STYH Beauty and Style

STYH Beauty and Style

Share

Beauty, Cosmetic&Personal Care

30/07/2025

မိုး တို့ ဝက်ခြံ အမြဲ ပေါက်တတ်သူ တွေ ရဲ့ ဘဝ က ဝက်ခြံ ပျောက်ဖို့ ဆေးတွေ လိမ်းလိုက် ၊ ဝက်ခြံ လေး ကောင်းမလိုမှာ skin barrierလေး ပျက်စီးလိုက် နဲ့ ချာချာတွေ လည် တတ်ကြတာ လေနော် ။ oily - acne - sensitive - dry ( ဝက်ခြံပေါက်သော dry skin) တွေ ဆို ဒီစာ ဆက်ဖတ်ကြည့် ပေးနော် ။

ဝက်ခြံ ဆေးတွေက ပြင်းတော့ အသားတွေ လောင် ၊ barrier ခေါ် အပေါ်ယံ လွှာတွေ ပျက် ။ အဲ့တော့ skin က sensitized ဖြစ်သွားတာ ။ တကယ်က sensitized skin ဖြစ်တာ ၊ အလွယ် sensitive skin လို့ ခေါ်ကြတာ ပါ။

ဝက်ခြံ အတွက်ဆိုရင် ဝက်ခြံ ပျောက်ဆေး လိမ်းတာ နဲ့ အတူ skincare ပိုင်းကလည်း skin barrier ခေါ် အပေါ်ယံလွှာကို သေချာ ကျန်းမာ စေ၊ ပြန်ကောင်းစေတဲ့ skincare မျိုး ၊ ထပ်ပီး အရေပြား မလောင်စေမဲ့ skincare မျိုး ရွေးသုံးပေးဖို့ လိုအပ်ပါတယ် ။

မိုး ခု သုံးနေတဲ့ Dr.G တံဆိပ် skincare ကိုက dermatologist ဆရာဝန် တွေကပါ သုံးဖို့ ညွှန်တတ်လေ့ ရှိတယ် ။ လေဆာပစ်ထားတာ ၊ PRP လုပ်ထားတာ စသဖြင့်ပေါ့။ ဒီ series ကျ mild ဖြစ်လို့ စိတ်ချ သုံးလို့ ရတယ် ။

မိုး အနေနဲ့ က Dr G brand ကို စသုံးခဲ့ဖူးတာ fungal acne ဖြစ်တဲ့ အချ်န်ကပါပဲ ။

အရင် ရေးထားတဲ့ Dr G moisturizer review လည်း ရှိတယ်နော် ။ Fungal acne skincare အကြောင်း မှာ အကုန်စု ရေးထားတာပါ ။

ခု မိုး ရန်ကုန်ကနေ မှာထားတဲ့ Dr G travel kit လေးက စမ်း သုံးချင်တာ ဖြစ်ဖြစ်၊ ခရီးဆောင် ဖို့ ၊ တ set လုံး သုံးချင်ပေမဲ့ budget ချွေတာ ချင်ရင် ဖြစ်ဖြစ် အရမ်း အဆင်ပြေ ပါတယ် ။

Dr. G ဆိုတာ sensitive skin သမားတိုင်း ရဲ့ အဖော်မွန် ပါပဲ ။ sensitive skin ဆိုရင် ဘာသုံးရမလဲ ရှာကြည့် လိုက်ရင် Dr.G ကို ညွှန်းကြတာ မျက်စိ ယဉ်ပီးသား၊ မြင်ဖူးနေကျ ဖြစ်ကြမယ် ထင်ပါတယ်။

ကိုယ်က ဘာကြိုက်မယ် မသိနေဘူး ဆိုရင် မိုး ကတော့ ဒီ kit လေး စမ်းဖို့ အားပေး ချင်တယ် ။ သုံးကြည့်ပီး အကုန်ပဲ ဖြစ်ဖြစ် ၊ ရွေးပီးတော့ပဲ ဖြစ်ဖြစ် ကိုယ် တကယ် ကြိုက်တာကို ဘူးကြီး ဝယ်တဲ့ အခါကျ no regret ပေါ့ ။

Red Blemish series လေးက အရေပြားရဲ့ pH ကို ညှိပေးပီး Cica complex ၅ မျိုး ပါတာမို့ soothing လုပ်ပေး ပါတယ် ။

Travel Kit ထဲ ပါတာလေးတွေ ဆိုဒ် နဲ့ တကွ ရေးပေးမယ်နော် 👉🏻

- Red Blemish Clear Soothing Foam 30ml
- Red Blemish Clear Soothing Toner 20ml
- Red Blemish Clear Soothing Emulsion 20ml
- Red Blemish Clear Soothing Cream 30ml
- Green Mild Up Sunscreen 20ml

✔️ မျက်နှာသစ်မယ် ( ဆေးအပြင်းစား / scrub ပါတာ မျိုး တွေ ရှောင်ပီး ဒီလို mild ဖြစ်တာနဲ့ပဲ သစ်ပါ

✔️ ပီးရင် toner step ကိုလည်း အရက်ပျံတွေ များတာ ၊ acid ပါတာတွေ ခဏ ရှောင်ပီး ဒါလေးသုံး ။

✔️ emulsion နဲ့ cream ၂ မျိုး ပါတာ မှာ မိုး ကတော့ နေ့ဖက် emulsion လိမ်း ၊ ညဖက် cream လိမ်းတယ် ၊ သူက မြန်မာပြည် ရာသီဥတုနဲ့ ကိုက်ပါတယ် ပါးပါး ကျဲကျဲ မို့ မိုး လို လိမ်းလည်းရ သလို ၊ ဘူးကြီး ကျ မှ နှစ်သက်ရာ တမျိုး ဝယ် လိမ်းလည်းရ တယ် ။

✔️ နေ့ဖက်အတွက် sunscreen ပေါ့ ၊ ဒါကတော့ physical sunscreen လေးပါ ။ mineral- physical sunscreen ဖြစ်လို့ လိမ်းခါစ နဲနဲလေး ဖြူသယောင် ထင်ရပါတယ်နော် ၊ သေချာ လိမ်းပေးရင် ညီပါတယ် ။ physical sunscreen ကတော့ chemical လို အကြည် အရောင်မပါတာ မရပါဘူး ။

Dr G တံဆိပ်က Korea မှာ ဆုတွေလည်း ရထားတာပါ။

Balancing, soothing, recovery လိုနေတဲ့ အသားအရည် တိုင်း အတွက် ဒါကို သုံးပါနော် ။

လိုချင်တယ်ဆိုရင် K-Skin House နဲ့ K-Skin House Official မှာ ဝယ်လို့ရပါတယ် ။ စျေးက ၃ သောင်း ကျော်ပါ ။

Photos from Review By Nyi's post 30/07/2025

[Giveaway 3ဦး]
Sensitive skin တွေအတွက် အသင့်တော်ဆုံး Brightening Skincare Set⚡️

Brightening skincare သုံးတဲ့နေရာမှာလဲ ပညာသားတော့ပါတယ် သိလား။ အသားအရေဝင်းချင်တာနဲ့ပဲ brightening skincare ချည်း သုံးနေလို့မရဘူး။ တချို့ brightening skincare တွေ စုံနေအောင်သုံးတာပဲ ဒါပေမဲ့ result မမြင်ရဘူးဆိုတာ ဒီအချက်ကြောင့်ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် Hydration မဖြည့်တဲ့အချက်📌 Hydration stands in the 1st place ပါ။ ရေဓာတ်လုံလောက်စွာ မရရှိတဲ့ skin ဟာ ဘယ်လိုမှမကြည်စိုနိုင်သလို Brightening skincare သေလောက်အောင်သုံးလဲ ထိရောက်ခြင်းမရှိဘူး ဒါဟာကိုယ်တွေ့။

That’s why! ကိုယ်တွေက အသားအရေကို အလှပဆုံးကြည်စိုဝင်းလက်ချင်တယ်ဆိုရင် Hydrating & Brightening skincare ကို ညီညီမျှမျှ တွဲဖက်အသုံးပြုဖို့ လိုပါတယ်။ ကျွန်တော်ကျွန်မက အဆီပြန်လို့ moisture တွေ သိပ်မသုံးရဲဘူးဘာညာတော့ မလုပ်နဲ့။ ရေဓာတ်က moisture နဲ့မတူပါ။ ရေဓာတ်က အသားအရေတိုင်းအတွက် မရှိမဖြစ်လိုအပ်ပြီး အဆီပြန်တာကိုပါ လျော့ကျစေသေးတယ်။

Nyi ဒီနေ့ recommend လုပ်ပေးမှာက Korea မှာ Sensitive skin တွေရဲ့ လက်စွဲ Brand 'Rovectin' ကပါ။ Hydrating နဲ့ Brightening ကို အလှပဆုံးတွဲဖက်ပေးထားတဲ့ Brightening Skincare Set လေးမလို့ လူတိုင်းကို Highly recommend လုပ်ချင်ပါတယ်။

~Product တခုစီတိုင်းက အရမ်း sensitive ဖြစ်တဲ့သူကအစ သုံးဖို့သင့်တော်တယ်၊ မနက်ညသုံးလို့ရတယ်၊ ဝက်ခြံအဆီဖုထွက်နေလဲ အဖုအရမ်းမများရင် သုံးလို့အဆင်ပြေပါတယ်~

ဘယ်မှာဝယ်ရမလဲဆိုရင် 🛒 Myanmar က မှာပါဗျ။ https://www.facebook.com/share/1Ebp1Nacai/?mibextid=wwXIfr

Rovectin Myanmar ကနေ Giveaway 3ဦးစာ 1သိန်းခွဲကျော်တန်ဖိုးရှိ Skincare 1set မဲဖောက်ပေးထားလို့ ပိုစ့်လေးကို react နှိပ်၊ comment မှာ တခုခုရေးခဲ့ပြီး ပါဝင်ပေးပါအုံးနော်။

Disclaimer : This’s a Collaboration post ē Rovectin.

Photos from Paletteain's post 30/07/2025
Photos from STYH Beauty and Style's post 02/01/2025

ရှိပါတယ်ရှင့်🥰


#မှာယူလိုပါက Page CB(OR) #
Viber no #09774298689 #ကိုဆက်သွယ်မှာယူလို့ရပါတယ်ရှင့်🎀💓

Photos from Let’s Care with Juliee's post 02/01/2025

Photos from Review By Tayza's post 02/01/2025

Instock

26/12/2024

ဝက်ခြံ အဆီဖုများ အကြောင်း
--------------------------------------------------------------------------------------------
✅ အရောင်အားဖြင့် အသားရောင် ရှိတတ်ပြီး၊ မနီ မနာသော အဖုသေးသေးလေးတွေပါ၊ အထူးသဖြင့် နဖူး၊ မေးစေ့မှာ အတွေ့များပြီး မရောင်ရမ်းသော ဝက်ခြံတမျိုးပေါ့ ။

✅ အမျိူးအစား ၂ မျိူးရှိပါတယ် ။
- Micro comedones ( သာမန်မျက်လုံးဖြင့် မမြင်နိုင်သော အဆီဖုဝက်ခြံ )
- Macro comedones ( 2-3 mm ထက်ပိုသော အဆီဖုဝက်ခြံ )

✅ အဆီဖု ဖြစ်ရတဲ့အကြောင်းအရင်းကတော့ -
မွှေးညှင်းနုလေးတွေရဲ့ ထွက်ပေါက်ပိတ်လို့ပါ ။

✅ အဆီဖု အတွေ့များတာကတော့ -
✔️ မျက်နှာ အဆီအရမ်းပြန်တဲ့ အသားရေနဲ့ ခြောက်သွေ့ယားယံတဲ့ အသားရေရှိတဲ့သူတွေ မှာ တွေ့ရတတ်ပါတယ် ။
.. ဒါ့အပြင်...

✔️ ဝက်ခြံထွက်စေသော Chemicals ( pomades , isopropyl myristate , propylene glycol , dyes မတည့်သော အရောင်ဆိုးဆေး) ပါသောပစ္စည်းများ သုံးမိတဲ့ သူတွေ
✔️ မျက်နှာကို လက်နဲ့ ခဏခဏ ကိုင်တက်တဲ့သူတွေ
✔️ ကြမ်းကြမ်းတမ်းတမ်း မျက်နှာသစ်တတ်တဲ့ သူတွေ
✔️ လက်သည်းနဲ့ ကုတ်ဖဲ့တတ်သူတွေ
✔️ သနပ်ခါးထူထူ၊ မိတ်ကပ်ထူထူ လိမ်းသူတွေ
✔️ ကိုယ်နဲ့မတည့်သော skin care , chemical , make up , သဘာဝ အိမ်တွင်းကုထုံး၊ သစ်ခေါက်၊ သစ်သီးအစေ့ဆံ သွေးလိမ်းမိသူတွေ
✔️ Chemical peeling , laser တွေ ခဏခဏ လုပ်တဲ့သူတွေ
✔️ ဆေးလိပ်သောက်တဲ့သူတွေမှာလဲ ဖြစ်တတ်ပါတယ် ။
✔️ အချိုနှင့်နို့ထွက်ပစ္စည်း၊ အဆီ ပါသော အစားစာတွေကြောင့် နှင့်
✔️ မျိုးရိုးဗီဇတို့ကြောင့်လဲ ဖြစ်တတ်ပါသေးတယ် ။

••••••••••••••••••••

🌡 [ ကုသနည်းများ ]

ဘယ်လို ကုသရမလဲဆိုရင် -
A. လိမ်းဆေး
B. သောက်ဆေး
C. ကုထုံး ( treatment)
D. အိမ်တွင်းကုထုံး တို့ရှိပါတယ်

✅ A. - လိမ်းဆေး
- Benzoyl peroxide
- Azelaic acid
- Salicylic acid ( BHA )
- Glycolic acid ( AHA )
- Retinoids ( Tretinoin , Adapalene )
- Sulfur
- Niacinamide တို့ပါတဲ့ ဆေးများနှင့် Skin Cares တွေ သုံးပေးလို့ရပါတယ် ။

✅ B. - သောက်ဆေး
- Hormonal
- Isotritenoin
- Spironolactone တို့သောက်ပေးလို့ရပါတယ် ။

✅ C - ကုထုံး ( treatment )
- Cryotherapy
- Electrosurgery ( Cautery , diathermy )
- Microdermabrasion
- Extraction တို့ရှိပါတယ် ။

✅ D- အိမ်တွင်းကုထုံး အနေနဲ့ဆို -
( အိမ်တွင်းနည်းတွေက အပေါ်က ကုသနည်းတွေလောက် မထိရောက်ပေမဲ့ ဆေးခန်းမသွားချင်တဲ့သူတွေ၊ ကုသဖို့မတတ်နိုင်တဲ့သူတွေအတွက် သက်သာစေဖို့တော့ အသုံးပြုပေးလို့ရပါတယ် )

1. Alovera gel 🌵

2. Honey 🍯

3. Tomato 🍅 - ပါးပါးလှီးပြီး ညဖက် တွင် ၁၅ မိနစ်ကပ်ပေးပါ၊ ပြီးရင် ရေပြန်ဆေးခ၊ တပတ် ၂ ကြိမ် ။

4. Steam ရေနွေးငွေ့ 🌫 - steam စက်တွေရှိသလို ဆူပွက်နေသောရေပူပေါ်မှ မျက်နှာကို ခပ်ကွာကွာထား၍ ၅ မိနစ်လောက် အငွေ့ခံပေးလို့ရပါတယ် ။
( တပတ် ၁ ကြိမ်သာ )

5. Charcoal / clay mask ကပ် ( တပတ် ၂ ကြိမ် )

7. Tea tree oil

••••••••••••••••••••

[ ဆောင်ရန် ရှောင်ရန် ]

✅ ဆောင်ရန် တွေကတော့ -
- မျက်နှာကို ညှင်သာစွာ သစ်ပါ ။
- Toner သုံးပါ။
- Moisturizer ကို အဆီ အရမ်းမပါသော water-based ကိုသုံးပါ။
- Suncream မဖြစ်မနေ သုံးပေးပါ။

🚫 ရှောင်ရမှာကတော့ -
- Scrub အရမ်းလုပ်တာတွေ
- Make up မဖြတ်ဘဲ အိပ်တာတွေ
- လေထု၊ ပတ်ဝန်းကျင် ညစ်ညမ်းတဲ့ နေရာ
- ဓါတ်မတည့်သော ဆံပင်ဆိုးဆေး ၊ skin cares တွေ
- လက်နဲ့ ခဏခဏ ကိုင်တာ ၊ ကုတ်တာတွေ ၊ ညှစ်တာတွေ
- ဆံပင်ကို နဖူး ၊ မျက်နှာ ပေါ်မှာချထားတာတွေ
- ဆေးလိပ် ၊ အချို ၊ အဆီ ၊ နို့ထွက်ပစ္စည်းတွေ အလွန်အကျွံစားသုံးတာတွေ ရှောင်ပါ ။

•••••••••••••••••••

အဆီဖုနဲ့မှားတတ်တဲ့ တခြားအဖုလေးတွေကတော့

🔶 Sebaceous hyperplasia

( အဆီကလင်းလေးများ ကြီးထွားလာခြင်း )
အထူးသဖြင့် နဖူး၊ ပါး တွေမှာ အတွေ့များပါတယ်
ကိုယ်ခံအားနည်းသူ ၊ ကိုယ်တွင်းအင်္ဂါအစားထိုးမှုလုပ်ထားတဲ့ သူတွေမှာ အဖြစ်များပါတယ် ။
လေဆာ ၊ electrocautery အပူကုထုံး ၊ isotritenoin သောက်ဆေးဖြင့် ကုသနိုင်ပါတယ် ။

🔶 Syringoma

( အန္တရယ်မပြုသော ချွေးကလင်း tumors အကြိတ်လေးများ )
မျက်လုံးပတ်ဝန်းကျင်တွင် အဖြစ်များပါတယ်
အဆီဖုနဲ့ မှားကြတာ တွေ့ရတယ် ။
လေဆာ သို့မဟုတ် အပူကုထုံး( diathermy) ဖြင့် ဖျက်ထုတ်နိုင်ပါတယ် သို့သော် အမာရွတ်ကျန်တတ်ပါတယ် ။

•••••••••••••••••••

မေတ္တာဖြင့်
Dr. Naing








#အရေပြားနှင့်အလှအပ
#ဝက်ခြံ


Credit. Dr Naing
-os

05/05/2024
Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon