Thae Mon - Fairy All Products Distributor

Thae Mon - Fairy All Products Distributor

Share

Fairy Myanmar Products Only Online Shop

22/07/2022

Sunscreen နဲ့ပတ်သက်ပြီးသိထားသင့်သမျှ
**********************************
Sunscreen ဟာ မိန်းကလေး/ ယောက်ျားလေး လူတိုင်းအတွက်အရမ်းအရေးကြီးပါတယ်။

Sunscreen ဘာကြောင့်အရေးကြီးလဲ??
———————————————————
- အမဲစက်၊ တင်းတိတ်တွေ မတက်လာစေဖို့။
- အသားအရည်မညီမညာ ဖြစ်မလာစေဖို့။
- အသားအရည်ပျက်စီးစေတဲ့ နေရောင်ခြည်တိုက်ရိုက်ကျရောက်မှုကိုကာကွယ်ဖို့။
- အရေပြားကင်ဆာဖြစ်မှုနှုန်းလျော့ကျစေဖို့။
- အရွယ်မတိုင်ခင် အိုမင်းမှုလျော့ကျစေဖို့၊ အထူးကာကွယ်ဖို့ အတွက် sunscreen ကိုမဖြစ်မနေလိမ်းဖို့လိုအပ်ပါတယ်။

Sunscreen တွေက အပြည့်အဝ ကာကွယ်နိုင်လား??
-------------------------------------------
- ဘယ် sunscreen မဆို 100% နေရောင်ဒဏ်ကာကွယ်နိုင်တာတော့မရှိပါဘူး။
- ဒါပေမယ့် SPF 50 ဆိုရင် 98% လောက်ကာကွယ်မယ် SPF 30 ဆိုရင် 96% လောက်ကာကွယ်မယ် စသဖြင့်ရွေးဝယ်ရမှာပါ။

Sunscreen ကိုဘယ်လိုရွေးမလဲ??
--------------------------------
Sunscreen က
- gel type
- cream type
- Lotion type
- Spray type
- Stick type စသဖြင့်အမျိုးမျိုးလာကြပါတယ်။

Sunscreen ကိုရွေးတော့မယ်ဆိုရင်..

၁။ ကိုယ် SPF ဘယ်လောက်ပါတာကို လိုချင်လဲ အရင်စဉ်းစားပါ။———————————————————- - - -
- SPF 15 ကနေ 50 ထိက dermatologist တွေ recommend ပေးတဲ့ ပမာဏပါ။
- ကိုယ်က ဘယ်လောက်ထိ ကာကွယ်တာလိုချင်လဲဆိုတာ ဆုံးဖြတ်ပါ။

၂။ ကိုယ်က ဘယ်လို type နဲ့အဆင်ပြေမလဲစဉ်းစားပါ။
——————————————————————
- ကိုယ်သုံးချင်တဲ့ sunscreen type ကိုရွေးပါ။
- ဥပမာ- အဆီပြန်တတ်လား ဒီလိုဆို gel type ကိုသုံးမယ်။
- sunscreen ကိုမှ မိတ်ကပ်သားပါတာမျိုးတခါတည်း လိမ်းချင်လား။
- လွယ်လွယ်ကူကူသယ်သွားရတဲ့ stick type ဘဲရွေးမလား။
- စသဖြင့် ကိုယ်နဲ့သင့်တော်တာကိုရွေးခြယ်ပါ။

၃။ ကိုယ့် budget နဲ့ စိတ်ချရတဲ့ brand ကိုချိန်ပါ။
——————————————————————
- ကိုယ်လိုချင်တဲ့ sunscreen type ရနိုင်တဲ့ brand (စိတ်ချရတဲ့ brand) တွေကိုရှာပါ။
- အဲထဲမှာမှ ကိုယ်သုံးမယ့် budget နဲ့ချိန်ထိုးရွေးခြယ်ပါ။

နောက်ဆုံးသတိထားရမယ့်အရာ‼️
——————————————————
- Sunscreen သုံးထားပြီးပီဆိုတိုင်း
နေရောင်ထဲအချိန်ကြာကြီး မနေသင့်ပါဘူး။
- နေပူကြီးထဲနေမယ်ဆို ၂နာရီ ၃နာရီခြားတခါ sunscreen ကိုပြန်လိမ်းပေးရပါမယ်။
- ကိုယ်က အရိပ် အိမ်ထဲမှာနေတယ်ဆိုရင်လည်း sunscreen မဖြစ်မနေလိမ်းရမယ် ပြန်ထပ်လိမ်းစရာတော့မလိုပါဘူး။
- Sunscreen သုံးထားပြီး ညဖက်အိပ်ရာဝင်တဲ့အခါသေသေချာချာ cleansing လုပ်ဖို့မမေ့ပါနဲ့။
- Sunscreen ဆိုတာ နေ့တိုင်းအင်္ကျီဝတ်သလို နေ့စဉ်အမြဲ လိမ်းရမယ့်အရာဖြစ်ပါတယ်။

Sunscreen ကိုဘယ်လိုလိမ်းမလဲ??
—————————————————-
- သူ့ကို skincare steps တွေရဲ့နောက်ဆုံးအဆင့် မိတ်ကပ် (color products)တွေမလိမ်းခင်လိမ်းရပါမယ်။
- Cream type, Gel type, stick type တွေကိုတော့ မျက်နှာပေါ်တိုက်ရိုက်တင်ပြီး လိမ်းပေးပါ။
- Spray type သုံးမယ်ဆိုရင်တော့ လက်မှာဖြန်းပြီးမျက်နှာကိုပွတ်ပေးရင်ပိုနှံ့စပ်တဲ့ result ရမယ်လို့ recommend ပေးပါတယ်

မိမိအတွက် တစုံတရာ အကျိုးရှိခဲ့မယ်
ကြိုက်နှစ်သက်တယ်ဆိုရင် Share ယူသွားနိုင်ပါတယ်

💜Credit by Original Post💜
ပြန်လည်ကူးယူဝေမျှပါသည်......

21/07/2022

🧡🧡Morning 🧡🧡
🧡အရာရာအဆင်ပြေပီးစိတ်ချမ်းသာသောနေ့လေးတနေ့ဖြစ်ပါစေရှင်🧡

19/07/2022

ဆံပင်နှစ်ခွမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ❓

🥀ဆံသား နှစ်ခွ ပြသနာလေးအတွက် အကြံကောင်းလေး ပေးပါရစေ....

🛑ဘယ်လို အခြေအနေတွေကို ဆံသားပျက်စီးပီး နှစ်ခွ ဖြစ်တယ်လို့ ခေါ်လဲ...

🍂ပြသနာက ဆံပင် အဖျားမှာပါ...
ခေါင်းလျှော်ပီး dryer မှုတ်ပီးတဲ့အထိ ဆံသားတွေက ကောင်းချင်ယောင် ဆောင်နေတာပါပဲ...

🍂ဆံပင်လည်း ခြောက်သွားရော serum တောင် လိမ်းမရတော့ပဲ ဆံပင်အဖျားတွေဟာ ကျွတ်ဆတ်ပီး နှစ်ခွဖြစ်နေတာတွေ ပေါ်လာတော့တာပါပဲ...

🍂အရမ်း ပျက်ဆီးနေတဲ့ ဆံသားတွေဆို အဖျားမှာတင် နှစ်ခွ မဟုတ်တော့ပဲ ဆံပင်သား တစ်ချောင်းချင်းစီတိုင်းမှာ အစ အစလေးတွေ ထွက်လာတဲ့အထိ ပျက်ဆီးလွယ်လာတာပါ....

🛑ဘာကြောင့် ဆံသားတွေဟာ လိုသည်ထပ် ပိုပျက်ဆီးနေတာလဲ...

🌞ပထမဆုံး အချက်ဆို ရာသီအကူးအပြောင်းရယ် / နေရောင် ပြင်းပြင်းရယ်ကြောင့်ပါ...

💨ဒီ့ထက်ပိုပီး ပျက်ဆီးစေခြင်းကတော့
Blow dry အမှုတ်လွန်ခြင်း / ကောက်စက် ဖြောင့်စက်တွေဖြင့် ဆံသားကို တိုက်ရိုက်ထိတွေ့မိစေခြင်း / ဆံသား အရောင်ဆိုးခြင်းကို ခဏ ခဏ ပြုလုပ်မိခြင်းများကြောင့် အဖြစ်များပါတယ်....

🤕နောက်တစ်ခုအနေနဲ့က ဆံသားအဖျားပိုင်းကို လိုအပ်သည့် အဆီပမာဏ မထည့်မိခြင်းကြောင့်လည်း ဆံသား ကျွတ်ဆက်ပီး အဆီဓါတ်ခမ်းခြောက်ကာအဖျား နှစ်ခွ ဖြစ်လာတတ်ပါတယ်....

🛑ဒီလိုနည်းလမ်းလေးတွေ နဲ့ ကုသကြည့်ရအောင်နော်...

အဓိက အားဖြင့်

💇🏻‍♀️ဆံသားကျိုးပဲ့ပျက်ဆီးလွယ်သူများ အနေဖြင့် ဆံပင်အဖျားပိုင်းလေးတွေကို (၁)လ တစ်ကြိမ်လောက်ဖြစ်ဖြစ် အနည်းငယ်တိတိပေးပါ....

🚿ခေါင်းလျှော်ပြီးတိုင်း ပျော့ဆေး ကို မဖြစ်မနေ သုံးပေးပါ...

💯ဒီနေရာမှာ ဆံပင်ပျော့ဆေး (Hair Conditioner) ရဲ့ အခန်း ကဏ္ဍက အရမ်းအရေးကြီးပါတယ်....

များသောအားဖြင့် ဆံပင်ပျော့ဆေးများဟာ ဆံသားကို ပျော့ပြောင်းစေရုံမက ရေဓါတ်အတွက်လည်း အစွမ်းကုန် တာဝန်ယူပေးတတ်ပါတယ်...

💆🏻‍♀️နောက်တစ်ခုက hair mask / hair treatment လို့ ခေါ်တဲ့ပေါင်း
ဆေးပါ....

✌🏼ဆံသားပေါင်းဆေးကိုတော့ (၂) ပတ်တစ်ကြိမ်သုံးပေးနိုင်ပါတယ်...

ဦးရေပြား နှင့် ဆံသားအတွက် လိုအပ်တဲ့ vitamin ပမာဏဖြည့်ပြီးတဲ့အပြင်

🍯ဆံသားကို ပိုးသားလေးလို နူးညံ့တောက်ပြောင်စေဖို့ အဆီဓာတ်ပေးနိုင်မဲ့ Hair Serum (Oil) ကို ခေါင်းလျှော်တဲ့နေ့တွေမှာ အဖျားဆံသားများကို လိမ်းပေးပါ

💁🏻‍♀️ဒီလို ပစ္စည်းကောင်းလေးများကို သေချာစိစစ် ဝယ်ယူမယ်ဆိုရင် အဖျား နှစ်ခွ ပြသနာသာမက အခြားဆံသားထိခိုက်မှုပြသနာများကိုပါ ဖြေရှင်းပီးသား ဖြစ်သွားမှာပါ

#ဆံသားကျန်းမာရေး
#ဆံပင်နှစ်ခွမဖြစ်အောင်ကာကွယ်နည်း

19/07/2022

📌📌ဆံပင်ရှည်မြန်ပီးဆံသားကောင်း
ဆံပင်ကျွတ်သက်သာချင်သူလေးတွေ သဲမွန်သုံးတဲ့ Hair care setလေးသုံးကြည့်နော်🧡🧡🧡

19/07/2022

#အဆိပ်ထုတ်ကာလ(ခေါ်) အကြောင်း

Skin Care အသစ် စသုံးကြည့်လိုက်တယ်။
မျက်နှာမှာ အဆီဖု​တွေ(whiteheads/blackheads) ၀က်ခြံ​တွေ #ကန်ထွက်လာလို့
ဆက်မသုံးဖြစ်​တော့တာ​တွေ ရှိမှာပါ​နော်။
ကိုယ်​စျေးကြီး​ပေးဝယ်ထားရတဲ့ ပစ္စည်း​တွေဆို
အရမ်းကိုနှ​​မြောကြတာပါပဲ​။
အဲ့မှာ တစ်ခု သတိချပ်စရာက Skin Purging ဆိုတဲ့
အ​​ခြေအ​နေ​လေး ရှိပါတယ်။

ပထမဆုံး ပစ္စည်းသစ် စသုံးလိုက်တယ်။
အဲ့ပစ္စည်းမှာ ပါတဲ့ Active Ingredient တစ်ခုခု (especially retinoids, vitamim C, glycolic acid, salicylic acid) သည်
အ​ရေပြားပေါ်က cell ​တွေရဲ့ cell cycle ​​ခေါ်တဲ့
ဇီ၀ရုပ်ဖြစ်စဥ် မြန်​စေပါတယ်။
Cell အ​ဟောင်းအသစ်ဖြစ်တဲ့ Rate
မြန်လာတယ်​ပေါ့​နော်။
( )

Turn Over Rate မြန်လာတာနဲ့ အမျှ
​တွေ ​ကြွေ​တာ ပိုမြန်လာပါတယ်။ ကျန်းမာတဲ့ Cell ​လေး​တွေ မျက်နှာ​ပေါ် မ​ရောက်ခင်
အရင်ရှိ​နေတဲ့ အဆီ​တွေ
အ​ရေပြားလန်တဲ့အဖတ်လေး​တွေဟာ
စု​ပေါင်းပြီးတော့ ​ချွေး​ပေါက်ထဲမှာ သွားစုပိတ်ပါ​တော့တယ်။
ဆို​​တော့ကာ(pimple/whiteheads/blackheads)တွေ
စုပြုံပီး ဘုစိဘုစိ​လေး​တွေ ​ပေါက်လာနိုင်ပါတယ်။
အလုံးအ​ရေအတွက် အမျိုးအစားက​တော့
ကိုယ့် Skin အ​နေအထား​တွေနဲ့ ဆိုင်တာ​ပေါ့​နော်။
#ဒီဖြစ်စဥ်ကို အဆီဖု​တွေ ဝက်ခြံ​တွေ ကန်ထွက်ခြင်း
(Skin Purging) လို့​ခေါ်ပါတယ်။

Skin Purging ဖြစ်တယ်ဆိုတာ
Break out ဖြစ်တယ်
Reacting ဖြစ်​နေတယ် ဆိုတာနဲ့ မတူပါဘူး။
က ကိုယ့်မျက်နှာမှာ
အဖု​ပေါက်​နေကျ​နေရာ​တွေမှာ ​ပေါက်လာတတ်ပါတယ်။
(Breakout က​တော့ ​
ပေါက်​နေကျ ​နေရာမဟုတ်တာ​တွေမှာပါ ​
ပေါက်လာပီး ပြူးပြဲ နီရဲ​ရောင်ယမ်း​နေတာမျိုးပါ)
Purging သည် Break out ဖြစ်တာ​လောက်လဲ
ရက်မကြာဘဲ ပြန်​ပျောက်တယ်ပါတယ်

Purging သည် ၄ပတ်က​နေ ၆ပတ်​လောက်ထိ
ကြာတတ်ပါတယ်
အဲ့ထက်လဲ ​စောတာမျိုး ရှိပါတယ်။
(cell cyle သည် 28 days ရှိတာရယ်
လူတိုင်းရဲ့ ်_Uniqueဖြစ်တာမို့
အချိန်က​တော့ Variable ဖြစ်နိုင်ပါတယ်​နော်)။

ဆို​​တော့ Purging ဖြစ်ခြင်းသည်
ပဲ ဖြစ်ပါတယ်။
ို့အတွက်
ဒါ​လေး​တွေ ​ကျော်ဖြတ်ရပါတယ်တဲ့။
Purging ပီးသွားတဲ့အခါ
မျက်နှာက , and
​လေး ရရှိလာမှာ ဖြစ်ပါတယ်

ဝယ်ထားပီး မသုံးဘဲ ပစ်ထားရတဲ့ ပစ္စည်း​တွေ
သုံးဖို့ ​ပြောတာ ဟုတ်ပါဘူး​နော်။
တကယ် မတည့်တာ​တွေ ရှိပီး
ပြန်သုံးလိုက်မှ ​ဆေးရုံ​ဆေးခန်းပြန်ပြ​နေရမှာ စိုးလို့ပါ။
Skin Purging ဆိုတဲ့ ​လေး
ရှိတယ်ဆိုတာ​လေး Sharing လုပ်တာပါ။

စာ​ရှည်သွားတဲ့ အတွက်​တော့ sorry ပါရှင့်။
🙆🏻‍♀️❣

ူရင်းရေးသားသူ

19/07/2022

မျက်နှာပေါ်က ၀က်ခြံနဲ့ အဆီပြန်တာတွေ ကင်းဝေးဖို့....
မနက်ခင်းဆို Fairy ရဲ့Acene Facial Foam လေးကမရှိမဖြစ်ပဲ 💚

# Fairy SkincareMyanmar
#အမြို့မြို့အနယ်နယ်လက်လီလက်ကားပို့ဆောင်ပေးပါတယ်ရှင်
#အမြို့မြို့အနယ်နယ်မှပြန်လည်ရောင်းချလိုသူများဆက်သွယ်နိုင်ပါတယ်

19/07/2022

🧡🧡 Morning 🌄🌄
သာယာလှပတဲ့နံနက်ခင်းလေးဖြစ်ပါစေရှင့်🧡

17/07/2022

📌📌ဝက်ခြံထွက်လွယ်သူနဲ့ အဆီပြန်သူတွေအတွက်ဆို Facial Foam ကောင်းကောင်းရွေးတတ်ဖို့က အဓိက ပဲနော် 🧡

‼️ဘယ်လောက်ကောင်းတဲ့ Products တွေပဲသုံးသုံး Skincare ဘယ်လောက်လုပ်လုပ် Cleansing သေချာမလုပ်ရင် အလကားပဲမို့ ကိုယ့် Skin Type နဲ့ ကိုက်ညီတဲ့ Facial Foamကို ရွေးသုံးကြပါ နော်🥰🥰🥰

💚14,000 ks 💚
‼️3 ဘူးမှစပြီး လက်ကားစျေးနဲ့ ဝယ်ယူနိုင်ပါပြီ🥰


်ကားကိုယ်စားလှယ်

17/07/2022

🍀🍀 Morning 🍀🍀
သာယာလှပပီးစိတ်ချမ်းသာသောနေ့လေးတနေ့ဖြစ်ပါစေရှင်💚💚

16/07/2022

📌တင်းတိတ် အမဲစက်နဲ့ အသားရေခြောက်သွေ့တဲ့ပြဿနာရှိသူတွေအတွက် သတင်းကောင်း‼️‼️‼️

👉မနက်ထတိုင်းရေတစ်ဖန်ခွက်သောက်ပေးပါ
🌞🌞၁နေ့ကိုရေ 2litre သောက်ပေးပါ

👉တင်းတိတ် နဲ့အမဲစက်တွေအတွက် နေ့စဉ်နေ့တိုင်း UV Suncream နေလောင်ကာ လိမ်းပေးဖို့လိုပါ

👉ရေဓာတ်အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ Skin Care လိမ်းပေးဖို့လိုမယ်

👉နောက်ပြီး အဓိကကျတဲ့ Cleansing ပိုင်းအတွက်ကို မျက်နှာသစ်ဆပ်ပြာကောင်းကောင်းလေးလိုပါမယ်နော်

Fairy Facial Foam ကတော့သုံးဖူးသူတိုင်း review အပြည့်ပါနော် 🥰

🧚‍♀️ Milk Facial လေးကတော့
▪တင်းတိတ်
▪ ဆားဝက်ခြံ
▪ အသားခြောက် တတ်တဲ့သူတွေသုံးပေးသင့်တယ်နော်
▪ နွားနို့နဲ့ပြုလုပ်ထားလို့ မျက်နှာပေါ်မှာ
၃မိနစ်ထားပြီး ဆေးချလိုက်ရင် စိုပြေပြီးမျက်နှာအသားလေးကတင်းတင်းအိအိလေးဖြစ်စေပါတယ်

✅Collagen ပါဝင်တဲ့အတွက်အသားရေကိုတင်းရင်းနုပျိုကျန်းမာစေပါတယ်

မျက်နှာအသားရေလှပကျန်းမာဖို့ဆိုရင်Fairy Milk Facial Foam လေးကိုသတိရလိုက်ပါ💓💓💓

တစ်ဗူး-14000 ks

Photos from Thae Mon - Fairy All Products Distributor's post 16/07/2022

🧡အသားရည်ခြောက်
🧡အသားရည်မဲ
🧡အသားရည်မကြည်သူတွေအတွက်

Fairy Body Serumလိမ်းဖို့မမေ့ပါနဲ့။
တစ်ဘူးနဲ့သိသိသာသာကြည်ပြီးဖြူလာမှာပါ။

ရေမွှေးနံ့မို့ လိမ်းပြီးတစ်ကိုယ်လုံးမွှေးနေတဲ့အပြင်
အခုလိုပူတဲ့ရာသီမှာအေးနေရောပဲ။
၂၅၀gပါတာမို့ တစ်ကိုယ်လုံးအဝအကြိုက်လိမ်းပဲ။
🧡🧡🧡

16/07/2022

မျက်နှာသစ်တဲ့ အခါတိုင်း ရှောင်ကြဉ်ရမယ့် နည်းလမ်း ၇ ခု
(၁) ကိုယ်တိုက်ဆပ်ပြာ မသုံးပါနဲ့
ခြေထောက်နဲ့ လက်တွေကို တိုက်တဲ့ ကိုယ်တိုက်ဆပ်ပြာမှာ အသားအရေကို ခြောက်သွေ့စေတဲ့ Alkaline PH ပါဝင်ပါတယ်။ သင်က နဂိုတည်းက အသားခြောက်တတ်တဲ့သူဆို မျက်နှာမှာ အရေပြား ပြဿနာ ဖြစ်စေတာမို့ သင့်အသားအရည်နဲ့ သင့်တော်တဲ့ မျက်နှာသစ်ဆေးကို ရွေးချယ်သုံးစွဲပါ။
(၂) မျက်နှာကို တအား မပွတ်တိုက်ပါနဲ့
ဆားဝက်ခြံတွေ၊ ချွေးပေါက်တွေ ပျောက်ချင်ဇောနဲ့ မျက်နှာကို အားနဲ့ကုတ်ခြစ်တာက မှန်ကန်တဲ့နည်းလမ်း မဟုတ်ပါဘူး။ Scrub သုံးပြီး မျက်နှာကြေး (ဂျီး) ချွတ်တာမျိုးကို ၁ ပတ်မှာ ၁ ခါလောက်သာ လုပ်သင့်ပါတယ်။ မျက်နှာကို ပွတ်တိုက်တာများတဲ့အခါ အရေးကြောင်းနဲ့ အသားခြောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
(၃) နံနက်ပိုင်းမှာ မျက်နှာသစ်ပါ
အိပ်စက်ခြင်းက သင့်အသားအရေ ဆဲလ်ကို ပြန်လည်အားဖြည့်စေပေမယ့် အညစ်အကြေး၊ အဆီနဲ့ ပိုးမွှား တွေကတော့ ချွေးပေါက်အတွင်းမှာ ပိတ်မိနေနိုင်ပါတယ်။ အိပ်စက်နေတဲ့ ၈ နာရီ အတွင်းမှာ ခေါင်းအုံးက ဖုန်မှုန့်တွေ မျက်နှာမှာ ရှိနိုင်တာကြောင့် အိပ်ရာထတာနဲ့ မျက်နှာသစ်ပါ။
(၄) အရမ်းပူတဲ့ရေ မသုံးပါနဲ့
ရေနွေးနဲ့ မျက်နှာသစ်ခြင်းက အသားအရေအတွက် ကောင်းတာကြောင့် မျက်နှာသစ်မိတယ်ဆိုရင် အရမ်းပူတဲ့ ရေအစား ရေကြက်သီးနွေးလောက်နဲ့ဆို အဆင်ပြေပါတယ်။
(၅) Mask မသုံးခင် မျက်နှာသစ်ပါ
Face Mask သုံးမယ်ဆိုရင် သင့်မျက်နှာက ပြောင်ရှင်းပြီး သန့်ရှင်းနေဖု့ိ လိုအပ်ပါတယ်။ Mask က ဓာတ်တွေ သင့်အသားထဲ စိမ့်ဝင်စေဖို့ မျက်နှာကိုသစ်ပါ။
(၆) မျက်နှာသစ် ဆပ်ပြာနဲ့ မိတ်ကပ် မဖျက်ပါနဲ့
အခုခေတ် မိတ်ကပ်တွေက ရေစိုလည်း မပျက်၊ ချွေးထွက်လည်း မပျက်အောင် ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတာပါ။ မိတ်ကပ်ဖျက်ဆေး မသုံးနိုင်ရင်တောင် Double Cleansing လုပ်ဖို့ မိတ်ကပ်ပညာရှင်တွေက အကြံပြုထားပါတယ်။
(၇) မျက်နှာသုတ်ဖို့ အဝတ် သီးသန့်ထားပါ
ခန္ဓာကိုယ်ကိုသုတ်တဲ့ တဘက်နဲ့ မျက်နှာကို မသုတ်မိအောင် သီးသန့်ထားပါ။ ခန္ဓာကိုယ်က ဘက်တီးရီးယား တွေက သင့်မျက်နှာ အသားအရေကို ပျက်စီးစေပါတယ်။
မျက်နှာမှာ ဝက်ခြံ၊ အဆီဖု ပေါက်နေတယ်ဆိုရင် အသားအရေကို အမှန်တကယ်ပဲ ဂရုစိုက်ဖို့ လိုအပ်နေတာမို့ နည်းလမ်း မှန်မှန်ကန်ကန်နဲ့ မျက်နှာသစ်ပြီး ဝင်းပစိုပြေတဲ့ မျက်နှာလေးရအောင်လုပ်ကြည့်ပါနော်။
ခုလိုနည်းလမ်းလေးတွေတင်ပေးမှာ မို့လို့ pageလေးကိုlikeလေး နှိပ်ထားဖို့လိုမယ်နော်။
Credit Original Writer

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Bayintnaung 12Str
Yangon