Bangkok Story

Bangkok Story

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bangkok Story, No. 7, Than Street, Hlaing Township, Yangon.

04/06/2025

နေ့တိုင်းဖတ်ပြီး ကိုယ့်ကိုယ်ကို ဆုံးမခြင်း
အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

Be Strong !!!

ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ
လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့မှာ
လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။
ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ်
မင်းအနားမှာ လူတစ်ယောက်
အမြဲရှိနိုင်မှာမဟုတ်ဘူး။

Stay like Independent person !!!

ဘယ်သူကမှ မင်းအတွက်
အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။
ဘယ်သူကမှ မင်းကို အချိန်ပြည့်
ကူညီနေပေးနိုင်မှာမဟုတ်ဘူး။
ဘယ်သူကမှ မင်းကို အချိန်ပြည့်
ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။

Be Active !!!

ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။

Believe Yourself !!!

ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
အဲ..မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။
ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာရှိတာ ကိုယ်ဆက်လုပ်။

Forget !!!

မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။
(သင်ခန်းစာတော့ ယူဦးပေါ့)
အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ် မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲ့တဲ့ အရာတွေကို
အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသားဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။

Stop !!!

မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကိုရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကိုရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။

Have Resistance !!!

လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။

Accept !!!

မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကို လက်ခံပါ။
မင်းဘေးနားက လူတွေကို အရှိကိုအရှိအတိုင်းလက်ခံပါ။

Reject !!!

ငြင်းပါ။
မလုပ်နိုင်တဲ့အရာတစ်ခုအတွက် ငြင်းပါ။
မဖြစ်နိုင်တဲ့ အရာတစ်ခုအတွက် ငြင်းပါ။
စိတ်မပါတဲ့အရာတစ်ခုအတွက် ငြင်းပါ။

Prepare !!!

ပြဿနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ပါ။
ဘဝထဲက ဘယ်အရာကိုမဆို စွန့်လွှတ်ဖို့ ပြင်ဆင်ပါ။
ကောင်းတဲ့အရာတွေအတွက် ပြောင်းလဲဖို့ ပြင်ဆင်ပါ။
အခြေအနေပေးရင် ကူညီတတ်ဖို့ ပြင်ဆင်ပါ။

Dont feel so much !!!

တစ်ချိန်ကျရင် ပြောင်းလဲသွားမယ့်အရာတွေချည်းပဲ။
ကိုယ့်ကိုယ်ကိုယ် အပင်ပန်းမခံပါနဲ့။
ကိုယ့်အကြောင်းသိတာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုသနားမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်ပါ (အတ္တကို မဆိုလို)။
ကိုယ့်အကြောင်းကိုယ် စိတ်ဝင်စားပါ။
တစ်ယောက်တည်းနဲ့လည်း အားအင်တွေရှိပါစေ။

18/04/2025

၁။ ကိုယ် ဘယ်လိုနေနေ ၊ ဘာတွေပဲလုပ်လုပ် လူတိုင်းကတော့ ကိုယ့်ကို ကြိုက်နိုင်မှာ မဟုတ်ဘူးဆိုတာ သိထားပါ။ တစ်ယောက်ယောက်ကများ ကိုယ့်ကို မကောင်းပြောလာခဲ့ရင် တုန်လှုပ်မသွားပါနဲ့။ အဲဒါ သာမန်ပါပဲ။ နောက်ပြီး လူတကာကြိုက်ဖို့ကိုလည်း ဘယ်တော့မှ အားမထုတ် ၊ မမျှော်လင့်ပါနဲ့။ သိပ်ပင်ပန်းရပါလိမ့်မယ်။

၂။ ကိုယ် လုပ်ပေးနိုင်တာ လုပ်ပေးပါ။
တုံ့ပြန်ဖို့ မမျှော်လင့်ပါနဲ့။

၃။ လူတွေကို ပြောင်းလဲပေးတာထက် ပြောင်းလဲချင်စိတ်ရှိသူကို ကူညီပေးတာက ပိုထိရောက်ပါတယ်။

၄။ သေကွဲသော်လည်းကောင်း ၊ ရှင်,ကွဲ သော်လည်းကောင်း ၊ အချိန်မရွေး ကွဲ သွားနိုင်ပါတယ်။ ဒါကို ရွေးချယ်လို့မရပါဘူး။ အတူရှိနေတုန်းမှာ တစ်ယောက် နဲ့ တစ်ယောက် ဘယ်လို သဘောထား ဆက်ဆံ ကြမလဲဆိုတာကိုပဲ ရွေးလို့ရပါတယ်။

၅။ ဘယ်သူ့ကိုမှ ပုံမသွင်းပါနဲ့။ မချည်နှောင်ပါနဲ့။ လွှမ်းမိုးဖို့ မကြိုးစားပါနဲ့ ။ အရှိအရှိအတိုင်းကိုသာ လက်ခံနိုင်အောင် ကြိုးစားပါ။

၆။ တုံ့ပြန်သင့်တယ်ထင်ရင် တစ်ခါတည်း တုံ့ပြန်ခဲ့ပါ။ ပြီးမှ ခံလိုက်ရလေခြင်းဆိုပြီး တနုံ့နုံ့နဲ့ ခံစားမနေပါနဲ့။ နှစ်ခါ ရှုံးပါတယ်။

၇။ ကိုယ့်ကို ဒုက္ခပေးခဲ့ဖူးသူတွေကို ခွင့်လွှတ်ပါ။ ပိုအရေးကြီးတာက ကိုယ့်အပေါ် ကောင်းတဲ့သူတွေကို အသိအမှတ်ပြု ၊ ကျေးဇူးတင် ၊ ကျေးဇူးဆပ်ဖို့ ဘယ်တော့မှ မမေ့ပါနဲ့ ။

#ပျော်ရွှင်ပါစေ
#ဒေါက်တာဖြိုးသီဟ

မှာယူနိုင်ပါတယ်ရှင် 🥰

12/04/2025

သူငယ်ချင်း

ဘဝမှာအပေါင်းအသင်းများစွာနဲ့ ဆက်ဆံကမယ်။ ဘဝအတွေ့အကြုံတွေများစွာ ရရှိမယ်။ ဘဝအတွက်အရေးပါတယ့် အကြောင်းအရာတွေသိကမယ်။

တစ်ချို့က အပေါ်ယံ တစ်ချို့က အဆိပ်တောက်ဆန်တယ်ဆိုတာကော သိရှိကမယ်။

အဓိကကတော့ သူငယ်ချင်းအစစ်အမှန်တွေ ရရှိခြင်းက ဘဝအတွက်များစွာ အကျိုးပြုပြီး ကောင်းမွန်တယ့်သူငယ်ချင်းတွေက တစ်ချို့ဆွေမျိုးတွေထက်အများကြီးသာတယ်။

ကိုယ့်အတွက် ကောင်းမွန်ပြီး စိတ်ချမ်းသာတယ့်အပေါင်းအသင်းတွေအတွက် အားစိုက်ပါ။ ဖန်တီးပါ။

စစ်မှန်သော သူငယ်ချင်းတစ်ယောက်သည် အခြားသော လူပေါင်းတစ်ထောင်(အတုအယောင်)ထက် သာသည်။

ကျေးဇူးပါသားကြီးရေ 🫂
------------------------------
|

08/04/2025

မဖြစ်နိုင်လို့ လမ်းခွဲရတာပဲ ဖြစ်ဖြစ်
မချစ်နိုင်လို့ လမ်းခွဲရတာပဲ ဖြစ်ဖြစ်
ရေစက်ကုန်လို့ ဝေးကြရတဲ့အခါ
ဘယ်သူ့အပေါ်မှ အပြစ်မမြင်ပါဘူး
ကိုယ်လဲ တစ်ချိန်က သူ့ကြောင့်
ပျော်ရွှင်ခဲ့ဘူးတယ်
သူလဲ တစ်ချိန်က ကိုယ့်ကြောင့်
ပျော်ရွှင်ခဲ့ဘူးမှာပါ...

အဆင်ပြေနေချိန်တုန်းလေးမှာ
ကိုယ်ဟာ သူ့အတွက်
အဖိုးမဖြတ်နိုင်တဲ့ ရတနာ
သူဟာ ကိုယ့်အတွက်
အကောင်းဆုံး အဖော်မွန်လေး...

ကံကြမ္မာ မျက်နှာသာ မပေးလို
ကိုယ်တို့ ဝေးခဲ့ကြတယ် ဆိုရင်တောင်
မင်းရဲ့ နောက်ကွယ်မှာ မကောင်းသတင်းတွေပြောပြီး
မင်းနောက်ကြောကို ဓာနဲ့ထိုးမယ့်သူမျိုးထဲမှာ
ကိုယ် မပါဘူး ဆိုတာ မင်း ယုံကြည်ပါ...

ရေစက်ရှိသလောက် ဆုံခဲ့ပြီးပြီလေ...
ရေစက်ကုန်ရင် ဝေးကြရတယ်ပဲ သဘောထားရင်းနဲ့
တစ်ခါတစ်ရံ တိုက်ဆိုင်မှုလေးတွေ ရှိလာခဲ့ရင်
ကိုယ်နဲ့ ဝေးသောအရပ်မှာ
မင်း တစ်ယောက် အဆင်ပြေပါစေ ပေါ့...

ဒါပါပဲ...
တွေ့ဆုံခြင်း တွေမှာ ရိုးရှင်းစွာ ချစ်ခဲ့ကြတယ်
ဝေးကွာခြင်းတွေမှာ ရိုးသားစွာ လမ်းခွဲခဲ့ကြတယ်...

ကိုယ်တို့ ချစ်ခဲ့ကြသည်....
ထို့နောက်...
ကိုယ်တို့ ဝေးခဲ့ကြသည်...ပေါ့...။

03/04/2025

ထူးအိမ်သင်က အခုလို ရေးခဲ့ဖူးတယ်။

- စကားလုံးများဟာ “ အတု ” ဖြစ်ပြီး
- စိတ်သည် “ အစစ်အမှန် ”ဖြစ်တယ် တဲ့။

လောကကြီးက ဟန်ဆောင်လှည့်ဖျားမှုတွေနဲ့ ပြည့်နှက်နေတာ။ ဒါကို အသက်ကြီးလာလေ ပိုသဘောပေါက်လာလေ၊ ပိုသိမြင်လာလေပဲ။

လူတိုင်းဟာ သရုပ်ဆောင်သာ မဖြစ်ကြတာ။ ဟန်ဆောင်ကောင်းကြတဲ့သူတွေချည်းပဲ။

“ ပျားသကာသို့ ချိုပါ၏ ”ဆိုတဲ့ စကားလုံးတွေမှာတောင် အတုတွေချည်းပဲ။ အစစ်လို့ ထင်ရအောင်ကို ချိုမြနိုင်လွန်းတယ်။

လူတွေ ပြောပြောနေကြတဲ့ စေတနာပါပါတယ်ဆိုတဲ့ စကားလုံးတွေမှာတောင် အတုတွေ ရောထားတာ အများကြီးပဲ။ ဟန်ဆောင်မျက်နှာဖုံးအောက်မှာ အတုတွေချည်းပဲ။

အစစ်အမှန်အတိုင်း ပြောလို့၊ နေလို့ မရဘူးဆိုပေမယ့်လည်း အတုတွေချည်းဆိုလည်း ဘာလုပ်မှာလဲကွယ်။

အကျိုးလိုလို့ ညောင်ရေသွန်းကြတဲ့သူတွေချည်းပါပဲ။ သူတို့ များများနစ်နာရမယ်ဆိုရင်တော့ ရှောင်ကြတာပါပဲ။

အတုတွေများတဲ့ လောကကြီးထဲမှာ စစ်စစ်မြစ်မြစ်ကြီး နေထိုင်မိရင်တော့ ရင်နာရတာပေါ့။

အချစ်အတုတွေ၊ မေတ္တာအတုတွေ၊ အကြင်နာအတုတွေ၊ စေတနာအတုတွေ၊ အတုတွေ၊ အတုတွေ ... အများကြီးပါပဲလားကွယ်။

လောကြီးမှာ လူပါး၊ လူနပ်တွေချည်းပါပဲ။ ရိုးချင် အ,ချင်ယောင် ဆောင်နေကြတဲ့သူတွေချည်းပါပဲ။ ကိုယ့်ဖို့တော့ ကိုယ်သိကြတဲ့သူတွေချည်းပါပဲ။

လူတွေအကြောင်း သိလာလေ၊ လူတွေကို အယုံအကြည်မဲ့လာလေပါပဲ။ ဒါကြောင့် တစ်ခါတလေမှာ မသိခြင်းတွေဟာ ကောင်းတယ်လို့ ဆိုထားတာ။ သိတော့ ခံစားရတာပေါ့။

လူအတုတွေ၊ စကားလုံးအတုတွေ၊ ချစ်ခြင်းမေတ္တာအတုတွေကြားမှာ ရှင်သန်ဖို့ရာ တစ်ယောက်တည်း တိတ်ဆိဆ်ခြင်းကိုပဲ ဒဏ်ရာနည်းဖို့ ရွေးလိုက်ပါတယ်။

ရေလိုက်ငါးလိုက်၊ စကားလုံးအတု ဟန်ဆောင်မှုတွေအကြား အပြုံးတုတွေကို မုန်းလိုက်တာ။

စိတ်အစစ်အမှန်နဲ့လူ ဘယ်နှယောက်ကိုများ ငါ ‌ရှာဖွေတွေ့ရှိနိုင်ပါ့မလဲ။

အလင်းသစ်(သဲကုန်း)
၂၊ မတ်၊ ၂၀၂၅
ည ၀၉နာရီ ၅၃မိနစ်

29/03/2025

ငလျင်က တစ်ကြိမ်ထက် မက ဖြစ်ပွားနိုင်ခြေရှိတဲ့အတွက် အားလုံးပဲ ပြည်တွင်းရော၊ ပြည်ပပါ ဂရုစိုက်ကြပါ ခင်ဗျ။ ငလျင် ကြိုတင်သိရှိမှု အတွက် App ကို မိမိတို့ ဖုန်းထဲတွင် ထည့်ထားသင့်ပါသည် ခင်ဗျ။

Aftershock တွေစောင့်ကြည့်လို့ရပါတယ်။

Alert ပေးထားပြီး Notification On ထားလို့ရပါတယ်။

ညရေးညတာ ငလျှင်လှုပ်တဲ့အချိန် အိပ်ပျော်နေရင်

Noti / Alarm မြည်အောင်လုပ်ထားလို့ရပါတယ်။

Admin တို့ကတော့ Magnitude 3 အထက်ကို Noti

Alert on ထားပါတယ်။

Download

Ios
https://apps.apple.com/mm/app/my-earthquake-alerts-feed/id975709372

Google playstore
https://play.google.com/store/apps/details?id=com.jrustonapps.myearthquakealerts&pcampaignid=web_share

Apk Pure
https://apkpure.com/my-earthquake-alerts-map/com.jrustonapps.myearthquakealerts/amp

Stay Safe

25/03/2025

2025 မှာ ဘန်ကောက်ဟာ ကမ္ဘာ့အကောင်းဆုံး ဒုတိယမြို့အဖြစ်သတ်မှတ်ခံရ

ဘန်ကောက်မြို့ဟာ ကမ္ဘာရဲ့ ဒုတိယအကောင်းဆုံးမြ်ို့ဖြစ်တယ်လို့ Time Out မဂ္ဂဇင်းမှာဖော်ပြလာပါတယ်။

ဒီ Ranking ဟာ ကမ္ဘာတစ်ဝှမ်းက ခရီးသွား ၁၈၅၀၀ရဲ့ မြို့တွေရဲ့အပေါ် အမြင်ကို စစ်တမ်းကောက်ယူပြီးရလာတာပါတဲ့။ မြို့တစ်ခုချင်းစီရဲ့ ယဉ်ကျေးမှု၊ အစားအသောက်၊ nightlife စတဲ့ ရှုထောင့်အမျိုးမျိုးအပေါ်မူတည်ပြီး စစ်တမ်းကောက်ထားတာပါ။

ထိုင်းနိုင်ငံက လှပတဲ့ ပန်းခြံတွေ၊ ဘုရားတွေနဲ့ မဟာနန်းတော်တွေလို ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ အထင်ကရနေရာတွေကြောင့်လဲဖြစ်တယ်လို့ဆိုပါတယ်။

အဲ့ဒီအပြင် BTS နဲ့ MRT တွေလို ဒေသခံတွေရော ခရီးသွားတွေအတွက်ပါ ထိရောက်တဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကလဲ ချီးကျူးခံနေရပါတယ်။

ဘန်ကောက်ဟာ အရင်က Ranking ၂၄ ကနေ အခု နံပါတ် ၂ နေရာအထိခုန်တက်လာခဲ့တာဘဲဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံရဲ့တိုးတက်မှုကတော့ အံ့မခန်းဘဲလို့ပြောရပါမယ်။

Source: Bangkok Post

09/02/2025

အဝါရောင်လိုင်းနဲ့ ဘန်ကောက်ကို ပတ်ကြမယ်
ဘန်ကောက်ရဲ့MRTလိုင်းမှာ လိုင်းလေးခုရှိပါတယ်။ အခုပြောပြမှာက အဝါရောင်MRTလိုင်းအကြောင်းပါ။
အဝါရောင်လိုင်းကို 2023 ခုနှစ် ဇူလိုင်လတွင် ဖွင့်လှစ်ခဲ့တာပါ။ ၎င်းဟာ ဘူတာ ၂၃ ခုကို ပြေးဆွဲပြီး Lat Phraoနဲ့Samrong ကြားက ကီလိုမီတာ 30 အကွာအဝေး လမ်းကြောင်းပေါ်ကနေတစ်ဆင့် ဘန်ကောက်မြို့အနှံ့ဖြတ်သန်းမှာပါ။

၎င်းဟာ အခြားသောရထားလမ်းတွေကိုပါ ဖြတ်သန်းရမှာပါ။
Hua Mak ကနေ လေဆိပ်ရထားလမ်း၊ Lat Phrao ကနေ အပြာရောင် MRTလမ်းတွေကိုပါ ဖြတ်မောင်းမှာပါ။
ဒေသခံအတွေ့အကြုံကို ပိုရှာဖွေလိုရင်တော့ စျေးဝယ်စင်တာ‌တွေ၊ ပန်းခြံတွေနဲ့ချိတ်ဆက်ထားတဲ့ဘူတာတွေကြား ခုတ်မောင်းနေတဲ့ MRT Yellow lineကို စီးသင့်တယ်လို့ အကြံပြုပါရစေ။
မူရင်းရေးသားသူ - ကိုဇင်ကြီး
ဆော့ဝဲဒေါင်းရန် နှိပ်ပါ -
https://bit.ly/3Anf5qA

03/02/2025

ဘန်ကောက်မှာ ရထားစီးရတာက တော်တော်အဆင်ပြေပြီး လွယ်ကူပါတယ်

အလည်ရောက်နေတဲ့သူတွေရော ဘယ်ရထားလိုင်းစီးပြီးပြီလဲ ?

၁။ သွားချင်တဲ့နေရာရွေးချယ်ရန်

ဘန်ကောက်မှာ ရထားဘူတာအမျိုးမျိုးရှိပါတယ်။

• Hua Lamphong Station: အများဆုံးအကွာအဝေး ရထားစဉ်တွေအတွက်။

• Bang Sue Grand Station (Krung Thep Aphiwat): အဓိကရထားဘူတာကြီး (အနီးနှင့်အကွာအဝေးရထားများ)။

• BTS Skytrain: မြို့တွင်းသွားရေးလာရေးအတွက်အကောင်းဆုံး။

• MRT Subway: မြို့အတွင်း မြေအောက်ရထားစနစ်။

• Airport Rail Link: သုဝဏ္ဏဘူမီလေဆိပ်နဲ့မြို့လယ်ကြား သွားလာနိုင်တဲ့ရထား။

၂။ ရထားအမျိုးအစားရွေးချယ်ရန်
• BTS Skytrain: မြို့တွင်းရထား၊ Shopping center, ပန်းခြံ၊ Sightseeing အတွက်။

• MRT Subway: တစ်ချို့သောအဓိကနေရာများသို့ လျင်မြန်စွာ သွားနိုင်မည့်ရထား။

• Intercity Trains: အယုဒ္ဓယ (Ayutthaya), ပတ္တယာ (Pattaya), Chiang Mai, Hua Hin တို့လို နယ်မြို့တွေကိုသွားရတဲ့ရထား။

၃။ လက်မှတ်ဝယ်နည်း
• BTS/MRT:
• ရထားဘူတာမှာရှိတဲ့ ငွေထည့်စက်တွေကနေဝယ်နိုင်တယ်။
• Rabbit Card လို့ခေါ်တဲ့ stored-value card ကို သုံးလို့လည်းရတယ်။

• Intercity Trains:
• ရထားဘူတာမှာ တိုက်ရိုက်ဝယ်ပါ သို့
• State Railway of Thailand Website ကနေ Online Booking လုပ်နိုင်တယ်။

၄။ ရထားဘူတာမှာ အဆင်ပြေစွာရှာရန်
• BTS နဲ့ MRT ရထားစခန်းတွေအားလုံးမှာ အင်္ဂလိပ်/ထိုင်းစာနဲ့ ရေးထားတဲ့ ပိုလွယ်ကူတဲ့အချက်ပြဘုတ်တွေရှိတယ်။
• Intercity Train အတွက် Departure Board ပေါ်မှာ စစ်ဆေးပြီး အကူအညီလိုရင်ဝန်ထမ်းတွေကိုမေးနိုင်ပါတယ်။

၅။ ရထားစီးနည်း
• သင့်ရဲ့ရထားနံပါတ်နဲ့ သွားချင်တဲ့ကိုမှန်မှန်စစ်ပြီးစီးပါ။
• လက်မှတ်ကို ဆောင်ထားဖို့မမေ့ပါနဲ့၊ တစ်ခါတစ်လေ ဝန်ထမ်းတွေ စစ်ဆေးနိုင်တယ်။

၆။ အထူးအကြံပြုချက်များ
• Google Maps သို့ App တွေဖြစ်တဲ့BTS skytrain /MRT Official App တွေကိုသုံးပြီးလမ်းကြောင်းကြည့်ရှုနိုင်တယ်

• Peak hours (မနက် ၇-၉ နာရီ၊ ညနေ ၅-၇ နာရီ) မှာ BTS/MRT အခက်တွေ့နိုင်တာကြောင့် လျှော့ရှောင်သင့်တယ်။

• ခရီးစဉ်အတွက် ထင်ရှားတဲ့ scenic Route လိုချင်ရင် Ayutthaya သို့မဟုတ် Kanchanaburi ခရီးကို ရထားနဲ့ သွားနိုင်ပါတယ်။

ထိုင်းနိုင်ငံအနှံရထားလက်မှတ်၊ ကားလက်မှတ်
၊လေယာဉ်လက်မှတ်များ စုံစမ်းမေးမြန်းနိုင်ပါတယ်

ဘန်ကောက်နှင့် မြို့တော်ဧရိယာ ရထားလမ်းသယ်ယူပို့ဆောင်ရေးကွန်ရက်စနစ်

🚇 လက်ရှိတွင် စုစုပေါင်း အကွာအဝေး ၂၇၆.၅ ကီလိုမီတာဖြင့် စုစုပေါင်း ၁၀ လိုင်းရှိသည်။

• BTS အစိမ်းရောင်လိုင်း- 55.45 ကီလိုမီတာ။

• BTS Dark Green Line: 14 ကီလိုမီတာ။

• MRT အပြာလိုင်း: 47 ကီလိုမီတာ။
• MRT ခရမ်းရောင်လိုင်း: 23 ကီလိုမီတာ။

• MRT အဝါလိုင်း (EBM): 30.4 ကီလိုမီတာ။
• MRT ပန်းရောင်လိုင်း (NBM): 34.5 ကီလိုမီတာ။
• Dark Red Line မီးရထား- 26.3 ကီလိုမီတာ။
• Light Red Line မီးရထား- 15.26 ကီလိုမီတာ။
• Airport Rail Link (ARL): 28.7 ကီလိုမီတာ။
• APM ရွှေရောင်လိုင်း- 1.88 ကီလိုမီတာ။

🔜 ဆောက်လုပ်ဆဲ/အတည်ပြုထားသော 6 ပရောဂျက် 93.24 ကီလိုမီတာ။

• MRT ပန်းရောင်လိုင်း တိုးချဲ့မှု- ၃ ကီလိုမီတာ (၂၀၂၅ ခုနှစ်တွင် ဖွင့်လှစ်မည်)။
• MRT လိမ္မော်လိုင်း အရှေ့- 22.6 ကီလိုမီတာ (2027 ခုနှစ်တွင် ဖွင့်လှစ်မည်)။
• Dark red line extension (Rangsit University-Thammasat University) Rangsit Campus) : 8.84 ကီလိုမီတာ (2028 ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်)

• MRT ခရမ်းရောင်လိုင်း တောင်ပိုင်း
တိုးချဲ့မှု- 23.6 ကီလိုမီတာ (2029 ခုနှစ်တွင် ဖွင့်လှစ်မည်)။

• လေဆိပ်ရထားလိုင်း တိုးချဲ့မှု (Phaya Thai-Don Muang): 21.8 ကီလိုမီတာ (2029 ခုနှစ်တွင် ဖွင့်လှစ်မည်)။
• MRT လိမ္မော်လိုင်းအနောက်- 13.4 ကီလိုမီတာ (2030 ခုနှစ်တွင် ဖွင့်လှစ်မည်)။

❗️ 46.4 ကီလိုမီတာ ပရောဂျက် 3 ခုအတွက် အတည်ပြုချက် စောင့်ဆိုင်းနေပါသည်။
• အနီဖျော့လိုင်း လိုင်းခွဲ (Siriraj-Taling Chan-Salaya): 20.5 ကီလိုမီတာ။
• Light Red Line Extension (Bang Sue-Hua Mak): 20.14 ကီလိုမီတာ။
• Dark Red Line Extension (Bang Sue-Hua Lamphong): 5.76 ကီလိုမီတာ။

အရှည် 138 ကီလိုမီတာ ရှည်လျားသည့် အနာဂတ်စီမံကိန်း 8 ခုတွင် ဘန်ကောက်တွင် စုစုပေါင်းအကွာအဝေး 554 ကီလိုမီတာရှိမည်ဖြစ်သည်။

#ရထားစီးနည်း

09/06/2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၏ သုံးခေတ်ပြိုင် ရထားကြီးအား တပြိုင်ထဲ တွေ့ရသည့်မြင်ကွင်း 🚂🚃🚝

23/12/2023

ဘဝဆိုတာ ရထားလေး တစ်စင်းလိုပဲ .. တဲ့ ။

ခရီး အစမှာ လိုက်ပါလာတဲ့လူတွေ ရှိတယ် ။
လမ်းတစ်ဝက် ဘူတာငယ်လေးမှာ တက်လာသူတွေလဲ
ရှိတယ် ။ ခရီးဆုံးထိ ကိုယ်နဲ့အတူ လိုက်ပါလာသူတွေလဲရှိမယ် ။

အများစုကတော့ ခဏသာ တွေ့ဆုံခြင်းပါပဲ ။
ချစ်လို့ပဲ ဖြစ်ဖြစ် ၊ မုန်းလို့ပဲ ဖြစ်ဖြစ်
တစ်နေ့တော့ ခွဲကြရတာပဲ ။

တစ်ယောက်ပြီး တစ်ယောက် ဝင်လာလိုက် ပြန်ထွက်သွားလိုက်နဲ့ တားပိုင်ခွင့်မရှိတဲ့ ရထားလေးဟာ ဘဝပဲ ။

ဝဋ်ကြွေးတွေကြောင့် မုန်းတဲ့သူတွေ ကြုံရသလို
ရေစက်တွေကြောင့် ချစ်တဲ့သူတွေရော တွေ့ခဲ့ရတယ် ။

အရာရာဟာ ကံပါသလောက်ပေါ့ ...။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 7, Than Street, Hlaing Township
Yangon
11051