Review by Hazel
Your personal consultant
ဖောက်ပါပီ😬
ကံအဆိုးဆုံးလောက်သွားကျတယ်🥴
26/07/2025
Johnson Aroma Lotion တွေရဲ့ အနံ့ကတဂယ်ကိုအသက်နော် ပထမထွက်တဲ့ အပြာနဲ့ အဝါလေးတုန်းကလဲ အနံ့အရမ်းကောင်းတာ
ခုအသစ်ထွက်တဲ့ Lavender နဲ့ peach ကလဲ အနံ့ရှယ်good အီတဲ့မူးတဲ့အနံ့ တစ်စက်မှကိုမရဘူး
အနံ့နှစ်ခုလုံးကိုကြိုက်လွန်းလို့ reviewလာရေးတာ😁
Lavender က lavender ပန်းရယ် chamomile ရယ်ပေါင်းထားတာမို့လို့ ပန်းနံ့ကိုမှသင်းသင်းမွှေးမွှေးလေးကွယ် relax and calm vibe ကိုရတယ်
Peach က လုံးဝpeach အလုံးလိုက်ကနေရတဲ့အနံ့လေးလိုမျိုး ချိုချဉ်ကိုမှ ပြေပြေလေးအနံ့လေးကစိတ်ကြည်ပြီးလန်းတယ်
အနံ့နှစ်ခုလုံးက ရေချိုးပြီးသားလူလိုပဲclean, calm and fresh အနံ့တွေ အရမ်းကြိုက်ပဲ😁
Peach လေးက day အတွက် Lavender လေးက nightအတွက် okပဲ
အသားရေစိုအိပြီး ပြောင်သွားတာတော့ ပုံထဲမှာသာကြည့်တော့😁
Peach တို့ lavender တို့ ကြိုက်တဲ့သူတွေဆို should buyပါ အနံ့လေးကိုခံစားနေရတာနဲ့တင် Hazel အတွက်တော့တန်နေပီ
Note : Hazelရတဲ့ အနံ့နဲ့ feeling အတိုင်းရေးထားတာပါနော်✌🏻
Vaseline Dry Serum Sale ချနေတာ တွေ့လို့ reviewလေးတင်ပေးလိုက်ပါတယ်နော် normal skin နဲ့အသားရောင်ညီသွားတဲ့ အချိန်ကျရင် before and after ထပ်တင်ပေးမယ်နော်😘
3ce Hazy Clay Lipstick လေးတွေမှာပြီးကြပီလား
Swatch photoတွေကတအားလှတာနော်
ဒါမဲ့အရောင်အမှန်သိချင်ရင် YouTube တို့ Tiktokတို့မှာ 3ce Hazy Clay Lip လို့အရင်ရှာပြီး colorတွေကြည့်ပြီးမှ ကိုယ့်စိတ်ကြိုက်color ကိုရွေးဝယ်ကြနော်
Hazel ရှာကြည့်တာ အပြင်အရောင်တွေလဲအရမ်းလှပါတယ်
Color ထက် အသစ်မို့လို့စမ်းသုံးကြည့်ချင်တာဆိုရင်လဲဝယ်ကြည့်သင့်တယ်နော်
3ce ရဲ့Texture ရော packaging ရောကအရင်ထဲကပြောစရာမလိုအောင်မိုက်တဲ့အပြင် အခုနောက်ပိုင်း product အသစ်တွေကို အရင်productတွေထက် အများကြီး သေချာ upgrade လုပ်ပြီးမှ lunch လုပ်ထားပုံရတယ်❤️
02/09/2023
Hello🙆🏻♀️ ဒီနေ့review အသစ်လေးတစ်ခုတင်လိုက်ပါပြီ
နာမည်ကြီးနေတဲ့ Shi Mang Perfume လေးအကြောင်းပါစာလေးတော့နည်းနည်းရှည်သွားတယ်
အနံ့လေးတွေအရင်ပြောပြမယ်နော်
Toffee - vanilla ice cream စားနေရသလိုအနံ့လေး ချိုချိုမွှေးမွှေးလေးကိုမှ lemonအနံ့လေးနည်းနည်းပါသလိုထင်ရတယ်
Scent of Tea - Elizabeth Ardenရဲ့ Green tea perfumeနံ့နဲ့ချွတ်စွပ်တူတယ် ချိုချဉ်နံ့တွေအီတဲ့နံ့တွေလုံးဝမဟုတ်ပဲ aromatherapy vibeလေးရတယ်
Peach - peach နံ့လေးရော lemonနံ့လေးရော ရတယ် လူငယ်တွေနဲ့ပိုလိုက်တယ် တက်ကြွစေတဲ့အနံ့လေး
Milk - တဂယ့်ကိုcookiesနံ့လေး ကိုက်စားချင်စရာအနံ့လေးမိုက်တယ်
Hazel ရေမွှေးတွေဆို freshဖြစ်တာပဲအသုံးများပေမဲ့ ဒီတစ်ခါတော့ Tuffee နဲ့ Milk cookieနံ့လေးကိုတအားသဘောကျနေပီ ဖြန်းပြီးကိုယ့်ကိုယ်ကိုတောင်ကိုက်စားချင်သွားတယ်😁
သူ့ကိုlong lastingဖြစ်တာနဲ့ပတ်သက်ပြီးနာမည်ကြီးတယ်လဲပြောကြသလို အနံ့က 1နာရီတောင်မခံဘူးလို့လဲပြောကြလို့ Hazel ဒီနေ့ပစ္စည်းရောက်ရောက်ချင်းအနံ့4မျိုးလုံးထုတ်ဖြန်းပြီးစမ်းလိုက်တယ်
အရင်ဆုံးပြောပြချင်တာက EDCပါ EDC ရဲ့သဘောသဘာဝက အနံ့ 1/2နာရီပဲခံတာ EDP နဲ့ EDTလိုအကြာကြီးမခံဘူး အခုသူလဲ EDC မို့လို့ 2နာရီလောက်ထိပဲ အနံ့ကောင်းကောင်းမွှေးပါတယ် အဲ့နောက်ပိုင်းက 3/4နာရီထိက အနံ့ကရေးရေးလေးပဲရပြီး အကျီမှာပဲကျန်နေတာ ကိုယ့်ကိုလာဖက်ရင်တော့မွှေးမှာပေါ့နော်😁
Hazel မနက်11ခွဲမှာဖြန်းတာ ညနေ1နာရီကျော်လောက်ထိအနံ့ကောင်းကောင်းရသေးတယ် အဲ့နောက်ပိုင်းညနေ6နာရီလောက်ထိက အနံ့သိပ်မရတော့ပဲ ဖြန်းထားတဲ့နေရာမှာပဲအနံ့ရတော့တယ်
ဒါမဲ့ Hazel ကတစ်ချက်ပဲဖြန်းထားတာ ဖြန်းဖြန်းချင်းတအားမွှေးတာမို့လို့ တစ်ချက်ပဲဖြန်းလိုက်တာ
ဘာပဲဖြစ်ဖြစ် 50ml - 10000တောင်မပြည့်တဲ့ဈေးနဲ့ရထားတာ အရမ်းတန်တာမို့လို့ မမွှေးတော့ဘူးထင်ရင်ထုတ် ထုတ်ပြီးသာဖြန်း
ဒါမဲ့လေ alcohol freeလို့သူတို့description မှာရေးထားပေမဲ့ ဖြန်းဖြန်းချင်း 3-5စက္ကန့်လောက်ထိ သူ့original အနံ့ရယ်alcohol နံ့ရယ်ပူးပြီးထွက်လာတယ် ဒါမဲ့ပြီးရင်alcohol နံ့ကပျောက်သွားတာမို့လို့ စိတ်ပူစရာတော့မရှိဘူး
ဈေးက ပေါပေမဲ့ အနံ့4မျိုးလုံးကတော့ ပေါင်ချောင်ကောင်းအနံ့တွေတစ်ခုမှမထွက်ဘူး အမှန်အတိုင်းပြောရရင် သူ့ဈေးနဲ့ ဒီလောက်အနံ့တွေမိုက်မယ်လို့မထင်ထားခဲ့ဘူး
EDC မို့လို့နာရီများစွာအနံ့မခံလဲ 2နာရီလောက်တော့ခံတာရယ် သူ့အနံ့တွေကအရမ်းမိုက်တာရယ် ဈေးကအရမ်းကိုမှတန်တာရယ်ကြောင့် ဝယ်သုံးကြည့်သင့်ပါတယ်နော်
Hazel လုံးဝအာမခံနိုင်တာတစ်ခုက အနံ့လေးတွေအရမ်းကောင်းတာပါ Hazelတော့ Peach အနံ့လေးကလွဲရင် ကျန်တဲ့3ခုလုံးသဘောကျလို့ အမြဲစွတ်ဖြစ်နေတယ်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon