Blush with Style

Blush with Style

Share

My own personal experience review about the authentic products available in the USA

19/05/2025

Ole Henriksen .. skincare expertထုတ်ထားတာ..
USA made !

Highly Recommend 💥

မြန်မာပြည်မှာ ဘယ်သူမှ မိတ်မဆက်ခင်ထဲက ရွှေရည်ကိုယ်တိုင်သံုးပြီး ကြိုက်လွန်းလို့ရော တကယ်ထိရောက်ပြီး ပျောက်လို့ အာမခံနဲ့ ရောင်းပေးခဲ့ဖူးတယ် ..

Toner အရောင်အပြာနဲ့ အစိမ်း ၂ မျိုးလံုး အရမ်းကောင်းတာ သံုးဖူးသူတိုင်းအသိပါ..

ဒီတခါ အစိမ်းလေးကို အဓိကပြောပေးမယ်
Oil Control Balancing Toner ဖြစ်လို့ အဆီအရမ်းပြန်တဲ့ super oily / oily skin type တွေအဓိက သံုးပေးပါ.. Combination နဲ့ တခြားသူတွေလဲ သံုးလို့ရတယ်​ေနာ် အထူးသဖြင့် sensitive skin တွေလဲ သံုးကြတာ အဆင်​ပြေကြတယ် ..

သူက တခြား Toner လို အဆီတွေ ကုန်ပြီး မျက်နှာ Dry ဖြစ်ပြီး ခဏတဖြုတ်သံုးနေတုန်း အဆီသက်သာတာမျိုးမဟုတ်ဘဲ အဆီကို ထိန်းညှိ​ပေးပြီး ရေရှည် အဆီထိန်း​ပေးနိုင်တာမျိုး …skin ရဲ့ PH level ကို ထိန်း​ပေးတာမျိုး

မျက်နှာ အဆီဖုထွက်သူ​တွေ တကယ်​ပျောက်
သလို ဝက်ခြံအမာရွတ်ကျန်သူ​တွေလဲ ပျောက်တယ် ..
ချွေး​ပေါက်ကျယ်သူ​တွေ တဖြည်းဖြည်း ကျဉ်းလာတယ်
Salicylic , gtycolic, BHA, AHA စတာ​တွေပါသလို cruely free, vegan harmful ingredients တွေမပါဘူး..

12/05/2025

မျက်နှာ Brightening ဖြစ်ပြီး ကြည်ကြည်လေး ဖြစ်ချင်ရင် ဒီအတွဲလေး ကိုသံုးပေးနော် အမဲစက်လဲ ပါးတယ်

Serum or moisturizer တမျိုးစီခွဲသံုးရင်လဲရပေမဲ့ အတွဲလိုက်ဆို ပိုသိသာတယ် ..အရမ်းကောင်းတယ်ဆို ယံုလိုက်နော် စျေးနှုန်းသင့်တင့်လို့ လူတိုင်းသံုးနိုင်​လောက်တယ်

10/05/2025

Jessica Simpson ရဲ့ I fancy you 🩵

ကောင်းလွန်းလို့ ဖြည်းဖြည်းချင်း စွတ်​နေရတာ
တ​နေကုန် အနံ့မပြယ်သွားဘူး .. High end brand တွေကို ယှဉ်နိုင်တဲ့ celebrity perfume လေး.. စျေးမကြီးဘူး - ခေါင်းမူးတတ်သူ​တွေသင့်​တော်တယ် .. fresh နဲ့ ပန်း ဘက်သွားတယ် ..

Smell like ➡️ soft, velvety, floral musk, which includes scents of pear, Fuji apple, lily of the valley, and sandalwood.

02/05/2025

Cosmetic တွေအပြင် တခြား products brand တွေပါ ပြောပြပေးမယ် စိတ်ကူးထားတယ် ..

ကိုယ်တိုင် သို့မဟုတ် မိသားစုဝင်တွေ အသံုးပြုပြီးကြိုက်သော ထိရောက်တဲ့ products လေးတွေပါ အဆင်ပြေသလို တင်သွားပေးမယ်

သဘောတွေ့တာရှိရင် share & like လေး လုပ်ပေးလို့ရပါတယ် .. အတင်းမတောင်းဆိုပါဘူး .. ချစ်ခြင်းမေတ္တာစေတနာကိုသာ လိုချင်လို့ပါ..❤️

Photos from Blush with Style's post 01/05/2025

Review !

Youth to the People တဲ့ နံမည်လေးကိုက စိတ်ဝင်စားစရာပါ… 2024 beauty award ဆုရှင်😅

ရွှေရည်ကြိုက်လွန်းလို့ သူ့ cleanser ရောင်းပေးထားတာ တော်တော်ကြာနေပြီ…

မျက်နှာသစ်ဆေးတွေထဲ အကြိုက်ဆံုး- သစ်ပြီးကြည်တောက်စိုအိသွားတာ - မျက်နှာခြောက်ပြီးဝင်းသွားတာမျိုးမဟုတ်ပဲ ဝင်းကြည်ပြီးစိုအိအိလေးကျန်ခဲ့တာ

ပါဝင်တဲ့ ingredients တွေကို တချက်ရှိုး - ရွှေရည့် ချစ်ရသူတွေဆို product တွေမဝယ်ခင် ingredients တွေဖတ်ဖို့ အမြဲပြောလို့ သိပြီးသား
ကိုယ်နဲ့သင့်တော် မတော် - အဲ့ဒီ chemical ဘာကြောင့်သံုးသင့်လဲ အကုန်သိသင့်တယ်

💚💚💚

24/04/2025

please share if you like ❤️

Estée ရဲ့ Resilience Multi Effect ဆိုတာ

Tri-Peptide complex and Antioxidants

ဘာလို့ အရမ်းကောင်းလဲဆိုတဲ့ အဓိကအကြောင်းပြောပါဆို Tri-Peptide ဆိုတဲ့ Collagen ထက်ပိုထိရောက်စေတဲ့ ingredient ပါနေတာပါ …ပြီး​တော့ Antioxidants …

Tri-Peptide ➡️ Boost Collagen & Elastin production

Tripeptide ဆိုတာ Collagen များများ ထွက်​အောင် ပံ့ပိုး​ပေးတာ Elastin ဆိုတာ skin tissues တွေထဲက protein တမျိုး ဖြစ်ပြီး resilient and elastic quality တနည်းအားဖြင့် ပြောရင် skin ကို bouncy & youthful ဖြစ်စေ..
wrinkles တွေကို လျော့သွားစေတယ် …

Antioxidants ➡️ protect UV rays & pollution

Skincare ထဲမှာ လူတွေ အမှုမဲ့အမှတ်မဲ့ အရေးမပါဘူးထင်နေပေမဲ့ အရမ်းအရေးပါတဲ့ ingredient ဆိုရင် antioxidant ပါ… UV rays - free radicals- pollution တွေက skin aging ဖြစ်စေတဲ့ အဓိကအရာတွေ .. အဲ့ဒါတွေကို ကာကွယ်ပေး - တိုက်ဖျက်ပေးတာ ..

23/04/2025

ရွှေရည် နဲ့ အကြိုက်တူသူတွေဆို Estée cream တွေထဲ ပန်းရောင် ကို favorite ဖြစ်ကြမယ်ထင်တယ်နော် … သံုးဖူးသမျှ Estée cream တွေထဲမှာ အထိရောက်ဆံုး…

မပိုမပြောဘဲ တကယ်ကောင်းတာပဲ ပြောပြ မိတ်ဆက်တာ သိတယ် ဟုတ်😅

မျက်နှာကို တင်းရင်းကြည်တောက် ဝင်းပ လာတာ ပန်းရောင်ပါ…
ပါဝင်တာတွေကိုတော့ ဘာကြောင့် ဒီလောက်ကောင်းလဲ အမြဲရှင်းပြနေလို့ သိပြီးလောက်ပြီမို့ ထပ်မရေးတော့ပေမဲ့ သိချင်ရင် comment ချန်ခဲ့နော် … sharing လုပ်ပေးမယ် 🩷

USA မှာလဲ ပန်းရောင်က popular အဖြစ်ဆံုးပါ

Photos from Blush with Style's post 25/03/2025

ကိုယ်တိုင်သံုးပြီး ကြိုက်လွန်းလို့ review ပေးတာပါ .. ထွက်ထားတာ ကြာပြီ .. review ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်လို့ .. ဝယ်သံုးစေချင်လို့
Estée , MAC , Lancôme သနားတယ် ပြောရ​လောက်​အောင် ကောင်းတာ.. YSL high-end brand ကို ယှဉ်နိုင်တယ်..

မျက်တောင် ကော့တံ မလိုဘဲ မျက်တောင်လေးတွေ တမျှင်ချင်းစီ ကော့တက်နေမှာ.. ရေစို ချွေးစို တနေကုန်ခံတယ် .. panda eyes လံုးဝ မဖြစ်ဘူး ..မျက်တောင်ပါးသူတွေဆို ကွက်တိ ..vitamin E နဲ့ Castor oil ပါလို့ မျက်တောင် မကျွတ်ဘူး .. volume ကလဲ တခါ ကော့ရံုနဲ့ အဆင်ပြေတယ် ပိုထူထူ​လေးလိုချင်ရင် ၂ ခါ ကော့​ပေး.. မျက်ကပ်မှန်သမား မျက်မှန်သမားတွေအတွက်အရမ်းအဆင်ပြေတယ် ..parabens free , sulfate free ..

07/03/2025

ညဘက် လိမ်းပြီး မနက်နိုးလာရင် ကိုယ့်အသားရည်ကို ကျေနပ်မှုဖြစ်စေတယ် .. တင်းပြီး လင်း​နေတာ.... တကယ်ပါ ..

💥3 essential ceramides = skin အပေါ်ယံလေးတွေကိုပြန်ပြုပြင်ပြီး ကောင်းမွန်လာအောင် လုပ်ပေးတာ
💥 licorice root extract-( anti oxidant တမျိုး) = တနေ့လံုး ခုခံလာရတဲ့ နေဒဏ် နဲ့ အခြား ဓာတ်ရောင်ခြည်တွေကို တိုက်ဖျက်ပေးတာမျိုး _ skin brighten ဖြစ်ပြီး dark spot တွေကို ပါးလာစေတာမျိုး
💥 Niacinamide - (ဆရာကြီး )- acne သမားတွေအတွက်လိုအပ်ချက်.. aging/ dryness/ decrease hyperpigmentation အမဲစက် / skin elasticity အသားရည်တင်းရင်း ; သူလုပ်နိုင်တာအများကြီးပါ..
💥 Retinol- ( Aging ရဲ့ ဘုရင်) စပြီးအိုလာတယ်ဆိုတာနဲ့ သူ့ကို မပါပါအောင် လိမ်းတော့..
သူမပါရင် မဖြစ်ဘူးလေ..

06/03/2025

ရွှေရည်က Dermatologist license ကိုင်ထားတာလဲမဟုတ်သလို Aesthetician license ကိုင်ထားတာ မဟုတ်ပါဘူးနော်..ဒါပေမဲ့ skincare & cosmetics industry မှာ ကိုယ်တိုင်ဝယ် သံုး ကိုယ်ပိုင်ဆိုင်ဖွင့်ထားတာရော ကိုယ်တိုင် USAမှာ နေပြီး သင်တန်းတွေတက် စာတွေဖတ် လေ့လာမှုကြောင့် သိလာသမျှ မျှဝေရံု sharing သက်သက်ပါ..Brand တွေကို အခကြေးယူပြီးကြော်ငြာနေသူလဲ မဟုတ်ဘူးနော်..

ရွှေရည် ညွှန်းတာတွေက ကိုယ်တိုင်သံုးပြီး ထိရောက်လို့ ကြိုက်လို့ review ပေးရံုသက်သက်ပါ..

06/03/2025

“ Aging ဖြစ်တာနှေးချင်ရင် ပစ္စည်း၂ မျိုးပဲ မရှိမဖြစ်.
ဘာဖြစ်မယ်ထင်လဲ?

25/02/2025

Cerave Resurfacing Retinol Serum

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Botahtaung
Yangon
11161