Lotus Crystal

Lotus Crystal

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lotus Crystal, Beauty, cosmetic & personal care, Yangon.

Photos from Lotus Crystal's post 15/06/2024

Fary က တကယ် zero ကျပ်ကြီးနဲ့ 😬

ရန်ကုန်မြို့သူမြို့သားတွေ စီးစမ်းပါဗျာ

တစ်လအတွင်း အကြောင်းရေ ၃၀၀၀ free ထဲပါချင်ရင်

WEAREFARY ဆိုတဲ့ promotion ကုတ်နဲ့

မနက် ၇ နာရီကနေ ၉ နာရီအထိ

ညနေ ၄ နာရီကနေ ၆ နာရီအထိ

အကန့်အသတ်မရှိ စိတ်ကြိုက်အမုန်းစီးဗျာ

ချ ချ ကိုယ့်အမျိုးတွေ အလကားကုန်းဆင်းလို့ရအောင်

လက်တို့ပေးတာ 😁

Refer friend code နေရာမှာ အောက်က Code ထည့်ပါ

REF2DBq1Q9ScqIBC

အဆင်ပြေကြပါစေ

26/04/2024

အထိုင်များလို့ ခါးနာ၊ ကျောနာ ဖြစ်နေပြီလား။

အခုနောက်ပိုင်း နည်းပညာတိုးတက်လာမှုတွေကြောင့် အလုပ်တော်တော်များများကို ထိုင်ရာကမထဘဲ လူအများနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်နေပါပြီ။ ဒီလို တိုးတက်လာမှုက တစ်ဖက်မှာ ကောင်းသလို တစ်ဖက်မှာလည်း ဆိုးကျိုးရှိနေပါတယ်။

ဒီလိုပြောရတာက လူသားတွေဟာ အရင်က လမ်းလျှောက်တာ အပါအဝင် သင့်တင့်လျောက်ပတ်တဲ့ လှုပ်ရှားသွားမှု ရှိတဲ့ နေ့စဉ်ဘဝရော အလုပ်ခွင်ကိုပါ ပိုင်ဆိုင်ထားပေမယ့် တိုးတက်လာတဲ့ ဒီဘက်ခေတ်ကြီးမှာတော့ လှုပ်ရှားမှုတွေက တော်တော်လေး နည်းလာပါတယ်။

အရင်က ဓာတ်လှေကားတွေ၊ စက်လှေကားတွေ တွင်တွင်ကျယ်ကျယ် မပေါ်ခင်က လှေကားတက်ရတာလိုမျိုး လှုပ်ရှားမှုကို လုပ်ဆောင်မိပေမယ့် အခုခေတ်မှာတော့ ရုံးတွေ၊ အိမ်တွေက အထပ် ဘယ်လောက်မြင့်မြင့် ချွေးတစ်စက် မထွက်ဘဲ မတ်တတ်လေးရပ်ရင်း ဓာတ်လှေကားပြီး ရောက်သွားကြတာလေ။

အလုပ်ခွင်မှာဆိုလည်း အွန်လိုင်း app တွေကို သုံးပြီး ထိုင်ရာကမထဘဲ တစ်စားပွဲခြားလောက်ကိုတောင် လမ်းမလျှောက်ဖြစ်တော့ဘူးလေ။ ဒီတော့ တိုးတက်လာတဲ့ ဒီဘက်ခေတ်မှာ လူတိုင်း လိုလိုက အထိုင်များတဲ့ နေထိုင်မှုပုံစံကို ကိုယ်တိုင်တောင် မသိလိုက်ဘဲ ပိုင်ဆိုင်နေကြပါတယ်။

အထိုင်များတော့ ဘာဖြစ်လာသလဲ။

တစ်နေ့တာမှာ အထိုင်များတော့ ရေရှည်မှာ

အဝလွန်တာ၊

ဆီးချို၊

သွေးတိုးရောဂါတွေလိုမျိုး နာတာရှည် ကျန်းမာရေး ပြဿနာတွေကို ခံစားရပါတယ်။

လောလောလတ်လတ်မှာတော့ အထိုင်များတာကြောင့်

ခါးနာတာ

နောက်ကျောတွေ အောင့်တာ

ခြေထောက်တွေ ကိုက်ခဲတာ

ကြွက်သားတွေ နာကျင် ကိုက်ခဲတာ

ဇက်ကြောတက်တာ

ဗိုက်အဆီတက်တာလိုမျိုးကျန်းမာရေး ပြဿနာတွေကို ခံစားကြရပါတယ်။

အထိုင်များတာကြောင့် အများဆုံး ခံစားရတဲ့ ကျန်းမာရေး ပြဿနာကတော့ ခါးနာတာပါ။ တစ်နေ့တာလုံးမှာ အချိန်တော်တော်များများ ထိုင်နေရပြီး ထိုင်တာက ပုံစံ မမှန်တဲ့အခါ ခါးတဝိုက်က ကြွက်သားတွေနဲ့ ခါးဆစ်တွေမှာ ဝန်ပိပြီး ခါးနာတာ နောက်ကျောနာတာတွေကို ခံစားရတာပါ။

ခါးနာတာက ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာလို့ မယူဆကြပေမယ့် တကယ်ကတော့ ပေါ့ဆလို့ မကောင်းတဲ့ ကျန်းမာရေးပြဿနာပါ။ ခါးက တစ်နေ့တာ လှုပ်ရှားသွားလာမှုတွေကို ဟန်ချက်ညီအောင် ထိန်းပေးတဲ့ အရေးပါတဲ့ အစိတ်အပိုင်းပါ။

ခါးနာတဲ့အခါ ကောင်းကောင်းထိုင်ပြီး အလုပ်လုပ်နိုင်ဖို့ ခက်သလို လမ်းလျှောက်တာအပါအဝင် နေ့စဉ်လှုပ်ရှားမှုတွေကို လုပ်ဆောင်ဖို့ ခက်သွားပါမယ်။

အထိုင်များတာကြောင့် ခါးနာတာကို သက်သာစေဖို့

တစ်နေ့တာမှာ ထိုင်ရာကမထဘဲ အလုပ်လုပ်ရင်း အထိုင်များတာကြောင့် ခါးနာလာပြီဆိုရင် သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။

ပုံစံ မှန်မှန် ထိုင်ပေးပါ။

အလုပ်စားပွဲမှာ ထိုင်တဲ့အခါ ခါးကို မတ်မတ်လေး ဆန့်ထားပြီး ပုံစံ မှန်မှန်လေး ထိုင်တာက ခါးနာတာကို သက်သာစေနိုင်သလို ခါးကို ဝန်မပိစေဖို့လည်း ထောက်ကူပေးပါတယ်။

ဒါကြောင့် အလုပ်လုပ်ဖို့ ထိုင်တဲ့အခါ ပုံစံမှန်မှန်လေး ထိုင်ပေးပါ။

အနေအထားကို မကြာခဏ ပြင်ပေးပါ။

အထိုင်များလို့ ခါးနာတာ သက်သာစေဖို့ဆိုရင် ၁၅ မိနစ် တစ်ခါ နာရီဝက် တစ်ခါလောက် ခန္ဓာကိုယ်အနေအထားကို ပြင်ဖို့ လိုပါမယ်။ ထိုင်နေရင်းက မတ်တတ် ထရပ်တာမျိုး၊ လမ်းလျှောက်တာမျိုး လုပ်ပေးတာက ကြွက်သားတွေကို လှုပ်ရှားမှု ဖြစ်စေပြီး သွေးစီးဆင်းမှု ကောင်းစေတာကြောင့် ကြွက်သားနာတာကို ကာကွယ်ပေးနိုင်မှာပါ။

အကြောလျှော့ပါ။

တစ်နေ့တာလုံးမှာ ထိုင်နေရမယ်ဆိုရင် ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု နည်းသလို ကြွက်သားတွေ၊ အရိုးအဆစ်တွေ တောင့်တင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်တာတွေကြောင့် ခါးနာတာမျိုး မဖြစ်စေဖို့ဆိုရင် အကြောလျှော့ပေးဖို့ လိုပါမယ်။

ရေခဲ ကပ်ပါ။

ခါးနာတာကို သက်သာစေမယ့် နောက်ထပ် နည်းလမ်းတစ်ခုက ရေခဲကပ်တာပါ။ ခါးနာလာပြီဆိုရင် သက်သောင့်သက်သာ အနေအထား နေပြီး ရေခဲကပ်ပေးတာကလည်း ခါးနာတာကို သက်သာစေနိုင်မယ့် နည်းလမ်း တစ်ရပ်ပါ။

ရေနွေးဝတ် ကပ်ပါ။

ရေနွေးဝတ် ကပ်တာက ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေတာကြောင့် ခါးနာတာကို သိသိသာသာ သက်သာစေမယ့် နည်းလမ်း တစ်ရပ်ပါ။ ဒါကြောင့် ခါးနာလာရင် ရေနွေးဝတ် ကပ်ပေးတာမျိုး၊ ရေနွေးနဲ့ ရေစိမ်ချိုးတာမျိုး လုပ်ပေးလို့ ရပါတယ်။

အကိုက်အခဲ ပျောက်ဆေး သောက်ပါ။

ခါးနာတာက နေ့စဉ် လုပ်ငန်းဆောင်တာတွေပေါ်မှာ အတော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ခါးနာတာ သက်သာစေဖို့ ဆေးညွှန်း မလိုတဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို ဆေးညွှန်းအတိုင်း သောက်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။

အထိုင်များလို့ နာလာတဲ့ ခါးနဲ့ နောက်ကျောတွေကို အခုပြောပြခဲ့တဲ့ နည်းလမ်းလေးတွေ သုံးပြီး လုပ်ကြည့်ကြနော်😍




#ခါးနာ
#ကျန်းမာရေး
Lotus Crystal

25/04/2024

အပူထုတ် ရေချိုးနည်း

လူတွေမှာ ငုပ်လှောင်အောင်းတဲ့ အပူတွေရှိပါတယ်။ ဒီအပူတွေကို ရေချိုးပြီးမထုတ်၇င် အန္တရာယ်ရှိပါတယ်။ အောင်းပူတွေကို စံနစ်တကျမထုတ်ဘဲ ကန်ထွက်စေမယ်ဆိုရင် အန္တရာယ်ရှိပါတယ်။ ဒါကြောင့်ရေချိုးနည်း မှန်ဖို့ လိုပါတယ်။ ရောဂါရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတိုင်းအတွက် အောင်းပူတွေ ထွက်စေမယ့် ( အနှိပ်မခံဘဲ )အပူထုတ်တဲ့နည်းကို ပြောပြပါ့မယ်။

၁ = ရေမချိုးခင် အပူထုတ်နည်း
မန်ကျည်းရေ ခပ်ကျဲကျဲ ခပ်ပါးပါးလေး ခန္ဓာကိုယ် တစ်ခုလုံးကို ပွတ်ပါ။

၂ = ဆားနည်းနည်းဖြင့် ဘယ်ခြေဖဝါးကို ညာလက်ဖဝါးနဲ့၊ ညာခြေဖဝါးကို ဘယ်ဘက်လက်ဖဝါးနဲ့ အလျားလိုက် အကြိမ် ၅၀ - ခန့် ပွတ်ပါ။


၃ = ၁၀ - မိနစ်ကြာမှ ရေချိုးပါ။

၄ = ရေချိုးရာမှာ ရေကို ဝုန်းကနဲ တန်းမချိုးပါနဲ့၊ ခြေရေ လက်ရေကို ဖြစ်သလို စ မလောင်းပါနဲ့၊ ပေါင်အလယ်၊ လက်မောင်းအလယ်၊ အဆီရှိတဲ့နေရာမှာ အပူခိုတာမို့ ပေါင်အလယ် လက်မောင်းအလယ်က စလောင်းပြီး အစွန်အဖျားတွေကိုလောင်းပါ။
ပြီးတော့ မျက်နှာသစ်မယ်။ တစ်ကိုယ်လုံးချိုးမယ်။ ဒီလို စိတ်ရှည် လက်ရှည်ချိုးပေးရင် အပူတွေ တစိမ့်စိမ့်ထွက်စေပါတယ်။

အထူးမှတ်သားရမှာက ဆားပွတ်ပြီး ရေချိုးပါ။ ရေမချိုးဖြစ်ဘဲ ဆားမပွတ်ပါနဲ့။
ည အခါညစ်ပေလို့ ခြေထောက်ကို ရေဆေးရင်လည်း ခြောက်အောင်ပြန်သုတ်ပါ။ ဒီလိုမဟုတ်ရင် မျက်စိနာတတ်တယ်၊ မျက်ဝတ်တွေ ထွက်တတ်ပါတယ်။

အပူထုတ်နည်းနောက်တစ်မျိုးကတော့
ရေချိုးရင် မန်ကျည်းသီးsalt scrubလေးခြေဖဝါးကိုအရင်ပွတ်တယ် ခြေဖဝါးကနေတဖြည်းဖြည်းခန္ဓာကိုယ်အပေါ်ပိုင်းထိတက်သွားပြီး တစ်ကိုယ်လုံးကိုပွတ်တယ် မိနစ်အနည်းငယ်ကြာတော့ရေချိုးချလိုက်တယ်
ပီးရင်မန်ကျည်းဆပ်ပြာလေးတိုက်ပါတယ်
salt scrubမသုံးဖစ်တဲ့ရက်တွေမှာ
အပူတွေထပ်မံထွက်ပြီး အသားအရည်ကြည်လင်အောင်
သဘာဝမန်ကျည်းအနှစ်ကိုပါ တကိုယ်လုံးပွတ်တိုက်ပါတယ်

ရေချိုးပြီး ကရမက်သနပ်ခါးအနှစ်ခဲကို
ခြေဖဝါးကနေစတင်ကာတစ်ကိုယ်လုံး လိမ်းလိုက်ပါ

ကရမက်အနှစ်ခဲအစွမ်းကတော့ ပြောစရာမလိုအောင်အပူကိုစုတ်ထုတ်ပြီး အသားအရည်ကိုအေးစေတာကြောင့်
ရေချိုးပြီးတိုင်းနေ့တိုင်းလိုလိုအသုံးပြုသင့်ပါတယ်။





#အလှအပ
#အပူငြိမ်း

24/04/2024

အဆာငတ်ခံပြီး ခုထိဝိတ်ချနေတုန်းလား သဲတုန်းတို့🤔

-တစ်နေ့သုံးနှပ်စားရမယ်

-အနှပ်တိုင်းဗိုက်ပြည့်ပြီးအားဖြစ်စေရမယ်

-တစ်နေ့တာလိုအပ်တဲ့ အာဟာရတွေလဲပါဝင်ရမယ်

-ဒါဆို ကိုယ်ရည်စစ်ပြီး အဆီပိုကင်း ရောဂါကင်းတဲ့
bodyလေးပိုင်ဆိုင်ရပြီးပေါ့

-ထမင်းလေးကို ပြထားတဲ့အတိုင်းလဲရတယ်or တရုတ်ပန်းကန်းလုံးတစ်လုံးစာရယ်

-ပေါ့ပေါ့ပါးပါး ကြိုက်နှစ်ရာအသားတမျိူးမျိူးရယ်

-အသီးအရွက်လေးရယ် ချက်ပြုတ်ရလွယ်ကူပြီးထိရောက်တဲ့ စားသောက်မှုပုံစံ

-ပိုပြီးထိရောက်ချင် လေ့ကျင့်ခန်းလေးပါတွဲလုပ် မင်းသား၊ မင်းသမီး တောင်ငေးကြည့်ယူရလောက်အောင်လှသွားစေရမယ်😘

Lotus Crystal
Hightlight Myanmar
Everyone

23/04/2024

" လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်မိတဲ့အခါ နာကျင်နာတွေ သက်သာစေဖို့ "

ကျန်းမာစေဖို့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ လေ့ကျင့်ခန်း လုပ်ခြင်းက အကောင်းဆုံးသော ဆေးဝါးပါဆိုတာမျိုးတွေကို ကြားဖူးကြမယ် ထင်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာက ကျန်းမာစေတယ်ဆိုပေမယ့် အရမ်းပြင်းပြင်းထန်ထန် လုပ်တာမျိုးကတော့ အရိုးအဆစ် နဲ့ ကြွက်သားတွေကို နာကျင်ကိုက်ခဲတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

လေ့ကျင့်ခန်း လုပ်တာက စလုပ်စမှာ နာကျင်နိုင်သလို ပုံမှန်ထက် ပြင်းပြင်းထန်ထန် လုပ်တဲ့အခါမျိုးမှာလည်း နာကျင်တာမျိုး ဖြစ်နိုင်ပါတယ်။ လေ့ကျင့်ခန်းက တစ်နေ့ကို နည်းနည်းချင်းစီ တိုးလုပ်သွားတာက အကောင်းဆုံးပါ။ ဒီတော့ ပိန်ချင်ဇောနဲ့ ဖြစ်ဖြစ် ကြွက်သားတက်အောင်ဆိုပြီး ဖြစ်ဖြစ် လေ့ကျင့်ခန်းတွေကို ပြင်ပြင်းထန်ထန် လုပ်မိလို့ နာကျင်နေတာတွေကို သက်သာစေဖို့ ဘယ်လို လုပ်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

• လေ့ကျင့်ခန်း လုပ်ရင် ကြွက်သား နဲ့ အရိုးအဆစ်တွေ နာကျင်မှာလား

လေ့ကျင့်ခန်းကို နည်းစနစ်မှန်မှန်၊ အတိုင်းအဆ မှန်မှန်လုပ်မယ်ဆိုရင်တော့ နာကျင်မှုတွေကို လျော့ပါးစေမှာပါ။ ဒါကြောင့်ပဲ ကြွက်သားတွေ တောင့်တင်းနာကျင်နေရင် အကြောလျှော့ပါလား။ လေ့ကျင့်ခန်းလေး နည်းနည်းလောက် လုပ်လိုက်လေလို့ ပြောကြတာပေါ့။

လေ့ကျင့်ခန်းကို ပုံမှန် မလုပ်ဖြစ်ဘဲ တစ်ခါတစ်ခါမှ လုပ်ဖြစ်တာ၊ လေ့ကျင့်ခန်း လုပ်ဖြစ်ချိန်မှာ အချိန်အကြာကြီး ပြင်းပြင်းထန်ထန် လုပ်လိုက်မိတာတွေက ကြွက်သား နာကျင်တာ၊ ကြွက်သားမှာ ဒဏ်ဖြစ်တာမျိုးတွေ ဖြစ်စေနိုင်တာပါ။

• လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိလို့ နာကျင်တာတွေ သက်သာစေဖို့

လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန် လုပ်မိလို့ ကြွက်သားတွေ အရိုးအဆစ်တွေ နာကျင်တာကို သက်သာစေဖို့ ဆိုရင် ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။

၁။ အကြောလျှော့ပေးပါ

နာကျင်နေတာကို အကြောလျှော့ပါဆိုလို့ ဖြစ်နိုင်ပါ့မလားလို့ ယူဆနေပြီလား။ ဟုတ်ပါတယ်။ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် လုပ်မိတာကြောင့် ကြွက်သားတွေ၊ အရိုးအဆစ်တွေ နာကျင်တဲ့အခါ နာကျင်တာတွေကို သက်သာစေဖို့အတွက် ပေါ့ပေါ့ပါးပါး အကြောလျှော့တာမျိုး လုပ်ပေးပါ။ သိပ်အများကြီး မဟုတ်ပါဘူး။ ၁၀ မိနစ် ၁၅ မိနစ်လောက်ပါ။

၂။ ရေခဲဝတ် ကပ်ပါ

နာကျင်နေတဲ့ နေရာတွေကို ရေခဲဝတ် ကပ်ပေးတာက အရောင်ကျစေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိတာကြောင့် နာကျင်တဲ့နေရာတွေကို ရေအေးဝတ် ဒါမှမဟုတ် ရေခဲဝတ်လေး ကပ်ပေးပါ။ ရေခဲဝတ် ကပ်တဲ့အခါ အအေးဒဏ်ကြောင့် အသားမလောင်စေဖို့ ၁၀ မိနစ်လောက်ပဲ ကပ်ပါ။ နားပြီးမှ နောက်တစ်ကြိမ် ကပ်တာမျိုး လုပ်ပေးပါ။

၃။ နှိပ်နယ်ပေးပါ

လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်ထားတာကြောင့် ခံစားနေရတဲ့ နာကျင်မှုတွေကို သက်သာစေဖို့ဆိုရင် နာကျင်တဲ့နေရာကို လက်ချောင်းလေးတွေ သုံးပြီး ခပ်ဖွဖွလေး နှိပ်ပေးပါ။ ဒါမှ ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး ကြွက်သားနာကျင်တာကို သက်သာစေမှာပါ။

၄။ ရေနွေးဝတ် ကပ်ပေးပါ

ဒါကလည်း ကြွက်သားနာကျင်မှုကို သက်သာစေနိုင်တဲ့ နည်းလမ်း တစ်ရပ်ပါ။ ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် နာကျင်နေတဲ့နေရာလေးကို ရေနွေးဝတ် ကပ်ပေးပါ။ ရေနွေးနဲ့ ရေချိုးပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။

၅။ ဆေးလိမ်းပါ

ကြွက်သားတွေ နာကျင်ကိုက်ခဲလာရင် အတော်များများ လုပ်မိလေ့ရှိတဲ့ နည်းလမ်းပါ။ ဒါကတော့ နာကျင်နေတဲ့ နေရာကို ဒဏ်ကြေလိမ်းဆေး ပူပူကို နှိပ်နယ်ရင်း ပွတ်လိမ်း လိုက်တာပါ။ ဒီလိုမျိုး ဆေးလိမ်းတာကလည်း ကြွက်သားတွေရဲ့ နာကျင်မှုကို သက်သာစေပြီး ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။

၆။ အိပ်ရေးဝဝအိပ်ပါ

လေ့ကျင့်ခန်းဒဏ်ကြောင့် ကြွက်သားတွေနာကျင်တာကို သက်သာစေပြီး ကြွက်သားတွေကို အားပြည့်စေဖို့ဆိုရင် အိပ်ရးဝဝအိပ်တာကလည်း နည်းလမ်းကောင်းပါ။ အိပ်စက်နေချိန်မှာ ကြွက်သားတွေ အဆစ်တွေက အနားရပြီး နာကျင်မှု သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် ကြွက်သားတွေနဲ့ အဆစ်တွေ နာကျင်လာပြီဆိုရင် သက်သောင့်သက်သာနဲ့ အိပ်ရေးဝဝအိပ်ဖို့လည်း မမေ့ပါနဲ့။

ကျန်းမာရေးနဲ့ ပတ်သတ်တဲ့အကြောင်းအရာဘေးတွေ တင်ပေးမှာမို့ Like & see first လေးလုပ်ထားကြနော် 💙💙💙

Lotus Crystal

13/04/2024

ပိုက်ဆံမကုန်ဘဲ ဘယ်လို လှအောင် နေရမလဲ ?

ပိုက်ဆံမကုန်ဘဲနဲ့လည်း လှနိုင်ပါတယ်။ ကျောင်းသူဆိုရင်လည်း လှနိုင်ပါတယ်။ ဒါကြောင့် ကိုယ်က ဘာမှမသုံးနိူင်တာမျိုးတွေ၊ Beauty Blogger တွေလိုမဝယ်နိူင်တာတွေရှိရင် စိတ်ဓာတ်မကျပါနဲ့ Blogger တွေ Influencer တွေက ဒါတွေနဲ့ပတ်သက်ပြီး Sharingလုပ်ရတာမို့ ဝယ်သုံးကြည့်ရတာပါနော်😍

1. ဆံပင်နေ့တိုင်းဖြီးပါ။ ခေါင်း တပတ်နှစ်ခါလျှော်ပါ။ နေပူထဲထွက်ရင် ဦးထုပ်ဆောင်းပါ။ အရောင်ခဏခဏ မဆိုးနဲ့။

2. ဆံပင်ဆီလိမ်းပါ။ သံလွင်ဆီ၊ အုန်းဆီရပါတယ်။ နည်းအမှန်က လက်ထဲကို ဆီနည်းနည်းဘဲထည့်ပါ။ အဖျားကို အရင် လိမ်းပါ။ လက်မှာကျန်တာတွေနဲ့ မှ ဦးရေပြား ၊ အရင်းကို လိမ်းပါ။ ခေါင်းမလျှော်ခင် 3 နာရီလောက်အလိုမှာ သံလွင်ဆီနဲ့ ဦးရေပြားကို များများလိမ်းပြီး 15 မိနစ်လောက် နှိပ်ပေးပါ။

3. Skin Type ကို အရင်သိအောင်လုပ်ပါ။ အသက် 16 အောက်က တကယ်တော့ Skin care series လိုက်ကြီးမလိုသေးပါဘူးနော်။

4. Facial Scrub တွေ၊ Serum တွေ၊ Mask တွေထက် အရေးကြီးတာ Sunscreen ပါ။ Sunscreen ကိုတော့ အကောင်းထဲက သုံးပါ။ နေ့တိုင်းလိမ်းပါ။ အရေးအကြောင်း၊ အမဲစက် အသက်ကြီးတဲ့ အထိ ကာကွယ်ပေးပါတယ်။

5. မျက်နှာအတွက် ရေနွေးငွေ့ပေါင်းတင်တာလုပ်ပါ။ ရေနွေးကို ပန်းကန်ထဲထည့်ပြီး အငွေ့ရရုံလေး မျက်နှာအပ်ပါ။ 15 မိနစ်လောက် တစ်ရက်ခြားတစ်ခါလုပ်ပေးပါ။

6. အသားအရည်လေး လှချင်ရင် Skincare တွေ ဖိသုံးတာထက် အစားအသောက်နဲ့ သန့်ရှင်းရေးကို ဂရုစိုက်ပါ။ Ready Made , အစပ် , အငံ စားတာတွေ၊ ရေသောက်နည်းတာ , အပူများတာ , Alcohol သောက်တာ , အသီးအနှံ ဟင်းသီးဟင်းရွက်အစားနည်းတာ တွေကြောင့် အသားအရည် ပျက်စီးပါတယ်။

7. မျက်ခုံးမွှေးနဲ့ မျက်တောင်မွှေးလေးတွေကို Vaseline or သံလွင်ဆီလေး လိမ်းအိပ်ပါ။

8. တစ်ရက် ၂ခါမျက်နှာသစ်ပါ။ မျက်နှာသုတ်ပဝါ သပ်သပ်ထားပါ။ အပတ်တိုင်းလျှော်ပါ။ လက်နဲ့ မျက်နှာကို မထိပါနဲ့။ ဆားဝက်ခြံနဲ့ ဝက်ခြံတွေကို လိုက်မညစ်ပါနဲ့။

9. နှုတ်ခမ်းမခြောက်အောင် Lip Blam လေး အမြဲဆိုးပါ။

10. ခံတွင်းနံ့မကောင်းရင် အရင်ဆုံးသွားဆရာဝန်နဲ့ပြကြည့်ပါ။ သွားတွေကြောင့်မဟုတ်ရင် ဝမ်းမချုပ်အောင် သတိထားပါ။ သွားကို အချိန်ပေးတိုက်ပါ။ သံပရာရည်သောက်ပါ။ ဆားချိုသီး၊ ရှောက်သီးတို့ကလည်း ငုံထားရင်အနံ့ဆိုးပျောက်ပါတယ်။

11. ဂျီးတွေမရှိအောင်ဂရုစိုက်ပါ။ နားထဲ၊ နားအနောက် ၊ လည်ပင်း၊ ကျောကုန်း၊ လက်မောင်း၊ ဂျိုင်း ၊ ဒူးနောက် ၊ ခြေဖဖိုးနဲ့ ခြေချောင်းကြားလေးတွေကို သေချာ သန့်ရှင်းရေးလုပ်ပါ။

12. လက်သည်းခြေသည်းတွေကို အရောင်မဆိုးနိူင်ရင် အရှည်မထားတာကောင်းပါတယ်။ ပုံလေးသွင်းပြီးညှပ်ပါ။ အရောင်ဆိုးရင်လည်း မှန်မှန်ဆိုးပေးပါ။ ပျက်နေတာတွေ ကရုပ်ဆိုးစေပါတယ်။

13. အဝတ်အစားဝတ်ရင် မီးပူတိုက်ပါ။ အမွှေးဆီနဲ့လျှော်ပါ။ ၂ခါလောက်ဝတ်ပြီးရင် လျှော်ပါ။ ချည်စလေးတွေ ထွက်နေရင် ညှပ်ထားပါ။ ဖြစ်သလိုမဝတ်ပါနဲ့။

14. ချွေးနံ့ပြင်းတဲ့သူဆိုရင် အဝတ်အစားရွေးဝတ်ပါ။ ဂျိုင်းမွှေးတွေမရှိအောင် အမြဲရိတ်ပေးပါ။ Body Mist လေးတစ်ဘူးလောက်သုံးပါ။

15. Makeup ပစ္စည်းတွေ ဝယ်ရင် လိုင်းပေါ်ကနေ မဝယ်ပါနဲ့။ Budget သမားမို့ အပြင်မှာ ဝယ်လို့ရတဲ့ ဆိုင်မှာ သေချာ Test ပြီးတကယ်လိုက်မှဝယ်ပါ။

16. Workout လုပ်ကို လုပ်ရပါမယ်။ မပျင်းပါနဲ့။ ပိုက်ဆံမကုန်ဘဲ တကယ် လှတာမို့ ကိုယ့်ကိုကိုယ် Moti ပေးပြီး လေ့ကျင့်ခန်းလုပ်ပါ။

17. သူများကို အားကျတာတွေ၊ အထင်ကြီးတာတွေ၊ ကိုယ့်ကိုကိုယ် သိမ်ငယ်တာတွေလျော့ပါ။

18. Stress ကလည်း အလှကို ပျက်စေပါတယ်။ မျက်မှောင်ကြုတ်နေတာတွေ ၊ ဝမ်းနည်းတဲ့ပုံပေါက်နေတာတွေ ကြောင့် မျက်နှာက မကြည်ဘူးဖြစ်နေတာပါ။

19. ကိုယ်နဲ့ လိုက်တယ်လို့ ပြောကြတဲ့ outfit မျိုး မှတ်ထားပြီး Style အမျိုးမျိုးလုပ်ဝတ်ကြည့်ပါ။

20. ပိုက်ဆံမကုန်ဘဲ တကယ် လှအောင်၊ ကြည့်ကောင်းအောင် နေလို့ရပါတယ်။ ပြီးတော့ စာဖတ်နေတဲ့သူလည်း တကယ်လှပြီးသားပါနော်။




#အလှအပ
Lotus Crystal

03/04/2024

မြန်မာတို့အကြိုက်ငပိရဲ့အာဟာရတန်ဖိုး

ငါးပိနှင့် တို့စရာတို့သည် ထမင်း၊ ဟင်း၊ ဟင်းချိုတို့နှင့်အတူ မြန်မာတို့၏ အစားအစာတွင် အခြေခံများ ဖြစ်ကြသည်။ ထမင်းကို ဟင်းနှင့်တွဲဖက်၍ မစားရစေကာမူ ငါးပိ၊ တို့စရာတို့နှင့် တွဲဖက်၍ မစားရလျှင် ပြည့်ပြည့်ဝဝ စားသောက်ရသည်ဟု မြန်မာတို့က မယူဆကြပေ။ အထူးသဖြင့် တောင်သူ လယ်သမားနှင့် အလုပ်ကြမ်းသမားတို့အဖို့ ငါးပိသည် အဓိက အာဟာရပင်ဖြစ်သည်။

အခြားအမည်များPrawn sauce, trasi, terasi, belacanအမျိုးအစားCondimentဒေသအရှေ့တောင်အာရှ မြန်မာနိုင်ငံအဓိက ပါဝင်ပစ္စည်းfermented fish(ငါးပိကောင်)

ငါးအစိုကို ဆားဖြင့် အထပ်ထပ် သိပ်ထားလျှင်သော်လည်းကောင်း၊ ငါး၊ ပုစွန်၊ ဂဏန်းစသည်တို့ကို ဆားပက်နေလှန်း၍ ဆုံဖြင့်ထောင်းထားလျှင် သော်လည်းကောင်း ငါးပိဟု ခေါ်လေသည်။ ငါးပိကို မြန်မာတို့သာမက ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့် အရှေ့တောင်အာရှနိုင်ငံများတွင်လည်း စားသုံးတတ်ကြသည်။ ငါးပိကို ထိုင်းဘာသာဖြင့် ကပိ (กะปิ) ဟူ၍ ခေါ်သည်။ မလေးဘာသာဖြင့် ဗာလချောင် (belachan)၊ အင်ဒိုနီးရှားဘာသာဖြင့် တရာစီ (terasi) ဟုခေါ်သည်။ ထိုင်းငါးပိလုပ်နည်းနှင့် မွန်မြန်မာ ငါးပိလုပ်နည်းမှာ အတူတူပင်ဖြစ်သည်။

ငါးပိမျိုးခွဲများ

ငါးပိမှ ရရှိသော အာဟာရဓာတ်များပြင်ဆင်ရန်

ငါးပိတွင် ရေ၊ ပရိုတင်းနှင့် တွင်းထွက် သတ္တုဓာတ် များ ပါရှိသည်။ တွင်းထွက်သတ္တုဓာတ်များအနက် ဆားအပြင် ကယ်လဆီယမ်နှင့် ဖော့စဖောရပ်ခေါ် ဒြပ်စင်များလည်းပါသည်။ ထို့ပြင် သွေးကောင်းရန်အတွက် သံဓာတ်လည်း ပါသည်။ ငါးပိတွင် ရေရာခိုင်နှုန်း ၄၀ မှ ၅၀ အထိ၊ ပရိုတင်းရာခိုင်နှုန်း ၂၀ မှ ၃၀ ထိ၊ အဆီရာခိုင်နှုန်း ၃ မှ ၄ အထိ ပါဝင်သည်။ စိမ်းစားနှင့် မျှင်ငါးပိတွင် ဆားရာခိုင်နှုန်း ၁၀ မှ ၂၅၊ ရေကျို ငါးပိ၊ ဓမင်းငါးပိနှင့် ငါးပိကောင်များတွင် ဆားရာခိုင်နှုန်း ၂၀ မှ ၃၀ အထိ ပါဝင်ကြသည်။ အသားနှင့် အဆီများပါသောကြောင့် ငါးပိသည် အခြားအသားများကဲ့သို့ အပူဓာတ်ကို ပေးသည်။ ငါးပိအမျိုးအစားကိုလိုက်၍ ငါးပိတစ်အောင်စလျှင် အပူဓာတ် ၃၁ ကယ်လိုရီမှ ၄၈ ကယ်လိုရီအထိ ပေးနိုင်သည်။ ဤအချက်တွင် ငါးပိသည် အမဲသား၊ ဆိတ်သားနှင့် ဝက်သားလောက်ပင် အာဟာရတန်ဖိုးရှိသည်။ ငါးပိတွင် ကယ်လဆီယမ်ဒြပ်စင်သည် ၁ ဒသမ ၅ မှ ၂ ဒသမ ၅ ရာခိုင်နှုန်း အထိပါသည်။ ဖော့စဖောရပ်မှာမူ ၀ ဒသမ ၇၅ မှ ၁ ဒသမ ၂၅ ရာခိုင်နှုန်းအထိ ပါသည်။

ငါးပိသည် ကယ်လဆီယမ်များစွာ ပါသည့်အစာဟု ဆိုနိုင်သည်။ ငါးပိ များများစားရန် လိုသည်။ လူ့ခန္ဓာကိုယ်သည် ကယ်လဆီယမ်ဓာတ် လုံလောက်စွာမရလျှင် ရောဂါအမျိုးမျိုး စွဲကပ်တတ်သည်။ လူကြီးတစ်ယောက်လျှင်တစ်နေ့လျှင် ကယ်လဆီယမ် ၀.၆၈ ဂရမ် လောက် လိုသည်။ ကျွန်ုပ်တို့သည် ငါးပိကို နေ့စဉ်စားပေးခြင်းအားဖြင့် ခန္ဓာကိုယ်ကလိုအပ်သည့် ကယ်လဆီယမ်ဓာတ်ကို ပေါပေါနှင့် ဖြည့်စွက်ပေးနိုင်သည်။ ကယ်လဆီယမ်နှင့် ဖော့စဖောရပ် နှစ်မျိုးစလုံးပင် ခန္ဓာကိုယ်ရှိ အရိုးများကို ခိုင်မာ စေသည်။ ထိုဓာတ်နှစ်မျိုးကို ခန္ဓာကိုယ်က လုံလောက်စွာမရသော် ရစ်ကက်ရောဂါ စွဲကပ်တတ်သည်။ လူကြီးတိုင်းနေ့စဉ် ဖော့စဖောရပ် ၁ ဂရမ်လောက်လိုသည်။ ငါးပိတွင် ကယ်လဆီယမ် ၂ ဆပါလျှင် ဖော့စဖောရပ် ၁ ဆ နှင့် ဖော့စဖောရပ် ၂ ဆပါမှသာ အာဟာရ လုံလောက်သည်။ ကံအားလျော်စွာ ကျွန်ုပ်တို့ နေ့စဉ် စားသုံးနေသောဆန်တွင် ဖော့စဖောရပ်သည် ကယ်လဆီယမ်ထက်ပို၍ ပါသည်။ စက်ကြိတ်ဆန်၏ ကယ်လဆီယမ် နှုန်းမှာ ၀. ၀၁ ရာခိုင် နှုန်းဖြစ်၍ ဖော့စဖောရပ်နှုန်းမှာ ၀.၁၅ ရာခိုင်နှုန်း ဖြစ်ရာ ငါးပိနှင့် ထမင်းစားခြင်းသည် အာဟာရဖြစ်စေသည်။ သို့ပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ကျွန်မတို့မြန်မာလူမျိူးတွေက ငပိတို့စရာဆို ဇလုံ ၂ပန်းကန်၃ပန်းကန် အဝတီးကျတော့ ဝိတ်တက်တာမျိူးတွေမဖြစ်ဖို့လဲ အရှိန်ထိန်းဖို့လိုတယ်နော် လူကြီးပိုင်းတွေနဲ့သွေးတိုးရှိသူတွေဆိုတစ်ပတ် ၂ကြိမ် ၃ ကြိမ်ကိုမှ ရေချိူငပိ ကိုမှ ဆမ်းပြီးနယ်စားတာထက် အနည်းငယ်အတို့အမြှပ်လေးနဲ့ စားဖို့အကြံပြုချင်ပါတယ်။ ရာသီဥတုပူပြင်းလွန်တာကြောင့် ရေများများသောက်ဖို့နဲ့ နေပူထဲထွက်မယ်ဆို ဦးထုပ်၊ ထီး၊ လက်ရှည်၊ ရေသန့်ဘူးယူသွားကြဖို့လဲမမေ့နဲ့နော် ဒါအပြင် သကြားလုံးဆောင်ဖို့လဲမမေ့သင့်ဘူးနော် အားလုံးပဲအစားလဲဆေး ဆေးလဲအစားမို့ ကျန်းမာပျော်ရွှင်ချမ်းသာကြပါစေ🙏





#ငပိ
Lotus Crystal

01/04/2024

တင်ပါးမည်းခြင်းနဲ့ အသားဖြူစေခြင်း

ယောင်္ကျားလေးဘဲ ဖစ်ဖစ် မိန်းကလေးဘဲ ဖစ်ဖစ် မိမိတို့ရဲ့တင်ပါးလေးကို အစက်အပြောက်ကင်း ဖြူဝင်းလှပချင်တာ မဆန်းပါဘူး ။ တင်ပါးမည်းညိုခြင်းဟာ အနည်းငယ်ရှက်စရာကောင်းပြီး အတော်အတန်လည်း စိတ်ရှုပ်စေမှာပါ။တင်ပါးမည်းညိုခြင်းကြောင့် လိင်မှု ကိစ္စပိုင်းတွေမှာ နည်းနည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု‌နည်းစေတယ်။အတွင်းခံ ရွေးချယ်ဝယ်ယူရာတွင်လည်း အခက်တွေ့ရတတ်ပါတယ်။ တင်ပါးမည်းညိုသူများအနေဖြင့် ပြန်လည်ဖြူဖွေးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိချင်ကြမယ်ထင်ပါတယ်။

တင်ပါးမည်းညိုရခြင်း အကြောင်းအရင်း
-အညစ်အကြေး ၊ ဖုန်မှုန့် နှင့် ဆဲလ်သေများ စုပုံလာခြင်းကြောင့်
--တစ်ကိုယ်ရည်သန့်ရှင်းရာတွင် တင်ပါး အရေပြားအစိတ်အပိုင်းအား သတိမပြု ချန်လှပ်ထားခြင်းကြောင့်
-အစိုဓါတ်ထိမ်းသိမ်းမှု မရှိခြင်းကြောင့်
--တင်းကြပ်သောအဝတ်အစားများ ပွတ်တိုက်ခြင်းကြောင့်
-တစ်နေရာတည်းတွင် အချိန်ကြာရှည်စွာ ထိုင်ခြင်းကြောင့်
--တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိခြင်းကြောင့် စသည်တို့ဖြစ်ပါသည်။

ဘယ်လိုကာကွယ်မလဲ…

_ လေဝင်လေထွက် ကောင်းမွန်သော ချည်သားအတွင်းခံကိုသာ ဝတ်ဆင်ပါ။ အရမ်းကြပ်သော အတွင်းခံဝတ်ခြင်းကို ရှောင်ပါ။
_ ဆဲလ်သေများ ဖယ်ထုတ်ပေးရန် သပွတ်အူ (သို့) ရေချိုးရာတွင်အသုံးပြုသော ချေးတွန်းဖတ်ဖြင့် တင်ပါးကို နေ့စဉ် ပွတ်တိုက်ပေးပါ။
_ ရေချိုးပြီးတိုင်း တင်ပါးကို အစိုဓါတ်ထိမ်းသိမ်းပေးရန် လိုးရှင်း ဖြစ်စေ ၊ ခရင်မ်ဖြစ်စေ လိမ်းပေးပါ။
_ ရေပူဖြင့် ရေချိုးခြင်း ခဏခဏ မပြုလုပ်ပါနှင့် ။
_ တစ်နေရာတည်းမှာ ပုံစံတစ်မျိုးတည်းဖြင့် အချိန်အကြာကြီး ထိုင်ခြင်းကို ရှောင်ကြဉ်ပါ ။ တစ်နာရီခြား တစ်ခါဖြစ်စေ သွေးလှည့်ပတ်မှုကောင်းအောင် လမ်းထလျှောက်ပေးပါ။

ကုသနည်းများ

၁။ခရမ်းချဉ်သီး
ခရမ်းချဉ်သီးဟာ တင်ပါးမည်းညိုမှုကို ပြန်လည်ဖြူဝင်းစေဖို့ရာ အကောင်းဆုံးပါ။ ခရမ်းချဉ်သီးကို လှီး၍ တင်ပါးပေါ်သို့ ငါးမိနစ်ကြာပွတ်ပေးပါ။ ၂မိနစ်ကြာ ထားပြီးလျှင် နောက်ထပ်တစ်ကြိမ် ငါးမိနစ်ကြာ ထပ်မံပွတ်ပေးပါ။ ထို့နောက် ၁၀မိနစ်ကြာလျှင် ရေဖြင့် ဆေးကြောလို့ ရပါပြီ။ အနည်းဆုံး တစ်နေ့တစ်ကြိမ် ပုံမှန်ပြုလုပ်ပေးပါ။

၂။သံပုယိုသီး
သံပုယိုသီးမှာ အသားအရေကို ဖြူစင်စေနိုင်တဲ့အစွမ်းရှိတာ သိပြီးသားဖြစ်မှာပါ။ သံပုယိုသီးကို အရည်ညှစ်၍ ခွက်တစ်ခုထဲသို့ ထည့်ပါ။ ထို့နောက် ဂွမ်းဖြင့် သံပုယိုရည်ကို နှစ်၍ မည်းညိုနေသော တင်ပါးနေရာပေါ်သို့ ၃ မိနစ်ခန့်ကြာ သေချာ ပွတ်လိမ်းပေးပါ။ ၁၀ မိနစ် ၊ ၁၅ မိနစ်ခန့် ကြာပြီးလျှင် ရေအေးဖြင့် ဆေးကြောပါ။ သံပုယိုသီးသည် အသားအရေခြောက်သွေ့မှုကို ဖြစ်စေနိုင်သဖြင့် ပြုလုပ်ပြီးတိုင် အစိုဓါတ်ထိန်းခရင်မ် တစ်မျိုးကို လိမ်းပေးပါ။ မရှိပါက သံလွင်ဆီလိမ်း၍ နှိပ်နယ်ပေးနိုင်ပါသည်။

၃။ သကြားဖြူ ၊ ထောပတ်ဆီ ၊ ရှားစောင်းလက်ပက်ဂျယ် (သို့) Vitamin E အဆီ
သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်း ၊ ထောပတ်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း နှင့် ရှားစောင်လက်ပက်ဂျယ်လ် (သို့) ဗီတာမင်အီး အဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ကို ရောပါ။ ထို့နောက် တင်ပါးပေါ်သို့ စက်ဝိုင်းပုံစံ သေချာပွတ်လိမ်းပြီး နှိပ်နယ်ပါ ။ ၁၅ မိနစ်ကြာအောင် ထားပြီးလျှင် ကြက်သီးနွေးရေဖြင့် ဆေးကြောပါ ။ ထို့နောက် အစိုဓါတ်ထိမ်းခရင်မ် တစ်မျိုးမျိုးကို လိမ်းပေးပါ ။ တစ်ပါတ် နှစ်ကြိမ်ခန့် အနည်းဆုံး ပြုလုပ်ပါ။

၄။သင်္ဘောသီး
တင်ပါးမည်းညိုမှုအတွက် သဘောၤသီးကိုလည်း အသုံးပြုနိုင်ပါတယ် ။ သင်္ဘောသီးကို အတေ်ာအသင့်လှီး၍ တင်ပါးပေါ်မှာ နှံ့အောင်ပွတ်ပေးပါ။ မိနစ် ၂၀ ကြာအောင် ထားပြီးလျှင် ရေဖြင့်ဆေးကြောပေးပါ။

၅။ဒိန်ချဉ် နှင့် ဆနွင်းမှုန့်
အရောအနှောမပါသော ဒိန်ချဉ်ကို ဆနွင်းမှုန့်အနည်းငယ်ရောစပ်၍ တင်ပါးပေါ်သို့ သုတ်လိမ်းပေးပါ။ မိနစ် ၃၀ ကြာပြီးလျှင် ရေသီးသန့်ဖြင့် ဆေးကြောပေးပါ။ ဒိန်ချဉ်က အသားအရေ စိုပြေစေသဖြင့် အစိုဓါတ်ခရင်မ် လိမ်းစရာမလိုပါ။ ဤနည်းလမ်းကို တစ်ပါတ် ၂ကြိမ်ခန့် ပြုလုပ်နိုင်ပါသည်။

၆။ ရှားစောင်းလက်ပက် ၊သကြား ၊ သံလွင်ဆီ
သကြား အဖြူ(သို့)အညို ကို လက်ဖက်ရည်ဇွန်း ၂ဇွန်းခန့် ၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ဇွန်း နှင့် ရှားစောင်းလက်ပက်အနှစ် လက်ဖက်ရည်ဇွန်း ၁ဇွန်းခန့်တို့ကို ရောနှောပါ ။ ထိုအရောအနှောကို မည်းညစ်နေသော အရေပြားပေါ်သို့ စက်ဝိုင်းပုံစံအတိုင်း ပွတ်လိမ်းပေးပါ။ ၁၅မိနစ်ခန့်ထားပြီးနောက် ကြက်သီးနွေးရေဖြင့် ဆေးကြောပါ ။ တစ်ပါတ်ကို ၂ကြိမ်ခန့်ပြုလုပ်ခြင်းဖြင့် တစ်လအတွင်း ကောင်းမွန်တဲ့ ရလဒ်ကို ရရှိပိုင်ဆိုင်စေမှာပါ။

အသားဖြူအောင်

ဒိန်ချဉ်

ဘာမှ မရောထားတဲ့ ဒိန်ချဉ်ကို အသားအရည်ပေါ်မှာ နူးညံ့စွာ ပွတ်တိုက်ပေးပါ။ မိနစ်အနည်းငယ်လောက် ထားပြီး ရေဆေးချလိုက်ပါ။ နေ့စဉ်ရက်ဆက် ရက်သတ္တပတ် အနည်းငယ်လောက် လုပ်ပေးလိုက်မယ်ဆိုရင် သိသာထင်ရှားတဲ့ ရလဒ်ကို ပိုင်ဆိုင်စေမှာပါ။

ဒိန်ချဉ်၊ သံပုရာရည် အနည်းငယ်နဲ့ အုတ်ဂျုံတို့ကို ရောပြီး မျက်နှာပေါ် ပေါင်းတင်ပေးပါ။ ဒီနည်းလမ်းက သင့်အသားအရည်ကို စိုပြေ ချောမွေ့စေပြီး ရေဓာတ်ပြည့်ဝစေမှာပါ။

လိမ္မော်သီး

လိမ္မော်သီးမှာ ဗီတာမင်စီနဲ့ သဘာဝ ချွတ်ဆေး ပါဝင်တာကြောင့် အသားအရည်ကို ဖြူစင်ဝင်းပစေပါတယ်။ လိမ္မော်သီးကို အရည်ညှစ်ပြီး နနွင်းနဲ့ အနှစ်ခပ်ပျစ်ပျစ်ရအောင်ဖျော်ပါ။ ရလာတဲ့အနှစ်ကို အိပ်ရာမဝင်ခင် လိမ်းပေးပြီး မနက်မှာ ပြန်ဆေးချလိုက်ပါ။ ဒီနည်းလမ်းကို နေ့စဉ်လုပ်ပေးလို့ ရပါတယ်။

သံပုရာသီး

လိမ္မော်သီးလိုပဲ သံပုရာသီးမှာလည်း ဗီတာမင်စီနဲ့ သဘာဝ အစွန်းချွတ်ဆေးတွေ ပါဝင်ပါတယ်။ မတူတာကတော့ သံပုရာမှာ ပါဝင်တဲ့ အက်စစ်ဓာတ်က ပိုများတာပါပဲ။ သူ့မှာ Antioxidant တွေလည်း ပါဝင်တာကြောင့် အသားအရည်အတွက်တော့ တကယ်ကောင်းမွန်တဲ့ ဆေးစွမ်းကောင်း တစ်လက်ပါပဲ။

လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ သံပုရာရည်ကို ဂွမ်းလုံးနဲ့ယူပြီး မျက်နှာကို ပွတ်တာပဲ ဖြစ်ဖြစ်၊ သံပုရာခြမ်းကို မျက်နှာနဲ့ တိုက်ရိုက်ပွတ်တာပဲ ဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ဒါပေမဲ့ နာရီဝက်၊ တစ်နာရီ အကြာမှာ ဆေးချပစ်ပါ။ ဒီနည်းလမ်းက အသားအရည်ကို ဖြူဝင်းလာစေတဲ့အပြင် အမာရွတ် ထင်တာကိုလည်း ကာကွယ်ပေးပါတယ်။

သံပုရာရည်နဲ့ နနွင်း ၃:၁ အချိုးနဲ့ ရောပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်လိမ်းပြီး တစ်နာခွဲလောက်ကြာတဲ့အခါ ရေနဲ့ ဆေးချလိုက်ပါ။ ဒီနည်းလမ်းကိုလည်း နေ့စဉ်လုပ်လို့ရနိုင်ပြီး အသားကို သိသိသာသာ စိုပြည် ဝင်းပစေပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

အသားအရောင် မညီတဲ့ ပြဿနာတွေအတွက် ရှားစောင်းဟာ နတ်ဆေးပါ။ သူ့ရဲ့ အေးမြတဲ့အစွမ်းက ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုကို အားပေးပြီး ပျက်စီးနေတဲ့ တစ်သျှူးတွေ ပြန်လည်တည်ဆောက်ဖို့အတွက် အထောက်အပံ့ ဖြစ်စေပါတယ်။ အမဲစက်တွေအတွက်နဲ့ မညီညာတဲ့ အသားအရောင်တွေအတွက် ရှားစောင်းလက်ပတ်ကို အသုံးပြုလို့ ရနိုင်ပါတယ်။

ရှားစောင်းလက်ပတ်ရဲ့ လက်တံကို ထက်ခြမ်းခွဲပြီး အတွင်းက ဂျယ်လီတွေကို ညှစ်ယူပါ။ ရလာတဲ့ ဂျယ်လ်တွေကို အသားပေါ်လိမ်းပြီး နာရီဝက်လောက်အကြာမှာ ရေဆေးချလိုက်ပါ။ နေ့တိုင်း လုပ်စရာတော့ မလိုပါဘူး။ တစ်ပတ်တစ်ကြိမ်နှုန်းနဲ့ ၂ပတ်အတွင်း အနည်းဆုံး ၂ကြိမ် လုပ်ပေးမယ်ဆို လုံလောက်ပါပြီ။

နနွင်း

အလှအပရေးရာအတွက်ဆို ဟိုးရှေးခေတ်ကတည်းက နနွင်းကို သုံးစွဲလာကြတာ အားလုံးအသိပါ။ နာမည်ကြီး ဆေးတစ်လက်ပေါ့။ နနွင်းမှာ ပါဝင်တဲ့ ဓာတ်တွေက အသားအရေရဲ့ ယေဘုယျပြဿနာတွေ အားလုံးကို ပြေလည်စေလို့ နာမည်ကြီးပါတယ်။

နနွင်းနဲ့ နွားနို့ခရင်မ်နဲ့ ရောပြီး အနှစ် ခပ်ပျစ်ပျစ်ရအောင်လုပ်လို့ အသားပေါ်မှာလိမ်းပြီး အခြောက်ခံထားပါ။ ခြောက်သွားပြီဆိုမှ ကြက်သီးနွေးရေနဲ့ ဆေးမယ်ဆိုရင်လည်း ဒါဟာ အသားဖြူစေဖို့ နည်းလမ်းကောင်း တစ်ခုပါပဲ။

နနွင်းနဲ့ ဒိန်ချဉ်ရောပါ။ သံလွင်ဆီ တစ်စက် နှစ်စက်ထည့်လို့ အနှစ်ရအောင်လုပ်ပါ။ ပြီးရင်တော့ ခန္ဓာကိုယ်ပေါ်မှာ စက်ဝိုင်းပုံ ပွတ်တိုက်ပေးပါ။ ပြီးရင်တော့ သုံးနေကျ ဆပ်ပြာကိုသုံးပြီး ရေချိုးပေးပါ။ ရေနွေးနဲ့ ချိုးရင် ပိုကောင်းပါတယ်။ ဒီနည်းလမ်းက ချက်ချင်းကို သိသာတဲ့ နည်းလမ်းဖြစ်ပြီး လုပ်ပြီးတာနဲ့ ဆဲလ်သေတွေ ကင်းသွားတဲ့အပြင် အသားအရေ ညီညာ ချောမွတ်နေတာကိုပါ လက်တွေ့ခံစားရမှာပါ။

ကဲ.. အသားလည်းဖြူချင်၊ ဓာတုနည်းတွေကိုလည်း ကြောက်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေက အတော်ပါပဲ.. ဒါပေမဲ့ ဖော်ပြထားတဲ့ နည်းလမ်းတိုင်းကတော့ အသားအရည်တိုင်း၊ လူတိုင်းနဲ့ သင့်လျော်နေတာမျိုး မဟုတ်ပါဘူး။ ဘယ်နည်းလမ်းကိုပဲ သုံးမယ်ဆိုဆို ကိုယ့်အသားအရည် အမျိုးအစားနဲ့ ကိုက်ညီနိုင်မယ့် နည်းလမ်းမျိုးကို လေ့လာပြီးမှ သုံးစွဲတာကောင်းပါတယ်။ အားလုံးပဲ ကျန်းမာလှပကြပါစေ😘



#ကျန်းမာရေး

#တင်ပါးမဲ

Lotus Crystal

29/03/2024

သိသူဖော်စားမသိသူကျော်သွား သမိုင်းဝင်နနွင်းကျန်းမာရေး

နနွင်းဟာ နနွင်းပင်ကရရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု ဖြစ်ပြီး နနွင်းပင်ရဲ့အမြစ်ကို ဆေးအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာကို တွေ့မြင်နိုင်ပါတယ်။

နနွင်းကို အဆစ်ရောင်ခြင်း၊ ရင်ပူခြင်း၊ အဆစ်ကိုက်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ Crohn’s ရောဂါ၊ အူလမ်းကြောင်းအနာဖြစ်သည့်ရောဂါ၊ bypass surgery ခေါ် ခွဲစိတ်ကုသခြင်းတစ်မျိုး၊ သွေးယိုခြင်း၊ ဝမ်းပျက်ခြင်း၊ လေထိုးလေပွခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ မျက်စိဝါ၊ အသားဝါခြင်း၊ အသည်းရောဂါ၊ Helicobacter pylori ပိုး ကူးစက်ခံရခြင်း၊ အစာအိမ်အနာများ၊ Irritable bowel syndrome ခေါ် အူလမ်းကြောင်းရောဂါတစ်မျိုး၊ သည်းခြေအိတ်ရောဂါများ၊ သွေးတွင်းကိုလက်စထရောပမာဏ များပြားခြင်း၊ lichenus planus ခေါ် အရေပြားရောဂါတစ်မျိုး၊ ဓါတ်ရောင်ခြည်ကုထုံးကြောင့် အရေပြားရောင်ရမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းစတဲ့ ကျန်းမာရေးပြဿနာအမျိုးမျိုးအတွက် အသုံးပြုကြပါတယ်။

ဒါ့အပြင် ခေါင်းကိုက်ခြင်း၊ လေပြွန်ရောင်ခြင်း၊ အအေးမိဝေဒနာ၊ အဆုတ်ပိုးဝင်ခြင်း၊ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်း၊ အနာကြီးရောဂါ၊ ဖျားနာခြင်း၊ ဓမ္မတာလာစဉ် ဖြစ်တတ်သည့်ဝေဒနာများ၊ အရေပြားယားယံခြင်း၊ ကင်ဆာရောဂါများ၊ စိတ်ကျဝေဒနာ၊ အယ်လ်ဇိုင်းမားခေါ် မှတ်ဉာဏ်ချို့ယွင်းသည့်ရောဂါ၊ မျက်စိအလယ်လွှာရောင်ရမ်းခြင်း၊ သွေးချိုဆီးချိုရောဂါ၊ ခန္ဓါကိုယ်တွင်း ရေဆွဲခြင်း၊ သန်ထခြင်း၊ systemic lupus erytheromatus (SLE) အမည်ရှိ ကိုယ်ခံအားတုံ့ပြန်မှုဆိုင်ရာ ရောဂါတစ်မျိုး၊ တီဘီရောဂါ၊ ဆီးအိတ်ရောင်ရမ်းခြင်းနဲ့ ကျောက်ကပ်ရောဂါတွေအတွက်လည်း နနွင်းကို အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

အချို့လူတွေကတော့ နာကျင်မှုဝေဒနာ၊ ပွေး၊ အဆစ်လွဲခြင်း၊ ရောင်ရမ်းခြင်း၊ အညိုမဲစွဲခြင်း၊ မျှော့တွယ်ခြင်း၊ မျက်စိပိုးဝင်ခြင်း၊ ဝက်ခြံပေါက်ခြင်း၊ အရေပြားရောင်ရမ်းခြင်း၊ အရေပြားအနာဖြစ်ခြင်း၊ ခံတွင်းထဲအနာပေါက်ခြင်း၊ အနာပိုးဝင်ခြင်းနဲ့ သွားဖုံးရောဂါတွေအတွက် လိမ်းဆေးအဖြစ် အသုံးပြုကြသလို အူလမ်းကြောင်းရောင်ရမ်းတဲ့ ရောဂါရှိသူတွေမှာ ဝမ်းနုတ်ဆေးအဖြစ်လည်း အသုံးပြုကြပါသေးတယ်။

အစားအသောက်နဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ နနွင်းကရတဲ့အဆီကို ရေမွှေးပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုပြီး နနွင်းပင်ရဲ့ သစ်စေးကိုတော့ အစားအသောက်တွေမှာ အနံ့အရသာနဲ့အရောင်ထွက် ကောင်းမွန်စေဖို့ အသုံးပြုကြတယ်လို့ သိရပါတယ်။

နနွင်းဟာ Javanese turmeric အမြစ် (Curcuma zedoaria) နဲ့ မတူညီပါဘူး။

ဘယ်လိုအလုပ်လုပ်လဲ

နနွင်းက ခန္ဓါကိုယ်အတွက် ဘယ်လိုအလုပ် လုပ်သလဲ။

နနွင်းမှာ ရောင်ရမ်းခြင်းကို လျော့ပါးသက်သာစေတဲ့ curcumin နဲ့ အခြားဓါတုပစ္စည်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် နနွင်းဟာ ရောင်ရမ်းခြင်းကို ဖြစ်ပေါ်စေတဲ့ ရောဂါအမျိုးမျိုးကို ကုသရာမှာ အသုံးဝင်တယ်လို့ သိရပေမယ့် ၎င်းရဲ့အလုပ်လုပ်ပုံနဲ့ပတ်သက်ပြီး လုံလောက်တဲ့ လေ့လာစမ်းသပ်ချက်များ မပြုလုပ်ရသေးပါဘူး။ အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင်နှင့် ဆွေးနွေးပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

နနွင်း အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သတိပြုရမည့်အချက်များနှင့် သတိပေးချက်များ။

နနွင်းကို အသုံးမပြုခင်မှာ ဘယ်အချက်အလက်တွေကို သိထားသင့်သလဲ။

အကယ်၍ သင့်မှာ အောက်ဖော်ပြပါ အခြေအနေတစ်ခုခု ရှိနေခဲ့မယ်ဆိုရင် ဆေးအသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြတိုင်ပင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေချိန် သို့မဟုတ် ကလေးနို့တိုက်နေချိန် – အကယ်၍သင်ဟာ ကိုယ်ဝန်ဆောင်မိခင် သို့မဟုတ် ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦး ဖြစ်နေမယ်ဆိုရင် ဘယ်ဆေးကိုမဆို ဆရာဝန်မညွှန်ကြားဘဲ မသောက်သုံးသင့်ပါဘူး။

အခြားဆေးဝါးများ သောက်သုံးနေချိန် – တိုင်းရင်းဆေး၊ အားဖြည့်ဆေးများ အပါအဝင် သင်လက်ရှိသောက်သုံးနေတဲ့ ဆေးအားလုံးကို သင့်ဆရာဝန်သိအောင် ပြောပြရမှာဖြစ်ပါတယ်။

နနွင်း သို့မဟုတ် အခြားဆေးဝါးများ တွင်ပါဝင်သည့် ပစ္စည်းတစ်မျိုးမျိုးနှင့် ဓါတ်မတည့်ခြင်း

ရောဂါဝေဒနာတစ်ခုခု ခံစားနေရခြင်း

အစားအသောက်၊ ဆိုးဆေး၊ ကြာရှည်ခံဆေး သို့မဟုတ် တိရစ္ဆာန်များနှင့် ဓါတ်မတည့်ခြင်း

သာမန်ဆေးဝါးများ အသုံးပြုခြင်းထက်စာလျှင် အပင်မှရရှိသည့်ဆေးဝါးများ အသုံးပြုခြင်းက ကန့်သတ်ချက်ပိုနည်းပေမယ့် စိတ်ချရမှုအတိုင်းအတာကို အဆုံးအဖြတ်ပေးဖို့ လေ့လာစမ်းသပ်မှုများ ဆက်လက်ပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။ ဒါကြောင့် ဆေးပင်အသုံးပြုခြင်းမှ ရရှိလာမယ့် ကောင်းကျိုး၊ ဆိုးကျိုးများကို ချိန်ဆနိုင်ရန်အတွက် သင့်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင်နဲ့ တိုင်ပင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

နနွင်း က ဘယ်လောက်စိတ်ချရလဲ

နနွင်းဟာ အသုံးပြုဖို့ စိတ်ချရရဲ့လား။

နနွင်းကို သောက်ဆေး သို့မဟုတ် အရေပြားလိမ်းဆေးအဖြစ် ၈လအထိ စိတ်ချစွာအသုံးပြုနိုင်တယ်လို့ ယူဆထားပါတယ်။

၎င်းကို ဝမ်းနှုတ်ဆေး သို့မဟုတ် ပလုတ်ကျင်းဆေးရည်အဖြစ် ရေတိုအသုံးပြုမယ်ဆိုရင်လည်း အန္တရာယ်ဖြစ်နိုင်ခြေနည်းပါတယ်။

အထူးသတိပြုရမည့်အချက်များနှင့် သတိပေးချက်များ

ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးနို့တိုက်နေချိန်

ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်နေချိန်တွေမှာ နနွင်းကို အစားအသောက်တွေမှာ ပါဝင်နေကျပမာဏအတိုင်း စိတ်ချစွာစားသုံးနိုင်ပေမယ့် ကိုယ်ဝန်ဆောင်နေစဉ် ကာလတလျှောက်မှာတော့ သောက်ဆေးအဖြစ် အသုံးပြုဖို့ စိတ်မချရပါဘူး။ နနွင်းဟာ ဓမ္မတာလာခြင်းကို အားပေးပြီး သားအိမ်ကိုလှုံ့ဆော်မှုပေးတဲ့အတွက် ကိုယ်ဝန်ထိခိုက်နိုင်ချေ ရှိပါတယ်။ ဒါ့အပြင် ၎င်းကို ကလေးနို့တိုက်နေချိန်မှာ ဆေးအဖြစ်အသုံးပြုဖို့ စိတ်ချရခြင်းရှိမရှိ သေသေချာချာ မသိရသေးတဲ့အတွက် အသုံးမပြုတာက သင့်အတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

သည်းခြေပြဿနာများ

နနွင်းဟာ သည်းခြေပြဿနာတွေကို ပိုဆိုးစေနိုင်တဲ့အတွက် သင့်မှာ သည်းခြေကျောက်တည်နေရင်၊ သည်းခြေပြွန်ပိတ်ဆို့နေရင် နနွင်းအသုံးမပြုသင့်ပါဘူး။

သွေးမတိတ်သည့်ရောဂါများ

နနွင်းဟာ သွေးခဲနှုန်းကို နှေးကွေးစေတဲ့အတွက် သွေးမတိတ်တဲ့ရောဂါ ရှိသူတွေမှာ အလွယ်တကူ အညိုမဲစွဲနိုင်ချေနဲ့ သွေးယိုနိုင်ချေ မြင့်စေပါတယ်။

သွေးချိုဆီးချိုရောဂါ

နနွင်းမှာပါဝင်တဲ့ curcumin ဓါတ်ဟာ သွေးချိုဆီးချိုဝေဒနာရှင်တွေမှာ သွေးတွင်းသကြားဓါတ်ပမာဏကို အန္တရာယ်ရှိလောက်တဲ့အနေအထားအထိ ကျဆင်းစေနိုင်တဲ့အတွက် သတိနဲ့ယှဉ်ပြီး အသုံးပြုသင့်ပါတယ်။

အစာအိမ်အက်ဆစ်များလျှံတက်ခြင်း (GERD)

နနွင်းဟာ အချို့လူတွေရဲ့ အစာအိမ်ကို ထိခိုက်စေနိုင်ပြီး GERD လို အစာအိမ်ပြဿနာတွေကို ပိုဆိုးရွားစေနိုင်ပါတယ်။

ဟော်မုန်းနှင့်သက်ဆိုင်သည့် ရောဂါများ

နနွင်းမှာပါဝင်တဲ့ curcumin အမည်ရှိ ဓါတုပစ္စည်းမှာ အီစထရိုဂျင်ဟော်မုန်းနဲ့ အလားသဏ္ဍာန်တူတဲ့ အာနိသင်ရှိပါတယ်။ သီအိုရီအရပြောရရင် နနွင်းဟာ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ သားအိမ်တစ်ရှူးနေရာလွဲမှားခြင်း၊ သားအိမ်အလုံးတည်ခြင်း စတဲ့ ဟော်မုန်းနဲ့သက်ဆိုင်တဲ့ ရောဂါတွေကို အခြေအနေ ပိုဆိုးစေနိုင်ပါတယ်။ ဒါပေမယ့် အချို့သုတေသနတွေမှာ နနွင်းဟာ အချို့သော ကင်ဆာဆဲလ်တွေအပေါ် အီထစရိုဂျင်ရဲ့ သက်ရောက်မှုကို လျော့နည်းစေတယ်လို့ ဖော်ပြထားပါတယ်။ ဒီအချက်ကိုမူတည်ပြီး စဉ်းစားမယ်ဆိုရင်တော့ နနွင်းဟာ အထက်မှာဖော်ပြခဲ့တဲ့ ရောဂါတွေအပေါ် ကောင်းကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ သင်ဟာ ဟော်မုန်းနဲ့သက်ဆိုင်တဲ့ ရောဂါတစ်ခုခု ခံစားနေရမယ်ဆိုရင်တော့ နနွင်းကို သတိနဲ့ယှဉ်ပြီး အသုံးပြုသင့်ပါတယ်။

သန္ဓေမအောင်ခြင်း

နနွင်းသောက်သုံးတဲ့ အမျိုးသားတွေမှာ တက်စတိုစတီရုန်းဟော်မုန်း လျော့နည်းပြီး သုတ်ကောင်တွေရဲ့လှုပ်ရှားမှု အားနည်းလာနိုင်တဲ့ အလားအလာရှိတဲ့အတွက် သန္ဓေအောင်နိုင်ချေကို ကျဆင်းစေပါတယ်။ ဒါကြောင့် ကလေးယူဖို့ ကြိုးစားနေသူတွေအနေနဲ့ နနွင်းကို သတိထားပြီး သောက်သုံးဖို့ လိုအပ်ပါတယ်။

သံဓါတ်ချို့တဲ့ခြင်း

နနွင်းကို ပမာဏအများအပြား သောက်သုံးရင် ခန္ဓါကိုယ်ရဲ့ သံဓါတ်စုပ်ယူမှု ထိခိုက်နိုင်တဲ့အတွက် သံဓါတ်ချို့တဲ့နေသူတွေ အထူးသတိပြုသင့်ပါတယ်။

ခွဲစိတ်ကုသမှု

နနွင်းမှာ သွေးခဲမှုကို နှေးကွေးစေနိုင်တဲ့ အာနိသင်ရှိတဲ့အတွက် ခွဲစိတ်ကုသမှု ပြုလုပ်နေစဉ်နဲ့ ပြုလုပ်ပြီးချိန်တွေမှာ သွေးယိုနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ခွဲစိတ်မှုမပြုလုပ်ခင် ရက်သတ္တပတ် ၂ပတ်ခန့် ကြိုတင်ပြီး နနွင်းအသုံးပြုမှုကို ရပ်ထားဖို့ လိုပါလိမ့်မယ်။

ဘေးထွက်ဆိုးကျိုးများ

နနွင်း ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ဘေးထွက် ဆိုးကျိုးများ

နနွင်းက ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ။

နနွင်းကြောင့် ဘေးထွက်ဆိုးကျိုး ဖြစ်လေ့ဖြစ်ထနည်းပေမယ့် အချို့လူတွေမှာတော့ အောက်ဖော်ပြပါ လက္ခဏာတွေ ရှိလာနိုင်ပါတယ်။

အစာအိမ်ထိခိုက်ခြင်း

ပျို့ခြင်း

မူးဝေခြင်း

ဝမ်းပျက်ခြင်း

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

နနွင်း ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ဘယ်လိုဆေးဝါးတွေနဲ့ ကျန်းမာရေးအခြေအနေတွေက နနွင်းနဲ့သက်ရောက်ဓါတ်ပြုမှုတွေရှိမလဲ။

နနွင်းဟာ သင်လက်ရှိသောက်သုံးနေတဲ့ဆေးဝါးများ၊ သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေများနဲ့ သက်ရောက်ဓါတ်ပြုမှုတွေရှိနိုင်ပါတယ်။ ဒါကြောင့် ဒီဆေးအသုံးမပြုခင် သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးပင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ အရေးကြီးပါတယ်။

နနွင်းနဲ့ သက်ရောက်ဓါတ်ပြုနိုင်တဲ့ ဆေးဝါးတွေကတော့ သွေးခဲမှုကို နှေးကွေးစေတဲ့ ဆေးဝါးများ

နနွင်းဟာ သွေးခဲမှုကို နှေးကွေးစေနိုင်တဲ့အတွက် ၎င်းကို asipirin, clopidogrel (Plavix), diclofenac (Voltaren, Cataflam), ibuprofen (Advil, Motrin), naproxen (Anaprox, Naproxyn), dalteparin (Fragmin), enoxaparin (Lovenox), heparin, warfarin (Coumadin) စတဲ့ အလားတူအစွမ်းသတ္တိရှိတဲ့ ဆေးဝါးတွေနဲ့ တွဲပြီးအသုံးပြုမယ်ဆိုရင် အလွယ်တကူ အညိုအမဲစွဲနိုင်ချေနဲ့ သွေးယိုနိုင်ခြေ မြင့်လာမှာဖြစ်ပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

နနွင်း အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

အသုံးပြုရန်အညွှန်း

ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာ အကြံပြုချက်များနေရာတွင်အစားထိုးရန်မဟုတ်ပါ။ ဆေးအသုံးမပြုခင်မှာ ဆရာဝန်နှင့်ဖြစ်စေ ဆေးပင်ပညာရှင်နှင့်ဖြစ်စေ အမြဲ ဆွေးနွေးတိုင်ပင်ပါ။

နနွင်းကို ပုံမှန်အသုံးပြုရမယ့် အချိုးအစားက ဘယ်လောက်လဲ။

အရွယ်ရောက်ပြီးသူများ

သောက်ဆေးအဖြစ် အသုံးပြုရန်

သွေးတွင်းကိုလက်စထရောပမာဏများခြင်းအတွက် – နနွင်းဆေး ၁.၄ဂရမ်ကို တစ်နေ့ ၂ကြိမ်ခွဲပြီး ၃လအထိ နေ့စဉ်သောက်သုံးရန်

ယားယံခြင်းအတွက် – နနွင်း ၁၅၀၀ မီလီဂရမ်ကို တစ်နေ့ ၃ကြိမ်ခွဲပြီး ရက်သတ္တပတ် ၈ပတ်အထိ နေ့စဉ်သောက်သုံးရန်

သို့မဟုတ် နနွင်းကထုတ်လုပ်တဲ့ C3 Complex, Sami Labs LTD ဆေးဝါးကို ငရုတ်ကောင်း (black pepper သို့မဟုတ် long pepper) နဲ့တွဲပြီး ရက်သတ္တပတ် ၄ပတ်အထိ နေ့စဉ်သောက်သုံးရန်

အရိုးအဆစ်များ ရောင်ရမ်းခြင်းအတွက် – နနွင်း ၅၀၀ မီလီဂရမ်ကို တစ်နေ့ ၄ကြိမ် ရက်သတ္တပတ် ၄ပတ်မှ ၆ပတ်အထိ နေ့စဉ်သောက်သုံးရန်

သို့မဟုတ် နနွင်းကထုတ်လုပ်တဲ့ Turmacin, Natural Remedies Pvt. Ltd. ဆေးဝါး ၅၀၀ မီလီဂရမ်ကို တစ်နေ့ ၂ကြိမ်၊ ရက်သတ္တပတ် ၆ပတ်အထိ နေ့စဉ်သောက်သုံးရန်

သို့မဟုတ် နနွင်းနဲ့ phosphatidylcholine ပါဝင်တဲ့ Meriva, Indena ဆေးဝါးကို တစ်နေ့ ၂ကြိမ်၊ ၂လမှ ၃လအထိ သောက်သုံးရန်

ကလေးငယ်များ

သောက်ဆေးအဖြစ် အသုံးပြုရန်

သွေးတွင်းကိုလက်စထရောပမာဏများခြင်းအတွက် – အသက် ၁၅နှစ်နှင့်အထက် ကလေးများတွင် နနွင်းဆေး ၁.၄ဂရမ်ကို တစ်နေ့ ၂ကြိမ်ခွဲပြီး ၃လအထိ နေ့စဉ်သောက်သုံးရန်

အသက်၊ ကျန်းမာရေး စတဲ့ လူတစ်ဦးချင်းစီရဲ့ အခြေအနေအပေါ်မူတည်ပြီး ဆေးသောက်သုံးရမယ့် ပမာဏ ကွဲပြားခြားနားနိုင်ပါတယ်။ အပင်ကထုတ်လုပ်တဲ့ ဆေးဝါးတွေဟာ သုံးစွဲဖို့ အမြဲတစေစိတ်ချရတဲ့ အနေအထားမှာ မရှိတဲ့အတွက် သင်သောက်သုံးရမယ့် အတိုင်းအတာပမာဏကို သိရှိဖို့ သင့်ဆရာဝန် သို့မဟုတ် ဆေးပင်ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

နနွင်း က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

နနွင်းကို ဘယ်လိုပုံစံမျိုး အချိုးအစားမျိုးတွေနဲ့ရရှိနိုင်မလဲ။

နနွင်းကို အပေါ်ခွံပါဝင်တဲ့ ဆေးတောင့်၊ ဆေးမှုန့်၊ ဆေးရည်၊ လက်ဖက်ရည် ပုံစံများဖြင့် ရရှိနိုင်ပါတယ် အားလုံးပဲကျန်းမာချမ်းသာကျပါစေ🙏



#ကျန်းမာရေး
#နနွင်း
Lotus Crystal

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon