Hein July Htet Online Shopping
အစဉ်လှပနိုင်ကြပါစေ
Junior Accountant Female(4)Posts
-အသက်(၂၃) မှ(၃၅)နှစ်အတွင်းဖြစ်ရမည်။
-တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိထားသူ(သို့)စီးပွားရေးတက္ကသိုလ်မှဘွဲ့တစ်ခုခုရရှိထားသူဖြစ်ရမည်။
-LCCI Level-3 ပြီးမြောက်သူဖြစ်ရမည်။
-စာရင်းပိုင်းနှင့်ပက်သက်ပြီးအနည်းဆုံးအတွေ့အကြုံ(၂)နှစ်ရှိရမည်။
-Microsoft Word/Excel/Power Point ကျွမ်းကျင်ရမည်။
-လုပ်ငန်းခွင်အတွင်းလေ့လာသင်ယူမှု့ကောင်းမွန်ပြီး Team နှင့်ပူးပေါင်းလုပ်ကိုင်နိုင်ရမည်။
-ရိုးသား၍အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်။
-ရေရှည်လက်တွဲလုပ်ကိုင်နိုင်သူ
အသင်းအဖွဲ့စိတ်ဓာတ်ရှိသူဖြစ်ရမည်။
-Export & Import License Document ပိုင်း နားလည်ပြီး ဌာနဆိုင်ရာများတွင် ဝင်ထွက်ပြောဆိုတတ်သူဖြစ်လျှင် ပိုဦးစားပေးမည်(မှတ်ချက်။ ။ ဒီအချက်နှင့်ပြည့်မှီပါကLCCI level -2သမားများလဲလျှောက်ထားနိုင်သည်)
လစာ-ညှိနှိုင်း(ကျွမ်းကျင်မှု့ပေါ်မူတည်၍)
Viber-09790877266
[email protected]
လမ်းမတော်မြို့နယ်တွင်လုပ်ကိုင်ရပါမည်
Interior Decoration Site Engineer 1ဦး အမြန်အလိုရှိသည်။
- ရန်ကုန်ရှိ လိူင်မြို့နယ်Site တွင် လုပ်ကိုင်ရမည်
- Interior Decoration အတွေ့အကြုံ အနည်းဆုံး3နှစ်ရှိရမည်
- Civil works များကို ကျွမ်းကျင်ပိုင်နိုင်စွာ ကြီးကြပ်နိုင်ရမည်
- ရုံးမှ ညွန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်ရမည်
-B.E(Civil) ,B .Tech ,AGTI(Civil),B.E(Architecture)ဘွဲ့ရပြီးသူဖြစ်ရမည်
-Interior Design Drawing အား ကျွမ်းကျင်ပိုင်နိုင်စွာကြည့်တတ်ပြီး ကောင်းမွန်စွာ လက်တွေ့ဆောင်ရွက်နိုင်သူဖြစ်ရမည်
CV ကို ခန့်မှန်းလစာနှင့်တကွ [email protected]သို့ပေးပို့ရန်
(သို့မဟုတ် )01-211090 အား ရုံးချိန် 9AM to 5PM
အတွင်းသာဆက်သွယ်လျှောက်ထားရန်
#တကယ်လို့သင့်မိန်းမအရမ်းဝပြီးပုံပျက်နေပီ
သူတပါးမိန်းမတွေတောင်လန်းနေတာ
ငါ့မိန်းမပုံတုံးဂွမ်းစိန် ဖြစ်နေပြီဆိုပြီး
စိတ်ပျက်နေရင် #သူလှဖို့သင့်မှာတာဝန်ရှိလာပါပြီ
မိန်းမ #ခေါင်းအစခြေအဆုံးစျးနှုန်းသင့်တင့်ပြီးအသားရေကောင်းမယ့်skin careလေးတစ်ဆက်ဝယ်သုံးစမ်းရော့ပိုက်ဆံကုန်ကျငွေအနဲဆုံးစျေးပျမ်းမျှ ၃သိန်း
#ပုံတုံးတုံးမဖြစ်ဖို့ ဂါဝန် စကပ် ဘောင်းဘီ တီရှပ် လန်းလန်းလေးတွေဝယ်ဖို့ shopping ထွက်စမ်းရော့ပိုက်ဆံ
ကုန်ကျငွေပျမ်းမျှ ၂သိန်း
ဘုရားသွားကျောင်းတတ် #လူရှေ့သူရှေ့ယဉ်ယဉ်လေးဖြစ်ဖို့ မြန်မာဝတ်စုံလှလှလေးချုပ်ထားစမ်းရော့ပိုက်ဆံ
ကုန်ကျငွေပျမ်းးမျှ ၂သိန်း
#ဝိတ်ချဖို့ အသားရေကောင်းဖို့
ကော်လဂျင်ပါတဲ့ဆေးတွေဝယ်သောက်မှရမှာပေါ့
အဆီချဆေးတခုခုသောက်စမ်းရော့ပိုက်ဆံ
ကုန်ကျငွေပျမ်းမျှ ၁သိန်း
#ကိုယ်လုံးလေးလှဖို့အဆီတွေကျဖို့
AS Wt Bra panties တဆက်ဝယ်ဝတ်လေ သူများတွေဘာတွေဝယ်လဲစုံစမ်း ရော့ပိုက်ဆံ
ကုန်ကျငွေပျမ်းးမျှ ၁သိန်းခွဲ
#မင်းသမီးလေးတွေလို sexy ကျကျလှဖို့ Trainer
ကောင်းကောင်းရှိတဲ့ gym မှာအပ်
Gymသွားဖို့တနေ့၂နာရီကိုယ်ပိုင်အချိန်ပေးမယ်
အပျင်းမကြီးနဲ့ ရော့ပိုက်ဆံ
ကုန်ကျငွေပျမ်းမျှ ၁သိန်း
ဒါလောက်ဆို တော်တော်အဆင်ပြေပါပီ
#ဒါပေမယ့်လူတစ်ယောက်ရဲ့ဒုတိယမျက်နှာကဆံပင်ဖြစ်တဲ့အတွက် ဆံပင် လက်သည်း ခြေသည်း အတွက် beauty sloon ကိုသွားအုံး အားလုံးပြင်ခဲ့ရော့ပိုက်ဆံ
ကုန်ကျငွေပျမ်းမျှ ၂သိန်း
ရေလည်းသွားကူးအုံး #စိတ်ပျိုကိုယ်နုအောင်ကမ်းခြေလည်းတနှစ်တခေါက်လိုက်ပို့ပေးမယ်
အကောင်းဆုံးဟော်တယ်မှာတည်း အကောင်းဆုံးဆိုတာပဲစားငွေအတွက်မပူနဲ့ ရော့atm ကဒ်ထဲမှာအပြည့်ပဲ
#မိန်းမစိတ်ချမ်းချမ်းသာသာနေစိတ်ညစ်ရင်မျက်နှာမှာဖုတွေထွက်မယ့် ယောင်္ကျား LVတလုံးဝယ်ပြီးအိတ်ထဲပိုက်ဆံ ၁၀သိန်းထည့်ပေးထားတယ်
ကားအနက်ကြီးတစီးလည်းဝယ်ပေးထားတယ်
အိမ်အကူခေါ်ထားတယ်မင်းဘာမှလုပ်စရာမလိုဘူး
ငါမခိုင်းဘဲဘာအလုပ်မှမလုပ်နဲ့ နုနုယွယွ
လှလှလေးနေ ရော့အိမ်စရိတ်
ကုန်ကျငွေပျမ်းမျှသိန်း ၂၀
ကဲမင်းကို ၃လပဲအချိန်ပေးမယ်
သင်ဇာဝင့်ကျော်လို အိချောပိုလို
#နုယွလှပကြွရွလှပတဲ့မိန်းကလေးတယောက်အဖြစ် ဟပ်ချလောင်းပြောင်းလဲအောင်လုပ် မပြောင်းရင်မင်းနဲ့ငါနဲ့အတွေ့ပဲလို့ပြောပါ
ဒီခေတ်မှာ #မလှတဲ့မိန်းမဆိုတာမရှိပါဘူး
#မပြင်မဆင်နိုင်လို့မလှသေးတာပဲရှိတာပါ
ဒါ့ကြောင့်သင့်မိန်းမ မလှဘူးလို့ယူဆရင် သင်ဒါတွေလုပ်ပေးလိုက်ပါ တကယ်တော့
#သင့်မိန်းမ မလှသေးတာ သင်ညံ့နေသေးလို့ပါ
Credit
#ရွှေလျှံဝင်း
28/01/2021
မျက်လုံးနားတဝိုက်ညိုမဲခြင်းကို သက်သာပျောက်ကင်းအောင်ကူညီပေးနိုင်သော နည်းလမ်း(၇)ခု ကိုမျှဝေပေးလိုက်ပါတယ်။
(၁)အိပ်ချိန်အလောက်အလုံထားပါ။
အိပ်ချိန်လုံလောက်စွာမရှိခြင်းဟာ လူကိုပင်ပန်းနွမ်းနွယ်စေပြီး မျက်ကွင်းများကိုညိုစေယုံမက ကျန်းမာရေးကိုပါထိခိုက်စေနိုင်ပါတယ်။ အိပ်စက်ရာတွင် ခေါင်းကိုပိုမြင့်အောင် ခေါင်းအုံးအပိုများအသုံးပြူအိပ်စက်ခြင်းဟာလည်း မျက်ကွင်းညိုခြင်း၊ မျက်အိတ်ဖောင်းခြင်းတို့ကိုသက်သာအောင်ကူညီပေးနိုင်ပါတယ်။
သို့သော်အလွန်အမင်းအိပ်စက်ခြင်းကလည်း မျက်လုံးနားတ
ဝိုက်ညိုမဲခြင်းကိုဖြစ်စေနိုင်ပါတယ်။ တနေ့ ၇-၈နာရီ အိပ်စက်ခြင်းဟာအကောင်းဆုံးဖြစ်ပါတယ်။
(၂)နေရောင်နှင့်ထိတွေ့မှုကို တတ်နိုင်သမျှအနည်းဆုံးဖြစ်အောင်နေပါ။
နေရောင်ခြည်မှာပါဝင်တဲ့ ultraviolet rays များဟာ ခန္ဓာကိုယ်မှ melanin ပိုမိုထုတ်လွှတ်ရန်အားပေးပြီး မျက်လုံးနားတဝိုက်ညိုမဲခြင်းကိုပိုဆိုးနိုင်ပါတယ်။ မျက်လုံးကျန်းမာရေးအတွက်လည်းမကောင်းပါ။ ထို့နောက်မျက်လုံးနားဝိုက်ကို နေရောင်နှင့် တတ်နိုင်သမျှမထိတွေ့အောင်ကာကွယ်ပါ။ နေကာမျက်မှန်၊ ဦးထုပ်၊ ထီးနှင့် နေရောင်ကာခရင်(sun cream) တို့ကိုအသုံးပြူပါ။
(၃)ရေခဲကပ်ပါ။
မျက်လုံးကိုရေခဲကပ်ခြင်းဟာ မျက်လုံးနားတဝိုက်ရှိသွေးကြောလေးများကိုကျုံ့သွားစေသောကြောင့် မျက်ကွင်းညိုခြင်းနှင့်မျက်အိတ်ဖောင်းခြင်းတို့ကို သက်သာကောင်းသက်သာစေနိုင်ပါသည်။
(၄)Screen time လျော့ပါ။
Computer, ဖုန်း, TV, tablet များအသုံးပြုချိန်လျော့ပါ။ Screen time များခြင်းဟာ မျက်လုံးကို eye strain ဖြစ်စေနိုင်ပါတယ်။ eye strain ဟာမျက်လုံးညောင်းခြင်း၊ ကိုက်ခြင်း၊ အမြင်ဝေဝါးစေခြင်း၊ ယားခြင်း၊ ခေါင်းကိုက်ခြင်းတို့ကိုဖြစ်စေယုံမက မျက်လုံးနားတဝိုက်ရှိသွေးကြောများကိုကျယ်စေပြီး မျက်ကွင်းညိုခြင်းကိုပိုဆိုးစေနိုင်ပါတယ်။
(၅)ရေဓါတ်ဖြည့်တင်းပါ။
ရေဓါတ်လျော့နည်းခြင်းဟာလည်း မျက်လုံးနားတဝိုက်ညိုမဲခြင်းကိုဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် ရေများများသောက်ပါ။ ရေကိုအနည်းဆုံးတနေ့ ၃.၅ litres သောက်ပါ။ ရေဓါတ်ဖြည့်တင်းပေးသောခရင် (moisturizing cream ) များလည်းအသုံးပြုနိုင်ပါတယ်
(၆)Vitamin C
Vitamin C ဟာ collagen ထုတ်လုပ်မှုကိုအားပေးပြီး blood stasis ကိုလည်းလျော့စေပါတယ်။ ထို့ကြောင့်မျက်ကွင်းညိူခြင်းကို သက်သာစေဖို့ကူညီပေးနိုင်ပါတယ်။
(၇) Retinoid, Hydroquinone, kojic acid and arbutin cream များ
Retinoid cream ဟာလည်း collagen အရေပြားမှ collagen ထုတ်လုပ်မှုကိုအားပေးပါတယ်။ ထို့အပြင် အရေပြားကိုမဲညိုစေသည့်အဓိကဓါတ်ဖြစ်သည့် melanin ကိုလျော့ကျစေနိုင်ပါတယ်။ ထို့ကြောင့်မျက်ကွင်းညိုခြင်းကိုသက်သာစေရန်ကူညီပေးနိုင်ပါတယ်။
Hydroquinone, kojic acid နဲ့ arbutin cream များကလည်းအလားတူပင်ဖြစ်ပါတယ်။ melaninထုတ်လုပ်မှုကိုလျော့ပေးသည့်အတွက် မျက်လုံးအနီးအနားညိုခြင်းကိုသက်သာစေနိုင်ပါတယ်။
သို့သော်ထိုလိမ်းဆေး cream အားလုံးကိုဆရာဝန်နဲ့တိုင်ပင်ပြီးမှသုံးသင့်ပါတယ်။ သုံးစွဲပုံမမှန်ကန်ပါက ပိုဆိုးသွားနိုင်ပါသည်။
Crd DrMyatthuhan
02/01/2021
Makeup Cleansing Balm
ကောင်းကောင်းလေးကိုရှာနေသလား?
တစ်စက္ကန့်အတွင်းမှာပဲ မိတ်ကပ်အကြွင်းအကျန်တွေကို နက်နက်ရိူင်းရိူင်းဖယ်ရှားသန့်စင်စေတဲ့ Magic ရဲ့ Makeup ဖျက်ဆေးကိုလက်ဆောင်ပေးနေပါပြီနော်။
အဓိကအနိသင်
စေးကပ်ခြင်းမရှိဘဲလန်းဆန်းစေတယ်✅
နူးညံ့တယ် မပျံ့လွင့်သွားဘူး✅
မြန်မြန်သန့်စင်စေတယ်အကြွင်းအကျန်လုံးဝမရှိစေရပါ✅
Skin Care (5)ဘူးဝယ်တာနဲ့ 18000ks တန် Makeup ဖျက်ဆေး(1)ဘူးမေတ္တာလက်ဆောင်ပေးနေပါတယ်နော်။
ဘူးရေအကန့်သတ်ရှိလို့လက်မြန်မှရမယ်နော်။
01/01/2021
ကဲ ဒီလထဲ Agent ဝင်ချင်တဲ့ လုပ်ငန်းရှင်မများအတွက်လဲ Promotion ကရှယ်နော် လက်ဆောင်တွေလဲရ ငွေ ပမာဏ အများကြီးလုရင်းစရာမလိုပဲ Online Business တခုကို စတင်နနုင်ပြီဆိုတော့ လက်မလွှတ်သင့်တဲ့အခွင့်အရေးလေးပါနော်
📱09799619417 ကို Hello လေးလုပ်လိုက်ပါရှင့်
01/01/2021
Magic 1 Year Anniversary Promotion
💥💥💥
Hair & Body Care (3)ဘူး 39000Ks
ဝယ်တာနဲ့ 15000Ks တန် Lotion (၁)ဘူးရယူလိုက်ပါ။
ဘူးအရေအတွက်ကန့်သတ်ထားလို့၊ လက်မြန်မှရမယ်နော်။
📱09799619417 ကိုအမြန်Hello လုပ်မှာယူပြီး လက်ဆောင်လေးအရယူလိုက်ပါနော် ချစ်တို့
01/01/2021
Magic 1 Year Anniversary Promotion
💥💥💥
(1.1.2021~28.2.2021)
2လအချိန်တွင်းကြိုက်နှစ်သက်ရာ(1)ဘူးပဲဝယ်ဝယ် VIP စျေးနူန်းနဲ့အထူးလျော့ချပေးနေပါပြီနော်။
စျေးနူန်းလျော့ချတဲ့အပြင်မေတ္တာလက်ဆောင်လည်းပေးနေတယ်ဆိုတော့အခုဝယ်ရင်အရမ်းတန်နေပြီနော်။
#ကဲ ဈေးချပေးတဲ့အပြင် မပြီးသေးဘူးနော် လက်ဆောင်လေးလဲပါသေးပါတယ်နော် #
Magic Skin Care ကြိုက်နှစ်သက်ရာ(5)ဘူးဝယ်သူတိုင်း 18000ks တန် Magic Makeup ဖျက်ဆေး(1)ဘူးမေတ္တာလက်ဆောင်ပေးနေပါပြီ။✅
ဘူးရေ (10000 )ပဲရှိလို့လက်မြန်တဲ့သူအရင်ရမယ်နော်။
📱09799619417 ကို အမြန် Hello လုပ်ပြီးမှာယူပြီး လက်ဆာင်တွေရယူလိုက်ပါနော်
11/12/2020
ချွေးပေါက်ကျဉ်းအောင် ဒါတွေနေ့စဉ်လုပ်ပါ
Dr အေးမင်းထူး
(၁) မျက်နှာကို သန့်စင်အောင် နေ့စဉ် ပြုလုပ်ပါ။ မျက်နှာသစ်ဆပ်ပြာသုံးပြီး မနက်တကြိမ်၊ ညတကြိမ် ဆေးကြောသန့်စင်ပါ။(တနေ့ နှစ်ကြိမ်ထက် မျက်နှာပိုမသစ်ပါနဲ့)
(၂) ချွေးပေါက်ကျဉ်းအောင် ဝက်ခြံဖြစ်တတ်တဲ့နေရာတွေကို ရေခဲတုံးလေးတွေနဲ့ ကပ်ပါ။ တခါကပ်ရင် စက္ကန့်သုံးဆယ်ကြာတင်ထားပါ။
(၃) ပြီးရင် ဆိုဒါမှုန့်နဲ့ ရေနွေးကို ဆတူရောပြီး ရလာတဲ့ paste ကို မျက်နှာပေါ် လိမ်းပေးပါ။ လိမ်းတဲ့အခါ စက်ဝိုင်းပုံ လိမ်းပြီး စက္ကန့်သုံးဆယ်ကြာ ထားပါ။ ပြီးရင် ရေအေးနဲ့ မျက်နှာပြန်သစ်ပါ။ ညစဉ် အိပ်ခါနီးတိုင်း တပတ်ကြာလုပ်သွားပါ။ နောက်ရက်တွေမှာ တရက်ခြားတခါသာ ဆက်လုပ်ပါ။ ယေဘုယျ ၂-၃လခန့် ဆက်လုပ်ပေးသင့်တယ်။
(၄) ရှောက်ရည်နဲ့ နာနာသီးရည်ကို ဆတူရောပြီး သန့်စင်တဲ့အဝတ်တခုကို စိမ်ပါ။ အဆိုပါအဝတ်ကို ချွေးပေါက်၊အဆီဂလင်း များတဲ့ ဝက်ခြံထွက်တဲ့နေရာမျိုးမှာ တမိနစ်ကြာကပ်ပါ။ ပြီးရင် ရေနွေးနဲ့ပြန်သစ်ပါ။ အထဲမှာပါတဲ့ အင်ဇိုင်းဓာတ်က မျက်နှာကို သန့်စင်စေရုံမက အဆီဂလင်းနဲ့ ချွေးပေါက်တွေကိုပါကျဉ်းစေတယ်။
(၅) အပျော့စား scrub ဆေးဆပ်ပြာတခုခုကို တရက်ခြားတခါ သုံးပြီး မျက်နှာသစ်ပါ။ scrub သုံးတဲ့အခါ အလွန်အကျွံပွတ်လိမ်းတာမျိုးရှောင်ပါ။ မျက်နှာပေါ် တမိနစ်ခန့်ထားပြီး ရေပြန်ဆေးပါ။ နောက်ပိုင်း တပတ်နှစ်ကြိမ်ခန့်သာ ဆက်သုံးပါ။
(၆) ဒိန်ချဉ်ကို မျက်နှာလိမ်းပြီး အပေါ်က သန့်စင်တဲ့အဝတ်တခုခု အုပ်ထားပါ။ ဆယ်မိနစ်ခန့်ထားပြီး မျက်နှာသစ်ပါ။ ဒိန်ချဉ်မှာပါတဲ့ lactic acid နဲ့ probiotic တွေက ဝက်ခြံဗက်တီးရီးယားကို ကာကွယ်ပြီး အဆီဂလင်းကို ကျဉ်းစေတယ်။ တပတ် တကြိမ်-နှစ်ကြိမ်ခန့်သာ လုပ်ပါ။
(၇) အစားအသောက်ပုံစံပြောင်းသင့်တယ်။ အဆီ၊ဆီကြော်စာ ၊နို့၊ကြက်ဥ၊ ပင်လယ်စာ မစားပါနဲ့။ အသီး၊အရွက်၊အစေ့အဆန်၊ အိုမီဂါသရီးပါတာ များများသားပေးပါ။ ရေများများသောက်ပါ။ အားဆေးတွေထဲမှာ vitamin A,C,B3,B5 ပါတာတွေ ကောင်းတယ်။
(၈) လိမ်းဆေးတွေထဲမှာ AHA(alpha hydroxy acids) နဲ့ BHA( beta hydroxy acids) ပါတာတွေ ပြောင်းလိမ်းပါ။ ဒီ chemical လိမ်းဆေးတွေက ဝယ်လို့ရတယ်။ အဆီဂလင်း ဖွဲ့စည်းမှုကို တားဆီးတဲ့ပြင် ဆဲလ်သေတွေကိုပါ ဖယ်ရှားပေးနိုင်တယ်။ ဒီထဲမှာ BHAက ပိုကောင်းတယ်။ သတိပြုရမှာက အဆိုပါလိမ်းဆေးတွေကို တပတ်တကြိမ်ခန့်သာ သုံးသင့်တယ်။
အဆိုပါနည်းတွေအတိုင်း အစဉ်လိုက်ပြုလုပ်ခြင်းဖြင့် ချွေးပေါက်ကျဉ်းပြီး အဆီဂလင်းတွေ လျှော့ပါးသက်သာစေမှာဖြစ်ပါတယ်။ လူတိုင်း ဝက်ခြံ၊ အမာရွတ် ကင်းစင်ပြီး လှပချောမွေ့တဲ့ မျက်နှာလေးများ ပိုင်ဆ်ိုင်နိုင်ကြပါစေ။
(ဒေါက်တာ အေးမင်းထူး၏ပိုစ့်ကို ကူးယူဖော်ပြကြောင်း လေးစားစွာခရက်ဒစ်ပေးအပ်ပါသည်)
01/12/2020
✨လွယ်လွယ်ကူကူကိုယ်အလေးချိန်ကျစေပြီးကျန်းမာသွယ်လျလာတာကိုမျက်ဝါး
ထင်ထင်မြင်တွေ့နိုင်ပါပြီ✨
🏮ရိုးရာတရုတ်ဆေးပညာအရသရက်ရွက်နဲ့အစာအိမ်တို့ဟာခန္ဓာကိုယ်ရဲ့အခြေခံ
အုတ်မြစ်လို့ဆိုကြပါတယ်...
🏮ကျန်းမာသောအစာအိမ်နဲ့အူလမ်းကြောင်းဟာအဟာရများကိုစုပ်ယူနိုင်ပြီး
ဝမ်းဗိုက်၊ အူလမ်းကြောင်းနဲ့ခန္ဓာကိုယ်ထဲရှိသွေးတို့ကိုအာဟာရဖြစ်စေနိုင်ပါ
တယ်...
🏮အူလမ်းကြောင်းကို probiotics လွှမ်းမိုးသွားသောအခါလူ့ခန္ဓာကိုယ်ဟာ
အဆိပ်အတောက်လျော့နည်းစေပြီးအညစ်အကြေးများကိုစွန့်ထုတ်ရန်လွယ်ကူ
စေပါတယ်...
🏮အစာအိမ်နဲ့အူလမ်းကြောင်းကျန်းမာချင်သူများအတွက် Magic Collagen
Probiotic Solid Beverage + Magic Bird's Nest Collagen ဂျယ်လီကိုနေ့စဉ်
သောက်ပါ...
🏮ကိုယ်အလေးချိန်လျော့ကျခြင်းဟာပိုမိုလွယ်ကူပြီးရလဒ်များကိုသိသာထင်ရှား
စွာမျက်ဝါးထင်ထင်မြင်တွေ့နိုင်ပါတယ်...
💫Magic Collagen Probiotic Solid Beverage + Magic Bird's Nest Collagen
Jelly တို့ကပေးမယ့်သိသာထင်ရှားသွယ်လျှစေတဲ့မှော်ဆန်တဲ့အလှတရား💫
26/11/2020
🤔အသားအရေလေး လှအောင် လုပ်မယ်လို့ စဉ်းစားလိုက်ရင် နေပူမခံရအောင် ကာကွယ်ဖို့ပြီးတာနဲ့ ခေါင်းထဲမှာ ပေါ်လာတာ တစ်ခုက ကော်လာဂျင်သောက်မယ်ပေါ့။ ကော်လာဂျင်သောက်ရင် အသားလေးလှလာမှာပဲလို့ တွေးမိတယ်ကြတယ်ဟုတ်။
🤔လူမှုကွန်ယက်ခေတ်ကြီးမှာ ကော်လာဂျင်နဲံ့ပတ်သက်ပြီး ပုံစံမျိုးစုံထွက်ရှိနေတာ မြင်တွေ့ကျရမှာပါ။ Brand မျိုးစုံလဲထွက်ရှိကျပါတယ်။
ရွေးရခက်တဲ့ခေတ်ကြီးမှာ Magic Collagen ကိုရွေးချယ်ကြည့်ဖို့အကြံပြုပါတယ် ဘာလို့လဲဆိုတော့ ..
👍ပင်လယ်နက်ပိုင်းကရရှိသော သေးငယ်သောပင်လယ်နက်ငါးမျိုးစိတ်မှ ထုတ်ယူထားသောကော်လာဂျင်ပါဝင်ခြင်း
👍 သဘာဝဆေးဘက်ဝင် သစ်သီးဝလံနှင့်အပင်များမှ ထုတ်ယူထားသောကော်လာဂျင်ပါဝင်ခြင်း
ဒါတင်မကပါဘူးProbiotics အကျိုးပြုဘတ်တီးရီယားလေးတွေကြောင့်အူလမ်းကြောင်းတလျှောက် ခန္ဓာကိုယ်ရဲ့ အစာခြေစနစ် ကနေစလို့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ စိတ်ကျန်းမာရေးအတွက်ပါအကောင်းဆုံးထောက်ပံ့ပေးတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ ကျန်းမာပျော်ရွှင်နေစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။
MagicMyanmar နဲ့အတူ အသားအရည်ကိုထိန်းသိမ်းပြီး ၊ ဝက်ခြံကင်းစင် ကျန်းမာပျော်ရွှင်ကျပါစေရှင့် .. 💜💜
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon