Sharing and Caring by Hsu
Life is all about sharing.
Happy 5th Birthday သမီးလေး🩷
24/01/2024
ကျွန်တော်မောင် Zen ၃ လပြည့်ပါပီ ခင်ဗျာ🩵🩵
24/01/2024
Happy 3rd month birthday ပါ သားငယ်လေးရေ🎂🎂
မမကြီးလိုပဲ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာပေးပါနော်🩵🩵
မေမေ့ရင်ထဲအသည်းထဲကချစ်ရပါသော💕💕
14/01/2024
Hello အားလုံးပဲ မင်္ဂလာပါရှင်🙏🏻🙏🏻
🤱ဒီနေ့ကတော့ ကျွန်မရဲ့ breastfeeding journey မှာ မရှိမဖြစ် ပစ္စည်းလေးဖြစ်တဲ့ Nursing bra လေးတွေအကြောင်း sharing လုပ်ပေးမှာပဲဖြစ်ပါတယ်…
🤱ပထမဆုံးပြောချင်တာကကျွန်မအပါအဝင် မေမေတွေအားလုံး baby လေးမွေးလာတဲ့အခါ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးချင်ကြတာချည်းပါပဲ…
🤱မွေးစက၆ လပြည့်တဲ့အထိ မိခင်နို့ တစ်မျိုးထဲတိုက်ကျွေးနိုင်တဲ့ မေမေတွေရှိသလို အကြောင်းအမျိုးမျိုးကြောင့် နို့ဘူးကူခဲ့ရတာလည်းရှိကြတယ်ပေါ့နော်…
🤱ကျွန်မကိုယ်တိုင်လည်း သမီးအကြီးမွေးတုန်းက
working mom ဖြစ်ခဲ့တာတစ်ကြောင်း၊ အချိန်မှန်
နို့ညှစ်ချိန်မရခဲ့တာရယ်၊ stress တွေများခဲ့တာကြောင့် exclusive breastfeeding ပေးဖို့ မတတ်နိုင်ခဲ့ပါဘူး.
🤱ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်မွေးလာတဲ့ ခလေးလေးအတွက် ကျွန်မတို့မိခင်တွေဟာ breastfeeding ပေးနိုင်အောင် အတတ်နိုင်ဆုံး ကြိုတင်ပြင်ဆင်ကြရပါတယ်…
🤱သားလေးမမွေးခင် ကြိုတင်စုဆောင်းခဲ့တဲ့ ပစ္စည်းလေးတွေထဲမှာ ကျွန်မအတွက်တော့ nursing bra ကမပါမဖြစ်ပါ…
🤱တစ်ချို့မေမေတွေအတွက်တော့ nursing bra ဝတ်ရတာမလွတ်လပ်ဘူး ၊ ခလေးနို့တိုက်တဲ့နေရာမှာ မလွယ်ကူဘူးလို့ ပြောကြပေမဲ့ ကျွန်မ အနေနဲ့ nursing bra ကြောင့် ဒီနေ့ဒီစာလေးရေးနေတဲ့အချိန် သားလေး၃ လပြည့်ခါနီးထိ breastfeeding သက်တောင့်သက်သာ ပေးနိုင်ခဲ့တယ်ဆိုလည်းမမှားပါဘူး…
🤱ဒီနေရာမှာ Nursing bra ဝတ်ရခြင်းရဲ့ benefits လေးတွေ အနည်းငယ် ပြောပြပါရစေ…
——————————————————————————-
✅ကြီးထွားလာတဲ့ ရင်သားတွေကို support လုပ်ပေးထားတဲ့အတွက် ရင်သားတင်းပီးနာကျင်တာကိုသက်သာစေပါတယ်
✅ဒါ့အပြင် ရင်သားတွဲကျတာ၊ ပုံပျက်တာကိုလည်း အတိုင်းတာတစ်ခုထိ ကာကွယ်ပေးပါတယ်
✅Bra အတွင်းဘက်မှာ breast pad လေးတွေခံပီးဝတ်လို့ရတဲ့အတွက် နို့ရည်ပန်းထွက်တာ၊ နို့သက်တာကိုထိန်းပေးပါတယ်
✅အပြင်အင်္ကျီနဲ့ ni***es ပွတ်တိုက်မှု မဖြစ်စေတဲ့အတွက် ni**le နာတာ၊ ကွဲတာကိုအထိုက်အလျောက်သက်သာစေပါတယ်
✅တိုက်မဲ့ breast ဘက်ကိုလိုသလို အဖြုတ်အတပ်လုပ်ပီး လုံလုံခြုံခြုံတိုက်လို့ရတာမို့ Public မှာ ဆိုရင်လည်း ရိုးရိုးbra တွေထက် ပိုပီး smart ဖြစ်ပါတယ်…
🤱ဆိုရင် ဆိုးကျိုးကရော ဘာတွေဖြစ်နိုင်မလဲ?
——————————————————————-
🛑ဆိုးကျိုးရယ်လို့တော့မရှိဘူးဆိုပေမဲ့ ရွေးချယ်ထားတဲ့ size က ကျပ်လွန်းတာ၊ Underwired ဥပမာ သံဒေါက်ပါတဲ့ bra မျိုးဝတ်မိရင်တော့ နို့ချောင်းပိတ်တာ၊ ရင်သားယောင်ယမ်းတာတွေဖြစ်စေနိုင်ပါတယ်…
🤱ဘယ်လို nursing bra မျိုးကိုရွေးမလဲ?
——————————————————-
✅စျေးကွက်ထဲမှာ nursing bra အမျိုးမျိုးရှိတဲ့အတွက် မေမေတို့အတွက် သက်တောင့်သက်သာအဖြစ်ဆုံး bra ကိုရွေးချယ်ပါနော်..
✅မကျပ်လွန်း၊ မချောင်လွန်း Polyester မဟုတ်ပဲ Breathable ဖြစ်တဲ့ ချည်သား…
✅နို့တိုက်တဲ့အခါ အလွယ်တကူဖြုတ်ရတပ်ရလွယ်ကူတဲ့ clip ပါတာ…
စတဲ့အချက်လေးတွေစဉ်းစားပီးရွေးချယ်ဝယ်ယူစေလိုပါတယ်…
🤱ဘယ်အချိန်မှာစဝတ်မလဲ?
———————————————
🤰🏻ကိုယ်ဝန်ဆောင်စဉ် ရက်သတ္တပတ် ၆ ပတ်ကစလို့ကျွန်မတို့ မိခင်တွေရဲ့ ရင်သား size ပြောင်းလဲမှုစတင်ပါတယ်…
တစ်ယောက်နဲ့တစ်ယောက် ရင်သားပြောင်းလဲမှုနှုန်း၊ ဝလာတာ ပိန်သွားတာ စတာတွေမတူနိုင်တဲ့အတွက် စဝတ်ရမဲ့အချိန်ကတော့ individualized ပါပဲ..
🤰🏻Nursing bra အများစုက ခလေးမမွေးဖွားခင်ကိုယ်ဝန်မဆောင်ခင်အချိန်ထဲကစလို့ ဝတ်လို့အဆင်ပြေပါတယ်…
⬇️အောက်မှာတော့ ကျွန်မကိုယ်တိုင်သုံးပီး အဆင်ပြေခဲ့တဲ့ bra လေးတွေရော ဝယ်ပီး အဆင်မပြေလို့ မသုံးဖြစ်တဲ့ bra လေးတွေ ကို review လေးပေးထားပါတယ်…
🤱ဒီစာလေးကတော့nursing bra ဝယ်ဖို့စဉ်းစားနေတဲ့မေမေတွေအတွက် အထောက်အကူသေးသေးလေးတစ်ခုဖြစ်ဖြစ် ကူညီပေးနိုင်ဖို့မျှော်လင့်မိပါတယ်ရှင်..
အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ။
🩵ချစ်တဲ့ Mommy Hsu🩵
01/01/2024
☘️1.1.2024☘️
✍️တကယ်တော့ ဒီနေ့လေးဟာ သာမန် နေ့ရက်လေး
တစ်ရက်ပါပဲ…
✍️ရက်တွေ၊ လတွေ၊ နှစ်တွေသတ်မှတ်ခဲ့ကြလို့သာ နှစ်သစ်၊ နှစ်ဟောင်းဆိုပီး အမည်တပ်လိုက်ကြတယ်ဆိုပါတော့…
✍️ထူးခြားတာကတော့ လူအများစုအတွက် ဒီနေ့ဟာ အလုပ်ကိုင်သစ် တွေ လုပ်ကိုင်ဖို့၊ ဘာသာရပ်အသစ်တွေသင်ယူဖို့၊ ပီးခဲ့တဲ့နှစ်မှာ မလုပ်နိုင်ခဲ့တဲ့ မလုပ်ဖြစ်ခဲ့တဲ့ အရာတွေလုပ်နိုင်ဖို့ motivation တွေရတဲ့နေ့၊ စိတ်ညစ်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ စိတ်အလိုမကျမှုတွေ ထားခဲ့ပီး စိတ်သစ် လူသစ်နဲ့ ပြန်လည်စတင်ချင်တဲ့စိတ်တွေဖြစ်လာတဲ့ နေ့သစ်တစ်ရက်ဖြစ်လို့နေတယ်…
✍️ဒါကြောင့်မို့ ကျမအနေနဲ့တော့ ဒီနေ့ကို နှစ်တစ်နှစ်ရဲ့အကောင်းဆုံးရက်လေးတစ်ရက်အဖြစ် သတ်မှတ်ပါတယ်…
✍️ဒါပေမဲ့ ကျမတို့တစ်တွေဟာရက်၊လတွေ
တစ်ဖြေးဖြေး ကုန်ဆုံးလာတာနဲ့အမျှ motivation တွေကျလာမယ် ၊ ဘာလုပ်လုပ်အဆင်မပြေတော့ဘူး၊ အဲတော့ စိတ်ဓာတ်တွေကျလာမယ် စိတ်ညစ်မှုတွေ စိတ်အလိုမကျမှုတွေပြန်လည် စတင်လာပြန်တယ်…
ဒီလိုနဲ့ပဲ သံသရာလည်ရင်းနဲ့ပဲ အချိန်တွေဘယ်လောက်တောင်ကုန်ဆုံးခဲ့ပီးပီလဲ??
✍️အရေးကြီးတာက နေ့ရက်တိုင်းကို နှစ်တစ်နှစ်ရဲ့ ပထမဆုံး နေ့ရက်အဖြစ်သတ်မှတ်ပီး ဖြတ်သန်းနေဖို့လိုတယ်…
ကျမကိုယ်တိုင်လည်း ဒီအချက်ကို မလိုက်နာနိုင်သေးပါ…
🤍ဒီနေ့တော့ ကျမရဲ့အနေနဲ့ သမီးလေးနဲ့သားလေးရဲ့ လိုအင်တွေဖြည့်ဆည်းပေးနိုင်တဲ့ မိခင်ကောင်းတစ်ယောက် ဖြစ်ဖို့ motivation အနေနဲ့ ဒီစာလေးကို ရေးလိုက်ပါတယ်…
🤍ဒီ Page လေးဖွင့်ရတဲ့ အကြောင်းကလည်း မိခင်တစ်ယောက်ရဲ့ နေ့စဉ်ရင်ဆိုင် ကြံုတွေ့နေရတဲ့ အဆိုး အကောင်းတွေကို မျှဝေပေးချင်တဲ့ ရည်ရွယ်ချက်လေးပဲဖြစ်ပါတယ်…
🤍Like & Follow လုပ်ပီး support ပေးကြတဲ့ Account ထဲက မိတ်ဆွေသူငယ်ချင်းများကိုလည်း ကျေးဇူးအထူးတင်ပါတယ်နော်💕💕
21/12/2023
Motherhood is messy.
And challenging.
And crazy.
And sleepless.
And giving.
And still unbelievably beautiful🤍🤍🤍
Click here to claim your Sponsored Listing.
Category
Website
Address
Yangon