Borazi
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Borazi, No. (41/AB) , Paytawgone Street , Kyitaw Ward, Yangon.
ပယင်းကို ဘယ်ကရသလဲ ! ကမ္ဘာတွင် မြန်မာ့ပယင်း
သည် အကောင်းဆုံးအရည်အသွေးရှိကြောင်းလက်ခံထားကြသည်။ ၂၀ ရာစုတွင် ကချင်ပြည်နယ်ဟူး
ကောင်း ချိုင့်ဝှမ်းတွင်သဘာဝပယင်းသိုက်ကို တွေ့ရှိခဲ့
ကြသည်။ သုတေသနစမ်းသပ်ချက်အရ နှစ်သန်း ၁၀၀ ၀န်းကျင်သက်တမ်းရှိပယင်းဖြစ်ကြောင်းလက်ခံကြ
သည်။ ဟူးကောင်းချိုင့်ဝှမ်း ပယင်းသိုက်ပယင်းမှော်မှ
ပယင်းရိုင်းများကို တူးဖော်ပြီးရေလမ်းကြောင်းဖြင့်
တနိုင်းနှင့်မြစ်ကြီးနားသို့တင်ပို့ကြသည်။ ကန်ပိုက်တီးမှတဆင့် တရုတ်ပြည်သို့ အမြောက်အမြားတင်ပို့ကြ
သည်။
ဟူးကောင်းချိုင့်ဝှမ်း ပယင်းဒေသတွင် နမ့်ဗျူ နမ့်ခမ်း ၊ နမ့်ဂေါင် ၊ ထန်းဘရား ၊ အင်းဂါးဂါ နှင့် ဝေ့လော်ရွာငါးရွာရှိပြီး ပယင်းရိုင်းများကို အကြီးအကျယ် တူးဖော်
ထုတ်လုပ်ကြသည်။ KIA နှင့် တပ်မတော်တို့ တိုက်ပွဲများကြောင့် ရွာများပျက်ကာ ရွာသူရွာသားများ စစ်ပြေးဘ၀သို့ ရောက်သွားကြသည်။ ပယင်းကို အသက်စွန့် ၍ခိုးတူးကြရင်း ဟူးကောင်း ချိုင့်ဝှမ်းမှ ပယင်းသိုက်
ပယင်းမှော်သည် သွေးစွန်းသော ပယင်းများဖြစ်ခဲ့ရ
သည်။
ပယင်းကျောက်သည် မှော်အစွမ်းရှိပြီး ဂမ္ဘီရဆန်၏ ယခုလို သွေးစွန်းသွားသော အခါ ပို၍ပို၍အစွမ်းထွတ်သော
ပယင်းအဖြစ် ပြောင်းလဲသွားပေတော့မည်။ သေဆုံးသွားကြသည့် ပယင်းတူးဖော်သူများ၏ ၀ိဥာဉ်များသည် ပယင်းကိုစောင့်ရှောက်ကာကွယ်ကြမည်မှာ မလွဲဧကန်ပင်....။
ပယင်းသည် မပုပ်သိုးနိုင်စေသော ဂုဏ်သတ္တိရှိသည့်အတွက်အင်းဆက် ၊ ငှက်ကဲ့သို့သော အကောင်များကိန
်ုနှစ်သန်း (၁၂၀) တိုင် မပုပ်မသိုးအောင်ထိန်းသိမ်းထား
နိုင်သည်။ ရှေးယခင်ကထဲက ကချင်ပြည်နယ်မှ တိုင်း
ရင်းသားများသည် ပယင်းဖြင့် ရောဂါဝေဒနာများ ကု
သခြင်းကံကောင်းစေသော အဆောင်လက်ဝတ်ရတနာ အဖြစ်ဝတ်ဆင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ရှေးယခင်က ယုံကြည်စွဲလန်းမှုကြောင့် ပယင်းကိုသုံးစွဲကြသော်လည်း ယခုအခါနည်းပညာအသစ်များဖြင့် ပယင်းကိုသိပံ္ပနည်းကျကျ ဓါတ်ခွဲသုတေသန ပြုလုပ်ခဲ့ကြပါသည်။ တွေ့ရှိချက်များအရ လူ့အကျိုးပြု ဆေးဝါး ၊ အလှကုန်များ ဖန်တီးထုတ်လုပ်နိုင်ခဲ့ကြသည်။
# #ဆက်ရန်
ခေါင်းမူး ၊ ခေါင်းအုံ ၊ ခေါင်းကိုက်ပါက ပယင်းထုတ်ဖြင့်အသာအယာနှိပ်ပေးပါက သက်သာပျောက်ကင်းစေ
သည်။ လု့ခန္ဓာကိုယ်တွင်းရှိ အပူအပုပ်များကိုစုပ်ယူပေးသဖြင့်ခေါင်းကြည် ၊ မျက်စိကြည်စေပြီးအသားအ
ရည်ကို ကြည်လင်စေပါသည် ။
ပင်ပန်းနွမ်းနယ်ခြင်း ဖျားနာခြင်း ၊နာလန်ထူချိန်
ဖြစ်ခြင်းတို့တွင် ပယင်းထုပ်ကိုဆုပ်ကိုင်ထားပါက အားအင်ပြည့်ဖြိုးပြီး အဖျားအနာကိုပျောက်ကင်း စေပါ
သည်။ စိတ်ကိုတည်ငြိမ်စေသော သတ္တိရှိ၍ ၊သမထ ကျင့်သူများအတွက် သမထ အားကိုကောင်းစေသည်။ လူကိုထိခိုက်စေတက်သော wave များ Radlation များကို ကာကွယ်စေသည့် အတွက် IT သမားများအတွက် အသုံးဝင်ပါသည်။
ပယင်းတွင် ထူးခြားအံ့မခန်းသောစွမ်းအင်တမျိုးပါရှိနေသေးသည်။ ယုံကြည်မှုနည်းပါးပြီး စိတ်ဓာတ်ကျ
ဆင်းနေရသူများ အိမ်ထောင်ရေးသုခပျောက်ဆုံး နေသူများအနေဖြင့် ပယင်းကိုသုံးစွဲသင့်သည်။ ပယင်းကို
ဆောင်ထားခြင်းဖြင့် ဆန့်ကျင့်ဘက်လိင်အားဆွဲ
ဆောင်နိုင်ပြီး ညှို့အားပြင်းစေသည်။
# #ဆက်ရန်
ပယင်းသည် လူ၏စိတ်ကိုလွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိ
ကြောင်း အံ့သြဘွယ်တွေ့ရှိရ၏။ ပယင်းကိုမီးရှို့ပြီး အနံ့ကိုရှုခြင်းဖြင့် လေးလံထိုင်းမှိုင်းနေသောစိတ် ၊
ယုံကြည်မှုကျဆင်းနေသောစိတ်၊ ၀မ်းနည်းအား
ငယ်နေသာစိတ်များကို ပြေပျောက်စေပြီး လန်းဆန်း
ကြည်လင်ပြီး အေးချမ်းစေနိုင်၏။
အာရုံကြောကို ထိန်းချုပ်ညှိပေးနိုင်စွမ်းရှိသော
ကြောင့် ၀က်ရူးပြန်ရောဂါ ၊ အတက်တရောဂါ ၊
ရူးသွပ်ဝဒနာ များကုသရာတွင် ပယင်းကိုထည့်
သုံးခြင်းဖြင့် ပျောက်ကင်း သက်သာစေသည်။
လည်ပင်းကြီးရောဂါ ၊ လည်မျိုနာ ၊ အဆစ်
အမြစ်နာ ၊ လေးဘက်နာရောဂါများအတွက် ပယင်း
ထုတ်ကုန်ကို ပတ္တီးဖြင့်စီးပေးခြင်းဖြင့်သက်သာစေ၏။
သွေးလှည့်ပတ်မှုကို ကောင်းစေသည့် အတွက်နှလုံးရှိရာဘယ်ဘက် ခန္ဓကိုယ်ပေါ်တွင် ပယင်းထုပ်ကိုကပ်
ပေးးထားပါကနှလုံးခုန်မြန်ခြင်းနှေးခြင်းလုံးသွေးကြောကျဉ်းခြင်းနှင့် သွေးတိုးခြင်းတို့ကိုသက်သာပျောက်
ကင်းစေသည်။
နှစ်ခြိုက်စွာ အိပ်ပျော်စေသော အစွမ်းသတ္တိရှိ
သည့်အတွက်အိပ်မပျော်သော ရောဂါအတွက်ကုသနိုင်
သည်။ မွေ့ယာခေါင်းအုံး များတွင် ပယင်းကျောက်များကို ထည့်သွင်း အသုံးပြုပါက နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်စေပါသည်။
# #ဆက်ရန်
ဒဏ္ဍာန်ရီဆန်သော ပယင်းကျောက်နှင့်မိတ်ဆက်
ပေးချင်ပါသည်။
ပယင်းသည် သဘာဝအော်ဂဲနစ်သစ်စေးတမျိုး
ဖြစ်ပြီး နှစ်ပေါင်းကြာရှည်လာသော အခါထူးဆန်း သော ကျောက်အသွင်သဏ္ဍာန်သို့ ပြောင်းလဲသွားလေသည်။ လျို့ဝှက်ဆန်းကြယ်ပြီး ဖော်ထုတ်ရန်ခဲယဉ်း
သည့် အံ့မခန်းသော သဘာဝလွန်ဆန်မှုများ ပါဝင်နေ
၏။
နှစ်လိုဘွယ်ရာ စူးရှသင်းပျံသောရနံ့တမျိုး ရှိပြီး
ဆန်းကြယ်သည့်ရောင်စင် တမျိုးပါရှိ၏။ ပယင်း၏အ
ရောင်သည် ရောင်စင်ဖြာ၍ ဆွဲဆောင်မှုရှိသော
အရောင်ဟု ဆိုရပေမည်။
ကမ္ဘာပေါ်ရှိ နိုင်ငံများအနက် ဂရိ ၊ ရောမ ၊ အီဂျစ် ၊ ပါရှား နှင့် တရုတ်နိုင်ငံများသည် ရှေးယခင်ကထဲက ယုံ
ကြည်စွဲလန်းမှုအတွက် ပယင်းကို အသုံးပြုခဲ့ကြ၏။
ပယင်းသည်အသက်ရှည်ခြင်းကို ဖြစ်စေသော အာကာသဓါတ် (ပဉ္စမဓါတ်) ဟု လက်ခံကြပြီး ၊ ဂမ္ဘီရ ကိစ္စရပ်
များတွင် အသုံးပြုကြ၏။ အဆိုးပြုမှော်ပညာများဖြင့်
တိုက်ခိုက်မှုကို ကာကွယ်တားဆီးနိုင်သည် ဟု
ယူဆကြသည်။
# #ဆက်ရန်
27/08/2019
ခေါင်းအစ ၊ ခြေအဆုံး တကိုယ်လုံးကျန်းမာသန့်ရှင်းစင်ကြယ်ဝင်းပစေရန်၊အာနိသင်အစွမ်းထက်
မြက်သော BORAZI ပယင်းအလှကုန်များကို ၊
အရည်အသွေးမြင့်မားစွာ ၊ ဆန်းသစ်တီထွင်ထုတ်
လုပ်ထားပါသည်။
ကချင်ပြည်နယ် ၊ တနိုင်းမှော်ကထွတ်သည့် သဘာဝတွင်းထွတ်မြန်မာ့ ပယင်းကျောက်ကို အဆင့်
မြင့်နည်းပညာ ဖြင့်အဆီထုတ်ယူပြီး ၊ ရှင်မတောင်
သဘာဝသက်ရင့် သနပ်ခါးအဆီတို့ကို သိပ္ပံနည်းကျ ASEAN GMP စနစ်နှင့်အညီ ပေါင်းစပ်ထုတ်လုပ်ထား
ပြီး မြန်မာနိုင်ငံတွင်း ပထမဦးစွာ FDA ထောက်ခံချက်
လက်မှတ်ရရှိထားသော ပစ္စည်းများဖြစ်ပါသည်။ FDA လက်မှတ်သည် အများပြည်သူများ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ကြောင်း မြန်မာနိုင်ငံကျန်းမာရေး ဝန်ကြီးဌာနမှ အခေါက်ခေါက်အခါခါ စစ်ဆေးပြီးမှ ထောက်ခံချက်
ထုတ်ပေးခြင်းဖြစ်ပါသည်။
BORAZI အမှတ်တံဆိပ်အကြောင်းရှင်းပြချင်ပါသည်။ BORAZI ဆိုသောအမည်မှာ ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီ ဆိုသောတောင်တော်အမည်ကို ခံယူထားခြင်းဖြစ်ပါသည်။ ခါကာဘိုရာဇီသည် ရဝမ်
ဘာသာစကားအရ "ရင်သပ်ရှုမောဘွယ်ရာ
ငှက်မောင်နှံပျံသန်းနေပုံနှင့်တူသောတောင်" ဟုဖြစ်ပါသည်။ BORAZI အမည်ကိုခံယူထားခြင်းမှာ ခါကာဘိုရာဇီ တောင်တော်ကဲသို့ ရင်သပ်ရှုမောစရာ
ကောင်းခြင်း၊ တောင်တော်ကဲ့သို့ မြင့်မားခြင်း၊
ငှက်မောင်နှံကဲ့သို့ ပျံသန်းနိုင်ခြင်း ၊ ဆိုသော နိမိတ်ကို ယူထားခြင်း ဖြစ်ပါသည်။
BORAZI အမှတ်တံဆိပ် Amber
အလှကုန်(၇)မျိုးကို၊ တခုခြင်းဆီဆက်လက် အသေး
စိတ်မိတ်ဆက် ပေးသွားပါမည်။ သုတေသနပြု
လုပ်ထားသော ပစ္စည်းသစ်များကို FDA ၏ထောက်ခံ
ချက်ရရှိပါက ဆက်လက်အသိပေးသွားမည်
ဖြစ်ပါသည်။
Brand အမည် BORAZI ကိုမိမိကိုယ်
ပိုင်Brand အဖြစ်လွှဲပြောင်း ရယူပိုင်ဆိုင်ပြီး မြန်မာနိုင်ငံ နှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ တရားဝင်ဖြန့်ဖြူးရောင်းချ
နိုင်မည့် မြန်မာနိုင်ငံ၏တစ်ဦးတည်းကိုယ်စားလှယ်
အခွင့်အရေးကို ဦးရာလူစနစ်ဖြင့် လျှောက်ထားရယူ
ပိုင်ဆိုင် ရောင်းချနိုင်မည် ဖြစ်ကြောင်း သတင်းကောင်းအသိပေးအပ်ပါသည်။
ဆက်သွယ်ရန်လိပ်စာ -
KSH Beauty Products Group
41 A/B ပေတောကုန်းလမ်း
ကျီတော်ရပ်ကွက် ၊ မင်္ဂလာတောင်ညွန့်မြို့နယ်
ရန်ကုန်တိုင်းဒေသကြီး။
Ph: 01-200975 - 01-298735 - 09-43055309
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
No. (41/AB) , Paytawgone Street , Kyitaw Ward
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |