Summer Gorgeous

Summer Gorgeous

Share

Fair Price & Gorgeous Service For My Customers �

Photos from Summer Gorgeous's post 29/04/2022

Blue ​လေး Instock 💙

26/04/2022

#အမျိုးသမီးဓမ္မတာလာခြင်း_ရာသီသွေးဆင်းခြင်း
အစကမရေးဘဲနေမလို့ပါပဲ။
ဒါမဲ့အငြင်းပွားတာတွေများလာလို့။
!စာရှည်ပါတယ်။သိချင်မှဖတ်ပါ။!

ရာသီလာတယ်ဆိုတာ………
သားအိမ်နံရံတွေပြိုကျခြင်းလို့ သင်ခဲ့ရပါတယ်။
အမျိုးသမီးတစ်ယောက်အပျိုစဖြစ်ပြီးဆိုရင်သားအိမ်ဖွံဖြိုးလာပါတယ်။
လိင်ဆက်ဆံဖို့နဲ့သန္ဓေတည်ဖို့ထိုအမျိုးသမီးကအဆင်သင့်ဖြစ်ပါပြီ။
ရာသီသွေးဆင်းရတဲ့အကြောင်းကတော့ သားအိမ်နံရံပါကပ်တွယ်စရာ
သားလောင်းမရှိလို့ပဲဖြစ်ပါတယ်။တစ်နည်းအားဖြင့် ကိုယ်ဝန်မရှိလို့။
ထို့ကြောင့်သားအိမ်နံရံတွေပြိုကျရခြင်းပဲဖြစ်ပါတယ်။

1 လက္ဖက္စားလို့ရလား?
စားလို့ကတော့ရပါတယ်။(မသေနိုင်ပါဘူး)
လက်ဖက်ထဲမှာပါတဲ့CAFFINEဆိုတဲ့ဓာတ်က
ရာသီသွေးစီးဆင်းရာလမ်းကြောင်းကိုတော့ နာကျင်စေနိုင်ပါတယ်။
အဲ့ဒါကြောင့် လူကြီးတွေက လက်ဖက်သုပ်မစားဖို့တားကြတာပါ။
tea,coffee မသောက်တာအကောင်းဆုံးပါ။
နာကျင်မှုကိုခံနိုင်ရင်တော့သောက်ပေါ့။

2 Sugar,Salt?
တစ်ချို့ဆရာဝန်ကတားပင်မဲ့တစ်ချို့ကတော့မတားပါဘူး။
သကြားနဲ့ဆားက ပုံမှန်အနေထားလောက်စားတာကိစ္စမရှိပင်မဲ့
periodအတွင်းအလွန်အကြူးစားသုံးမိရင်
ဆီးချိုနဲ့သွေးတိုး ဖြစ်စေနိုင်ချေများလို့ပါ။
အများအပြားစားရင် အသက်အန္တရာယ်စိုးရိမ်ရပါတယ်။
အအေးလည်းသောက်လို့ရပါတယ်နော်။
မသောက်ခိုင်းကြတာက အအေးအများစုသည်ချိုလို့
အဲ့အပြင် အေးနေတဲ့အရည်တွေက ဗိုက်အောင့်တတ်လို့ပါ။

3 ပြေးလို့ရလား?
ဒါကတော့ရှင်းရှင်းလေးပါ နေရာလွဲသွားမှာစိုးလို့ :")
ပြေးလို့ရပါတယ်။ဒါမဲ့ ပုံမှန်မိန်းကလေးတစ်ယောက်ဟာ
ရာသီလာနေချိန်ဆိုရင် ပင်ပန်းတတ်ပါတယ်။
တစ်ချို့မိန်းကလေးတွေကတော့ ရောဂါတစ်ခုသဖွယ်နာကျင်ကိုက်ခဲ၏။
Padဆိုတဲ့ဂွမ်းထုတ်တွေမပေါ်ခင်က ထဘီအစုတ်လေးခေါက်ပြီး
သုံးခဲ့ရတဲ့အတွက်လူကြီးတွေကမပြေးခိုင်းတာပါ။
သို့သော် အခုpadသုံးထားရင်တောင်ကျပ်နေတဲ့underwearနဲ့မှ
ပြေးလို့အဆင်ပြေပါလိမ့်မယ်။အပေါ်ကပြောထားသလိုပဲ
နေရာလွဲသွားမှစိုးလို့ပါ

4 ခေါင်းလျှော်ခြင်း ရေချိုးခြင်း?
တစ်ကိုယ်ရေသန့်ရှင်းရေးကတော့နေ့တိုင်းလုပ်သင့်ပါတယ်။
အထူးသဖြင့်periodကာလမှာပေါ့။အချိန်အခါနဲ့အခြေအနေအရ
ရေချိုးလို့လည်းရပါတယ်။ခေါင်းလျှော်လို့လည်းရပါတယ်။
ဒါမဲ့ အရမ်းအေးတဲ့ဒေသတွေ နှင်းအမြဲကျတဲ့ဒေသမှာနေတဲ့
မိန်းကလေးများအဖို့ကတော့ ရေမချိုး ခေါင်းမလျှော်တာအကောင်းဆုံးပါ။
အဓိက အကြောင်းအရင်းရယ်တော့မရှိဘူး။
သွေးခဲတတ်လို့ပါ။ရေမချိုးလည်းသေမသွားဘူးလေနော်။
ရာသီသွေးရပ်တန့်သွားခြင်း သွေးခဲသေခြင်း ဖြစ်တတ်၏။

5 ရာသီသွေးကသန့်စင်လား?
ဒါကအဓိကပြောပြချင်နေတဲ့အရာ!တစ်ချို့သောနိုင်ငံမှလူများနဲ့
မြန်မာနိုင်ငံရဲ့လူ၉၉ရာခိုင်နှုန်းသည် ရာသီသွေးကို ရွံတတ်ကြပါတယ်။
သွေးပုတ် သွေးညံံ့လို့လည်းခေါ်ကြသလို။
တစ်ချို့ဆို ရာသီလာရင် အခန်းပြင်တောင်ပေးမထွက်တဲ့အိမ်တွေရှိပါ၏
သန့်စင်လားမသန့်စင်လားမပြောခင် ဘာလို့ရွံကြရတာလဲ?
ရာသီလာနေတဲ့မိန်ကလေးတစ်ယောက်ကို ရွံစရာအကြည့်တွေနဲ့
ကြည့်တယ်။ (မသိရင် ပြစ်မှူကြီး ကျူးလွန်ထားသလိုပဲ)
ဘာလို့ရွံကြတာလည်းဆိုတော့ အဲ့သွေးဟာ အမျိုးသမီးအင်္ဂါထဲမှ
ထွက်လာခြင်းဖြစ်လို့ပါ။❗️စာများအနည်းငယ်ရိုင်းမည်။❗️
သေချာစဉ်းစားကြည့်ရင့် မြင့်မြတ်လှပါတယ်ဆိုတဲ့ ယောကျာ်းတွေတောင်
အဲ့ထဲကထွက်လာကြတာလေ။ပုံမှန်အချိန်ဆိုပေါင်ကြားထဲခေါင်းစိုက်နေကြတဲ့ကောင်တွေက
ရာသီလာတာကို မတူသလိုမတန်သလို ရွံရှာပြောနေကြတယ်။
ဘုရင်ဆိုလူတောင်တဲ့ပလ္လင်ပေါ်ထိုင်ဖို့ အဲ့ထဲကမွေးလာရတာ။
ဒါကိုဘာလို့ရွံကြရတာလည်း အဲ့Logicကြီးလည်းပြင်ကြဦး။
မေးခွန်းကိုပြန်သွားရင် သန့်စင်ပါတယ်။
သွေးထဲမှာ ရောဂါပိုးမရှိမခြင်း ရာသီသွေးဟာသန့်စင်ပါတယ်။
လက်မောင်းကဖောက်ထုတ်လိုက်တဲ့သွေးနဲ့ရာသီသွေးက
တူညီစွာသန့်ရှင်းပါတယ်။

6 ဘာကြောင့်နံရတာ ဘာကြောင့်သွေးတွေညိုသွားရတာ?
နံပြီးညိုနေလို့ သွေးပုတ်တွေလို ရှေးမြန်မာတွေကယူဆခြင်းဖြစ်သည်။
ညိုရတဲ့အကြောင်းက သွေးဆိုတာလေနဲ့ထိရင်ညိုပါတယ်။
(မယုံရင် ဓားယူပြီးလက်ကိုလှီးလိုက် ၅မိနစ်ပဲစောင့် ညိုလာလိမ့်မယ်)
သွေးလှူတဲ့သွေးကဘာလို့မညိုလည်းဆိုတော့ အဲ့သွေးတွေကပြင်ပက
လေနဲ့မထိတွေ့ခင်မှာလေလုံအိတ်ထဲရောက်သွားလို့ပါ။
နံတာကတော့ ပြင်ပမှာရှိတဲ့Bacteriaတွေနဲ့ထိတွေ့သွားလို့ပါ။
ရာသီသွေးစဆင်းတာနဲ့ Padအသစ်လည်းထားတာတောင် နံနေရင်
Vaginaနဲ့pussyမှာbacteriaတွေရှိနေလို့။
ဆရာဝန်နဲ့ပြသင့်ပါတယ်။Padတစ်ခုဟာ ၄နာရီပဲအသုံးခံပါတယ်။
ထို၄နာရီအတွင်း ဆိုးဝါးစွာနံနေရင် သွေးထဲပါ ရောဂါပိုးရှိနေလို့ပါ။
၄နာရီကျော်မှနံလာရင် ဒါဟာ ပြင်ပလေနဲ့ထိတွေ့ပြီးတဲ့အပြင်
padက မသန့်ရှင်းတော့လို့ပါ။

ကိုယ်ဝန်ရှိတယ်ဆိုတာ အဲ့လိုတစ်လတစ်ခါ ဆင်းရမဲ့သွေးတွေက
မဆင်းတော့ပဲ သားအိမ်ထဲမှာပဲကလေးတစ်ယောက်ဖြစ်လာတာပါ။တစ်နည်းအားဖြင့်စဉ်းစားရင်ကလေးဆိုတာရာသီသွေးနဲ့ဖြစ်တည်လာတာ

❗️ရာသီသွေးကသွေးပုတ်တွေပါဆိုပြီး ရွံနေရင်
အဲ့သွေးတွေနဲ့ဖြစ်တည်လာခဲ့တဲ့ ကွကိုလည်းရွံ့လိုက်ပါ။

✍️မူရင်းရေးသားသူ Dr. Min Min Thway အား ကျေးဇူးဥပကာယ တင်အပ်ပါသည်။

19/04/2022

(Emergency contraceptive pill)✅✅✅
=====================================

✅အရေးပေါ်သန္ဓေတားဆေးဆိုတာ ဘာလဲ❓

မတော်တဆ အကာအကွယ်မဲ့ အတူနေမိပြီးသွားတဲ့အချိန်မှာ သောက်ရတဲ့ ဆေးကဒ်ဖြစ်ပါတယ်။ ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်းသာ ပါ၀င်ပါတယ်။ (နှစ်မျိုးပါတဲ့ ဆေးကဒ်လည်း ရှိပါသေးတယ်၊ ဒါပေမယ့် အသုံးများတာက တစ်မျိုးပါဆေးကဒ်တွေ ဖြစ်ပါတယ်)
တချို့ဆေးကဒ်တွေက ဆေးလုံးနှစ်လုံးပါ၀င်ပြီး ခုနောက်ပိုင်းမှာတော့ ဆေးလုံးတစ်လုံးတည်း ပါ၀င်တဲ့ဆေးတွေလည်း ရှိနေပါပြီ။

✅အလုပ်လုပ်ပုံ

ကိုယ်၀န်ရတယ်ဆိုတာ အမျိုးသမီးခန္ဓာကိုယ်ထဲက မမျိုးဥနဲ့ အမျိုးသားဆီက သုက်ပိုးနဲ့ ပေါင်းစပ်မိတဲ့အခါ ဖြစ်လာတာပါ။ ဒီဆေးကတော့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ မမျိုးဥမကြွေအောင် လုပ်ပေးနိုင်သလို၊ ကြွေတာကိုလည်း နှေးကွေးစေပါတယ်။ ဒီနည်းလမ်းနဲ့ ကိုယ်၀န်မရအောင် တားပေးပါတယ်။

✅ ဘယ်လိုအသုံးပြုရတာလဲ

ဒီဆေးကို အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး နာရီ ၁၂၀ (၅ရက်) အတွင်း သောက်ဖို့ လိုပါတယ်။ နာရီ ၁၂၀ ဆိုပေမယ့် စောစောသောက်လေ ကောင်းလေပါပဲ။
အရင်ကတော့ ဆေးလုံးနှစ်လုံးပါတဲ့ ဆေးကဒ်တွေဆို ပထမတစ်လုံးသောက်၊ ၁၂ နာရီခြားပြီးမှ နောက်တစ်လုံးထပ်သောက်ခိုင်းပါတယ်။ ခုနောက်ပိုင်းမှာတော့ နှစ်လုံးစလုံးကို တစ်ပြိုင်တည်း သောက်ခိုင်းပါတယ်။ ဒီတော့ ဒုတိယတစ်လုံးသောက်ဖို့ မေ့သွားတယ်ဆိုတာမျိုး မရှိတော့ဘူးပေါ့။
တစ်လုံးတည်းပါတဲ့ ဆေးကဒ်ဆိုရင်တော့ အဲဒီတစ်လုံးတည်း သောက်လိုက်ရင် ရပါပြီ၊၊

ဟော်မုန်းပမာဏများတာမို့ အန်တတ်ပါတယ်။ ဆေးသောက်ပြီး ၂နာရီအတွင်း အန်ထွက်တယ်ဆိုရင်တော့ ထပ်သောက်ရပါမယ်။ အဲဒါကိုမှ ထပ်အန်နေတယ်ဆိုရင် အအန်ပျောက်ဆေးနဲ့တွဲပြီး သောက်လို့ရပါတယ်။

✅ထိရောက်မှု

ပုံမှန်အသုံးပြုလို့ရတဲ့ သားဆက်ခြားနည်း မဟုတ်တာကြောင့် အသုံးပြုပြီး တစ်နှစ်အတွင်း အမျိုးသမီးဘယ်နှယောက် ကိုယ်၀န်ရနိုင်တယ် ဆိုတာမျိုး ပြောလို့မရပါဘူး။
ပြောလို့နိုင်တာကတော့ ကိုယ်၀န်ရနိုင်တဲ့ရက်တွေမှာ ဆက်ဆံမိတဲ့ အမျိုးသမီးအယောက်(၁၀၀)မှာ ဒီဆေးကို မသောက်ဘူးဆိုရင် (၈)ယောက် ကိုယ်၀န်ရနိုင်ပြီး သောက်လိုက်မယ်ဆိုရင်တော့ (၁)ယောက်ပဲ ကိုယ်၀န်ရနိုင်ပါတယ်။
စောစောသောက်လေ ထိရောက်မှုပိုကောင်းလေ ဖြစ်ပါတယ်၊၊

(၁၀၀)မှာ (၁)ယောက်ဆိုတော့ ရုတ်တရက်ကြည့်လိုက်ရင် ထိရောက်မှုကောင်းတယ် ထင်ရပေမယ့် တခြားသော သောက်ဆေး၊ ထိုးဆေး၊ ပစ္စည်းထည့်တာတို့လို သားဆက်ခြားနည်းတွေနဲ့ ယှဉ်လိုက်ရင်တော့ ထိရောက်မှုနည်းတာကို တွေ့ရ့ပါတယ်။ ဒါကြောင့်လည်း ❌ဒီနည်းလမ်းကို ပုံမှန်သားဆက်ခြားနည်းတစ်ခုအနေနဲ့ အသုံးမပြုသင့်တာပဲ ဖြစ်ပါတယ်။❌

✅အားသာချက်တွေက ဘာတွေလဲ

✔️ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုတွေမှာ သုံးလို့ရတယ်။ ဥပမာ အဓမ္မပြုကျင့်ခံရတဲ့အခါ၊ အိမ်ထောင်သည်တွေ ဘာသားဆက်ခြားနည်းမှ မသုံးရသေးချိန်မှာ အတူနေမိတာ၊ ကွန်ဒုံးသုံးရက်နဲ့ ပေါက်ပြဲသွားတာ၊ သုက်ရည်ကို အပြင်မှာ စွန့်ထုတ်ဖို့ နောက်ကျသွားတာ၊ နောက်ပြီး ချစ်သူရည်းစားတွေ မတော်တဆ ချစ်နယ်ကျွံမိတာမျိုးတွေမှာ သုံးလို့ရပါတယ်။

✔️ မတည့်တဲ့ အမျိုးသမီးရယ်လို့ မရှိဘဲ ဘယ်သူမဆို အသုံးပြုလို့ ရပါတယ်။

✅အားနည်းချက်တွေက ဘာတွေလဲ

❌ အတူမနေခင် ကြိုတင်အသုံးပြုပြီး ကာကွယ်ထားလို့ မရပါဘူး။ အတူနေပြီးသွားမှသာ သောက်လို့ရတယ်။

❌ တခြားသားဆက်ခြားနည်းတွေနဲ့ ယှဉ်ရင် ထိရောက်မှုနည်းတယ်။ ဒါကြောင့် ပုံမှန်သားဆက်ခြားနည်းအနေနဲ့ စွဲသုံးလို့မရဘူး။

❌ အဓမ္မအကျင့်ခံလိုက်ရတယ်ဆိုရင် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရနိုင်ချေ ရှိပါတယ်။ ဒီဆေးက အဲဒီရောဂါတွေကိုတော့ ကာကွယ်နိုင်မယ် မဟုတ်ပါဘူး။

✅ ဘေးထွက်ဆိုးကျိုး ဘယ်လိုရှိလဲ

ဆေးသောက်ပြီးစ (၂)ရက်လောက်မှာ သွေးနည်းနည်းဆင်းတာ၊ ပုံမှန်ရာသီပေါ်ရမယ့်ရက်ထက် စောပြီးပေါ်တာ၊ ဒါမှမဟုတ် နောက်ကျသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

နောက်ပြီး ဟော်မုန်းပါတဲ့အတွက် ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်တယ်။ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ၊ ပျို့အန်တာ၊ ရင်သားတွေတင်းပြီး နာတာ၊ ဒါတွေဖြစ်နိုင်ပါတယ်။

✅မသုံးစွဲသင့်သော အခြေအနေများ

ဒီဆေး မသောက်သင့်တဲ့ အမျိုးသမီးရယ်လို့ မရှိပါဘူး။ ဘယ်သူမဆို အသုံးပြုလို့ ရပါတယ်။

✅လွဲမှားတဲ့ အယူအဆများ

✔️ (၅)ရက်အတွင်း သောက်လို့ရတယ်ဆိုပေမယ့် စောစောသောက်လေ ကောင်းလေပါပဲ။ ဒါကြောင့် ဆေးသောက်ဖို့ကို အချိန်ဆွဲမနေသင့်ပါဘူး။

✔️ တချို့ကလည်း မေးတတ်ကြတယ်၊ ဒီဆေးကို တစ်လ ဘယ်နှကြိမ်အများဆုံး သုံးလို့ရသလဲ တဲ့။

ဒီဆေးဟာ အရေးပေါ်အခြေအနေအတွက်ပဲ အသုံးပြုရတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်လ ဘယ်နှကြိမ်အများဆုံးသုံးလို့ရတယ် ဆိုပြီး တိတိကျကျ ပြောထားတာ မရှိပါဘူး။ တကယ်လို့ ကိုယ်က ဒီလိုခဏခဏအရေးပေါ်နေမယ်၊ ဆိုလိုတာက အိမ်ထောင်သည်ဖြစ်ဖြစ်၊ ဒါမှမဟုတ် အိမ်ထောင်တော့မရှိသေးပေမယ့် အိမ်ထောင်သည်လိုပဲ ပုံမှန်ဆက်ဆံမှုရှိနေရင်ဖြစ်ဖြစ် ဒီနည်းလမ်းကို အသုံးမပြုသင့်ဘဲ ဒီထက်ပိုစိတ်ချရတဲ့ သားဆက်ခြားနည်းတခုခုကို ပုံမှန်အသုံးပြုဖို့ လိုပါတယ်။

✔️ဒီဆေးကတော့ ပုံမှန်အသုံးပြုသင့်တဲ့ နည်းလမ်းမဟုတ်ဘဲ အရေးပေါ်အခြေအနေအတွက်သာ ရည်ရွယ်ထုတ်လုပ်ထားတဲ့ ဆေးဖြစ်ပါတယ်။ ဒါကြောင့် မမျှော်လင့်ဘဲ အကာအကွယ်မဲ့ အတူနေမိလိုက်တဲ့အခါမျိုးမှာ ကိုယ်၀န်ရမသွားအောင် ဒီဆေးကို အသုံးပြုလို့ရပြီး၊ ပုံမှန်ဆက်ဆံမှုရှိနေတဲ့ အမျိုးသမီးတွေကတော့ ဒီထက်ပိုစိတ်ချရတဲ့ တခြားသားဆက်ခြားနည်းတခုခုကို အသုံးပြုဖို့ လိုအပ်ပါမယ်။

Credit to ဒေါက်တာဖြိုးသီ

Photos from Summer Gorgeous's post 31/03/2022

၇​ပေ​လေထိုး​ရေကူးကန်

💙မင်မင်လည်း ၀ယ်ရင်း ​7ပေရေကူးကန် (အလျား 7ပေ အနံ 5ပေ) ​လေး​ရောင်း​ပေးမယ်​နော်

Price - 35000 ( ဂျပ်ဘူးခွံပါပါတယ်ရှင့်)

💙ရေကစားချင်တဲ့ သားသားမီးမီးတို့အတွက် ပစ္စည်းကောင်း အထူသားပါ ကစားတဲ့အခါလဲမကျစေဖို့အတွက်အောက်ခြေအဖုလေးလည်းပါပြီး ရေထွက်ပေါက်ပါတဲ့ Qualityကောင်း ရေကူးကန်လေးပါ

💙နောက်နှစ်နောက်နှစ်တွေအတွက်လည်း လေလျော့ပီးခေါက်သိမ်းထားယုံပဲ ။ သယ်ဆောင်ရလွယ်ကူတာမို့ခရီးသွားရင်လည်းအိုကေတော့ သားသားမီးမီးတို့အကြိုက် မိသားစု အကြိုက် လက်ဆောင်ပေးမယ်ဆိုလည်းအဆင်ပြေတယ်နော်

💙မတော်တဆပေါက်ပြဲမိလို့သုံးလို့မရမှာတော့
မပူပါနဲ့နော် 🙌ကော်ဗူးလေးနဲ့ ကပ်ခွာလေးပိတ်လို့ရတယ်နော် 🎀

❗ပါကင်လိုက်​လေး လာတာမလို့ ဗူးခွံတွင်း Error ​လေးပါရင်​တော့ ပြန်မလဲ​ပေးပါဘူးရှင့် ❗

Photos from Summer Gorgeous's post 20/02/2022

Instock again 🎀

17/02/2022

အကြံဇိုးကြီး​တွေ မင်မင် မလုပ်​နော်🤓

ပုံက သူများဟာ🤣

03/02/2022

Omicron ကူးစက်ပါက

1. ဖျားခြင်း ချမ်းတုန်ခြင်း
2. လည်ချောင်းခြောက်ခြင်း /လည်ချောင်း နာ ခြင်း /ချောင်းခြောက်ဆိုးခြင်း
3. ခန္ဓာကိုယ်နဲ့ ကြွက်သားများ ကိုက်ခဲခြင်း
4. မောပန်းနွမ်းနယ်ခြင်း
5. နှာခေါင်းပိတ်ခြင်း /နှာစေးခြင်း
6. ည တွေ အေးမြသောအခန်းတွင်ရှိသော်လည်း ဇောချွေး များ ထွက်ခြင်း
7. အရင် လိုအနံ့ အရသာ ပျောက် ခြင်း သိပ်မရှိသောကြောင့် တုပ်ကွေးလက္ခဏာများ နှင့် ဆင်တူပါသဖြင့် မိမိတွင်ကူးစက်မိပါက သတိမထားမိ လျှင် ဆိုးဝါးသော အဆင့်ကို ရောက် သွားနိုင်ပါသဖြင့် လက္ခဏာများအား မိမိကိုယ် တိုင်သံသယဖြစ်လျှင် နီးစပ်ရာ ဆရာဝန်နှင့် စနစ်တကျ စစ်ဆေး ကုသမှုခံယူပါရန်
တိုက်တွန်း အပ်ပါသည်

Crd: Samitivej Hospital
အထက်ပါအချက်များကို မျှဝေပေး သော
ကူးစက်ရောဂါ အထူးကု ဆရာဝန်ကြီး
Dr. On-Umar Banpamaiအား အထူးပင်ကျေးဇူးတင်ပါသည်

Photos from Summer Gorgeous's post 03/02/2022

Ma:Nyo Soda ​လေး 18500 ပါရှင့် 🎀

30/01/2022

🎀 ​ဟေ့......ယူတို့ ရဲ့ တခြမ်းတို့ အပြည့်တို့ ကျိတ်ခွက်ရှ်တာတို့ ရှိတဲ့ သူ​တွေ SG မ​ပေးလို့ မင်းမဟုတ်တဲ့ အခြားတ​ယောက်ဆီက SG ရသွားလို့ ရင်မှာခံစား သူမမြင်နိုင်တယ်ဆိုပြီး ​ဖြစ်သွားရင် မင်မင်လည်း မ​ပြောတတ်ဘူး​နော် အဲ့တာ​ကြောင့် ကိုယ်က အရင်ဦးထားမှ စိတ်ချရမှာ 😌

အဲ့လို​တွေမဖြစ်ရ​အောင် မင်မင့်ဆီမှာ Suprise Gift ​တွေ လက်ခံ​နေပြီ​နော် 🎀

ရက်အတိအကျ ပို့​ပေးရမယ်ဆို မင်မင်ကို ၅ရက်​နေ့ ​နောက်ဆုံးထားပြီး order တင်​ပေး​နော် 😚

Photos from Summer Gorgeous's post 29/01/2022

💙ခြင်လုံဇကာ လိုက်ကာ (Blue Colour)💙
Price - 4000 ks
🤎Instock🤎

😍ကျန်းမာရေးအတွက် အိမ်တိုင်းတပ်ထားသင့်တဲ့
အလိုလျှောက်ပိတ် သံလိုက် ခြင်လုံလိုက်ကာ (100cmx210cm) size ​လေး ပါရှင့်

💙ခြင်ကိုက်ပါက သွေးလွန်တုတ်ကွေးအန္တာရယ်ကိုစိတ်ပူရတယ်​နော်။ပြတင်းပေါက်ဖွင့်တော့လည်းခြင်ကဝင်၊မဖွင့်ပြန်တော့လည်းလေမရ ပူအိုက်အရမ်းကိုစိတ်ညစ်ရပါတယ် 😥

💙 အိမ်မှာ ကလေးတွေ ရှိတယ်ဆိုရင် ခြင်​ဆေး​ခွေ ထွန်းရင်လည်း အန္တာရာယ်များ မီး​ရေးထင်း​ရေးကလည်းစိုးရိမ်ရဆို​​တော့ ​စျေး​လေးကလည်း သက်သာတဲ့ ခြင်လုံဇကာ လိုက်ကာ​လေး​တော့ ရှိသင့်တယ်​နော်

💙အလင်းပိတ်ပြီးမမှောင်​နေဘူး တံခါးဝင်ထွက်တိုင်း ပိတ်ဖွင့်လုပ်စရာလည်းမလိုဘူး​နော် သံလိုက်လေးပါလို့သူ့အလိုလိုပြန်ပိတ်သွား​တော့ Pet ​လေး​တွေ ​မွေးထားတဲ့ အိမ်​လေး​တွေလည်း တပ်ထားလို့ အဆင်​​ပြေတဲ့ လိုက်ကာ​လေး​နော် 😍

🥰မင်မင့်အိမ်မှာလည်း အခန်းဝင်ပေါက်တွေအကုန်တပ်ပီးအသုံးပြုထားလို့ အဆင်ပြေတယ်ဆိုတာ မင်မင် အာမခံတယ်နော်
မင်မင် တပ်ထားတဲ့ ပုံ​လေးလည်း ထည့်ထား​ပေးတယ်​နော် 💞

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon