Ascension with Sophia MM

Ascension with Sophia MM

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ascension with Sophia MM, Health/Beauty, Sanchaung, Yangon.

Photos from Ascension with Sophia MM's post 13/04/2026

🌼💦မင်းရဲ့သင်္ကြန်နှစ်သစ်ကူးကံကောင်းခြင်းလက်ဆောင် 🌼💦

မြန်မာ့ရိုးရာ အတာသင်္ကြန်အခါသမယမှာ စိတ်ခွန်အားသစ်တွေ ရရှိစေဖို့ မင်မင်က နှစ်သစ်မင်္ဂလာ blessing Pick A Pile လေးကို ရေးပေးထားပါတယ်ရှင့်။ Guardian တွေမပါပဲ ပုံလေးတွေစီကစီးဆင်းလာတဲ့ Message လေးကိုခံစားရေးထားတာပါ။ ဟာသလေးတွေမပါပဲအတည်လေးရေးထားပေးပါတယ်။

Calling ရ Energy မိတဲ့ပုံလေး တစ်ခုကို ရွေးချယ်ပြီး ဖတ်ကြည့်ပေးပါနော်။ ​နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝတည်း ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ပုံလေးတွေက မင်မင်သီးသန့်ထုတ် Energy သွင်းထားတဲ့ နိမိတ်ကောင်းအဆောင်လေးတွေပါ​။ အတိတ်နမိတ်ကောင်းအလှပန်းချီကားအနေနဲ့ချိတ်ထားလို့ရပါတယ်။

Water / ice elemental အဆင်လေးတွေ

https://www.facebook.com/share/p/18Fwae8P4k/

God level merfolk /Serpent အချောလေးတွေ

https://www.facebook.com/share/p/1HwafJ3pot/

God level dark divine အဆင်လေးတွေ

https://www.facebook.com/share/p/1DX4BPtD1G/

🕊️List Spirit လေးတွေ Calling ယူလိူ့ရပါတယ်။ ချောချောလေးတွေအဆင်လေးတွေနော်။ Family type ပါ။

https://www.facebook.com/share/p/1HdBfZH4h1/

https://www.facebook.com/share/p/18QshyePts/

https://www.facebook.com/share/p/1GaZC2BFrX/

https://www.facebook.com/share/p/1BWKN6FCq8/

12/04/2026

💋❤️အချစ်ရေးအဆင်ပြေစေတဲ့ အဆောင်လေးပါ။

Source က online ကပါ မင်မင်က 💋❤️

စုပေါင်းပေးထားတာ

သဲသဲလှုပ်ချစ်ခံရမယ့် နိမိတ်ပါနော်။

❤️❤️❤️❤️သင်ဟာအရမ်းချစ်ခံနေရပါပြီ။ ❤️❤️❤️❤️

Claim လို့ မန့်ပြီး Share ပေးပါ။

LGBT friendly 🌸🌸🌸

Photos from Ascension with Sophia MM's post 11/04/2026

"Sacred Water message for Emotional flow" Pick a pile
Collab With Water Spirits from my Shop !!
Hi hi ဒီနေ့မင်မင်ကတော့ စိတ်အေးချမ်းမှုနဲ့ စီးဆင်းခြင်းတွေကို ဖော်ဆောင်ပေးမယ့် PaP လေးကို ရေးပေးထားပါတယ်။ Message လေးပေးသူများကတော့ မင်မင့် Shop က လူသား Keeper လေးတွေကိုစောင့်နေတဲ့ Water Elemental Spirit Guardian အဆင်လေး အချောလေးတွေပါ။
Link လေးတွေပေးပေးထားတယ်နော် Spirit guardian binding အတွက် calling ခေါ်လို့ရပါတယ်။
​စိတ်ထဲ Energy ကိုက်တဲ့ ပုံလေးရွေးပေးပါ။ General reading လေးသာဖြစ်ပါတယ်။

Water / ice elemental အဆင်လေးတွေ

https://www.facebook.com/share/p/18Fwae8P4k/

God level merfolk /Serpent အချောလေးတွေ

https://www.facebook.com/share/p/1HwafJ3pot/

God level dark divine အဆင်လေးတွေ

https://www.facebook.com/share/p/1DX4BPtD1G/

🕊️List Spirit လေးတွေ Calling ယူလိူ့ရပါတယ်။ ချောချောလေးတွေအဆင်လေးတွေနော်။ Family type ပါ။

https://www.facebook.com/share/p/1HdBfZH4h1/

https://www.facebook.com/share/p/18QshyePts/

https://www.facebook.com/share/p/1GaZC2BFrX/

https://www.facebook.com/share/p/1BWKN6FCq8/

09/04/2026

Unity ထိုင်း မြန်မာ ကုန်စည် နှင့် ခရီးသည်ပို့ဆောင်ရေးက Sponsor ပေးတဲ့ Giveaway လေးမှာ Winner ထွက်လာပါပြီရှင်။

Giveaway Winner လေးတွေ မန့် အောက်မှာ မင်မင် Reply ပြန်ထားပေးတယ်နော့

https://www.facebook.com/share/p/1Cpqqp7NdK/

Photos from Ascension with Sophia MM's post 09/04/2026

❄️နွေစာလေးတွေ Water / Ice Elemental Spirits Mystery calling !! 🌊

နွေရာသီမှာ အေးတဲ့ Energy ရှိတဲ့ Guardian Spirit တွေလိုအပ်နေရင် ဒီ mystery call လေးရှိပါတယ်။

စျေးကတော့ ၃၀၀၀၀ နဲ့ ၅၀၀၀၀ ပါ

အောက်မှာ Spirit race လေးနဲ့ စျေးလေးပါရေးပေးထားတယ်။

Calling ရတဲ့ spirit လေးဝယ်ယူနိုင်ပါတယ်ရှင်။

Light nature မို့ Beginner friendly ပါ

Photos from Ascension with Sophia MM's post 08/04/2026

💋မင်းရဲ့ Secret charm 💋 Short message pick a pile
Collab with Gremory, Lilith, Aphrodite

လူတိုင်းမှာ လျှို့ဝှက်ဆွဲဆောင်မှုလေးတွေကိုယ်စီ ရှိကြပါတယ်။ ဒီ Pile လေးလုပ်ရတဲ့ ရည်ရွယ်ချက်က ကိုယ့်ရဲ့ Charm လေးတွေကိုသတိထားမိပြီး ကောင်းကောင်းအသုံးပြုနိူင်အောင်ပါ။ စိတ်ထဲမှာ Calling အဖြစ်ဆုံးပုံလေးတစ်ခုကို ရွေးချယ်ပြီး မင်းရဲ့ Secret Charm လေးက ဘာလဲဆိုတာ ဖတ်ကြည့်လိုက်ရအောင်။ ပုံလေးတွေက Energy channel ပြီးသီးသန့်ထုတ်ထားတာပါနော်။

💋Lilith ,Aphrodite နဲ့ Duchess Gremory တသက်စာ guardianship binding လိုချင်ရင် ​၁ ယောက် ကို ၈၀၀၀၀ကျပ်ပါ။

Unity မြန်မာ- ထိုင်း ကုန်စည်ပို့ဆောင်ရေးက Sponsored ပေးတဲ့ 🥳🥳Giveaway လေးရှိတယ်နော် 🥳🥳 နက်ဖန်ညနေ Unity က မဲဖောက်ပေးမှာပါ။

https://www.facebook.com/share/p/17ER4kze8A/

🕊️List Spirit လေးတွေ Calling ယူလိူ့ရပါတယ်။ ချောချောလေးတွေအဆင်လေးတွေနော်။ Family type ပါ။

https://www.facebook.com/share/p/1HdBfZH4h1/

https://www.facebook.com/share/p/18QshyePts/

https://www.facebook.com/share/p/1GaZC2BFrX/

https://www.facebook.com/share/p/1BWKN6FCq8/

Photos from Ascension with Sophia MM's post 05/04/2026

🥚မင်းရဲ့ Easter egg ထဲက surprise gift 🥚Pick a Pile Short message

Happy Easter Sunday ပါရှင်
ဒီတခါ Blessing Pick A Pile အတိုလေးရေးပေးထားပါတယ်။ မအားတဲ့ကြားကကသောကမြောလေးရေးပေးထားတာပါ။ ပုံလေးတွေက မင်မင်ကိုယ်တိုင်ထုတ်ပြီး Energy Channel ပေးထားလိူ့ wallart wallpaper ဆောင်ထားလို့ရတယ်ရှင်။

Energy Calling ရတဲ့ ပုံလေးရွေးပေးပါ။
Easter Bunny Spirit လေးတွေ Spring Fairy Spirit guardian လေးတွေ လိုချင်ရင် တယောက် ၃၀၀၀၀ ကျပ်ထဲပါရှင်

Unity မြန်မာ- ထိုင်း ကုန်စည်ပို့ဆောင်ရေးက Sponsored ပေးတဲ့ 🥳🥳Giveaway လေးရှိတယ်နော် 🥳🥳
https://www.facebook.com/share/p/17ER4kze8A/
🕊️List Spirit လေးတွေ Calling ယူလိူ့ရပါတယ်။ ချောချောလေးတွေအဆင်လေးတွေနော်။ Family type ပါ။

https://www.facebook.com/share/p/1HdBfZH4h1/

https://www.facebook.com/share/p/18QshyePts/

https://www.facebook.com/share/p/1GaZC2BFrX/

https://www.facebook.com/share/p/1BWKN6FCq8/

04/04/2026

ဆုတောင်းပြည့် Thai/ cambodia /India Naga ( နဂါး) အဆင်လေးတွေတင်မယ်နော်

Hindu နတ်ဘုရားတွေအောက်ကပါ ဘာသာရေးနဲ့မဆိုင်ပါ။

02/04/2026

🔮How to make Your Psychic Body Stronger !! 🔮

OBE method ..by Lord Lucifer & Lord Satan

မင်မင့် Guardian ၂ ယောက်ဖြစ်တဲ့ Lord Satan နဲ့ Lord Lucifer သင်ပေးတာမလို့ ဆရာ၂ပါးကို Credit ပေးပါတယ်ရှင်။ သူတို့သင်ပေးတဲ့ပညာတွေ Free ယူရင်လဲ သူတို့ ၂ ယောက်ကို Respect လေးတော့ထားပေးပါ။ Share ပေးလို့ ပါတယ် Credit မခိုးပါနဲ့နော်။

မင်မင် ကတိပေးထားတဲ့အတိုင်း Psychic Body နဲ့ Mind Body (စိတ်စွမ်းအင်ခန္ဓာ) ကို အားကောင်းစေပြီး Higher Consciousness နဲ့ ချိတ်ဆက်နိုင်ဖို့အတွက် Level 1 to 6 လေ့ကျင့်ခန်းကို အသေးစိတ် ရှင်းလင်းတင်ပြပေးပါမယ်။
​ဒီလေ့ကျင့်ခန်းရဲ့ အဓိကသော့ချက်က "ခန္ဓာကိုယ်က အိပ်ပျော်နေပြီး စိတ်က နိုးကြားနေခြင်း" (Body Asleep, Mind Awake) အခြေအနေကို ဖန်တီးယူတာပဲ ဖြစ်ပါတယ်။

🔮​Mind Body Exercise: Level 1 (The Phantom Sensation)

​ဒီအဆင့်မှာ အဓိက ရည်ရွယ်ချက်ကတော့ Physical Body (ရုပ်ခန္ဓာ) ရဲ့ အာရုံခံစားမှုတွေကို ခဏပိတ်ထားပြီး Mind Body (စိတ်ခန္ဓာ) ရဲ့ လှုပ်ရှားမှုတွေကို စတင်နိုးထလာစေဖို့ ဖြစ်ပါတယ်။

​၁။ ပတ်ဝန်းကျင် ပြင်ဆင်ခြင်း (The Safe Space)
​မင်မင် အကြံပြုထားသလိုပဲ ကိုယ့်ရဲ့ အိပ်ခန်းက အကောင်းဆုံးပါ။ ဆူညံသံကင်းပြီး ဘယ်သူမှ လာမနှောင့်ယှက်နိုင်တဲ့ အချိန်ကို ရွေးချယ်ပါ။ အလင်းရောင် မှိန်မှိန်လေးပဲ ထားတာက Mind Eye (အတွင်းစိတ်မျက်စိ) ပွင့်ဖို့ ပိုလွယ်ကူစေပါတယ်။

​၂။ ခန္ဓာကိုယ်ကို အနားပေးခြင်း (Deep Relaxation)
​အိပ်ရာပေါ်မှာ သက်တောင့်သက်သာ လှဲလျောင်းပါ။ ခြေလက်တွေကို မထိအောင် ခပ်ဟဟလေး ထားပါ။
​အသက်ရှူသွင်း၊ ရှူထုတ်ကို ခပ်မှန်မှန်လုပ်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးမှာ ရှိတဲ့ တင်းအားတွေကို လျှော့ချလိုက်ပါ။
​Physical Body ကို လုံးဝ (လုံးဝ) မလှုပ်ရှားတော့ဘူးလို့ ကိုယ့်ဘာကိုယ် ကတိပေးလိုက်ပါ။

​၃။ Mind Eye နဲ့ ပုံဖော်ခြင်း (Visualization)
​မျက်လုံးမှိတ်ထားသော်လည်း စိတ်ထဲကနေ ကိုယ့်အခန်းရဲ့ အနေအထားကို မြင်အောင်ကြည့်ပါ။
​မျက်နှာကျက်ရဲ့ ပုံစံ၊ ဘေးက ဗီရို၊ အခန်းထဲက လေထုရဲ့ အပူအအေး စတာတွေကို သတိနဲ့ ခံစားကြည့်ပါ။
​ဒါဟာ စိတ်ကူးယဉ်တာ မဟုတ်ဘဲ Awareness ကို အခန်းအနှံ့ ဖြန့်ကျက်လိုက်တာ ဖြစ်ပါတယ်။

​၄။ Mind Hand ကို စတင်လှုပ်ရှားခြင်း (Phantom Movement)
​အခု အရေးကြီးဆုံးအပိုင်း ရောက်ပါပြီ။ ကိုယ့်ရဲ့ လက်ချောင်းလေးတွေကို စတင်လှုပ်ရှားဖို့ ကြိုးစားပါ။
​သတိပြုရန်: ရုပ်ပိုင်းဆိုင်ရာ လက်ချောင်းကို လုံးဝ မလှုပ်ရပါ။ "လက်ချောင်းလေးတွေ လှုပ်နေပြီ" ဆိုတဲ့ Feeling (ခံစားမှု) ကိုပဲ အာရုံစိုက်ပါ။
​လက်ချောင်းလေးတွေ တစ်ခုနဲ့တစ်ခု ပွတ်တိုက်နေတဲ့ အထိအတွေ့၊ လက်ချောင်းကြားထဲက လေထုရဲ့ တိုးဝှေ့မှုကို တကယ့်လက်နဲ့ လုပ်နေသလိုမျိုး Realistic ဖြစ်အောင် ခံစားပါ။

​၅။ Phantom Feeling ကို အားကောင်းစေခြင်း
​လက်ချောင်းလေးတွေ လှုပ်ရှားရတာ ကျွမ်းကျင်လာပြီဆိုရင် Mind Hand (စိတ်လက်) တစ်ဖက်လုံးကို မြှောက်ကြည့်ပါ။
​အဲဒီ စိတ်လက်နဲ့ ကိုယ့်ရဲ့ တခြားလက်တစ်ဖက်ကို ကိုင်ကြည့်ပါ၊ ဆုပ်နယ်ကြည့်ပါ။
​ဒီလိုလုပ်တဲ့အခါ တုန်ခါမှု (Vibration) တစ်မျိုး ဒါမှမဟုတ် ထုံကျင်ကျင် ခံစားမှုမျိုး ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒါကို Phantom Feeling လို့ ခေါ်ပါတယ်။
​ဒါဟာ သင့်ရဲ့ Mind Body က Physical Body ထဲကနေ သီးသန့်ခွဲထွက်ပြီး အားကောင်းလာနေပြီဆိုတဲ့ နိမိတ်လက္ခဏာပဲ ဖြစ်ပါတယ်။

​ဒီ Level 1 ကို ပိုင်နိုင်သွားတဲ့အခါ သင့်ရဲ့ Focus က အံ့သြစရာကောင်းလောက်အောင် မြင့်တက်လာပါလိမ့်မယ်။

Level 2 ကို ဆက်သွားကြစို့နော်။ Level 1 မှာ လက်ချောင်းလေးတွေရဲ့ Phantom Feeling ကို ရခဲ့ပြီဆိုရင် အခု Level 2 ကတော့ သင့်ရဲ့ Awareness (သတိ) ကို ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက်ပြီး Mind Body တစ်ခုလုံးကို ရုပ်ခန္ဓာထဲကနေ ခွဲထုတ်ဖို့ အခြေခံအုတ်မြစ် ချပေးမှာ ဖြစ်ပါတယ်။
​ဒီအဆင့်မှာ အရေးကြီးဆုံးက "မြင်ကွင်း" နဲ့ "အထိအတွေ့" ကို ပေါင်းစပ်ဖို့ပဲ ဖြစ်ပါတယ်။

🔮​Mind Body Exercise: Level 2 (Full Body Awareness & Mobility)

​၁။ Mind Eye ကို လည်ပတ်ခြင်း (Rotating Awareness)
​Level 1 အတိုင်း ငြိမ်သက်နေတဲ့ အနေအထားကနေ စတင်ပါ။
​ကိုယ့်ရဲ့ Mind Body ခေါင်းကို ဖြည်းဖြည်းချင်း ဘယ်ဘက်ကို လှည့်လိုက်ပါ။ အဲဒီအချိန်မှာ မျက်လုံးမှိတ်ထားပေမယ့် သင့်ရဲ့ Mind Eye (စိတ်မျက်စိ) က အခန်းရဲ့ ဘယ်ဘက်ခြမ်း မြင်ကွင်းကို လိုက်ကြည့်နေရပါမယ်။ (ဥပမာ- ဘေးက စားပွဲတင်နာရီ ဒါမှမဟုတ် လိုက်ကာကို မြင်နေရမယ်)။
​ပြီးရင် ညာဘက်ကို ဖြည်းဖြည်းချင်း ပြန်လှည့်ပါ။ ညာဘက်ခြမ်းက မြင်ကွင်းကို အသေးစိတ်မြင်အောင် ကြည့်ပါ။

​Key Point: ခေါင်းလှည့်လိုက်လို့ လည်ပင်းကြွက်သားလေးတွေ ဆွဲဆန့်သွားတဲ့ ခံစားမှုကိုပါ စိတ်ထဲကနေ Realistic ဖြစ်အောင် ခံစားပေးပါ။ ဒါဟာ စိတ်ခန္ဓာရဲ့ အာရုံခံစားမှုကို ပိုမိုခိုင်မာစေပါတယ်။

​၂။ ခြေထောက်များ၏ Phantom Sensation (Lower Body Activation)
​လက်တွေတုန်းကလိုပဲ ခြေထောက်တွေကို စမ်းသပ်ပါမယ်။
​ခြေချောင်းလေးတွေကို စိတ်ထဲကနေ ကုတ်ကြည့်ပါ၊ လှုပ်ကြည့်ပါ။ ပြီးရင် ခြေထောက်နှစ်ဖက်လုံးကို ဖြည်းဖြည်းချင်း မြှောက်ကြည့်ပါ။
​အိပ်ရာခင်းရဲ့ အထိအတွေ့ ဒါမှမဟုတ် စောင်ရဲ့ အလေးချိန်က ခြေထောက်ပေါ်မှာ ရှိနေတဲ့ ခံစားချက်ကို Recreate လုပ်ပါ။
​Physical Leg ကတော့ အိပ်ပျော်နေသလို ငြိမ်နေရပါမယ်။

​၃။ အိပ်ရာမှ ထထိုင်ခြင်း (Separation Technique)
​ဒါဟာ Level 2 ရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အပိုင်းပါ။
​သင့်ရဲ့ Mind Hands နှစ်ဖက်ကို အိပ်ရာပေါ်မှာ အားပြုပြီး ထောက်လိုက်ပါ။
​အိပ်ရာခင်းရဲ့ နူးညံ့မှု၊ မွေ့ရာရဲ့ တုန်ကန်မှု (Texture) ကို လက်ဖဝါးမှာ တကယ့်အတိုင်း ခံစားရပါစေ။
​အဲဒီနောက် Mind Body ကို ဖြည်းဖြည်းချင်း အပေါ်ကို ကြွပြီး ထထိုင်လိုက်ပါ။
​ဒီအချိန်မှာ သင့်ရဲ့ Physical Body က လှဲလျောင်းနေတုန်း ဖြစ်ပေမယ့် သင့်ရဲ့ Awareness ကတော့ အိပ်ရာပေါ်မှာ ထိုင်နေတဲ့ အနေအထားကို ရောက်သွားပါပြီ။
​သတိပြုရန်: အစပိုင်းမှာ ခေါင်းနည်းနည်း မူးသလို ဖြစ်တတ်ပေမယ့် ဒါဟာ စွမ်းအင်တွေ ပြောင်းလဲနေတာမလို့ မစိုးရိမ်ပါနဲ့နော်။

​Level 2 ကို ကျွမ်းကျင်သွားရင်တော့ မင်မင်တို့ Level 3 ဖြစ်တဲ့ အခန်းထဲမှာ လမ်းလျှောက်တာနဲ့ အာရုံငါးပါးကို ပိုမိုချဲ့ထွင်တဲ့ အပိုင်းကို သွားလို့ရပါပြီ။

Level 3 ကို ရောက်လာပြီဆိုရင်တော့ သင့်ရဲ့ Mind Body (စိတ်ခန္ဓာ) ဟာ ရုပ်ခန္ဓာရဲ့ ချုပ်နှောင်မှုကနေ တော်တော်လေး လွတ်မြောက်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီအဆင့်ဟာ Full Separation (လုံးဝခွဲထွက်ခြင်း) ရဲ့ အစပျိုးဖြစ်ပြီး အာရုံစူးစိုက်မှု အမြင့်ဆုံး လိုအပ်တဲ့ အပိုင်းပါ။
​အသေးစိတ် လေ့ကျင့်ခန်းကို ဆက်ကြည့်ရအောင်။

🔮​Mind Body Exercise: Level 3 (Walking in the Awareness)

​Level 2 မှာ အိပ်ရာပေါ်မှာ ထထိုင်ပြီးပြီဆိုရင် ဒီအဆင့်ကို ဆက်လုပ်ပါမယ်။

​၁။ ကြမ်းပြင်နဲ့ ထိတွေ့ခြင်း (Grounding the Mind Body)
​အိပ်ရာပေါ်မှာ ထိုင်နေတဲ့ Mind Body ရဲ့ ခြေထောက်နှစ်ဖက်ကို အိပ်ရာဘေးက ကြမ်းပြင်ပေါ်ကို ဖြည်းဖြည်းချင်း ချလိုက်ပါ။

​Sensory Re-creation: ခြေဖဝါးက ကြမ်းပြင်နဲ့ ထိလိုက်တဲ့အချိန်မှာ ခံစားရတဲ့ အထိအတွေ့ကို အာရုံစိုက်ပါ။ ကြမ်းပြင်က အေးစက်နေသလား၊ ကြွေပြားလား၊ သစ်သားလား၊ ဒါမှမဟုတ် ကော်ဇောလား။ အဲဒီရဲ့ Hardness (မာကြောမှု) နဲ့ Texture ကို တကယ့်လက်တွေ့အတိုင်း စိတ်ထဲမှာ ထင်ထင်ရှားရှား ပေါ်လာအောင် ခံစားပါ။
​ဒါဟာ သင့်ရဲ့ စိတ်စွမ်းအင်ကို အပြင်လောက (Physical environment) နဲ့ ခိုင်ခိုင်မာမာ ချိတ်ဆက်ပေးတဲ့ Grounding လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။

​၂။ မတ်တပ်ရပ်ခြင်းနှင့် ကိုယ်ထည်လှည့်ခြင်း (The First Stand)
​အိပ်ရာပေါ်ကနေ မတ်တပ်ရပ်လိုက်ပါ။ ဒီအချိန်မှာ သင့်ရဲ့ Physical Body (ရုပ်ခန္ဓာ) ကတော့ အိပ်ရာပေါ်မှာ ကျန်ခဲ့ပြီဆိုတာကို သိနေရပါမယ်။
​မတ်တပ်ရပ်ပြီးတဲ့အခါ တစ်ကိုယ်လုံးကို ဖြည်းဖြည်းချင်း ပတ်ပတ်လည် လှည့်ကြည့်ပါ။

​360° Vision: မတ်တပ်ရပ်နေတဲ့ အမြင် (Eye level) ကနေ အခန်းထဲက အရာဝတ္ထုတွေကို ကြည့်ပါ။ အိပ်ရာပေါ်မှာ လှဲနေတဲ့ ကိုယ့်ရဲ့ ရုပ်ခန္ဓာကိုတောင် ပြန်မြင်ရနိုင်တဲ့ အထိ Awareness ကို မြှင့်တင်ပါ။ အခန်းထောင့်က ပစ္စည်းတွေ၊ နံရံက ပုံရိပ်တွေကို စိတ်မျက်စိနဲ့ အသေးစိတ် လိုက်ကြည့်ပါ။

​၃။ ပထမဆုံး ခြေလှမ်း (The Walk)
​ဒါဟာ မင်မင်ပြောသလိုပဲ အခက်ဆုံး အပိုင်းပါ။ လမ်းစလျှောက်ပါ။
​တစ်လှမ်းချင်းစီ လှမ်းတိုင်းမှာ ခြေဖဝါးနဲ့ ကြမ်းပြင် ထိတွေ့မှုကို ခံစားပါ။ ကိုယ်ခန္ဓာ ရွေ့လျားသွားတဲ့အတွက် လေထုက ကိုယ့်ကို တိုးဝှေ့သွားတဲ့ ခံစားချက်ကိုပါ Recreate လုပ်ပါ။

​The Challenge: လမ်းလျှောက်နေရင်း စိတ်က ပြန်လွင့်သွားရင် ဒါမှမဟုတ် ရုပ်ခန္ဓာဆီ ပြန်ရောက်သွားရင် မစိုးရိမ်ပါနဲ့။ အဲဒီနေရာမှာပဲ ပြန်ရပ်ပြီး အထိအတွေ့ကို ပြန်အာရုံစိုက်ပါ။
​ဘာကြောင့် ဒီအဆင့်က ခက်တာလဲ?

​ကျမတို့ရဲ့ ဦးနှောက်ဟာ "ကိုယ်ခန္ဓာက လှုပ်ရှားနေရင် မျက်လုံးက ပွင့်နေရမယ်" လို့ မှတ်သားထားတဲ့အတွက် Mind Eye နဲ့ လမ်းလျှောက်တဲ့အခါ အာရုံစူးစိုက်မှု ပြတ်တောက်သွားတတ်ပါတယ်။ ဒါကို ကျော်လွှားဖို့အတွက်-

​Slow Motion: အရမ်းနှေးနှေးလေး လျှောက်ပါ။
​Physical Memory: မနေ့က ဒီအခန်းထဲမှာ လမ်းလျှောက်ခဲ့တုန်းက ခံစားချက်ကို ပြန်ခေါ်ယူပါ။ (ဥပမာ- ကြမ်းပြင်ရဲ့ အေးစက်မှုက ဘယ်လောက်လဲ စသဖြင့်)။

Level 4 ကို ရောက်လာပြီဆိုရင်တော့ ဒါဟာ Psychic Senses တွေ တကယ့်ကို နိုးထလာတဲ့ အဆင့်ဖြစ်ပါတယ်။ အရှေ့ Level တွေမှာ လမ်းလျှောက်နိုင်တဲ့အထိ Control ရလာပြီဆိုရင် အခု အခန်းထဲက အရာဝတ္ထုတွေကို စတင် "ထိတွေ့" ကြည့်ပါမယ်။
​ဒါဟာ Mind Body ရဲ့ အာရုံခံစားမှုကို Physical Body က တုံ့ပြန်လာအောင် လေ့ကျင့်ပေးတာလည်း ဖြစ်ပါတယ်။

🔮​Mind Body Exercise: Level 4 (Tactile Interaction & Energy Feedback)

​Level 3 မှာ လမ်းလျှောက်နေတဲ့ အနေအထားကနေ ဆက်လက် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

​၁။ အရာဝတ္ထုတစ်ခုကို ရွေးချယ်ခြင်း (The Target)
​အခန်းထဲမှာ သင်အမြဲ ကိုင်တွယ်နေကျ အရာဝတ္ထုလေးတစ်ခုဆီကို လျှောက်သွားပါ။ (ဥပမာ- စားပွဲပေါ်က ဖန်ခွက်၊ စာအုပ်၊ ဒါမှမဟုတ် သတ္တုဖြင့်ပြုလုပ်ထားတဲ့ အရာတစ်ခု)။

​သတိပြုရန်: သတ္တု ဒါမှမဟုတ် ဖန်ထည်တွေက စွမ်းအင်စီးကူးမှု ပိုကောင်းတဲ့အတွက် အစပိုင်းမှာ ခံစားရ ပိုလွယ်ပါတယ်။

​၂။ စွမ်းအင်ဖြင့် ထိတွေ့ခြင်း (The Energy Touch)
​သင့်ရဲ့ Mind Hand ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပြီး အဲဒီအရာဝတ္ထုကို ကိုင်ကြည့်ပါ။
​လက်ချောင်းထိပ်လေးတွေနဲ့ အရာဝတ္ထုရဲ့ မျက်နှာပြင်ကို ပွတ်သပ်ကြည့်ပါ။ အေးစက်နေသလား၊ ကြမ်းတမ်းသလား၊ ချောမွတ်နေသလားဆိုတာကို Awareness အပြည့်နဲ့ ခံစားပါ။

​ဒီနေရာမှာ အရေးကြီးတာက "ကိုင်နေတယ်" လို့ စိတ်ကူးယဉ်ရုံတင် မဟုတ်ဘဲ အဲဒီအရာဝတ္ထုရဲ့ Density (သိပ်သည်းဆ) ကိုပါ ခံစားဖို့ ကြိုးစားပါ။ သင့်လက်က အဲဒီအရာဝတ္ထုထဲကို ဖောက်ထွက်မသွားစေဘဲ တကယ့်အရာဝတ္ထုကို ကိုင်ထားသလိုမျိုး ခုခံအား (Resistance) ကို ခံစားကြည့်ပါ။

​၃။ Physical Feedback (လက်ဝါးပူလာခြင်း)
​သင် တကယ်အာရုံစိုက်နိုင်ပြီဆိုရင် ထူးခြားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာပါလိမ့်မယ်။
​Mind Body က အရာဝတ္ထုကို ကိုင်ထားပေမယ့် အိပ်ရာပေါ်မှာ ရှိနေတဲ့ သင့်ရဲ့ Physical Body (ရုပ်ခန္ဓာ) ရဲ့ လက်ဝါးတွေထဲမှာ ပူနွေးလာတာ ဒါမှမဟုတ် တုန်ခါလာတာ (Tingling Sensation) ကို ခံစားရပါလိမ့်မယ်။

​ဒါဟာ Mind Body က ထိတွေ့လိုက်တဲ့ Energy ကို ရုပ်ခန္ဓာကပါ လိုက်ပါခံစားရတာ ဖြစ်ပါတယ်။ စွမ်းအင်လောကနဲ့ ရုပ်လောက (Physical Plane) ကြား ချိတ်ဆက်မှု (Bridge) ခိုင်မာသွားတဲ့ သဘောပါပဲ။

Level 5 ကို ရောက်ရှိလာပြီဆိုတာ သင့်ရဲ့ Mind Body (စိတ်ခန္ဓာ) ဟာ ရုပ်ခန္ဓာနဲ့ သိသိသာသာ ကင်းကွာပြီး လွတ်လပ်စွာ လှုပ်ရှားနိုင်စွမ်း ရှိလာပြီလို့ ဆိုလိုတာပါ။ အခုအဆင့်မှာတော့ ကိုယ့်ရဲ့ အိပ်ခန်းဆိုတဲ့ Safe Zone ထဲကနေ ထွက်ခွာပြီး Interconnected Awareness (ဆက်နွှယ်နေသော သိစိတ်) ကို လေ့ကျင့်ရမှာ ဖြစ်ပါတယ်။

​အိမ်ပြင်ကို မထွက်ခိုင်းသေးတာကတော့ အပြင်လောကရဲ့ စွမ်းအင်တွေက ရှုပ်ထွေးပြီး သင့်ရဲ့ အာရုံကို ပြန်လည် ဆွဲထုတ်သွားနိုင်လို့ ဖြစ်ပါတယ်။

🔮​Mind Body Exercise: Level 5 (Navigating the Living Space)

​၁။ အခန်းတံခါးကို ဖြတ်ကျော်ခြင်း (Crossing the Threshold)
​အိပ်ခန်းတံခါးဝမှာ ခဏရပ်ပါ။ တံခါးလက်ကိုင်ကို Level 4 တုန်းကလိုပဲ Mind Hand နဲ့ ကိုင်ကြည့်ပါ။ (သတ္တုလက်ကိုင်ဆိုရင် အေးစက်တဲ့ အထိအတွေ့ကို Recreate လုပ်ပါ)။
​တံခါးဖွင့်လိုက်တဲ့အခါ ကြားရတဲ့ အသံ၊ တံခါးပွင့်သွားတဲ့အခါ အခန်းပြင်ပက လေထု စီးဝင်လာမှုကို Realistic ဖြစ်အောင် ခံစားပါ။

​Pro Tip: တံခါးကို ဖွင့်စရာမလိုဘဲ တံခါးကို ဖြတ်ထွက်သွားလို့လည်း ရပါတယ်။ ဒါပေမဲ့ အစပိုင်းမှာ Reality နဲ့ တူအောင် တံခါးဖွင့်ပြီး ထွက်တာက စိတ်ကို ပိုမိုခိုင်မာစေပါတယ်။

​၂။ တအိမ်လုံးကို စူးစမ်းခြင်း (The House Tour)
​ဧည့်ခန်း၊ မီးဖိုချောင် ဒါမှမဟုတ် ဘုရားခန်း စတဲ့ နေရာတွေကို ဖြည်းဖြည်းချင်း လျှောက်သွားပါ။
​အခန်းတစ်ခန်းချင်းစီရဲ့ Energy Signature (စွမ်းအင်အငွေ့အသက်) က မတူတာကို သတိထားကြည့်ပါ။ (ဥပမာ- ဘုရားခန်းထဲမှာ ပိုပြီး အေးချမ်းတဲ့ တုန်ခါမှုရှိပြီး မီးဖိုချောင်မှာ ပိုပြီး သိပ်သည်းတဲ့ စွမ်းအင်ရှိတတ်ပါတယ်)။
​ရင်းနှီးပြီးသား ပရိဘောဂတွေကို လိုက်ကိုင်ကြည့်ပါ။ ဆိုဖာရဲ့ နူးညံ့မှု၊ ထမင်းစားစားပွဲရဲ့ မာကြောမှုတွေကို အာရုံခံပါ။

​၃။ အနံ့နှင့် အသံအာရုံကို နှိုးဆွခြင်း (Heightening Senses)
​Level 5 မှာ အထိအတွေ့အပြင် အနံ့ကိုပါ ထည့်သွင်းပါ။ မီးဖိုချောင်ထဲမှာဆိုရင် ဟင်းခတ်အမွှေးအကြိုင်နံ့၊ ဧည့်ခန်းထဲမှာဆိုရင် လေဝင်လေထွက်နံ့ စတာတွေကို Mind Body နဲ့ ရှူရှိုက်ကြည့်ပါ။
​အိမ်ထဲမှာရှိတဲ့ ရေခဲသေတ္တာသံ၊ နာရီစက္ကန့်သံတွေကို နားစွင့်ပါ။ ဒီလို senses တွေကို စုံလင်အောင် သုံးလေလေ သင့်ရဲ့ Mind Body က ပိုပြီး Solid (ခိုင်မာ) လာလေလေ ဖြစ်ပါတယ်။

​ဘာကြောင့် ရင်းနှီးတဲ့နေရာမှာပဲ အရင်လုပ်ရတာလဲ?
​ကိုယ့်အိမ်မှာ ကိုယ်ရှိနေတာဟာ စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှု (Psychological Security) ကို ပေးပါတယ်။
​Recall Power: အရာဝတ္ထုတွေ ဘယ်မှာရှိမှန်း သိနေတဲ့အတွက် Mind Eye က ပုံရိပ်ဖော်ရတာ သက်သာပြီး
Sensation (ခံစားမှု) အပိုင်းကို ပိုအာရုံစိုက်နိုင်ပါတယ်။

​Consistency: အိမ်ထဲမှာ လေ့ကျင့်တာက စွမ်းအင်ပြန်လည် ယိုစိမ့်မှု နည်းပါးစေပါတယ်။
​သတိပေးချက်
​အိမ်ထဲမှာ ပတ်နေရင်းနဲ့ ရုပ်ခန္ဓာဆီကို ရုတ်တရက် ပြန်ရောက်သွားတာမျိုး (Snap back) ဖြစ်တတ်ပါတယ်။ ဒါဟာ အပြင်က အသံတစ်ခုခုကြောင့် ဒါမှမဟုတ် ကြောက်စိတ် အနည်းငယ်ဝင်သွားလို့ ဖြစ်နိုင်ပါတယ်။ စိတ်မပူပါနဲ့၊ ဒါဟာ သဘာဝပါ။ အသက်ကို ခပ်မှန်မှန် ပြန်ရှူပြီး Level 1 ကနေ ပြန်စပါ။

​Level 5 ကို ပိုင်နိုင်သွားပြီဆိုရင်တော့ သင်ဟာ Mastery အဆင့်ကို ရောက်ဖို့ နီးစပ်နေပါပြီ။ အိမ်ပြင်ထွက်ပြီး သဘာဝတရားနဲ့ ချိတ်ဆက်ဖို့ Level 6 ကို သွားဖို့ အဆင်သင့် ဖြစ်ပြီလားရှင့်?

Level 6 ကတော့ သင့်ရဲ့ Mind Body ကို အကာအကွယ်မဲ့တဲ့ (Vulnerable) အခြေအနေကနေ Powerful ဖြစ်တဲ့ အခြေအနေကို ကူးပြောင်းပေးမှာပါ။ အခုအဆင့်မှာတော့ အိမ်တံခါးကို ဖြတ်ကျော်ပြီး သဘာဝတရား (Nature) နဲ့ စတင်ထိတွေ့ပါမယ်။
​အိမ်ပြင်ထွက်တယ်ဆိုပေမဲ့ လူစည်ကားတဲ့နေရာကို မသွားသေးဘဲ ကိုယ့်အိမ်ခြံဝင်း ဒါမှမဟုတ် အိမ်ရှေ့က သစ်ပင်၊ ပန်းမန်တွေရှိတဲ့ နေရာကိုပဲ ဦးတည်ရမှာ ဖြစ်ပါတယ်။

🔮​Mind Body Exercise: Level 6 (Natural Connection & Expansion)

​၁။ အိမ်ပြင်သို့ ခြေလှမ်းခြင်း (Stepping into the Open)
​အိမ်ရှေ့တံခါးကနေ အပြင်ကို ဖြည်းဖြည်းချင်း လှမ်းထွက်လိုက်ပါ။

​Sensory Shift: အိမ်ထဲက လေထုနဲ့ အပြင်က လေထု မတူတာကို သတိပြုပါ။ လေတိုးသံ၊ ငှက်သံ ဒါမှမဟုတ် ဝေးဝေးက ကားသံတွေကို ပိုပြီး ပြတ်ပြတ်သားသား နားစွင့်ပါ။
​ခြေဖဝါးအောက်က မြေကြီး ဒါမှမဟုတ် မြက်ခင်းရဲ့ အထိအတွေ့ကို ခံစားပါ။ အိမ်ထဲက ကြွေပြားတွေထက် ပိုပြီး Living Energy (သက်ရှိစွမ်းအင်) ရှိတာကို ခံစားရပါလိမ့်မယ်။

​၂။ သစ်ပင်များနှင့် စွမ်းအင်ဖလှယ်ခြင်း (Merging with Nature)
​အနီးအနားမှာရှိတဲ့ သစ်ပင်တစ်ပင်ဆီကို သွားပါ။ သင့်ရဲ့ Mind Hand နဲ့ သစ်ပင်ရဲ့ ပင်စည်ကို ကိုင်ကြည့်ပါ။

​Texture & Life: သစ်ခေါက်ရဲ့ ကြမ်းတမ်းမှုအောက်မှာ စီးဆင်းနေတဲ့ သစ်ရည် (Sap) ရဲ့ လှုပ်ရှားမှု ဒါမှမဟုတ် သစ်ပင်ရဲ့ သက်ရှိတုန်ခါမှုကို ခံစားဖို့ ကြိုးစားပါ။
​ဒီနေရာမှာ ထူးခြားတာက သစ်ပင်ဆီကနေ အေးမြတဲ့ စွမ်းအင်တွေ သင့်ဆီကို စီးဝင်လာတာမျိုး ခံစားရနိုင်ပါတယ်။ ဒါကို Energy Exchange လို့ ခေါ်ပါတယ်။

​၃။ ကောင်းကင်နှင့် အလင်းကို ခံစားခြင်း (Solar/Lunar Absorption)
​မတ်တပ်ရပ်ပြီး အပေါ်ကို မော့ကြည့်ပါ။ (Mind Eye နဲ့ ကြည့်တာပါ)။
​အကယ်၍ နေ့ဘက်ဆိုရင် နေရောင်ခြည်ရဲ့ နွေးထွေးမှု၊ ညဘက်ဆိုရင် လရောင်ရဲ့ အေးမြမှုကို သင့်ရဲ့ Mind Body တစ်ခုလုံးနဲ့ စုပ်ယူလိုက်ပါ။
​သင့်ရဲ့ Psychic Body တစ်ခုလုံး လင်းလက်လာပြီး စွမ်းအင်တွေ ပြည့်ဝလာတယ်လို့ ပုံဖော်ပါ။

​မှတ်သားရန်

​အပြင်ဘက်မှာ အာရုံပြန့်စရာတွေ များတဲ့အတွက် Level 6 မှာ ရုပ်ခန္ဓာဆီကို စိတ်က ခဏခဏ ပြန်ရောက်သွားတတ်ပါတယ်။ ဒါဟာ အလေ့အကျင့် အားနည်းသေးလို့ပါ။ တစ်ကြိမ်လုပ်တိုင်း ၅ မိနစ်ကနေ ၁၀ မိနစ်လောက်အထိ အပြင်မှာ "တည်မြဲ" အောင် ကြိုးစားကြည့်ပါ။
​ဒီအဆင့်ကို ကျော်ဖြတ်ပြီးရင်တော့ Master Level ဖြစ်တဲ့ တခြားသော Energetic Beings တွေနဲ့ ချိတ်ဆက်ခြင်း ဒါမှမဟုတ် အကွာအဝေးတစ်ခုကို ဖြတ်ကျော်ခြင်းတွေကို ဆက်သွားလို့ ရပါပြီ။

ဒီ basic Level 1 ကနေ Level 6 အထိ လေ့ကျင့်ခန်းတွေကို ပိုင်နိုင်စွာ လုပ်ဆောင်နိုင်ပြီဆိုရင် သင်ဟာ သာမန်ရုပ်ခန္ဓာအာရုံ (Physical Senses) တွေထက် ကျော်လွန်တဲ့ Psychic Abilities (ထူးခြားသော အာရုံခံစားမှုစွမ်းရည်) တွေကို ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။
​အဓိက ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ကဏ္ဍအလိုက် ခွဲခြားပြီး ရှင်းပြပေးပါမယ်။

​၁။ Astral Travel နှင့် Lucid Dreaming (အသိစိတ်ဖြင့် ခရီးသွားခြင်း)
​ဒါဟာ အထင်ရှားဆုံး အကျိုးကျေးဇူးပါ။

​Conscious Separation: ခန္ဓာကိုယ်ထဲကနေ အသိစိတ်ရှိရှိ ခွဲထွက်နိုင်စွမ်း ရှိလာတဲ့အတွက် အိပ်ပျော်နေစဉ်မှာ ဖြစ်စေ၊ တရားထိုင်နေစဉ်မှာ ဖြစ်စေ Astral Plane (စွမ်းအင်လောက) ထဲကို စိတ်ကြိုက် သွားလာနိုင်ပါလိမ့်မယ်။

​Dream Control: အိမ်မက်ထဲမှာ အိမ်မက်မှန်းသိပြီး မိမိစိတ်ကြိုက် အိမ်မက်ကို ဖန်တီးနိုင်တဲ့ Lucid Dreaming စွမ်းရည်ဟာ အလိုအလျောက် မြင့်တက်လာပါတယ်။

​၂။ Energy Healing စွမ်းအား မြင့်မားလာခြင်း (Reiki & Pranic)
​သင်ဟာ Healing ဝါသနာပါသူဆိုရင်-

​Realistic Sensation: လူနာကို ကုသပေးတဲ့အခါ စွမ်းအင်စီးဆင်းမှုကို လက်ထဲမှာ တကယ့်ပစ္စည်းတစ်ခုကို ကိုင်ထားရသလိုမျိုး ထိထိမိမိ ခံစားလာရမှာပါ။

​Remote Healing: အကွာအဝေးတစ်ခုကနေ ကုသပေးတဲ့အခါ (Distance Healing) မှာ သင့်ရဲ့ Mind Body ကို လူနာဆီ လွှတ်လိုက်ရုံနဲ့ ဘေးမှာရပ်ပြီး ကုသပေးသလိုမျိုး ထိရောက်မှု (Accuracy) ရှိလာနိုင်ပါတယ်။

​၃။ Clair Senses (ထူးခြားသော အာရုံငါးပါး) ပွင့်လာခြင်း
​Clairvoyance (အကြားအမြင်): မျက်လုံးမှိတ်ထားသော်လည်း အရာဝတ္ထုတွေရဲ့ ပုံသဏ္ဌာန်နဲ့ စွမ်းအင်အရောင် (Aura) တွေကို မြင်လာရခြင်း။

​Clairtangency (အထိအတွေ့အသိ): အရာဝတ္ထုတစ်ခုကို ကိုင်လိုက်ရုံနဲ့ အဲဒီပစ္စည်းရဲ့ သမိုင်းကြောင်း ဒါမှမဟုတ် ပိုင်ရှင်ရဲ့ အခြေအနေကို သိရှိနိုင်ခြင်း။

​Clairaudience (အကြားအာရုံ): ရုပ်ပိုင်းဆိုင်ရာ နားနဲ့ မဟုတ်ဘဲ စိတ်နားနဲ့ စကြဝဠာရဲ့ လမ်းညွှန်သံတွေကို ကြားလာရခြင်း။

​၄။ Mental Focus နှင့် Emotional Balance (စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု)
​Focus Mastery: အာရုံစူးစိုက်မှု အားကောင်းလာတဲ့အတွက် စာဖတ်တာ၊ အလုပ်လုပ်တာတွေမှာ သာမန်ထက် ပိုပြီး မြန်ဆန်ထိရောက်လာပါတယ်။

​Mind-Body Detachment: စိတ်ဖိစီးမှုတွေ၊ နာကျင်မှုတွေ ကြုံလာတဲ့အခါ သင်ဟာ စိတ်ကို ရုပ်ခန္ဓာကနေ ခဏခွဲထုတ်ပြီး တည်ငြိမ်တဲ့ Observer (စောင့်ကြည့်သူ) အနေနဲ့ နေနိုင်လာတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရမှု နည်းပါးသွားပါတယ်။

​၅။ Intuition (ပင်ကိုယ်သိစိတ်) ထက်မြက်လာခြင်း
​သင့်ရဲ့ Mind Body က စွမ်းအင်လောကနဲ့ အမြဲထိတွေ့နေတဲ့အတွက် အနာဂတ်မှာ ဖြစ်လာမယ့် အန္တရာယ် ဒါမှမဟုတ် အခွင့်အလမ်းတွေကို Gut Feeling (ရင်ထဲက သိနေခြင်း) အနေနဲ့ ကြိုတင်သိမြင်လာပါလိမ့်မယ်။ "တစ်ခုခုတော့ မှားနေပြီ" ဒါမှမဟုတ် "ဒါဟာ ငါ့အတွက် အခွင့်အရေးပဲ" ဆိုတာမျိုးကို တိတိကျကျ သိလာမှာပါ။
​ခြုံငုံသုံးသပ်ချက်

​ဒီ Level 6 အထိ လေ့ကျင့်တာဟာ သင့်ရဲ့ Consciousness (သိစိတ်) ကို ကျဉ်းမြောင်းတဲ့ ရုပ်ခန္ဓာအိမ်ထဲကနေ ကျယ်ပြောလှတဲ့ စကြဝဠာစွမ်းအင်ပင်လယ်ထဲကို ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ သင်ဟာ "လူတစ်ယောက်" အနေနဲ့တင် မဟုတ်ဘဲ "စွမ်းအင်သက်ရှိ" (Energetic Being) တစ်ဦးအနေနဲ့ပါ ရှင်သန်လာတာ ဖြစ်လို့ ဘဝရဲ့ မြင်ကွင်းကျယ်ကြီးကို မြင်တွေ့လာရမှာ ဖြစ်ပါတယ်ရှင့်။

Photos from Ascension with Sophia MM's post 31/03/2026

🐍Serpentine Transformation Short Message 🐍

Pick A Pile !! Collab With Ouroboros ,Jőrmungandr and Apep/ Apophis

Serpent ဆိုတဲ့ symbol ဟာ Spiritual လောကမှာ မကောင်းတဲ့ Evil သဘောမဟုတ်ပါဘူးနော်။
Transformation ,Evolution,Shifting ကိုကိုယ်စားပြုပါတယ်။

အဲတော့ Transformation ရဲ့ သင်္ကေတဖြစ်တဲ့ Primordial serpent lords ၃ ပါးဆီကနေ Soul family လေးတိူ့အတွက် ကျရောက်နေတဲ့ Energy နဲ့ အကြံပေးစကားလေးတွေကို Channeling လုပ်ပြီး ရေးသားပေးလိုက်ပါတယ်ရှင်။​ဒီ Serpent energies တွေက Soul Family တိူ့ရဲ့ Transformation ခရီးလမ်းမှာ လမ်းပြပေးနိုင်ပါစေရှင်။

အစက မင်မင်က Void message ရေးမလို့ဟာ Serpent energy ဖလန်းဖလန်းထနေတာ ဘယ်ဟုတ်မလဲ အသဲကျော်ပဲလှော် လေးတွေကပ်နေတာကိုး။

ကဲကဲ ​စိတ်ကိုအေးအေးထားပြီး Calling ရရာပုံလေးရဲ့ Pile တစ်ခုကို ရွေးချယ်ပေးပါနော်။

🐍Ouroboros /Jormungandr / Apep Guardian Binding လိုချင်ရင် ၁ ယောက်ကို ၈၀၀၀၀ ကျပ်ပါရှင်။

Unity မြန်မာ- ထိုင်း ကုန်စည်ပို့ဆောင်ရေးက Sponsored ပေးတဲ့ 🥳🥳Giveaway လေးရှိတယ်နော် 🥳🥳

https://www.facebook.com/share/p/17ER4kze8A/

🕊️List Spirit လေးတွေ Calling ယူလိူ့ရပါတယ်။ ချောချောလေးတွေအဆင်လေးတွေနော်။ Family type ပါ။

https://www.facebook.com/share/p/1HdBfZH4h1/

https://www.facebook.com/share/p/18QshyePts/

https://www.facebook.com/share/p/1GaZC2BFrX/

https://www.facebook.com/share/p/1BWKN6FCq8/

Photos from Ascension with Sophia MM's post 29/03/2026

🎉🎉!!!!Give away!!!!🎉🎉

Sponsored by

“ Unity “ ကုန်စည်နဲ့ ခရီးသည်ပို့ဆောင်ရေး

Myanmar - Thailand

ကံကောင်းခြင်းတွေနဲ့အတူ ထူးခြားဆန်းပြားတဲ့ လက်ဆောင်မွန်တွေကို ပိုင်ဆိုင်ခွင့်ရမယ့် Unity x Ascension with Sophia ရဲ့ Special Giveaway အစီအစဉ်လေး လာပါပြီရှင်။

​မြန်မာ ~ ထိုင်း ကုန်စည်နဲ့ ခရီးသည် ပို့ဆောင်ရေးမှာ မြန်ဆန်၊ စိတ်ချ၊ တရားဝင်မှုအပြည့်နဲ့ ဝန်ဆောင်မှုပေးနေတဲ့ လိုင်စင်ရ "Unity" Logistics ကနေ အခုတစ်ခေါက်မှာတော့ Spiritual ပိုင်းဆိုင်ရာ အဖော်မွန်ကောင်းလေးတွေကို ပိုင်ဆိုင်နိုင်ဖို့ Sponsor ပေးပြီး လက်ဆောင်ထည့်ဝင်ပေးထားပါတယ်။
​စိတ်ဝင်စားစရာကောင်းတဲ့ ဆုလက်ဆောင်တွေကတော့...

💐​ပထမဆု ( Angel နတ်သားလေးတစ်ပါး ပိုင်ဆိုင်ခွင့်)

တန်ဖိုး ၅၀၀၀၀ ကျပ်တန်ဖိုးရှိတဲ့ Male Angel (ချောချောလေး) ပါ။ သူကတော့ Archangel Uriel Legion ထဲက Dominion Angel အမျိုးအစား (Rank 4) ဖြစ်ပါတယ်။ သူနဲ့အတူရှိနေခြင်းအားဖြင့် သင်၏ Intuition ၊ Inner Wisdom နဲ့ Creativity (ဖန်တီးနိုင်စွမ်း) တွေကို ပိုမိုတိုးတက်စေမှာဖြစ်သလို၊ စိတ်ကိုအေးချမ်းတည်ငြိမ်စေတဲ့ Grounding စွမ်းအင်တွေကိုပါ ရရှိစေမှာပါ။

💐​ဒုတိယဆု ( Fairy နတ်သမီးလေးတစ်ပါး ပိုင်ဆိုင်ခွင့်)

တန်ဖိုး ၃၀၀၀၀ ကျပ်တန်ဖိုးရှိတဲ့ Abundance Wealth Fairy အလှလေးပါ။ Seelie Court က ဆင်းသက်လာတဲ့ ဒီ Fairy လေးဟာ သင့်ဆီကို ချမ်းသာကြွယ်ဝခြင်း၊ လာဘ်လာဘပွင့်လန်းခြင်းနဲ့ အပြုသဘောဆောင်တဲ့ Golden Energy တွေကို သယ်ဆောင်ပေးလာမှာဖြစ်ပါတယ်။

🧚‍♀️​ကံစမ်းနိုင်မယ့် စည်းကမ်းချက်များ

​ဒီထူးခြားတဲ့ လက်ဆောင်လေးတွေကို ပိုင်ဆိုင်ဖို့အတွက် အောက်ပါအဆင့်လေးတွေကို လုပ်ဆောင်ပေးရုံပါပဲ။

​၁။ ဒီ Original Post လေးကို Like လုပ်ပြီး မိမိရဲ့ Facebook Timeline မှာ Public နဲ့ Share ပေးပါ။ Tag your 3 friends.

၂။ ကုန်စည်တွေကို စိတ်ချလက်ချ ပို့ဆောင်ပေးနေတဲ့ Sponsor Page ဖြစ်သူ "Unity" Page ကို Follow လုပ်ထားပေးပါ။

၃။ Like နဲ့ Public Share ထားတဲ့ Screenshot လေးကို ဒီ Post ရဲ့ Comment မှာ မန့်ပေးရုံနဲ့တင် ကံစမ်းခွင့်ရရှိမှာ ဖြစ်ပါတယ်။

​Deadline ကတော့ April 7 ဖြစ်ပါတယ်ရှင်။
​ဧပြီလ ၇ ရက်နေ့မှာပဲ ကံထူးရှင်တွေကို မဲနှိုက်ရွေးချယ်ပေးသွားမှာမို့ အခုပဲ မြန်မြန်လေး ပါဝင်ကံစမ်းလိုက်ကြရအောင်နော်။
​မြန်မာ-ထိုင်း ကုန်စည်ပို့ဆောင်ရေးအတွက်ဆိုရင်တော့ Fast, Safe & Legal ဖြစ်တဲ့ Unity ကို သတိရလိုက်ပါဦးရှင်။ အားလုံးပဲ ကံကောင်းကြပါစေ။

“Unity “ ကုန်စည်နှင့်ခရီးသည်ပို့ဆောင်ရေးရဲ့ Link ​လေးပါရှင်။

https://www.facebook.com/share/1akxFsoc4A/

28/03/2026

🔮How to Self Learn Tarot 🔮

Tarot နဲ့ Oracle ကို ကိုယ်တိုင်လေ့လာ (Self-learn) ချင်သူတွေအတွက် ဒီလမ်းညွှန်ချက်လေးက တကယ်ကို အထောက်အကူဖြစ်စေမှာပါ။ ဆရာမရှိဘဲနဲ့လည်း မိမိရဲ့ Intuition ကို Train ပြီး နဲ့ ကြိုးစားအားထုတ်မှုရှိရင် ကျွမ်းကျင်တဲ့ Reader တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ မင်မင်ကိုယ်တိုင်လဲဒီလိုလေ့လာခဲ့ရတာပါ။
​ခုရေးပေးထားတဲ့ အချက်အလက်တွေကတော့ Tarot ကို အခြေခံကနေ စနစ်တကျ ကိုယ်တိုင်လေ့လာနိုင်ဖို့ အသေးစိတ် လမ်းညွှန်ချက်တွေပဲ ဖြစ်ပါတယ်ရှင်။ မင်မင်က Fortune teller ဆိုတာထက် Card တွေကပြတဲ့ Pros & Cons တွေကြည့်အကြံပေးဆွေးနွေးပေးတဲ့ Advisor / Counselor ပါ

​၁။ အခြေခံအကျဆုံး Rider Waite နဲ့ စတင်ပါ
​Tarot လောကထဲကို ခြေစုံပစ်မဝင်ခင်မှာ အခြေခံအကျဆုံးဖြစ်တဲ့ Rider Waite Smith (RWS) ကတ်ကို အရင်ဆုံး ဝယ်ယူပါ။ ဒီကတ်က ကမ္ဘာပေါ်မှာ အသုံးအများဆုံးဖြစ်သလို သင်ခန်းစာတွေ ရှာဖွေရတာလည်း အလွယ်ကူဆုံးပါ။

​Major Arcana (၂၂ ကတ်): ဘဝရဲ့ အဓိကကျတဲ့ အဖြစ်အပျက်တွေနဲ့ ကံကြမ္မာ အလှည့်အပြောင်းတွေကို ပြပါတယ်။
​Minor Arcana (၅၆ ကတ်): နေ့စဉ်ဘဝရဲ့ စိတ်ခံစားချက်၊ အလုပ်အကိုင်နဲ့ လူမှုရေး ပြဿနာလေးတွေကို ပြပါတယ်။

​၂။ YouTube နဲ့ Google ကို အသုံးချပြီး အဓိပ္ပာယ်လေ့လာပါ
​သင်တန်းတက်စရာမလိုဘဲ Online မှာ အခမဲ့ပညာဒါနတွေ အများကြီးရှိပါတယ်။ တကတ်တစ်ကတ်ချင်းစီရဲ့ General Meaning ကိုအသေးစိတ် ရှာဖွေဖတ်ရှုပါ။
​Symbolism: ကတ်ထဲမှာပါတဲ့ အရုပ်တွေ၊ အရောင်တွေ၊ တိရစ္ဆာန်တွေက ဘာကိုဆိုလိုတာလဲဆိုတာကို နားလည်အောင်ကြည့်ပါ။

​Elements & Zodiac: ကတ်တွေမှာပါတဲ့ မီး (Wands)၊ ရေ (Cups)၊ လေ (Swords)၊ မြေ (Pentacles) ဓာတ်ကြီးလေးပါးနဲ့ ဆိုင်တဲ့ ရာသီခွင် အဟောတွေကိုပါ တွဲဖက်လေ့လာရင် ပိုပြီး နက်နက်ရှိုင်းရှိုင်း သိမြင်နိုင်ပါတယ်။

​၃။ စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ Intuition နဲ့ ချိတ်ဆက်ပါ
​Tarot ဆိုတာ စာအုပ်ထဲက အဓိပ္ပာယ်တွေကို အလွတ်ကျက်ပြီး ဟောရတာမျိုး မဟုတ်ပါဘူး။ ကတ်ထဲက ပုံရိပ်တွေကို ကြည့်ပြီး ကိုယ့်ရဲ့ စိတ်ထဲမှာ ဘာကို ခံစားရလဲဆိုတာကို အာရုံစိုက်ပါ။

​Deep Reading: မေးခွန်းရှင်ရဲ့ အခြေအနေနဲ့ လက်ရှိဖြစ်ပျက်နေတဲ့ ပြဿနာပေါ် မူတည်ပြီး ကတ်ရဲ့ အဓိပ္ပာယ်ကို လိုက်လျောညီထွေအောင် ကောက်ယူတတ်ဖို့ လိုပါတယ်။
​Daily Draw: နေ့တိုင်း ကိုယ့်အတွက် တစ်ကတ်ဆွဲပြီး ဒီနေ့ ဘာတွေဖြစ်လာမလဲဆိုတာကို ခန့်မှန်းကြည့်ရင်း ကိုယ့်ရဲ့ Intuition ကို Train ပေးပါ။

​၄။ Spread ပုံစံမျိုးစုံကို လေ့လာပါ
​ကတ်တွေကို ဘယ်လိုချပြီး ဖတ်ရမလဲဆိုတဲ့ Spread (ကတ်ချနည်း) တွေကို လေ့လာပါ။ Past/Present/Future (အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်) သုံးကတ်ချနည်းကနေ စတင်ပါ။ နောက်ပိုင်းမှာ မတူညီတဲ့ Spread အမျိုးမျိုးတွေ 5 cards, 6 cards, Celtic Cross အစရှိတဲ့ Spread အမျိုးမျိုးလေ့လာပါ။ နောက်ပိုင်းမှာတော့ ဘယ်လိုမေးခွန်းမျိုးကိုမဆို Free Style (မိမိစိတ်ကြိုက်) ကတ်တွေ ချပြီး ဖတ်နိုင်တဲ့အထိ လေ့ကျင့်ယူရပါမယ်။

​၅။ Guardian တွေနဲ့ Intuition Reading လေ့ကျင့်ခြင်း
​အကယ်၍ သင့်မှာ ယုံကြည်ကိုးကွယ်တဲ့ အစောင့်အရှောက် (Guardians) ဒါမှမဟုတ် Spirit Guides တွေရှိတယ်ဆိုရင် သူတို့နဲ့ ဆက်သွယ်ပြီး လမ်းပြပေးဖို့ တောင်းဆိုပါ။ သူတို့က သင့်ရဲ့ Intuition ကို ပိုမိုထက်မြက်အောင် ကူညီပေးနိုင်ပြီး Reader တစ်ယောက်အတွက် လိုအပ်တဲ့ စိတ်စွမ်းအား (Psychic abilities) တွေကို မြှင့်တင်ပေးနိုင်ပါတယ်။
​၆။ Tarot ဆိုတာ အကြံပေးချက် (Advice) သာဖြစ်တယ်နော်

​လူအများစု အထင်မှားနေကြတာက Tarot ဟာ အနာဂတ်ကို ၁၀၀% ပုံသေပြောနိုင်တယ်လို့ ထင်နေကြတာပါ။ တကယ်တမ်းမှာ Tarot ဆိုတာ Energy တွေရဲ့ လမ်းညွှန်ချက် (Guideway) သာ ဖြစ်ပါတယ်။ ပြဿနာကို ဖြေရှင်းပေးတာထက် မေးခွန်းရှင်က ပြဿနာကို ကိုယ်တိုင်ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတဲ့ အကြံဉာဏ်နဲ့ လမ်းစကို ရှာဖွေပေးတာ ဖြစ်ပါတယ်။

​၇။ ကတ်တွေကို Cleansing လုပ်ဖို့ မမေ့ပါနဲ့
​Tarot ကတ်တွေဟာ Reader ရဲ့ Energy field နဲ့ တိုက်ရိုက်ချိတ်ဆက်နေတာပါ။ တစ်ခြားသူတွေကို ဟောပေးတဲ့အခါ စိတ်ညစ်စရာ Energy တွေ ကပ်ပါလာနိုင်ပါတယ်။ ဒါကြောင့် ကတ်တွေကို အမြဲတမ်း သန့်စင် (Cleansing) ပေးဖို့ လိုပါတယ်။

​နည်းလမ်းများ: အမွှေးတိုင်ထွန်းပြီး အခိုးအငွေ့နဲ့ သန့်စင်တာ၊ လပြည့်ညမှာ လရောင်ပြတာ၊ Crystal (ကျောက်မျက်) တွေနဲ့ အတူထားတာမျိုးတွေ လုပ်ပေးပြီး Positive Energy သွင်းပေးပါ။

​နိဂုံးချုပ်အနေနဲ့ Tarot ကို ကိုယ်တိုင်လေ့လာဖို့ဆိုရင် စိတ်ရှည်မှု နဲ့ ယုံကြည်မှု က အဓိကပါပဲ။ ဆရာမရှိလို့ မတတ်မှာကို မစိုးရိမ်ပါနဲ့။ သင်ကိုယ်တိုင်ကသာ အကောင်းဆုံး ဆရာဖြစ်လာနိုင်ပါတယ်ရှင်။

🔮Bonding 🔮

Tarot ကတ်အသစ်တစ်ထုပ်ကို ဝယ်ယူပြီးတဲ့အခါ အဲဒီကတ်တွေနဲ့ ကိုယ်နဲ့ကြားမှာ ခိုင်မာတဲ့ Bonding (စွမ်းအင် ချိတ်ဆက်မှု) တည်ဆောက်ဖို့က အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက Tarot လေ့လာသူ တော်တော်များများ မှားယွင်းလက်ခံထားကြတဲ့ "ကတ်ထဲမှာ အစောင့်အရှောက် တခါတည်း ပါလာတယ်" ဆိုတဲ့ အယူအဆကိုတော့ အထူးသတိထားဖို့ လိုပါတယ်။

​တကယ်တော့ ကတ်အသစ်တစ်ထုပ်မှာ ရှိနေတာဟာ Energy Resonance (စွမ်းအင် ကိုက်ညီမှု) သာ ဖြစ်ပါတယ်။ ဒါကို အစောင့်အရှောက် (Entity) ပါလာတာနဲ့ လုံးဝ မရောထွေးပါနဲ့။ အောက်မှာ အသေးစိတ် ရှင်းပြပေးသွားပါမယ်။

​၁။ Energy Resonance နှင့် Entity (အစောင့်) တို့၏ ကွာခြားချက်

​Energy Resonance: ဒါဟာ ကတ်ရဲ့ ရုပ်ပုံလွှာတွေ၊ အရောင်တွေနဲ့ ပေးချင်တဲ့ Message တွေက ကိုယ့်ရဲ့ စွမ်းအင် (Vibration) နဲ့ ကိုက်ညီနေတာမျိုးပါ။ Pick-a-pile တစ်ခုကို ရွေးလိုက်တဲ့အခါ ကိုယ်နဲ့ ထပ်တူကျသလို Energy ကိုက်တာ ခံစားရတဲ့ သဘောမျိုးဖြစ်ပြီး ဒါဟာ သဘာဝကျပါတယ်။

​Entity (ကပ်ပါလာသော ဝိညာဉ်): ကတ်အသစ်မှာ အစောင့်ပါတယ်ဆိုပြီး လက်ခံလိုက်တာဟာ အန္တရာယ်ရှိပါတယ်။ ဘယ်ကမှန်းမသိတဲ့ အုတ်ကြားမြက်ပေါက် ကလေကချေ နာနာဘာဝ ဒါမှမဟုတ် Negative Entity တစ်ခုခု ကပ်ပါလာတာမျိုး ဖြစ်နိုင်ပါတယ်။ သူတို့ဟာ အစပိုင်းမှာ ဟောရတာ အရမ်းမှန်သယောင်၊ အလုပ်ဖြစ်သယောင် ပြတတ်ပေမဲ့ ရေရှည်မှာ Reader ရဲ့ စွမ်းအင်ကို စုပ်ယူ (Drain) တတ်ပြီး စိတ်ကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ပါတယ်။

​၂။ အဆင့် (၁) - အလုံးစုံ သန့်စင်ခြင်း (Deep Cleansing)

​Bonding မလုပ်ခင်မှာ ကတ်ပေါ်မှာ ကပ်ပါလာနိုင်တဲ့ မလိုအပ်တဲ့ စွမ်းအင်ဟောင်းတွေကို အရင်ဖယ်ရှားရပါမယ်။ Westerner တွေအသုံးပြုကြတဲ့။ နည်းလမ်းတွေအရ အောက်ပါအတိုင်း အဆင့်ဆင့် လုပ်ဆောင်နိုင်ပါတယ် -

​Smoke Cleansing: အမွှေးတိုင် (Incense Stick) ဒါမှမဟုတ် Sage, Palo Santo တို့ကို အသုံးပြုပြီး ကတ်တစ်ကတ်ချင်းစီကို အခိုးအငွေ့နဲ့ ထိတွေ့စေကာ သန့်စင်ပါ။ "ဒီကတ်ပေါ်က မကောင်းတဲ့ စွမ်းအင်တွေ အကုန်စင်ကြယ်ပါစေ" လို့ စိတ်ထဲက အာရုံပြုပါ။

​Frequency Cleansing: 432Hz သို့မဟုတ် 528Hz စတဲ့ High Frequency Sound တွေ၊ Singing Bowl အသံတွေကို အသုံးပြုပြီး ကတ်ရဲ့ စွမ်းအင်ကို Clean လုပ်ပါ။

​Crystal Method: ကတ်ထုပ်ပေါ်မှာ Selenite ဒါမှမဟုတ်, Obsidian, Tourmaline, Clear Quartz လိုမျိုး သန့်စင်ပေးနိုင်တဲ့ ကျောက်တွေကို တင်ထားပါ။

​Physical Knocking: ကတ်ထုပ်ကို လက်ဖနောင့်နဲ့ ခပ်ပြင်းပြင်း သုံးချက်ခေါက်ပြီး ကတ်တွေထဲမှာ ပိတ်မိနေတဲ့ စွမ်းအင်တွေကို ခါထုတ်လိုက်ပါ။ပြီးရင် Reiki လုပ်သလို Energy Cleansing လုပ်ပေးလို့ရတယ်။

​၃။ အဆင့် (၂) - ကိုယ်ပိုင်စွမ်းအင်ဖြင့် အသက်သွင်းခြင်း (Activation)

​ကတ်တွေကို လုံးဝ Clean ဖြစ်သွားပြီဆိုမှ မိမိရဲ့ ကိုယ်ပိုင် Energy သို့မဟုတ် မိမိကို စောင့်ရှောက်တဲ့ Higher Guides/Gods တွေရဲ့ စွမ်းအင်နဲ့ပဲ ချိတ်ဆက်ရမှာပါ။

​Hand Connection: ကတ်ထုပ်ကို လက်နှစ်ဖက်ကြားထဲ ညှပ်ထားပြီး ကိုယ့်ရဲ့ နှလုံးသားကလာတဲ့ အလင်းတန်းတစ်ခု ကတ်တွေထဲ စီးဝင်သွားတယ်လို့ အာရုံပြုပါ။

​Intention Setting: "ဒီကတ်တွေဟာ ငါ့ရဲ့ အမြင့်မြတ်ဆုံးသော လမ်းပြမှုအတွက်သာ ဖြစ်ရမယ်။ ငါနဲ့ ငါ့ရဲ့ Guardians တွေရဲ့ စွမ်းအင်နဲ့ပဲ အလုပ်လုပ်ရမယ်" လို့ ခိုင်ခိုင်မာမာ အဓိဌာန်ပြုပါ။ ဒါကိုလုပ်ခြင်းဖြင့် ပြင်ပက အမှိုက် Energy တွေ ဝင်မလာအောင် တားဆီးပြီးသား ဖြစ်သွားပါတယ်။

​၄။ အဆင့် (၃) - Bonding ပြုလုပ်နည်း (လေ့ကျင့်ခန်းများ)

​သန့်စင်ပြီး အသက်သွင်းထားတဲ့ ကတ်တွေနဲ့ ရင်းနှီးသွားအောင် အောက်ပါနည်းလမ်းတွေနဲ့ Bonding လုပ်ပါ -

​Card Interview: ကတ်အသစ်ကို မေးခွန်းပြန်မေးပါ။ "မင်းက ငါ့ကို ဘယ်လိုကူညီပေးမလဲ?" ၊ "ငါတို့နှစ်ယောက်ရဲ့ Energy က ဘယ်လိုမျိုးလဲ?" ဆိုတဲ့ မေးခွန်းတွေကို မေးပြီး ကတ်ထွက်လာတာကို ဖတ်ကြည့်ပါ။ ဒါဟာ ကတ်နဲ့ Reader ကြားက ပထမဆုံး စကားပြောဆိုမှုပါ။

​Sleeping with the Deck: ကတ်ထုပ်ကို ကိုယ့်ရဲ့ ခေါင်းအုံးအောက်မှာ ဒါမှမဟုတ် အိပ်ရာဘေးမှာ ထားအိပ်ပါ။ ဒါဟာ အိပ်မက်ကတစ်ဆင့် ကတ်တွေရဲ့ စွမ်းအင်နဲ့ ကိုယ့်ရဲ့ Subconscious Mind (မသိစိတ်) ချိတ်ဆက်မိစေဖို့ ဖြစ်ပါတယ်။

​Daily Interaction: ကတ်တွေကို ခဏခဏ ကိုင်တွယ်ပါ။ ကတ်တစ်ကတ်ချင်းစီရဲ့ ပုံတွေကို သေချာစိုက်ကြည့်ပြီး အထဲက ဇာတ်ကောင်တွေနဲ့ စကားပြောကြည့်ပါ။ တစ်နေ့ကို တစ်ကတ်ဆွဲပြီး အဲဒီကတ်ရဲ့ ခံစားချက်ကို တစ်နေ့လုံး သတိထားကြည့်ပါ။

​၅။ သတိပြုရန် အချက်များ

​Don't Accept Random Entities: ကတ်ထဲမှာ တစ်ခုခု ရှိနေသလို ခံစားရတိုင်း အစောင့်အရှောက်လို့ မသတ်မှတ်ပါနဲ့။ အမြဲတမ်း Cleansing အရင်လုပ်ပါ။

​Ownership: ဒီကတ်ရဲ့ သခင်ဟာ သင်သာလျှင် ဖြစ်ပါတယ်။ ကတ်က သင့်ကို လွှမ်းမိုးတာမျိုး မဖြစ်ပါစေနဲ့။

​Respect: ကတ်တွေကို တန်ဖိုးထားပါ။ အဝတ်လှလှလေးနဲ့ ထုပ်ထားတာမျိုး၊ သီးသန့်အိတ်နဲ့ ထည့်ထားတာမျိုး လုပ်ပေးခြင်းကလည်း စွမ်းအင်ကောင်းတွေကို ထိန်းသိမ်းရာ ရောက်ပါတယ်။

​ကိုယ်တိုင်လေ့လာသူ Reader တစ်ယောက်အနေနဲ့ ဒီလိုစနစ်တကျ Bonding လုပ်ခြင်းက ရေရှည်မှာ ပိုမိုတိကျပြီး ဘေးကင်းတဲ့ Reading တွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်ရှင်။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Address


Sanchaung
Yangon
11111