Macy Wholesales

Macy Wholesales

Share

Premium Quality ထိုင်းနိုင်ငံမှ ဘုရားကျောင်း​ဆောင်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေး။ Customize and Inst

13/09/2026

အောင် အရဟံ လာဘံ သိဒ္ဓိ
အောင် အရဟံ ပီယံ သိဒ္ဓိ
အောင် အရဟံ ဓနံသိဒ္ဓိ
🙏🙏🙏🙏🙏

ဒီpostလေးကို တွေ့တာနဲ့
တစ်ခေါက်လောက်ဖြစ်ဖြစ်ရွတ်ဖတ်ကြည့်ကြပါနော်🙏🌹

Photos from Macy Wholesales's post 13/09/2026

ဓမ္မမိတ်ဆွေ တို့ရဲ့ သပ္ပါယ်ကြည်ညိုဖွယ်ကောင်းလှတဲ့ ဘုရားကျောင်းဆောင်မှာမြင်သူတိုင်း ငေးမောရအောင်
ရွှေရောင်ဝင်းဝင်းနဲ့ သပ္ပါယ်ကြည်ညိုဖွယ်ကောင်းလှတဲ့
ဘုရားရွှေယပ်တော် ကပ်လှူပူဇော်ကြမယ် 🙏🙏🙏☘️

မြတ်စွာဘုရားရှင်အား ရွှေ ယပ်တော် ကပ်လှူပူဇော်ရသောအလှူဒါနကုသိုလ်ကြောင့် ကိုယ်စိတ်နှလုံးအမြဲရွှင်လန်းချမ်းမြေ့ခြင်း၊စီးပွါးဥစ္စာပေါများကြွယ်ဝခြင်းစသည့်အကျိုးရလာဒ်ကောင်းများ ကို ရရှိပိုင်ဆိုင်နိုင်ကြပါစေ🙏

ရွှေယပ်တော် ကို ဘုရားဆင်းတုတော်ရဲ့ဘေးဘယ်ဘက်နှင့်ညာဘက်မှာတစ်စုံထား၍ပူဇော်လို့ရပါတယ်ရှင် 🙏🙏🙏

▪️စျေး တစုံ 745,000 kyats ▪️

(တစ်စုံ ယပ်တော်၂ချောင်း + ဒေါက်တိုင် ၂ခု ပါပါမယ် )

ရွှေ/ငွေ ယပ်တောင် ဒီဇိုင်းပုံစံအစုံအလင်
မှာစိတ်တိုင်းကျကြိုက်နှစ်သက်တဲ့ပုံစံ ရွေးချယ်မှာယူပူဇော်နိုင်ပါတယ်ရှင့်🙏🏻

🔸ယပ်တော် အတည့်ပုံ
🔸Size 19”အကျယ် x အမြင့် 45”/46” ခန့်

🔸ယပ်တော် ဘေးစောင်း၊ ဘေးချွန်၊ ဘေးဝိုင်း
🔸Size 19”အကျယ် x အမြင့် 35”/36”ခန့်

လိုအပ်လို့ မှာယူချင်တယ်ဆိုရင် -
𝑴𝒂𝒄𝒚 𝑾𝒉𝒐𝒍𝒆𝒔𝒂𝒍𝒆𝒔 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 💬 မှ တဆင့်
မှာယူနိုင်သလို ရန်ကုန် Showroom မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလို့ရပါတယ်‌ရှင့် 💁🏻‍♀️

🏠 ရန်ကုန်𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦 -
Macy Wholesales ဆိုင်ခွဲ ( 2 )
ခြံ အမှတ် 42/A, အင်းယားမြိုင်လမ်း၊ ဗဟန်းမြို့နယ်
My Hill Restaurant မျက်နှာချင်းဆိုင်
G & G ဘေးကပ်လျက်မှာပါရှင့်
☎️ 09 676 122 408 or 409

#ရွှေယပ်တော် #ဘုရားယပ်တော်

#ဘုရားပစ္စည်း #ရွှေယပ်တော် #ဆွမ်းစားသပိတ်
#တရားထိုင်ခင်း #ရေစက်ချခွက် #ရေတော်ခွက်
#ဘုရားပန်းအိုး #ဘုရားနောက်ခံရွှေညောင်ရွက်
#ဘုရားပလ္လင် #ဘုရားဆင်းတုတော် #ကန်တော့ပွဲကလပ်

Photos from Macy Wholesales's post 13/09/2026

ဆရာတော် နေကထိုင် quality လေးကောင်းအကြိုက်များလို့ အကုန်ကုန်သွားတာ ၊
အခုပြန်ရောက်လာပါပြီးရှင့် ✅
Size : အကျယ် ၂၂ လက်မ ပတ်လည်
စျေး တစ်ချပ် ၉၅၀၀၀ ကျပ် ***

✨✨✨( ဆရာတော်နေကထိုင် )✨✨✨

" နေကထိုင်အခင်းလှူရသော ကုသိုလ်အကျိုး( ၆ ) မျိုး "

၁။ ညီညွတ်သောကိုယ်ရှိခြင်း။
၂။ သူတပါးတို့၏အရိုအသေ လေးစားမှုခံရခြင်း။
၃။ ရှုကြည့်ချင်ဖွယ်သောကိုယ်ရှိခြင်း။
၄။ အခြံအရံများခြင်း။
၅။ အထူးထူးသောအခင်းတို့ကိုရခြင်း။
၆။ သိမ်မွေ့နူးညံ့ခြင်း။

နေကထိုင်အခင်း လှူရသောကုသိုလ်အကျိုးတရားတို့သည်
အလွန်ကြီးမားလှပါသည်။

သံဃာတော် အရှင်သူမြတ်များအား ဥတုသုံးပါးလုံးအတွက်
လိုက်ဖက်သော နေကထိုင်အခင်းများကိုချုပ်ရိုးချုပ်သားသေသပ်လှပပြီး ထိုင်းချည်သားအေးအေးနှင့် ဘေးဇစ်ပါ
ဖြုတ်လျှော်လို့ရလည်းတယ်၊ ခေါက်သိမ်းရလည်းလွယ်ကူပါတယ်

အနေကထိုင်အခင်းဆက်ကပ်လှူဒါန်းခြင်းဖြင့်
ပစ္စုပ္ပန် ၊ သံသရာ နှစ်ဖြာသော ကုသိုလ်ကောင်းမှု
အကျိုးတရားများကို ရရှိ ခံစား ၊ စံစားရပါစေကြောင်း Macy Wholesales မိသားစုမှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🙏🙏🙏🍀

Photos from Macy Wholesales's post 13/09/2026

ဘုရားဆီမီးထွန်းပူဇော်ဖို့ရန် ရွှေ ကြာ ပွင့် ဆီမီးထွန်းစင်

၃ တိုင်၊ ၅ တိုင်၊ ၇ တိုင်ထွန်း ဆိုပြီး ပုံ ၃ မျိုး ပြန်ရောက်ပါပြီ

လက်လီ၊ လက်ကား မှာယူအားပေးနိုင်ပါတယ်ရှင့် 💁🏻‍♀️

ရွှေကြာပွင့် ဆီမီးထွန်း (သတ္တုရွှေရည်စိမ် )
ပစ္စည်းလေး လိုအပ်လို့ မှာယူချင်တယ်ဆိုရင်
- 𝑴𝒂𝒄𝒚 𝑾𝒉𝒐𝒍𝒆𝒔𝒂𝒍𝒆𝒔 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှ တဆင့်
မှာယူနိုင်သလိုရန်ကုန် Showroom မှာကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလို့ရပါတယ်‌ရှင့်

Macy Wholesales ဆိုင်ခွဲ ( 2 )
ခြံ အမှတ် 42/A, အင်းယားမြိုင်လမ်း၊ ဗဟန်းမြို့နယ်
My Hill Coffeehouse မျက်နှာချင်းဆိုင်
G & G ဘေးကပ်လျက်မှာပါရှင့် ☎️09 676 122 408
#ဆီမီးထွန်းစင် #ရွှေကြာပွင့်ဆီးမီးထွန်းစင်

Photos from Macy Wholesales's post 13/09/2026

နဂါးရုံကြုတ် ( နင်္ဂါးအစိမ်းရောင် ) 🐉🐲

Size : ဓါတ်တော်ကြုတ်အောက်ခြေ 9 cm အမြင့် 27 cm

✅✅✅ တစ်ရောင် 1 ခုရပါမယ်ရှင့်

13/09/2026

#တောင်တန်းသာသနာပြု ဆရာတော်ထံမှ "
ပဌာန်း ရေလမ်း ပန်းလမ်း အလင်းလမ်း ပူဇော်နည်း
🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

ပဌာန်း ရေလမ်း ပန်းလမ်း အလင်းလမ်း ဖြင့်
ပူဇော်ရန်အတွက်ပြင်ဆင်ခြင်း
----------------------------------------------------------

(၁) ရေဖန်ခွက် (၂၄) ခွက်
(၂) ဆီမီးတိုင် (၂၄) တိုင်
(၃) ဆူးမပါသော ပန်း / ပွင့်ဖတ် များ

- သင့်တော်ရာစားပွဲတွင်
ရေဖန်ခွက် ၂၄ ခွက်ကို မိမိနှစ်သက်သလိုစီပြီး
ကြားထဲတွင် ပန်းလေးများ/ပွင့်ဖတ်များ လှပအောင်စီ
ပူဇော်ပါ 🙏

- ဆီမီး ၂၄ တိုင်ကိုလည်း အဆင်ပြေသလို
ကြည်ညိုဖွယ် ထွန်းပါ 🙏

- ရေဖန်ခွက်ထဲ ရေသွန်းလောင်းထည့်ချိန်
မိမိစိတ်တွင်းရွတ်ရွတ် နှုတ်တက်ရွတ်ရွတ်
ပဋ္ဌာန်း၂၄ပစ္စည်းကို တစ်ခွက်ချင်းပေါ်
ရေသွန်းလောင်း ထည့်ရင်း
(ဟေတုပစ္စယော မှ အဝိဂတပစ္စယော) ထိ ပူဇော်ပါ 🙏

-ပဋ္ဌာန်း(၂၄)ပစ္စည်းနှင့် ဖန်ခွက် ၂၄ခွက်
အတိအကျစစ်ပြီးသလို
ပဋ္ဌာန်းအကျဉ်း ၂၄ ကြိမ်ပူဇော်ပြီး ဖြစ်ပါမယ် 🙏

***ရွတ်ဖတ် ပူဇော်ရန်အတွက် ***

(၁) နတ်ပင့်
(၂) ပဋ္ဌာန်း ၂၄ ခေါက် အကျဉ်း (ရေသွန်းလောင်း ထည့်စဉ်)
(၃) "ပစ္စယနိဒ္ဒေသ'' အကျယ် ၁ ခေါက်
(၄) "သံဗုဒ္ဓေ" ၂၄ ခေါက်
(၅) မေတ္တာသုတ် ၁ ခေါက်
(၆) မေတ္တာပို့
(၇) လိုရာဆုတောင်း
(၈) အ​မျှဝေ
(၉) နတ်ပို့

*** နတ်ပင့်ရန် ***

#လောကစောင့်ကြပ် နတ်များအပေါင်းတို့၊
(အရပ်ဋ္ဌာန-မိမိပူဇော်သောနေရာ)သို့ ပဋ္ဌာန်းရေလမ်း ပန်းလမ်း အလင်းလမ်း လှူဒါန်းရန် လာကြပါကုန်လော့ 🙏

#တောစောင့်နတ်၊ တောင်စောင့်နတ်အပေါင်း၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်အပေါင်း၊ ရုက္ခစိုး၊ ဘုမ္မစိုး၊ အာကာသစိုး နတ်အပေါင်းတို့ ပဋ္ဌာန်းရေလမ်းပန်းလမ်း အလင်းလမ်းလှူဒါန်းရန် လာကြပါကုန်လော့ 🙏

#မြေစောင့်နတ်၊ ရေစောင့်နတ်၊ သာသနာတော်စောင့်နတ်၊ သမုဒ္ဒရာစောင့်နတ်၊ ၀ဠာဟကနတ်၊ ပဇ္ဇုန်မိုးနတ် စတုလောကပါလနတ်၊ သိကြား၊ ဗြဟ္မာ၊ အသုရာ၊ ယမာ အစရှိသော နတ်ဗြဟ္မာအပေါင်းတို့၊ ပဋ္ဌာန်းရေလမ်းပန်းလမ်း အလင်းလမ်းလှူဒါန်းရန် လာကြပါကုန်လော 🙏

#နဂါး ၊ ဂဠုန် ၊ ဂုမ်ဘာန်၊ ယက္ခက် အစရှိသော သူတော်ကောင်းအပေါင်းတို့ ပဋ္ဌာန်းရေလမ်းပန်းလမ်း အလင်းလမ်းလှူဒါန်းရန် လာကြပါကုန်လော့ 🙏

#၀ိဇ္ဇာ၊ ဇော်ဂျီ တပသီ အစရှိကုန်သော သူတော်ကောင်းအပေါင်းတို့ ပဋ္ဌာန်းရေလမ်းပန်းလမ်း အလင်းလမ်းလှူဒါန်းရန် လာကြပါကုန်လော့ 🙏

#လူအပေါင်း နတ်အပေါင်း ဗြဟ္မာအပေါင်း၊ အပါယ်လေးပါး သတ္တဝါအပေါင်းတို့ ပဋ္ဌာန်းရေလမ်းပန်းလမ်း အလင်းလမ်းလှူဒါန်းရန် ဖိတ်ခေါ်ပါကုန်၏🙏

နတ်ပို့ရန်
******
ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။

သဗ္ဗေဒေဝါ နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ။

ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။

ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ ဂတာ။

ဧတ္တာဝတာ စ – သဒ္ဓါစေတနာ ဝေဖြာသန့်ရှင်း ညစ်ကြေးကင်း၍ ထိန်လင်းကျက်သရေ ယုန်စက်ငွေသို့ လက်ဝေစေကြောင်းဖြစ်သော ဤဓမ္မဒေသနာတော်အပေါင်းတို့အား ရွတ်ပွားသရဇ္ဈာယ်၍ မြတ်စွာဘုရားရှင်အား ပူဇော်ရခြင်းဖြင့်၊

အမှေဟိ – အကျွန်ုပ်တို့သည်၊

သဗ္ဗသမ္ပတ္တိ သိဒ္ဓိယာ – အလုံးစုံကုန်သော စည်းစိမ်ချမ်းသာ မင်္ဂလာကျက်သရေတို့နှင့် ပြည့်စုံခြင်းငှာ၊

သမ္ဘတံ – ကောင်းစွာမပြတ် ဆည်းပူးအပ်သော၊

ပုညသမ္ပဒံ – ဖြူစင်သန့်ရှင်း ကုသိုလ်ကောင်းမှုတို့၏ပြည့်စုံခြင်းကို၊

သဗ္ဗေ – ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော၊

ဒေဝါ – စကြဝဠာအဖြာဖြာမှ ကြွလာသောင်းသောင်း နတ်ဗြဟ္မာအပေါင်းတို့သည်၊

အနုမောဒန္တု – ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြပါစေကုန်သတည်း။

ဒါနံ – ပေးကမ်းစွန့်ကြဲ နည်းများမဟူ အလှူဒါနကို၊

သဒ္ဓါယ – ကံ, ကံ၏အကျိုးကို ယုံကြည်လျက်၊

ဒဒန္တု – ဘဝဘောဂ တောင့်တမရှိ ပကတိစင်ဖြူ ပေးလှူနိုင်ကြပါစေကုန်သတည်း။

သီလံ – စာရိတ္တ ဝါရိတ္တ မြတ်သီလကို၊

ရက္ခန္တု – မကျိုးမပေါက် စောင့်ရှောက်ထိန်းသိမ်းနိုင်ကြပါစေကုန်သတည်း။

ဘာဝနာဘိရတာ – သမထဝိပဿနာ ဘာဝနာ၌ ကောင်းစွာကြိုးပမ်းလျက် ချီးမွမ်းမွေ့လျော်ကြကုန်သည်၊

ဟောန္တု – ဖြစ်ကြပါစေကုန်သတည်း။

အာဂတာ – စကြဝဠာ ကမ္ဘာလောကဓာတ်အရပ်ရပ်မှ ဆိုက်ကပ်ညီညာ ရောက်လာကြကုန်သော၊

ဒေဝတာ – နတ်ဗြဟ္မာအပေါင်းတို့သည်၊

ဂစ္ဆန္တု – သာဓုအနုမောဒနာ ဝမ်းမြောက်စွာလျှင် နှုတ်လျာသံညီး ပြုပြီးလေဘိ မိမိတို့နေရာ ပျော်ဖွယ်ရာရိပ်ခန်း ဘုံဗိမာန်နန်းသို့ စံမြန်းတော်မူနိုင်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု
----------------------------------------------------------------=

-မြတ်စွာဘုရား ပူဇော်ပြီး လှူဒါန်းပြီး ပြန်စွန့်ချိန်တွင်
ပဋ္ဌာန်းပူဇော်ပြီး ရေများ, ပန်းများအား မိမိ အလိုရှိသလို အသုံးပြုနိုင်ပါတယ်....

(သတ္တဝါအများဝေနေယျာအတွက် ပြန်လှူသလို မိသားစု သောက်သုံးတဲ့ရေအိုးထဲထည့် ပြီး ဘေးအန္တရာယ်ကင်းရန်
အလို့ဌာ သောက်သုံးနိုင်ပါတယ်...
မိသားစုသုံးရေကန်ထဲ ဆပွားရန် အနည်းငယ်ထည့် သုံးစွဲနိုင်ပါတယ်)

😇 အချိန် သိပ်မပေးနိုင်ပါက ရေ ပန်း မီး ပြင်ဆင်နေစဉ်
ပဋ္ဌာန်းအကျဉ်း ကိုမပြတ်ရွတ်ပါ

😇 ပဋ္ဌာန်း ရေလမ်း ပန်းလမ်း အလင်းလမ်း ခင်းခြင်း
ပဋ္ဌာန်းအရှိန်တန်ခိုးနှင့် ဘဝခရီးလမ်း ရေလိုကြည်လင်အေးချမ်းပြီး ဉာဏ်ရည်ထက်မြက်, သာယာတဲ့ဘဝ ခရီးလမ်းကို နေ့စဉ် ဘဝ နေစဉ် ခဏမှာ လျှောက်လှမ်းနိုင်ပါလိမ့်မယ်

နတ်လူသတ္တဝါအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ ကြ ပါ စေ...

မူရင်းရေးသားသူအားလေးစားလျက်
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်🙏

Photos from Macy Wholesales's post 13/09/2026

မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး
ကမ္ဘာသူ ကမ္ဘာသား အားလုံး
၃၁-ဘုံ၌ ကျင်လည်ကြကုန်သော
ဝေနေယျ သုခိတ ဒုက္ခိတသတ္တဝါ အားလုံး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ
ဘေးခပ်သိမ်း ရန်ခပ်သိမ်း
ရောဂါခပ်သိမ်းတို့မှ ကင်းဝေးကြပါစေ
စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခြင်းတို့မှ ကင်းဝေးကြပါစေ
ဝမ်းနည်းပူဆွေး ငိုကြွေးခြင်းတို့မှ ကင်းဝေးကြပါစေ
စိုးရိမ်သောက ဗျာပါဒတို့မှ ကင်းဝေးကြပါစေ

အချင်းချင်း မေတ္တာထားနိုင်ကြ၍
မေတ္တာနဲ့သာ ပြုမူ ပြောဆို ဆက်ဆံနိုင်ကြပါစေ

၁။လုံးစုံများစွာသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ။

၂။ ကြောက်တတ်၊ မကြောက်တတ်၊
နှစ်ရပ်များစွာ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ။

၃။ မြင်အပ်၊ မမြင်အပ်၊
နှစ်ရပ်များစွာ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ။

၄။ ဝေးနေနီးနေ၊ နှစ်ထွေများစွာ၊
သတ္တဝါ၊ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ။

၅။ ဘဝဇာတ်ဆုံး၊ မဆုံးများစွာသတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ။

၆။ ရှည်တိုအလတ် ၊သုံးရပ်ခန္ဓာ၊ သတ္တဝါ၊
ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ။

၇။ ကြီးငယ်အလတ်၊ သုံးရပ်ခန္ဓာ၊သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ။

၈။ ဆူကြုံအလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊
ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
ငြိမ်းအေးကြပါစေ။

၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊
ကင်းရှင်းကြပါစေ။

၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊
ကင်းရှင်းကြပါစေ။

၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊
ကင်းရှင်း ကြပါစေ။

သဗ္ဗီတိယော-အလုံးစုံသော ဘေးရန်တို့သည်၊
ဝိဝဇ္ဇန္တု-ကင်းငြိမ်းကြပါစေကုန်သတည်း။

သောကော- စိုးရိမ်ပူပန်ခြင်းသည်လည်းကောင်း၊
ရောဂေါ- အနာရောဂါအမျိုးမျိုးသည်လည်းကောင်း၊
ဝိနဿတု-မကျမရောက် ကင်းပျောက်ပါ စေသတည်း။

တေ-သင့်အား၊
အန္တရာယာ-ဘေးအန္တရာယ်တို့သည်၊
မာ ဘဝန္တု- မဖြစ်ပါစေကုန်သတည်း။

တွံ-သင်သည်၊
သုခီ- ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိသည်ဖြစ်၍၊
ဒီဃာယုကော-ရှည်သောအသက်ရှိသည်၊
ဘ၀-ဖြစ်ပါစေသတည်း။

Photos from Macy Wholesales's post 12/09/2026

🌷ကိုယ့်ဘဝကိုသာ အလေးထားပါ🌷

အရွယ်လေး တစ်ခုရလာတယ်
စိတ်ရဲ့ ရင့်ကျက်မှုတွေရော ရနေပြီလား ။

အချိန်တွေသာ ကုန်သွားတယ်
ကုသိုလ်တရား အပြည့်ဝ ရထားပြီလား ။

အခြံရံတွေ ပေါ့များလာတယ်
ကိုယ့်ကိုယ်ကိုယ် အားကိုးလို့ နေနိုင်ပြီလား ။

ထင်ပေါ် ကျော်ကြားမှု‌တွေ ရလာကြတယ်
သုဿာန်ကိုရော ကျော်နိုင်ပြီလား ။

တရားတွေ အားထုတ်ဖြစ်လာတယ်
လောကဓံကိုရော ခံနိုင်ရည် ရှိနေပြီလား ။

အများကြီး လေးစားခံရတယ်
ကိုယ့်ကိုယ်ကိုယ်ရော ကြည်ညိုနိုင်မှု ရှိရဲ့လား ။

မှတ်စရာတွေ အများကြီးရှိလာတယ်
အကျိုးများ တန်ဖိုးရှိတာတွေရော ပါရဲ့လား ။

အကြောင်းမျိုးစုံ ကြားလာရတယ်
မကောင်းတာကို‌ရော လျစ်လျူရှူနိုင်ပြီလား ။

သူများအပြစ်ကို မြင်လွယ်လာတယ်
ကိုယ်ရော ကောင်းအောင် နေထိုင်နိုင်ပြီလား ။

အပျက်စီးတွေ ပေါများလာတယ်
သတိသံဝေဂ နှင့်ယှဉ်လို့ နေတတ်နေပြီလား ။

အကျင့်တစ်ခုခုကိုသာ လွဲချော်နေအုံးမယ်ဆိုရင်
အပျက်အတိုင်းသာလျှောက်နေအုံးမယ်ဆိုရင်

ကိုယ်လည်း အရည်ချင်း မတိုတက်တဲ့လူလို
ထူးမခြားတဲ့ဘဝနှင့် ရပ်တည်လို့ နေရအုံးမှာပါ ။

သာရ ဂ ဝေ သီ

Photos from Macy Wholesales's post 11/09/2026

မနက်ခင်းတိုင်း ~ ညအိပ်ယာမဝင်ခင်တိုင်း ကုသိုလ်ယူ 🌿

Crystal LED ပဒုမ္မာကြာပန်းပွင့် တရားနာစက် 🪷🪷🪷

ပရိတ်ကြီး ၁၁ သုတ်မေတ္တာပို့တရားတော်အပုဒ်ရေ ၁၄ ပုဒ်
အစုံပါဝင်တာမို့ အိမ်ဘုရားကျောင်းဆောင်ပေါ်မှာ
တင်ထားပြီးမနက်ခင်းပိုင်းအစမှာတရားနာယူ
ကုသိုလ်ပြုနိုင်ပါတယ်ရှင့် 🙏🪷🙏🪷🙏🪷

Type C အားသွင်းကြိုးနှင့် တစ်ခါအားသွင်းရင်
မိနစ် ၃၀-၄၅ မိနစ်ခန့်သာ အားသွင်းရပြီး Non-Stop ဖွင့်ရင်
ကြာချိန် ၃ နာရီခွဲထိ အသုံးပြုနိုင်ပါတယ်ရှင် ~~~~~~

✨စျေးလေးတွေကတော့ ၁ ခု ၈၈၀၀၀ ကျပ် ပါရှင့်✨

တရားနာစက်လေးတွေလိုအပ်လို့ မှာယူချင်တယ်ဆိုရင်
- 𝑴𝒂𝒄𝒚 𝑾𝒉𝒐𝒍𝒆𝒔𝒂𝒍𝒆𝒔 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှ တဆင့်
မှာယူနိုင်သလိုရန်ကုန် Showroom မှာကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလို့ရပါတယ်‌ရှင့်

Macy Wholesales ဆိုင်ခွဲ ( 2 )
ခြံ အမှတ် 42/A, အင်းယားမြိုင်လမ်း၊ ဗဟန်းမြို့နယ်
My Hill Coffeehouse မျက်နှာချင်းဆိုင်
G & G ဘေးကပ်လျက်မှာပါရှင့် ☎️09 676 122 408/09

Photos from Macy Wholesales's post 11/09/2026

ရှေးအတိတ်ကုသိုလ်ကံ အရှိန်အဝါကြောင့်
ယခုလို လူ့ဘဝကို ရောက်လာကြတာ။

လူ့ဘဝမှာ အသက်ရှင်သန်နေတုန်း
ကောင်းမှုကုသိုလ်တရားနဲ့ ပျော်အောင်နေ။

ကန့်သတ်ချိန်စေ့လို့ ပြန်သွားတော့လဲ
ကောင်းမှုကုသိုလ်တရား အပြည့်အဝ
နဲ့ ပြန်နိုင်အောင် ကြိုးစားထား။

အတိတ်ကိုလဲ အမျှင်မတန်း, အနာဂါ
တ်ကိုလည်း မကြောက်မရွံ့ စွမ်းအား
ပြည့်ပြည့် သတ္တိရှိရှိနဲ့ ဘဝကူးပြောင်း
နိုင်အောင် တရားကို အထုံပါအောင်
လေ့ကျင့်ထားဖို့ အရေးကြီးတယ်။

တိပိဋက ယောဆရာတော် ဩဝါဒ
အရှင်ပညာတိက္ခ(ယော)စုစည်း ပူဇော်သည်။

တိပိဋကယောဆရာတော်ဘုရားကြီး 🙏🙏🙏

ပတ္တိဒါနပြန်လည်မျှဝေပါသည်။🙏🙏🙏

Category

Telephone

Website

Address


No. 42/A, Inya Myaing Road, Bahan Township
Yangon