LUNAR Calisthenics & Yoga Studio
YOGA နဲ့ CALISTHENICS ခရီးလမ်းကို စတင်မည့်သူများ အဆင့်မြှင့်လေ့ကျင့်လိုသူများအတွက် Lunar Yoga & Calisthenics Community လေးရှိပါတယ်။
27/07/2026
💙တချို့ပြောင်းလဲမှုတွေက အင်မတန်မြန်တယ်။
လွန်ခဲ့တဲ့ ၆ လက ကိုယ်နဲ့ အခု ကိုယ်ဟာ မတူတော့ဘူး။
💙တချို့ပြောင်းလဲမှုတွေကတော့ တရွေ့ရွေ့နဲ့ပဲ ဖြစ်လာတတ်တယ်။ ဒါပေမယ့် ရွေ့နေတယ်ဆိုတာကတော့ သေချာပါတယ်။
💙Yoga လေ့ကျင့်ခြင်းကလည်း အဲဒီလိုပါပဲ။
နေ့စဉ် လေ့ကျင့်မှုက တဖြည်းဖြည်းနဲ့
ကျွန်မတို့ရဲ့ ခန္ဓာကိုယ်၊ စိတ်နဲ့ နေ့စဉ်ဘဝကို ပြောင်းလဲပေးနေပါတယ်။
💙တစ်ခါတလေ Yoga မလေ့ကျင့်နေတဲ့အချိန်မှာတောင် Yoga လေ့ကျင့်ခြင်းရဲ့ အကျိုးတွေက ကျွန်မတို့ဘဝထဲမှာ ဆက်လက်ဖြစ်ပေါ်နေတတ်ပါတယ်။
🧘♀️ဒီ August မှာ ဖွင့်လှစ်မယ့် Studio Weekday & Weekend Classes တွေမှာ ကိုယ့်ရဲ့ပြောင်းလဲမှုကို
တစ်နေ့ချင်းအတူတူဆက်လက်လေ့ကျင့်ကြရအောင်နော်။
__________________________________
Studio Class
Sat/Sun - 5:30 - 6:30 Pm
Mon/Wed/Fri - 5:45 - 6:45 Pm
__________________________________
Online Class
Tue/Wed/Thurs - 6:15 - 7:15 Am
🏠 လမ်းသစ်ရိမ်သာအိမ်ရာ၊ ဘုန်းကြီးလမ်း၊ စံပြ၊ လမ်းမတော် မြို့နယ်။
📲 09965828641, 09793236516
ယောဂလေ့ကျင့်ဖို့ ဆုံးဖြတ်ခဲ့တဲ့နေ့က လုပ်စရာတွေအများကြီးထဲမှာ မိမိကိုယ်ကိုမမေ့ဖို့ ကိုယ့်ကိုယ်ကို ရွေးချယ်ခဲ့တဲ့နေ့ပါ။ 🤍
__________________________________
Studio Class
Sat/Sun - 5:30 - 6:30 Pm
Mon/Wed/Fri - 5:45 - 6:45 Pm
__________________________________
Online Class
Tue/Wed/Thurs - 6:15 - 7:15 Am
🏠 လမ်းသစ်ရိမ်သာအိမ်ရာ၊ ဘုန်းကြီးလမ်း၊ စံပြ၊ လမ်းမတော် မြို့နယ်။
ယောဂလေ့ကျင့်ခြင်းက ဘာတွေကို သင်ပေးပြီး ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိစေတာလဲ? ✨
🌿 Posture တစ်ခုချင်းစီ က သည်းခံမှု၊ စိတ်ရှည်မှုနှင့် အချိန်ပေးကြိုးစားတတ်မှုကို သင်ကြားပေးပါတယ်။
🌬️ အသက်ရှူမှု တစ်ကြိမ်ချင်းစီ က ပစ္စုပ္ပန်အခိုက်အတန့်မှာရှိနေနိုင်ဖို့ သင်ကြားပေးပါတယ်။
🎯 စိတ်ပျံ့လွင့်နေချိန်များမှာ အာရုံစူးစိုက်နိုင်စွမ်းကို တိုးတက်စေဖို့ ကူညီပေးပါတယ်။
🕊️ ငြိမ်သက်မှု အခိုက်အတန့်တိုင်း က မိမိရဲ့ စိတ်အပေါ် နားလည်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။
💪 စိန်ခေါ်မှုတိုင်း က အခက်အခဲတွေကြားမှာပင် မလျော့မတင်း ရှေ့ဆက်နိုင်တဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုကို တည်ဆောက်ပေးပါတယ်။
✨ ယောဂဆိုတာ ခန္ဓာကိုယ်ကိုသာ လေ့ကျင့်ပေးတာမဟုတ်ဘဲ စိတ်၊ အသက်ရှူမှုနဲ့ ဘဝနေထိုင်ပုံကိုပါ ပြောင်းလဲပေးနိုင်တဲ့ လေ့ကျင့်မှုတစ်ခု ဖြစ်ပါတယ်။
🧘♀️Studio Yoga Class
📅⏰Sat/Sun - 5:30 - 6:30 Pm
📅⏰Mon/Wed/Fri - 5:45 - 6:45 Pm
📩 LUNAR's Yoga Studio မှာ အတူလေ့ကျင့်ပြီး ပိုမိုကျန်းမာ၊ ပိုမိုတည်ငြိမ်တဲ့ ဘဝနေထိုင်မှုတစ်ခုကို စတင်ဖို့ ကြိုဆိုပါတယ် 🧘♀️💙
✨🙏
တစိုက်မတ်မတ်ဆက်လုပ်နိုင်ခြင်း နဲ့ စိတ်ရှည်ခြင်းက အပြောင်းအလဲကိုဖြစ်စေတဲ့ အကြောင်းအထောက်အပံ့ပါ။
ယခုအသစ်ဖွင့်လှစ်ထားသော စနေ/တနင်္ဂနွေအတန်းလေးမှာ ရေရှည်တစိုက်မတ်မတ်ယောဂလေ့ကျင့်ရင်း မိမိရဲ့အပြောင်းအလဲကို ကိုယ်တိုင်ဖန်တီးယူကြည့်ပါ။
Sat/Sun - 5:30 - 6:30 Pm
အသေးစိတ်သိလိုသည်များကို Page messager မှတဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။
🏠 လမ်းသစ်ရိမ်သာအိမ်ရာ၊ ဘုန်းကြီးလမ်း၊ စံပြ၊ လမ်းမတော် မြို့နယ်။
"ကျဆင်းခဲ့ရတဲ့ ချွေးစက်တိုင်း၊ ကြမ်းတမ်းသွားတဲ့ လက်ဖဝါးပြင်တွေနဲ့ ကမ္ဘာ့ဆွဲအားကို တွန်းလှန်ခဲ့ရတဲ့ စက္ကန့်တိုင်းက… ဒီကနေ့ ရလဒ်ဆီကို တရွေ့ရွေ့ ခေါ်ဆောင်လာခဲ့တာပါ။"
Calisthenics ဆိုတာ ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုကို ပြသရုံသက်သက် မဟုတ်ပဲ စိတ်ဓာတ်နဲ့ ခန္ဓာကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းကို တပါတည်း ပူးတွဲသက်သေပြရတဲ့ အနုပညာ။
Lunar Calisthenics & Yoga Studio မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးသွားခဲ့တဲ့ Calisthenics Myanmar 2026 ပြိုင်ပွဲကြီးဟာ သာမန်ပြိုင်ပွဲတစ်ခုတင်မကဘဲ ပြင်းပြတဲ့ ကြိုးစားအားထုတ်မှု၊ ကြံ့ခိုင်တဲ့ စိတ်ဓာတ်နဲ့ လူသားတွေရဲ့ လှုပ်ရှားမှုအနုပညာကို စည်းစည်းလုံးလုံး အကောင်းဆုံး ဖော်ကျူးနိုင်ခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။
Bars တွေပေါ်မှာ ကိုယ့်ရဲ့ အကန့်အသတ်တွေကို ကျော်ဖြတ်ပြီး အကောင်းဆုံး ကြိုးစားပြသသွားခဲ့ကြတဲ့ Contestant တစ်ဦးချင်းစီတိုင်းအတွက် အထူးပဲ ဂုဏ်ယူမိပါတယ်။ သင်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ ဒီနေ့ပွဲကို လာရောက်ကြည့်ရှုကြတဲ့သူတွေအားလုံးအတွက် စိတ်ခွန်အားတွေ အများကြီး ပေးစွမ်းနိုင်ခဲ့တာ မျက်မြင်သက်သေပါ။
မရပ်မနား ဆက်လက်ကြိုးစားပြီး ပိုမိုမြင့်မားတဲ့ ပန်းတိုင်တွေဆီ ဆက်လှမ်းကြပါစို့။ 🔱🔥
ဒိပွဲလေး ဖြစ်မြောက်အောင်မြင်အောင် အဘက်ဘက်က ဝိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ကြတဲ့ လူ တစ်ဦးတစ်ယောက်ချင်းစီကို Lunar Calisthenics & Yoga Studio မိသားစုမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင် ဂါရဝပြုပါတယ်။
05/07/2026
Lunar Calisthenics yoga studioမှာတတိယအကြိမ်
မြောက် calisthenics ပြိုင်ပွဲကြီး အောင်မြင်စွာယှဉ်ပြိုင် ပြီမြှောက်သွားခဲ့ပါပြီ😍
ပြိုင်ပွဲဝင်တစ်ယောက်စီးတိုင်းကိုလဲ
ကျေးဇူးတင်ပါတယ်🥰
04/07/2026
စနေ/တနင်္ဂနွေ ပိတ်ရက် ယောဂသင်တန်းအသစ် ဖွင့်လှစ်ပါပြီ။ 🧘♀️
ယောဂကို အခြေခံမှစ၍ နည်းစနစ်မှန်ကန်စွာ လေ့ကျင့်လိုသူများ၊ မိမိ၏လေ့ကျင့်မှုကို ပိုမိုနားလည်ပြီး အရည်အသွေးမြှင့်တင်လိုသူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသော သင်တန်းဖြစ်ပါသည်။
✨ ယောဂကို အခုမှ စတင်လေ့လာလိုသူများနှင့် ပုံမှန်လေ့ကျင့်နေသူများ နှစ်ဦးစလုံးအတွက် သင့်တော်ပါသည်။
သင်ကြားရေးအတွေ့အကြုံများစွာရှိသော ဆရာကိုယ်တိုင် အခြေခံမှစ၍ တစ်ဆင့်ချင်း ဂရုတစိုက် သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။
ယောဂကို မှန်ကန်သော အခြေခံဖြင့် စတင်ပြီး ရေရှည်လေ့ကျင့်မှုကောင်းတစ်ခုကို အတူတကွ တည်ဆောက်ကြပါစို့။ 🙏
24/06/2026
ဒီနေ့စိုက်ပျိုးလိုက်တဲ့Yogaမျိုးစေ့လေးဟာ တချိန်ကျရင် ကိုယ်နေထိုင်ရမယ့်သစ်တောအုပ်ကြီးတခုဖြစ်လာနိုင်တယ်❤️
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Lanthit Yeik Thar Shop House 3, Lanmataw Township
Yangon