးပြီး ရေဆေးထားပါ။ အသားတွေကို အိုးတစ်ခုထဲထည့်ပြီး ညှီနံပျောက်အောင် ဂျင်း၊ ကြက်သွန်ဖြူထောင်းထားတဲ့ အရည်ရောအဖတ်ရောကိုထည့်၊ ငရုတ်ကောင်းနဲ့ ကြက်သားမှုန့်ထည့်ပြီး ၅မိနစ်ခန့် နယ်နှပ်ထားပါမယ်။
၂။ အသားထဲ အမွှေးအကြိုင်တွေစိမ့်ဝင်သွားပြီဆိုမှ အဲ့ဒီအိုးထဲ ရေတစ်လီတာထည့်ကာ မီးပြင်းပြင်းနဲ့ရေခမ်းချိန်ထိပြုတ်ထားပါမယ်။
၃။ ရေခမ်းချိန်မှ ပြုတ်ထားတဲ့ အသားတွေကိုထုတ်ပြီး အသားမျှင်နည်းနည်းဖြဲကာ အအေးခံထားပါမယ်။
ဆီကိုအိုးမကပ်တဲ့ ဒယ်အိုးထဲထည့်၊ ပူအောင်တည်ပြီး ခုနက အမဲသားမျှင်တွေကို ဆီထဲ ထည့်ကြော်ပါမယ်။
၄။ အမဲသားတွေ အပြင်ရောင်ညိုလာပြီးကြွပ်လာပြီဆိုတာနဲ့ အိုးထဲကနေ ထုတ်ပြီး အရသာရှိတဲ့ အမဲသားကြွပ်ကြော်မွမွလေးကို ဆီဆားနယ်ထားတဲ့ ထမင်းပူပူလေးနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။ Very Good ပါ
အမဲသားကို အသားတွေမမျှင်ဘဲ အတုံးလိုက်စားချင်ရင်တော့ ပြုတ်ပြီး မကြော်ခင် အနည်းငယ်ထောင်းပြီးမှ ကြော်ပါ။ အစပ်ကြိုက်ရင် ငရုတ်သီးထည့်ကြော်လို့ရပြီး တခြားကြိုက်နှစ်သက်ရာ ပျဉ်တော်သိမ်ရွက်၊ ကြက်သွန်နီတို့ရဲ့ ရောကြော်လည်းရပါတယ်။
မိမိနှင့် မိမိ၏မိသားစု ကျန်းမာရေးအတွက် အချိုမှုန့်လျော့သုံးပေးပါ။
credit
မူရင်းရေးသာသူကို

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
YANGON